ရခိုင်ကနေ ပြည်မနဲ့ ပြည်ပကို ပို့ပေးနေတဲ့ပွဲစားတွေကို AA ရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ အရေးယူ
■ဖမ်းဆီးခံထားရသူတွေထဲကတဦးသေဆုံး
ဩဂုတ်-၃၁၊၂၀၂၆။ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်မှာ၂၀၂၆ ခုနှစ်ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း ၃၅ မှုကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့ (DLEPS)က ထုတ်ပြန်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (NDEP)
ကြောင့်စစ်မှုထမ်းရမှာစိုးရိမ်တာ၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးတာတို့ကြောင့် ပွဲစားတွေရဲ့အကူအညီ နဲ့ တောတောင်၊ ချောင်း
မြောင်းတွေ ဖြတ်ကျော်ကာ ရခိုင်ပြည်အပြင်ဘက် ထွက်ခွာဖို့ ကြိုးစားရင်း လူကုန်ကူးခံရ တာတွေအပြင် စစ်တပ်ထံဖမ်းဆီးခံရမှုတွေနဲ့ပါ ကြုံနေကြရတာဖြစ်ပါတယ်။
“NDEPကြောက်လို့ရခိုင်ကနေထွက်ကြတယ်ဆိုတာထက် အဓိက အလုပ်မရှိလို့ ထွက်ကြတာ။လူငယ်တော်တော်များများထွက်ကြတယ်။အဲဒီမှာပွဲစားတွေလုပ်စားကြတာ။သိန်းဆယ်ချီတောင်းတယ်။ တချို့က စစ်တပ်ကို သတင်းပေးတာတွေ၊လူရောင်းစားတာတွေပါ လုပ်တယ်”လို့ဖြစ်စဥ်တွေကိုသိတဲ့ရခိုင်ဒေ
သခံကုန်သည်တဦးကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းကရန်ကုန်အပါအဝင် ရခိုင်ပြည်ပြင်ပနေရာတွေကိုသွားလိုသူတွေနဲ့ ရခိုင်ပြည်ပြင်ပက ရခိုင်ပြည်တွင်းသို့ပြန်လာလိုသူတွေဟာပွဲစားတွေနဲ့တဆင့်ချိတ်ဆက်ပြီး သွားလာနေကြပြီး လူတဦးအတွက် ရခိုင် က ရန်ကုန်တရောက် ပွဲစားခ ကျပ်သိန်းလေးဆယ်ဝန်းကျင်စျေးရှိနေတယ်လို့သိရပါတယ်။
“ရန်ကုန်တရောက် သိန်းလေးဆယ်တောင်းတယ်ပွဲစားတွေက၊အဲဒါလမ်းစရိတ်တခုတည်း ။ လမ်းမှာစားဖို့၊တည်းဖို့စရိတ်တွေမပါဘူး။ အကုန်ငါးဆယ်လောက်ပေါက်တယ်။ ကံကောင်းရင်တော့ ဖြောင့်ဖြောင့်တန်းတန်း ရောက်သွားတယ်။မရောက်တဲ့သူတွေလည်း မရောက်ကြဘူး” လို့ ပြီးခဲ့တဲ့ ဇူလိုင်လအ
တွင်းရခိုင်ကနေ ရန်ကုန်ကို သွားခဲ့ တဲ့ လူငယ်တဦးက ပြောပါတယ်။
စစ်တပ်ရဲ့ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်နက်
ကြီးလေကြောင်းပစ်ခတ်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးကြပ် တည်းမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ဒေသခံတွေဟာပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုပြီး လိမ်လည်သွေး
ဆောင် ကာ ငွေကြေးအဆမတန်တောင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေရဲ့ လူကုန်ကူးမှုကိုပါ ခံနေကြရတာလို့ AA ရဲတပ်ဖွဲ့က ဆိုပါတယ်။
အဲဒီလို ရခိုင်ပြည်ပြင်ပကို ထွက်ခွာဖို့ကြိုးစားရင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်တို့ရှိ ကျားဖြန့်လုပ် ငန်းတွေ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရှိ ဆောက်လုပ်ရေး၊ စိုက်ပျိုး
ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရတာတွေနဲ့ ကြုံနေကြရတာလို့ ဆိုပါတယ်။
တရားမဝင်နယ်စပ်ဖြတ်ကျော်ရာမှာလည်း သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရတာ၊ အလုပ်ရှင်တွေရဲ့ ရိုက်နှက်နှိပ်စက်မှုနဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အ
ရေး မရရှိတာတွေအပြင် အသက်အန္တရာယ် ထိခိုက် မှုတွေကိုပါကြုံနေကြရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်ပြင်ပကိုထွက်ခွာကြသူတွေထဲမှာ လူကုန်ကူးခံရတာအပြင်အာဏာသိမ်းစစ်တပ်ထံ ဖမ်းဆီးခံရပြီး ပြည်သူ့စစ်သင်တန်းတွေကို ပို့ဆောင်ခံရတာ၊တောတောင်တွေထဲမှာ ငတ်ပြတ်တာ၊ ငှက်ဖျားရောဂါနဲ့အသက် ဆုံး
ရှုံးရတာ၊ တောဆင်ရိုင်းတွေနဲ့ တွေ့ကြုံရတာ၊ အဆိပ်ရှိမြွေတွေကိုက်ခံရတာ၊ချောင်းမြောင်း
တွေထဲ မျောပါပြီး ထိခိုက် ဒဏ်ရာရသေဆုံးတာတွေနဲ့လည်း ရှိနေတယ်လို့စုံစမ်းသိရပါတယ်။
ဒါ့အပြင်ရခိုင်ကနေပြည်မဒေသတွေဆီ ပွဲစားတွေနဲ့တဆင့်သွားရင် စစ်တပ်ထံ ရောင်းစားခံရလို့ စစ်မှုထမ်း၊ ရှေ့ တန်းရောက်သွားကာ AA ထံ ပြန်လည်အလင်းဝင်လာကြသူတွေလည်း ရှိနေပါတယ်။
အဲဒီလို ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ရခိုင်ပြည်ပြင်ပထွက်ခွာဖို့ ကြိုးပမ်းသူတွေကို နယ်စပ်ဒေသတွေမှာ လိုက်လံဖမ်း ဆီးနေပြီး NDEP ပြဌာန်းချက်နဲ့ အကျုံးဝင်တဲ့သူတွေကို စစ်မှုတာဝန်ထမ်းဆောင်စေကာ အကျုံးမဝင်တဲ့သူတွေကို တော့ ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်ပေးနေတယ်လို့ AA ရဲတပ်ဖွဲ့က ဆိုပါတယ်။
“စစ်မှုထမ်းအရွယ်တွေဆိုရင်တခါတည်း သင်
တန်းပို့ခံရတယ်။ကင်းလွတ်ခွင့်ရတဲ့အရွယ်တွေကတော့ ပြန်လွှတ် ပေးပါတယ်” လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ AA ဟာ အ
ရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့်အရေးပေါ်ပြ ဌာန်းချက်တရပ်ကို ပြီးခဲ့တဲ့၂၀၂၅ မတ်လ ၁၈ ရက်နေ့မှာပြဌာန်းခဲ့တာပါ။
အလားတူ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို ချိုုးဖောက်ကျူးလွန်သူလူ ကုန်ကူးပွဲစားတွေကိုလည်း ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အရေးယူပြစ်ဒဏ်ချမှတ်နေတယ်လို့ ဆိုပါတယ်။လူကုန်ကူးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့သူတွေထဲက ဦးဇော်ဇော်မိုးဆိုသူဟာ အသက်ရှူမဝခြင်း၊ အလွန်မောပန်းခြင်းနဲ့ချွေးထွက်လွန်ခြင်းစတဲ့ရောဂါလက္ခဏာတွေကြောင့် အချုပ်ကျနေစဉ် ဆေး
ကုသမှုခံယူရင်း ဩဂုတ်လ ၂၅ရက် မှာ သေဆုံးခဲ့ပါတယ်။ဦးဇော်ဇော်မိုးဟာ ဦးဝင်းမြင့်ဇော်၊ ဦးစိန်မြသိန်းတို့နဲ့အတူ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက ဖမ်းဆီးအရေးယူခံ ထားရသူဖြစ်ပြီး လူကုန်ကူးမှုနဲ့ ပြစ်မှုကျူး
လွန်ကြောင်းဝန်ခံထားသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

👍33❤6🔥4🤣2🖕1
လူကုန်ကူးမှုကိုကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေတ်သစ်ကျေးကျွန်ပြုခြင်းဟု သတ်မှတ်ထားပြီး လူ ကုန်ကူးမှုဆိုတာ လူတဦးရဲ့ ကိုယ်ကျိုးစီးပွား သို့မဟုတ် အမြတ်
အစွန်းရရှိရန်အတွက် အခြားသူတဦးအား လှည့်စား ခြင်း၊ ခြိမ်းခြောက်ခြင်း၊အတင်းအ
ကျပ်ခိုင်းစေခြင်းသို့မဟုတ်လုပ်အားခေါင်း
ပုံဖြတ်ခြင်းတို့ပြုလုပ်ကာလူကိုရောင်းဝယ်
ဖောက်ကားတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
ULA/AA အနေနဲ့ လူကုန်ကူးမှု ပပျောက်ရေးအတွက် မဟာမိတ်နယ်မြေများရှိ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

👏28👍8🤣2🔥1🥰1🖕1
မြိတ်နယ်က တပ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦး သတ်ဖြတ်၊ နေအိမ်တွေ မီးရှို့
ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၇ရက်မှာ စစ်တပ်က မဇောကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးကာ ငါးရပ်အင်းရွာနေ ပြည်သူ အမျိုးသား ၂ဦး သတ်ဖြတ်ခဲ့သလို တုံးဗျောရွာရှိ ပြည်သူလူထု နေအိမ် ၈လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဩဂုတ် ၂၈ရက်မှာလည်း ရေခမ်းချောင်းရွာက ပြည်သူလူထုနေအိမ် ၁လုံးကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။
စစ်တပ်ဟာ မဇောကျေးရွာအုပ်စုက ငါးရပ်အင်းကျေးရွာ၊ တုံးဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတွေကို စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတာလို့ ဆိုပါတယ်။
အဲဒီအထဲက တုံးဗျောရွာကို အရင်က စစ်တပ်က တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီတပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဩဂုတ် ၂၄ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်တာကို စစ်သားတွေက လက်နက်တွေထားပြီး ထွက်ပြေးသွားလို့ လက်နက် ၄လက် သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။
တုံးဗျောရွာတိုက်ခိုက်ခံရပြီးနောက် ၃ရက်အကြာမှာ စစ်တပ်က ဒေသတွင်းကို စစ်ကြောင်းထိုးလာပြီး အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

🤬33👎6❤5👏2🤮1🤣1
မလှိုင်၊ထမ္မကြီးရွာစစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအပါအဝင်ဒေသခံ ၁၂ဦးအသတ်ခံရပြီး စစ်ကြောင်း ဝင်လာလို့ပြည်သူတိမ်းရှောင်ရ
■စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကဦးဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့ပြော
ဩဂုတ်၃၁၊၂၀၂၆၊ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊မလှိုင်မြို့နယ်၊ထမ္မကြီးရွာမှာ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူအပါအဝင် ဒေသခံ ၁၂ ဦးဒီကနေ့မှာ သတ်ဖြတ်ခံရပြီးနောက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက်ဒေသခံ တွေရှောင်တိမ်းနေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ဩဂုတ်လ၃၁ရက် ၊မနက်မှာ ကား၄စီးနဲ့ လက်
နက်ကိုင် ဆောင်ထားသူတွေဝင်လာပြီး ထမ္မကြီးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်အပါအဝင် အမျိုးသား၁၀ဦးနဲ့ အမျိုးသမီး၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မလှိုင်မြို့က နေစစ် တပ်ကကားတွေနဲ့ရောက်လာပြီးရွာထဲဝင် ရောက်လာတာမို့ ဒေသခံပြည်သူတွေ ထွက်
ပြေး နေကြတယ်လို့ သိရပါတယ်။
"စစ်တပ်ဝင်လာကတည်းကတော့ပြည်သူတွေ
ကပြေးကြပြီလေ။ဘယ်သူမှမရှိကြတော့ဘူး။လက်ရှိအခြေအနေက ဘာမှအတည်ပြုမရဘူး။အဆက်သွယ် တွေမရဘူး"လို့ ဒေသခံ
တဦးကပြောပါတယ်။
သေဆုံးသူ စိုးလင်းထိုက်ဟာ ၂၀၂၄ခုနှစ်ကတည်းက စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်
သူ့စစ်အဖွဲ့ခေါင်း ဆောင်တဦးဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူက ရွာကို ကာကွယ်ရေးအ
တွက်ဆိုပြီး ပြည်သူ့စစ်အဖွဲ့ (ခေါ်) ပျူစောထီး ဖွဲ့ဖို့ ဖိအားပေးပြီး ပျူအဖွဲ့ ဖွဲ့ပြီးချိန်မှာ အခုဖြစ်စဥ်ဖြစ်ခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ် ။
"PDFဆိုရင် အဲ့လိုမလုပ်သင့်ပါဘူးဗျ။ကျွန်
တော်သိရသလောက်သူတို့ကအဖွဲ့ (ပျူအဖွဲဲ့)ပဲဖွဲ့ထားတာဘယ်သူ့မှဒုက္ခမပေးရသေးပါဘူးဗျ။လူတစ်ယောက်မှလဲမသတ်ဖူးပါဘူး။ရှေ့တန်းမှသူပစ်ကိုယ်ပစ်တောင်လက်နက်ချအညံ့ခံရင်မသတ်ရတာ။ခုကလက်နက်ကိုင်ဆောင်ထားခြင်းမရှိသေးပါဘူး။အဖွဲ့ဖွဲ့ထားရုံပဲရှိပါသေးတယ်"လို့ ဒေသခံတဦးကပြောပါတယ် ။
စစ်တပ်စစ်ကြောင်းဝင်လာလို့ဒေသခံတွေတိမ်းရှောင်ကြရပေမယ့် ညနေပိုင်းမှာ ဒေသခံအများစုရွာထဲပြန်ဝင်ပြီလို့ သိရပါတယ်။ စစ်တပ်က ထမ္မကြီးရွာ အနီးတဝိုက်က နေရာအချို့ကို သြဂုတ် ၃၁ ရက်ညနေမှာ ဗုံးကြဲခဲ့တယ်လို့လည်း ဒေသခံအချိူ့ကပြောပါတယ်။
"စစ်တပ်က သင်တန်းပေးထားတဲ့ရွာဗျ။ ဒီရွာကြောင့် တော်တော် ဒုက္ခရောက်ကြတယ်။ စစ်တပ်က လက်နက်ထုတ်ပေးထားတယ်။ တိုက်ပွဲဖြစ်ရင် ခေါ်သုံးတယ်။ ပြီးရင် လက်
နက်တွေပြန်သိမ်းတယ်။ဒီရက်ထဲလည်းအဲ့ရွာကနေ စစ်ကြောင်းထွက်မယ်ကြားနေလို့ ဘေးရွာတချို့ ရှောင်ရတယ်" မလှိုင်မြို့နယ်မှဒေသခံတဦးကပြောပါတယ် ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက စိုးလင်းထိုက် အပါအဝင် ၁၂ ဦးကို တော်လှန်ရေးအဖွဲ့ တွေက သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲရေးသားပြီးသေဆုံးသူတွေရဲ့ရုပ်အလောင်းဓါတ်ပုံဖြန့်ဝေနေတာတွေ့ရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော်လှန်ရေးတပ် တွေက ထုတ်ပြန်ထားတာမျိုးမရှိ သေးသလို ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်းမသိရသေးပါဘူး။
ထမ္မကြီးရွာဟာ ရန်ကုန်-မန္တလေးအမြန်လမ်း ၂၉၅ မိုင် ရဲ့ အနောက်ဘက် ၄မိုင်ခန့်အကွာမှာရှိပါတယ် ။ မလှိုင်မြို့ရဲ့ အရှေ့ဘက် မှာရှိပြီးမြို့နယ်အစွန်မှာတည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မလှိုင် #ပျူစောထီး #ထမ္မကြီးရွာ

👍35❤16🔥3👎2🖕2🤔1🤬1
မောင်တောမြို့နယ်တောင်ပိုင်းမှာ AA နဲ့ ARSA တို့ တိုက်ပွဲဖြစ်
■ARSAအဖွဲ့ဝင်အချို့ကိုဖမ်းမိ၊စစ်တပ်နဲ့ ARSA ပူးပေါင်းလှုပ်ရှားမှုအချို့ရှိနေ
ဩဂုတ်-၃၁၊၂၀၂၆။ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကမ်းခြေအနီး မယူတောင်တန်းပေါ်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)
နဲ့ အာရက္ခတပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေပြီး ARSA တပ်ဖွဲ့ဝင်အချို့ကို အရှင် ဖမ်း
ဆီးရမိထားတယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။
ဩဂုတ်၂၉ ရက်နေ့ကနေစပြီးမောင်တောမြို့
နယ်တောင်ပိုင်း ဂြင်းတောချောင်း၀ရွာအနီးဝန်းကျင်မှာ တိုက်ပွဲစဖြစ်နေခဲ့တာဖြစ်ကာ ဒီနေ့ (သြဂုတ် ၃၁)ထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
“ARSA တွေကတော့ ဒီလိုပဲ ဝင်လာနေကြတာ။အဲဒါကိုသတင်းရလို့လိုက်ရှင်းနေတာကြာပြီ။ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်ကြတာ။ ဒီဘက်တဝိုက်ရွာတွေ၊ တောတွေမှာလည်း အများကြီးကျန်နေအုံးမယ်။ အဲဒါကို ရှင်း
လင်းရေးတွေထပ်လုပ်နေရသေးတယ်”လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း ARSA တပ်ဖွဲ့ဝင် တစ်ဆယ်ဦးဝန်းကျင်ကိုသေနတ်၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အ စောပိုင်းတုန်းကလည်း ARSA အဖွဲ့ လှုပ်
ရှားမှုတွေရှိခဲ့ပြီးAAနဲ့တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်မြို့နယ်အတွင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုတွေရှိနေပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်မှာ AA နဲ့ တိုက်ပွဲတွေ မကြာခဏ ရှိနေခဲ့တာဖြစ်ကာ အခုအခါ မြို့နယ်တောင်ပိုင်းမှာပါတိုက်ပွဲတွေရှိလာတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ဖြစ်တဲ့မောင်တော၊ ဘူးသီတောင်မြို့နယ်အတွင်းကဒေသတွေအပြင် ရခိုင်ပြည်နယ်အ လယ်ပိုင်းဒေသတွေမှာပါ ARSA တပ်ဖွဲ့ဝင်တွေ စိမ့်ဝင်လှုပ်ရှားမှုရှိနေတယ်လို့လည်း သိရပါတယ်။
“အခုနောက်ပိုင်း ဒီဘက်က မူဆလင်ရွာတွေမှာပါ ARSA တွေ ရောက်နေတာရှိလာတယ်။ သတင်းပေးတွေရှိလို့ သွားစစ်ကြည့်တဲ့အခါ ဖမ်းရတာ။စစ်ကောင်စီကိုယ်တိုင်ကARSA တွေနဲ့ ပူးပေါင်းပါဝင်နေတာတွေ့ရတယ်”လို့ ရခိုင်ပြည်အလယ်ပိုင်း၊မြို့နယ်တခုမှအုပ်
ချုပ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။
မောင်တောခရိုင်အတွင်းမှာ ရိုဟင်ဂျာလက်
နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အ
တွက်ကြောင့် ညဘက်အပြင်မထွက်ကြဖို့
အာရက္ခတပ် တော်(AA)က ညမထွက်ရအမိန့်တရပ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့မောင်တောခရိုင်မောင်တော၊ဘူးသီးတောင်မြို့နယ်တို့အတွင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေလှုပ်ရှားမှုရှိနေပြီးAA တပ်ဖွဲ့ဝင်တွေနဲ့ စျေးရောင်း၊ ဟင်းခူး၊ ထင်းရှာစသဖြင့် သွား လာနေကြတဲ့အရပ်သားပြည်သူတွေကို တိုက်ခိုက်၊ ပြန်ပေးဆွဲတာတွေ မကြာခဏ ရှိနေတာပါ။
အဲဒီလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သားဟာလည်း ဆယ်ချီရှိနေပါ တယ်။ပြီးခဲ့တဲ့
၂၀၂၅ ခု စက်တင်ဘာလအတွင်းက ARSA အဖွဲ့ကသတ်ဖြတ်ထားခဲ့တဲ့အလောင်း ၆ လောင်းကို AA က တွေ့ခဲ့ရပြီး သတ်ဖြတ်ခံရသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို၊ တမန်းသားနဲ့ အနီးဝန်းကျင်ကျေး ရွာတွေက ဖြစ်ကြပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်တလျှောက် ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေတာဖြစ်ပြီး AA တပ် စခန်းတွေကိုလည်း အ
ဝေးမှ လာရောက်ချုံခိုတိုက်ခိုက်မှုတွေ မကြာ
ခဏရှိနေကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြား စောင့်တပ် (BGB)တပ်စခန်းအနီးဝန်းကျင်တွေမှာ အခြေစိုက်စခန်းချနေကြတယ်လို့ AA က ဆိုထားပါတယ်။
မောင်တောခရိုင်အတွင်းမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အပြင် ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှု ရှိနေပြီး မောင်တောခရိုင်တခုလုံးကို သိမ်းပိုက်ထားတဲ့ AA အတွက် အာဏာသိမ်းစစ်တပ်မရှိတော့ပေမယ့်လည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရသေးတာပါ။
အဲဒီရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ပြီးခဲ့တဲ့ ရခိုင်ဒေသမြို့သိမ်းတိုက်ပွဲတွေမတိုင်ခင် ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်တွေထဲမှာစစ်တပ်က စစ်
သင်တန်းပေး၊ လက်နက်ထောက်ပံ့တာတွေ ရှိခဲ့ပြီး AA နဲ့ ဖြစ်တဲ့ တိုက်ပွဲ အချို့မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါ ဝင်ခဲ့ကြတယ်လို့ AA နဲ့ ဒေသခံတွေက ပြော
ထားကြပါ တယ်။
(မောင်တောမြို့မှာသြဂုတ်လအတွင်း ကင်းလှည့်နေခဲ့တဲ့AA တပ်ဖွဲ့၀င်တွေ။ဓါတ်ပုံ-APM)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရခိုင် #AA #မောင်တော
#ARSA

🥰20👍16❤9🤬2🔥1👏1🖕1
စစ်ကိုင်း- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲ ကြမ်းနေ
ဩဂုတ်−၃၁၊၂၀၂၆၊ကတ်သရင်း/People's Spring
စစ်ကိုင်း- ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။
ကောလင်းနဲ့ ရွှေဘိုမြို့နယ်ကြားမှာ စစ်တပ်က စစ်ဆေးရေး ၇ဂိတ်ဆက်တိုက်ရှိတဲ့ ပေကြီးလမ်းပိုင်းမှာ ကားပေါ်ပါလာတဲ့ ခရီးသည်လူငယ်အမျိုးသား ၊အမျိုးသမီးတွေကို ပေါ်တာဆွဲနေတာလို့ ကား မောင်းတွေက ပြောပါတယ်။
"ပေကြီးလမ်းကအရင်က ကွင်းရတာ။ကောလင်းမြို့နယ်အ ရှေ့ခြမ်းပေါ့။အခုက ကျောက်တန်းကွင်းပြီး ပေကြီးလမ်းဒဲ့ဖြတ်ရတာ။ဒီလမ်းကအခုတလောပေါ်တာ အရမ်းဆွဲတယ်။တချို့ကားတွေဆို မိန်းကလေးတွေပါဆွဲတာ"လို့ ကား မောင်းသူတဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြစ်ကြီးနားကနေ မန္တလေးမြို့ပြန်လာသူ အမျိုးသမီးတစ်ဦးကလည်း "ပေကြီးလမ်းကိုရောက်ရင် ထိပ်မှာက PDF ဂိတ်ရှိတယ်။အဲဒီဂိတ်က ပြောတယ်။ရှေ့မှာ ပေါ်တာ တွေဆွဲနေတယ်လို့။တကယ်အဲဒီဂိတ်တွေ ရောက်တော့အကြာကြီး စစ်တာ။ပြန်မလွှတ်ဘူး။ပြီးတော့မှာ မျက်မှန်ပါဝါတွေမေးပြီးလွှတ်ပေးလိုက်တာ"လို့ ဆိုပါတယ်။
အလားတူ စစ်ကိုင်းနဲ့ မန္တလေးမြို့တို့မှာလည်း စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာတွေဆွဲနေပြီး မန္တလေးမြို့မှာ နေ့ခင်းကြောင်တောင် ပေါ်တာလိုက်ဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်တပ်#ပေါ်တာဆွဲ#စစ်တပ်
#ပေါ်တာဆွဲ

🔥16🤬16❤6🖕4🤮2👎1👏1
မုံရွာ မီးလောင်မှု အဘိုးအို ၁ဦး သေဆုံး
သြဂုတ်၃၁၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ည ၁၁နာရီခန့်က မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံအချို့က ပြောပါတယ်။
"အဘိုးကတော့ တစ်ကိုယ်လုံးနီးပါး လောင်သွားတယ်ပြောတယ်။ မီးလောင်ပေမယ့် ထွက်မကြည့်ရဲဘူး။ မုံရွာအခြေအနေကဆိုးနေတော့"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အဆိုပါမီးလောင်ကျွမ်းမှုဟာ နေအိမ်တစ်အိမ်က ဆိုလာစနစ်နဲ့ အသုံးပြုတဲ့ ဘက်ထရီ အပူလွန်ကဲရာကနေ ဖြစ်ပွားခဲ့တာလို့ မီးသတ်က ဆိုပါတယ်။ အဲဒီမီးလောင်မှုကြောင့် နေအိမ် ၃ လုံးပျက်စီးပြီး မိသားစုဝင်တွေ လက်တလောနေထိုင်စားသောက်ရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မုံရွာ#မီးလောင်#မီးသတ်
#မီးလောင်

😢34❤4👍3🔥2👎1🤣1
မြေပြင်တိုက်ပွဲအထိနာတဲ့ စစ်တပ်က ရှုံးမဲမဲပြီး ပြည်သူကို ဗုံးကြဲလို့ အရပ်သားတွေ အစုလိုက်သေဆုံးဟု ချင်းတပ်ထုတ်ပြန်
ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အသိပေးထုတ်ပြန်ရာမှာ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရကြောင်းအသိပေးထားပါတယ်။
၀ုမ်းခုမ်ရွာမှာ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မူလတန်းကျောင်းသား ၂ဦး ၊ ၉တန်းကျောင်းသူ ၁ဦး ၊ စစ်ရှောင် ၂ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွား တွေအပါအဝင် ဒေသခံ ပြည်သူ ၈ဦး သေဆုံးကာ ၁၅ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
လူနေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး အခြားပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU) ထိန်းချုပ်နယ်မြေဖြစ်သော မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာလို့ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ အင်အားထောင်ချီနဲ့လာတဲ့ စစ်ကောင်စီတပ်ကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိပါတယ်။
လက်ရှိမှာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ အနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ထိုးစစ်များကို ခုခံဟန့်တားထားနိုင်ပြီး စစ်မြေပြင်တွင် အခြေအနေမကောင်းသော အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦ များနဲ့ ဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ချင်း#မင်းတပ်#လေကြောင်း
#စစ်တပ်

🤬26👎8🖕4👍3❤2🤣1
ရွှေဘိုမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုက ကျန်းမာရေးစောင့်ရှောက်မှုပေး
သြဂုတ် ၃၁၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။
စစ်ကိုင်းဒေသ သပိတ်အင်အားစု နဲ့ ရွှေဘိုမြို့နယ်သပိတ်အင်အားစု Mobile Medical Team တို့ပူးပေါင်းပြီး ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကိုို လအပ်တဲ့ ဆေးဝါးထောက်ပံ့တာ ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ပြုလုပ်ခဲ့ကြတာပါ။
ရေဘေးသင့် စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီကြဖို့အတွက်လည်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။

👍29❤8🤮2🥰1🤣1