တောင်ငူမြို့နယ် အမြန်လမ်းအနောက်ခြမ်းမှာ စစ်တပ် စစ်ကြောင်းထိုး၊ PDFနဲ့ စစ်ဆိုင်ထား
စက်တင်ဘာ -၁ ၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ်က တောင်ငူမြို့နယ်က ၀က်ခေါက်စိန်၊ကျွဲဒိုင်စု ၊မြပင်ကူနဲ့ စပါးကြွယ်ကျေးရွာတွေဘက်ကို ဩဂုတ်နောက်ဆုံးပတ်မှာ စတင် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
" စခတွေက အင်အားအလုံးအရင်းနဲ့ဝင်လာလို့ ရဲဘော်တွေနဲ့ စစ်ဆိုင်ထားတဲ့အခြေအနေဖြစ်နေတယ်။တောင်ငူ အမြန်လမ်းအနောက်ဘက်ခြမ်းတစ်လျှောက်လုံးပဲ"လို့ အထက်ပါတာ၀န်ရှိသူက တောင်ငူမြို့နယ်အနောက် ခြမ်းက စစ်ရေးအခြေအနေကို ရှင်းပြပါတယ်။
စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၃ရွာထက်မနည်းထွက်ပြေးနေကြရပြီး အရေအတွက်အတိအကျမသိရေသေးပေမယ့် စစ်ရှောင်နေရသူများတယ်လို့ သူက ဆိုပါတယ်။
" လေကြောင်းတော့မပါသေးဘူ။ လက်နက်ကြီးနဲ့ ဒရုန်းတွေကိုအများအပြားပစ်ခတ်နေတယ်"လို့ တောင်ငူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်က အင်အားထပ်ဖြည့်တာတွေရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
တောင်ငူမြို့နယ်မှာ စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)၊ ကေတုမတီလေတပ်စခန်း (တောင်ငူလေတပ်စခန်း)၊စစ်လက်နက်စီမံခန့်ခွဲရေးတပ် (၈၄၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တွေရှိပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်ကြောင်းထိုး#အမြန်လမ်း#စစ်တပ်
#ပဲခူးတိုင်းစစ်ဌာန

👍33👏6❤4👎1🥰1😁1
စစ်တပ် တပ်တွင်းအခြေအနေကိုပြနေတဲ့ ခမရ (၄၂၁)စစ်ကြောင်းရဲစာရင်းပေါက်ကြား
■စစ်ကြောင်းရဲ့၇၂ရာခိုင်နှုန်းခန့် ပစဖြစ်နေ
စက်တင်ဘာ-၊၂၀၂၆။ဇော်၀င်း/People's Spring
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းအင်အားမှာ သုံးပုံ၊နှစ်ပုံကျော်ကစစ်မှုထမ်းတပ်သားသစ်(ပြည်သူ့
စစ်-ပစ)တွေဖြစ်နေပြီး ၊ပစတွေနဲ့အဓိကစုဖွဲ့ထားတဲ့စာရင်းထွက်ပေါ်လာပါတယ်။
စစ်တပ်စစ်ကြောင်းရဲ့ အင်အား ၁၅၂ ဦးအနက် ၁၀၉ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ဖွဲ့စည်းထားရတဲ့စာရင်းကို မိုးဗြဲတိုက်ပွဲမှာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းခန့်က စစ်သားသစ်တွေဖြစ်နေပါတယ် ။
လက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လွယ်ယင်း မင်္ဂလာကျေးရွာဘက်ကို ပြီးခဲ့တဲ့ ဇူလိုင် က ထိုးစစ်ဆင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ−၄၂၁ )တပ်ရဲ့ ဖွဲ့စည်းပုံ၊နာမည်စာရင်း၊ရာထူးနဲ့ လက်နက်စာရင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီစာရင်းတွေက ခမရ(၄၂၁)တပ်ရင်း ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးမောင်မောင်နိုင် ဖြစ်ပြီး စုစုပေါင်း အင်အား ၁၅၂ ဦး ပါဝင်ပါတယ်။ ဒါပေမယ့် ၁၀၉ ဦးက စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံထားရတဲ့ တပ်သားသစ်တွေ ဖြစ်ပါတယ်။
အရာရှိအဆင့် ၃ဦး ၊ ဒုအရာခံဗိုလ် ၁ဦး နဲ့သန္ဓေလို့ ခေါ်တဲ့ အမြဲတမ်းတပ်သားစုစုပေါင်းက ၄၃ ဦးပဲရှိတယ်လို့ ရရှိထားတဲ့စာရင်းအချက်အလက်အရ တွေ့ရပါတယ်။ဒါ့ကြောင့် စစ်တပ်တပ်ရင်းတစ်ခုရဲ့ အင်အား သုံးပုံ၊နှစ်ပုံကျော်(၇၂ ရာခိုင်နှုန်းခန့်)က စစ်မှုထမ်းတပ်သားတွေ ဖြစ်နေပါတယ်။
"အဲဒါကြောင့် တိုက်ပွဲဖြစ်ပြီဆို လေကြောင်းကနေ အဆမတန်ဖိတယ်။လက်နက်ကြီး တွေသုံးတယ်။မြေပြင်မှာက သူတို့ဘယ်လိုမှ မတိုးနိုင်ဘူးလေ။ရတဲ့ အခွင့်အရေးပေါ်မူတည်ပြီး ထွက်ပြေးဖို့ အသေမခံကြဖို့ စစ်မှုထမ်းတွေကိုလည်း ပြောချင်တယ်"လို့ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ခမရ(၄၂၁)ရဲ့ ဖွဲ့စည်းပုံစာရင်းအရ စစ်မှုထမ်းတပ်သားတွေကို အားကိုးနေရတာကြောင့် စစ်တပ် တပ်ရင်းတစ်ခုရဲ့ ဖွဲ့စည်းပုံပျက်နေတဲ့ အဆင့်ဖြစ်တယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပါတယ်။
"တိုက်ခိုက်ရေး အမာခံလိုင်းတွေ တော်တော်အင်အားပြုန်းနေတာဖြစ်မယ်။အရာရှိတောင် ၃ ယောက်ပဲရှိတာ။ ဖွဲ့စည်းပုံတောင်ဆွဲမရဘူး ကျနော်သာဆို။အဲ့တိုင်းထွက်ရင် မျိုးတုန်းကုန်မှာ။အင်အားနဲ့လုံးပြတာမျိုးပဲရမယ်"လို့ သူက ပြောပါတယ်။
ဇူလိုင်က လွယ်ယင်း မင်္ဂလာကျေးရွာကို စစ်
ကြောင်းထိုးခဲ့တဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီး တစ်ပတ်အကြာမှာ စစ်တပ်က ပြန်ဆုတ်သွားရပါတယ်။အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူ ၂၀ နဲ့ ၃၀ ၀န်းကျင်ရှိတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။
စစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီး အရယူထိန်းချုပ်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့တစ်ပတ်ကျော်ကလည်း စစ်ကြောင်းထပ်ထိုးလို့ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ မိုးဗြဲမြို့အတွင်း ပြန်ဆုတ်သွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လူငယ်၊လူရွယ်တွေကို နည်းမျိုးစုံ နဲ့ စစ်မှုထမ်းတပ်သား အဖြစ်စုဆောင်းပြီး တော်လှန်ရေးတပ်တွေနဲ့ တိုင်း
ရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြီးခဲ့တဲ့နှစ်ကစလို့ အရှိန်မြှင့်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ပေါက်ကြားခဲ့တဲ့ စစ်ကိုင်းဘက်က ခလရ(၈၃)တပ်ရင်းက စစ်ကြောင်းရဲ့ ရှေ့ထွက်အခြေပြု အင်အားစာရင်းတွေမှာလည်း စစ်တပ်အရာရှိ ၃ ဦး၊ စစ်သားဟောင်း ၁၇ ဦးပဲပါရှိပြီး စစ်မှုထမ်းတပ်သားသစ်က ၈၀ ၀န်းကျင်ပါရှိပါတယ်။
စစ်မှုထမ်းအဖြစ်စုဆောင်းခံခဲ့ရသူအများစုဟာ မိသားစုနဲ့ အဆက်အသွယ်မရတော့တာနဲ့ တိုက်ပွဲအတွင်းသေဆုံးသွားရတဲ့ ဖြစ်စဉ်အများအပြားရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၈)အ
တွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်
ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးတိုင်းက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်တိုင်းက မြို့
နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်
တိုက်ပြုလုပ်နေပါတယ်။
( မိုးဗြဲမြို့နယ်မှာ သြဂုတ်လအတွင်းစစ်တပ်စစ်ကြောင်းတစ်ကြောင်းကို တော်လှန်ရေးတက်တွေကမတိုက်ခိုက်မှီ ဒရုန်းဖြင့် အပေါ်စီးမှကင်းထောက်ထားသောဓါတ်ပုံ/ခမရ ၄၂၁ရဲ့တပ်တွင်းအခြေနေပြဇယား)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်မှုထမ်း#မိုးဗြဲမြို့#ခမရ(၄၂၁)
#စစ်တပ်

👍33❤7🤣3👻2👎1🔥1🖕1
လမ်းချော်ခဲ့တဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေ
စက်တင်ဘာ ၁၊ ၂၀၂၆။ ဟာနာဆန်/People's Spring
လမ်းချော်တိမ်းစောင်းခဲ့လို့ ရပ်နားခဲ့တဲ့ ပြင်ဦးလွင် − ဂုတ်ထိပ်ရထားခရီးစဥ်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက ပြန်လည်ပြေးဆွဲဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် မနက်ပိုင်းက ပြင်ဦးလွင်ကနေ ဂုတ်ထိပ်တံတားဘက်ပြေးဆွဲတဲ့ RBE ရထားဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးရွာအနီးမှာ လမ်းချော်တိမ်းစောင်းခဲ့ပြီး လူအထိအခိုက်မရှိခဲ့ပေမယ့် ခရီးသည်များစွာ ထိတ်လန့်ခဲ့ရပြီးနောက် ရထားခရီးစဥ် ရပ်နားသွားခဲ့ပါတယ်။
ယခုအခါ အဲဒီ ပြင်ဦးလွင်-ဂုတ်ထိပ်ခရီးစဥ်ကို လာမယ့် စက်တင်ဘာ ၅ ရက်ကစပြီး အပတ်စဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက အသိပေးပါတယ်။
အာဏာသိမ်းကာလအတွင်း မီးရထားဝန်ထမ်းတွေ အများအပြား CDM လုပ်ခဲ့တာကြောင့် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအပါအဝင် ဒေသအသီးသီးက ရထားလမ်းပိုင်းတွေဟာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် ပျက်စီးယိုယွင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။
"ရထားစက်ခေါင်း၊ တွဲ၊ လမ်းတွေကောင်းပါမှ ပြေးဆွဲသင့်တယ်။ အဆင်းအတက်လမ်းဖြစ်တော့ ကြံ့ခိုင်မှုကောင်းမှ အန္တရာယ်ကင်းမယ်။ အရင်လမ်းချော်တဲ့နေရာက ရထားစထွက်တဲ့ပြင်ဦးလွင်အနီးမြေပြန့်ဖြစ်လို့ ကံကောင်းတာ"ရထားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဆိုပါရထားခရီးစဥ်ဟာ ပြင်ဦးလွင်ကနေ မနက် ၈ နာရီမှာ ထွက်ခွာပြီး မနက် ၁၁ နာရီမှာ ဂုတ်ထိပ်ဘူတာကို ရောက်ရှိကြောင်း၊ ဂုတ်ထိပ်တံတား အပျော်စီးခရီးသည်တွေ အများဆုံးလိုက်ပါလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂုတ်ထိပ်တံတားဟာ ၂၀၂၅ ခုနှစ် သြဂုတ် ၂၄ ရက်ကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တံတားအစိတ်အပိုင်းတချို့ ပျက်စီးခဲ့ပါသေးတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မီးရထား#ဂုတ်ထိပ်#ပြင်ဦးလွင်
#မီးရထား

👍19🔥5❤3👻2
မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ
စက်တင်ဘာ -၁ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မကွေး-နတ်မောက်လမ်းပိုင်းက ကြာကန်ကျေးရွာနဲ့ ပုဂံမျှော်ကျေးရွာကြားမှာ ဩဂုတ် ၂၉ ရက် ညနေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"မကွေးကနေ နတ်မောက်ဘက်ကိုဦးတည်တဲ့ ယာဉ်တန်း။ကားက ငါးစီးပါတယ်"လို့ သရက် ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ စစ်ယာဉ်တန်းမှာပါတဲ့ အရာခံဗိုလ် ၁ဦး၊တပ်သား ၄ဦးသေဆုံးပြီး တပ်ကြပ် ၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကား ၁စီးပျက်စီးတယ်လို့ အသိပေးပါတယ်။စစ်တပ်ယာဥ်တန်း ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။
စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုနဲ့အတူ မကွေး-နတ်မောက်လမ်းပိုင်း ပုဂံမျှော်ကျေးရွာ
ပျူစောထီးဂိတ်စခန်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ငါးပြေမတပ်ရင်းက ဆိုပါတယ်။
ထိခိုက်မှုအခြေအနေကို အတည်ပြုရန်စုံစမ်းဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေမှာ တပ်ရင်းက ရဲဘော် ၁ဦးကျဆုံးကာ ရဲဘော် ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နတ်မောက်မြို့အရှေ့ခြမ်းက စစ်ကြောင်းကို စစ်တပ်က အင်အားဖြည့်ဖို့ မကွေးမြို့ကနေ စစ်ယာဉ်တန်းတွေ ဆင်းလာခဲ့တာဖြစ်ပါတယ်။
မနေ့က(ဩဂုတ် ၃၁ ရက်) နတ်မောက်မြို့အရှေ့ဘက်ခြမ်း လျှော်ချောင်းလေးရွာကနေ အင်အား ၁၂၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်လည်း မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်တပ်စစ်ကြောင်း#မကွေး-နတ်မောက်လမ်းပိုင်း#တိုက်ခိုက်ခံရ
#ငါးပြေမတပ်ရင်း

❤32👍14👏4💩2🤣1🖕1
ငါးသိုင်းချောင်းမြို့ ရေဘေးအလှူသွားတဲ့ လှေမှောက်လို့ လူ ၃ဦး သေဆုံး၊ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးရှိလာ
စက်တင်ဘာ−၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်းက ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်ပြီး လူ ၃ ဦးသေဆုံးသွားလို့ ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်း ရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါးသိုင်းချောင်းမြို့အနီး ရေမြုပ်နေတဲ့ လမ်းပိုင်းမှာ ဩဂုတ် ၃၁ရက် မနက်ပိုင်းက လှေတစ်စီး မျောပါတိမ်းမှောက်ခဲ့တာပါ။ ယမန်နေ့က ကနဦးကြားရတဲ့သတင်းတွေအရ ၁ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပေမယ့် ရုပ်အလောင်းပဲ ဆယ်ယူနိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးနေသူ ၂ဦးကိုဆက်လက်ရှာဖွေစဉ် ဒီနေ့ စက်တင်ဘာ ၁ရက် မနက်ပိုင်းမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိတာလို့ ဆိုပါတယ်။
" ရေဘေးကို လှူတဲ့လှေ မှောက်သွားတာ။ သုံးယောက်စလုံးကအမျိုးသားတွေချည်းပဲ။ ရေကနက်လည်းနက်တယ်။ အရှိန်နဲ့ စီးနေတာဆိုတော့ လှေကိုမနိုင်ရင်မှောက်တာများတယ်။ ကျနော်တို့ငါးသိုင်းချောင်းက ရေဘေးကြောင့် သေဆုံးသူအများဆုံးဖြစ်နေပြီ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေဖြတ်လို့မရလို့ ဒေသခံတွေနဲ့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေဟာ ဝါးဖောင်တွေ၊ လှေတွေ၊ စက်လှေတွေနဲ့သာ သွားလာနေကြတာပါ။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးနေဆဲဖြစ်ပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ် ၁၈ရက်က လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၉ရက်မှာ နောက်ထပ် ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၇ ရက် ညကလည်း ငါးသိုင်းချောင်းမြို့ ရွာသစ်ကုန်းတံတားအနီးမှာ လှေတစ်စီးတိမ်းမှောက်ပြီးလှေပေါ်မှာပါတဲ့ အမျိုးသား ၂ဦးအနက် ၁ဦး သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။
ငါးသိုင်းချောင်းမြို့မှာ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးရှိလာပြီး ဧရာဝတီတိုင်းရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ဧရာဝတီတိုင်း ရေဘေးကြောင့် ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတနဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ဒီကနေ့ စက်တင်ဘာ ၁ရက်အထိ ၁၅ဦးထက်မနည်းသေဆုံးထားပြီး ငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း ယခုရက်ပိုင်း မိုးကြီးနေပါတယ်။
အနောက်တောင်မုတ်သုံလေအားကောင်းနေတာနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရေဘေးအလှူ#ငါးသိုင်းချောင်းမြို့#လှေမှောက်
#ရေဘေးသင့်

😢28❤7👍4👎2🔥1
Photo News
ထိုင်းမှာ မြန်မာလုပ်သားတွေလိုက်ပါတဲ့ကား ယာဉ်တိုက်မှုဖြစ်ပြီး ၁၀ ဦး ဒဏ်ရာရ
စက်တင်ဘာ -၁ ၊၂၀၂၆။/People's Spring
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။
ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်က လမ်းပိုင်းတနေရာမှာ မြန်မာလုပ်သားတွေတင်ဆောင်လာတဲ့ ကားက အရှိန်မထိန်းနိုင်ဘဲ (၁၀)ကားကို နောက်ကနေဝင်တိုက်မိတာလို့ ဆိုပါတယ်။

😢18🔥3👏2❤1👎1
မော်ချီးဒေသ စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး
စက်တင်ဘာ -၁ ၊၂၀၂၆။ဖိုးသား/People's Spring
ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁ ရက်) ညနေ ၄ နာရီခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့မှုမှာ အရပ်သားနေအိမ်တွေပေါ် ဗုံးထိမှန်ပြီး သေဆုံးသူများခဲ့တာလို့ ဆိုပါတယ်။
"ထိတာ ကလေးတွေပါတယ်။အပိုင်းပိုင်းပဲ။ဘယ်လိုအငြိုးကြောင့်လုပ်ရပ်ကြတာလဲ"လို့ မော်ချီး ဒေသခံတစ်ဦး ပြောပါတယ်။
လက်ရှိ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီက ရရှိထားတဲ့ အချက်အလက်တွေအရ ကလေးငယ်အပါအဝင် ၆ဦးသေဆုံးပြီး ၇ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
"ညနေ ၄နာရီ ဝန်းကျင်မှာ။နှစ်နေရာ ကြဲခဲ့တယ်"လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။
သတ္တုတူးဖော်တဲ့ဒေသခံနဲ့ ရွှေ့ပြောင်းလုပ်သားများစွာရှိနေတဲ့ မော်ချီးဒေသမှာ တိုက်ပွဲလုံးဝမရှိပေမယ့် စစ်တပ်က ၂၀၂၅ မတ်လနောက်ပိုင်းကစလို့ သြဂုတ်အထိ တစ်လအနည်းဆုံး ၂ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အခုဖြစ်စဥ် အပါအ၀င် သေဆုံးထိခိုက်သူက ၁၀၀ ၀န်းကျင် ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၇ရက်မှာ မော်ချီးဒေသက လိုခါးလိုကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံ၊ ရွှေ့ပြောင်းလုပ်သားနဲ့ ကလေးငယ်တွေအပါအဝင် ၃၂ဦး သေဆုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံ တကာအစိုးရတွေအနေနဲ့ အရေးယူပေးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တိုက်တွန်းထားပါတယ်။

🤬29❤3👏3👎1🎉1
(မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့)
🤬27😭15❤4👍3👎1👏1🎉1
ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ တပ်တစ်ခုတည်းဖြစ်ပေါ်ဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ KNDF ထုတ်ပြန်
စက်တင်ဘာ -၁ ၊၂၀၂၆။ဇော်၀င်း
ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။
KNDF က ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကျင်းပပြုလုပ်တဲ့ ပထမအကြိမ်ညီလာခံနဲ့ နိုင်ငံရေးအစီရင်ခံစာမှာ အထက်ပါအကြောင်းအရာကို ဖော်ပြထားပါတယ်။
ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်အားကောင်းခဲ့တဲ့ အချိန်ကစပြီး ဒီကနေ့အချိန်အထိ အဖွဲ့အစည်းတွေအကြား ညီညွတ်မှုနဲ့ တိကျတဲ့ကွပ်ကဲမှုစနစ်ကို အပြည့်အဝ မတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ကို ဆက်လက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်ကိုယ်စားပြုတဲ့ တပ်တစ်ခုတည်းအဖြစ် စုစည်းနိုင်ဖို့နဲ့ တိကျတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်နိုင်ရေးဟာလည်း ဆက်လက်ဖြေရှင်းရမယ့် စိန်ခေါ်မှုလို့ အသိပေးပါတယ်။
နိုင်ငံရေးရပ်တည်ချက်တွေကို ခိုင်မာစွာဆုပ်ကိုင်ထားပြီး မဆုတ်မနစ်ပေးဆပ်ကြိုးပမ်း တည်ဆောက်လာခဲ့ရာ အဲဒီကြိုးပမ်းမှုတွေက ကရင်နီပြည်ရဲ့နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေး အခြေအနေတွေပေါ်သာမက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အပေါ်မှာလည်း သက်ရောက်မှုတွေ
ဖြစ်ပေါ်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
အခု ၂၀၂၆ မှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ KNDF ညီလာခံမှာ KNDF ရဲ့ တော်လှန်ရေးမှောက်တိုင်တွေနဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများကို စနစ်တကျ ဆက်လက် တည်ဆောက်သွားဖို့ပါ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"နိုင်ငံရေးမပါသည့် တော်လှန်ရေးမရှိသကဲ့သို့ နိုင်ငံရေးရလဒ်များအား စုစည်းတည်ဆောက်ထားမှု မရှိသည့် တော်လှန်ရေးသည် လက်နက်ကိုင် တော်လှန်ရေး၏ အောင်မြင်မှုကို မတိုင်းတာနိုင်ပါ"လို့ KNDF က ပြောပါတယ်။
ဒါ့အပြင် မူဝါဒရေးရာဆိုင်ရာ ဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွဲဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။
အထူးသဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေတဲ့ အခြားတော်လှန်ရေးတပ်တော်များနှင့်အတူ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုတစ်ခုဖြစ်တည်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း ချိတ်ဆက်ပါဝင်အားဖြည့်ထားတယ်လို့ ဆိုပါတယ်။
" မှားယွင်းတဲ့ နိုင်ငံရေး လမ်းကြောင်းထဲကို ကျနော်တို့ KNDF ရဲဘော်တွေကို ခေါ်သွားမှာ မဟုတ်ဘူး" ဆိုတဲ့ရပ်တည်ချက်နဲ့ အညီ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ တော်လှန်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ကျပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး ရလဒ်တွေ ရရှိနိုင်ဖို့ ဆက်လက်ဖော်ဆောင်နေတယ်လို့ ထပ်လောင်းအသိပေးပါတယ်။
ကရင်နီပြည်ရဲ့ လူမျိုးပေါင်းစုံ ညီညွတ်ရေး၊ တန်းတူညီမျှရေးနဲ့ အများဆန္ဒနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပြည့်ဝတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲဒီ ဆောင်ရွက်မှုတွေဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးမူဝါဒကို ဗဟိုပြုပြီးကရင်နီပြည်အတွင်းက အခြားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ၊အရပ်သားပါတီနိုင်ငံရေးအင်အားစုတွေ၊ ဒေသန္တရအုပ်ချုပ်ရေး အင်အားစုတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနနေတိုင်းရင်းသားကိုယ်စားလှယ်တွေ၊ မီဒီယာတွေနဲ့ လုပ်ငန်းရှင်တွေ စတဲ့ အဖွဲ့အစည်းအားလုံးနဲ့
ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အခုနိုင်ငံရေးမူဝါဒတွေကို ပြည်ထောင်စု မြန်မာနိုင်ငံအဆင့်တွင်လည်း ပြန့်ပွားကျင့်သုံးနိုင်ဖို့အတွက် မိမိတို့ နိုင်ငံရေးဌာနမှတစ်ဆင့် မဟာမိတ်အင်အားစုတွေဆီ နိုင်ငံရေးသဘောထားများ ပေးပို့ဖလှယ်တဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည် ဆောက်ရေးဆိုတဲ့အခြေခံမူနဲ့ ဆက်လက်ဖော်ဆောင်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးတွေကို အာဏာခွဲဝေပေးနိုင်ဖို့ လူထုက ရွေးချယ်ပါဝင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့အတွက် ဆက်လက်ပါဝင်လုပ်ဆောင်သွားမယ်လို့ KNDF က ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်မှ ညီညွတ်တဲ့ အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်း ဖြစ်ပေါ်လာဖို့ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ မူဝါဒနှင့် စစ် ဥပဒေတွေကို နိုင်ငံတကာက လက်ခံယုံကြည်လာစေဖို့ကြိုးပမ်းသွားမယ်လို့ ကတိပြထားပါတယ်။

👍25❤8🥰1👏1🤮1🤣1
နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးသွားမှာဖြစ်တဲ့အပြင် တပ်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်နာကျင့်သုံးနေမှုကိုလည်း နိုင်ငံတကာက စောင့်ကြည့်အကဲဖြတ်ခြင်းကိုလည်း ခွင့်ပြုသွားမယ်လို့ KNDF က အသိပေးပါတယ်။
ရပ်တည်ချက်တွေ၊ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ အနာဂတ်ဦးတည်ချက်တွေကိုလည်းအခြေခံပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်တွန်းမှုတွေရှိနေပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂၀၂၁ နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကရင်နီပြည်#KNDF#
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

❤22👍10🥰1👏1🤮1🤣1