“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၃၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်ခြေကုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၃၀ရက် မနေ့က ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးရှိ စစ်တပ် ခြေကုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။အခုသိမ်းရခဲ့တာဟာ စစ်တပ်က ယာယီခြေကုပ်ယူထားတဲ့နေရာဖြစ်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲမှာ ကျဆုံးထိခိုက်နဲ့ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိ အခြေအနေတွေကိုတော့ လတ်တလော မသိရသေးပါဘူး။
◾️မြောင်နယ် တရားစခန်းလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁ဦးထပ်တိုး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလွဲအိုကျေးရွာ တရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၁ရက် ဥပုသ်နေ့ မနက်ပိုင်းမှာ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ တရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ဦး စုစုပေါင်း ၁၄ ဦး သေဆုံးကာ ၂၈ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာ အမျိုးသမီး ၁ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့ပါတယ်။ သြဂုတ် ၂၉ ရက်မှာတော့ ဒဏ်ရာရထားတဲ့ လူငယ်အမျိုးသား ၁ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထပ်မံသေဆုံးတာက အသက် ၂၁ နှစ်ဝန်းကျင်အရွယ်ရှိပြီး သူက ဗုံးစမှန်ကာ ဗိုက်ပွင့်သွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။ အူဖြတ်ဆက်ထားရာကနေ အသက်ဆုံးရှုံးသွားတာလို့ ဒေသခံက ရှင်းပြပါတယ်။ ဒါ့အပြင် ကျန်တဲ့ ဒဏ်ရာရသူ ၂၆ ဦးဝန်းကျင်ကလည်း ဒီနေ့အထိ ဆက်လက်ဆေးကုသနေရဆဲလို့ သိရပါတယ်။
◾️မင်းတပ်မြို့အနီး စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေ အပါအဝင် ၈ဦး သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက် မနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ စစ်တပ်ဟာ လတ်တလော မင်းတပ်ဒေသမှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံက ဆိုပါတယ်။ စစ်တပ်ဟာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၄လုံး ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ဦးထဲမှာ KG တန်းတက်နေတဲ့ ကလေးငယ်၊ ၉တန်းတက်နေတဲ့ ကလေး နဲ့ သက်ကြီးပိုင်းအဖိုးအဖွားတွေ ပါဝင်တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးကာ အချို့ မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။
◾️စစ်တပ်က ရှုံးမဲမဲပြီး ပြည်သူကို ဗုံးကြဲလို့ ချင်းတပ်ထုတ်ပြန်
ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အသိပေးထုတ်ပြန်ရာမှာ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရကြောင်းအသိပေးထားပါတယ်။ ဝုမ်းခုမ်ရွာမှာ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မူလတန်းကျောင်းသား ၂ဦး ၊ ၉တန်းကျောင်းသူ ၁ဦး ၊ စစ်ရှောင် ၂ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွား တွေအပါအဝင် ဒေသခံ ပြည်သူ ၈ဦး သေဆုံးကာ ၁၅ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး အခြားပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဖော်ပြထားပါတယ်။
◾️မလှိုင်မြို့နယ် စစ်တပ် အုပ်ကြီး အပါအဝင် ဒေသခံ ၁၂ဦးအသတ်ခံရပြီးနောက် စစ်ကြောင်း ဝင်လာ
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးရွာမှာ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ အပါအဝင် ဒေသခံ ၁၂ ဦး ဒီနေ့ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၃၁ရက် မနက်မှာ ကား ၄စီးနဲ့ လက်နက်ကိုင်ဆောင်ထားသူတွေ ဝင်လာပြီး ထမ္မကြီးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး စိုးလင်းထိုက်အပါအဝင် အမျိုးသား၁၀ဦးနဲ့ အမျိုးသမီး၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မလှိုင်မြို့ကနေ စစ်တပ်က ကားတွေနဲ့ ရောက်လာပြီး ရွာထဲဝင်ရောက်လာတာမို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ သေဆုံးသူ စိုးလင်းထိုက်ဟာ ၂၀၂၄ခုနှစ်ကတည်းက စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

👍22❤2🤮2🖕1
◾️မြိတ်နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၂ဦးကို သတ်ဖြတ်
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၇ရက်မှာ စစ်တပ်က မဇောကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးကာ ငါးရပ်အင်းရွာနေ ပြည်သူ အမျိုးသား ၂ဦး သတ်ဖြတ်ခဲ့သလို တုံးဗျောရွာရှိ ပြည်သူလူထု နေအိမ် ၈လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ် ၂၈ရက်မှာလည်း ရေခမ်းချောင်းရွာက ပြည်သူလူထုနေအိမ် ၁လုံးကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်တပ်ဟာ မဇောကျေးရွာအုပ်စုက ငါးရပ်အင်းကျေးရွာ၊ တုံးဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတွေကို စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတာလို့ ဆိုပါတယ်။ အဲဒီအထဲက တုံးဗျောရွာကို အရင်က စစ်တပ်က တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီတပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဩဂုတ် ၂၄ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
◾️ပြည်မနဲ့ ပြည်ပကို ပို့ပေးနေတဲ့ ပွဲစားတွေကို AA ရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ အရေးယူ
ရခိုင်ပြည်နယ်မှာ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း ၃၅ မှုကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့ (DLEPS)က ထုတ်ပြန်ပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (NDEP)ကြောင့် စစ်မှုထမ်းရမှာ စိုးရိမ်တာ၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးတာတို့ကြောင့် ပွဲစားတွေရဲ့အကူအညီနဲ့ တောတောင်၊ ချောင်းမြောင်းတွေ ဖြတ်ကျော်ကာ ရခိုင်ပြည်အပြင်ဘက် ထွက်ခွာဖို့ ကြိုးစားရင်း လူကုန်ကူးခံရတာတွေအပြင် စစ်တပ်ရဲ့ ဖမ်းဆီးခံရမှုတွေနဲ့ပါ ကြုံနေကြရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရန်ကုန်အပါအဝင် ရခိုင်ပြည်ပြင်ပနေရာတွေကို သွားလိုသူတွေနဲ့ ရခိုင်ပြည်ပြင်ပက ရခိုင်ပြည်တွင်းသို့ပြန်လာလိုသူတွေဟာ ပွဲစားတွေနဲ့တဆင့် ချိတ်ဆက်ပြီး သွားလာနေကြပြီး လူတစ်ဦးအတွက် ရခိုင်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်သိန်းလေးဆယ်ဝန်းကျင် စျေးရှိနေတယ်လို့ သိရပါတယ်။
◾️မောင်တောတောင်ပိုင်းမှာ AA နဲ့ ARSA တို့ တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကမ်းခြေအနီး မယူတောင်တန်းပေါ်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး ARSA တပ်ဖွဲ့ဝင်အချို့ကို အရှင် ဖမ်းဆီးရမိထားတယ်လို့ AA သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ်၂၉ ရက်က စပြီးမောင်တောမြို့နယ်တောင်ပိုင်း ဂြင်းတောချောင်း၀ရွာအနီးဝန်းကျင်မှာ တိုက်ပွဲစဖြစ်နေခဲ့တာဖြစ်ကာ ဒီနေ့ သြဂုတ် ၃၁ရက်အထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ARSA တပ်ဖွဲ့ဝင် ဆယ်ဦးဝန်းကျင်ကို သေနတ်၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းတုန်းကလည်း ARSA အဖွဲ့ လှုပ်ရှားမှုတွေရှိခဲ့ပြီး AAနဲ့တိုက်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။
◾️AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ၂၀၂၆ ရာမွန်မက်ဆေဆေဆု ရရှိ
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။ AAPPရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဦးဘိုကြည်ဟာ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆု(Ramon Magsaysay Award)ဂုဏ်ပြုချီးမြှင့်ခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း AAPP က ဒီနေ့ သြဂုတ် ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်း ရာမွန်မက်ဆေဆေကို ဂုဏ်ပြုပြီး ပေးအပ်ချီးမြှင့်တဲ့ Ramon Magsaysay Award ကို ၁၉၅၈ ခုနှစ်မှာ စတင်ခဲ့ပြီး အာရှတိုက်ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုအဖြစ် တင်စားကြပါတယ်။၂၀၂၆ ခုနှစ်အတွက် ရာမွန်မက်ဆေဆေဆုကို စင်ကာပူနိုင်ငံက တွန်မီကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရူနာခမ်း၊ မြန်မာနိုင်ငံက ဦးဘိုကြည်တို့ ရရှိကြောင်း ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဥက္ကဋ္ဌ အက်ဂါချူးက ဒီနေ့ ကြေညာပါတယ်။ ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဆုရွေးချယ်ရေးအဖွဲ့ဟာ ၈၈ မျိုးဆက် နိုင်ငံရေးအကျဥ်းသားဟောင်းလည်း ဖြစ်သူ ဦးဘိုကြည်ရဲ့ ဘဝတလျှောက် လုပ်ဆောင်ချက်များကို အမှန်တရား၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတို့အတွက် မယိမ်းမယိုင်းဘဲ ကြိုးပမ်းရှာဖွေမှုအဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြပါတယ်။
◾️ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ လှေမှောက်၊ ဒေသခံနှစ်ဦးပျောက်ဆုံးနေ

👍22❤4👏1🤮1
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေ လိုက်ပါလာတဲ့ လှေတစ်စီးတိမ်းပြီး နှစ်ဦး ပျောက်ဆုံးနေပါတယ်။ ငါးသိုင်းချောင်း-အိုင်သပြုလမ်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေ ဖြတ်လို့မရလို့ ဒေသခံတွေဟာ လှေတွေနဲ့သာ သွားလာနေကြတာပါ။ လှေပေါ်ပါသူ တစ်ဦးကို ကယ်တင်နိုင်ပေမယ့် ပျောက်ဆုံးနေသူ ၂ ဦးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ ဒေသခံလူမှုကူညီ ရေးအဖွဲ့ဖြစ်တဲ့ ကရုဏာကမ်းလက်အဖွဲ့ကလည်း ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေနေတယ်လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။
◾️မိုးကြီးနိုင်လို့ စက်တင်ဘာလဆန်းမှာ ရေဘေးအန္တရာယ်ဆက်ရှိ
အနောက်တောင်မုတ်သုံလေအားကောင်းနေတာနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သြဂုတ် ၃၁ရက်ကနေ စက်တင်ဘာ ၆ရက်အထိ မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းလည်း ပိုအားကောင်းလာနိုင်သလို တချိန်တည်းမှာ အနောက်တောင်မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ လက်ရှိရာသီဥတုအခြေအနေအရ နောက်ဆက်တွဲ ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေစီးဆင်းခြင်း၊ ကမ်းပါးပြိုမြေပြိုခြင်းနဲ့ လျှပ်တစ်ပြက် ရေကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိပြုနေထိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။
◾️စစ်ကိုင်း-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲကြမ်းနေ
စစ်ကိုင်း- ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေ ကြမ်းနေလို့ အခုရက်ပိုင်းတွေမှာ လူငယ်အမျိုးသား၊ အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။ ကောလင်းနဲ့ ရွှေဘိုမြို့နယ်ကြားမှာ စစ်တပ်က စစ်ဆေးရေး ၇ဂိတ်ဆက်တိုက်ရှိတဲ့ ပေကြီးလမ်းပိုင်းမှာ ကားပေါ်ပါလာတဲ့ ခရီးသည်လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို ပေါ်တာဆွဲနေတာလို့ ယာဥ်မောင်းတွေက ပြောပါတယ်။ ပေကြီးလမ်းပိုင်းမှာ အခုတလော ပေါ်တာ အရမ်းဆွဲနေပြီး မိန်းကလေးတွေပါ ဆွဲတာလို့ ယာဥ်မောင်းသူတစ်ဦးက ပြောပါတယ်။
◾️မဟာအောင်မြေမှာ ပျူစောထီးတွေက ပစ္စည်းပို့သမားဆီက ငွေလု
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ သြဂုတ် ၂၉ ရက် ည ၁၁နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၅ လမ်း၊ ၉၀ လမ်းနဲ့ ကန်ပတ်လမ်းကြား၊ မဟာစည်ဘုန်းကြီးကျောင်းအရှေ့ဘက်လမ်းသစ်မှာ နံပတ်ပြားမပါတဲ့ အဖြူရောင် Mark II ကားနဲ့ ကားပေါ်မှာ သေနတ်တွေ ၊ ဓါးတွေပါတဲ့ ပျူစောထီး ၅ဦး ရောက်ရှိလာကြောင်း၊ အဲဒီနောက် ပစ္စည်းပို့သမား အသက် ၂၀ အရွယ် လူငယ်ဆီကနေ ငွေကျပ် (၄) သိန်းကျော်နဲ့ဖုန်း (၂) လုံး ခြိမ်းခြောက် လုယူသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။ အဲဒီပျူစောထီးတွေဟာ ဘယ်မြို့နယ်ကအဖွဲ့ ဆိုတာတော့ မသိရသေးပါဘူး။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ လုပ်နေပါတယ်။
◾️မုံရွာ မီးလောင်မှု အဘိုးအို ၁ဦး သေဆုံး
မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ည ၁၁နာရီခန့်က မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံအချို့က ပြောပါတယ်။ အဘိုးကတော့ တစ်ကိုယ်လုံးနီးပါး လောင်သွားတယ်လို့ ကြားသိရကြောင်းနဲ့ မုံရွာအခြေအနေက ဆိုးနေတော့ အပြင်ထွက်မကြည့်ရဲကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

👍24🤮2❤1🖕1