People's Spring
60K subscribers
70.8K photos
1.22K videos
9 files
3.04K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့)
🤬27😭154👍3👎1👏1🎉1
ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ တပ်တစ်ခုတည်းဖြစ်ပေါ်ဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ KNDF ထုတ်ပြန်

စက်တင်ဘာ -၁ ၊၂၀၂၆။ဇော်၀င်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

KNDF က ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကျင်းပပြုလုပ်တဲ့ ပထမအကြိမ်ညီလာခံနဲ့ နိုင်ငံရေးအစီရင်ခံစာမှာ အထက်ပါအကြောင်းအရာကို ဖော်ပြထားပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်အားကောင်းခဲ့တဲ့ အချိန်ကစပြီး ဒီကနေ့အချိန်အထိ အဖွဲ့အစည်းတွေအကြား ညီညွတ်မှုနဲ့ တိကျတဲ့ကွပ်ကဲမှုစနစ်ကို အပြည့်အဝ မတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ကို ဆက်လက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်ကိုယ်စားပြုတဲ့ တပ်တစ်ခုတည်းအဖြစ် စုစည်းနိုင်ဖို့နဲ့ တိကျတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်နိုင်ရေးဟာလည်း ဆက်လက်ဖြေရှင်းရမယ့် စိန်ခေါ်မှုလို့ အသိပေးပါတယ်။

နိုင်ငံရေးရပ်တည်ချက်တွေကို ခိုင်မာစွာဆုပ်ကိုင်ထားပြီး မဆုတ်မနစ်ပေးဆပ်ကြိုးပမ်း တည်ဆောက်လာခဲ့ရာ အဲဒီကြိုးပမ်းမှုတွေက ကရင်နီပြည်ရဲ့နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေး အခြေအနေတွေပေါ်သာမက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အပေါ်မှာလည်း သက်ရောက်မှုတွေ
ဖြစ်ပေါ်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။

အခု ၂၀၂၆ မှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ KNDF ညီလာခံမှာ KNDF ရဲ့ တော်လှန်ရေးမှောက်တိုင်တွေနဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများကို စနစ်တကျ ဆက်လက် တည်ဆောက်သွားဖို့ပါ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

"နိုင်ငံရေးမပါသည့် တော်လှန်ရေးမရှိသကဲ့သို့ နိုင်ငံရေးရလဒ်များအား စုစည်းတည်ဆောက်ထားမှု မရှိသည့် တော်လှန်ရေးသည် လက်နက်ကိုင် တော်လှန်ရေး၏ အောင်မြင်မှုကို မတိုင်းတာနိုင်ပါ"လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် မူဝါဒရေးရာဆိုင်ရာ ဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွဲဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။

အထူးသဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေတဲ့ အခြားတော်လှန်ရေးတပ်တော်များနှင့်အတူ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုတစ်ခုဖြစ်တည်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း ချိတ်ဆက်ပါဝင်အားဖြည့်ထားတယ်လို့ ဆိုပါတယ်။

" မှားယွင်းတဲ့ နိုင်ငံရေး လမ်းကြောင်းထဲကို ကျနော်တို့ KNDF ရဲဘော်တွေကို ခေါ်သွားမှာ မဟုတ်ဘူး" ဆိုတဲ့ရပ်တည်ချက်နဲ့ အညီ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ တော်လှန်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ကျပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး ရလဒ်တွေ ရရှိနိုင်ဖို့ ဆက်လက်ဖော်ဆောင်နေတယ်လို့ ထပ်လောင်းအသိပေးပါတယ်။

ကရင်နီပြည်ရဲ့ လူမျိုးပေါင်းစုံ ညီညွတ်ရေး၊ တန်းတူညီမျှရေးနဲ့ အများဆန္ဒနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပြည့်ဝတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီ ဆောင်ရွက်မှုတွေဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးမူဝါဒကို ဗဟိုပြုပြီးကရင်နီပြည်အတွင်းက အခြားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ၊အရပ်သားပါတီနိုင်ငံရေးအင်အားစုတွေ၊ ဒေသန္တရအုပ်ချုပ်ရေး အင်အားစု‌တွေ၊အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနနေတိုင်းရင်းသားကိုယ်စားလှယ်တွေ၊ မီဒီယာတွေနဲ့ လုပ်ငန်းရှင်တွေ စတဲ့ အဖွဲ့အစည်းအားလုံးနဲ့
ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုနိုင်ငံရေးမူဝါဒတွေကို ပြည်ထောင်စု မြန်မာနိုင်ငံအဆင့်တွင်လည်း ပြန့်ပွားကျင့်သုံးနိုင်ဖို့အတွက် မိမိတို့ နိုင်ငံရေးဌာနမှတစ်ဆင့် မဟာမိတ်အင်အားစုတွေဆီ နိုင်ငံရေးသဘောထားများ ပေးပို့ဖလှယ်တဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည် ဆောက်ရေးဆိုတဲ့အခြေခံမူနဲ့ ဆက်လက်ဖော်ဆောင်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးတွေကို အာဏာခွဲဝေပေးနိုင်ဖို့ လူထုက ရွေးချယ်ပါဝင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့အတွက် ဆက်လက်ပါဝင်လုပ်ဆောင်သွားမယ်လို့ KNDF က ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်မှ ညီညွတ်တဲ့ အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်း ဖြစ်ပေါ်လာဖို့ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ မူဝါဒနှင့် စစ် ဥပဒေတွေကို နိုင်ငံတကာက လက်ခံယုံကြည်လာစေဖို့ကြိုးပမ်းသွားမယ်လို့ ကတိပြထားပါတယ်။
👍258🥰1👏1🤮1🤣1
နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးသွားမှာဖြစ်တဲ့အပြင် တပ်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်နာကျင့်သုံးနေမှုကိုလည်း နိုင်ငံတကာက စောင့်ကြည့်အကဲဖြတ်ခြင်းကိုလည်း ခွင့်ပြုသွားမယ်လို့ KNDF က အသိပေးပါတယ်။

ရပ်တည်ချက်တွေ၊ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ အနာဂတ်ဦးတည်ချက်တွေကိုလည်းအခြေခံပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်တွန်းမှုတွေရှိနေပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

၂၀၂၁ နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကရင်နီပြည်#KNDF#
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
22👍10🥰1👏1🤮1🤣1
ဓာတ်ပုံ − KNDF
31👏7🥰1😁1🤮1🖕1
■ဆောင်းပါး

လူမိုက်ကမင်းအောင်လှိုင်၊ အဖော်က ပူတင်

●ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ

ကဖေး/People's Spring

မကြာသေးမီကရုရှားနိုင်ငံခရီးစဉ်မှာ သမ္မတပူတင်နဲ့ တွေ့ဆုံစဉ် အာဏာသိမ်းစစ်ခေါင်း
ဆောင် မင်းအောင်လှိုင်ကမြန်မာဟာရုရှားအတွက် အမြဲအဆင်သင့်ရှိနေတယ်လိုပြောခဲ့ပါတယ်။အဲ့ဒီစကားနောက်ကွယ်မှာအာဏာ
သိမ်းခေါင်းဆောင်ဟာ သူ့အာဏာလက်မလွှတ်ရရေးအတွက် မြန်မာနိုင်ငံရဲ့ သယံဇာတနဲ့ လူသားအရင်းအမြစ်အပါအဝင် အရာရာကို ရုရှားအလိုကျ ချနင်းနိုင်တယ်လို့ သတိ
ပေးချက်တွေ ရှိလာပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကျူးလွန်နေတဲ့ စစ်ရာစစ်ရာဇဝတ်မှုတွေအနက် မြန်မာ
နိုင်ငံတောင်ဘက်စွန်းဒေမှာ ပူတင်နဲ့ ရုရှားအစိုးရကို မျက်နှာလိုမျက်နှာရဖန်တီးနေတဲ့ လူသတ်ပွဲအကြောင်း Fortify Rightsက စုံစမ်း ဖော်ထုတ်လာပါတယ်။

Fortify Rightsဟာမြန်မာအပါအဝင်နိုင်ငံအ
ချို့ကလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်ခြင်း၊အထောက်အထား
ရှာဖွေ မှတ်တမ်းတင် ပြုစုခြင်းနဲ့ တရားမျှတမှုရရှိရေးဆောင်ရွက်နေတဲ့အစိုးရမဟုတ်တဲ့
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အ
စည်းဖြစ်ပါတယ်

ထားဝယ်အထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းဒေသမှာ ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖတ်ရှုရမှာပါ။

○မြန်မာပြည်မြေပုံတောင်ဘက်စွန်းက သွေးစွန်းတဲ့နေ့တွေ

ရုရှားအစိုးရကဆောင်ရွက်မယ့်ထားဝယ်အ
ထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီကအကြီးစားစစ်ဆင်ရေးတွေလုပ်နေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေလို့ ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးနေကြရတယ်လို့ Fortify Rightsက ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အဲ့ဒီစီမံ
ကိန်းနယ်မြေတစ်ဝိုက်မှာ အရပ်သားတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းနဲ့ ကျေးရွာတွေ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့Fortify Rights အဖွဲ့က သက်သေအထောက်အထားတွေနဲ့အတူစုံစမ်းဖော်ထုတ်လိုက်တာပါ။

၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ The Ants အဖွဲ့ဝင် သုံးဦးအပါအဝင် အနည်း
ဆုံး အရပ်သား ငါးဦး သတ်ဖြတ်ခံရပြီး ဒေ
သခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်
ပြေးခဲ့ရတယ်လို့ ​ဖော်ပြထားပါတယ်။

The Ants (Humanitarian Aids Team-
Tanintharyi ) အဖွဲ့က အဖွဲ့တာဝန်ခံ ကိုအယ်သာ၊ ဘဏ္ဍာရေးမှူး ကိုလီယွန်၊ စီမံကိန်း ညှိ
နှိုင်းရေးမှူး ကိုသားငယ်နဲ့ ဒေသခံအမျိုးသားတစ်ဦးကို စစ်အုပ်စုက ဇူလိုင်လ ၉ ရက်မှာ ဖမ်းဆီးသွားပြီး သတ်ဖြတ်တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Fortify Rightsကလည်း သက်
သေ၄ဦးကို တွေ့ဆုံမေးမြန်းပြီး စုံစမ်းဖော်
ထုတ်အတည်ပြုထားပါတယ်။

The Antsအဖွဲ့ကိုဒေသခံလူငယ်တွေက ၂၀၂၄ ခုနှစ်အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ်ကူညီထောက်ပံ့ခြင်း၊ မြေမြှုပ်မိုင်းနဲ့ လေ
ကြောင်းတိုက်ခိုက်မှုအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတွေ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

“ကျွန်တော်ကိုယ်တိုင်အလောင်းတွေကို မြင်ခဲ့တာ။သူတို့လည်ပင်းတွေ လှီးခံထားရတယ်။ မျက်နှာတွေကလည်းရိုက်ခံထားရလို့ ကြေမွနေတာပဲ။သူတို့အမြဲဝတ်နေကျအဝတ်အစား
တွေကိုကြည့်ပြီးတော့ပဲ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခဲ့တာ” လို့ ကိုအယ်သာအပါ
အဝင်လေးဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး CDM ကျောင်းဆရာတစ်ဦးဖြစ်သူလီယိုက Fortify Rightsကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အရပ်သားတစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးလည်း ကိုလီယိုက “သူ့ကို တခြားရွာတစ်ရွာကနေ ဖမ်းလာပြီးPDFယူနီဖောင်းဝတ်ပေးထားတာ။သူက အနောက်ဆန်းချီရွာက ရွာ
သားပါ။ ခြံတစ်ခြံမှာ အလုပ်လုပ်တယ်။ သူ့ကို ကြိုးတုပ်ထားပြီး နားကို သေနတ်နဲ့ ပစ်သတ်ထားတာ” လို့ ထပ်မံပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်မှာ The Ants အဖွဲ့ဝင် သုံးဦး ဆက်
လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Fortify Rights က ဖော်ပြထားပါတယ်။ The Ants
အဖွဲ့ဝင်တွေ ဖမ်းဆီးခံရချိန်က လက်ပ်တော့၊ ဖုန်းနဲ့ အလုပ်ဆိုင်ရာအချက်အလက်တွေ သိမ်းထားတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေလည်း စစ်တပ်လက်ထဲ ပါသွားလို့ နောက်
ဆက်တွဲလုံခြုံရေးအခြေအနေကိုစိုးရိမ်နေရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေကပြောထားပါတယ်။

စစ်တပ်က ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကိုလည်း
Fortify Rightsက တွေ့ဆုံခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အဘိုး၊ အဘွား၊မိခင်တို့နဲ့အ
တူ ဇူလိုင်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။သုံးရက်အကြာမှာ စစ်တပ်စစ်
ကြောင်းက အနီးရှိ အခြားကျေးရွာကို ထွက်ခွာသွားချိန်ကျမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတာလို့ Fortify Rightsက ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်ရပ်တွေအပြင်စစ်ဘေးရှောင်တွေ ခို
🤬164👎2🙏1🤣1🖕1
လှုံနေတဲ့ ကုန်းသာယာအင်းကျေးရွာကဘုန်း
ကြီးကျောင်းက သံဃာတစ်ပါးကို စစ်တပ်က လူဝတ်လဲခိုင်းပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသ
ခံတွေရဲ့ ပြောဆိုချက်ကိုFortify Rights က ဖော်ပြထားပါတယ်။ အဲဒီရွာမှာစစ်တပ်ဆက်
လက်တပ်စွဲထားဆဲဖြစ်တဲ့အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို လက်ရှိအချိန်မှာ စစ်တပ်စစ်ကြောင်းတွေ ရှိနေသေးလို့ဒေသခံတွေဟာ နေအိမ်တွေမှာ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် ပျောက်ဆုံးနေသူတွေရဲ့ ရုပ်အ
လောင်းကိုလည်း ရှာဖွေနိုင်ခြင်းမရှိသေးဘူးလို့ Fortify Rightsက အသိပေးထားပါတယ်။လက်ရှိအတည်ပြုနိုင်တဲ့ အရပ်သားသေဆုံးမှုထက် အမှန်တကယ် သေဆုံးသူအရေ အတွက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

○အရပ်သားပစ်မှတ်တွေမဟုတ်ကြောင်းသက်သေထူခြင်း

ရေဖြူမြို့နယ်ရဲ့နေရာအချို့မှာတော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားနေပေမယ့်စစ်အုပ်စုစစ်
ကြောင်းထိုးနေတဲ့ကာလမှကျေးရွာများအ
တွင်း တော်လှန်ရေးတပ်ဖွဲ့များ ရှိမနေခဲ့ကြောင်း Fortify Rights က တွေ့ဆုံမေးမြန်းခဲ့တဲ့ အသက်ရှင်လွတ်မြောက်လာသူများနှင့် မျက်မြင်သက်သေများက ပြောဆိုတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ နေရာတွေဟာစစ်ရေးပစ်
မှတ်များရှိနေကြောင်း ပြသနိုင်တဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ဘူးလို့ Fortify Rights ကဖော်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်သည့်အဖွဲ့တွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေနဲ့ တိုက်ပွဲဝင်တွေကို ခွဲခြားရမည်ဖြစ်သလို အရပ်သားပိုင်နေရာတွေနဲ့ စစ်ရေးပစ်မှတ်များကိုလည်း အချိန်တိုင်း ခွဲခြားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသူတွေကို တမင်တကာ သတ်ဖြတ်ခြင်း သို့မဟုတ် အ
ရပ်သားတွေနဲ့ နေအိမ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းတွေက စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းထောက်ပြထားပါတယ်။

စစ်တပ်ဟာထားဝယ်အထူးစီးပွားရေးဇုန် (DSEZ)ဧရိယာထဲမှာ စစ်ရေးပစ်မှတ်နဲ့အရပ်
သားပစ်မှတ်ကိုခွဲခြားခြင်းမရှိဘဲ အကြမ်း
ဖက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေကပြောပါတယ်။ကိုအယ်သာတို့သုံးဦးဟာ ထားဝယ်ဒေသအတွင်း ကြားကာ
လ ပညာရေး၊ စစ်ဘေးရှောင်အရေးနဲ့ ရပ်ရွာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကိစ္စတွေမှာ တက်ကြွစွာ တစိုက်မတ်မတ်ဆောင်ရွက်နေကြတဲ့အလားအလာရှိသောလူငယ်ခေါင်း
ဆောင်တွေဖြစ်တယ်လို့ အရပ်ဖက်အရေးဆောင်ရွက်တဲ့ MAGGA Initiative(MI)က ထုတ်ပြန်ခဲ့ပါတယ်။

ရိုးသားနှိမ့်ချပြီးတော်လှန်ရေးတာဝန်တွေကို အသက်နဲ့ခန္ဓာကိုပေးဆပ်တဲ့အထိကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ လူငယ်တွေဖြစ်တဲ့အ
တွက်ယခုကဲ့သို့သတ်ဖြတ်ခံရမှုအပေါ် လွန်စွာ ယူကြုံးမရဖြစ်ရတယ်လို့ ထားဝယ်အမျိုး
သားအဖွဲ့ချုပ်ဗဟိုကော်မတီနဲ့ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ
(DDMSC)ကထုတ်ပြန်ခဲ့ကြပါတယ်။

○စစ်ဘုရင်နှစ်ဦးပေါင်းပြီးဖျက်ဆီးခြင်း

"ရုရှားနဲ့ မြန်မာစစ်အုပ်စုရဲ့စီးပွားရေးအကျိုး
အမြတ်တွေအတွက် မြန်မာပြည်သူတွေ အ
သက်နဲ့ရင်းပြီး ပေးဆပ်နေရတာမျိုး မဖြစ်သင့်ဘူး" Fortify Rights ရဲ့ အကြီးတန်းလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအထူးတာဝန်ခံ မချစ်ဆိုင်း သြဂုတ် ၃၁ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှ ပြောထားတာပါ။

အာဏာသိမ်းစစ်တပ်ဟာ နှစ်ပေါင်းများစွာ ကြိုးပမ်းနေပေမယ့် မအောင်မြင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားရဲ့ အကူ
အညီနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ရေနက်ဆိပ်ကမ်း၊စက်မှုဇုန်နဲ့ အခြားအကြီးစားစီမံကိန်းတွေပါဝင်တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီတန်ဖိုးရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မှာ မြန်မာနဲ့ထိုင်းနိုင်ငံအခြေစိုက် Italian-Thai Development (ITD) ကုမ္ပဏီ လက်မှတ်ရေးထိုးခဲ့ဝာာပါ။ ပြဿနာမျိုးစုံရှိနေတဲ့ ဒီစီမံကိန်းကနေ ITD က နောက်ဆုတ်သွားခဲ့လို့ နှစ်ပေါင်းများစွာအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။လက်ရှိမှာ စီမံကိန်းနယ်မြေ တချို့ကိုတော်လှန်ရေးအင်အားစုတွေကထိန်း
ချုပ်ထားနိုင်ပါတယ်။

ဒီစီမံကိန်းကိုပြန်စတင်ဖို့ အာဏာသိမ်းစစ်
တပ်ကရုရှားနိုင်ငံနဲ့ ထပ်မံသဘောတူခဲ့တာပါ။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာစစ်အုပ်စုနဲ့ ရုရှားကထားဝယ်အထူးစီး
ပွားရေးဇုန်မှာရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်
ရွက်ရေးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီနောက်စစ်ကြောင်းတွေကလေကြောင်းအား
ကိုးယူပြီးထားဝယ်ဒေသကိုဦးတည်ပါတယ်။

ဇွန်လ၂၄ရက်မှာ စစ်တပ်ဒုတပ်ချုပ် ဗိုလ်ချုပ်
ကြီး ကျော်စွာလင်းက တနင်္သာရီတိုင်း မြိတ်တပ်နယ်နဲ့ ကျွန်းစုမြို့ပ နယ်မြေခံတပ်ရင်းတွေဆီ ရောက်လာခဲ့ပြီး ထားရေနက်ဆိပ်
ကမ်းစီမံကိန်း အပါအဝင် ရေး- ထားဝယ်- မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်းတစ်လျှေက်က တော်လှန်ရေးအင်အားစုတွေကို ရှင်းလင်းမယ်လို့ထုတ်ပြောခဲ့ပါတယ်။စစ်
ကြောင်းတွေထိုးပြီး အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်ပါတယ်။
🤣12👍73🥰1🤮1🖕1
စစ်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ)ဧရိယာထဲမှာစစ်ရေးပစ်မှတ်နဲ့အရပ်
သားပစ်မှတ်ကိုခွဲခြားခြင်းမရှိဘဲ အကြမ်း
ဖက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေက ပြောပါတယ်။အင်အား ၇၀၀
ခန့်နဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ထား
ဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာရှိတဲ့ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိရွာအပါအဝင် ကျေးရွာ ဆယ်ရွာထက်မနည်းကဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။

စစ်တပ်ဟာ ရုရှားကျောထောက် နောက်ခံပြုထားတဲ့ ဒီစီမံကိန်းဧရိယာမှာ အရပ်သားတွေအကြမ်းဖက်သတ်ဖြတ်ခံနေရတာ နိုင်ငံတ
ကာအစိုးရတွေနဲ့ ကုမ္ပဏီတွေအနေနဲ့သိရှိထားဖို့လည်းFortify Rightsသတိပေးထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကိုပြန်လည်သုံး
သပ်ပြီး စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်
အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှု မဖြစ်စေရန် ချက်ချင်းဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံခရီးစဉ်မှာ စစ်ခေါင်းဆောင် ပြောခဲ့တဲ့ မြန်မာဟာရုရှားအတွက် အမြဲအဆင်သင့်ရှိနေတယ်ဆိုတဲ့စကားရဲ့ အန္တရာယ်အတိမ်အနက်ကိုစောင့်ကြည့်နေဖို့ ‌မြန်မာပြည်မြေပုံတောင်ဘက်စွန်းက ဧရာမစီမံကိန်းဧရိယာမှာရှိနေတဲ့ ဒေသံတွေက မျှော်လင့်နေကြပါတယ်။ ။
👍201🥰1🤣1🖕1
စစ်ရာဇတ်​​​ကောင် အာဏာရှင် နှစ်ဦး နဲ့ ​ရေးဖြူမြို့နယ်မှာ စစ်​ဘေး​ရှောင်​တွေကိုကူညီ​နေတဲ့ The Ants အဖွဲ့​ခေါင်း​ဆောင် ၃ ဦးအပါအဝင်​ဒေသခံ​တွေကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့​​နေရာပြ​မြေပုံ၊စစ်တပ်မီးရှို့တဲ့ရွာ​တွေ၊ အသတ်ခံရသူ​တွေရဲ့နာ​ရေးပြုလုပ်စဥ်
🤬292👍2👎1👏1🤮1
စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒပြ

စက်တင်ဘာ ၁၊၂၀၂၆။သုည/People's Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို လန်ဒန်မြို့အခြေစိုက် Myanmar Unity Movement က ဦးဆောင်ပြီး ဓနသဟာယနိုင်ငံများဆိုင်ရာရုံးရှေ့၊ တရုတ်သံရုံးရှေ့နဲ့ စစ်ကောင်စီ သံရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

သပိတ်စစ်ကြောင်းရဲ့ ပထမနေရာဖြစ်တဲ့ FCDO (Foreign, Commonwealth & Development Office) (ဓနသဟာယနိုင်ငံများဆိုင်ရာရုံး) ရှေ့မှာ ပါလက်စတိုင်းအရေးအတွက် အရေးပေါ်ဆန္ဒပြသူတွေနဲ့ တိုက်ဆိုင်နေတာကြောင့် အသံတိတ်ဆန္ဒထုတ်ဖော်ခြင်းကိုသာ ပြုလုပ်ခဲ့​ကြောင်း MUM အဖွဲ့က ဆိုပါတယ်။

ဗြိတိန်ရောက်မြန်မာတွေက "ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ပေး" ၊ "ငါတို့အမေ ငါတို့ပြန်ပေး" ၊ "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရမည်"၊ "ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မုချ ပေါ်ပေါက်ရမည်" စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်နဲ့ တရားမဝင်အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အာဆီယံရဲ့ အချက် (၅) ချက် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးကို အားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
👍246🥰1🤮1🤣1
ဓာတ်ပုံ - Myanmar Unity Movement
👍2113🥰2😁1🤮1🖕1
အာရက္ခထီဆုကို ကျပ်သိန်းတထောင်ထိ AA တိုးမြှင့်သတ်မှတ်

စက်တင်ဘာ-၁၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

ရခိုင်မှာ အခု စက်တင်ဘာလ ဖွင့်လှစ်မယ့် စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ဘောင်(ထီ)ရဲ့ အမြင့်ဆုံးဆုကြေး ကို ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ အခွန်ဌာနကကြေငြာပါ တယ်။

၂၀၂၆ ဇွန်လက စတင်ဖွင့်လှစ်ခဲ့တဲ့ အာရက္ခလောင်ဘော်ဟာ ပထမအကြိမ်မှာ အမြင့်ဆုံးဆုကို ကျပ်သိန်း ၅၀၀ သတ်မှတ်ခဲ့ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တို့မှာ ကျပ်သိန်း ၇၅၀ ထိတိုးမြှင့်ခဲ့ကာ အခုလဖွင့်မယ့် စတုတ္ထအ ကြိမ်မှာတော့ ကျပ်သိန်း ၁၀၀၀ ထိ ထပ်မံတိုးမြှင့်လိုက်တာပါ။

“ဒီနေ့စရောင်းတဲ့ ထီဟာ ပထမဆု သိန်းတထောင်ဖြစ်သွားမှာ။ အခြားဆုကြေးတွေလည်း တိုးလာမယ်။ ထီတွေ အ များကြီးရောင်းရတယ်။ ထီလက်မှတ်တွေ မလောက်လို့ စောင်ရေထပ်တိုးရင်းနဲ့ ဆုကြေးပါ တိုးလိုက်တာ” လို့ အခွန် ဌာနဝန်ထမ်းတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေမှာ အခွန်ဌာနက ထီလက်မှတ်တွေ ရောင်းနေချတာဖြစ်ပြီး ထီ လက်မှတ်တွေဟာ ရက်ပိုင်းအတွင်း ရောင်းကုန်နေတာပါ။ “ကုန်ခဲ့တဲ့လမှာ မြေပုံတခုတည်းမှာ အစောင်ငါးသောင်း ကုန်သွားတယ်ပြောတယ်။ အဲဒါကို ငါးရက်လောက်ပဲ ရောင်းလိုက်ရတာ။ လက်မှတ်သွားဝယ်တိုင်း ကုန်နေတာ ချည်းပဲ၊ ထိုးချင်သူတိုင်း ထိုးလို့မရဘူး” လို့ မြေပုံမြို့မှ အမျိုးသမီးတဦးက ပြောပါတယ်။

AA က ရောင်းချတဲ့ ထီလက်မှတ်တွေကို ရခိုင်ပြည်တွင်းအပြင် ပြည်ပရောက်နေသူတွေပါ ဝယ်ယူမှုရှိနေပြီး စိတ်ဝင် တစားဝယ်ယူသူများပြားကာ အရောင်းသွက်နေတာဖြစ်ပါတယ်။
“အရင်လကလည်း လောင်ဘော်(ထီ)ထိုးဖို့ လက်မှတ်သွားဝယ်တော့ မရှိတော့ဘူးပြောတယ်။ ဒုတိယအဖြတ် တောင်ရောင်းကုန်သွားပြီတဲ့။ အဲဒါနဲ့ ကျောက်တော်မှာရှိတဲ့ သူငယ်ချင်းကို အဲမှာရှိသေးရင်ထိုးပေးပါလို့ လှမ်းပြော ရတယ်” လို့ အဉ္ဇနပူရ(မင်းပြား)မြို့နယ်မှ မဖြိုးသွယ်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထား AA ဟာ ဗဟိုအကောက်ခွန်နဲ့ အ ခွန်ဌာနအောက်မှာ လောင်ပေါ်(ထီ)ဌာနခွဲကို အသစ်ဖွဲ့စည်းကာ တလမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင် ဘော်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရောင်းချ၊ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်မှတ်တစောင်ကို ကျပ်တထောင် စျေးသတ်မှတ်ထားပါတယ်။

AA အနေနဲ့ ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်း မြို့တွေသိမ်းပိုက်ပြီးနောက်ပိုင်းကနေစပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစတစတိုးချဲ့ ဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။
26👍12🥰1🤮1🤣1