ကျောက်မဲမြို့မှာ ပေါက်ကွဲမှုဖြစ်
စက်တင်ဘာ ၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မနက် ၆နာရီခန့်မှာ ကျောက်မဲမြို့ရဲ့ တောင်ဘက်ကနေ ကျယ်လောင်နဲ့ပေါက်ကွဲသံထွက်ပေါ်လာတာလို့ မြို့ခံတွေက ပြောပါတယ်။
" အခုရက်ပိုင်းမှာ လေယာဉ်တွေလည်းဝဲတယ်။ ပေါက်ကွဲသံနဲ့ကြားတယ်ဆိုတော့ အရမ်းကြောက်လာတယ်။ ပေါက်ကွဲသံက ပြင်းတယ်။ ရှော့တိုက်ဒုုန်းကျတာလို့လည်း ပြောနေကြတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ် ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်ကပြန်လည် ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ကစတင်ပြီး ကျောက်မဲမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ် တွေမှာ စစ်တပ်ရဲ့ကင်းထောက်လေယာဉ်နဲ့ဗုံးကြဲလေယာဉ်တွေ ပျံသန်းမှုတွေခပ်စိပ်စိပ် ဖြစ်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်၁၃ရက်ကတော့ ကျောက်မဲမြို့ပေါ်ကို တိုက်လေယာဉ် ၁စီး နိမ့်နိမ့်လေး ဖြတ်ပျံသွားခဲ့လို့ ဒေသခံတွေကြောက်လန့်ခဲ့ကြရပါတယ်။
ဒီနေ့မနက်ဖြစ်ပွားတဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
ကျောက်မဲမြို့နဲ့ဆက်စပ်နေတဲ့ သီပေါနဲ့လားရှိုးမြို့မှာလည်း စစ်တပ် ကင်းထောက်လေယာဉ်ပျံသန်းမှုတွေအပြင် ပြီးခဲ့တဲ့ဇူလိုင်က ရှော့တိုက်ဒုန်းပစ်ခတ်ခံရမှုလည်း ဖြစ်ပွားခဲ့ပါတယ်။
မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်တပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ လားရှိုးမြို့ ပေါ် တွေကိုပဲ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကိုမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ( MNDAA)၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။
စစ်တပ်က မန္တလေး- မူဆယ်ကုန်သွယ်ရေးလမ်းကို အမြန်ဆုံးပြန်ဖွင့်ချင်နေပါတယ်။နယ်စပ်ကုန်သွယ်ရေးဟာအစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဇူလိုင် ၉ရက်က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောခဲ့ပါတယ်။
စစ်တပ်က မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်ထိန်းချုပ်လိုပေမယ့် တော်လှန်ရေးတပ်တွေကလက်မခံတဲ့အတွက် အခြေအနေတွေပိုမို ရှုပ်ထွေးလာလိမ့်မယ်လို့ ရှမ်းမြောက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

👍19🔥18❤6👎1
တိုင်းနဲ့ပြည်နယ် ၆ခုက မြို့နယ်အချို့ မိုးကြီးပြီး ရေဘေးကြုံနေ
စက်တင်ဘာ−၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် ဒေသချင်းဆက်စပ်နေတဲ့ ချင်းပြည်နယ် တီးတိန်၊ ခိုင်ကမ်း၊ဟားခါးမြို့၊ ရန်ကုန်တိုင်းက လှည်းကူးမြို့၊ ပဲခူးတိုင်းက ပဲခူးမြို့၊တနင်္သာရီတိုင်းက တနင်္သာရီ၊ ပုလောမြို့တွေနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၇ခုထက်မနည်းမှာ ရေဘေးကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထက်ပါ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးနေတဲ့အပြင် မြစ်ရေတွေလည်းပုံမှန်ထက်မြင့်တက်နေပါတယ်။
စစ်ကိုင်းတိုင်းက ကလေးမြို့မှာ မြစ်သာမြစ်ရေ၊ မုံရွာနဲ့မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်အနီးအထိမြင့်တက်နေပါတယ်။ လက်ရှိမှာ ကလေးမြို့အတွင်း မြေနိမ့်ပိုင်းနေရာတွေ ရေမြုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ချင်းပြည်နယ်မှာ မိုးကြီးတဲ့အတွက် မြေပြိုကျမှုတွေရှိနေတယ်လို့ သိရပါတယ်။ ခိုင်ကမ်းမြို့မှာ မိုးတွေ ဆက်တိုက်ရွာပြီး ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့မနက်ပိုင်းမှာ ချင်းတောင်ဘက်ကနေ တောင်ကျရေ ဆင်းလာတာကြောင့် ကွဲချောင်းရေလျှံပြီးချောင်းကမ်းဘေးမှာရှိတဲ့ Maranatha AG ဘုရားကျောင်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းမှာလည်း စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့၊ ရွှေကျင်မြစ်ရေကရွှေကျင်မြို့နဲ့ ပဲခူးမြစ်ရေက ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေပါတယ်။ ပဲခူးတိုင်းနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာလည်း ရေမြင့်တက်နေပြီး ပဲခူး-ရန်ကုန်ကားလမ်းပေါ် ရေကျော်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တနင်္သာရီတိုင်းမှာလည်း တနင်္သာမြစ်ရေပုံမှန်ထက်မြင့်တက်နေတဲ့အတွက် ဒေသတွင်းမှာရေကြီးနစ်မြုပ်မှုတွေရင်ဆိုင်နေရတယ်လို့ သတင်းရရှိပါတယ်။ ဧရာဝတီတိုင်းမှာတော့ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး နောက်ဆက်တွဲရေ ဘေးအန္တရာယ်ကိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးပါတယ်။
စစ်ကိုင်းတိုင်းဟာ ၂လဆက် ရေဘေးကြုံတွေ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လဆန်းကလည်း သဖန်းဆိပ်ဆည်ရေလွှတ်ချလို့ ဆည်အောက်ကမြို့တွေ ရေဘေးကြုံခဲ့ပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ဒီပဲယင်း မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၄ဦး၊ ပျောက်ဆုံးနေသူနှစ်ဦးရှိပြီး လူပေါင်း ၂သိန်း၆သောင်းကျော် ရေဘေးကြုံတွေ့ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (NUG-MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာဟာ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ MoSLHAက ထုတ်ပြန်ထားပါတယ်။
လက်ရှိရာသီဥတုအခြေနေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေအားကောင်းနေတာနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ MoSLHAက ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၃၁ရက်နကနေ စက်တင်ဘာ ၆ရက်အထိ မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရေဘေးနဲ့မြေပြိုမှုဘေး #ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း#မိုးကြီး
#ရေဘေး

❤12😢9👍6🔥6
KNDF ပထမအကြိမ်ညီလာခံကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ကလလတ ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်တို့ အွန်လိုင်းက တက်ရောက်
စက်တင်ဘာ -၂ ၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီအမျိုးသားများကာကွယ်ရေတပ် -KNDFရဲ့ပထမအကြိမ် ညီလာခံကိုAAစစ်ဦး
စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး
(ကလလတ)ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်တို့ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ ညပိုင်းမှာ KNDF က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ပထမအကြိမ် ညီလာခံကို ၂၀၂၆ သြဂုတ် ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ကရင်နီပြည်တစ်နေရာမှာ ကျင်း
ပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ညီလာခံကို ဗဟိုကော်မတီဝင်တွေ၊စစ်ဒေသမှူးတွေ၊ ဌာနမှူးတွေ ၊ တပ်ရင်းမှူးတွေ ၊ ရုံးဦးစီးမှူးတွေနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း အမျိုးသား (၉၁) ဦး၊ အမျိုးသမီး (၁၄) ဦး၊စုစု ပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။
ညီလာခံမှာ KNDF ရဲ့ အရင်ကာလလုပ်ငန်း
စဥ်တွေနဲ့ စစ်ရေး ၊နိုင်ငံရေးရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေ ၊စစ်ရေး ၊နိုင်ငံရေးဦးတည်ချက်တွေ ဆုံး
ဖြတ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကလလတဥက္ကဌ တို့ တက်ရောက်ဆွေးနွေးပြောဆိုမှုနဲ့ပတ်သက်လို့ KNDF ဥက္ကဌ ခွန်ဘီထူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသာအယ်စိုးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
KNDF ရဲ့တပ်တည်ထောင်မှု (၅)နှစ်ပြည့်တဲ့ အခုနှစ မေလက AA ရဲ့ သ၀ဏ်လွှာထဲမှာ KNDF တပ်ကို အသိအမှတ်ပြုတဲ့အပြင် စစ်ရေး၊နိုင်ငံရေးရည် မှန်းချက်တွေ အချိန်တိုအတွင်း ပြည့်မြောက်နိုင်ဖို့ ဆုတောင်းထားတာပါရှိပါတယ်။
မနေ့က ကနဦးထုတ်ပြန်ချက်တွေအရ ကရင်
နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်း ဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ညီလာခံဆွေးနွေးချက်တွေမှာ ပါ၀င်ပါတယ်။
အခု ၂၀၂၆ မှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ KNDFညီလာခံမှာ KNDFရဲ့တော်လှန်ရေးမှတ်
တိုင်တွေ နဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများကို စနစ်တကျ ဆက်လက်တည်ဆောက်သွားဖို့ပါ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"နိုင်ငံရေးမပါသည့် တော်လှန်ရေးမရှိသကဲ့သို့ နိုင်ငံရေးရလဒ်များအား စုစည်းတည်ဆောက်ထားမှုမရှိသည့်တော်လှန်ရေးသည်လက်နက်
ကိုင်တော်လှန်ရေး၏အောင်မြင်မှုကိုမတိုင်း
တာနိုင်ပါ"လို့ KNDF ကပြောပါတယ်။
မူဝါဒရေးရာဆိုင်ရာဆောင်ရွက်တဲ့အမျိုးသား
ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွဲဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။
အထူးသဖြင့်ကရင်နီအမျိုးသားများကာကွယ်
ရေးတပ်ဟာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေတဲ့ အခြားတော် လှန်ရေးတပ်တော်များနှင့်အတူ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုတစ်ခုဖြစ်တည်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်းချိတ်ဆက်ပါဝင်အားဖြည့်ထားတယ်
လို့ KNDF က ဆိုပါတယ်။
နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးသွားမှာဖြစ်တဲ့အပြင် တပ်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်
နာကျင့်သုံးနေမှုကိုလည်းနိုင်ငံတကာကစောင့်
ကြည့်အကဲဖြတ်ခြင်းကိုလည်းခွင့်ပြုသွာမယ်
လို့ KNDF က အသိပေးပါတယ်။
ရပ်တည်ချက်တွေ၊ဆွေးနွေးဆုံးဖြတ်ချက်တွေ နဲ့ အနာဂတ်ဦးတည်ချက်တွေကိုလည်းအခြေခံပြီးကရင်နီအမျိုးသားများကာကွယ်
ရေးတပ်ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုဆက်လက် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်
အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ကရင်နီပြည်နယ်မှာတစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ဒေသခံလူထုကပြီးခဲ့တဲ့နှစ်ကတည်း
က တိုက်တွန်းမှုတွေရှိပါတယ်။
"လာမယ့်နှစ်(၂၀၂၇)UKSAကို ဖွဲ့စည်းနိုင်ဖို့ ထိပ်ပိုင်းခေါင်းဆောင်တွေကြိုပမ်းနေတာရှိတယ်။အသေးစိတ်တော့ မသိရသေးဘူး"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂၀၂၁ နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့
နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။

❤39👍12🥰1👏1🤮1🤣1🫡1
တိုကျိုမြို့ရှိ ထိုင်းသံရုံးရှေ့မှာ ဂျပန်ရောက်မြန်မာတွေ ဆန္ဒပြ
စက်တင်ဘာ ၂၊၂၀၂၆။သုည/People's Spring
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ထိုင်းနိုင်ငံသံရုံး အနီးမှာ ဂျပန်ရောက် မြန်မာတွေ စုပေါင်းပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ကာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေမှုကို ထိုင်းအစိုးရအနေနဲ့ ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေက "Please Respect the Voices of the People of Myanmar" ၊ "Stop Engaging with the Myanmar Military Junta!" ပိုစတာတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မြန်မာပြည်သူတွေရဲ့ အသံနဲ့ ဆန္ဒကို လေးစားနားထောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ ထိုင်းအစိုးရရဲ့ လက်ရှိဆက်ဆံရေးအပေါ် သဘောထားတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။
ယင်းဆန္ဒဖော်ထုတ်ပွဲမှာ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုတဲ့ ပေးစာတစ်စောင်ကိုလည်း ထိုင်းသံရုံးမှတစ်ဆင့် ထိုင်းအစိုးရထံ ပေးပို့ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထားတွေကို လေးစားနားထောင်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆက်ဆံမှုတွေကို ရပ်တန့်ပေးဖို့၊ မြန်မာစစ်တပ်ကို ပံ့ပိုးခြင်းမပြုဘဲ မြန်မာပြည်သူတွေကိုသာ လူသားချင်းစာနာထောက်ထားမှုနဲ့လိုအပ်တဲ့ အကူအညီပံ့ပိုးပေးဖို့၊ စစ်အုပ်စုရဲ့ အသံကိုသာ နားထောင်ခြင်းမပြုဘဲ ပြည်သူတွေရဲ့ အသံနဲ့ဆန္ဒတွေကို နားထောင်ပေးဖို့၊ SCEF နဲ့ NUG တို့အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားပေးဖို့တို့ပဲ ဖြစ်ပါတယ်။

❤31👍10🥰1👏1🤮1🤣1🖕1
၁၄ နှစ် အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ထွက်ပြေးနေသူကို နှစ်လကျော်အကြာမှာ ဖမ်းမိ
▪️ပုဒ်မနှစ်ခုနဲ့ ခရိုင်တရားရုံးမှာ တရားစွဲတင်ထားကြောင်း AA ရဲတပ်ဖွဲ့ ထုတ်ပြန်
စက်တင်ဘာ-၂၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ရမ်းချောင်းဒေသမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးလွတ်မြောက်နေခဲ့သူကို နှစ်လကျော်အကြာမှာ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ တို့နဲ့ တရားစွဲတင်ထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အခုအခါ သူ့ကို မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲ တင်ထားတယ်လို့ ဆိုပါတယ်။
ဦးမောင်အေးလှဟာ နှစ်လကျော်ကြာထွက်ပြေးလွတ်မြောက်နေခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာမှ ရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့တာပါ။ သူဟာ ပြစ်မှုကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုပြီး သူကျူးလွန်ခဲ့တာတွေကို တရားရုံးမှာ ဖြောင့်ချက်ပေးမယ်လို့ ပြောဆိုထားတယ်လို့လည်း ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျူးလွန်ခံရသူ မိန်းကလေးရဲ့မိသားစုဟာ ကျောက်တော်မြို့နယ် ကျောက်တလုံးရွာ ဇာတိဖြစ်ပြီး ၂၀၂၆ မတ်လကုန်လောက်ကစပြီး ဦးမောင်အေးလှပိုင်ဆိုင်တဲ့ ကျောက်တော်မြို့နယ် ဇီးချောင်းဆည်မြောက်ဖက် ၈ မိုင်ခန့်အကွာ ရမ်းချောင်းတောထဲမှာရှိတဲ့ ဥယျာဉ်ခြံမှာ ခြံစောင့် ၊ နွားကျောင်းစတဲ့အလုပ်တွေကို တနှစ်စာ လုပ်အားခ ကျပ် ၁၈ သိန်းနဲ့ မိသားစုလိုက် လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဧပြီ ၅ ရက်မှာ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ပိုင်ရှင်ဦးမောင်အေးလှကို တဲမှာ မီးမရှိလို့ ဆိုလာပြားတချပ်လိုအပ်ကြောင်းပြောရာ သိန်းတန်ရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဆိုလာပြားလိုက်ယူဖို့ လူတစ်ဦးထည့်ပေးစေလိုကြောင်း ပြောတာကြောင့် သမီးဖြစ်သူကိုအတူ ထည့်ပေးလိုက်ပါတယ်။
နောက်နေ့မှာ ဦးမောင်အေးလှဟာ မိန်းကလေးငယ်ကို ရမ်းချောင်းရှိဥယျာဉ်ခြံသို့ ပြန်ပို့ချိန် လမ်းခုလတ်မှာ ညအိပ်စေပြီး နှစ်ကြိမ်တိုင်အဓမ္မပြုကျင့်ခဲ့တာလို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဦးမောင်အေးလှဟာ အဲဒီမိန်းကလေးငယ်ကို ဓမ္မတာနဲ့ ဆန့်ကျင်ပြီးလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဦးမောင်အေးလှဟာ ခြံစောင့်ဖြစ်သူရဲ့ ၁၄ နှစ်အရွယ်သမီးကြီးကို အဓမ္မပြုကျင့်တဲ့အပြင် အဓမ္မပြုကျင့်ခံရသူရဲ့ ၈ နှစ်အရွယ် ညီမကိုလည်း ငွေကျပ်လေးထောင်နဲ့ အချိုရည်တဗူးပေးပြီး မဖွယ်မရာပြုလုပ်ခိုင်းခဲ့ကာ ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ရဲထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
လက်ရှိမှာ ဦးမောင်အေးလှကို မုဒိန်းမှုအတွက် ပုဒ်မ ၃၇၆၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုအတွက် ပုဒ်မ ၃၇၇ တို့နဲ့ တရားစွဲတင်ထားတာ တရားရုံးက စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပုဒ်မ ၃၇၆ ဟာ ထောင်ဒဏ် တသက်ဖြစ်စေ၊ နှစ်နှစ်ဆယ်ဖြစ်စေ ချမှတ်လို့ရတဲ့ပုဒ်မဖြစ်ပြီး ၃၇၇ ကတော့ ထောင်ဒဏ် ဆယ်နှစ်ဖြစ်စေ၊ နှစ်နှစ် ဆယ်ဖြစ်စေချမှတ်လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အခြားလွတ်မြောက်နေတဲ့ မုဒိန်းမှုကျူးလွန်သူတွေ ရှိနေသေးပြီး အဲဒီလွတ်မြောက်နေသူတွေကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် အသည်းအသန်၊ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ AA ရဲတပ်ဖွဲ့က ဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော်ထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံးထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာနတာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။

👍20🔥12❤5👏3🤬2🤣1