People's Spring
60K subscribers
70.8K photos
1.22K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍15🔥2🖕2
ရန်ကုန်မှာ ပေါ်တာဆွဲတာ ပိုဆိုးလာ

■စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားဟုဆို

စက်တင်ဘာ-၁၊၂၀၂၆။တာရာ/People's Spring

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ သေဆုံး ၊ဒဏ်ရာရသူ၊ထွက်​ပြေးသူ များ​နေတဲ့စစ်တပ်က အင်အားလိုအပ်ချက်ကြောင့် ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ရန်ကုန်မြို့ရှိ ၊ မြို့နယ်တွေရဲ့သက်ဆိုင်ရာရပ်ကွက်အလိုက် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေကို တစ်ရက်ကို လူ ၅ ဦးဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်​ပေးရမယ်လို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ စုံစမ်းသိရပါတယ်။

"ရပ်ကွက်တွေထဲမှာကြားတာက တစ်နေ့ကို ရပ်ကွက်အလိုက် ၅ ယောက်စီ ပေါ်တာဆွဲပေးရမယ်။ တစ်ရပ်ကွက်ကို ငါးယောက်ဆိုရင်
စဥ်းစားလေ။ လူတွေအများကြီး။ အခုဆို နေ့
ခင်းကြောင်တောင်ကြီးလည်း ဆွဲနေကြတာ။ သွားလို့​လာလို့ မကောင်းတော့ဘူး။ လူကြီးရော၊ ကလေးတွေကိုပါအကုန်ဆွဲတာ။ ပြီးရင် စစ်သားစုဆောင်းရေးတပ်ကို ပို့တာ။ အုပ်ကြီးတွေကတော့ ပိုက်ဆံရတာပေါ့။ တစ်ယောက်ကို ၅၀ လောက်ရတယ်"လို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

တောင်ဥက္ကလာ၊ သာကေတ၊ မြောက်ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးတာအဆိုးရွားဆုံးလို့ စုံစမ်းသိရပြီး ည ၇ နာရီနောက်ပိုင်း လမ်းပေါ်တွေ့သူတွေကို ဖမ်းမယ်လို့ပြောကြားထားတယ်လို့သတင်းတွေလည်း ထွက်နေပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းတွေအတွင်းရန်ကုန်မြို့မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေအပါ
အဝင် သက်ကြီးပိုင်းအထိ ပျောက်ဆုံးမှုတွေဆက်တိုက်ဖြစ်နေလို့ လူပျောက်ကြောညာတာတွေလည်း မကြာခဏတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပါတ်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါ
တယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေတာ ၁၀ရက်ကျော်ကြာရှိပြီဖြစ်တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

"အခုဆိုအပြင်ထွက်ရမှာတောင်ခပ်လန့်လန့်ဖြစ်နေပြီ။ဟိုကောင်တွေက တွေ့ရာမြင်ရာအကုန်ဆွဲနေတာ။အုပ်ကြီးတွေကိုကြောက်ရ သူတို့ကိုလည်းကြောက်ရနဲ့။ လွတ်အောင်ရှောင်နေရတယ်။ နေရတာတကယ်မလုံခြုံတော့ဘူး" လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့လူငယ်တဦးကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ လူငယ်တွေက စစ်မှုထမ်းရမှာ ရှောင်နေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးရတာ ဖြစ်တယ်လို့ အ
ကြောင်းပြပါတယ်။စစ်မှုထမ်းစာရင်းပေါက်တဲ့အိမ်တွေကို အုပ်ချုပ်ရေးမှူးတွေကတစ်ဦးကျပ်တစ်သိန်းနဲ့ ကောက်ခံနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီးစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှု
ထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

(စစ်တပ် အာဏာသိမ်းပြီး​နောက် ရန်ကုန်မြို့မှာစစ်သား၊ရဲ နဲ့စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေကဧည်စာရင်းလိုက်စစ်စဥ်။
ဓါတ်ပုံ- Santosh Mmr/Sopa Images/The Guardian)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#လူထုနွေဦး #People*sSpring
#စစ်မှုထမ်း #ပေါ်တာဆွဲဖမ်းဆီး #ရန်ကုန်
🤬25🤮4👏31👎1🔥1
🤬23👎3👏2🤮1
ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊KPDF နှစ်မြှုပ်ဖျက်ဆီး

စက်တင်ဘာ-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်
ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်
ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကို​စောင့်​နေတဲ့စစ်သား​တွေက တိုက်
ခိုက်ခံရချိန်မှာ ထွက်​ပြေးသွားကြပါတယ်။

စက်တင်ဘာ ၁ ရက်ညမှာ​တော့ ကချင်စစ်​ရေးအ​ခြေအ​နေ​တွေ​ရေးသားတင်​ပေး​နေတဲ့လူမှုကွန်ယက်​တွေမှာ စစ်သင်္ဘောကို ​ဖောက်
ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကို​ဖော်ပြလာပါတယ် ။အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။

လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေ
ပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်
ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းရရှိပါတယ်။

"ရွှေကူဆေးရုံမှာကုတင်တွေဆွဲထုတ်ပြီးကြမ်း
ပြင်ပေါ်မှာကုနေရတာ။စစ်တပ်အရမ်းအထိ
နာထားတယ်။ လေကြောင်းကနေလည်းဆက်
တိုက်လာကြဲနေတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သီးခြားအတည်မပြုနိုင်ပေမဲ့ ခလရ(၁၂၀) တပ်ရင်းမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အရာ
ရှိတွေပါတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့၊ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်နေတာလို့ အသိပေးထားပါတယ်။စက်တင်ဘာလ၁ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကလေ
ကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

သင်္ဘောတိုက်ခိုက်ဖျက်ဆီးခံရတဲ့အထိမြေ
ပြင်တိုက်ပွဲတွေမှာအထိနာနေပေမယ့် စစ်အုပ်စုက တပ်တွင်းဆိုကရေးတီးပြိုင်ပွဲပြု
လုပ်နေပါတယ်။ စက်တင်ဘာ၁ ရက်မှာစစ်တပ်တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက
ပွဲတက်ပြီး ပြုံးပျော်နေလို့ စစ်တပ်မိသားစုဝင်တွေကိုယ်တိုင် ပြန်လည်ဝေဖန်နေကြတာ​တွေ့ရပါတယ်။

​ရွှေကူ​ရောက် စစ်သင်္ဘောအုပ်စုထဲမှာ တချို့
သင်္ဘော​တွေလည်းတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှု​တွေရှိ​ခဲ့တယ်လို့သိရပါတယ် ။

ဒါ့အပြင် စစ်သင်္ဘောအုပ်စု ဗန်း​မော်ကိုဆန်တက်ရင် လုံခြုံ​ရေး​ပေးဖို့အတွက် အ​ရေးကြီးတဲ့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာအနီးက စစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို KIA ဦး​ဆောင်တဲ့ပူး​​ပေါင်းတပ်က သြဂုတ် ၃၀မှာသိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်ဘက်ကအရာရှိ​တွေအပါအဝင်​သေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့တယ်လို့
စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။


ရုပ်သံ-Padang Nsen
25👍15👏2🤣2🥰1🖕1
Media is too big
VIEW IN TELEGRAM
ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊KPDF နှစ်မြှုပ်ဖျက်ဆီး

စက်တင်ဘာ-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်
ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်
ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကို​စောင့်​နေတဲ့စစ်သား​တွေက တိုက်
ခိုက်ခံရချိန်မှာ ထွက်​ပြေးသွားကြပါတယ်။

စက်တင်ဘာ ၁ ရက်ညမှာ​တော့ ကချင်စစ်​ရေးအ​ခြေအ​နေ​တွေ​ရေးသားတင်​ပေး​နေတဲ့လူမှုကွန်ယက်​တွေမှာ စစ်သင်္ဘောကို ​ဖောက်
ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကို​ဖော်ပြလာပါတယ် ။အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။

လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေ
ပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်
ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိ
👍389👏4🤣4🖕2
ဖျာပုံအနီးငလျင် ရန်ကုန်အထိသက်ရောက်

စက်တင်ဘာ-၁၊၂၀၂၆။မိထက်/People's Spring

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်
လှုပ်ခဲ့ပါတယ်။

ည၁၁နာရီ ၄မိနစ်ခန့်မှာလှုပ်ရှားသွားတာဖြစ်ပြီးလှိုင်၊ ကမာရွတ်နဲ့ စမ်း‌ ချောင်းမြို့နယ်တွေမှာအထပ်မြင့်အဆောက်အအုံတွေ ငလျင်
လှုပ်ရှားမှု ခံစားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။

အဆိုပါငလျင်ဟာဧရာဝတီတိုင်းဖျာပုံမြို့အ
နီးမှာ ရစ်ခ်တာစကေး ၃ဒသမ၄အဆင့် ရှိအင်အားအနည်းငယ်သာရှိတဲ့ ​မြေငလျင်ဖြစ်ပြီးမြေ​အောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြုလှုပ်ရှားခဲ့တာလို့ထိုင်းမိုးဇလဌာန(TMD)ကထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းမှာလှုပ်ရှားတဲ့
ငလျင်တွေက ရန်ကုန်မြို့အထိသက်ရောက်စေပါတယ်။ရန်ကုန်မြို့မှာငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်မှု တွေ ရှိနေကြပါတယ်။

သြဂုတ်လ၂၃ရက်နေ့မနက်ကလည်း ပဲခူးမြို့အနီးမှာ လှုပ်ရှားသွားတဲ့ ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကြောင့်ရန်ကုန်မြို့မှာငလျင်လှုပ်ရှားခဲ့ပါတယ်။
👍30😱64🤣3🔥1
👍23🖕3🥰21
အ​ခြေခံကုန်​ဈေးနှုန်း (ရန်ကုန်)
👎20👍9🤪43😇3🔥1🥰1🖕1
ကနီမှာ စစ်တပ်သတ်ဖြတ်မှုကြောင့် ၄လအတွင်း ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၂၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ကနီမြို့နယ်၊ မုံရွာ- ချောင်းမ- ယာကြီး- ကလေးဝကားလမ်းမှာ ဧပြီ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ ၄လကျော် ကာလအတွင်း ကနီမြို့နယ်တွင်း ကျေးရွာပေါင်း (၃၅)ရွာ ရောက်ရှိခဲ့ပါတယ်။

အဲဒီစစ်ကြောင်း ရောက်ရှိချိန် လေကြောင်းပစ်ခတ်မှု ၂၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၆နှစ်၊ ၃၇နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုး
သား ၃ ဦးနဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အခြား အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

ဒါ့အပြင် ​စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ အသက်၇၈ နှစ် ၊ ၆၀နှစ် ၊ ၄၁နှစ် ၊၃၈နှစ် ၊ ၃၁ နှစ်၊ ၃၀ နှစ်၊ ၂၅ နှစ်စတဲ့ အမျိုးသား ၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

"အဲဒီ အမျိုးသား ၇ ဦးထဲမှာ အသက် ၃၈၊ အသက် ၃၁၊ အသက် ၃၀ နှစ် အရွယ် အမျိုးသား ၃ ဦးက စိတ်ကျန်းမာရေးမကောင်းတဲ့ သူများဖြစ်ကြပါတယ်"လို့ ၎င်းက ပြောပါတယ်။

အလားတူ စစ်ကြောင်း ပြန်ပြီးနောက် နေထိုင်ရာကျေးရွာတွေကို ပြန်ကြချိန် မိုင်းထိလို့ အသက် ၃၅ နှစ်နဲ့ ၃၆ နှစ်အရွယ် အမျိုးသား ၂ ဦးပါသေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

ဒဏ်ရာရရှိသူတွေလည်း ၁၂ ဦးထက်မနည်း ရှိခဲ့ပြီး စစ်အုပ်စုမီးရှို့မှုကြောင့် နေအိမ်ပေါင်း ၈၀ ကျော် မီးလောင်ပြာကျ​ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ကြောင်းအပြင် ချင်းတွင်းမြစ်အတွင်း ရေကြောင်းကနေလည်း အစုန်အဆန်သွားလာနေပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က ကနီမြို့နယ်၊ ရွေစာရေးဝဲကြီးအတွင်းနဲ့ ဝဲကွေ့အောက်ဘက် နှစ်နေရာမှာ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။




𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကနီမြို့#စစ်တပ်စစ်ကြောင်းသတ်ဖြတ်#စစ်ကြောင်းထိုး
#ပြည်သူသေဆုံး
🤬21🔥8👍3👎32👏2🎉1
(စစ်ကောင်စီမီးရှို့သွားသည့်နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံံ-ပြည့်အောင်နိုင်(ကနီ))
🤬21👍9👎3👏2😢21🎉1
ဗန်း​မော်ကို ထပ်တက်တဲ့ စစ်သင်္ဘောအုပ်စု
KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ၃ စီးထိမှန်၊ စစ်သင်္ဘောနစ်မြုပ်ပြီး ၁စီး မီးလောင်

■မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေ

စက်တင်ဘာ-၂၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့က​နေ ဗန်း​မော်မြို့ကို စစ်သင်္ဘောတွေ ဒီကနေ့ (စက်တင်ဘာ ၂ရက်) မနက်အစောမှာ ဆက်လက်ထွက်ခွာသွားရာကချင်လွတ်လပ်ရေတပ်မတော်(KIA)
ပူးပေါင်းတပ်ကတိုက်ခိုက်လို့စစ်သင်္ဘောတွေပျက်စီးနစ်မြုပ်ခဲ့ကြောင်းကချင်စစ်ရေးသ
တင်းရင်းမြစ်အချို့ကပြောပါတယ်။

စစ်သင်္ဘောအုပ်စုဟာဩဂုတ် ၂၇ရက်မှာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်
နယ် ရွှေကူမြို့ကို ဝင်ရောက်လာတာဖြစ်ပါတယ်။

ကသာကနေရွှေကူမြို့ကိုဝင်လာချိန်မှာလည်း
KIAပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘော ၁ စီးပျက်စီးခဲ့သလို ဩဂုတ် ၂၉ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာစဉ်မှာလည်း စစ်သင်္ဘော ၁စီး ထိမှန်မီးလောင်ခဲ့ရာ ကျန်သင်္ဘောတွေ ရွှေကူမြို့ကို ပြန်လှည့်သွားတာပါ။

အဲဒီလို ပြန်လှည့်သွားပြီး ရွှေကူမြို့မှာ ၃ရက်
ကြာ ငြိမ်နေတဲ့ သင်္ဘောအုပ်စုဟာ စက်တင်
ဘာ ၂ရက် မနက် အစော ၃နာရီခွဲမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာလာရာ ဒုတိယမြစ်ကျဉ်းအနီးမှာ KIA ပူးပေါင်းတပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ က
ချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"ရှေ့ပြေးအကြီဆုံးစစ်သင်္ဘောတိုက်သင်္ဘောပေါ့။အဲဒါရေထဲကို မြုပ်သွားပြီ။ ဧရာ၀တီမြစ်ထဲကိုမြှုပ်သွားပြီ။ပြီးတော့ရိုးရိုးသံခွန်သင်္ဘောတစီးလည်း မီးလောင်နေပြီ။ နောက်တစီးလည်းထိထားတယ်။”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်သင်္ဘောအုပ်စု ထွက်ခွာလာရာလမ်း
ကြောင်းတလျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်သ
င်္ဘော ရေမြှုပ်သွားပြီး အခြားသင်္ဘောတွေထိခိုက်ထားသလိုလတ်တလောမြေပြင်တိုက်
ပွဲတွေလည်း ရွှေကူ-ဗန်းမော်ကြား ဇင်းဘုံရွာအနီးဝန်းကျင်မှာ ပြင်းထန်နေတယ်လို့ အသိ
ပေးပါတယ်။

စစ်သင်္ဘောအုပ်စုမှာ စစ်သင်္ဘော ၂စီး အပါ
အဝင်သင်္ဘော ၁၅စီး ပါဝင်တာဖြစ်ပါတယ်။ ဒီကနေ့ မနက် တိုက်ပွဲ မတိုင်မီ စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ကို ဝင်ရောက်စဉ် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ၂စီးထက်မနည်း သုံးမရအောင် ပျက်စီးခဲ့ပြီး သင်္ဘော ၅စီးခန့်အာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက် ထွက်ပေါ်လာတဲ့ သင်္ဘောထိခိုက်ပျက်စီးမှု ရုပ်သံတွေအရ သိရပါတယ်။စစ်
တပ်ကအချို့ သင်္ဘော​တွေကို ​ပြန်လည်ပြု
ပြင်တယ်လို့လည်း သိရပါတယ် ။


စင်တင်ဘာ ၂ ရက်တိုက်ပွဲမှာလည်းစစ်တပ်သင်္ဘောအုပ်စု ထပ်မံအထိနာခဲ့တာပါ။ဒါ​ပေ
မယ့် သင်္ဘောဘယ်နှစ်စီး ထိခိုက်ပျက်စီးပြီး ဘယ်နှစ်စီးကျန်​သေးလဲဆိုတဲ့အ​သေးစိပ် အချက်အလက်​တွေကို​တော့မသိရ​သေးပါဘူး။ ယခင်ရက်ကတိုက်ပွဲမှာ ထိမှန်ပြီး KIA နဲ့
KPDF ​​တွေသိမ်းဆည်းထားတဲ့ သင်္ဘောတစ်စီးကို ​တော်လှန်​ရေးတပ်​တွေက အခုရက်ပိုင်းမှာ ​ဖောက်ခွဲဖျက်ဆီးပြီးနစ်မြှပ်ခဲ့ပါတယ် ။

ဒါ့အပြင် KIA နဲ့ပူး​ပေါင်းတပ်က သြဂုတ် ၂၈ ရက်မှာရွှေကူမြို့နယ် ဇင်းဘုံရွာအနီးကစစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ ​ရွှေကူက​နေ ဗန်း​မော်မြို့ကို ဧရာဝတီမြစ်အတိုင်းဆန်တက်မယ်ဆိုရင် လုံခြုံ​ရေးအတွက်အ​ရေးပါတဲ့စခန်းဖြစ်ပါတယ် ။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်
မှူးကြီးနော်ဘူကတော့ စစ်သင်္ဘောတွေ ရွှေကူကနေ ဗန်းမော်မြို့ မတက်လာခင်ကတည်းက KIA ပူးပေါင်းတပ်အနေနဲ့ စစ်တပ်သင်္ဘောတွေကိုလက်ဗလာနဲ့ ကြိုဆိုနေမှာ မဟုတ်ဘဲ တိုက်ခိုက်သွားမယ်လို့ အသိပေးထားတာဖြစ်ပါတယ်။အဲဒီလိုအသိပေးထားတဲ့အတိုင်း တိုက်ခိုက်ခဲ့ရာ သင်္ဘော ထိခိုက်ပျက်စီးမှုတွေလည်းတွေ့နေရပြီဖြစ်ပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်အတွင်း လက်
လွှတ်ထားရတဲ့နယ်မြေတွေပြန်လည်စိုးမိုးထိန်းချုပ်လိုတာကြောင့် လေကြောင်း၊ ရေ
ကြောင်း၊ မြေပြင် ကနေ စစ်အင်အားတွေဖြည့်တင်း စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။
👍35👏95🤣3🥰2👎1🖕1
KIA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်သိမ်းထားတဲ့စစ်တပ်သင်္ဘော တစ်စီးကို ​တော်လှန်​ရေးတပ်​တွေက​ဖောက်ခွဲစဥ်။ဓါတ်ပုံ-Padang Nean
👍38👏124🥰2🤣2👎1🖕1
ရခိုင်ပြည်နယ် အ​ခြေခံကုန်​ဈေးနှုန်းများ

-People's Spring

ရခိုင်ပြည်နယ်အတွင်း အ​ခြေခံကုန်စည်​တွေနဲ့ အ​ရေးကြီးကုန်စည်​တွေရဲ့ စစ်တပ်အာဏာမသိမ်းခင် ​ဈေးနှုန်း နဲ့ စစ်တပ်အာဏာသိမ်းပြီး​ဈေးနှုန်း​တွေကို ​ဖော်ပြ​​ပေးထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ် ရှိ အာရက္ခတပ်​တော် (AA)က ၁၄ မြို့နယ်ကိုသိမ်းပိုက်ထားပြီး စစ်တပ်ထိန်းချုပ်နိုင်တာ စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင် သုံးမြို့နယ်ပဲကျန်ပါတယ် ။ AA ထိန်းချုပ်​ဒေသ​တွေနဲ့ စစ်တပ် ထိန်းချုပ်​ဒေသ​တွေရဲ့ ​ဈေးနှုန်း​တွေကိုလည်း နှိုင်းယှဥ်​ဖော်ပြထားပြီး AA ထိန်းချုပ်​ဒေသ​တွေက ကုန်စည်အများစုမှာ ​ဈေးပိုသင်သာတာကို​တွေ့ရပါတယ် ။



#လူထု​​နွေဦး #People'sspring
#ရခိုင်ပြည်နယ် #ကုန်​ဈေးနှုန်း #AA
👎15👍122👏1🤮1
😭23👍9👎2👏1🤮1