ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊KPDF နှစ်မြှုပ်ဖျက်ဆီး
စက်တင်ဘာ-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်
ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်
ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကိုစောင့်နေတဲ့စစ်သားတွေက တိုက်
ခိုက်ခံရချိန်မှာ ထွက်ပြေးသွားကြပါတယ်။
စက်တင်ဘာ ၁ ရက်ညမှာတော့ ကချင်စစ်ရေးအခြေအနေတွေရေးသားတင်ပေးနေတဲ့လူမှုကွန်ယက်တွေမှာ စစ်သင်္ဘောကို ဖောက်
ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကိုဖော်ပြလာပါတယ် ။အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။
လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေ
ပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်
ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းရရှိပါတယ်။
"ရွှေကူဆေးရုံမှာကုတင်တွေဆွဲထုတ်ပြီးကြမ်း
ပြင်ပေါ်မှာကုနေရတာ။စစ်တပ်အရမ်းအထိ
နာထားတယ်။ လေကြောင်းကနေလည်းဆက်
တိုက်လာကြဲနေတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သီးခြားအတည်မပြုနိုင်ပေမဲ့ ခလရ(၁၂၀) တပ်ရင်းမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အရာ
ရှိတွေပါတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့၊ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်နေတာလို့ အသိပေးထားပါတယ်။စက်တင်ဘာလ၁ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကလေ
ကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။
သင်္ဘောတိုက်ခိုက်ဖျက်ဆီးခံရတဲ့အထိမြေ
ပြင်တိုက်ပွဲတွေမှာအထိနာနေပေမယ့် စစ်အုပ်စုက တပ်တွင်းဆိုကရေးတီးပြိုင်ပွဲပြု
လုပ်နေပါတယ်။ စက်တင်ဘာ၁ ရက်မှာစစ်တပ်တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက
ပွဲတက်ပြီး ပြုံးပျော်နေလို့ စစ်တပ်မိသားစုဝင်တွေကိုယ်တိုင် ပြန်လည်ဝေဖန်နေကြတာတွေ့ရပါတယ်။
ရွှေကူရောက် စစ်သင်္ဘောအုပ်စုထဲမှာ တချို့
သင်္ဘောတွေလည်းတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ် ။
ဒါ့အပြင် စစ်သင်္ဘောအုပ်စု ဗန်းမော်ကိုဆန်တက်ရင် လုံခြုံရေးပေးဖို့အတွက် အရေးကြီးတဲ့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာအနီးက စစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်က သြဂုတ် ၃၀မှာသိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်ဘက်ကအရာရှိတွေအပါအဝင်သေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့တယ်လို့
စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ရုပ်သံ-Padang Nsen

❤25👍15👏2🤣2🥰1🖕1
Media is too big
VIEW IN TELEGRAM

ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိ

👍38❤9👏4🤣4🖕2
ဖျာပုံအနီးငလျင် ရန်ကုန်အထိသက်ရောက်
စက်တင်ဘာ-၁၊၂၀၂၆။မိထက်/People's Spring
ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်
လှုပ်ခဲ့ပါတယ်။
ည၁၁နာရီ ၄မိနစ်ခန့်မှာလှုပ်ရှားသွားတာဖြစ်ပြီးလှိုင်၊ ကမာရွတ်နဲ့ စမ်း ချောင်းမြို့နယ်တွေမှာအထပ်မြင့်အဆောက်အအုံတွေ ငလျင်
လှုပ်ရှားမှု ခံစားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။
အဆိုပါငလျင်ဟာဧရာဝတီတိုင်းဖျာပုံမြို့အ
နီးမှာ ရစ်ခ်တာစကေး ၃ဒသမ၄အဆင့် ရှိအင်အားအနည်းငယ်သာရှိတဲ့ မြေငလျင်ဖြစ်ပြီးမြေအောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြုလှုပ်ရှားခဲ့တာလို့ထိုင်းမိုးဇလဌာန(TMD)ကထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းမှာလှုပ်ရှားတဲ့
ငလျင်တွေက ရန်ကုန်မြို့အထိသက်ရောက်စေပါတယ်။ရန်ကုန်မြို့မှာငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်မှု တွေ ရှိနေကြပါတယ်။
သြဂုတ်လ၂၃ရက်နေ့မနက်ကလည်း ပဲခူးမြို့အနီးမှာ လှုပ်ရှားသွားတဲ့ ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကြောင့်ရန်ကုန်မြို့မှာငလျင်လှုပ်ရှားခဲ့ပါတယ်။

👍30😱6❤4🤣3🔥1
ကနီမှာ စစ်တပ်သတ်ဖြတ်မှုကြောင့် ၄လအတွင်း ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံး
စက်တင်ဘာ ၂၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ကနီမြို့နယ်၊ မုံရွာ- ချောင်းမ- ယာကြီး- ကလေးဝကားလမ်းမှာ ဧပြီ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ ၄လကျော် ကာလအတွင်း ကနီမြို့နယ်တွင်း ကျေးရွာပေါင်း (၃၅)ရွာ ရောက်ရှိခဲ့ပါတယ်။
အဲဒီစစ်ကြောင်း ရောက်ရှိချိန် လေကြောင်းပစ်ခတ်မှု ၂၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၆နှစ်၊ ၃၇နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုး
သား ၃ ဦးနဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အခြား အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ အသက်၇၈ နှစ် ၊ ၆၀နှစ် ၊ ၄၁နှစ် ၊၃၈နှစ် ၊ ၃၁ နှစ်၊ ၃၀ နှစ်၊ ၂၅ နှစ်စတဲ့ အမျိုးသား ၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
"အဲဒီ အမျိုးသား ၇ ဦးထဲမှာ အသက် ၃၈၊ အသက် ၃၁၊ အသက် ၃၀ နှစ် အရွယ် အမျိုးသား ၃ ဦးက စိတ်ကျန်းမာရေးမကောင်းတဲ့ သူများဖြစ်ကြပါတယ်"လို့ ၎င်းက ပြောပါတယ်။
အလားတူ စစ်ကြောင်း ပြန်ပြီးနောက် နေထိုင်ရာကျေးရွာတွေကို ပြန်ကြချိန် မိုင်းထိလို့ အသက် ၃၅ နှစ်နဲ့ ၃၆ နှစ်အရွယ် အမျိုးသား ၂ ဦးပါသေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
ဒဏ်ရာရရှိသူတွေလည်း ၁၂ ဦးထက်မနည်း ရှိခဲ့ပြီး စစ်အုပ်စုမီးရှို့မှုကြောင့် နေအိမ်ပေါင်း ၈၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ကြောင်းအပြင် ချင်းတွင်းမြစ်အတွင်း ရေကြောင်းကနေလည်း အစုန်အဆန်သွားလာနေပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က ကနီမြို့နယ်၊ ရွေစာရေးဝဲကြီးအတွင်းနဲ့ ဝဲကွေ့အောက်ဘက် နှစ်နေရာမှာ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကနီမြို့#စစ်တပ်စစ်ကြောင်းသတ်ဖြတ်#စစ်ကြောင်းထိုး
#ပြည်သူသေဆုံး

🤬21🔥8👍3👎3❤2👏2🎉1
ဗန်းမော်ကို ထပ်တက်တဲ့ စစ်သင်္ဘောအုပ်စု
KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ၃ စီးထိမှန်၊ စစ်သင်္ဘောနစ်မြုပ်ပြီး ၁စီး မီးလောင်
■မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေ
စက်တင်ဘာ-၂၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို စစ်သင်္ဘောတွေ ဒီကနေ့ (စက်တင်ဘာ ၂ရက်) မနက်အစောမှာ ဆက်လက်ထွက်ခွာသွားရာကချင်လွတ်လပ်ရေတပ်မတော်(KIA)
ပူးပေါင်းတပ်ကတိုက်ခိုက်လို့စစ်သင်္ဘောတွေပျက်စီးနစ်မြုပ်ခဲ့ကြောင်းကချင်စစ်ရေးသ
တင်းရင်းမြစ်အချို့ကပြောပါတယ်။
စစ်သင်္ဘောအုပ်စုဟာဩဂုတ် ၂၇ရက်မှာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်
နယ် ရွှေကူမြို့ကို ဝင်ရောက်လာတာဖြစ်ပါတယ်။
ကသာကနေရွှေကူမြို့ကိုဝင်လာချိန်မှာလည်း
KIAပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘော ၁ စီးပျက်စီးခဲ့သလို ဩဂုတ် ၂၉ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာစဉ်မှာလည်း စစ်သင်္ဘော ၁စီး ထိမှန်မီးလောင်ခဲ့ရာ ကျန်သင်္ဘောတွေ ရွှေကူမြို့ကို ပြန်လှည့်သွားတာပါ။
အဲဒီလို ပြန်လှည့်သွားပြီး ရွှေကူမြို့မှာ ၃ရက်
ကြာ ငြိမ်နေတဲ့ သင်္ဘောအုပ်စုဟာ စက်တင်
ဘာ ၂ရက် မနက် အစော ၃နာရီခွဲမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာလာရာ ဒုတိယမြစ်ကျဉ်းအနီးမှာ KIA ပူးပေါင်းတပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ က
ချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
"ရှေ့ပြေးအကြီဆုံးစစ်သင်္ဘောတိုက်သင်္ဘောပေါ့။အဲဒါရေထဲကို မြုပ်သွားပြီ။ ဧရာ၀တီမြစ်ထဲကိုမြှုပ်သွားပြီ။ပြီးတော့ရိုးရိုးသံခွန်သင်္ဘောတစီးလည်း မီးလောင်နေပြီ။ နောက်တစီးလည်းထိထားတယ်။”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
စစ်သင်္ဘောအုပ်စု ထွက်ခွာလာရာလမ်း
ကြောင်းတလျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်သ
င်္ဘော ရေမြှုပ်သွားပြီး အခြားသင်္ဘောတွေထိခိုက်ထားသလိုလတ်တလောမြေပြင်တိုက်
ပွဲတွေလည်း ရွှေကူ-ဗန်းမော်ကြား ဇင်းဘုံရွာအနီးဝန်းကျင်မှာ ပြင်းထန်နေတယ်လို့ အသိ
ပေးပါတယ်။
စစ်သင်္ဘောအုပ်စုမှာ စစ်သင်္ဘော ၂စီး အပါ
အဝင်သင်္ဘော ၁၅စီး ပါဝင်တာဖြစ်ပါတယ်။ ဒီကနေ့ မနက် တိုက်ပွဲ မတိုင်မီ စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ကို ဝင်ရောက်စဉ် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ၂စီးထက်မနည်း သုံးမရအောင် ပျက်စီးခဲ့ပြီး သင်္ဘော ၅စီးခန့်အာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက် ထွက်ပေါ်လာတဲ့ သင်္ဘောထိခိုက်ပျက်စီးမှု ရုပ်သံတွေအရ သိရပါတယ်။စစ်
တပ်ကအချို့ သင်္ဘောတွေကို ပြန်လည်ပြု
ပြင်တယ်လို့လည်း သိရပါတယ် ။
စင်တင်ဘာ ၂ ရက်တိုက်ပွဲမှာလည်းစစ်တပ်သင်္ဘောအုပ်စု ထပ်မံအထိနာခဲ့တာပါ။ဒါပေ
မယ့် သင်္ဘောဘယ်နှစ်စီး ထိခိုက်ပျက်စီးပြီး ဘယ်နှစ်စီးကျန်သေးလဲဆိုတဲ့အသေးစိပ် အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ ယခင်ရက်ကတိုက်ပွဲမှာ ထိမှန်ပြီး KIA နဲ့
KPDF တွေသိမ်းဆည်းထားတဲ့ သင်္ဘောတစ်စီးကို တော်လှန်ရေးတပ်တွေက အခုရက်ပိုင်းမှာ ဖောက်ခွဲဖျက်ဆီးပြီးနစ်မြှပ်ခဲ့ပါတယ် ။
ဒါ့အပြင် KIA နဲ့ပူးပေါင်းတပ်က သြဂုတ် ၂၈ ရက်မှာရွှေကူမြို့နယ် ဇင်းဘုံရွာအနီးကစစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ ရွှေကူကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်အတိုင်းဆန်တက်မယ်ဆိုရင် လုံခြုံရေးအတွက်အရေးပါတဲ့စခန်းဖြစ်ပါတယ် ။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်
မှူးကြီးနော်ဘူကတော့ စစ်သင်္ဘောတွေ ရွှေကူကနေ ဗန်းမော်မြို့ မတက်လာခင်ကတည်းက KIA ပူးပေါင်းတပ်အနေနဲ့ စစ်တပ်သင်္ဘောတွေကိုလက်ဗလာနဲ့ ကြိုဆိုနေမှာ မဟုတ်ဘဲ တိုက်ခိုက်သွားမယ်လို့ အသိပေးထားတာဖြစ်ပါတယ်။အဲဒီလိုအသိပေးထားတဲ့အတိုင်း တိုက်ခိုက်ခဲ့ရာ သင်္ဘော ထိခိုက်ပျက်စီးမှုတွေလည်းတွေ့နေရပြီဖြစ်ပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်အတွင်း လက်
လွှတ်ထားရတဲ့နယ်မြေတွေပြန်လည်စိုးမိုးထိန်းချုပ်လိုတာကြောင့် လေကြောင်း၊ ရေ
ကြောင်း၊ မြေပြင် ကနေ စစ်အင်အားတွေဖြည့်တင်း စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။

👍35👏9❤5🤣3🥰2👎1🖕1
ရခိုင်ပြည်နယ် အခြေခံကုန်ဈေးနှုန်းများ
-People's Spring
ရခိုင်ပြည်နယ်အတွင်း အခြေခံကုန်စည်တွေနဲ့ အရေးကြီးကုန်စည်တွေရဲ့ စစ်တပ်အာဏာမသိမ်းခင် ဈေးနှုန်း နဲ့ စစ်တပ်အာဏာသိမ်းပြီးဈေးနှုန်းတွေကို ဖော်ပြပေးထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ် ရှိ အာရက္ခတပ်တော် (AA)က ၁၄ မြို့နယ်ကိုသိမ်းပိုက်ထားပြီး စစ်တပ်ထိန်းချုပ်နိုင်တာ စစ်တွေ ၊ကျောက်ဖြူ ၊မာန်အောင် သုံးမြို့နယ်ပဲကျန်ပါတယ် ။ AA ထိန်းချုပ်ဒေသတွေနဲ့ စစ်တပ် ထိန်းချုပ်ဒေသတွေရဲ့ ဈေးနှုန်းတွေကိုလည်း နှိုင်းယှဥ်ဖော်ပြထားပြီး AA ထိန်းချုပ်ဒေသတွေက ကုန်စည်အများစုမှာ ဈေးပိုသင်သာတာကိုတွေ့ရပါတယ် ။
#လူထုနွေဦး #People'sspring
#ရခိုင်ပြည်နယ် #ကုန်ဈေးနှုန်း #AA

👎15👍12❤2👏1🤮1
■ဆောင်းပါး
အိန္ဒိယက စာရွက်ပေါ်မှာ နယ်နိမိတ်ကို ပြင်ဆွဲနိုင်ပေမယ့်၊ မြေပြင်မှာ ဘယ်သူက ထိန်းချုပ်ထားသလဲ
- ခါကာဘို ရေးသားသည်။
“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”
အိန္ဒိယဟာမြန်မာစစ်အစိုးရနဲ့ နယ်နိမိတ်မျဉ်း ပြင်ဆွဲရေးသဘောတူညီချက်တစ်ရပ်ကိုရယူပြီး၊အပြီးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာဒီမေးခွန်းက ပိုမို ကျယ်လောင်လာပါတယ်။
တကယ်တော့ အာဏာသိမ်းစစ်အစိုးရအဖွဲ့ဟာ အိန္ဒိယနယ်စပ်တစ်လျှောက်နယ်မြေအ
များစုကိုမြေပြင်မှာထိန်းချုပ်နိုင်သူမဟုတ်တော့တာ အချိန်အတော်ကြာရှိနေပြီ ဖြစ်ပါတယ်။
The Interpreter ရဲ့ ဖော်ပြချက်အရ အိန္ဒိယဘက်က မဏိပူရ်ပြည်နယ်၊ ချန်ဒဲလ်ခရိုင်အ
တွင်း နယ်နိမိတ်တိုင် အမှတ် ၆၅ နဲ့ ၆၈ ကြားရှိ ၁.၄ စတုရန်းမိုင် (၃.၆ စတုရန်းကီလိုမီတာ) ခန့်ရှိ နယ်မြေကို မြန်မာစစ်အစိုးရနဲ့ အလဲအ
လှယ်ပြုလုပ်ဖို့ ဆွေးနွေးနေပြီး၊ ၁,၆၄၃ ကီ
လိုမီတာရှည်လျားတဲ့ နယ်နိမိတ်မျဉ်းတစ်
လျှောက်မပြီးပြတ်သေးတဲ့အပိုင်းများအ
တွက်လည်း ဆွေးနွေးမှုများ ဆက်လက်ပြု
လုပ် နေကြောင်း အိန္ဒိယတာဝန်ရှိသူများက အတည်ပြုထားပါတယ်။
ဒါပေမဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ နယ်မြေအလဲအလှယ်လုပ်ဖို့ သဘော
တူညီချက် ရသွားပြီဆိုတာကို အတည်မပြုသေးပါဘူး။
အိန္ဒိယနယ်စပ်တစ်လျှောက်ကိုကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းဘက်မှာ တမူး–မိုးရေး နယ်
စပ်ဂိတ်ကိုတော့စစ်ကောင်စီကဆက်ပြီး ထိန်း
ချုပ်ထားပေမယ့် အဲဒီလမ်းတစ်လျှောက်က ကျေးရွာတွေနဲ့ နယ်မြေအများစုကို တော်
လှန်ရေးတပ်ဖွဲ့တွေကပဲ စိုးမိုးထားတာ ဖြစ်ပါတယ်။ချင်းပြည်နယ်ဘက်မှာလည်း ရိခေါ်
ဒါရ်၊ တွန်းဇံနဲ့ နယ်စပ်ဒေသအများစုကို ချင်းတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့အဓိကကုလားတန် ဘက်စုံပို့ဆောင်ရေး စီမံကိန်း ဖြတ်သန်းရာ ရခိုင်–ပလက်ဝဒေသတစ်ခုလုံးကိုလည်း အာရက္ခတပ်တော်(AA)က စိုးမိုးထားသူ ဖြစ်ပြီး၊ ဒီဒေသတွေမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု မရှိတော့ပါဘူး။
ဒီအခြေအနေကမြန်မာ-အိန္ဒိယနယ်စပ်တစ်
လျှောက် မြေပြင်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု အလွန်ကန့်သတ်သွားပြီဆိုတာကို ပြသနေပါတယ်။
အိန္ဒိယအနေနဲ့ နယ်နိမိတ်ပြဿနာကိုအပြီး
သတ်ရှင်းလင်းဖို့ ခိုင်မာတဲ့လုံခြုံရေး အ
ကြောင်းအရင်းတွေရှိတယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေကို စစ်ဘေးဒုက္ခသည်တွေ စီးဝင်လာစေခဲ့သလို၊ အိန္ဒိယ သောင်းကျန်းသူ အဖွဲ့အစည်းတွေအတွက်လည်းနယ်စပ်ကျော်လွန်ပြီးလှုပ်ရှားဖို့ အခွင့်
အရေးတွေ ရသွားစေတယ်လို့ ထောက်ပြထားပါတယ်။
ဒီအကြောင်းပြချက်တွေနဲ့အတူ ၂၀၂၄ ခုနှစ်မှာ နယူးဒေလီဟာမြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရေး အစီအစဉ်တွေကို တိုးချဲ့လာခဲ့ပြီး၊ သမိုင်းအစဉ်အဆက် နယ်စပ်နေ ပြည်သူတွေကို လွတ်လပ်စွာ ကူးလူးသွားလာခွင့်ပြုထားတဲ့ Free Movement Regime - FMRကိုပါရုတ်သိမ်းခဲ့ပါတယ်။
အိန္ဒိယက၂၀၁၅ခုနှစ်မှာဘင်္ဂလားဒေ့ရှ်နဲ့ ချုပ်ဆိုခဲ့တဲ့ကုန်းဘက်နယ်နိမိတ်သဘောတူညီချက်ဟာ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေပြဿနာတွေကို သံတမန်ရေးနည်းလမ်းနဲ့ ရေရှည်ဖြေရှင်းနိုင်ကြောင်း ပြသခဲ့တဲ့ နမူနာတစ်ခု ဖြစ်ပါတယ်။ဒါပေမယ့်မြန်မာနိုင်ငံအတွက်တော့ စိန်
ခေါ်မှုက ပိုမိုရှုပ်ထွေးနေပြီး၊ နေပြည်တော်စစ်အစိုးရနဲ့ရရှိတဲ့သဘောတူညီချက်တစ်ခုတည်းနဲ့ ဒီနယ်စပ်မျဉ်းတစ်လျှောက်မှာ စာ
ချုပ်အတိုင်းလက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ သုံးသပ်ကြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယအနေနဲ့ မြန်မာပြည်သူများ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုထားတဲ့အပြင်ပြည်သူတွေအပေါ် နေ့စဉ်အကြမ်း
ဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့စစ်အစိုးရနဲ့ နယ်နိမိတ်အလဲအလှယ်လို နိုင်ငံတစ်
နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်မျိုးမှာ သဘောတူညီချက်ရယူဖို့ ကြိုးပမ်းတာဟာ သင့်လျော်တဲ့ လုပ်ရပ်တစ်ခု မဟုတ်သလို၊ ဒီလို စာရွက်ပေါ်က သတ်မှတ်ချက်မျိုးကလည်း ရခိုင်နဲ့ ချင်းပြည်သူများသာမက ဒေသခံ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် လက်ခံနိုင်ဖွယ် မရှိနိုင်ဘူးလို့ ဆိုကြပါတယ်။
မြေပြင်အာဏာစိုးမိုးမှုမရှိတဲ့စစ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လက်တွေ့အခြေအနေမှာ အဓိပ္ပာယ်မရှိနိုင်သလို၊ အိန္ဒိယရဲ့ရေရှည် လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကိုလည်း အမှန်တကယ် အာမခံပေးနိုင်မှာ မဟုတ်ပါဘူး။
ဒီအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအ
ညီတွေ၊အခြေခံအဆောက်အအုံနဲ့လုံခြုံရေး
ဆိုင်ရာကိစ္စတွေအတွက်မြေပြင်မှာတကယ်
တမ်း ဩဇာရှိတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံ
ရေးအရ တရားဝင် အသိအမှတ်ပြုမှု မပေးနိုင်သေးတောင် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း The Interpreter က ထောက်ပြထားပါတယ်။

❤26👎3🤮3🥰1🤣1🖕1
ဒီကိစ္စအပေါ် မြန်မာဘက်ကသာမက အိန္ဒိယဘက်ကလည်းကန့်ကွက်မှုတွေရှိနေပါတယ်။ နယ်မြေအလဲအလှယ် သတင်းထွက်ပေါ်လာပြီးနောက် မဏိပူရ်ပြည်နယ်က ဒေသခံအဖွဲ့အစည်းတွေ ဖြစ်တဲ့ ကိုကိုမီ (COCOMI) နဲ့ ကူကီးအင်ပီချန်ဒဲလ် (Kuki Inpi Chandel)တို့ကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။ လူမျိုးရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသဖြစ်တာကြောင့် နယ်နိမိတ်အနည်း
ငယ် ပြောင်းလဲရုံနဲ့တင် ကြီးမားတဲ့ နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
နယ်စပ်နေပြည်သူတွေဟာ နယ်နိမိတ်မျဉ်းကို ဖြတ်သန်းပြီး သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ မိသားစုဆက်နွယ်မှုတွေကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြတာပါ။ ဒါကြောင့် ပထဝီ
ဝင်အရ သေးငယ်တဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကတောင် သူ့ရဲ့ အတိုင်းအတာထက် ပိုမိုကြီးမားတဲ့ နိုင်ငံရေး ရိုက်ခတ်မှု တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အိန္ဒိယရဲ့ “အရှေ့ဘက်သို့ ဦးတည်ဆောင်ရွကရေး (Act East) မူဝါဒ” အရ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုတဲ့
နယူးဒေလီအနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ ရေရှည်အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ စာရွက်ပေါ်က သဘောတူညီချက်တွေထက် မြေပြင်မှာ အမှန်တကယ် ဩဇာရှိနေသူတွေနဲ့ ဒေသ
ခံပြည်သူတွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီလို မလုပ်ဘဲ စာရွက်ပေါ်မှာသာ တည်ရှိနိုင်မယ့် သဘောတူညီချက်တွေကိုဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် နယ်စပ်လုံခြုံရေးကို ရရှိလာမှာမဟုတ်သလို မြန်မာပြည်သူတွေနဲ့ ဒေသတွင်း အဓိ
ကအဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုလည်း ဆုံးရှုံးရနိုင်ပါတယ်။
ကိုးကား-The Interpreter

🤮14👍11🔥2🖕2🤣1
ကျောက်မဲမြို့မှာ ပေါက်ကွဲမှုဖြစ်
စက်တင်ဘာ ၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မနက် ၆နာရီခန့်မှာ ကျောက်မဲမြို့ရဲ့ တောင်ဘက်ကနေ ကျယ်လောင်နဲ့ပေါက်ကွဲသံထွက်ပေါ်လာတာလို့ မြို့ခံတွေက ပြောပါတယ်။
" အခုရက်ပိုင်းမှာ လေယာဉ်တွေလည်းဝဲတယ်။ ပေါက်ကွဲသံနဲ့ကြားတယ်ဆိုတော့ အရမ်းကြောက်လာတယ်။ ပေါက်ကွဲသံက ပြင်းတယ်။ ရှော့တိုက်ဒုုန်းကျတာလို့လည်း ပြောနေကြတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ် ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်ကပြန်လည် ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ကစတင်ပြီး ကျောက်မဲမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ် တွေမှာ စစ်တပ်ရဲ့ကင်းထောက်လေယာဉ်နဲ့ဗုံးကြဲလေယာဉ်တွေ ပျံသန်းမှုတွေခပ်စိပ်စိပ် ဖြစ်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်၁၃ရက်ကတော့ ကျောက်မဲမြို့ပေါ်ကို တိုက်လေယာဉ် ၁စီး နိမ့်နိမ့်လေး ဖြတ်ပျံသွားခဲ့လို့ ဒေသခံတွေကြောက်လန့်ခဲ့ကြရပါတယ်။
ဒီနေ့မနက်ဖြစ်ပွားတဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
ကျောက်မဲမြို့နဲ့ဆက်စပ်နေတဲ့ သီပေါနဲ့လားရှိုးမြို့မှာလည်း စစ်တပ် ကင်းထောက်လေယာဉ်ပျံသန်းမှုတွေအပြင် ပြီးခဲ့တဲ့ဇူလိုင်က ရှော့တိုက်ဒုန်းပစ်ခတ်ခံရမှုလည်း ဖြစ်ပွားခဲ့ပါတယ်။
မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်တပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ လားရှိုးမြို့ ပေါ် တွေကိုပဲ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကိုမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ( MNDAA)၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။
စစ်တပ်က မန္တလေး- မူဆယ်ကုန်သွယ်ရေးလမ်းကို အမြန်ဆုံးပြန်ဖွင့်ချင်နေပါတယ်။နယ်စပ်ကုန်သွယ်ရေးဟာအစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဇူလိုင် ၉ရက်က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောခဲ့ပါတယ်။
စစ်တပ်က မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်ထိန်းချုပ်လိုပေမယ့် တော်လှန်ရေးတပ်တွေကလက်မခံတဲ့အတွက် အခြေအနေတွေပိုမို ရှုပ်ထွေးလာလိမ့်မယ်လို့ ရှမ်းမြောက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

👍19🔥18❤6👎1
တိုင်းနဲ့ပြည်နယ် ၆ခုက မြို့နယ်အချို့ မိုးကြီးပြီး ရေဘေးကြုံနေ
စက်တင်ဘာ−၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် ဒေသချင်းဆက်စပ်နေတဲ့ ချင်းပြည်နယ် တီးတိန်၊ ခိုင်ကမ်း၊ဟားခါးမြို့၊ ရန်ကုန်တိုင်းက လှည်းကူးမြို့၊ ပဲခူးတိုင်းက ပဲခူးမြို့၊တနင်္သာရီတိုင်းက တနင်္သာရီ၊ ပုလောမြို့တွေနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၇ခုထက်မနည်းမှာ ရေဘေးကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထက်ပါ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးနေတဲ့အပြင် မြစ်ရေတွေလည်းပုံမှန်ထက်မြင့်တက်နေပါတယ်။
စစ်ကိုင်းတိုင်းက ကလေးမြို့မှာ မြစ်သာမြစ်ရေ၊ မုံရွာနဲ့မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်အနီးအထိမြင့်တက်နေပါတယ်။ လက်ရှိမှာ ကလေးမြို့အတွင်း မြေနိမ့်ပိုင်းနေရာတွေ ရေမြုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ချင်းပြည်နယ်မှာ မိုးကြီးတဲ့အတွက် မြေပြိုကျမှုတွေရှိနေတယ်လို့ သိရပါတယ်။ ခိုင်ကမ်းမြို့မှာ မိုးတွေ ဆက်တိုက်ရွာပြီး ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့မနက်ပိုင်းမှာ ချင်းတောင်ဘက်ကနေ တောင်ကျရေ ဆင်းလာတာကြောင့် ကွဲချောင်းရေလျှံပြီးချောင်းကမ်းဘေးမှာရှိတဲ့ Maranatha AG ဘုရားကျောင်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းမှာလည်း စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့၊ ရွှေကျင်မြစ်ရေကရွှေကျင်မြို့နဲ့ ပဲခူးမြစ်ရေက ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေပါတယ်။ ပဲခူးတိုင်းနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာလည်း ရေမြင့်တက်နေပြီး ပဲခူး-ရန်ကုန်ကားလမ်းပေါ် ရေကျော်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တနင်္သာရီတိုင်းမှာလည်း တနင်္သာမြစ်ရေပုံမှန်ထက်မြင့်တက်နေတဲ့အတွက် ဒေသတွင်းမှာရေကြီးနစ်မြုပ်မှုတွေရင်ဆိုင်နေရတယ်လို့ သတင်းရရှိပါတယ်။ ဧရာဝတီတိုင်းမှာတော့ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး နောက်ဆက်တွဲရေ ဘေးအန္တရာယ်ကိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးပါတယ်။
စစ်ကိုင်းတိုင်းဟာ ၂လဆက် ရေဘေးကြုံတွေ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လဆန်းကလည်း သဖန်းဆိပ်ဆည်ရေလွှတ်ချလို့ ဆည်အောက်ကမြို့တွေ ရေဘေးကြုံခဲ့ပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ဒီပဲယင်း မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၄ဦး၊ ပျောက်ဆုံးနေသူနှစ်ဦးရှိပြီး လူပေါင်း ၂သိန်း၆သောင်းကျော် ရေဘေးကြုံတွေ့ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (NUG-MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာဟာ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ MoSLHAက ထုတ်ပြန်ထားပါတယ်။
လက်ရှိရာသီဥတုအခြေနေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေအားကောင်းနေတာနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ MoSLHAက ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၃၁ရက်နကနေ စက်တင်ဘာ ၆ရက်အထိ မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရေဘေးနဲ့မြေပြိုမှုဘေး #ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း#မိုးကြီး
#ရေဘေး

❤12😢9👍6🔥6
KNDF ပထမအကြိမ်ညီလာခံကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ကလလတ ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်တို့ အွန်လိုင်းက တက်ရောက်
စက်တင်ဘာ -၂ ၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီအမျိုးသားများကာကွယ်ရေတပ် -KNDFရဲ့ပထမအကြိမ် ညီလာခံကိုAAစစ်ဦး
စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး
(ကလလတ)ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်တို့ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ ညပိုင်းမှာ KNDF က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ပထမအကြိမ် ညီလာခံကို ၂၀၂၆ သြဂုတ် ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ကရင်နီပြည်တစ်နေရာမှာ ကျင်း
ပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ညီလာခံကို ဗဟိုကော်မတီဝင်တွေ၊စစ်ဒေသမှူးတွေ၊ ဌာနမှူးတွေ ၊ တပ်ရင်းမှူးတွေ ၊ ရုံးဦးစီးမှူးတွေနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း အမျိုးသား (၉၁) ဦး၊ အမျိုးသမီး (၁၄) ဦး၊စုစု ပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။
ညီလာခံမှာ KNDF ရဲ့ အရင်ကာလလုပ်ငန်း
စဥ်တွေနဲ့ စစ်ရေး ၊နိုင်ငံရေးရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေ ၊စစ်ရေး ၊နိုင်ငံရေးဦးတည်ချက်တွေ ဆုံး
ဖြတ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကလလတဥက္ကဌ တို့ တက်ရောက်ဆွေးနွေးပြောဆိုမှုနဲ့ပတ်သက်လို့ KNDF ဥက္ကဌ ခွန်ဘီထူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသာအယ်စိုးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
KNDF ရဲ့တပ်တည်ထောင်မှု (၅)နှစ်ပြည့်တဲ့ အခုနှစ မေလက AA ရဲ့ သ၀ဏ်လွှာထဲမှာ KNDF တပ်ကို အသိအမှတ်ပြုတဲ့အပြင် စစ်ရေး၊နိုင်ငံရေးရည် မှန်းချက်တွေ အချိန်တိုအတွင်း ပြည့်မြောက်နိုင်ဖို့ ဆုတောင်းထားတာပါရှိပါတယ်။
မနေ့က ကနဦးထုတ်ပြန်ချက်တွေအရ ကရင်
နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်း ဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ညီလာခံဆွေးနွေးချက်တွေမှာ ပါ၀င်ပါတယ်။
အခု ၂၀၂၆ မှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ KNDFညီလာခံမှာ KNDFရဲ့တော်လှန်ရေးမှတ်
တိုင်တွေ နဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများကို စနစ်တကျ ဆက်လက်တည်ဆောက်သွားဖို့ပါ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"နိုင်ငံရေးမပါသည့် တော်လှန်ရေးမရှိသကဲ့သို့ နိုင်ငံရေးရလဒ်များအား စုစည်းတည်ဆောက်ထားမှုမရှိသည့်တော်လှန်ရေးသည်လက်နက်
ကိုင်တော်လှန်ရေး၏အောင်မြင်မှုကိုမတိုင်း
တာနိုင်ပါ"လို့ KNDF ကပြောပါတယ်။
မူဝါဒရေးရာဆိုင်ရာဆောင်ရွက်တဲ့အမျိုးသား
ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွဲဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။
အထူးသဖြင့်ကရင်နီအမျိုးသားများကာကွယ်
ရေးတပ်ဟာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေတဲ့ အခြားတော် လှန်ရေးတပ်တော်များနှင့်အတူ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုတစ်ခုဖြစ်တည်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်းချိတ်ဆက်ပါဝင်အားဖြည့်ထားတယ်
လို့ KNDF က ဆိုပါတယ်။
နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးသွားမှာဖြစ်တဲ့အပြင် တပ်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်
နာကျင့်သုံးနေမှုကိုလည်းနိုင်ငံတကာကစောင့်
ကြည့်အကဲဖြတ်ခြင်းကိုလည်းခွင့်ပြုသွာမယ်
လို့ KNDF က အသိပေးပါတယ်။
ရပ်တည်ချက်တွေ၊ဆွေးနွေးဆုံးဖြတ်ချက်တွေ နဲ့ အနာဂတ်ဦးတည်ချက်တွေကိုလည်းအခြေခံပြီးကရင်နီအမျိုးသားများကာကွယ်
ရေးတပ်ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုဆက်လက် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်
အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ကရင်နီပြည်နယ်မှာတစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ဒေသခံလူထုကပြီးခဲ့တဲ့နှစ်ကတည်း
က တိုက်တွန်းမှုတွေရှိပါတယ်။
"လာမယ့်နှစ်(၂၀၂၇)UKSAကို ဖွဲ့စည်းနိုင်ဖို့ ထိပ်ပိုင်းခေါင်းဆောင်တွေကြိုပမ်းနေတာရှိတယ်။အသေးစိတ်တော့ မသိရသေးဘူး"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂၀၂၁ နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့
နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။

❤39👍12🥰1👏1🤮1🤣1🫡1