People's Spring
60K subscribers
70.8K photos
1.22K videos
9 files
3.04K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - မီးသတ်
🔥19😢14😱2
■​ဆောင်းပါး

သားတွေအတွက် စစ်မှုထမ်းမဲနှိုက်ပေးရတဲ့ မိခင်တွေရဲ့သောက

ဇေအောင်/People's Spring

မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူ
လတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုး
သမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သား
ယောကျာ်းလေးတချို့ ကပ်ထိုင်နေတယ်။ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။

အသက် ငါးဆယ်ကျော်အရွယ် မိခင်တစ်ယောက်ဆိုရင် စကားတောင်မပြောနိုင်ဘူး။ သူ့သားကလေး နံပါတ်စဥ် စောစောမပေါက်ရအောင် ရသမျှ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေခဲ့တယ်။နာမည်ခေါ်လိုက် အမှတ်
စဥ် အော်လိုက် အသံကြားထဲမှာ မိခင်တွေဟာ ရင်တွေ ဗလောင်ဆူနေခဲ့ပါတယ်။

မန္တလေးမြို့မှာ သားတွေ စစ်မှုထမ်းဖို့ မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရပြီး မိခင်တွေ စိတ်သောကရောက်နေရကြောင်း ဒေသခံတွေက ပြော​ပါတယ်။

"နံပါတ်စဥ် စောကျတဲ့သူတွေဆို မအေတွေ ငိုယိုနေကြတာ"လို့ မဲနှိုက်ခဲ့တဲ့ရပ်ကွက်တစ်ခုက မိခင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရော
ဂါအခံရှိတဲ့ မိခင်တွေဆိုရင် သွေးတိုးတာ၊ မူးလဲကျတာတွေပါ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လမှာ မန္တလေးမြို့က ချမ်းမြသာစည် နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းဖို့ မဲနှိုက်နေရပြီး မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရတဲ့အတွက် စိတ်သောကတွေ ရောက်နေရတာပါ။ လာ​ရောက်မဲနှိုက်ခြင်းမရှိတဲ့ မိဘတွေကိုတော့ ၎င်းတို့ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မဲနှိုက်သွားမယ်လို့ ကြေညာ ခြိမ်း​ခြောက်ပါတယ်။ မိခင်တွေလည်း သွားလည်းနားမထောင်ရဲသလို မသွားရင်လည်း ဖြစ်ချင်သလိုဖြစ်သွားမှာ စိုးရိမ်ကြတာကြောင့်အရဲစွန့်သွား
ခဲ့ကြရတယ်လို့ မိခင်တွေက ပြောပါတယ်။

မဲနှိုက်တဲ့အခါ ပြည်တွင်းမှာရှိတဲ့သား​တွေအပြင် ပြည်ပ​ရောက်​နေတဲ့ သား​တွေအတွက်ပါစစ်တပ်က ဖိအား​ပေး မဲနှိုက်ခိုင်း​နေတာပါ။

အာဏာသိမ်းစစ်တပ်ဟာ ရပ်ကွက်တွေထဲ စစ်မှုထမ်း မဲနှိုက်တာအပြင် ပေါ်တာဆွဲတာကိုလည်း မရပ်ပါဘူး။ မန္တလေးမြို့ပေါ်မှာ
နေ့ရောညပါ စစ်မှုထမ်း (စမထ) ဆွဲဖမ်းဆီးမှုများပြားနေပြီးအရင်လိုငွေပေးရွေးရန်မလွယ်
ကူတော့ဘူးလို့စုံစမ်းသိရပါတယ်။အိမ်စီကား
တွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးတိုင်းထဲက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်
တိုင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေ​တာပါ။

အာဏာသိမ်းစစ်တပ်က စစ်မှုမထမ်းမ​နေရ ဥပ​ဒေကို၂၀၂၄ ​ဖေ​ဖော်ဝါရီလမှာ ပြဌာန်းပြီး
လူငယ်​တွေကို ဖိအား​ပေးစစ်မှုထမ်းခိုင်း​နေတာဖြစ်ပါတယ် ။ဒါ့အပြင် လိုအပ်တဲ့အ​ရေအတွက်ရဖို့ ​နည်းမျိုးစုံနဲ့ပေါ်တာလည်းဆွဲ​ပါတယ် ။

စစ်မှုထမ်းစစ်သားသစ် ​တွေရဲ့အင်အား၊တရုတ်၊ရုရှား စတဲ့နိုင်ငံ​တွေက လက်နက်နဲ့နည်းပညာအကူအညီ​တွေနဲ့ ဆုံးရှုံးနယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းဖို့ကြိုးစား​​နေတာဖြစ်ပါတယ် ။ မြို့​ပေါင်း ၂၀ခန့်ပြန်ထိန်းချုပ်နိုင်​ပေမယ့် ရှမ်းပြည်နယ်​မြောက်ပိုင်းမှအပ နိုင်ငံတစ်ဝန်းခုခံမှု​ကောင်းတဲ​​ဒေသ​​တွေမှ ​တော်လှန်​ရေးအဖွဲ့​တွေက ခုခံစစ်၊တန်ပြန်ထိုးစစ်ဆင်နွှဲတာ​ကြောင့် စစ်တပ်ဟာ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှစစ်သား​တွေ​သေဆုံးတာ ၊ဒဏ်ရာရတာ၊ထွက်​ပြေးတာ ၊ ​တော်လှန်​ရေးတပ်​တွေထံအလင်း
ဝင်တာလည်းများ​နေပါတယ်။

ဒါ့​ကြောင့် စစ်တပ် က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာကို ရန်ကုန်လို ၊မိတ္ထီလာလိုမြို့​ စတဲ့မြို့တွေမှာပါ ​ပေါ်တာဆွဲတာကို အတင့်ရဲစွာလုပ်လာပါတယ်။ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်း-ကချင်ပြည်နယ်အစပ် ၊မ​ကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ရခိုင်နဲ့ဆက်စပ်​နေတဲ့ ဧရာ
ဝတီ-ပဲခူး-မ​ကွေး ​ စတဲ့​​​ဒေသကတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေကိုအဓိကသုံးပြီးတိုက်တာမှာ အခုလပိုင်းအတွင်းတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေ​သေဆုံး ဒဏ်ရာရတာ ထွက်​ပြေးတာ​​တွေအလွန်များ​နေတယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက​ပြောပါတယ်။ဒါ​ကြောင့်စစ်တပ်က ပြည်သူ့စစ်လို့​ခေါ်တဲ့ စစ်သားသစ်လိုအပ်ချက်ပိုများလာတာ​​ကြောင့် စစ်သားသစ်စု​ဆောင်းတာ ၊​ပေါ်တာဆွဲတာ​တွေကိုတိုးလုပ်လာပါတယ် ။

ဒီအ​ခြေအ​နေမှာ ပြည်သူ​တွေအ​နေနဲ့ လူငယ်​တွေကို စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်ပါးနပ်စွာ​နေကြဖို့တော်
လှန်​ရေးအင်အားစု​တွေက နှိုး​ဆော်​​​​နေကြပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့သတင်းတွေထွက်နေပြီး ယခု စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်
မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အရင်အကြိမ်​တွေထက် ဖိအား​ပေး လုပ်နေတာဖြစ်ကြောင်း စုံစမ်းသိရပါတယ်။

ဒါ​ကြောင့်မန္တ​လေးမြို့ ၊ရန်ကုန်မြို့ အပါအ
ဝင် မြို့ကြီး​တွေမှာဧည့်စာရင်းစစ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလည်း အဖြစ်များနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ "ညဆို ကိုယ်ငှားနေတဲ့ရပ်ကွက် မအိ​ပ်ရဲလို့ နည်းနည်းစိတ်ချရတဲ့ရပ်ကွက် ပြောင်းအိပ်နေရတယ်"လို့ မန္တလေး အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ။
🤬266👍4🔥4👎1🤣1🖕1
အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းရ၊
မထမ်းရ မဲနှိုက်​​နေကြစဥ် ​သောကများ​နေကြတဲ့ မိခင်​တွေ ။ဓါတ်ပုံ- ​ဒေသခံတစ်​တော့ Screengrab
😢29🤬8👎3🔥31🤣1
ဝက်လက်တောင်ခြမ်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

စက်တင်ဘာ-၁၊ ၂၀၂၆။ ကတ်သရင်း/People's Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၃၁ရက် မနေ့က ညနေ ၄နာရီကျော်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ရွာနန်းရွာကို ပေါင်ဗုံးသီး၊ ရော့ကတ်တွေနဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူရဲ့ အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

‌‌"ပထမအကြိမ်က ပေါင်သီး ၂လုံးတကြိမ်နဲ့ ဒုတိယအကြိမ်က ရော့ကတ် ၄လုံးတကြိမ်ကြဲခဲ့တာ။ ဘုန်းကြီးကျောင်းဆောင် ဘေးကျပြီး ကျောင်းအုတ်တံတိုင်းနဲ့ မုခ်ဦးတွေ ပျက်ဆီးသွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာနန်းရွာဟာ ဝက်လက်မြို့နယ် တောင်ခြမ်းမှာရှိပြီး စစ်ကိုင်းမြို့နယ်နဲ့ ကပ်လျက် နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
🤬255👏3🎉1
(စစ်တပ်ရဲ့လက်နက်အပိုင်းအစနဲ့ ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဝက်လက်ပကဖ)
🤬16👏15👎3🎉1
တောင်ငူမြို့နယ် အမြန်လမ်းအနောက်ခြမ်းမှာ စစ်တပ် စစ်ကြောင်းထိုး၊ PDFနဲ့ စစ်ဆိုင်ထား

စက်တင်ဘာ -၁ ၊၂၀၂၆။မိုမို/People's Spring

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ်က တောင်ငူမြို့နယ်က ၀က်ခေါက်စိန်၊ကျွဲဒိုင်စု ၊မြပင်ကူနဲ့ စပါးကြွယ်ကျေးရွာတွေဘက်ကို ဩဂုတ်နောက်ဆုံးပတ်မှာ စတင် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

" စခတွေက အင်အားအလုံးအရင်းနဲ့ဝင်လာလို့ ရဲဘော်တွေနဲ့ စစ်ဆိုင်ထားတဲ့အခြေအနေဖြစ်နေတယ်။တောင်ငူ အမြန်လမ်းအနောက်ဘက်ခြမ်းတစ်လျှောက်လုံးပဲ"လို့ အထက်ပါတာ၀န်ရှိသူက တောင်ငူမြို့နယ်အနောက် ခြမ်းက စစ်ရေးအ‌ခြေအနေကို ရှင်းပြပါတယ်။

စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၃ရွာထက်မနည်းထွက်‌ပြေးနေကြရပြီး အရေအတွက်အတိအကျမသိရေသေးပေမယ့် စစ်ရှောင်နေရသူများတယ်လို့ သူက ဆိုပါတယ်။

" လေကြောင်းတော့မပါသေးဘူ။ လက်နက်ကြီးနဲ့ ဒရုန်းတွေကိုအများအပြားပစ်ခတ်နေတယ်"လို့ တောင်ငူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်က အင်အားထပ်ဖြည့်တာတွေရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

တောင်ငူမြို့နယ်မှာ စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)၊ ကေတုမတီလေတပ်စခန်း (တောင်ငူလေတပ်စခန်း)၊စစ်လက်နက်စီမံခန့်ခွဲရေးတပ် (၈၄၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တွေရှိပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်ကြောင်းထိုး#အမြန်လမ်း#စစ်တပ်
#ပဲခူးတိုင်းစစ်ဌာန
👍33👏64👎1🥰1😁1
(ရန်ကုန်-မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − ပဲခူးတိုင်းစစ်ဌာန)
👍40🥰73😁2🫡2🤮1🖕1
စစ်တပ် တပ်တွင်းအ​ခြေအ​နေကိုပြ​နေတဲ့ ခမရ (၄၂၁)စစ်​ကြောင်းရဲစာရင်း​ပေါက်ကြား

■စစ်​ကြောင်းရဲ့၇၂ရာခိုင်နှုန်းခန့် ပစဖြစ်​နေ

စက်တင်ဘာ-၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်မှာ စစ်ကြောင်းထိုး‌နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းအင်အားမှာ သုံးပုံ၊နှစ်ပုံကျော်ကစစ်မှုထမ်းတပ်သားသစ်(ပြည်သူ့
စစ်-ပစ)​တွေဖြစ်​​​နေပြီး ၊ပစ​တွေနဲ့အဓိကစုဖွဲ့ထားတဲ့စာရင်းထွက်ပေါ်လာပါတယ်။

စစ်တပ်စစ်ကြောင်းရဲ့ အင်အား ၁၅၂ ဦးအနက် ၁၀၉ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ဖွဲ့စည်းထားရတဲ့စာရင်းကို မိုးဗြဲတိုက်ပွဲမှာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ​ကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းခန့်က စစ်သားသစ်​တွေဖြစ်​နေပါတယ် ။

လက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လွယ်ယင်း မင်္ဂလာကျေးရွာဘက်ကို ပြီးခဲ့တဲ့ ဇူလိုင် က ထိုးစစ်ဆင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ−၄၂၁ )တပ်ရဲ့ ဖွဲ့စည်းပုံ၊နာမည်စာရင်း၊ရာထူးနဲ့ လက်နက်စာရင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီစာရင်းတွေက ခမရ(၄၂၁)တပ်ရင်း ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးမောင်မောင်နိုင် ဖြစ်ပြီး စုစုပေါင်း အင်အား ၁၅၂ ဦး ပါဝင်ပါတယ်။ ဒါပေမယ့် ၁၀၉ ဦးက စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစု‌ဆောင်းခံထားရတဲ့ တပ်သားသစ်တွေ ဖြစ်ပါတယ်။

အရာရှိအဆင့် ၃ဦး ၊ ဒုအရာခံဗိုလ် ၁ဦး နဲ့သန္ဓေလို့ ခေါ်တဲ့ အမြဲတမ်းတပ်သားစုစုပေါင်းက ၄၃ ဦးပဲရှိတယ်လို့ ရရှိထားတဲ့စာရင်းအချက်အလက်အရ တွေ့ရပါတယ်။ဒါ့ကြောင့် စစ်တပ်တပ်ရင်းတစ်ခုရဲ့ အင်အား သုံးပုံ၊နှစ်ပုံကျော်(၇၂ ရာခိုင်နှုန်းခန့်)က စစ်မှုထမ်းတပ်သားတွေ ဖြစ်နေပါတယ်။

"အဲဒါကြောင့် တိုက်ပွဲဖြစ်ပြီဆို လေကြောင်းကနေ အဆမတန်ဖိတယ်။‌လက်နက်ကြီး တွေသုံးတယ်။မြေပြင်မှာက သူတို့ဘယ်လိုမှ မတိုးနိုင်ဘူးလေ။ရတဲ့ အခွင့်အရေးပေါ်မူတည်ပြီး ထွက်ပြေးဖို့ အသေမခံကြဖို့ စစ်မှုထမ်းတွေကိုလည်း ပြောချင်တယ်"လို့ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ခမရ(၄၂၁)ရဲ့ ဖွဲ့စည်းပုံစာရင်းအရ စစ်မှုထမ်းတပ်သားတွေကို အားကိုးနေရတာကြောင့် စစ်တပ် တပ်ရင်းတစ်ခုရဲ့ ဖွဲ့စည်းပုံပျက်‌နေတဲ့ အဆင့်ဖြစ်‌တယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပါတယ်။

"တိုက်ခိုက်ရေး အမာခံလိုင်းတွေ တော်တော်အင်အားပြုန်းနေတာဖြစ်မယ်။အရာရှိတောင် ၃ ယောက်ပဲရှိတာ။ ဖွဲ့စည်းပုံတောင်ဆွဲမရဘူး ကျနော်သာဆို။အဲ့တိုင်းထွက်ရင် မျိုးတုန်းကုန်မှာ။အင်အားနဲ့လုံးပြတာမျိုးပဲရမယ်"လို့ သူက ပြောပါတယ်။

ဇူလိုင်က လွယ်ယင်း မင်္ဂလာကျေးရွာကို စစ်
ကြောင်းထိုးခဲ့တဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီး တစ်ပတ်အကြာမှာ စစ်တပ်က ပြန်ဆုတ်သွားရပါတယ်။အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူ ၂၀ နဲ့ ၃၀ ၀န်းကျင်ရှိတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။

စစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီး အရယူထိန်းချုပ်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့တစ်ပတ်ကျော်ကလည်း စစ်ကြောင်းထပ်ထိုးလို့ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ မိုးဗြဲမြို့အတွင်း ပြန်ဆုတ်သွားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လူငယ်၊လူရွယ်တွေကို နည်းမျိုးစုံ နဲ့ စစ်မှုထမ်းတပ်သား အဖြစ်စုဆောင်းပြီး တော်လှန်ရေးတပ်တွေနဲ့ တိုင်း
ရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြီးခဲ့တဲ့နှစ်ကစလို့ အရှိန်မြှင့်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပေါက်ကြားခဲ့တဲ့ စစ်ကိုင်းဘက်က ခလရ(၈၃)တပ်ရင်းက စစ်ကြောင်းရဲ့ ရှေ့ထွက်အခြေပြု အင်အားစာရင်းတွေမှာလည်း စစ်တပ်အရာရှိ ၃ ဦး၊ စစ်သားဟောင်း ၁၇ ဦးပဲပါရှိပြီး စစ်မှုထမ်းတပ်သားသစ်က ၈၀ ၀န်းကျင်ပါရှိပါတယ်။

စစ်မှုထမ်းအဖြစ်စုဆောင်းခံခဲ့ရသူအများစုဟာ မိသားစုနဲ့ အဆက်အသွယ်မရတော့တာနဲ့ တိုက်ပွဲအတွင်းသေဆုံးသွားရတဲ့ ဖြစ်စဉ်အများအပြားရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၈)အ
တွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်
ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးတိုင်းက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်တိုင်းက မြို့
နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်
တိုက်ပြုလုပ်နေပါတယ်။

( မိုးဗြဲမြို့နယ်မှာ သြဂုတ်လအတွင်းစစ်တပ်စစ်​ကြောင်းတစ်​ကြောင်းကို ​တော်လှန်​ရေးတက်​တွေကမတိုက်ခိုက်မှီ ဒရုန်းဖြင့် အ​ပေါ်စီးမှကင်း​ထောက်ထား​သောဓါတ်ပုံ/ခမရ ၄၂၁ရဲ့တပ်တွင်းအ​ခြေ​နေပြဇယား)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်မှုထမ်း#မိုးဗြဲမြို့#ခမရ(၄၂၁)
#စစ်တပ်
👍337🤣3👻2👎1🔥1🖕1
👍30😁63👏2🤣2👎1🔥1👻1
လမ်းချော်ခဲ့တဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေ

စက်တင်ဘာ ၁၊ ၂၀၂၆။ ဟာနာဆန်/People's Spring

လမ်းချော်တိမ်းစောင်းခဲ့လို့ ရပ်နားခဲ့တဲ့ ပြင်ဦးလွင် − ဂုတ်ထိပ်ရထားခရီးစဥ်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက ပြန်လည်ပြေးဆွဲဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် မနက်ပိုင်းက ပြင်ဦးလွင်ကနေ ဂုတ်ထိပ်တံတားဘက်ပြေးဆွဲတဲ့ RBE ရထားဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးရွာအနီးမှာ လမ်းချော်တိမ်းစောင်းခဲ့ပြီး လူအထိအခိုက်မရှိခဲ့ပေမယ့် ခရီးသည်များစွာ ထိတ်လန့်ခဲ့ရပြီးနောက် ရထားခရီးစဥ် ရပ်နားသွားခဲ့ပါတယ်။

ယခုအခါ အဲဒီ ပြင်ဦးလွင်-ဂုတ်ထိပ်ခရီးစဥ်ကို လာမယ့် စက်တင်ဘာ ၅ ရက်ကစပြီး အပတ်စဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက အသိပေးပါတယ်။

အာဏာသိမ်းကာလအတွင်း မီးရထားဝန်ထမ်းတွေ အများအပြား CDM လုပ်ခဲ့တာကြောင့် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအပါအဝင် ဒေသအသီးသီးက ရထားလမ်းပိုင်းတွေဟာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် ပျက်စီးယိုယွင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။

"ရထားစက်ခေါင်း၊ တွဲ၊ လမ်းတွေကောင်းပါမှ ပြေးဆွဲသင့်တယ်။ အဆင်းအတက်လမ်းဖြစ်တော့ ကြံ့ခိုင်မှုကောင်းမှ အန္တရာယ်ကင်းမယ်။ အရင်လမ်းချော်တဲ့နေရာက ရထားစထွက်တဲ့ပြင်ဦးလွင်အနီးမြေပြန့်ဖြစ်လို့ ကံကောင်းတာ"ရထားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုပါရထားခရီးစဥ်ဟာ ပြင်ဦးလွင်ကနေ မနက် ၈ နာရီမှာ ထွက်ခွာပြီး မနက် ၁၁ နာရီမှာ ဂုတ်ထိပ်ဘူတာကို ရောက်ရှိကြောင်း၊ ဂုတ်ထိပ်တံတား အပျော်စီးခရီးသည်တွေ အများဆုံးလိုက်ပါလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂုတ်ထိပ်တံတားဟာ ၂၀၂၅ ခုနှစ် သြဂုတ် ၂၄ ရက်ကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တံတားအစိတ်အပိုင်းတချို့ ပျက်စီးခဲ့ပါသေးတယ်။



𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မီးရထား#ဂုတ်ထိပ်#ပြင်ဦးလွင်
#မီးရထား
👍19🔥53👻2
(ပြင်ဦးလွင်-ဂုတ်ထိပ်ရထား တိမ်းမှောက်ခဲ့စဥ်။ ဓါတ်ပုံံ-Screen Grab)
14👍8👻5🔥3
မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ

စက်တင်ဘာ -၁ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မကွေး-နတ်မောက်လမ်းပိုင်းက ကြာကန်ကျေးရွာနဲ့ ပုဂံမျှော်ကျေးရွာကြားမှာ ဩဂုတ် ၂၉ ရက် ညနေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မကွေးကနေ နတ်မောက်ဘက်ကိုဦးတည်တဲ့ ယာဉ်တန်း။ကားက ငါးစီးပါတယ်"လို့ သရက် ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်ယာဉ်တန်းမှာပါတဲ့ အရာခံဗိုလ် ၁ဦး၊တပ်သား ၄ဦးသေဆုံးပြီး တပ်ကြပ် ၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကား ၁စီးပျက်စီးတယ်လို့ အသိပေးပါတယ်။စစ်တပ်ယာဥ်တန်း ထိခိုက်ပျက်စီးမှုနဲ့ ‌သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုနဲ့အတူ မကွေး-နတ်မောက်လမ်းပိုင်း ပုဂံမျှော်ကျေးရွာ
ပျူစောထီးဂိတ်စခန်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ငါးပြေမတပ်ရင်းက ဆိုပါတယ်။

ထိခိုက်မှုအခြေအနေကို အတည်ပြုရန်စုံစမ်းဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေမှာ တပ်ရင်းက ရဲဘော် ၁ဦးကျဆုံးကာ ရဲဘော် ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နတ်မောက်မြို့အရှေ့ခြမ်းက စစ်ကြောင်းကို စစ်တပ်က အင်အားဖြည့်ဖို့ မကွေးမြို့ကနေ စစ်ယာဉ်တန်းတွေ ဆင်းလာခဲ့တာဖြစ်ပါတယ်။

မနေ့က(ဩဂုတ် ၃၁ ရက်) နတ်မောက်မြို့အရှေ့ဘက်ခြမ်း လျှော်ချောင်းလေးရွာကနေ အင်အား ၁၂၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်လည်း မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်တပ်စစ်ကြောင်း#မကွေး-နတ်မောက်လမ်းပိုင်း#တိုက်ခိုက်ခံရ
#ငါးပြေမတပ်ရင်း
32👍14👏4💩2🤣1🖕1
ဓာတ်ပုံ − ငါးပြေမ ပြောက်ကျားတပ်ဖွဲ့
🥰29👍18💩21🤮1🖕1🫡1
ငါးသိုင်းချောင်းမြို့ ရေဘေးအလှူသွားတဲ့ လှေမှောက်လို့ လူ ၃ဦး သေဆုံး၊ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးရှိလာ

စက်တင်ဘာ−၁၊၂၀၂၆။ဇော်ရမ်း/People's Spring

ဧရာဝတီတိုင်းက ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်ပြီး လူ ၃ ဦးသေဆုံးသွားလို့ ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်း ရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးသိုင်းချောင်းမြို့အနီး ရေမြုပ်နေတဲ့ လမ်းပိုင်းမှာ ဩဂုတ် ၃၁ရက် မနက်ပိုင်းက လှေတစ်စီး မျောပါတိမ်းမှောက်ခဲ့တာပါ။ ယမန်နေ့က ကနဦးကြားရတဲ့သတင်းတွေအရ ၁ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပေမယ့် ‌ရုပ်အလောင်းပဲ ဆယ်ယူနိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးနေသူ ၂ဦးကိုဆက်လက်ရှာဖွေစဉ် ဒီနေ့ စက်တင်ဘာ ၁ရက် မနက်ပိုင်းမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိတာလို့ ဆိုပါတယ်။

" ရေဘေးကို လှူတဲ့လှေ မှောက်သွားတာ။ သုံးယောက်စလုံးကအမျိုးသားတွေချည်းပဲ။ ရေကနက်လည်းနက်တယ်။ အရှိန်နဲ့ စီးနေတာဆိုတော့ လှေကိုမနိုင်ရင်မှောက်တာများတယ်။ ကျနော်တို့ငါးသိုင်းချောင်းက ရေဘေးကြောင့် သေဆုံးသူအများဆုံးဖြစ်နေပြီ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေဖြတ်လို့မရလို့ ဒေသခံတွေနဲ့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေဟာ ဝါး‌ဖောင်တွေ၊ လှေတွေ၊ စက်လှေတွေနဲ့သာ သွားလာနေကြတာပါ။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးနေဆဲဖြစ်ပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ် ၁၈ရက်က လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၉ရက်မှာ နောက်ထပ် ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂၇ ရက် ညကလည်း ငါးသိုင်းချောင်းမြို့ ရွာသစ်ကုန်းတံတားအနီးမှာ လှေတစ်စီးတိမ်းမှောက်ပြီးလှေပေါ်မှာပါတဲ့ အမျိုးသား ၂ဦးအနက် ၁ဦး‌ သေဆုံးခဲ့ပါတယ်။

ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။

ငါးသိုင်းချောင်းမြို့မှာ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးရှိလာပြီး ဧရာဝတီတိုင်းရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ဧရာဝတီတိုင်း ရေ‌ဘေးကြောင့် ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတနဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ဒီကနေ့ စက်တင်ဘာ ၁ရက်အထိ ၁၅ဦးထက်မနည်းသေဆုံးထားပြီး ငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ‌
ဧရာဝတီတိုင်းအတွင်း ယခုရက်ပိုင်း မိုးကြီးနေပါတယ်။

အနောက်တောင်မုတ်သုံလေအားကောင်းနေတာနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။




𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရေဘေးအလှူ#ငါးသိုင်းချောင်းမြို့#လှေမှောက်
#ရေဘေးသင့်
😢287👍4👎2🔥1
(ငါးသိုင်းချောင်းမြို့နယ်မှာ ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ − Ko Aye Lwin/FB)
😢32🔥3
Photo News
ထိုင်းမှာ မြန်မာလုပ်သားတွေလိုက်ပါတဲ့ကား ယာဉ်တိုက်မှုဖြစ်ပြီး ၁၀ ဦး ဒဏ်ရာရ

စက်တင်ဘာ -၁ ၊၂၀၂၆။/People's Spring

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်က လမ်းပိုင်းတနေရာမှာ မြန်မာလုပ်သားတွေတင်ဆောင်လာတဲ့ ကားက အရှိန်မထိန်းနိုင်ဘဲ (၁၀)ကားကို နောက်ကနေဝင်တိုက်မိတာလို့ ဆိုပါတယ်။
😢18🔥3👏21👎1
ဓာတ်ပုံ − CJ
😢26🔥41👎1