■ဆောင်းပါး
လူမိုက်ကမင်းအောင်လှိုင်၊ အဖော်က ပူတင်
●ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ
ကဖေး/People's Spring
မကြာသေးမီကရုရှားနိုင်ငံခရီးစဉ်မှာ သမ္မတပူတင်နဲ့ တွေ့ဆုံစဉ် အာဏာသိမ်းစစ်ခေါင်း
ဆောင် မင်းအောင်လှိုင်ကမြန်မာဟာရုရှားအတွက် အမြဲအဆင်သင့်ရှိနေတယ်လိုပြောခဲ့ပါတယ်။အဲ့ဒီစကားနောက်ကွယ်မှာအာဏာ
သိမ်းခေါင်းဆောင်ဟာ သူ့အာဏာလက်မလွှတ်ရရေးအတွက် မြန်မာနိုင်ငံရဲ့ သယံဇာတနဲ့ လူသားအရင်းအမြစ်အပါအဝင် အရာရာကို ရုရှားအလိုကျ ချနင်းနိုင်တယ်လို့ သတိ
ပေးချက်တွေ ရှိလာပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကျူးလွန်နေတဲ့ စစ်ရာစစ်ရာဇဝတ်မှုတွေအနက် မြန်မာ
နိုင်ငံတောင်ဘက်စွန်းဒေမှာ ပူတင်နဲ့ ရုရှားအစိုးရကို မျက်နှာလိုမျက်နှာရဖန်တီးနေတဲ့ လူသတ်ပွဲအကြောင်း Fortify Rightsက စုံစမ်း ဖော်ထုတ်လာပါတယ်။
Fortify Rightsဟာမြန်မာအပါအဝင်နိုင်ငံအ
ချို့ကလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်ခြင်း၊အထောက်အထား
ရှာဖွေ မှတ်တမ်းတင် ပြုစုခြင်းနဲ့ တရားမျှတမှုရရှိရေးဆောင်ရွက်နေတဲ့အစိုးရမဟုတ်တဲ့
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အ
စည်းဖြစ်ပါတယ်
ထားဝယ်အထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းဒေသမှာ ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖတ်ရှုရမှာပါ။
○မြန်မာပြည်မြေပုံတောင်ဘက်စွန်းက သွေးစွန်းတဲ့နေ့တွေ
ရုရှားအစိုးရကဆောင်ရွက်မယ့်ထားဝယ်အ
ထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီကအကြီးစားစစ်ဆင်ရေးတွေလုပ်နေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေလို့ ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးနေကြရတယ်လို့ Fortify Rightsက ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အဲ့ဒီစီမံ
ကိန်းနယ်မြေတစ်ဝိုက်မှာ အရပ်သားတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းနဲ့ ကျေးရွာတွေ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့Fortify Rights အဖွဲ့က သက်သေအထောက်အထားတွေနဲ့အတူစုံစမ်းဖော်ထုတ်လိုက်တာပါ။
၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ The Ants အဖွဲ့ဝင် သုံးဦးအပါအဝင် အနည်း
ဆုံး အရပ်သား ငါးဦး သတ်ဖြတ်ခံရပြီး ဒေ
သခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်
ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
The Ants (Humanitarian Aids Team-
Tanintharyi ) အဖွဲ့က အဖွဲ့တာဝန်ခံ ကိုအယ်သာ၊ ဘဏ္ဍာရေးမှူး ကိုလီယွန်၊ စီမံကိန်း ညှိ
နှိုင်းရေးမှူး ကိုသားငယ်နဲ့ ဒေသခံအမျိုးသားတစ်ဦးကို စစ်အုပ်စုက ဇူလိုင်လ ၉ ရက်မှာ ဖမ်းဆီးသွားပြီး သတ်ဖြတ်တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Fortify Rightsကလည်း သက်
သေ၄ဦးကို တွေ့ဆုံမေးမြန်းပြီး စုံစမ်းဖော်
ထုတ်အတည်ပြုထားပါတယ်။
The Antsအဖွဲ့ကိုဒေသခံလူငယ်တွေက ၂၀၂၄ ခုနှစ်အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ်ကူညီထောက်ပံ့ခြင်း၊ မြေမြှုပ်မိုင်းနဲ့ လေ
ကြောင်းတိုက်ခိုက်မှုအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတွေ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
“ကျွန်တော်ကိုယ်တိုင်အလောင်းတွေကို မြင်ခဲ့တာ။သူတို့လည်ပင်းတွေ လှီးခံထားရတယ်။ မျက်နှာတွေကလည်းရိုက်ခံထားရလို့ ကြေမွနေတာပဲ။သူတို့အမြဲဝတ်နေကျအဝတ်အစား
တွေကိုကြည့်ပြီးတော့ပဲ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခဲ့တာ” လို့ ကိုအယ်သာအပါ
အဝင်လေးဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး CDM ကျောင်းဆရာတစ်ဦးဖြစ်သူလီယိုက Fortify Rightsကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အရပ်သားတစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးလည်း ကိုလီယိုက “သူ့ကို တခြားရွာတစ်ရွာကနေ ဖမ်းလာပြီးPDFယူနီဖောင်းဝတ်ပေးထားတာ။သူက အနောက်ဆန်းချီရွာက ရွာ
သားပါ။ ခြံတစ်ခြံမှာ အလုပ်လုပ်တယ်။ သူ့ကို ကြိုးတုပ်ထားပြီး နားကို သေနတ်နဲ့ ပစ်သတ်ထားတာ” လို့ ထပ်မံပြောဆိုထားပါတယ်။
ဒီဖြစ်စဉ်မှာ The Ants အဖွဲ့ဝင် သုံးဦး ဆက်
လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Fortify Rights က ဖော်ပြထားပါတယ်။ The Ants
အဖွဲ့ဝင်တွေ ဖမ်းဆီးခံရချိန်က လက်ပ်တော့၊ ဖုန်းနဲ့ အလုပ်ဆိုင်ရာအချက်အလက်တွေ သိမ်းထားတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေလည်း စစ်တပ်လက်ထဲ ပါသွားလို့ နောက်
ဆက်တွဲလုံခြုံရေးအခြေအနေကိုစိုးရိမ်နေရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေကပြောထားပါတယ်။
စစ်တပ်က ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကိုလည်း
Fortify Rightsက တွေ့ဆုံခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အဘိုး၊ အဘွား၊မိခင်တို့နဲ့အ
တူ ဇူလိုင်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။သုံးရက်အကြာမှာ စစ်တပ်စစ်
ကြောင်းက အနီးရှိ အခြားကျေးရွာကို ထွက်ခွာသွားချိန်ကျမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတာလို့ Fortify Rightsက ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်ရပ်တွေအပြင်စစ်ဘေးရှောင်တွေ ခို

🤬16❤4👎2🙏1🤣1🖕1
လှုံနေတဲ့ ကုန်းသာယာအင်းကျေးရွာကဘုန်း
ကြီးကျောင်းက သံဃာတစ်ပါးကို စစ်တပ်က လူဝတ်လဲခိုင်းပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသ
ခံတွေရဲ့ ပြောဆိုချက်ကိုFortify Rights က ဖော်ပြထားပါတယ်။ အဲဒီရွာမှာစစ်တပ်ဆက်
လက်တပ်စွဲထားဆဲဖြစ်တဲ့အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို လက်ရှိအချိန်မှာ စစ်တပ်စစ်ကြောင်းတွေ ရှိနေသေးလို့ဒေသခံတွေဟာ နေအိမ်တွေမှာ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် ပျောက်ဆုံးနေသူတွေရဲ့ ရုပ်အ
လောင်းကိုလည်း ရှာဖွေနိုင်ခြင်းမရှိသေးဘူးလို့ Fortify Rightsက အသိပေးထားပါတယ်။လက်ရှိအတည်ပြုနိုင်တဲ့ အရပ်သားသေဆုံးမှုထက် အမှန်တကယ် သေဆုံးသူအရေ အတွက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။
○အရပ်သားပစ်မှတ်တွေမဟုတ်ကြောင်းသက်သေထူခြင်း
ရေဖြူမြို့နယ်ရဲ့နေရာအချို့မှာတော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားနေပေမယ့်စစ်အုပ်စုစစ်
ကြောင်းထိုးနေတဲ့ကာလမှကျေးရွာများအ
တွင်း တော်လှန်ရေးတပ်ဖွဲ့များ ရှိမနေခဲ့ကြောင်း Fortify Rights က တွေ့ဆုံမေးမြန်းခဲ့တဲ့ အသက်ရှင်လွတ်မြောက်လာသူများနှင့် မျက်မြင်သက်သေများက ပြောဆိုတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ နေရာတွေဟာစစ်ရေးပစ်
မှတ်များရှိနေကြောင်း ပြသနိုင်တဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ဘူးလို့ Fortify Rights ကဖော်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်သည့်အဖွဲ့တွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေနဲ့ တိုက်ပွဲဝင်တွေကို ခွဲခြားရမည်ဖြစ်သလို အရပ်သားပိုင်နေရာတွေနဲ့ စစ်ရေးပစ်မှတ်များကိုလည်း အချိန်တိုင်း ခွဲခြားရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသူတွေကို တမင်တကာ သတ်ဖြတ်ခြင်း သို့မဟုတ် အ
ရပ်သားတွေနဲ့ နေအိမ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းတွေက စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းထောက်ပြထားပါတယ်။
စစ်တပ်ဟာထားဝယ်အထူးစီးပွားရေးဇုန် (DSEZ)ဧရိယာထဲမှာ စစ်ရေးပစ်မှတ်နဲ့အရပ်
သားပစ်မှတ်ကိုခွဲခြားခြင်းမရှိဘဲ အကြမ်း
ဖက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေကပြောပါတယ်။ကိုအယ်သာတို့သုံးဦးဟာ ထားဝယ်ဒေသအတွင်း ကြားကာ
လ ပညာရေး၊ စစ်ဘေးရှောင်အရေးနဲ့ ရပ်ရွာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကိစ္စတွေမှာ တက်ကြွစွာ တစိုက်မတ်မတ်ဆောင်ရွက်နေကြတဲ့အလားအလာရှိသောလူငယ်ခေါင်း
ဆောင်တွေဖြစ်တယ်လို့ အရပ်ဖက်အရေးဆောင်ရွက်တဲ့ MAGGA Initiative(MI)က ထုတ်ပြန်ခဲ့ပါတယ်။
ရိုးသားနှိမ့်ချပြီးတော်လှန်ရေးတာဝန်တွေကို အသက်နဲ့ခန္ဓာကိုပေးဆပ်တဲ့အထိကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ လူငယ်တွေဖြစ်တဲ့အ
တွက်ယခုကဲ့သို့သတ်ဖြတ်ခံရမှုအပေါ် လွန်စွာ ယူကြုံးမရဖြစ်ရတယ်လို့ ထားဝယ်အမျိုး
သားအဖွဲ့ချုပ်ဗဟိုကော်မတီနဲ့ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ
(DDMSC)ကထုတ်ပြန်ခဲ့ကြပါတယ်။
○စစ်ဘုရင်နှစ်ဦးပေါင်းပြီးဖျက်ဆီးခြင်း
"ရုရှားနဲ့ မြန်မာစစ်အုပ်စုရဲ့စီးပွားရေးအကျိုး
အမြတ်တွေအတွက် မြန်မာပြည်သူတွေ အ
သက်နဲ့ရင်းပြီး ပေးဆပ်နေရတာမျိုး မဖြစ်သင့်ဘူး" Fortify Rights ရဲ့ အကြီးတန်းလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအထူးတာဝန်ခံ မချစ်ဆိုင်း သြဂုတ် ၃၁ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှ ပြောထားတာပါ။
အာဏာသိမ်းစစ်တပ်ဟာ နှစ်ပေါင်းများစွာ ကြိုးပမ်းနေပေမယ့် မအောင်မြင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားရဲ့ အကူ
အညီနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ရေနက်ဆိပ်ကမ်း၊စက်မှုဇုန်နဲ့ အခြားအကြီးစားစီမံကိန်းတွေပါဝင်တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီတန်ဖိုးရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မှာ မြန်မာနဲ့ထိုင်းနိုင်ငံအခြေစိုက် Italian-Thai Development (ITD) ကုမ္ပဏီ လက်မှတ်ရေးထိုးခဲ့ဝာာပါ။ ပြဿနာမျိုးစုံရှိနေတဲ့ ဒီစီမံကိန်းကနေ ITD က နောက်ဆုတ်သွားခဲ့လို့ နှစ်ပေါင်းများစွာအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။လက်ရှိမှာ စီမံကိန်းနယ်မြေ တချို့ကိုတော်လှန်ရေးအင်အားစုတွေကထိန်း
ချုပ်ထားနိုင်ပါတယ်။
ဒီစီမံကိန်းကိုပြန်စတင်ဖို့ အာဏာသိမ်းစစ်
တပ်ကရုရှားနိုင်ငံနဲ့ ထပ်မံသဘောတူခဲ့တာပါ။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာစစ်အုပ်စုနဲ့ ရုရှားကထားဝယ်အထူးစီး
ပွားရေးဇုန်မှာရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်
ရွက်ရေးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီနောက်စစ်ကြောင်းတွေကလေကြောင်းအား
ကိုးယူပြီးထားဝယ်ဒေသကိုဦးတည်ပါတယ်။
ဇွန်လ၂၄ရက်မှာ စစ်တပ်ဒုတပ်ချုပ် ဗိုလ်ချုပ်
ကြီး ကျော်စွာလင်းက တနင်္သာရီတိုင်း မြိတ်တပ်နယ်နဲ့ ကျွန်းစုမြို့ပ နယ်မြေခံတပ်ရင်းတွေဆီ ရောက်လာခဲ့ပြီး ထားရေနက်ဆိပ်
ကမ်းစီမံကိန်း အပါအဝင် ရေး- ထားဝယ်- မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်းတစ်လျှေက်က တော်လှန်ရေးအင်အားစုတွေကို ရှင်းလင်းမယ်လို့ထုတ်ပြောခဲ့ပါတယ်။စစ်
ကြောင်းတွေထိုးပြီး အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်ပါတယ်။

🤣12👍7❤3🥰1🤮1🖕1
စစ်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ)ဧရိယာထဲမှာစစ်ရေးပစ်မှတ်နဲ့အရပ်
သားပစ်မှတ်ကိုခွဲခြားခြင်းမရှိဘဲ အကြမ်း
ဖက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေက ပြောပါတယ်။အင်အား ၇၀၀
ခန့်နဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ထား
ဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာရှိတဲ့ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိရွာအပါအဝင် ကျေးရွာ ဆယ်ရွာထက်မနည်းကဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။
စစ်တပ်ဟာ ရုရှားကျောထောက် နောက်ခံပြုထားတဲ့ ဒီစီမံကိန်းဧရိယာမှာ အရပ်သားတွေအကြမ်းဖက်သတ်ဖြတ်ခံနေရတာ နိုင်ငံတ
ကာအစိုးရတွေနဲ့ ကုမ္ပဏီတွေအနေနဲ့သိရှိထားဖို့လည်းFortify Rightsသတိပေးထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကိုပြန်လည်သုံး
သပ်ပြီး စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်
အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှု မဖြစ်စေရန် ချက်ချင်းဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံခရီးစဉ်မှာ စစ်ခေါင်းဆောင် ပြောခဲ့တဲ့ မြန်မာဟာရုရှားအတွက် အမြဲအဆင်သင့်ရှိနေတယ်ဆိုတဲ့စကားရဲ့ အန္တရာယ်အတိမ်အနက်ကိုစောင့်ကြည့်နေဖို့ မြန်မာပြည်မြေပုံတောင်ဘက်စွန်းက ဧရာမစီမံကိန်းဧရိယာမှာရှိနေတဲ့ ဒေသံတွေက မျှော်လင့်နေကြပါတယ်။ ။

👍20❤1🥰1🤣1🖕1
စစ်ရာဇတ်ကောင် အာဏာရှင် နှစ်ဦး နဲ့ ရေးဖြူမြို့နယ်မှာ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ The Ants အဖွဲ့ခေါင်းဆောင် ၃ ဦးအပါအဝင်ဒေသခံတွေကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့နေရာပြမြေပုံ၊စစ်တပ်မီးရှို့တဲ့ရွာတွေ၊ အသတ်ခံရသူတွေရဲ့နာရေးပြုလုပ်စဥ်
🤬29❤2👍2👎1👏1🤮1
စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒပြ
စက်တင်ဘာ ၁၊၂၀၂၆။သုည/People's Spring
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို လန်ဒန်မြို့အခြေစိုက် Myanmar Unity Movement က ဦးဆောင်ပြီး ဓနသဟာယနိုင်ငံများဆိုင်ရာရုံးရှေ့၊ တရုတ်သံရုံးရှေ့နဲ့ စစ်ကောင်စီ သံရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
သပိတ်စစ်ကြောင်းရဲ့ ပထမနေရာဖြစ်တဲ့ FCDO (Foreign, Commonwealth & Development Office) (ဓနသဟာယနိုင်ငံများဆိုင်ရာရုံး) ရှေ့မှာ ပါလက်စတိုင်းအရေးအတွက် အရေးပေါ်ဆန္ဒပြသူတွေနဲ့ တိုက်ဆိုင်နေတာကြောင့် အသံတိတ်ဆန္ဒထုတ်ဖော်ခြင်းကိုသာ ပြုလုပ်ခဲ့ကြောင်း MUM အဖွဲ့က ဆိုပါတယ်။
ဗြိတိန်ရောက်မြန်မာတွေက "ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ပေး" ၊ "ငါတို့အမေ ငါတို့ပြန်ပေး" ၊ "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရမည်"၊ "ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မုချ ပေါ်ပေါက်ရမည်" စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်နဲ့ တရားမဝင်အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အာဆီယံရဲ့ အချက် (၅) ချက် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးကို အားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

👍24❤6🥰1🤮1🤣1
အာရက္ခထီဆုကို ကျပ်သိန်းတထောင်ထိ AA တိုးမြှင့်သတ်မှတ်
စက်တင်ဘာ-၁၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring
ရခိုင်မှာ အခု စက်တင်ဘာလ ဖွင့်လှစ်မယ့် စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ဘောင်(ထီ)ရဲ့ အမြင့်ဆုံးဆုကြေး ကို ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ အခွန်ဌာနကကြေငြာပါ တယ်။
၂၀၂၆ ဇွန်လက စတင်ဖွင့်လှစ်ခဲ့တဲ့ အာရက္ခလောင်ဘော်ဟာ ပထမအကြိမ်မှာ အမြင့်ဆုံးဆုကို ကျပ်သိန်း ၅၀၀ သတ်မှတ်ခဲ့ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တို့မှာ ကျပ်သိန်း ၇၅၀ ထိတိုးမြှင့်ခဲ့ကာ အခုလဖွင့်မယ့် စတုတ္ထအ ကြိမ်မှာတော့ ကျပ်သိန်း ၁၀၀၀ ထိ ထပ်မံတိုးမြှင့်လိုက်တာပါ။
“ဒီနေ့စရောင်းတဲ့ ထီဟာ ပထမဆု သိန်းတထောင်ဖြစ်သွားမှာ။ အခြားဆုကြေးတွေလည်း တိုးလာမယ်။ ထီတွေ အ များကြီးရောင်းရတယ်။ ထီလက်မှတ်တွေ မလောက်လို့ စောင်ရေထပ်တိုးရင်းနဲ့ ဆုကြေးပါ တိုးလိုက်တာ” လို့ အခွန် ဌာနဝန်ထမ်းတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေမှာ အခွန်ဌာနက ထီလက်မှတ်တွေ ရောင်းနေချတာဖြစ်ပြီး ထီ လက်မှတ်တွေဟာ ရက်ပိုင်းအတွင်း ရောင်းကုန်နေတာပါ။ “ကုန်ခဲ့တဲ့လမှာ မြေပုံတခုတည်းမှာ အစောင်ငါးသောင်း ကုန်သွားတယ်ပြောတယ်။ အဲဒါကို ငါးရက်လောက်ပဲ ရောင်းလိုက်ရတာ။ လက်မှတ်သွားဝယ်တိုင်း ကုန်နေတာ ချည်းပဲ၊ ထိုးချင်သူတိုင်း ထိုးလို့မရဘူး” လို့ မြေပုံမြို့မှ အမျိုးသမီးတဦးက ပြောပါတယ်။
AA က ရောင်းချတဲ့ ထီလက်မှတ်တွေကို ရခိုင်ပြည်တွင်းအပြင် ပြည်ပရောက်နေသူတွေပါ ဝယ်ယူမှုရှိနေပြီး စိတ်ဝင် တစားဝယ်ယူသူများပြားကာ အရောင်းသွက်နေတာဖြစ်ပါတယ်။
“အရင်လကလည်း လောင်ဘော်(ထီ)ထိုးဖို့ လက်မှတ်သွားဝယ်တော့ မရှိတော့ဘူးပြောတယ်။ ဒုတိယအဖြတ် တောင်ရောင်းကုန်သွားပြီတဲ့။ အဲဒါနဲ့ ကျောက်တော်မှာရှိတဲ့ သူငယ်ချင်းကို အဲမှာရှိသေးရင်ထိုးပေးပါလို့ လှမ်းပြော ရတယ်” လို့ အဉ္ဇနပူရ(မင်းပြား)မြို့နယ်မှ မဖြိုးသွယ်က ပြောပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထား AA ဟာ ဗဟိုအကောက်ခွန်နဲ့ အ ခွန်ဌာနအောက်မှာ လောင်ပေါ်(ထီ)ဌာနခွဲကို အသစ်ဖွဲ့စည်းကာ တလမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင် ဘော်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရောင်းချ၊ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်မှတ်တစောင်ကို ကျပ်တထောင် စျေးသတ်မှတ်ထားပါတယ်။
AA အနေနဲ့ ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်း မြို့တွေသိမ်းပိုက်ပြီးနောက်ပိုင်းကနေစပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစတစတိုးချဲ့ ဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။

❤26👍12🥰1🤮1🤣1
ထမ္မကြီးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ ပြည်သူ့စစ်တွေလို့ မလှိုင်တပ်ဖွဲ့ပြော
ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး
စက်တင်ဘာ ၁၊၂၀၂၆။ကတ်သရင်း/People's Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး ၎င်းတို့ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဩဂုတ် ၃၁ ရက် မနေ့က ထမ္မကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး၂ ဦး စုစုပေါင်း ၁၂ ဦး သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။
" အဲ့ဒီဖြစ်စဉ်အပေါ်မှာ စစ်တပ်လော်ဘီတွေကစပြီး အရပ်သားပြည်သူတွေပဲ အသတ်ခံရသလိုလို စပြီး ဝါဒဖြန့်တဲ့အပေါ် အားလုံးက စိတ်ဝင်တစားဖြစ်သွားတဲ့ သတင်းဖြစ်ပေမဲ့ အမှန်တကယ်လေ့လာကြည့်တဲ့အခါမှာ စစ်တပ်ကဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ကို တော်လှန်ရေးအင်အားစုတွေက စစ်ရေးပစ်မှတ်အဖြစ်ရှင်းလင်းတာသာဖြစ်တယ် လို့ သိရပါတယ်။သူတို့ကို စစ်တပ်က ပြည်သူ့စစ် (စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်းရေးအဖွဲ့လို့သုံး)အဖြစ် လွန်ခဲ့တဲ့(၇)လလောက်ကတည်းကဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့ သိရပါတယ်"လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ပြည်သူ့စစ်(စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်းရေးအဖွဲ့)အဖြစ် လွန်ခဲ့တဲ့ (၇)လလောက်ကတည်းက ဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့လည်း ဆိုပါတယ်။
" သူတို့အဖွဲ့မှာလည်း စစ်တပ်ကပေးထားတဲ့ လက်နက်တွေရှိတာမို့လို့ တော်လှန်ရေးအင်အားစုတွေကအခွင့်အခါကို စောင့်ရင်း အခုမှဘဲ ရှင်းလင်းနိုင်တာလို့ သိရပါတယ်။ ရှင်းလင်းခံရတဲ့သူတွေက စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦး တို့ဖြစ်တယ်လို့လည်း သိရပါတယ်။နောက်ဆက်တွဲ အနေနဲ့ အဲ့ဒီရွာဘက်ကိုအမြန်လမ်းဘက်ကကော၊ မလှိုင်မြို့ဘက်ကပါ စစ်ကြောင်းတွေဝင်ရောက်လာကြောင်းလည်း သိရပါတယ်"လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းတွေက ထမ္မကြီးရွာကနေတဆင့် မလှိုင် − မိတ္ထီလာနယ်စပ်တလျှောက်မှာလှည့်လည်စစ်ကြောင်းထိုးနေပြီး လက်တလောမှာ ဆည်တိုကျေးရွာကို ရောက်ရှိနေပြီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။
" အဲ့ဒီရွာမှာ စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦးကို တော်လှန်ရေးအင်အားစုတွေဘက်က ရှင်းလင်းသွားတာလို့ သိရပါတယ်"လို့ Guardians Of Mahlaing အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရှင်းလင်းခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မိတ္ထီလာခရိုင်မှာ စစ်တပ်နဲ့အတူပေါ်တာဆွဲတာ၊ ဂိတ်ချငွေတောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မလှိုင်မြို့#ပြည်သူ့စစ်အဖွဲ့ဝင်#ထမ္မကြီးရွာ
#အသတ်ခံရ

👍29👏4🤣2👎1🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မော်ချီးဒေသ စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး
ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့မှုမှာ အရပ်သား နေအိမ်တွေပေါ် ဗုံးထိမှန်ပြီး သေဆုံးသူများခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ညပိုင်းအထိ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီက ရရှိထားတဲ့ အချက်အလက်တွေအရ ကလေးငယ်အပါအဝင် ၆ဦးသေဆုံးပြီး ၇ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ညနေ ၄နာရီခန့်မှာ နှစ်နေရာကို စစ်တပ်က ဗုံးကြဲခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။ သတ္တုတူးဖော်တဲ့ဒေသခံနဲ့ ရွှေ့ပြောင်းလုပ်သားများစွာရှိနေတဲ့ မော်ချီးဒေသမှာ တိုက်ပွဲလုံးဝမရှိပေမယ့် စစ်တပ်က ၂၀၂၅ မတ်လနောက်ပိုင်းကစလို့ သြဂုတ်အထိ တစ်လကို အနည်းဆုံး ၂ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
◾️ကရင်နီမှာ စစ်တပ်စစ်ကြောင်းရဲ့ ၃ပုံ၂ပုံကျော်က ပစတွေ ဖြစ်နေ
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းအင်အားမှာ သုံးပုံ၊နှစ်ပုံကျော်က စစ်မှုထမ်းတပ်သားသစ်-ပြည်သူ့စစ်(ပစ)တွေဖြစ်နေတာ တွေ့ရပါတယ်။ စစ်တပ်စစ်ကြောင်းရဲ့ အင်အား ၁၅၂ ဦးထဲက ၁၀၉ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတာပါ။ အဲဒီလို ပြည်သူ့စစ်တွေနဲ့ အဓိကဖွဲ့စည်းထားတဲ့စာရင်းကို မိုးဗြဲတိုက်ပွဲမှာ တော်လှန်ရေးတပ်ဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင် ၇၂ ရာခိုင်နှုန်းလောက်က စစ်သားသစ်တွေဖြစ်နေပါတယ်။ လက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လွယ်ယင်း မင်္ဂလာကျေးရွာဘက်ကို ပြီးခဲ့တဲ့ ဇူလိုင်က ထိုးစစ်ဆင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ−၄၂၁ )တပ်ရဲ့ ဖွဲ့စည်းပုံ၊ နာမည်စာရင်း၊ ရာထူးနဲ့ လက်နက်စာရင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီစာရင်းတွေအရ ခမရ(၄၂၁)တပ်ရင်း ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးမောင်မောင်နိုင် ဖြစ်ပြီး စုစုပေါင်း အင်အား ၁၅၂ ဦး ပါဝင်ပါတယ်။ အရာရှိအဆင့် ၃ဦး ၊ ဒုအရာခံဗိုလ် ၁ဦး နဲ့သန္ဓေလို့ ခေါ်တဲ့ အမြဲတမ်းတပ်သားစုစုပေါင်းက ၄၃ ဦးပဲရှိတယ်လို့ ရရှိထားတဲ့စာရင်းအချက်အလက်အရ သိရပါတယ်။
◾️ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ တပ်တစ်ခုတည်းဖြစ်ပေါ်ဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ KNDF ထုတ်ပြန်
ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။ KNDF က ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကျင်းပပြုလုပ်တဲ့ ပထမအကြိမ်ညီလာခံနဲ့ နိုင်ငံရေးအစီရင်ခံစာမှာ အထက်ပါအကြောင်းအရာကို ဖော်ပြထားပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်အားကောင်းခဲ့တဲ့ အချိန်ကစပြီး ဒီကနေ့အချိန်အထိ အဖွဲ့အစည်းတွေအကြား ညီညွတ်မှုနဲ့ တိကျတဲ့ကွပ်ကဲမှုစနစ်ကို အပြည့်အဝ မတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ကို ဆက်လက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်နယ်ကိုယ်စားပြုတဲ့ တပ်တစ်ခုတည်းအဖြစ် စုစည်းနိုင်ဖို့နဲ့ တိကျတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်နိုင်ရေးဟာလည်း ဆက်လက်ဖြေရှင်းရမယ့် စိန်ခေါ်မှုလို့ အသိပေးပါတယ်။ နိုင်ငံရေးရပ်တည်ချက်တွေကို ခိုင်မာစွာဆုပ်ကိုင်ထားပြီး မဆုတ်မနစ်ပေးဆပ်ကြိုးပမ်း တည်ဆောက်လာခဲ့ရာ အဲဒီကြိုးပမ်းမှုတွေက ကရင်နီပြည်ရဲ့နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေး အခြေအနေတွေပေါ်သာမက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
◾️ထမ္မကြီးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ ပြည်သူ့စစ်တွေလို့ မလှိုင်တပ်ဖွဲ့ပြော
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဩဂုတ် ၃၁ ရက် မနေ့က ထမ္မကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး၂ ဦး စုစုပေါင်း ၁၂ ဦး သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။ သူတို့ကို စစ်တပ်က ပြည်သူ့စစ် (စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်းရေးအဖွဲ့လို့သုံး)အဖြစ် လွန်ခဲ့တဲ့(၇)လလောက်ကတည်းကဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့ သိရကြောင်း Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဲ့ဒီရွာဘက်ကို အမြန်လမ်းဘက်ကကော၊ မလှိုင်မြို့ဘက်ကပါ စစ်ကြောင်းတွေဝင်ရောက်လာကြောင်းလည်း သိရပါတယ်။
◾️ရန်ကုန်-မန္တလေးအမြန်လမ်း အနောက်ခြမ်းမှာ စစ်တပ် စစ်ကြောင်းထိုး

👍12❤4🤮4🖕1