People's Spring
59.9K subscribers
70.8K photos
1.22K videos
9 files
3.04K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥10😢5😱1🤣1
👍15👎2👏2🔥1😢1
■ဆောင်းပါး

လူသိနည်းသော ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATFကမြန်မာ့လူသတ်စစ်အစိုးရကိုဖြိုလှဲနိုင်

●TATFသည်စစ်တပ်ကအမေရိကန်၏အဓိက
ပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်
သည်။

- ဥဂ္ဂါ ရေးသားသည်။

စစ်ကောင်စီရဲ့ ရှင်သန်နိုင်စွမ်းကို ထောက်ပံ့ပေးနေတဲ့ အဓိကအသက်သွေးကြောဟာ နိုင်
ငံခြားငွေကြေးစီးဆင်းမှု ဖြစ်ပါတယ်။ ရုရှား၊ တရုတ်နဲ့ အီရန်တို့ထံမှ လက်နက်ဝယ်ယူနိုင်ဖို့ အားကိုးနေရတဲ့ ဒီငွေကြေးလမ်းကြောင်းကို ထိန်းချုပ်ကန့်သတ်နိုင်မယ်ဆိုရင် စစ်ကောင်
စီရဲ့ စစ်ဆင်ရေးစွမ်းရည်နဲ့ အုပ်ချုပ်နိုင်စွမ်းကို အကြီးအကျယ် ထိခိုက်ပြိုလဲစေနိုင်တယ်လို့ ဒန်ဆွစ်ဖ်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြံပေးဟောင်း၊ စီးပွားရေးပညာရှင် ရှောင်တာနဲလ်တို့က ဝါရှင်တန်ပို့စ် ပါ “The FATF could collapse Myanmar’s regime” ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

အဆိုပါဆောင်းပါးမှာ ငွေကြေးစီးဆင်းမှုတွေကို ထိရောက်စွာ ကန့်သတ်နိုင်မယ့် အဓိက နိုင်ငံတကာယန္တရားတစ်ခုအဖြစ် ငွေကြေးစနစ်ကို စောင့်ကြည့်ထိန်းချုပ်နေတဲ့ Financial Action Task Force (FATF) ကို ဖော်ပြထားပါတယ်။

အကယ်၍ FATF က ပိုမိုတင်းကျပ်တဲ့ အရေး
ယူမှုများချမှတ်လာပါက၊အမေရိကန်နဲ့ မဟာ
မိတ်နိုင်ငံများ အနေဖြင့် မိမိတို့ရဲ့ အဓိကပြိုင်
ဘက်နိုင်ငံများနဲ့ စစ်ကောင်စီကြား နိုင်ငံခြား
ငွေ စီးဆင်းမှုကို ကန့်သတ်နိုင်မယ့် အခွင့်အ
ရေးတစ်ရပ် ရရှိလာနိုင်တယ်လို့ ဆောင်းပါးက သုံးသပ် ထားပါတယ်။

ကမ္ဘာ့အကြီးဆုံးငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ FATF (Financial Action Task Force) ရဲ့အဖွဲ့ဝင်အမေရိကန်အပါအ
ဝင်နိုင်ငံပေါင်း ၄၀ ဟာလာမယ့်အောက်တို
ဘာလ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေအတွက်
ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်မလားဆိုတာ ဆုံး
ဖြတ်ကြမှာဖြစ်ပါတယ်။

FATF ဆိုတာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုနဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်တွေ ပျံ့နှံ့ရေးအတွက် ငွေကြေးထောက်ပံ့မှု တွေကို တားဆီးဖို့ နိုင်ငံတကာက ဖွဲ့စည်းထားတဲ့ငွေကြေးစောင့်ကြည့်ရေးအဖွဲ့အစည်း တစ်
ခုဖြစ်ပြီး သူတို့မှာ စစ်တပ်မရှိသလို အရေးယူပိုင်ခွင့်ကိုလည်း တိုက်ရိုက်အသုံးမပြုနိုင်ပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက် တစ်ခုက ကမ္ဘာတစ်ဝန်း ဘဏ်တွေရဲ့လုပ်ဆောင်ပုံကို ပြောင်း
လဲသွားစေနိုင်တဲ့ သြဇာရှိပါတယ်။

ရှောင်တာနဲလ်တို့ရဲ့ ဒီဆောင်းပါးက စစ်အစိုး
ရရဲ့ အကြီးမားဆုံး အားနည်းချက်တစ်ခုဟာ နိုင်ငံခြားငွေ လိုအပ်ချက် ဖြစ်ပြီး လက်ရှိအ
ချိန်မှာ ဘဏ္ဍာငွေပြတ်လပ်မှု၊ငွေကြေးကျပ်
တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ရုရှား၊ တရုတ် နဲ့ အီရန်နိုင်ငံတို့ထံမှ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေ(အထူးသဖြင့် အမေရိကန်ဒေါ်လာ)ကိုမဖြစ်မနေလိုအပ်နေ‌
ကြောင်းထောက်ပြထားပါတယ်။

စစ်အစိုးရအတွက် လက်ရှိအရေးယူမှု‌တွေကနေ ဆက်လက်ရပ်တည်နိုင်ဘို့ အရေးကြီးဆုံး ကတော့ နိုင်ငံခြားငွေကို စုဆောင်းထားနိုင်ဖို့ပါပဲ။ဒီအတွက်ပြည်ပရောက်မြန်မာလုပ်သား
တွေ ဝင်ငွေရဲ့ ၂၅ရာခိုင်နှုန်းကို မဖြစ်မနေ အစိုးရသတ်မှတ်ထားတဲ့ မြန်မာဘဏ်များမှ တဆင့်သာ လွှဲခိုင်းတာ၊ ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေဟာ နိုင်ငံခြားငွေ စုဆောင်းဖို့ ကြိုး
စားနေတဲ့ နည်းလမ်းတွေလို့ ဆောင်းပါးက
ဆိုပါတယ်။

တရားဝင်ဘဏ်စနစ်ကိုမသုံးဘဲ ပြည်ပမှ ငွေလွှဲပေးတဲ့ အလွတ်သဘော ကွန်ရက်တစ်ခုဖြစ်တဲ့ ဟွန်ဒီငွေလွှဲစနစ် လုပ်ကိုင်နေသူတွေကို စစ်အစိုးရကဖမ်းဆီးအရေးယူနေတာဟာလည်း ငွေကြေးခဝါချမှုကို တိုက်ဖျက်တာထက် နိုင်ငံခြားငွေတွေကို အစိုးရထိန်းချုပ်တဲ့ ဘဏ်စနစ်ထဲ မဖြစ်မနေ ဝင်လာအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်က ပိုများတယ်လို့ စာ
ရေးသူတွေက သုံးသပ်ထားပါတယ်။

ဒီလိုစစ်အစိုးရက နိုင်ငံခြားငွေစီးဆင်းမှုကို အလွန်အမင်း အားကိုးနေရတဲ့ အခြေအနေမှာပဲ FATF ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါတယ်။ အထူးသဖြင့် FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်း
ထန်ဆုံးအဆင့်အထိ သတ်မှတ်လိုက်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တ
ရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် စစ်အစိုးရအတွက် နိုင်ငံခြား
ငွေ ရရှိဖို့ ပိုခက်လာမယ်၊ နိုင်ငံတကာ ငွေပေးချေမှုစနစ်ကို အသုံးပြုဖို့ အတားအဆီးတွေ များလာမယ်၊ လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာမယ်၊ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ သုံးသပ်ထားပါတယ်။

ဒီနေရာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တရုတ်က FATF အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရုရှားရဲ့ FATF အဖွဲ့ဝင်အခွင့်အရေးက
တော့ ၂၀၂၃ ခုနှစ်ကတည်းက ဆိုင်းငံ့ခံထားရပါတယ်။
👍23🤣74🖕2👎1🔥1
တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်အစိုးရရဲ့ အရေးပါဆုံး နိုင်ငံရေးနဲ့ မဟာဗျူဟာမိတ်ဖက်တွေ ဖြစ်နေပေမယ့်၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်အပေါ် မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ သက်ရောက်မှုတွေကို ချိန်ဆရမယ့်အချိန် ရောက်လာရင် မြန်မာစစ်အစိုးရဘက်မှာ အမြဲတမ်း မပြောင်းမလဲ ရပ်တည်ပေးမယ်လို့ အာမခံနိုင်မှာ မဟုတ်ပါ။ အထူးသဖြင့် FATF လို နိုင်ငံတကာ ဘဏ္ဍာရေးစံနှုန်း တွေကို ထိန်းသိမ်းတဲ့ ယန္တရားအတွင်းမှာတော့ မဟာဗျူဟာမိတ်ဖက်ဖြစ်ခြင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လေ့မရှိဘဲ ကိုယ်ပိုင်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကိုသာ ဦးစားပေးတွက်ချက်နိုင်ခြေ ပိုများပါတယ်။

စစ်အစိုးရကလည်း အခြားငွေပေးချေမှုလမ်းကြောင်းများ ရှာဖွေခြင်းနဲ့ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ခြင်းတို့မှတစ်ဆင့် ဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်း လာနိုင်ပါတယ်။

ဒါပေမယ့် ရှောင်တာနဲလ်တို့ ထောက်ပြတဲ့ အဓိကအချက်ကတော့ စစ်အစိုးရဟာ အတိတ်ကာလ တွေမှာ နိုင်ငံတကာစနစ်ရဲ့ အားနည်းချက်တွေကို အသုံးချပြီး ရှင်သန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် FATF ရဲ့ စောင့်ကြည့်မှုအောက်မှာ စာရွက်စာတမ်းပေါ်က ပြုပြင်ပြောင်းလဲမှု တွေကို ပြသနိုင်ခဲ့ပေမယ့်၊ လက်တွေ့မှာတော့ ငွေကြေးခဝါချမှုနဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ထိရောက်စွာ တားဆီးနိုင်ခဲ့ခြင်း မရှိဘူးလို့ သူတို့က ဝေဖန်ထားပါတယ်။

FATF ရဲ့ အကဲဖြတ်မှုမှာလည်း စည်းမျဉ်း၊ ဥပဒေ သတ်မှတ်ချက်များကို စာရွက်ပေါ်တွင် လိုက်နာထားမှု (Technical Compliance) တစ်ခုတည်းမဟုတ်ဘဲ၊ အဲဒီဥပဒေတွေကို လက်တွေ့မှာ ဘယ်လောက်ထိ ထိရောက်စွာ အကောင်အထည်ဖော်နိုင်သလဲဆိုတဲ့ (Effective Implementation) က ပိုအရေးကြီးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အတိတ်က စစ်အစိုးရအဆက်ဆက်ဟာ စာရွက်ပေါ်မှာ လိုအပ်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ ပြဋ္ဌာန်းပြခဲ့ရုံနဲ့ နိုင်ငံတကာအကဲဖြတ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်အတွင်းမှာပဲ တရားမဝင် စီးပွားရေးကွန်ရက်တွေ၊ သယံဇာတမှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ငွေကြေးစီးဆင်းမှုတွေ၊ လက်ရှိမှာ အကြီးအကျယ် ပြဿနာဖြစ်လာတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကနေ ရရှိတဲ့ ငွေကြေးတွေဟာ အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ဆက်လက် လည်ပတ်နိုင်ခဲ့ပြီး ဒီလိုအခြေအနေတွေက နောက်ဆုံးမှာ စစ်တပ်နဲ့ နီးစပ်တဲ့ အာဏာပိုင်အုပ်စုတွေ အတွက် ဘဏ္ဍာရေးအရ အသက်ရှူခွင့် ပေးခဲ့တယ်လို့ သူတို့က သုံးသပ်ထားပါတယ်။

FATF က အတိတ်က အရေးယူမှု ပျော့ကွက်တွေ ပေးခဲ့ခြင်း သို့မဟုတ် ဟန်ပြပြုပြင်မှုများကို လက်ခံခဲ့ခြင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း တွေ (ဥပမာ - ဦးပိုင်၊ မေတ္တာလင်းမြိုင်စတဲ့ စစ်တပ်စီးပွားရေးတွေ) ဟာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ် (SWIFT နှင့် ဒေါ်လာ စီးဆင်းမှုများ) ထဲမှာ ဆက်လက် လှုပ်ရှားနိုင်ခဲ့ပါတယ်။

ဒါကြောင့် စစ်အစိုးရဟာ နိုင်ငံတကာ ဘဏ်လမ်းကြောင်းတွေကို အသုံးပြုပြီး သယံဇာတ ရောင်းရငွေများ သိမ်းဆည်းခြင်း၊ စစ်လက်နက် ပစ္စည်းများ ဝယ်ယူရန်အတွက် နိုင်ငံခြားငွေကို လွတ်လပ်စွာ ကိုင်တွယ် အသုံးပြုနိုင်ခဲ့ခြင်း တို့ကြောင့် ဘဏ္ဍာငွေ ပိုမိုတောင့်တင်းစေခဲ့တယ်လို့ ဆောင်းပါးက ထောက်ပြထားပါတယ်။

FATF ဟာ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို နာမည်ပျက်စာရင်း (Blacklist) ထဲ ထည့်သွင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အပြင်းထန်ဆုံး ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူမှုဖြစ်တဲ့ ကောင်တာမက်ရှား (Countermeasures) ကို အပြည့်အဝ မကျင့်သုံးသေးပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ် ဆုံးဖြတ်ခွင့် ရလာတဲ့အခါ FATF အနေနဲ့ အရင်ကလို လျှော့ပေါ့တဲ့ တုံ့ပြန်မှုမျိုး မလုပ်သင့်တော့ဘဲ၊ အဖွဲ့ရဲ့ အမြင့်ဆုံးနဲ့ အပြင်းထန်ဆုံး အရေးယူမှုယန္တရားတွေကို အပြည့်အဝ အသုံးပြုပြီး စစ်အစိုးရရဲ့ တရားမဝင် ငွေကြေးလမ်းကြောင်းတွေကို ထိရောက်စွာ ပိတ်ဆို့သင့်ကြောင်း ဒန်ဆွစ်ဖ်နဲ့ ရှောင်တာနဲလ်တို့က ဒီဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

ကိုးကား - The Washington Post
31👍4🤣4🖕3👎1
👍14🤣8👎2🖕21🔥1
တောင်ငူမှာ ဆီဘောက်ဆာနဲ့ ကွန်တိန်နာ တိုက်မိပြီး မီးလောင်၊ ဘုန်းကြီးကျောင်း မီးကူး

စက်တင်ဘာ-၁၊၂၀၂၆။တေဇ/People's Spring

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာကား တိုက်မိရာက မီးလောင်မှုဖြစ်ခဲ့ပြီး လမ်းဘေးက ဘုန်းကြီးကျောင်းကို မီးကူးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။

ဒီနေ့(စက်တင်ဘာ ၁) မနက် ၆ နာရီလောက်မှာ တောင်ငူမြို့ ၉ ရပ်ကွက် ပေါ်တော်မူဘုရားအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ မန္တလေးဘက်ကို မောင်းလာတဲ့ ဆီဘောက်ဆာ နဲ့ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ကွန်တိန်နာ တိုက်ခဲ့တာဖြစ်ပြီး ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ခဲ့တာပါ။

ဆီဘောက်ဆာကား မီးလောင်ရာကနေ လမ်းဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုပါ မီးကူးခဲ့ပြီး မီးသတ်နဲ့ ဒေသခံ ပရဟိတအဖွဲ့တွေက နှစ်နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

"တောင်ငူမှာရွှေဘိုလေးကွေ့ကယာဉ်တိုက်မှုအများဆုံးနေရာဖြစ်ပါတယ်။ ကားကြီးသမားများအထူးသတိရှိဖို့လိုအပ်ပါတယ်" လို့ ဒေသခံတစ်ဦးက သတိပေးထားပါတယ်။

ဒီဖြစ်စဉ်မှာ လူထိခိုက်မှုတော့မရှိဘူးလို့ ‌သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပေမယ့် ဘုန်းကြီးကျောင်းကို မီးကူးစက်တဲ့ အကြောင်းကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။



𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မီးလောင်#မီးသတ်#ကား
#မီးလောင်
13👎8😢7😱4👍3
ဓာတ်ပုံ - မီးသတ်
🔥19😢14😱2
■​ဆောင်းပါး

သားတွေအတွက် စစ်မှုထမ်းမဲနှိုက်ပေးရတဲ့ မိခင်တွေရဲ့သောက

ဇေအောင်/People's Spring

မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူ
လတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုး
သမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သား
ယောကျာ်းလေးတချို့ ကပ်ထိုင်နေတယ်။ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။

အသက် ငါးဆယ်ကျော်အရွယ် မိခင်တစ်ယောက်ဆိုရင် စကားတောင်မပြောနိုင်ဘူး။ သူ့သားကလေး နံပါတ်စဥ် စောစောမပေါက်ရအောင် ရသမျှ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေခဲ့တယ်။နာမည်ခေါ်လိုက် အမှတ်
စဥ် အော်လိုက် အသံကြားထဲမှာ မိခင်တွေဟာ ရင်တွေ ဗလောင်ဆူနေခဲ့ပါတယ်။

မန္တလေးမြို့မှာ သားတွေ စစ်မှုထမ်းဖို့ မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရပြီး မိခင်တွေ စိတ်သောကရောက်နေရကြောင်း ဒေသခံတွေက ပြော​ပါတယ်။

"နံပါတ်စဥ် စောကျတဲ့သူတွေဆို မအေတွေ ငိုယိုနေကြတာ"လို့ မဲနှိုက်ခဲ့တဲ့ရပ်ကွက်တစ်ခုက မိခင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရော
ဂါအခံရှိတဲ့ မိခင်တွေဆိုရင် သွေးတိုးတာ၊ မူးလဲကျတာတွေပါ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လမှာ မန္တလေးမြို့က ချမ်းမြသာစည် နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းဖို့ မဲနှိုက်နေရပြီး မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရတဲ့အတွက် စိတ်သောကတွေ ရောက်နေရတာပါ။ လာ​ရောက်မဲနှိုက်ခြင်းမရှိတဲ့ မိဘတွေကိုတော့ ၎င်းတို့ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မဲနှိုက်သွားမယ်လို့ ကြေညာ ခြိမ်း​ခြောက်ပါတယ်။ မိခင်တွေလည်း သွားလည်းနားမထောင်ရဲသလို မသွားရင်လည်း ဖြစ်ချင်သလိုဖြစ်သွားမှာ စိုးရိမ်ကြတာကြောင့်အရဲစွန့်သွား
ခဲ့ကြရတယ်လို့ မိခင်တွေက ပြောပါတယ်။

မဲနှိုက်တဲ့အခါ ပြည်တွင်းမှာရှိတဲ့သား​တွေအပြင် ပြည်ပ​ရောက်​နေတဲ့ သား​တွေအတွက်ပါစစ်တပ်က ဖိအား​ပေး မဲနှိုက်ခိုင်း​နေတာပါ။

အာဏာသိမ်းစစ်တပ်ဟာ ရပ်ကွက်တွေထဲ စစ်မှုထမ်း မဲနှိုက်တာအပြင် ပေါ်တာဆွဲတာကိုလည်း မရပ်ပါဘူး။ မန္တလေးမြို့ပေါ်မှာ
နေ့ရောညပါ စစ်မှုထမ်း (စမထ) ဆွဲဖမ်းဆီးမှုများပြားနေပြီးအရင်လိုငွေပေးရွေးရန်မလွယ်
ကူတော့ဘူးလို့စုံစမ်းသိရပါတယ်။အိမ်စီကား
တွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးတိုင်းထဲက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်
တိုင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေ​တာပါ။

အာဏာသိမ်းစစ်တပ်က စစ်မှုမထမ်းမ​နေရ ဥပ​ဒေကို၂၀၂၄ ​ဖေ​ဖော်ဝါရီလမှာ ပြဌာန်းပြီး
လူငယ်​တွေကို ဖိအား​ပေးစစ်မှုထမ်းခိုင်း​နေတာဖြစ်ပါတယ် ။ဒါ့အပြင် လိုအပ်တဲ့အ​ရေအတွက်ရဖို့ ​နည်းမျိုးစုံနဲ့ပေါ်တာလည်းဆွဲ​ပါတယ် ။

စစ်မှုထမ်းစစ်သားသစ် ​တွေရဲ့အင်အား၊တရုတ်၊ရုရှား စတဲ့နိုင်ငံ​တွေက လက်နက်နဲ့နည်းပညာအကူအညီ​တွေနဲ့ ဆုံးရှုံးနယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းဖို့ကြိုးစား​​နေတာဖြစ်ပါတယ် ။ မြို့​ပေါင်း ၂၀ခန့်ပြန်ထိန်းချုပ်နိုင်​ပေမယ့် ရှမ်းပြည်နယ်​မြောက်ပိုင်းမှအပ နိုင်ငံတစ်ဝန်းခုခံမှု​ကောင်းတဲ​​ဒေသ​​တွေမှ ​တော်လှန်​ရေးအဖွဲ့​တွေက ခုခံစစ်၊တန်ပြန်ထိုးစစ်ဆင်နွှဲတာ​ကြောင့် စစ်တပ်ဟာ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှစစ်သား​တွေ​သေဆုံးတာ ၊ဒဏ်ရာရတာ၊ထွက်​ပြေးတာ ၊ ​တော်လှန်​ရေးတပ်​တွေထံအလင်း
ဝင်တာလည်းများ​နေပါတယ်။

ဒါ့​ကြောင့် စစ်တပ် က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာကို ရန်ကုန်လို ၊မိတ္ထီလာလိုမြို့​ စတဲ့မြို့တွေမှာပါ ​ပေါ်တာဆွဲတာကို အတင့်ရဲစွာလုပ်လာပါတယ်။ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်း-ကချင်ပြည်နယ်အစပ် ၊မ​ကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ရခိုင်နဲ့ဆက်စပ်​နေတဲ့ ဧရာ
ဝတီ-ပဲခူး-မ​ကွေး ​ စတဲ့​​​ဒေသကတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေကိုအဓိကသုံးပြီးတိုက်တာမှာ အခုလပိုင်းအတွင်းတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေ​သေဆုံး ဒဏ်ရာရတာ ထွက်​ပြေးတာ​​တွေအလွန်များ​နေတယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက​ပြောပါတယ်။ဒါ​ကြောင့်စစ်တပ်က ပြည်သူ့စစ်လို့​ခေါ်တဲ့ စစ်သားသစ်လိုအပ်ချက်ပိုများလာတာ​​ကြောင့် စစ်သားသစ်စု​ဆောင်းတာ ၊​ပေါ်တာဆွဲတာ​တွေကိုတိုးလုပ်လာပါတယ် ။

ဒီအ​ခြေအ​နေမှာ ပြည်သူ​တွေအ​နေနဲ့ လူငယ်​တွေကို စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်ပါးနပ်စွာ​နေကြဖို့တော်
လှန်​ရေးအင်အားစု​တွေက နှိုး​ဆော်​​​​နေကြပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့သတင်းတွေထွက်နေပြီး ယခု စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်
မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အရင်အကြိမ်​တွေထက် ဖိအား​ပေး လုပ်နေတာဖြစ်ကြောင်း စုံစမ်းသိရပါတယ်။

ဒါ​ကြောင့်မန္တ​လေးမြို့ ၊ရန်ကုန်မြို့ အပါအ
ဝင် မြို့ကြီး​တွေမှာဧည့်စာရင်းစစ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလည်း အဖြစ်များနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ "ညဆို ကိုယ်ငှားနေတဲ့ရပ်ကွက် မအိ​ပ်ရဲလို့ နည်းနည်းစိတ်ချရတဲ့ရပ်ကွက် ပြောင်းအိပ်နေရတယ်"လို့ မန္တလေး အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ။
🤬266👍4🔥4👎1🤣1🖕1