မြေပြင်တိုက်ပွဲအထိနာတဲ့ စစ်တပ်က ရှုံးမဲမဲပြီး ပြည်သူကို ဗုံးကြဲလို့ အရပ်သားတွေ အစုလိုက်သေဆုံးဟု ချင်းတပ်ထုတ်ပြန်
ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အသိပေးထုတ်ပြန်ရာမှာ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရကြောင်းအသိပေးထားပါတယ်။
၀ုမ်းခုမ်ရွာမှာ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မူလတန်းကျောင်းသား ၂ဦး ၊ ၉တန်းကျောင်းသူ ၁ဦး ၊ စစ်ရှောင် ၂ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွား တွေအပါအဝင် ဒေသခံ ပြည်သူ ၈ဦး သေဆုံးကာ ၁၅ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
လူနေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး အခြားပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU) ထိန်းချုပ်နယ်မြေဖြစ်သော မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာလို့ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ အင်အားထောင်ချီနဲ့လာတဲ့ စစ်ကောင်စီတပ်ကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိပါတယ်။
လက်ရှိမှာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ အနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ထိုးစစ်များကို ခုခံဟန့်တားထားနိုင်ပြီး စစ်မြေပြင်တွင် အခြေအနေမကောင်းသော အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦ များနဲ့ ဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ချင်း#မင်းတပ်#လေကြောင်း
#စစ်တပ်

🤬26👎8🖕4👍3❤2🤣1
ရွှေဘိုမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုက ကျန်းမာရေးစောင့်ရှောက်မှုပေး
သြဂုတ် ၃၁၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။
စစ်ကိုင်းဒေသ သပိတ်အင်အားစု နဲ့ ရွှေဘိုမြို့နယ်သပိတ်အင်အားစု Mobile Medical Team တို့ပူးပေါင်းပြီး ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကိုို လအပ်တဲ့ ဆေးဝါးထောက်ပံ့တာ ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ပြုလုပ်ခဲ့ကြတာပါ။
ရေဘေးသင့် စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီကြဖို့အတွက်လည်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။

👍29❤8🤮2🥰1🤣1
■ဆောင်းပါး
MNDAA နဲ့ စစ်တပ်ရဲ့ အာဏာပြိုင်ပွဲ
ကဖေး/People's Spring
နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAA
က ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။
နေပြည်တော်ကိုဗဟိုပြုအာဏာတည်ထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ အထူးဒေသ(၁)ရဲ့ အဓိပတိ MNDAA တို့ ဒီတကြိမ်ထိပ်တိုက်တွေ့တာက ရှမ်းစော်ဘွားတွေရဲ့ ဘူမိနက်သန် သီပေါနယ်မှာပါ။ရှီကျင့်ဖျင်ငြိုငြင်မှာစိုးကြတဲ့အတွက် နှစ်ဖက်စလုံးက သေနတ်ပြောင်းဝကနေ ကျည်မထွက်ရဲပေမယ့် နယ်မြေစိုးမိုးရေးကိုကျိတ်လုပ်ရင်း အသံတိတ်ဗုံးတစ်လုံးစီကိုင်ထားကြပါတယ်။
စစ်တပ် အရှက်ကွဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် စစ်တပ်နဲ့ MNDAAကြားက ပြဿနာပေါင်းများစွာထဲက အခုနောက်ဆုံးတစ်ခုက ဩဂုတ်လဆန်းမှာ စတင်ပါတယ်။ သီပေါမြို့နယ်ထဲက စာသင်ကျောင်း ၁၇ ကျောင်းကို လုံခြုံရေး စိတ်မချရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သြဂုတ်လဆန်းပိုင်းမှာ စစ်အုပ်စုကပိတ်လိုက်ပါတယ်။အဲ့ဒီထဲမှာMNDAAထိန်း
ချုပ်ဒေသထဲက ကျောင်း ၁၀ကျောင်းပါဝင်ပါတယ်။
ဒီအမိန့်ဟာ တိုင်းမှူးအဆင့်ကမဟုတ်ဘဲ နေ
ပြည်တော်က တိုက်ရိုက်လာတာလို့ ကိုးကန့်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါကို MNDAA က အာခံလိုက်ပြီး ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်ပါတယ်။ အဲ့ဒီခြေအနေမှာပဲ စစ်တပ်ကသြဂုတ်လ၂၉ရက်နေ့မှာ ကျောင်းတွေလာဖွင့်ပြန်ပါတယ်။ ဒါတွေကို သီပေါမြို့က အမတ်ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
သြဂုတ်လ၃၁ရက်နေ့မှာတော့ သီပေါမြို့နယ်ထဲကဆွတ်လန်း၊မြို့ဟောင်း၊ နမ့်ပျဉ်၊ကောင်းလန်း၊နားညု၊ပန်ညု၊ ဆောင်ကြဲ စတဲ့ အခြေ
ခံပညာအထက်တန်းကျောင်း (၇) ကျောင်းကို ဖွင့်လှစ်မယ်လို့ MNDAAက တရားဝင်ထုတ်ပြန်လာပါတယ်။အထူးဒေသ(၁) ပညာရေးဌာနက ဒေသတွင်း ပညာသင်ကြားမှု အဆက်
မပြတ်စေရေးအတွက် သိန္နီခရိုင်အတွင်းရှိ အခြေခံပညာကျောင်း တွေဆက်လက်ဖွင့်လှစ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာအလက
(စံလောင်း)၊ အလက (ကုန်းသာ) နဲ့ အလက (နမ့်အွန်) ကျောင်းတွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကုံးမုံ၊ ကွန်ခိုက်၊ မြို့ဟောင်း၊ ဆွတ်လန်းနှင့် ပန်ညု ဒေသရှိ အခြေခံပညာကျောင်းတွေကို ဆက်
လက်ဖွင့်လှစ်သွားမယ်လို့ ကြေညာပါတယ်။ အဲဒီကျောင်းတွေကို လက်ရှိသင်ရိုးညွှန်းတန်းအတိုင်းသင်ဖို့MNDAA ကစီစဉ်ထားပါတယ်။
"စစ်တပ်က ပြန်ဖွင့်လိုက်တဲ့ကျောင်းတွေကို မနေ့က ကိုးကန့်အရာရှိတွေ၊ ကျောင်းဆရာတွေရောက်လာတယ်။ ဒီကျောင်းတွေကို သူတို့ဆက်ဖွင့်မယ်လို့ပြောတယ်။ ကျတော်ထင်တယ်။ စစ်တပ်ဖက်က ပညာရေးဝန်ထမ်းတွေ ပြန်ထွက်ရလိမ့်မယ်"လို့ သီပေါမြို့ခံတဦးကပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်
ပြိုင်ခဲ့တဲ့သီပေါအမတ်ကလည်း မနေ့က ကျောင်းတွေဖွင့်ခဲ့ပေမယ့် ဒီနေ့တော့ အခက်
အခဲတချို့ရှိနေပြီး ညှိနှိုင်းနေတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ဒေသခံပြည်သူတွေအပေါ် စေတနာမဲ့တယ်လို့မြို့ခံတွေကဝေဖန်ပါတယ်။
"အဲဒီဒေသကကိုးကန့် ထိန်းချုပ်ထားတာဆိုပေမယ့် စစ်တပ်ကကျောင်းတွေဖွင့်ခွင့်ရထားတာကနေ လုံခြုံရေးအကြောင်းပြပြီးပိတ်လိုက်တာ။ ကလေးတွေအကုန်ဒုက္ခရောက်ကုန်တယ်။အဲ့ဒီတော့ ကိုးကန့်က ပြန်ဖွင့်မယ်လို့လုပ်ခါမှ စစ်တပ်က ရောက်လာပြန်တယ်။ စေတနာရှိလို့ ကျောင်းလာဖွင့်ပေးတာမဟုတ်ဘူး။ နယ်မြေတွေလက်လွှတ်ရမှာစိုးလို့ လာဖွင့်တာ"လို့ သီပေါဒေသခံတစ်ဦးကပြောပါတယ်။
ဒီဖြစ်ရပ်ကတရုတ်အစိုးရရဲ့ ဖိအားကြောင့် အပစ်ရပ်ပြီး နယ်မြေတွေကိုထိန်းချုပ်နိုင်ရေးအတွက် တိုးတိုးကြိတ်ကြိတ်ဆွေးနွေး နေတာကနေ နှစ်ဘက်ကြား ပြဿနာတွေရှိနေတာကို လူသိရှင်ကြားဖြစ်စေတဲ့ ဒုတိယမြောက် ဖြစ်
ရပ်ပါ။လူသိခဲ့တဲ့ပထမဖြစ်ရပ်ကသီပေါ-လား
ရှိုးလမ်းပိုင်းမှာရှိတဲ့ ဒုဌဝတီတံတား နယ်မြေလုပွဲပါ။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကျောက်မဲနဲ့ လားရှိုးမြို့ကြားမှာရှိတဲ့ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၃ ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တာပါ။
၂၀၂၅ အောက်တိုဘာလမှာတော့ တရုတ်အစိုးရရဲ့ ဖိအားကြောင့် TNLAက ဆုတ်ခွာရပြီးစစ်တပ်က ပြန်ဝင်လာခဲ့ပါတယ်။ဒါပေမယ့် ၁နှစ်နီးပါးကြာတဲ့အထိစစ်ကောင်စီအုပ်
ချုပ်ရေးယန္တရားမလည်ပတ်နိုင်သေးသလို မြို့ပြင်ပကကျေးရွာတွေကို MNDAA အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ကပါထိန်းချုပ်ထားပါတယ်။ လားရှိူးနဲ့ သီပေါမြို့ကြားကကျေး
ရွာတွေကိုလည်း MNDAAက ထိန်းချုပ်ထားပြီး မြို့ထဲက ဒုဌဝတီတံတားကိုတောင် စစ်
တပ်က တစ်ခြမ်းပဲ ထိန်းချုပ်နိုင်ပါတယ်။ ဒုဌဝတီတံတားရဲ့သီပေါမြို့ဘက်ခြမ်းကိုစစ်ကောင်စီက တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့အခြမ်းကို MNDAAက တပ်စွဲထားပါတယ်။

👏31❤8👎4🤮2
ပြီးခဲ့တဲ့၂၀၂၅ခုနှစ်နိုဝင်ဘာလမှာ လားရှိုးမြိို့အနီးနဲ့ ပြည်ထောင်စုလမ်းပိုင်းမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်တပ်က တောင်းဆိုခဲ့ပါတယ်။MNDAAက လက်မခံလို့ ဆွေးနွေးပွဲပျက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်နယ်စပ်နဲ့ MNDAA ထိန်းချုပ် ဒေသတွေကို ဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်ကဖမ်းဆီးသလို ဒုဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်လိုက်ပါတယ်။ ဒေသခံတွေဟာမြစ်ကူးတံတားရှိလျက်အသုံး
ပြုလို့မရတော့ဘဲ စက်လှေနဲ့ ဖြတ်နေကြရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ ဒုဌဝတီမြစ်
ဆိပ် နှစ်နေရာမှာ သုံးရက်အတွင်း စက်လှေနဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးဒေသခံ
ငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
တံတားပြန်ဖွင့်ဖို့ သီပေါအမတ်က စစ်တပ်လွှတ်တော်မှာတင်ခဲ့ပါတယ်။ဒါပေမယ့်လက်
ရှိအချိန်အထိပြန်မဖွင့်ပါဘူး။ တံတားမဖွင့်သေးသလို ကျောင်းတွေဖွင့်ရေးလည်း အ
ခြေအနေတွေရှုပ်ထွေးနေဆဲဖြစ်ပါတယ်။
စစ်တပ်က ပိတ်ခဲ့တဲ့စာသင်ကျောင်းတွေပြန်ဖွင့်ပြီဆိုပြီး သီပေါအမတ်ရဲ့ ပြောဆိုချက်တွေဟာ ဟာသပဲလို့ MNDAA ပြန်ကြားရေးသတင်းရင်းမြစ်က လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်ထားပါတယ်။ လက်ရှိမှာတော့ ကျောင်းသားအများစု ကျောင်းမတက်ကြသေးဘဲ အခြေအနေကိုစောင့်ကြည့်နေဆဲလို့ သိရပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇
ရက်မှာတွင် အာရက္ခတပ်တော်(AA)၊TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇
စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊မုန်းကိုး၊ဖောင်းဆိုင်၊ကုန်းကြမ်း
၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ပန်ဆိုင်းမြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီ
လမှာကျည် ၁ ချက်မဖောက်ဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။
သိန္နီမြို့နဲ့TNLA ဆီကနေပြန်ယူထားတဲ့ကွတ်
ခိုင်မြို့ကိုလည်း ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေပါတယ်။MNDAAကထိန်းချုပ်မြို့နယ်တွေမှာ အချိန်တိုတိုအတွင်းအုပ်ချုပ်ရေး ယန္တရားတည်ဆောက်နိုင်ဖို့ အခိုင်အမာပြင်ဆင်ပါတယ်။စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်သွားပြီဖြစ်တဲ့အတွက် ကိုးကန့်ဒေသကို အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားပြီး မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းလိုက်တာလို့ ကြေညာထားပါတယ်။
စစ်ကောင်စီကလည်းတရားဝင်သတင်းမထုတ်ပြန်တဲ့ဆွေးနွေးပွဲလမ်းကြောင်းကနေမြို့တွေကိုပြန်တောင်းနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်ရေးလေယာဉ်နဲ့ဗုံး
ကြဲလေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်တာတွေလည်းရှိနေပါတယ်။
ဒါအပြင်စစ်တပ်ကမန္တလေး-မူဆယ်ပြည်
ထောင်စုလမ်းပိုင်းကို ပြန်ထိန်းချုပ်လိုပေမယ့် တော်လှန်ရေးတပ်တွေကလက်မခံတဲ့အတွက်အခြေအနေတွေပိုမိုရှုပ်ထွေးလာလိမ့်မယ်လို့ ရှမ်းမြောက်သတင်းရင်းမြစ်တွေကပြောပါတယ်။မန္တလေး- မူဆယ်ပြည်ထောင်
စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။စစ်တပ်က နောင်ချို၊သီပေါ၊ကျောက်မဲ၊ လားရှိုးနဲ့
မူဆယ်မြို့ကိုပဲထိန်းချုပ်ထားနိုင်ပါတယ်။
လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊
မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်
သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။
မြို့တွေကိုပြန်တောင်းပေမယ့်မရတဲ့အတွက်စစ်တပ်က ကျိတ်မနိုင်ခဲမရဖြစ်နေတာပါ။ နယ်စပ်ကုန်သွယ်ရေးဟာအစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့ ထုတ်ပြောလာတဲ့အထိပါပဲ။ အဲဒီနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ပိုများလာတယ်လို့ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ သီပေါမြို့နယ်ရဲ့ ဒေသတွင်းအခြေအနေဟာ တိုက်ပွဲခေါ်သံနဲ့ ဆိတ်ငြိမ်မှုကြားမှာ ခေါင်းပန်းလှန်အကဲဖြတ်တဲ့ အကြွေစေ့လိုဖြစ်နေပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ ဘယ်အသင်းက စပေး ဘော အရင်စတင်မလဲဆိုတာကို ဒိုင်လူကြီးက လေထုထဲအကြွေစေ့ပစ်ပြီးဆုံးဖြတ်ပါတယ်။ လေထဲက အ
ကြွေစေ့ ဒိုင်လူကြီးလက်ထဲ ရောက်ပြီး ခေါင်းပန်းသိရဖို့ စက္ကန့်ပိုင်းပဲကြာပါတယ်။ရှမ်းစော်
ဘွားတွေရဲ့ ဟော်နန်းအရိပ်ရှိရာ သီပေါနယ်မှာတော့ ခေါင်းပန်းဆုံးဖြတ်မယ့် အကြွေစေ့ဟာ လေထဲလည်နေဆဲဖြစ်ပါတယ်။ ။

❤27👍11🖕2👎1🤔1🤮1💩1
၁၀၂၇ စစ်ဆင်ရေးမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေဆက်တိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင်တွေ / စစ်တပ်က ၂၀၂၅ ခုနှစ်မှာ သီပေါမြို့ကိုပြန်ထိန်းချုပ်နိူင်ပြီးနောက်တွေ့ရစဥ်။
ဓါတ်ပုံ-The Kokang ၊စစ်ကောင်စီ
ဓါတ်ပုံ-The Kokang ၊စစ်ကောင်စီ
🤮21👎4🔥1
မက်ဆီ အာဂျင်တီးနားလက်ရွေးစဥ်အသင်းမှအနားယူ
သြဂုတ်-၃၁၊၂၀၂၆။People's Spring
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ်
ဘလွန်းဒီအောစံချိန်တင် ၈ ကြိမ် နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ ကမ္ဘာကျော်ဘော
လုံးသမားမက်ဆီကနိုင်ငံလက်ရွေးစင်အ
သင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ် ။
အာဂျင်တီးနားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်
လုပွဲပြီးတဲ့နောက် အချိန်အများကြီးစဉ်းစားခဲ့ပြီးမှ အနားယူဖို့ဆုံးဖြတ်ခဲ့တာလို့ မက်ဆီက သူရဲ့ ဖေစ်ဘွခ် နဲ့ အစ်စတာဂရမ်ကနေအသိပေးပါတယ် ။
"အခုတော့ အာဂျင်တီးနားနိုင်ငံအသင်းကနေ အနားယူတော့မယ်ဆိုတာ အားလုံးကို အသိ
ပေးချင်ပါတယ်။ဒီဆုံးဖြတ်ချက်က ကျွန်တော့်အတွက် အရမ်းနာကျင်ရပါတယ်။ အခုထိလည်း ရင်ထဲမှာ နာကျင်နေဆဲပါ။ ဒါပေမယ့် အနားယူရမယ့်အချိန် ရောက်လာပြီဆိုတာကိုတော့ နားလည်ပါတယ်။ကျွန်တော် ဒီဂျာစီအတွက် အမြဲတမ်း အားကုန်ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးနှစ်တွေမှာ အောင်မြင်မှုတွေရခဲ့တဲ့အချိန်တွေမှာတင် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဒီဂျာစီကို ဝတ်ဆင်ပြီး အာဂျင်တီးနားသားတွေ ပျော်ရွှင်ဂုဏ်ယူနိုင်အောင် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်"လို့မက်ဆီကရေးသားထားပါတယ် ။
ခရီးတစ်ခုရဲ့ အဆုံးကို ရောက်လာခဲပြီး ဒီအခန်းကို ပိတ်လိုက်ရတဲ့အတွက်အရမ်းနာကျင်ရတယ်လို့လည်းရေးသားထားပါတယ် ။ နိုင်ငံအသင်းနဲ့အတူ ရှိခဲ့ရတာကို အရမ်းချစ်ခဲ့သလို၊ အခုလည်း ချစ်နေဆဲဖြစ်ပြီး နောင်လည်း အမြဲချစ်နေမှာပါလို့လည်းဆိုပါတယ်။
"ကျွန်တော့်မှာ ထပ်ပေးစရာ ဘာမှမကျန်တော့တဲ့အထိ အားကုန်ပေးဆပ်ခဲ့ပြီးပါပြီ။ အခုလည်း ဒီနေရာနဲ့ထိုက်တန်တဲ့ လူငယ်ကစားသမားကောင်းတွေ ပေါ်လာနေပြီဖြစ်လို့ သူတို့အတွက် နေရာပေးရမယ့်အချိန် ရောက်
လာပါပြီ" လို့သူကရေးသားထားပါတယ်။
လက်ရွေးစင်ကစားသမားဘဝ နှစ် ၂၀ကျော် အတွင်းချစ်ခင်အားပေးခဲ့ကြတဲ့ အားလုံးကို ကျေးဇူးတင်ကြောင်းလည်းဖော်ပြထားပါတယ်။
ပရိတ်သတ်တွေရဲ့အားပေးသံတွေကိုအရမ်းလွမ်းနေမှာဖြစ်သလို အခုကစပြီးတော့ မက်ဆီကိုယ်တိုင်လည်းအပြင်ကနေ အာဂျင်တီးနားအသင်းကို အမြဲအားပေးနေမဲ့ပရိတ်သတ်ဖြစ်တော့မယ်လို့လည်း ရေးထားပါတယ်။အာဂျင်တီးနားကို အကောင်းဆုံးအချိန်တွေမှာရော၊ ခက်ခဲတဲ့အချိန်တွေမှာပါ အမြဲတမ်း အားပေးနေမှာဖြစ်တယ်လို့လည်း ရေးထားပါတယ်။
"ဒီလှပပေမယ့် ခက်ခဲခဲ့တဲ့ခရီးတစ်လျှောက် ကျွန်တော့်အနားမှာ အမြဲရှိပေးခဲ့တဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ ခရီးတစ်လျှောက် ဖြတ်သန်းပေးခဲ့ကြတဲ့ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ အချိန်ကောင်းတွေကို အမြဲသိမ်းထားမှာပါ"လို့ မိသားစုတွေကိုအသိအမှတ်ပြုရေးထားပါတယ် ။
ဒါအပြင် အသင်းဖော်တွေအတွက်ကိုလည်း
"အသင်းဖော်တွေနဲ့အတူ မင်းတို့အတွက် အိပ်မက်လိုဖြစ်ခဲ့တဲ့ အချိန်တွေကို ဖန်တီးပေးနိုင်ခဲ့တာအတွက် ဂုဏ်ယူပါတယ်။ မင်းတို့နဲ့အတူ ဒီအရာအားလုံးကို ဖြတ်သန်းခွင့်ရခဲ့တာ တကယ်ကို မယုံနိုင်လောက်အောင် အံ့သြစရာကောင်းခဲ့ပါတယ်။အားလုံးကို ချစ်ပါတယ်"လို့ရေးထားပါတယ်။
အာဂျင်တီးနားသားတစ်ယောက်အဖြစ် မွေးဖွားခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်းကျေးဇူးတင်ပါသိလို အာဂျင်တီးနား အမြဲ
တမ်းအောင်မြင်ပါစေလို့စာကိုအဆုံးသတ်ထားပါတယ် ။
မက်ဆီဟာဒီစာကိုဗိုလ်လုပွဲပြီး နှစ်ရက်အကြာ၊ ဇူလိုင် ၂၁ ရက်နေ့မှာကတည်းကသူကိုယ်တိုင် ရေးထားတာပါ။ မက်ဆီရဲ့ဖခင်ဟာ သြဂုတ် ၇ ရက်မှာကွယ်လွန်ခဲ့ပြီး ဖခင်မရှိတော့တဲ့နောက် လက်ရွေးစင်အသင်းကနေ အနားယူမယ့်ဆုံးဖြတ်ချက်ဟာအရင်ကထက် ပိုပြီးခိုင်မာလာတယ်လို့ အသိပေးပါတယ်။
မက်ဆီဟာအာဂျင်တီးနားအသင်းအတွက် ၂၀၇ ပွဲကစားပြီး ၁၂၅ ဂိုးသွင်းယူပေးထားပါတယ် ။ မက်ဆီဟာဘလွန်ဒီအောဆု အများဆုံး ၊FIFA ရဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအများဆုံး ၊ ချန်ပီယံဆုဖလား စုစုပေါင်း ၄၇ ခု စတဲ့ စံချိန်မှတ်တမ်းများစွာစိုက်ထူထားတဲ့ ဂန္တဝင် ကစားသမားဖြစ်ပါတယ်။
မက်ဆီဟာလက်ရှိ အမေရီကန်က မေဂျာလိဂ် ကလပ်အင်တာမိုင်ယာမီမှာ ဆက်ကစားနေပြီး ကလပ်အသင်းမှာတော့ဆက်ကစားဦးမှာဖြစ်ပါတယ်။မက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ သွင်းဂိုးစုစုပေါင်း ၉၂၇ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၄၂၁ ကြိမ်ပြုလုပ်ထားကာ ဘောလုံးသမိုင်းတလျှောက်
ဂိုးရဖို့ ပါဝင်ပတ်သက်မှု ၁၃၈၄ ဂိုး နဲ့အများဆုံးစံချိန်ရှင်ဖြစ်ပါတယ် ။

👍26❤12🤣4