People's Spring
59.9K subscribers
70.8K photos
1.22K videos
9 files
3.04K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍2810🥰2💩2🤣2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၃၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်ခြေကုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၃၀ရက် မနေ့က ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးရှိ စစ်တပ် ခြေကုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။အခုသိမ်းရခဲ့တာဟာ စစ်တပ်က ယာယီခြေကုပ်ယူထားတဲ့နေရာဖြစ်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲမှာ ကျဆုံးထိခိုက်နဲ့ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိ အခြေအနေတွေကိုတော့ လတ်တလော မသိရသေးပါဘူး။

◾️မြောင်နယ် တရားစခန်းလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁ဦးထပ်တိုး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလွဲအိုကျေးရွာ တရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၁ရက် ဥပုသ်နေ့ မနက်ပိုင်းမှာ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ တရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ဦး စုစုပေါင်း ၁၄ ဦး သေဆုံးကာ ၂၈ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာ အမျိုးသမီး ၁ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့ပါတယ်။ သြဂုတ် ၂၉ ရက်မှာတော့ ဒဏ်ရာရထားတဲ့ လူငယ်အမျိုးသား ၁ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထပ်မံသေဆုံးတာက အသက် ၂၁ နှစ်ဝန်းကျင်အရွယ်ရှိပြီး သူက ဗုံးစမှန်ကာ ဗိုက်ပွင့်သွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။ အူဖြတ်ဆက်ထားရာကနေ အသက်ဆုံးရှုံးသွားတာလို့ ဒေသခံက ရှင်းပြပါတယ်။ ဒါ့အပြင် ကျန်တဲ့ ဒဏ်ရာရသူ ၂၆ ဦးဝန်းကျင်ကလည်း ဒီနေ့အထိ ဆက်လက်ဆေးကုသနေရဆဲလို့ သိရပါတယ်။

◾️မင်းတပ်မြို့အနီး စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေ အပါအဝင် ၈ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက် မနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ စစ်တပ်ဟာ လတ်တလော မင်းတပ်ဒေသမှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံက ဆိုပါတယ်။ စစ်တပ်ဟာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၄လုံး ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ဦးထဲမှာ KG တန်းတက်နေတဲ့ ကလေးငယ်၊ ၉တန်းတက်နေတဲ့ ကလေး နဲ့ သက်ကြီးပိုင်းအဖိုးအဖွားတွေ ပါဝင်တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးကာ အချို့ မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။

◾️စစ်တပ်က ရှုံးမဲမဲပြီး ပြည်သူကို ဗုံးကြဲ​လို့ ချင်းတပ်ထုတ်ပြန်

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အသိပေးထုတ်ပြန်ရာမှာ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရကြောင်းအသိပေးထားပါတယ်။ ဝုမ်းခုမ်ရွာမှာ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မူလတန်းကျောင်းသား ၂ဦး ၊ ၉တန်းကျောင်းသူ ၁ဦး ၊ စစ်ရှောင် ၂ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွား တွေအပါအဝင် ဒေသခံ ပြည်သူ ၈ဦး သေဆုံးကာ ၁၅ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး အခြားပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဖော်ပြထားပါတယ်။

◾️မလှိုင်မြို့နယ် စစ်တပ် အုပ်ကြီး အပါအဝင် ဒေသခံ ၁၂ဦးအသတ်ခံရပြီးနောက် စစ်ကြောင်း ဝင်လာ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးရွာမှာ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူ​စောထီး​ခေါင်း​ဆောင်လည်းဖြစ်သူ အပါအဝင် ဒေသခံ ၁၂ ဦး ဒီနေ့ သတ်ဖြတ်ခံရပြီး​နောက် စစ်တပ်စစ်​ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၃၁ရက် မနက်မှာ ကား ၄စီးနဲ့ လက်နက်ကိုင်ဆောင်ထားသူတွေ ဝင်လာပြီး ထမ္မကြီးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး စိုးလင်းထိုက်အပါအဝင် အမျိုးသား၁၀ဦးနဲ့ အမျိုးသမီး၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မလှိုင်မြို့ကနေ စစ်တပ်က ကားတွေနဲ့​ ရောက်လာပြီး ရွာထဲဝင်ရောက်လာတာမို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ သေဆုံးသူ စိုးလင်းထိုက်ဟာ ၂၀၂၄ခုနှစ်ကတည်းက စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။
👍222🤮2🖕1
◾️မြိတ်နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၂ဦးကို သတ်ဖြတ်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၇ရက်မှာ စစ်တပ်က မဇောကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးကာ ငါးရပ်အင်းရွာနေ ပြည်သူ အမျိုးသား ၂ဦး သတ်ဖြတ်ခဲ့သလို တုံးဗျောရွာရှိ ပြည်သူလူထု နေအိမ် ၈လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ် ၂၈ရက်မှာလည်း ရေခမ်းချောင်းရွာက ပြည်သူလူထုနေအိမ် ၁လုံးကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်တပ်ဟာ မဇောကျေးရွာအုပ်စုက ငါးရပ်အင်းကျေးရွာ၊ တုံး‌ဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတွေကို စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတာလို့ ဆိုပါတယ်။ အဲဒီအထဲက တုံးဗျောရွာကို အရင်က စစ်တပ်က တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီတပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဩဂုတ် ၂၄ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

◾️ပြည်မနဲ့ ပြည်ပကို ပို့ပေးနေတဲ့ ပွဲစားတွေကို AA ရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ အရေးယူ

ရခိုင်ပြည်နယ်မှာ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း ၃၅ မှုကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့ (DLEPS)က ထုတ်ပြန်ပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (NDEP)ကြောင့် စစ်မှုထမ်းရမှာ စိုးရိမ်တာ၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးတာတို့ကြောင့် ပွဲစားတွေရဲ့အကူအညီနဲ့ တောတောင်၊ ချောင်းမြောင်းတွေ ဖြတ်ကျော်ကာ ရခိုင်ပြည်အပြင်ဘက် ထွက်ခွာဖို့ ကြိုးစားရင်း လူကုန်ကူးခံရတာတွေအပြင် စစ်တပ်ရဲ့ ဖမ်းဆီးခံရမှုတွေနဲ့ပါ ကြုံနေကြရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရန်ကုန်အပါအဝင် ရခိုင်ပြည်ပြင်ပနေရာတွေကို သွားလိုသူတွေနဲ့ ရခိုင်ပြည်ပြင်ပက ရခိုင်ပြည်တွင်းသို့ပြန်လာလိုသူတွေဟာ ပွဲစားတွေနဲ့တဆင့် ချိတ်ဆက်ပြီး သွားလာနေကြပြီး လူတစ်ဦးအတွက် ရခိုင်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်သိန်းလေးဆယ်ဝန်းကျင် စျေးရှိနေတယ်လို့ သိရပါတယ်။

◾️မောင်တောတောင်ပိုင်းမှာ AA နဲ့ ARSA တို့ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကမ်းခြေအနီး မယူတောင်တန်းပေါ်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး ARSA တပ်ဖွဲ့ဝင်အချို့ကို အရှင် ဖမ်းဆီးရမိထားတယ်လို့ AA သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ်၂၉ ရက်က စပြီးမောင်တောမြို့နယ်တောင်ပိုင်း ဂြင်းတောချောင်း၀ရွာအနီးဝန်းကျင်မှာ တိုက်ပွဲစဖြစ်နေခဲ့တာဖြစ်ကာ ဒီနေ့ သြဂုတ် ၃၁ရက်အထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ARSA တပ်ဖွဲ့ဝင် ဆယ်ဦးဝန်းကျင်ကို သေနတ်၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းတုန်းကလည်း ARSA အဖွဲ့ လှုပ်ရှားမှုတွေရှိခဲ့ပြီး AAနဲ့တိုက်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။

◾️AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ၂၀၂၆ ရာမွန်မက်ဆေဆေဆု ရရှိ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။ AAPPရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဦးဘိုကြည်ဟာ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆု(Ramon Magsaysay Award)ဂုဏ်ပြုချီးမြှင့်ခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း AAPP က ဒီနေ့ သြဂုတ် ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်း ရာမွန်မက်ဆေဆေကို ဂုဏ်ပြုပြီး ပေးအပ်ချီးမြှင့်တဲ့ Ramon Magsaysay Award ကို ၁၉၅၈ ခုနှစ်မှာ စတင်ခဲ့ပြီး အာရှတိုက်ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုအဖြစ် တင်စားကြပါတယ်။၂၀၂၆ ခုနှစ်အတွက် ရာမွန်မက်ဆေဆေဆုကို စင်ကာပူနိုင်ငံက တွန်မီကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရူနာခမ်း၊ မြန်မာနိုင်ငံက ဦးဘိုကြည်တို့ ရရှိကြောင်း ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဥက္ကဋ္ဌ အက်ဂါချူးက ဒီနေ့ ကြေညာပါတယ်။ ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဆုရွေးချယ်ရေးအဖွဲ့ဟာ ၈၈ မျိုးဆက် နိုင်ငံရေးအကျဥ်းသားဟောင်းလည်း ဖြစ်သူ ဦးဘိုကြည်ရဲ့ ဘဝတလျှောက် လုပ်ဆောင်ချက်များကို အမှန်တရား၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတို့အတွက် မယိမ်းမယိုင်းဘဲ ကြိုးပမ်းရှာဖွေမှုအဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြပါတယ်။

◾️ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ​​ လှေမှောက်၊ ဒေသခံနှစ်ဦးပျောက်ဆုံးနေ
👍224👏1🤮1
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေ လိုက်ပါလာတဲ့ လှေတစ်စီးတိမ်းပြီး နှစ်ဦး ပျောက်ဆုံးနေပါတယ်။ ငါးသိုင်းချောင်း-အိုင်သပြုလမ်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေ ဖြတ်လို့မရလို့ ဒေသခံတွေဟာ ‌လှေတွေနဲ့သာ သွားလာနေကြတာပါ။ ​လှေ​ပေါ်ပါသူ တစ်ဦးကို ကယ်တင်နိုင်​ပေမယ့် ပျောက်ဆုံးနေသူ ၂ ဦးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ ဒေသခံလူမှုကူညီ ရေးအဖွဲ့ဖြစ်တဲ့ ကရုဏာကမ်းလက်အဖွဲ့ကလည်း ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေနေတယ်လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

◾️မိုးကြီးနိုင်လို့ စက်တင်ဘာလဆန်းမှာ ရေဘေးအန္တရာယ်ဆက်ရှိ

အနောက်တောင်မုတ်သုံလေအားကောင်းနေတာနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သြဂုတ် ၃၁ရက်ကနေ စက်တင်ဘာ ၆ရက်အထိ မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းလည်း ပိုအားကောင်းလာနိုင်သလို တချိန်တည်းမှာ အနောက်တောင်မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ လက်ရှိရာသီဥတုအခြေအနေအရ နောက်ဆက်တွဲ ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေစီးဆင်းခြင်း၊ ကမ်းပါးပြိုမြေပြိုခြင်းနဲ့ လျှပ်တစ်ပြက် ရေကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိပြုနေထိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။

◾️စစ်ကိုင်း-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲကြမ်းနေ

စစ်ကိုင်း-‌ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေ ကြမ်းနေလို့ အခုရက်ပိုင်းတွေမှာ လူငယ်အမျိုးသား၊ အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။ ကောလင်းနဲ့ ရွှေဘိုမြို့နယ်ကြားမှာ စစ်တပ်က စစ်ဆေးရေး ၇ဂိတ်ဆက်တိုက်ရှိတဲ့ ပေကြီးလမ်းပိုင်းမှာ ကားပေါ်ပါလာတဲ့ ခရီးသည်လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို ပေါ်တာဆွဲနေတာလို့ ယာဥ်မောင်းတွေက ပြောပါတယ်။ ပေကြီးလမ်းပိုင်းမှာ အခုတလော ပေါ်တာ အရမ်းဆွဲနေပြီး မိန်းကလေးတွေပါ ဆွဲတာလို့ ယာဥ်မောင်းသူတစ်ဦးက ပြောပါတယ်။

◾️မဟာအောင်မြေမှာ ပျူစောထီးတွေက ပစ္စည်းပို့သမားဆီက ငွေလု

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ သြဂုတ် ၂၉ ရက် ည ၁၁နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၅ လမ်း၊ ၉၀ လမ်းနဲ့ ကန်ပတ်လမ်းကြား၊ မဟာစည်ဘုန်းကြီးကျောင်းအရှေ့ဘက်လမ်းသစ်မှာ နံပတ်ပြားမပါတဲ့ အဖြူရောင် Mark II ကားနဲ့ ကားပေါ်မှာ သေနတ်တွေ ၊ ဓါးတွေပါတဲ့ ပျူစောထီး ၅ဦး ရောက်ရှိလာကြောင်း၊ အဲဒီနောက် ပစ္စည်းပို့သမား အသက် ၂၀ အရွယ် လူငယ်ဆီကနေ ငွေကျပ် (၄) သိန်းကျော်နဲ့ဖုန်း (၂) လုံး ခြိမ်းခြောက် လုယူသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။ အဲဒီပျူစောထီးတွေဟာ ဘယ်မြို့နယ်ကအဖွဲ့ ဆိုတာတော့ မသိရသေးပါဘူး။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ လုပ်နေပါတယ်။

◾️မုံရွာ မီးလောင်မှု အဘိုးအို ၁ဦး သေဆုံး

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ည ၁၁နာရီခန့်က မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံအချို့က ပြောပါတယ်။ အဘိုးကတော့ တစ်ကိုယ်လုံးနီးပါး လောင်သွားတယ်လို့ ကြားသိရကြောင်းနဲ့ မုံရွာအခြေအနေက ဆိုးနေတော့ အပြင်ထွက်မကြည့်ရဲကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
👍24🤮21🖕1
👍15👎2👏2🔥1😢1
🔥10😢5😱1🤣1
■ဆောင်းပါး

လူသိနည်းသော ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATFကမြန်မာ့လူသတ်စစ်အစိုးရကိုဖြိုလှဲနိုင်

●TATFသည်စစ်တပ်ကအမေရိကန်၏အဓိက
ပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်
သည်။

- ဥဂ္ဂါ ရေးသားသည်။

စစ်ကောင်စီရဲ့ ရှင်သန်နိုင်စွမ်းကို ထောက်ပံ့ပေးနေတဲ့ အဓိကအသက်သွေးကြောဟာ နိုင်
ငံခြားငွေကြေးစီးဆင်းမှု ဖြစ်ပါတယ်။ ရုရှား၊ တရုတ်နဲ့ အီရန်တို့ထံမှ လက်နက်ဝယ်ယူနိုင်ဖို့ အားကိုးနေရတဲ့ ဒီငွေကြေးလမ်းကြောင်းကို ထိန်းချုပ်ကန့်သတ်နိုင်မယ်ဆိုရင် စစ်ကောင်
စီရဲ့ စစ်ဆင်ရေးစွမ်းရည်နဲ့ အုပ်ချုပ်နိုင်စွမ်းကို အကြီးအကျယ် ထိခိုက်ပြိုလဲစေနိုင်တယ်လို့ ဒန်ဆွစ်ဖ်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြံပေးဟောင်း၊ စီးပွားရေးပညာရှင် ရှောင်တာနဲလ်တို့က ဝါရှင်တန်ပို့စ် ပါ “The FATF could collapse Myanmar’s regime” ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

အဆိုပါဆောင်းပါးမှာ ငွေကြေးစီးဆင်းမှုတွေကို ထိရောက်စွာ ကန့်သတ်နိုင်မယ့် အဓိက နိုင်ငံတကာယန္တရားတစ်ခုအဖြစ် ငွေကြေးစနစ်ကို စောင့်ကြည့်ထိန်းချုပ်နေတဲ့ Financial Action Task Force (FATF) ကို ဖော်ပြထားပါတယ်။

အကယ်၍ FATF က ပိုမိုတင်းကျပ်တဲ့ အရေး
ယူမှုများချမှတ်လာပါက၊အမေရိကန်နဲ့ မဟာ
မိတ်နိုင်ငံများ အနေဖြင့် မိမိတို့ရဲ့ အဓိကပြိုင်
ဘက်နိုင်ငံများနဲ့ စစ်ကောင်စီကြား နိုင်ငံခြား
ငွေ စီးဆင်းမှုကို ကန့်သတ်နိုင်မယ့် အခွင့်အ
ရေးတစ်ရပ် ရရှိလာနိုင်တယ်လို့ ဆောင်းပါးက သုံးသပ် ထားပါတယ်။

ကမ္ဘာ့အကြီးဆုံးငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ FATF (Financial Action Task Force) ရဲ့အဖွဲ့ဝင်အမေရိကန်အပါအ
ဝင်နိုင်ငံပေါင်း ၄၀ ဟာလာမယ့်အောက်တို
ဘာလ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေအတွက်
ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်မလားဆိုတာ ဆုံး
ဖြတ်ကြမှာဖြစ်ပါတယ်။

FATF ဆိုတာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုနဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်တွေ ပျံ့နှံ့ရေးအတွက် ငွေကြေးထောက်ပံ့မှု တွေကို တားဆီးဖို့ နိုင်ငံတကာက ဖွဲ့စည်းထားတဲ့ငွေကြေးစောင့်ကြည့်ရေးအဖွဲ့အစည်း တစ်
ခုဖြစ်ပြီး သူတို့မှာ စစ်တပ်မရှိသလို အရေးယူပိုင်ခွင့်ကိုလည်း တိုက်ရိုက်အသုံးမပြုနိုင်ပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက် တစ်ခုက ကမ္ဘာတစ်ဝန်း ဘဏ်တွေရဲ့လုပ်ဆောင်ပုံကို ပြောင်း
လဲသွားစေနိုင်တဲ့ သြဇာရှိပါတယ်။

ရှောင်တာနဲလ်တို့ရဲ့ ဒီဆောင်းပါးက စစ်အစိုး
ရရဲ့ အကြီးမားဆုံး အားနည်းချက်တစ်ခုဟာ နိုင်ငံခြားငွေ လိုအပ်ချက် ဖြစ်ပြီး လက်ရှိအ
ချိန်မှာ ဘဏ္ဍာငွေပြတ်လပ်မှု၊ငွေကြေးကျပ်
တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ရုရှား၊ တရုတ် နဲ့ အီရန်နိုင်ငံတို့ထံမှ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေ(အထူးသဖြင့် အမေရိကန်ဒေါ်လာ)ကိုမဖြစ်မနေလိုအပ်နေ‌
ကြောင်းထောက်ပြထားပါတယ်။

စစ်အစိုးရအတွက် လက်ရှိအရေးယူမှု‌တွေကနေ ဆက်လက်ရပ်တည်နိုင်ဘို့ အရေးကြီးဆုံး ကတော့ နိုင်ငံခြားငွေကို စုဆောင်းထားနိုင်ဖို့ပါပဲ။ဒီအတွက်ပြည်ပရောက်မြန်မာလုပ်သား
တွေ ဝင်ငွေရဲ့ ၂၅ရာခိုင်နှုန်းကို မဖြစ်မနေ အစိုးရသတ်မှတ်ထားတဲ့ မြန်မာဘဏ်များမှ တဆင့်သာ လွှဲခိုင်းတာ၊ ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေဟာ နိုင်ငံခြားငွေ စုဆောင်းဖို့ ကြိုး
စားနေတဲ့ နည်းလမ်းတွေလို့ ဆောင်းပါးက
ဆိုပါတယ်။

တရားဝင်ဘဏ်စနစ်ကိုမသုံးဘဲ ပြည်ပမှ ငွေလွှဲပေးတဲ့ အလွတ်သဘော ကွန်ရက်တစ်ခုဖြစ်တဲ့ ဟွန်ဒီငွေလွှဲစနစ် လုပ်ကိုင်နေသူတွေကို စစ်အစိုးရကဖမ်းဆီးအရေးယူနေတာဟာလည်း ငွေကြေးခဝါချမှုကို တိုက်ဖျက်တာထက် နိုင်ငံခြားငွေတွေကို အစိုးရထိန်းချုပ်တဲ့ ဘဏ်စနစ်ထဲ မဖြစ်မနေ ဝင်လာအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်က ပိုများတယ်လို့ စာ
ရေးသူတွေက သုံးသပ်ထားပါတယ်။

ဒီလိုစစ်အစိုးရက နိုင်ငံခြားငွေစီးဆင်းမှုကို အလွန်အမင်း အားကိုးနေရတဲ့ အခြေအနေမှာပဲ FATF ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါတယ်။ အထူးသဖြင့် FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်း
ထန်ဆုံးအဆင့်အထိ သတ်မှတ်လိုက်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တ
ရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် စစ်အစိုးရအတွက် နိုင်ငံခြား
ငွေ ရရှိဖို့ ပိုခက်လာမယ်၊ နိုင်ငံတကာ ငွေပေးချေမှုစနစ်ကို အသုံးပြုဖို့ အတားအဆီးတွေ များလာမယ်၊ လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာမယ်၊ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ သုံးသပ်ထားပါတယ်။

ဒီနေရာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တရုတ်က FATF အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရုရှားရဲ့ FATF အဖွဲ့ဝင်အခွင့်အရေးက
တော့ ၂၀၂၃ ခုနှစ်ကတည်းက ဆိုင်းငံ့ခံထားရပါတယ်။
👍23🤣74🖕2👎1🔥1
တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်အစိုးရရဲ့ အရေးပါဆုံး နိုင်ငံရေးနဲ့ မဟာဗျူဟာမိတ်ဖက်တွေ ဖြစ်နေပေမယ့်၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်အပေါ် မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ သက်ရောက်မှုတွေကို ချိန်ဆရမယ့်အချိန် ရောက်လာရင် မြန်မာစစ်အစိုးရဘက်မှာ အမြဲတမ်း မပြောင်းမလဲ ရပ်တည်ပေးမယ်လို့ အာမခံနိုင်မှာ မဟုတ်ပါ။ အထူးသဖြင့် FATF လို နိုင်ငံတကာ ဘဏ္ဍာရေးစံနှုန်း တွေကို ထိန်းသိမ်းတဲ့ ယန္တရားအတွင်းမှာတော့ မဟာဗျူဟာမိတ်ဖက်ဖြစ်ခြင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လေ့မရှိဘဲ ကိုယ်ပိုင်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကိုသာ ဦးစားပေးတွက်ချက်နိုင်ခြေ ပိုများပါတယ်။

စစ်အစိုးရကလည်း အခြားငွေပေးချေမှုလမ်းကြောင်းများ ရှာဖွေခြင်းနဲ့ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ခြင်းတို့မှတစ်ဆင့် ဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်း လာနိုင်ပါတယ်။

ဒါပေမယ့် ရှောင်တာနဲလ်တို့ ထောက်ပြတဲ့ အဓိကအချက်ကတော့ စစ်အစိုးရဟာ အတိတ်ကာလ တွေမှာ နိုင်ငံတကာစနစ်ရဲ့ အားနည်းချက်တွေကို အသုံးချပြီး ရှင်သန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် FATF ရဲ့ စောင့်ကြည့်မှုအောက်မှာ စာရွက်စာတမ်းပေါ်က ပြုပြင်ပြောင်းလဲမှု တွေကို ပြသနိုင်ခဲ့ပေမယ့်၊ လက်တွေ့မှာတော့ ငွေကြေးခဝါချမှုနဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ထိရောက်စွာ တားဆီးနိုင်ခဲ့ခြင်း မရှိဘူးလို့ သူတို့က ဝေဖန်ထားပါတယ်။

FATF ရဲ့ အကဲဖြတ်မှုမှာလည်း စည်းမျဉ်း၊ ဥပဒေ သတ်မှတ်ချက်များကို စာရွက်ပေါ်တွင် လိုက်နာထားမှု (Technical Compliance) တစ်ခုတည်းမဟုတ်ဘဲ၊ အဲဒီဥပဒေတွေကို လက်တွေ့မှာ ဘယ်လောက်ထိ ထိရောက်စွာ အကောင်အထည်ဖော်နိုင်သလဲဆိုတဲ့ (Effective Implementation) က ပိုအရေးကြီးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အတိတ်က စစ်အစိုးရအဆက်ဆက်ဟာ စာရွက်ပေါ်မှာ လိုအပ်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ ပြဋ္ဌာန်းပြခဲ့ရုံနဲ့ နိုင်ငံတကာအကဲဖြတ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်အတွင်းမှာပဲ တရားမဝင် စီးပွားရေးကွန်ရက်တွေ၊ သယံဇာတမှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ငွေကြေးစီးဆင်းမှုတွေ၊ လက်ရှိမှာ အကြီးအကျယ် ပြဿနာဖြစ်လာတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကနေ ရရှိတဲ့ ငွေကြေးတွေဟာ အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ဆက်လက် လည်ပတ်နိုင်ခဲ့ပြီး ဒီလိုအခြေအနေတွေက နောက်ဆုံးမှာ စစ်တပ်နဲ့ နီးစပ်တဲ့ အာဏာပိုင်အုပ်စုတွေ အတွက် ဘဏ္ဍာရေးအရ အသက်ရှူခွင့် ပေးခဲ့တယ်လို့ သူတို့က သုံးသပ်ထားပါတယ်။

FATF က အတိတ်က အရေးယူမှု ပျော့ကွက်တွေ ပေးခဲ့ခြင်း သို့မဟုတ် ဟန်ပြပြုပြင်မှုများကို လက်ခံခဲ့ခြင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း တွေ (ဥပမာ - ဦးပိုင်၊ မေတ္တာလင်းမြိုင်စတဲ့ စစ်တပ်စီးပွားရေးတွေ) ဟာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ် (SWIFT နှင့် ဒေါ်လာ စီးဆင်းမှုများ) ထဲမှာ ဆက်လက် လှုပ်ရှားနိုင်ခဲ့ပါတယ်။

ဒါကြောင့် စစ်အစိုးရဟာ နိုင်ငံတကာ ဘဏ်လမ်းကြောင်းတွေကို အသုံးပြုပြီး သယံဇာတ ရောင်းရငွေများ သိမ်းဆည်းခြင်း၊ စစ်လက်နက် ပစ္စည်းများ ဝယ်ယူရန်အတွက် နိုင်ငံခြားငွေကို လွတ်လပ်စွာ ကိုင်တွယ် အသုံးပြုနိုင်ခဲ့ခြင်း တို့ကြောင့် ဘဏ္ဍာငွေ ပိုမိုတောင့်တင်းစေခဲ့တယ်လို့ ဆောင်းပါးက ထောက်ပြထားပါတယ်။

FATF ဟာ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို နာမည်ပျက်စာရင်း (Blacklist) ထဲ ထည့်သွင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အပြင်းထန်ဆုံး ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူမှုဖြစ်တဲ့ ကောင်တာမက်ရှား (Countermeasures) ကို အပြည့်အဝ မကျင့်သုံးသေးပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ် ဆုံးဖြတ်ခွင့် ရလာတဲ့အခါ FATF အနေနဲ့ အရင်ကလို လျှော့ပေါ့တဲ့ တုံ့ပြန်မှုမျိုး မလုပ်သင့်တော့ဘဲ၊ အဖွဲ့ရဲ့ အမြင့်ဆုံးနဲ့ အပြင်းထန်ဆုံး အရေးယူမှုယန္တရားတွေကို အပြည့်အဝ အသုံးပြုပြီး စစ်အစိုးရရဲ့ တရားမဝင် ငွေကြေးလမ်းကြောင်းတွေကို ထိရောက်စွာ ပိတ်ဆို့သင့်ကြောင်း ဒန်ဆွစ်ဖ်နဲ့ ရှောင်တာနဲလ်တို့က ဒီဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

ကိုးကား - The Washington Post
31👍4🤣4🖕3👎1
👍14🤣8👎2🖕21🔥1