People's Spring
60K subscribers
70.8K photos
1.22K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာရက္ခထီဆုကို ကျပ်သိန်းတထောင်ထိ AA တိုးမြှင့်သတ်မှတ်

စက်တင်ဘာ-၁၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

ရခိုင်မှာ အခု စက်တင်ဘာလ ဖွင့်လှစ်မယ့် စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ဘောင်(ထီ)ရဲ့ အမြင့်ဆုံးဆုကြေး ကို ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ အခွန်ဌာနကကြေငြာပါ တယ်။

၂၀၂၆ ဇွန်လက စတင်ဖွင့်လှစ်ခဲ့တဲ့ အာရက္ခလောင်ဘော်ဟာ ပထမအကြိမ်မှာ အမြင့်ဆုံးဆုကို ကျပ်သိန်း ၅၀၀ သတ်မှတ်ခဲ့ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တို့မှာ ကျပ်သိန်း ၇၅၀ ထိတိုးမြှင့်ခဲ့ကာ အခုလဖွင့်မယ့် စတုတ္ထအ ကြိမ်မှာတော့ ကျပ်သိန်း ၁၀၀၀ ထိ ထပ်မံတိုးမြှင့်လိုက်တာပါ။

“ဒီနေ့စရောင်းတဲ့ ထီဟာ ပထမဆု သိန်းတထောင်ဖြစ်သွားမှာ။ အခြားဆုကြေးတွေလည်း တိုးလာမယ်။ ထီတွေ အ များကြီးရောင်းရတယ်။ ထီလက်မှတ်တွေ မလောက်လို့ စောင်ရေထပ်တိုးရင်းနဲ့ ဆုကြေးပါ တိုးလိုက်တာ” လို့ အခွန် ဌာနဝန်ထမ်းတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေမှာ အခွန်ဌာနက ထီလက်မှတ်တွေ ရောင်းနေချတာဖြစ်ပြီး ထီ လက်မှတ်တွေဟာ ရက်ပိုင်းအတွင်း ရောင်းကုန်နေတာပါ။ “ကုန်ခဲ့တဲ့လမှာ မြေပုံတခုတည်းမှာ အစောင်ငါးသောင်း ကုန်သွားတယ်ပြောတယ်။ အဲဒါကို ငါးရက်လောက်ပဲ ရောင်းလိုက်ရတာ။ လက်မှတ်သွားဝယ်တိုင်း ကုန်နေတာ ချည်းပဲ၊ ထိုးချင်သူတိုင်း ထိုးလို့မရဘူး” လို့ မြေပုံမြို့မှ အမျိုးသမီးတဦးက ပြောပါတယ်။

AA က ရောင်းချတဲ့ ထီလက်မှတ်တွေကို ရခိုင်ပြည်တွင်းအပြင် ပြည်ပရောက်နေသူတွေပါ ဝယ်ယူမှုရှိနေပြီး စိတ်ဝင် တစားဝယ်ယူသူများပြားကာ အရောင်းသွက်နေတာဖြစ်ပါတယ်။
“အရင်လကလည်း လောင်ဘော်(ထီ)ထိုးဖို့ လက်မှတ်သွားဝယ်တော့ မရှိတော့ဘူးပြောတယ်။ ဒုတိယအဖြတ် တောင်ရောင်းကုန်သွားပြီတဲ့။ အဲဒါနဲ့ ကျောက်တော်မှာရှိတဲ့ သူငယ်ချင်းကို အဲမှာရှိသေးရင်ထိုးပေးပါလို့ လှမ်းပြော ရတယ်” လို့ အဉ္ဇနပူရ(မင်းပြား)မြို့နယ်မှ မဖြိုးသွယ်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထား AA ဟာ ဗဟိုအကောက်ခွန်နဲ့ အ ခွန်ဌာနအောက်မှာ လောင်ပေါ်(ထီ)ဌာနခွဲကို အသစ်ဖွဲ့စည်းကာ တလမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင် ဘော်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရောင်းချ၊ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်မှတ်တစောင်ကို ကျပ်တထောင် စျေးသတ်မှတ်ထားပါတယ်။

AA အနေနဲ့ ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်း မြို့တွေသိမ်းပိုက်ပြီးနောက်ပိုင်းကနေစပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစတစတိုးချဲ့ ဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။
26👍12🥰1🤮1🤣1
(စက်တင်ဘာ ၁ရက်မှာ ပြုလုပ်တဲ့ AA ရဲ့ တတိယအကြိမ်မြောက် ထီဖွင့်ပွဲ။ ဓါတ်ပုံ-APV)
27👍11👏3🥰1🤮1🖕1
ထမ္မကြီးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ ပြည်သူ့စစ်တွေလို့ မလှိုင်တပ်ဖွဲ့ပြော

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

စက်တင်ဘာ ၁၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး ၎င်းတို့ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၃၁ ရက် မနေ့က ထမ္မကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး၂ ဦး စုစုပေါင်း ၁၂ ဦး သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။

" အဲ့ဒီဖြစ်စဉ်အပေါ်မှာ စစ်တပ်လော်ဘီတွေကစပြီး အရပ်သားပြည်သူတွေပဲ အသတ်ခံရသလိုလို စပြီး ဝါဒဖြန့်တဲ့အပေါ် အားလုံးက စိတ်ဝင်တစားဖြစ်သွားတဲ့ သတင်းဖြစ်ပေမဲ့ အမှန်တကယ်လေ့လာကြည့်တဲ့အခါမှာ စစ်တပ်ကဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ကို တော်လှန်ရေးအင်အားစုတွေက စစ်ရေးပစ်မှတ်အဖြစ်ရှင်းလင်းတာသာဖြစ်တယ် လို့ သိရပါတယ်။သူတို့ကို စစ်တပ်က ပြည်သူ့စစ် (စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံ‌ရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်း‌ရေးအဖွဲ့လို့သုံး)အဖြစ် လွန်ခဲ့တဲ့(၇)လလောက်ကတည်းကဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့ သိရပါတယ်"လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ပြည်သူ့စစ်(စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံ‌ရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်း‌ရေးအဖွဲ့)အဖြစ် လွန်ခဲ့တဲ့ (၇)လလောက်ကတည်းက ဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့လည်း ဆိုပါတယ်။

" သူတို့အဖွဲ့မှာလည်း စစ်တပ်ကပေးထားတဲ့ လက်နက်တွေရှိတာမို့လို့ တော်လှန်ရေးအင်အားစုတွေကအခွင့်အခါကို စောင့်ရင်း အခုမှဘဲ ရှင်းလင်းနိုင်တာလို့ သိရပါတယ်။ ရှင်းလင်းခံရတဲ့သူတွေက စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦး တို့ဖြစ်တယ်လို့လည်း သိရပါတယ်။နောက်ဆက်တွဲ အနေနဲ့ အဲ့ဒီရွာဘက်ကိုအမြန်လမ်းဘက်ကကော၊ မလှိုင်မြို့ဘက်ကပါ စစ်ကြောင်းတွေဝင်ရောက်လာကြောင်းလည်း သိရပါတယ်"လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းတွေက ထမ္မကြီးရွာကနေတဆင့် မလှိုင် − မိတ္ထီလာနယ်စပ်တလျှောက်မှာလှည့်လည်စစ်ကြောင်းထိုးနေပြီး လက်တလောမှာ ဆည်တိုကျေးရွာကို ရောက်ရှိနေပြီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

" အဲ့ဒီရွာမှာ စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦးကို တော်လှန်ရေးအင်အားစုတွေဘက်က ရှင်းလင်းသွားတာလို့ သိရပါတယ်"လို့ Guardians Of Mahlaing အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရှင်းလင်းခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မိတ္ထီလာခရိုင်မှာ စစ်တပ်နဲ့အတူပေါ်တာဆွဲတာ၊ ဂိတ်ချငွေတောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မလှိုင်မြို့#ပြည်သူ့စစ်အဖွဲ့ဝင်#ထမ္မကြီးရွာ
#အသတ်ခံရ
👍29👏4🤣2👎1🥰1
(မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရတဲ့ ပြည်သူ့စစ် ၁၂ ဦး။ ဓာတ်ပုံ − CJ)
👍23🥰2🤣2👏1😁1😢1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မော်ချီးဒေသ စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့မှုမှာ အရပ်သား နေအိမ်တွေပေါ် ဗုံးထိမှန်ပြီး သေဆုံးသူများခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ညပိုင်းအထိ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီက ရရှိထားတဲ့ အချက်အလက်တွေအရ ကလေးငယ်အပါအဝင် ၆ဦးသေဆုံးပြီး ၇ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ညနေ ၄နာရီခန့်မှာ နှစ်နေရာကို စစ်တပ်က ဗုံးကြဲခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။ သတ္တုတူးဖော်တဲ့ဒေသခံနဲ့ ရွှေ့ပြောင်းလုပ်သားများစွာရှိနေတဲ့ မော်ချီးဒေသမှာ တိုက်ပွဲလုံးဝမရှိပေမယ့် စစ်တပ်က ၂၀၂၅ မတ်လနောက်ပိုင်းကစလို့ သြဂုတ်အထိ တစ်လကို အနည်းဆုံး ၂ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

◾️ကရင်နီမှာ စစ်တပ်စစ်​ကြောင်းရဲ့ ၃ပုံ၂ပုံကျော်က ပစတွေ ဖြစ်နေ

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်မှာ စစ်ကြောင်းထိုး‌နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းအင်အားမှာ သုံးပုံ၊နှစ်ပုံကျော်က စစ်မှုထမ်းတပ်သားသစ်-ပြည်သူ့စစ်(ပစ)​တွေဖြစ်​​​နေတာ တွေ့ရပါတယ်။ စစ်တပ်စစ်ကြောင်းရဲ့ အင်အား ၁၅၂ ဦးထဲက ၁၀၉ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတာပါ။ အဲဒီလို ပြည်သူ့စစ်တွေနဲ့ အဓိကဖွဲ့စည်းထားတဲ့စာရင်းကို မိုးဗြဲတိုက်ပွဲမှာ တော်လှန်ရေးတပ်ဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင် ၇၂ ရာခိုင်နှုန်းလောက်က စစ်သားသစ်​တွေဖြစ်​နေပါတယ်။ လက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လွယ်ယင်း မင်္ဂလာကျေးရွာဘက်ကို ပြီးခဲ့တဲ့ ဇူလိုင်က ထိုးစစ်ဆင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ−၄၂၁ )တပ်ရဲ့ ဖွဲ့စည်းပုံ၊ နာမည်စာရင်း၊ ရာထူးနဲ့ လက်နက်စာရင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီစာရင်းတွေအရ ခမရ(၄၂၁)တပ်ရင်း ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးမောင်မောင်နိုင် ဖြစ်ပြီး စုစုပေါင်း အင်အား ၁၅၂ ဦး ပါဝင်ပါတယ်။ အရာရှိအဆင့် ၃ဦး ၊ ဒုအရာခံဗိုလ် ၁ဦး နဲ့သန္ဓေလို့ ခေါ်တဲ့ အမြဲတမ်းတပ်သားစုစုပေါင်းက ၄၃ ဦးပဲရှိတယ်လို့ ရရှိထားတဲ့စာရင်းအချက်အလက်အရ သိရပါတယ်။

◾️ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ တပ်တစ်ခုတည်းဖြစ်ပေါ်ဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ KNDF ထုတ်ပြန်

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။ KNDF က ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကျင်းပပြုလုပ်တဲ့ ပထမအကြိမ်ညီလာခံနဲ့ နိုင်ငံရေးအစီရင်ခံစာမှာ အထက်ပါအကြောင်းအရာကို ဖော်ပြထားပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်အားကောင်းခဲ့တဲ့ အချိန်ကစပြီး ဒီကနေ့အချိန်အထိ အဖွဲ့အစည်းတွေအကြား ညီညွတ်မှုနဲ့ တိကျတဲ့ကွပ်ကဲမှုစနစ်ကို အပြည့်အဝ မတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ကို ဆက်လက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်နယ်ကိုယ်စားပြုတဲ့ တပ်တစ်ခုတည်းအဖြစ် စုစည်းနိုင်ဖို့နဲ့ တိကျတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်နိုင်ရေးဟာလည်း ဆက်လက်ဖြေရှင်းရမယ့် စိန်ခေါ်မှုလို့ အသိပေးပါတယ်။ နိုင်ငံရေးရပ်တည်ချက်တွေကို ခိုင်မာစွာဆုပ်ကိုင်ထားပြီး မဆုတ်မနစ်ပေးဆပ်ကြိုးပမ်း တည်ဆောက်လာခဲ့ရာ အဲဒီကြိုးပမ်းမှုတွေက ကရင်နီပြည်ရဲ့နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေး အခြေအနေတွေပေါ်သာမက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။

◾️ထမ္မကြီးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ ပြည်သူ့စစ်တွေလို့ မလှိုင်တပ်ဖွဲ့ပြော

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဩဂုတ် ၃၁ ရက် မနေ့က ထမ္မကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး၂ ဦး စုစုပေါင်း ၁၂ ဦး သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။ သူတို့ကို စစ်တပ်က ပြည်သူ့စစ် (စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံ‌ရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်း‌ရေးအဖွဲ့လို့သုံး)အဖြစ် လွန်ခဲ့တဲ့(၇)လလောက်ကတည်းကဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့ သိရကြောင်း Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဲ့ဒီရွာဘက်ကို အမြန်လမ်းဘက်ကကော၊ မလှိုင်မြို့ဘက်ကပါ စစ်ကြောင်းတွေဝင်ရောက်လာကြောင်းလည်း သိရပါတယ်။

◾️ရန်ကုန်-မန္တလေးအမြန်လမ်း အနောက်ခြမ်းမှာ စစ်တပ် စစ်ကြောင်းထိုး
👍124🤮4🖕1
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက ပြောပါတယ်။ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ်က တောင်ငူမြို့နယ်က ၀က်ခေါက်စိန်၊ ကျွဲဒိုင်စု၊ မြပင်ကူနဲ့ စပါးကြွယ်ကျေးရွာတွေဘက်ကို ဩဂုတ်နောက်ဆုံးပတ်မှာ စတင် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ စစ်တပ်စစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ဝင်လာလို့ ရဲဘော်တွေနဲ့ စစ်ဆိုင်ထားတဲ့အခြေအနေဖြစ်နေတယ်လို့ ဗျူဟာ၂၃ ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူက ပြောပါတယ်။ တောင်ငူ အမြန်လမ်းအနောက်ဘက်ခြမ်းတစ်လျှောက်လုံးပဲလို့ အဲဒီတာဝန်ရှိသူက တောင်ငူမြို့နယ်အနောက်ခြမ်းက စစ်ရေးအခြေအနေကို ရှင်းပြပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၃ရွာထက်မနည်း ထွက်‌ပြေးနေကြရပြီး အရေအတွက် အတိအကျမသိရသေးပေမယ့် စစ်ရှောင်နေရသူ များပြားတယ်လို့ ဗျူဟာ ၂၃ တာဝန်ရှိသူက ဆိုပါတယ်။

◾️ငါးသိုင်းချောင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်လို့ လူ ၃ဦး သေဆုံး

ဧရာဝတီတိုင်းက ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်ပြီး လူ ၃ဦးသေဆုံးသွားလို့ ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်း ရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာပါတယ်။ ငါးသိုင်းချောင်းမြို့အနီး ရေမြုပ်နေတဲ့ လမ်းပိုင်းမှာ ဩဂုတ် ၃၁ရက် မနေ့ မနက်ပိုင်းက လှေတစ်စီး မျောပါတိမ်းမှောက်ခဲ့တာပါ။ မနေ့က ကနဦးကြားရတဲ့သတင်းတွေအရ ၁ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပေမယ့် ‌ရုပ်အလောင်းပဲ ဆယ်ယူနိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပျောက်ဆုံးနေသူ ၂ဦးကိုဆက်လက်ရှာဖွေစဉ် ဒီနေ့ စက်တင်ဘာ ၁ရက် မနက်ပိုင်းမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိတာလို့ ဆိုပါတယ်။ ငါးသိုင်းချောင်းမြို့မှာ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးရှိလာပြီး ဧရာဝတီတိုင်းရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ ရေဘေးကြောင့် သေဆုံးတဲ့စာရင်းကို ထုတ်ပြန်တာ မရှိပါဘူး။ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ဧရာဝတီတိုင်းရေ‌ဘေးကြောင့် ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတနဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ဒီနေ့ စက်တင်ဘာ ၁ရက်အထိ ၁၅ဦးထက်မနည်းသေဆုံးထားပြီး ၅ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

◾️မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။ မကွေး-နတ်မောက်လမ်းပိုင်းက ကြာကန်ကျေးရွာနဲ့ ပုဂံမျှော်ကျေးရွာကြားမှာ ဩဂုတ် ၂၉ ရက် ညနေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မကွေးကနေ နတ်မောက်ဘက်ကို ဦးတည်တဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဥ်တန်းမှာ ကားငါးစီးပါတယ်လို့ သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ စစ်ယာဉ်တန်းမှာပါတဲ့ အရာခံဗိုလ် ၁ဦး၊ တပ်သား ၄ဦးသေဆုံးပြီး တပ်ကြပ် ၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကား ၁စီးပျက်စီးတယ်လို့ အသိပေးပါတယ်။ စစ်တပ်ယာဥ်တန်း ထိခိုက်ပျက်စီးမှုနဲ့ ‌သေဆုံးမှုကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။ ဒါ့အပြင် မကွေး-နတ်မောက်လမ်းပိုင်း ပုဂံမျှော်ကျေးရွာ ပျူစောထီးဂိတ်စခန်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ငါးပြေမတပ်ရင်းက ဆိုပါတယ်။ တော်လှန်ရေးရဲဘော် ၁ဦးကျဆုံးကာ ရဲဘော် ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

◾️ဝက်လက်တောင်ခြမ်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၃၁ရက် မနေ့က ညနေ ၄နာရီကျော်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ရွာနန်းရွာကို ပေါင်ဗုံးသီး၊ ရော့ကတ်တွေနဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူရဲ့ အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

◾️နတ်မောက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်း မိုင်းထိ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက ပြောပါတယ်။ ဩဂုတ် ၃၁ ရက် မနေ့က နတ်မောက်မြို့အရှေ့ဘက်ခြမ်း လျှော်ချောင်းလေးရွာကနေ အင်အား ၁၂၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သား ၁၀ ကျော် သေဆုံးခဲ့ပြီး ၅ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကြောင်းလည်း ရှေ့ဆက်မထိုးနိုင်တော့ဘဲ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို လျှော်ချောင်းလေးရွာကို ပြန်လည်သယ်ဆောင်သွားခဲ့ရတယ်လို့ သိရပါတယ်။
👏13👍21🤮1🖕1
◾️အာရက္ခထီဆုကို ကျပ်သိန်းတထောင်ထိ AA တိုးမြှင့်သတ်မှတ်

ရခိုင်မှာ အခု စက်တင်ဘာလ ဖွင့်လှစ်မယ့် စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ဘောင်(ထီ)ရဲ့ အမြင့်ဆုံးဆုကြေး ကို ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ အခွန်ဌာနကကြေငြာပါ တယ်။ ၂၀၂၆ ဇွန်လက စတင်ဖွင့်လှစ်ခဲ့တဲ့ အာရက္ခလောင်ဘော်ဟာ ပထမအကြိမ်မှာ အမြင့်ဆုံးဆုကို ကျပ်သိန်း ၅၀၀ သတ်မှတ်ခဲ့ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တို့မှာ ကျပ်သိန်း ၇၅၀ ထိတိုးမြှင့်ခဲ့ကာ အခုလဖွင့်မယ့် စတုတ္ထအ ကြိမ်မှာတော့ ကျပ်သိန်း ၁၀၀၀ ထိ ထပ်မံတိုးမြှင့်လိုက်တာပါ။ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေမှာ အခွန်ဌာနက ထီလက်မှတ်တွေ ရောင်းနေချတာဖြစ်ပြီး ထီ လက်မှတ်တွေဟာ ရက်ပိုင်းအတွင်း ရောင်းကုန်နေတာပါ။

◾️ထိုင်းဖမ်းဝရမ်းထုတ်ခံရသူ ဗိုလ်မှူးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်နေ

ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ်(BGF) အမှတ် (၄)ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ BGF အမှတ် (၄) တပ်နယ်မှူး ဗိုလ်မှူးချုပ်စောမုတ်သုန်ကို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထိုင်းတရားရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာ ဖမ်းဝရမ်း ထုတ်ထားတာပါ။ ဗိုလ်မှူးချုပ်စောမုတ်သုန်နဲ့ သူ့တပ်ဖွဲ့တချို့ဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသမှာရှိတဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်(DKBA)ဆီ ဘက်ပြောင်းဝင်ရောက်သွားတယ်လို့ သတင်းတွေထွက်သလို မြိုင်ကြီးငူဒေသတဖက်ကမ်း ကမမောင်းမြို့အနီးက မီးဇိုင်းတောင်ခြေမှာ ရောက်ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

◾️မြန်မာဖက်က ကျားဖြန့်ဂိုဏ်းမှာ အလုပ်သွားလုပ်မယ့် တရုတ် ၇ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ တရုတ်နိုင်ငံသားတွေဟာ တရားမဝင် နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံ ပိုင်နက်ထဲ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်ဖက်ခြမ်း နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေမှာ အလုပ်သွားလုပ်ဖို့ စီစဉ်ထားတယ်လို့ ရဲတွေက ထုတ်ပြန်ပါတယ်။ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)နဲ့ ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဩဂုတ် ၃၀ ရက်က ချွန်ဘူရီပြည်နယ်၊ မူအန်ချွန်ဘူရီ မြို့နယ်ထဲက အဝေးပြေးလမ်းပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စစ်ဆေးမှုတွေအတွင်း ကား ၂ စီးပေါ် ပါလာတဲ့ တရုတ်နိုင်ငံသား ၇ ဦး၊ အခကြေးငွေယူပြီး သူတို့ကို ကူညီပေးခဲ့တယ်လို့ ယုံကြည်ရသူ ထိုင်းယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

◾️လမ်းချော်ခဲ့တဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေ

လမ်းချော်တိမ်းစောင်းခဲ့လို့ ရပ်နားခဲ့တဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဥ်ကို အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက ပြန်လည်ပြေးဆွဲဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် မနက်ပိုင်းက ပြင်ဦးလွင်ကနေ ဂုတ်ထိပ်တံတားဘက်ပြေးဆွဲတဲ့ RBE ရထားဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးရွာအနီးမှာ လမ်းချော်တိမ်းစောင်းခဲ့ပြီး လူအထိအခိုက်မရှိခဲ့ပေမယ့် ခရီးသည်များစွာ ထိတ်လန့်ခဲ့ရပြီးနောက် ရထားခရီးစဥ် ရပ်နားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီ ပြင်ဦးလွင်-ဂုတ်ထိပ်ခရီးစဥ်ကို လာမယ့် စက်တင်ဘာ ၅ ရက်ကစပြီး အပတ်စဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေကြောင်း မြန်မာ့မီးရထားက အသိပေးပါတယ်။
👍173🤮3🖕1
👍15🔥2🖕2
🔥7😁4👏2👻2
ရန်ကုန်မှာ ပေါ်တာဆွဲတာ ပိုဆိုးလာ

■စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားဟုဆို

စက်တင်ဘာ-၁၊၂၀၂၆။တာရာ/People's Spring

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ သေဆုံး ၊ဒဏ်ရာရသူ၊ထွက်​ပြေးသူ များ​နေတဲ့စစ်တပ်က အင်အားလိုအပ်ချက်ကြောင့် ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ရန်ကုန်မြို့ရှိ ၊ မြို့နယ်တွေရဲ့သက်ဆိုင်ရာရပ်ကွက်အလိုက် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေကို တစ်ရက်ကို လူ ၅ ဦးဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်​ပေးရမယ်လို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ စုံစမ်းသိရပါတယ်။

"ရပ်ကွက်တွေထဲမှာကြားတာက တစ်နေ့ကို ရပ်ကွက်အလိုက် ၅ ယောက်စီ ပေါ်တာဆွဲပေးရမယ်။ တစ်ရပ်ကွက်ကို ငါးယောက်ဆိုရင်
စဥ်းစားလေ။ လူတွေအများကြီး။ အခုဆို နေ့
ခင်းကြောင်တောင်ကြီးလည်း ဆွဲနေကြတာ။ သွားလို့​လာလို့ မကောင်းတော့ဘူး။ လူကြီးရော၊ ကလေးတွေကိုပါအကုန်ဆွဲတာ။ ပြီးရင် စစ်သားစုဆောင်းရေးတပ်ကို ပို့တာ။ အုပ်ကြီးတွေကတော့ ပိုက်ဆံရတာပေါ့။ တစ်ယောက်ကို ၅၀ လောက်ရတယ်"လို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

တောင်ဥက္ကလာ၊ သာကေတ၊ မြောက်ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးတာအဆိုးရွားဆုံးလို့ စုံစမ်းသိရပြီး ည ၇ နာရီနောက်ပိုင်း လမ်းပေါ်တွေ့သူတွေကို ဖမ်းမယ်လို့ပြောကြားထားတယ်လို့သတင်းတွေလည်း ထွက်နေပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းတွေအတွင်းရန်ကုန်မြို့မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေအပါ
အဝင် သက်ကြီးပိုင်းအထိ ပျောက်ဆုံးမှုတွေဆက်တိုက်ဖြစ်နေလို့ လူပျောက်ကြောညာတာတွေလည်း မကြာခဏတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပါတ်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါ
တယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေတာ ၁၀ရက်ကျော်ကြာရှိပြီဖြစ်တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

"အခုဆိုအပြင်ထွက်ရမှာတောင်ခပ်လန့်လန့်ဖြစ်နေပြီ။ဟိုကောင်တွေက တွေ့ရာမြင်ရာအကုန်ဆွဲနေတာ။အုပ်ကြီးတွေကိုကြောက်ရ သူတို့ကိုလည်းကြောက်ရနဲ့။ လွတ်အောင်ရှောင်နေရတယ်။ နေရတာတကယ်မလုံခြုံတော့ဘူး" လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့လူငယ်တဦးကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ လူငယ်တွေက စစ်မှုထမ်းရမှာ ရှောင်နေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးရတာ ဖြစ်တယ်လို့ အ
ကြောင်းပြပါတယ်။စစ်မှုထမ်းစာရင်းပေါက်တဲ့အိမ်တွေကို အုပ်ချုပ်ရေးမှူးတွေကတစ်ဦးကျပ်တစ်သိန်းနဲ့ ကောက်ခံနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီးစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှု
ထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

(စစ်တပ် အာဏာသိမ်းပြီး​နောက် ရန်ကုန်မြို့မှာစစ်သား၊ရဲ နဲ့စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေကဧည်စာရင်းလိုက်စစ်စဥ်။
ဓါတ်ပုံ- Santosh Mmr/Sopa Images/The Guardian)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#လူထုနွေဦး #People*sSpring
#စစ်မှုထမ်း #ပေါ်တာဆွဲဖမ်းဆီး #ရန်ကုန်
🤬25🤮4👏31👎1🔥1
🤬23👎3👏2🤮1
ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊KPDF နှစ်မြှုပ်ဖျက်ဆီး

စက်တင်ဘာ-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်
ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်
ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကို​စောင့်​နေတဲ့စစ်သား​တွေက တိုက်
ခိုက်ခံရချိန်မှာ ထွက်​ပြေးသွားကြပါတယ်။

စက်တင်ဘာ ၁ ရက်ညမှာ​တော့ ကချင်စစ်​ရေးအ​ခြေအ​နေ​တွေ​ရေးသားတင်​ပေး​နေတဲ့လူမှုကွန်ယက်​တွေမှာ စစ်သင်္ဘောကို ​ဖောက်
ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကို​ဖော်ပြလာပါတယ် ။အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။

လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေ
ပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်
ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းရရှိပါတယ်။

"ရွှေကူဆေးရုံမှာကုတင်တွေဆွဲထုတ်ပြီးကြမ်း
ပြင်ပေါ်မှာကုနေရတာ။စစ်တပ်အရမ်းအထိ
နာထားတယ်။ လေကြောင်းကနေလည်းဆက်
တိုက်လာကြဲနေတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သီးခြားအတည်မပြုနိုင်ပေမဲ့ ခလရ(၁၂၀) တပ်ရင်းမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အရာ
ရှိတွေပါတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့၊ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်နေတာလို့ အသိပေးထားပါတယ်။စက်တင်ဘာလ၁ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကလေ
ကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

သင်္ဘောတိုက်ခိုက်ဖျက်ဆီးခံရတဲ့အထိမြေ
ပြင်တိုက်ပွဲတွေမှာအထိနာနေပေမယ့် စစ်အုပ်စုက တပ်တွင်းဆိုကရေးတီးပြိုင်ပွဲပြု
လုပ်နေပါတယ်။ စက်တင်ဘာ၁ ရက်မှာစစ်တပ်တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက
ပွဲတက်ပြီး ပြုံးပျော်နေလို့ စစ်တပ်မိသားစုဝင်တွေကိုယ်တိုင် ပြန်လည်ဝေဖန်နေကြတာ​တွေ့ရပါတယ်။

​ရွှေကူ​ရောက် စစ်သင်္ဘောအုပ်စုထဲမှာ တချို့
သင်္ဘော​တွေလည်းတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှု​တွေရှိ​ခဲ့တယ်လို့သိရပါတယ် ။

ဒါ့အပြင် စစ်သင်္ဘောအုပ်စု ဗန်း​မော်ကိုဆန်တက်ရင် လုံခြုံ​ရေး​ပေးဖို့အတွက် အ​ရေးကြီးတဲ့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာအနီးက စစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို KIA ဦး​ဆောင်တဲ့ပူး​​ပေါင်းတပ်က သြဂုတ် ၃၀မှာသိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်ဘက်ကအရာရှိ​တွေအပါအဝင်​သေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့တယ်လို့
စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။


ရုပ်သံ-Padang Nsen
25👍15👏2🤣2🥰1🖕1