People's Spring
60K subscribers
70.9K photos
1.22K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍35👏5🥰2🖕21👎1🤣1
AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ၂၀၂၆ ရာမွန်မက်ဆေဆေဆု ရရှိ

သြဂုတ်-၃၁၊ ၂၀၂၆။ သော်မွန်/People’s Spring

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

AAPPရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဦးဘိုကြည်ဟာ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆု(Ramon Magsaysay Award)ဂုဏ်ပြုချီးမြှင့်ခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း AAPP က ဒီနေ့ သြဂုတ် ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ရာမွန်မက်ဆေဆေကို ဂုဏ်ပြုပြီး ပေးအပ်ချီးမြှင့်တဲ့ Ramon Magsaysay Award ကို ၁၉၅၈ ခုနှစ်မှာ စတင်ခဲ့ပြီး အာရှတိုက်ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုအဖြစ် တင်စားကြပါတယ်။

၂၀၂၆ ခုနှစ်အတွက် ရာမွန်မက်ဆေဆေဆုကို စင်ကာပူနိုင်ငံက တွန်မီကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရူနာခမ်း၊ မြန်မာနိုင်ငံက ဦးဘိုကြည်တို့ ရရှိကြောင်း ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဥက္ကဋ္ဌ အက်ဂါချူးက ဒီနေ့ ကြေညာပါတယ်။

ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဆုရွေးချယ်ရေးအဖွဲ့ဟာ ၈၈ မျိုးဆက် နိုင်ငံရေးအကျဥ်းသားဟောင်းလည်း ဖြစ်သူ ဦးဘိုကြည်ရဲ့ ဘဝတလျှောက် လုပ်ဆောင်ချက်များကို အမှန်တရား၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတို့အတွက် မယိမ်းမယိုင်းဘဲ ကြိုးပမ်းရှာဖွေမှုအဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြပါတယ်။

ဦးဘိုကြည်ရဲ့ မဆုတ်မနစ်သော ကတိကဝတ်ဟာ ထူးကဲသော ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိ၊ ပုဂ္ဂိုလ်ရေးအရ ပေးဆပ်စွန့်လွှတ်မှု၊ ဒီမိုကရေစီနဲ့ လူသားဂုဏ်သိက္ခာတို့အပေါ် အမြဲတစေ ကာကွယ်စောင့်ရှောက်ထိုက်သော အရာများဖြစ်တယ်ဆိုတဲ့ ခိုင်မာသော ယုံကြည်ချက်တို့ကို ထင်ဟပ်စေကြောင်း ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဆုဟာ မတရားမှုကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ မြန်မာပြည်သူများ၊ အထူးသဖြင့် သံတိုင်များနောက်ကွယ်မှာ ကြံ့ကြံ့ခံ ရပ်တည်နေကြဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် ရည်ညွှန်းဂုဏ်ပြုအပ်ကြောင်း ဦးဘိုကြည်က အသိပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အားလုံး စည်းလုံးညီညွတ်စွာ ဆက်လက်လက်တွဲ ကြိုးပမ်းကြမယ်ဆိုရင် ပြည်သူလူထုနဲ့ ဒေသတွင်းအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးသာယာဝပြောရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မယ့် မြန်မာနိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း ဦးဘိုကြည်က ဖော်ပြပါတယ်။

“ဒီဆုဟာ ကျွန်တော်တစ်ဦးတည်းနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ AAPP အဖွဲ့ဝင်အားလုံးနဲ့ သက်ဆိုင်တဲ့ဆုဖြစ်ပါတယ်”လို့ ဦးဘိုကြည်က ရေးသားပါတယ်။

ရာမွန်မက်ဆေဆေဆုကို မြန်မာနိုင်ငံက ဦးလောရုံ၊ ဒေါ်တီးတီး၊ ဒေါက်တာစင်သီယာမောင်၊ ကစောဝါး၊ လဖိုင်းဆိုင်းရော်၊ ဦးကျော်သူနဲ့ ဦးဆွေဝင်းတို့ ရရှိခဲ့ပါတယ်။
32👍10👏2🤮1🤣1
28👍11🤮3🖕1
မြောင်က တရားစခန်းလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁ဦးထပ်တိုး၊ ၁၆ ဦးအထိ ရှိလာ

သြဂုတ် ၃၁၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၁ရက် ဥပုသ်နေ့ မနက် ၉ နာရီခွဲခန့်က ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းမှာဖွင့်ထားတဲ့ တရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ဦး၊ ပေါင်း ၁၄ ဦး သေဆုံးပြီး ၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာ အမျိုးသမီး ၁ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့ပါတယ်။

သြဂုတ် ၂၉ ရက်မှာတော့ ဒဏ်ရာရထားတဲ့ လူငယ်အမျိုးသား ၁ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ထပ်မံသေဆုံးတာက အသက် ၂၁ နှစ်လောက်ရှိတဲ့ အမျိုးသားပါ။ သူကမှန်ကတည်းက ဗိုက်ပွင့်သွားတာ။ အူဖြတ်ဆက်ထားရာကနေပြီး​တော့ အသက်ဆုံးရှုံးသွားတာ"လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ကျန်တဲ့ ဒဏ်ရာရသူ ၂၆ ခန့်ကလည်း ယနေ့အထိ ဆက်လက်ဆေးကုသနေရဆဲဖြစ်ကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲမှာ တရားစခန်းဝင်နေကြတဲ့ သက်ကြီးရွယ်အို ယောဂီတွေအများဆုံးသေဆုံးခဲ့ပြီး မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရပါတယ်။

ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ မှာတော့ တရားစခန်းတွေ ပြန်ဖွင့်ခဲ့တာလို့ သိရပါတယ်။
🤬394👍3👏3👎2🎉1
(ဆွဲလွဲအိုရွာတရားစခန်းအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဥ်။ ဓါတ်ပုံ-ကိုနွေဦး-မြောင်)
🤬403👎3🔥1👏1🎉1🤮1😭1
ပေါက်နဲ့ မြိုင်အနောက်ခြမ်းက စစ်တပ် ရေနံတွင်းတွေနား နီးကပ်လာ

ဩဂုတ် −၃၁၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လက်ယက်တွင်းနဲ့ ရေနံချက်လုပ်ငန်းတွေရှိရာ အနီးက တဲကြီးကျေးရွာကို အခုဩဂုတ် ၂၆ ရက်မှာ စစ်တပ်စစ်ကြောင်းတွေရောက်ရှိခဲ့ပြီး ကျေးရွာကနေအိမ်တွေ မီးရှို့နေတာလို့ ဆိုပါတယ်။

"တဲကြီးက ရေနံမှော်နဲ့ ကပ်သီလေးပါ။အခု ဒီနေ့ တဲကြီးအနောက်ဘက်နည်းနည်းရွေ့တယ်လို့တော့ကြားတယ်"လို့ အသက်(၄၀)အရွယ် မြိုင်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်း‌တိုက်ခိုက်မှုတွေလည်းနေ့စဉ်နီးပါးရှိနေကာ ပေါက်နဲ့ မြိုင် ဒေသအစပ်က ရေနံမှော်အတွင်းပိုင်းအထိ စစ်ကြောင်းထိုးလာနိုင်တယ်လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

"စစ်ကြောင်းထိုးတဲ့သုံးလတာ ကာလပတ်လုံးကို ကြည့်ရင် သူတို့၀င်မယ့်ရွာတွေကို လေကြောင်းကနေ အရင်ဆုံးဗုံးကြဲတယ်။ပြီးရင် စစ်ကြောင်းတဖြည်းဖြည်းရွှေ့ပြီး အဲဒီရွာကို၀င်တယ်။မီးရှို့တယ်။မနေ့က တဲကြီး အထက်ဘက် နသတ်ရွာ(ပေါက်မြို့နယ်) ကို လေကြောင်းကနေ ဗုံးကြဲတာများတယ်။အဲဒါကြောင့် နသတ်ဘက်ကို သူတို့ ၀င်မယ်လို့ယူဆတယ်။နောက်ပြီး နသတ် အထက်ပိုင်းမှာက ‌မှော်လုပ်ကွက်တွေပိုများတယ်"လို့ သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း ရွေ့လျားမှုအပေါ်မူတည်ပြီး မြေပြင်တိုက်ပွဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိစစ်ကြောင်းရောက်နေတဲ့ တဲကြီးရွာ အပါအ၀င် မြိုင်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ဆယ်ရွာထက်မနည်း စစ်ဘေးရှောင်နေကြရပါတယ်။

မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာ နဲ့ တဲကြီးရွာ အနီးတဝိုက်က ဝဲတူးရေနံမြေ ကို ပြန်ယူဖို့ စစ်တပ်က ကြိုးပမ်းနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

ဝဲတူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က
ရေနံမှော်တွေကို ၂၀၂၄ ခုနှစ် မတ်လကတည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပါတယ်။

ဇွန် နဲ့ဇူလိုင်လက တိုက်ပွဲတွေအတွင်း စစ်တပ်စစ် ကြောင်းဆီကလက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တလတည်းမှာပဲ စစ်တပ်ကမြိုင်ဒေသမှာ လေယာဉ်မျိုးစုံအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၄၀ ၀န်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာ ရှစ်ရွာထက်မနည်း မီးရှို့ခံခဲ့ရတာကြောင့် နေအိမ်အလုံး ၂၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ထားပါတယ်။
👎18🔥8🤬31🥰1👏1🎉1🤮1
(မကွေးတိုင်းက အညာတမာစစ်ဆင်ရေးမှာ တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ − ABSDF Column - 3)
38🫡4👎2👍1🤮1🖕1
ရခိုင်ကနေ ပြည်မနဲ့ ပြည်ပကို ပို့ပေးနေတဲ့ပွဲစားတွေကို AA ရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ အရေးယူ

■ဖမ်းဆီးခံထားရသူတွေထဲကတဦးသေဆုံး

ဩဂုတ်-၃၁၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်မှာ၂၀၂၆ ခုနှစ်ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း ၃၅ မှုကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့ (DLEPS)က ထုတ်ပြန်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (NDEP)
ကြောင့်စစ်မှုထမ်းရမှာစိုးရိမ်တာ၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးတာတို့ကြောင့် ပွဲစားတွေရဲ့အကူအညီ နဲ့ တောတောင်၊ ချောင်း
မြောင်းတွေ ဖြတ်ကျော်ကာ ရခိုင်ပြည်အပြင်ဘက် ထွက်ခွာဖို့ ကြိုးစားရင်း လူကုန်ကူးခံရ တာတွေအပြင် စစ်တပ်ထံဖမ်းဆီးခံရမှုတွေနဲ့ပါ ကြုံနေကြရတာဖြစ်ပါတယ်။

“NDEPကြောက်လို့ရခိုင်ကနေထွက်ကြတယ်ဆိုတာထက် အဓိက အလုပ်မရှိလို့ ထွက်ကြတာ။လူငယ်တော်တော်များများထွက်ကြတယ်။အဲဒီမှာပွဲစားတွေလုပ်စားကြတာ။သိန်းဆယ်ချီတောင်းတယ်။ တချို့က စစ်တပ်ကို သတင်းပေးတာတွေ၊လူရောင်းစားတာတွေပါ လုပ်တယ်”လို့ဖြစ်စဥ်​တွေကိုသိတဲ့ရခိုင်ဒေ
သခံကုန်သည်တဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းကရန်ကုန်အပါအဝင် ရခိုင်ပြည်ပြင်ပနေရာတွေကိုသွားလိုသူတွေနဲ့ ရခိုင်ပြည်ပြင်ပက ရခိုင်ပြည်တွင်းသို့ပြန်လာလိုသူတွေဟာပွဲစားတွေနဲ့တဆင့်ချိတ်ဆက်ပြီး သွားလာနေကြပြီး လူတဦးအတွက် ရခိုင် က ရန်ကုန်တရောက် ပွဲစားခ ကျပ်သိန်းလေးဆယ်ဝန်းကျင်စျေးရှိနေတယ်လို့သိရပါတယ်။

“ရန်ကုန်တရောက် သိန်းလေးဆယ်တောင်းတယ်ပွဲစားတွေက၊အဲဒါလမ်းစရိတ်တခုတည်း ။ လမ်းမှာစားဖို့၊တည်းဖို့စရိတ်တွေမပါဘူး။ အကုန်ငါးဆယ်လောက်ပေါက်တယ်။ ကံကောင်းရင်တော့ ဖြောင့်ဖြောင့်တန်းတန်း ရောက်သွားတယ်။မရောက်တဲ့သူတွေလည်း မရောက်ကြဘူး” လို့ ပြီးခဲ့တဲ့ ဇူလိုင်လအ
တွင်းရခိုင်ကနေ ရန်ကုန်ကို သွားခဲ့ တဲ့ လူငယ်တဦးက ပြောပါတယ်။

စစ်တပ်ရဲ့ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်နက်
ကြီးလေကြောင်းပစ်ခတ်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးကြပ် တည်းမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ဒေသခံတွေဟာပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုပြီး လိမ်လည်သွေး
ဆောင် ကာ ငွေကြေးအဆမတန်တောင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေရဲ့ လူကုန်ကူးမှုကိုပါ ခံနေကြရတာလို့ AA ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီလို ရခိုင်ပြည်ပြင်ပကို ထွက်ခွာဖို့ကြိုးစားရင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်တို့ရှိ ကျားဖြန့်လုပ် ငန်းတွေ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရှိ ဆောက်လုပ်ရေး၊ စိုက်ပျိုး
ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရတာတွေနဲ့ ကြုံနေကြရတာလို့ ဆိုပါတယ်။

တရားမဝင်နယ်စပ်ဖြတ်ကျော်ရာမှာလည်း သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရတာ၊ အလုပ်ရှင်တွေရဲ့ ရိုက်နှက်နှိပ်စက်မှုနဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အ
ရေး မရရှိတာတွေအပြင် အသက်အန္တရာယ် ထိခိုက် မှုတွေကိုပါကြုံနေကြရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်ပြင်ပကိုထွက်ခွာကြသူတွေထဲမှာ လူကုန်ကူးခံရတာအပြင်အာဏာသိမ်းစစ်တပ်ထံ ဖမ်းဆီးခံရပြီး ပြည်သူ့စစ်သင်တန်းတွေကို ပို့ဆောင်ခံရတာ၊တောတောင်တွေထဲမှာ ငတ်ပြတ်တာ၊ ငှက်ဖျားရောဂါနဲ့အသက် ဆုံး
ရှုံးရတာ၊ တောဆင်ရိုင်းတွေနဲ့ တွေ့ကြုံရတာ၊ အဆိပ်ရှိမြွေတွေကိုက်ခံရတာ၊ချောင်းမြောင်း
တွေထဲ မျောပါပြီး ထိခိုက် ဒဏ်ရာရသေဆုံးတာတွေနဲ့လည်း ရှိနေတယ်လို့စုံစမ်းသိရပါတယ်။

ဒါ့အပြင်ရခိုင်ကနေပြည်မဒေသတွေဆီ ပွဲစားတွေနဲ့တဆင့်သွားရင် စစ်တပ်ထံ ရောင်းစားခံရလို့ စစ်မှုထမ်း၊ ရှေ့ တန်းရောက်သွားကာ AA ထံ ပြန်လည်အလင်းဝင်လာကြသူတွေလည်း ရှိနေပါတယ်။

အဲဒီလို ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ရခိုင်ပြည်ပြင်ပထွက်ခွာဖို့ ကြိုးပမ်းသူတွေကို နယ်စပ်ဒေသတွေမှာ လိုက်လံဖမ်း ဆီးနေပြီး NDEP ပြဌာန်းချက်နဲ့ အကျုံးဝင်တဲ့သူတွေကို စစ်မှုတာဝန်ထမ်းဆောင်စေကာ အကျုံးမဝင်တဲ့သူတွေကို တော့ ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်ပေးနေတယ်လို့ AA ရဲတပ်ဖွဲ့က ဆိုပါတယ်။

“စစ်မှုထမ်းအရွယ်တွေဆိုရင်တခါတည်း သင်
တန်းပို့ခံရတယ်။ကင်းလွတ်ခွင့်ရတဲ့အရွယ်တွေကတော့ ပြန်လွှတ် ပေးပါတယ်” လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ AA ဟာ အ
ရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့်အရေးပေါ်ပြ ဌာန်းချက်တရပ်ကို ပြီးခဲ့တဲ့၂၀၂၅ မတ်လ ၁၈ ရက်နေ့မှာပြဌာန်းခဲ့တာပါ။

အလားတူ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို ချိုုးဖောက်ကျူးလွန်သူလူ ကုန်ကူးပွဲစားတွေကိုလည်း ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အရေးယူပြစ်ဒဏ်ချမှတ်နေတယ်လို့ ဆိုပါတယ်။လူကုန်ကူးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့သူတွေထဲက ဦးဇော်ဇော်မိုးဆိုသူဟာ အသက်ရှူမဝခြင်း၊ အလွန်မောပန်းခြင်းနဲ့ချွေးထွက်လွန်ခြင်းစတဲ့ရောဂါလက္ခဏာတွေကြောင့် အချုပ်ကျနေစဉ် ဆေး
ကုသမှုခံယူရင်း ဩဂုတ်လ ၂၅ရက် မှာ သေဆုံးခဲ့ပါတယ်။ဦးဇော်ဇော်မိုးဟာ ဦးဝင်းမြင့်ဇော်၊ ဦးစိန်မြသိန်းတို့နဲ့အတူ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက ဖမ်းဆီးအရေးယူခံ ထားရသူဖြစ်ပြီး လူကုန်ကူးမှုနဲ့ ပြစ်မှုကျူး
လွန်ကြောင်းဝန်ခံထားသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။
👍336🔥4🤣2🖕1
လူကုန်ကူးမှုကိုကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေတ်သစ်ကျေးကျွန်ပြုခြင်းဟု သတ်မှတ်ထားပြီး လူ ကုန်ကူးမှုဆိုတာ လူတဦးရဲ့ ကိုယ်ကျိုးစီးပွား သို့မဟုတ် အမြတ်
အစွန်းရရှိရန်အတွက် အခြားသူတဦးအား လှည့်စား ခြင်း၊ ခြိမ်းခြောက်ခြင်း၊အတင်းအ
ကျပ်ခိုင်းစေခြင်းသို့မဟုတ်လုပ်အားခေါင်း
ပုံဖြတ်ခြင်းတို့ပြုလုပ်ကာလူကိုရောင်းဝယ်
ဖောက်ကားတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

ULA/AA အနေနဲ့ လူကုန်ကူးမှု ပပျောက်ရေးအတွက် မဟာမိတ်နယ်မြေများရှိ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
👏28👍8🤣2🔥1🥰1🖕1
👍27🔥2👏2🤔1🤣1
မြိတ်နယ်က တပ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦး သတ်ဖြတ်၊ နေအိမ်တွေ မီးရှို့

ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၇ရက်မှာ စစ်တပ်က မဇောကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးကာ ငါးရပ်အင်းရွာနေ ပြည်သူ အမျိုးသား ၂ဦး သတ်ဖြတ်ခဲ့သလို တုံးဗျောရွာရှိ ပြည်သူလူထု နေအိမ် ၈လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဩဂုတ် ၂၈ရက်မှာလည်း ရေခမ်းချောင်းရွာက ပြည်သူလူထုနေအိမ် ၁လုံးကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။

စစ်တပ်ဟာ မဇောကျေးရွာအုပ်စုက ငါးရပ်အင်းကျေးရွာ၊ တုံး‌ဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတွေကို စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတာလို့ ဆိုပါတယ်။

အဲဒီအထဲက တုံးဗျောရွာကို အရင်က စစ်တပ်က တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီတပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဩဂုတ် ၂၄ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်တာကို စစ်သားတွေက လက်နက်တွေထားပြီး ထွက်ပြေးသွားလို့ လက်နက် ၄လက် သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။

တုံးဗျောရွာတိုက်ခိုက်ခံရပြီးနောက် ၃ရက်အကြာမှာ စစ်တပ်က ဒေသတွင်းကို စစ်ကြောင်းထိုးလာပြီး အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
🤬33👎65👏2🤮1🤣1
🤬37👎4👍32👏1😢1
မလှိုင်၊ထမ္မကြီးရွာစစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးအပါအဝင်ဒေသခံ ၁၂ဦးအသတ်ခံရပြီး စစ်ကြောင်း ဝင်လာလို့ပြည်သူတိမ်း​ရှောင်ရ

■စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

ဩဂုတ်၃၁၊၂၀၂၆၊ကတ်သရင်း/ People's Spring

မန္တလေးတိုင်း၊မလှိုင်မြို့နယ်၊ထမ္မကြီးရွာမှာ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်ပျူ​စောထီး​ခေါင်း​ဆောင်လည်းဖြစ်သူအပါအဝင် ဒေသခံ ၁၂ ဦးဒီက​နေ့မှာ သတ်ဖြတ်ခံရပြီး​နောက်စစ်တပ်စစ်​ကြောင်းဝင်ရောက်လာတဲ့အတွက်ဒေသခံ တွေရှောင်တိမ်းနေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဩဂုတ်လ၃၁ရက် ၊မနက်မှာ ကား၄စီးနဲ့ လက်
နက်ကိုင် ဆောင်ထားသူတွေဝင်လာပြီး ထမ္မကြီးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်အပါအဝင် အမျိုးသား၁၀ဦးနဲ့ အမျိုးသမီး၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မလှိုင်မြို့က နေစစ် တပ်ကကားတွေနဲ့​ရောက်လာပြီးရွာထဲဝင် ရောက်လာတာမို့ ဒေသခံပြည်သူတွေ ထွက်
ပြေး နေကြတယ်လို့ သိရပါတယ်။

"စစ်တပ်ဝင်လာကတည်းကတော့ပြည်သူတွေ
ကပြေးကြပြီလေ။ဘယ်သူမှမရှိကြတော့ဘူး။လက်ရှိအခြေအနေက ဘာမှအတည်ပြုမရဘူး။အဆက်သွယ် တွေမရဘူး"လို့ ဒေသခံ
တဦးကပြောပါတယ်။

သေဆုံးသူ စိုးလင်းထိုက်ဟာ ၂၀၂၄ခုနှစ်ကတည်းက စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်
သူ့စစ်အဖွဲ့ခေါင်း ဆောင်တဦးဖြစ်တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူက ရွာကို ကာကွယ်​ရေးအ
တွက်ဆိုပြီး ပြည်သူ့စစ်အဖွဲ့ (​ခေါ်) ပျူ​စောထီး ဖွဲ့ဖို့ ဖိအား​ပေး​ပြီး ပျူအဖွဲ့ ဖွဲ့ပြီးချိန်မှာ အခုဖြစ်စဥ်ဖြစ်ခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ် ။

"PDFဆိုရင် အဲ့လိုမလုပ်သင့်ပါဘူးဗျ။ကျွန်
တော်သိရသလောက်သူတို့ကအဖွဲ့ (ပျူအဖွဲဲ့)ပဲဖွဲ့ထားတာဘယ်သူ့မှဒုက္ခမပေးရသေးပါဘူးဗျ။လူတစ်ယောက်မှလဲမသတ်ဖူးပါဘူး။ရှေ့တန်းမှသူပစ်ကိုယ်ပစ်တောင်လက်နက်ချအညံ့ခံရင်မသတ်ရတာ။ခုကလက်နက်ကိုင်ဆောင်ထားခြင်းမရှိသေးပါဘူး။အဖွဲ့ဖွဲ့ထားရုံပဲရှိပါသေးတယ်"လို့ ​ဒေသခံတဦးက​ပြောပါတယ် ။

စစ်တပ်စစ်​ကြောင်းဝင်လာလို့​ဒေသခံ​​တွေတိမ်း​ရှောင်ကြရ​ပေမယ့် ည​နေပိုင်းမှာ ​ဒေသခံအများစုရွာထဲပြန်ဝင်ပြီလို့ သိရပါတယ်။ စစ်တပ်က ထမ္မကြီးရွာ အနီးတဝိုက်က ​နေရာအချို့ကို သြဂုတ် ၃၁ ရက်ည​နေမှာ ဗုံးကြဲခဲ့တယ်လို့လည်း ​ဒေသခံအချိူ့က​ပြောပါတယ်။

"စစ်တပ်က သင်တန်းပေးထားတဲ့ရွာဗျ။ ဒီရွာကြောင့် တော်တော် ဒုက္ခရောက်ကြတယ်။ စစ်တပ်က လက်နက်ထုတ်ပေးထားတယ်။ တိုက်ပွဲဖြစ်ရင် ခေါ်သုံးတယ်။ ပြီးရင် လက်
နက်တွေပြန်သိမ်းတယ်။ဒီရက်ထဲလည်းအဲ့ရွာကနေ စစ်ကြောင်းထွက်မယ်ကြားနေလို့ ဘေးရွာတချို့ ရှောင်ရတယ်" မလှိုင်မြို့နယ်မှ​ဒေသခံတဦးက​​ပြောပါတယ် ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်​တွေက စိုးလင်းထိုက် အပါအဝင် ၁၂ ဦးကို တော်လှန်ရေးအဖွဲ့ တွေက သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲ​ရေးသားပြီး​သေဆုံးသူ​တွေရဲ့ရုပ်အ​လောင်းဓါတ်ပုံဖြန့်​ဝေ​နေတာ​တွေ့ရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော်လှန်ရေးတပ် တွေက ထုတ်ပြန်ထားတာမျိုးမရှိ သေးသလို ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်းမသိရ​သေးပါဘူး။

ထမ္မကြီးရွာဟာ ရန်ကုန်-မန္တလေးအမြန်လမ်း ၂၉၅ မိုင် ရဲ့ အနောက်ဘက် ၄မိုင်ခန့်အကွာမှာရှိပါတယ် ။ မလှိုင်မြို့ရဲ့ အရှေ့ဘက် မှာရှိပြီးမြို့နယ်အစွန်မှာတည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မလှိုင် #ပျူ​​စောထီး #ထမ္မကြီးရွာ
👍3516🔥3👎2🖕2🤔1🤬1
🔥17👍9👎1
မောင်တောမြို့နယ်တောင်ပိုင်းမှာ AA နဲ့ ARSA တို့ တိုက်ပွဲဖြစ်

■ARSAအဖွဲ့ဝင်အချို့ကိုဖမ်းမိ၊စစ်တပ်နဲ့ ARSA ပူး​ပေါင်းလှုပ်ရှားမှုအချို့ရှိ​နေ

ဩဂုတ်-၃၁၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကမ်းခြေအနီး မယူတောင်တန်းပေါ်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)
နဲ့ အာရက္ခတပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေပြီး ARSA တပ်ဖွဲ့ဝင်အချို့ကို အရှင် ဖမ်း
ဆီးရမိထားတယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။

ဩဂုတ်၂၉ ရက်နေ့ကနေစပြီးမောင်တောမြို့
နယ်တောင်ပိုင်း ဂြင်းတောချောင်း၀ရွာအနီးဝန်းကျင်မှာ တိုက်ပွဲစဖြစ်နေခဲ့တာဖြစ်ကာ ဒီနေ့ (သြဂုတ် ၃၁)ထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

“ARSA တွေကတော့ ဒီလိုပဲ ဝင်လာနေကြတာ။အဲဒါကိုသတင်းရလို့လိုက်ရှင်းနေတာကြာပြီ။ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်ကြတာ။ ဒီဘက်တဝိုက်ရွာတွေ၊ တောတွေမှာလည်း အများကြီးကျန်နေအုံးမယ်။ အဲဒါကို ရှင်း
လင်းရေးတွေထပ်လုပ်နေရသေးတယ်”လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ARSA တပ်ဖွဲ့ဝင် တစ်ဆယ်ဦးဝန်းကျင်ကိုသေနတ်၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အ စောပိုင်းတုန်းကလည်း ARSA အဖွဲ့ လှုပ်
ရှားမှုတွေရှိခဲ့ပြီးAAနဲ့တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်မြို့နယ်အတွင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုတွေရှိနေပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်မှာ AA နဲ့ တိုက်ပွဲတွေ မကြာခဏ ရှိနေခဲ့တာဖြစ်ကာ အခုအခါ မြို့နယ်တောင်ပိုင်းမှာပါတိုက်ပွဲတွေရှိလာတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ဖြစ်တဲ့မောင်တော၊ ဘူးသီတောင်မြို့နယ်အတွင်းကဒေသတွေအပြင် ရခိုင်ပြည်နယ်အ လယ်ပိုင်းဒေသတွေမှာပါ ARSA တပ်ဖွဲ့ဝင်တွေ စိမ့်ဝင်လှုပ်ရှားမှုရှိနေတယ်လို့လည်း သိရပါတယ်။

“အခုနောက်ပိုင်း ဒီဘက်က မူဆလင်ရွာတွေမှာပါ ARSA တွေ ရောက်နေတာရှိလာတယ်။ သတင်းပေးတွေရှိလို့ သွားစစ်ကြည့်တဲ့အခါ ဖမ်းရတာ။စစ်ကောင်စီကိုယ်တိုင်ကARSA တွေနဲ့ ပူးပေါင်းပါဝင်နေတာတွေ့ရတယ်”လို့ ရခိုင်ပြည်အလယ်ပိုင်း၊မြို့နယ်တခုမှအုပ်
ချုပ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။

မောင်တောခရိုင်အတွင်းမှာ ရိုဟင်ဂျာလက်
နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အ
တွက်ကြောင့် ညဘက်အပြင်မထွက်ကြဖို့
အာရက္ခတပ် တော်(AA)က ညမထွက်ရအမိန့်တရပ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့မောင်တောခရိုင်မောင်တော၊ဘူးသီးတောင်မြို့နယ်တို့အတွင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေလှုပ်ရှားမှုရှိနေပြီးAA တပ်ဖွဲ့ဝင်တွေနဲ့ စျေးရောင်း၊ ဟင်းခူး၊ ထင်းရှာစသဖြင့် သွား လာနေကြတဲ့အရပ်သားပြည်သူတွေကို တိုက်ခိုက်၊ ပြန်ပေးဆွဲတာတွေ မကြာခဏ ရှိနေတာပါ။

အဲဒီလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သားဟာလည်း ဆယ်ချီရှိနေပါ တယ်။ပြီးခဲ့တဲ့
၂၀၂၅ ခု စက်တင်ဘာလအတွင်းက ARSA အဖွဲ့ကသတ်ဖြတ်ထားခဲ့တဲ့အလောင်း ၆ လောင်းကို AA က တွေ့ခဲ့ရပြီး သတ်ဖြတ်ခံရသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို၊ တမန်းသားနဲ့ အနီးဝန်းကျင်ကျေး ရွာတွေက ဖြစ်ကြပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်တလျှောက် ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေတာဖြစ်ပြီး AA တပ် စခန်းတွေကိုလည်း အ
ဝေးမှ လာရောက်ချုံခိုတိုက်ခိုက်မှုတွေ မကြာ
ခဏရှိနေကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြား စောင့်တပ် (BGB)တပ်စခန်းအနီးဝန်းကျင်တွေမှာ အခြေစိုက်စခန်းချနေကြတယ်လို့ AA က ဆိုထားပါတယ်။

မောင်တောခရိုင်အတွင်းမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အပြင် ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှု ရှိနေပြီး မောင်တောခရိုင်တခုလုံးကို သိမ်းပိုက်ထားတဲ့ AA အတွက် အာဏာသိမ်းစစ်တပ်မရှိတော့ပေမယ့်လည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရသေးတာပါ။

အဲဒီရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ပြီးခဲ့တဲ့ ရခိုင်ဒေသမြို့သိမ်းတိုက်ပွဲတွေမတိုင်ခင် ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်တွေထဲမှာစစ်တပ်က စစ်
သင်တန်းပေး၊ လက်နက်ထောက်ပံ့တာတွေ ရှိခဲ့ပြီး AA နဲ့ ဖြစ်တဲ့ တိုက်ပွဲ အချို့မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါ ဝင်ခဲ့ကြတယ်လို့ AA နဲ့ ဒေသခံတွေက ပြော
ထားကြပါ တယ်။

(မောင်တောမြို့မှာသြဂုတ်လအတွင်း ကင်းလှည့်နေခဲ့တဲ့AA တပ်ဖွဲ့၀င်တွေ။ဓါတ်ပုံ-APM)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရခိုင် #AA #​မောင်​တော
#ARSA
🥰20👍169🤬2🔥1👏1🖕1
👍357🔥1🥰1🤮1
စစ်ကိုင်း- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲ ကြမ်းနေ

ဩဂုတ်−၃၁၊၂၀၂၆၊ကတ်သရင်း/People's Spring

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

ကောလင်းနဲ့ ရွှေဘိုမြို့နယ်ကြားမှာ စစ်တပ်က စစ်ဆေးရေး ၇ဂိတ်ဆက်တိုက်ရှိတဲ့ ပေကြီးလမ်းပိုင်းမှာ ကားပေါ်ပါလာတဲ့ ခရီးသည်လူငယ်အမျိုးသား ၊အမျိုးသမီးတွေကို ပေါ်တာဆွဲနေတာလို့ ကား မောင်းတွေက ပြောပါတယ်။

"ပေကြီးလမ်းကအရင်က ကွင်းရတာ။ကောလင်းမြို့နယ်အ ရှေ့ခြမ်းပေါ့။အခုက ကျောက်တန်းကွင်းပြီး ပေကြီးလမ်းဒဲ့ဖြတ်ရတာ။ဒီလမ်းကအခုတလောပေါ်တာ အရမ်းဆွဲတယ်။တချို့ကားတွေဆို မိန်းကလေးတွေပါဆွဲတာ"လို့ ကား မောင်းသူတဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မြစ်ကြီးနားကနေ မန္တလေးမြို့ပြန်လာသူ အမျိုးသမီးတစ်ဦးကလည်း "ပေကြီးလမ်းကိုရောက်ရင် ထိပ်မှာက PDF ဂိတ်ရှိတယ်။အဲဒီဂိတ်က ပြောတယ်။ရှေ့မှာ ပေါ်တာ တွေဆွဲနေတယ်လို့။တကယ်အဲဒီဂိတ်တွေ ရောက်တော့အကြာကြီး စစ်တာ။ပြန်မလွှတ်ဘူး။ပြီးတော့မှာ မျက်မှန်ပါဝါတွေမေးပြီးလွှတ်ပေးလိုက်တာ"လို့ ဆိုပါတယ်။

အလားတူ စစ်ကိုင်းနဲ့ မန္တလေးမြို့တို့မှာလည်း စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာတွေဆွဲနေပြီး မန္တလေးမြို့မှာ နေ့ခင်းကြောင်တောင် ပေါ်တာလိုက်ဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်တပ်#ပေါ်တာဆွဲ#စစ်တပ်
#ပေါ်တာဆွဲ
🔥16🤬166🖕4🤮2👎1👏1