မဟာအောင်မြေမှာ ပျူစောထီးတွေက ပစ္စည်းပို့သမားဆီက ငွေလု
သြဂုတ် ၃၁၊ ၂၀၂၆။ မေရီ/People's Spring
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
သြဂုတ် ၂၉ ရက် ည ၁၁နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၅ လမ်း၊ ၉၀ လမ်းနဲ့ ကန်ပတ်လမ်းကြား၊ မဟာစည်ဘုန်းကြီးကျောင်းအရှေ့ဘက်လမ်းသစ်မှာ နံပတ်ပြားမပါတဲ့ အဖြူရောင် Mark II ကားနဲ့ ကားပေါ်မှာ သေနတ်တွေ ၊ ဓါးတွေပါတဲ့ ပျူစောထီး ၅ဦး ရောက်ရှိလာကြောင်း၊ အဲဒီနောက် ပစ္စည်းပို့သမား အသက် ၂၀ အရွယ် လူငယ်ဆီကနေ ငွေကျပ် (၄) သိန်းကျော်နဲ့ဖုန်း (၂) လုံး ခြိမ်းခြောက် လုယူသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
"ဓားတွေကော သေနတ်တွေကောပါတယ်တဲ့။ ကောင်လေးကတော့ငိုနေတာ ကြောက်ပြီးတော့။ လူတောင် ငွေပေးလိုက်လို့တဲ့။ မပေးရင်ဖမ်းမယ်လုပ်တာလို့ ပြောတယ်"Voice Of Mandalay အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ပျူစောထီးတွေဟာ ဘယ်မြို့နယ်ကအဖွဲ့ကဆိုတာတော့ မသိရသေးပါဘူး။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ လုပ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေလက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက်သွားခဲ့ပါသေးတယ်။
စစ်တပ်နဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့ရောညပါ ပြုလုပ်နေတဲ့အတွက် သတိပြုသွားလာနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

🤬37👍5❤2👎2🤣1🖕1😡1
ငါးသိုင်းချောင်း- အိုင်သပြုလမ်းမှာလှေမှောက် ဒေသခံနှစ်ဦးပျောက်ဆုံးနေ
သြဂုတ်-၃၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်း၊ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေလိုက်
ပါလာတဲ့လှေတစ်စီးတိမ်းပြီးနှစ်ဦး ပျောက်
ဆုံးနေပါတယ်။
ငါးသိုင်းချောင်း-အိုင်သပြုလမ်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေဖြတ်လို့မရလို့ ဒေသခံတွေဟာ လှေတွေနဲ့သာ သွားလာနေကြတာပါ။
"ရေစီးက အရမ်းသန်နေသေးတာ။ ဒေသခံတွေကလှေကိုအကျွမ်းတဝင်မရှိတော့မျောပါသွားတာပါ"လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။
လှေပေါ်ပါသူ တစ်ဦးကို ကယ်တင်နိုင်ပေမယ့်
ပျောက်ဆုံးနေသူ ၂ ဦးနဲ့ပတ်သက်တဲ့အသေး
စိတ်အချက်အလက်ကိုမသိရသေးပါဘူး။ ဒေသခံလူမှုကူညီ ရေးအဖွဲ့ဖြစ်တဲ့ ကရုဏာကမ်းလက်အဖွဲ့ကလည်း ပျောက်ဆုံးနေသူနှစ်ဦးကိုရှာဖွေနေတယ်လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။
ဩဂုတ်လ၂၇ ရက်ညကလည်းငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်ပြီးလှေပေါ်မှာပါတဲ့ အ
မျိုးသား နှစ်ဦးအနက် တစ်ဦးပျောက်ဆုံးသွားပြီး နောက်နှစ်ရက်အကြာမှာ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။လက်ရှိမှာ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ဒေသခံတွေဟာလှေတွေ၊စက်လှေတွေနဲ့ဝါးဖောင်တွေသုံးပြီးသွားလာနေရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့သြဂုတ်လ၁၈ရက်နေ့ကလည်းလူတဦး ရေနစ်သေဆုံးခဲ့သလို ၊သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် သေဆုံးသူစာရင်းကိုစစ်အုပ်
စုကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေ
သတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ
ဘေးမှာ သြဂုတ်လ ၃၁ရက်နေ့အထိ ၁၄ဦးထက်မနည်းသေဆုံးထားပြီးငါးဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။

🔥18👎5👍3❤2😢1🤣1
မင်းတပ်မြို့အနီး စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေ အပါအဝင် ၈ဦးသေ၊ ၁၀ ကျော်ဒဏ်ရာရ
ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ လတ်တလော မင်းတပ်ဒေသမှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံက ဆိုပါတယ်။
စစ်တပ်ဟာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ယူဆရတဲ့ ဗုံး ၄လုံး ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ဦးထဲမှာ KG တန်းတက်နေတဲ့ ကလေးငယ်၊ ၉တန်းတက်နေတဲ့ ကလေးငယ် နဲ့ သက်ကြီးပိုင်းအဖိုးအဖွားတွေ ပါဝင်တယ်လို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးကာ အချို့ မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။
“ လေကြောင်း သတင်းပိုဂရုစိုက် သတိထားကြဖို့ မပေါ့ဆကြဖို့ ပြောလိုပါတယ်” လို့ မင်းတပ်ဒေသခံက ဒေသခံတွေ လေကြောင်းရန် စဉ်ဆက်မပြတ် သတိရှိဖို့ နှိုးဆော်ပါတယ်။
စစ်တပ်ဟာ အရပ်သားပြည်သူ နေထိုင်တဲ့နေရာတွေကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်လေ့ရှိတာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းနယ်မြေတွေပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ မေလကတည်းက ဖြစ်ပြီး စစ်တပ်ထိုးစစ် အလုပ်မဖြစ် အထိနာတဲ့ အခြေအနေမှာ လေကြောင်းဗုံးကြဲတာတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ရပါတယ်။

🤬30👍4❤3👎2🔥1👏1🎉1
(မင်းတပ်မြို့အနီးကို စစ်တပ်က ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Hkl-Mindat)
🤬35❤4👎3👍2😭2👏1🎉1
မိုးကြီးနိုင်လို့ စက်တင်ဘာလဆန်းမှာ ရေဘေးအန္တရာယ်ဆက်ရှိနေ
သြဂုတ်-၃၁၊၂၀၂၆။ဇော်ရမ်း/People's Spring
အနောက်တောင်မုတ်သုံလေအားကောင်းနေတာ နဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်
ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ပါတယ်။
သြဂုတ်လ (၃၁)ရက်နေ့ကနေ စက်တင်ဘာ
လ(၆)ရက်နေ့အထိမြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်ပြီးစစ်ကိုင်းတိုင်း၊ မန္တလေး
တိုင်း၊ မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်
နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာ
ကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိ
အားနည်းရပ်ဝန်းလည်း ပိုအားကောင်းလာ
နိုင်သလို တချိန်တည်းမှာ အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။လက်ရှိရာသီဥတုအခြေအနေအရ နောက်ဆက်တွဲ ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေစီးဆင်းခြင်း၊ ကမ်းပါးပြိုမြေပြိုခြင်းနဲ့ လျှပ်တစ်ပြက် ရေကြီးခြင်း တွေဖြစ်ပေါ်နိုင်တဲ့အတွက် အ
ထူးသတိပြုနေထိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။
MoSLHA သတိပေးထားတဲ့ဒေသတွေထဲမှာ လက်ရှိ ရေဘေးကြုံတွေ့နေတယ်ဒေသတွေလည်းပါဝင်နေပါတယ်။စစ်ကိုင်းယူနစ်၊ မန္တ
လေးယူနစ်၊ မကွေးယူနစ်၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်က မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လူဦး
ရေခြောက်သိန်းကျော် ရေဘေးရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။ဘေးသင့်ဒေသတွေမှာသေဆုံးသူ ၃၂ ဦးနဲ့ ပျောက်ဆုံးသူ ၂ ဦး ရှိတယ်လို့ ဆိုပါတယ်။
"ရေက ကျတယ်ကို မရှိဘူး။ လူသေဆုံးတာတွေလည်းတိုးလာတယ်။စပါးခင်းတွေ၊ကလောခင်းတွေ၊ငှက်ပျောခြံတွေလည်းအ
များကြီးပျက်စီးတယ်။စစ်တပ်ကအမှန်တ
ကယ်ကူညီတာမဟုတ်လို့ အရမ်းဒုက္ခရောက်တယ်" လို့ ဧရာဝတီတိုင်း၊ ရေကြည့်မြို့ခံတစ်ဦးကပြောပါတယ်။
ရေဘေး ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့တဲ့စစ်ကိုင်း
တိုင်းမှာလည်းတန့်ဆည်၊ကန့်ဘလူ၊ကျွန်းလှ၊အရာတော်၊ခင်ဦး၊ရေဦး၊ရွှေဘို၊ဝက်လက်၊မြင်းမူနဲ့ဒီပဲယင် မြို့နယ်တွေမှာ အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ရေဘေးသင့်ဒေသတွေမှာစိုက်ပျိုးမြေအ
မြောက်အများရေနစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာဟာ အရေးပေါ် ထောက်ပံ့ကူညီမှုတွေလိုအပ်နေတယ်လို့ MoSLHAကထုတ်ပြန်ထားပါတယ်။
ယခုတစ်ပတ်အတွင်း မိုးကြီးနိုင်တဲ့ဒေသတွေက စစ်ရှောင်စခန်းတွေ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေ မိုးလေဝသအခြေအနေကို အထူးသတိပြုပြီး ကြိုတင်ပြင်ဆင်ခြင်းနဲ့နေရာပြောင်းရွှေ့ခြင်းတို့အတွက် အသင့်ရှိနေဖို့လည်းMoSLHAသတိပေးထားပါတယ်။

🔥20👍12❤6👎3🤣1
ဝဲလောင်ရွာမှာအထိုင်ချထားတဲ့စစ်တပ်ကို တောင်သာ PDF တိုက်ခိုက်
ဩဂုတ်၃၁၊၂၀၂၆၊ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဝဲလောင်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ တောင်သာ People Defense Force (TTA-PDF) ဒရုန်းတာဝန်ခံက ပြောပါတယ်။
ကျောက်ပတောင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဝဲလောင်ရွာမှာ အထိုင်ချထားစဉ် ဩဂုတ်၂၅ရက်ကစတင်ကာ လက်နက်ကြီး၊ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ တောင်သာ PDFရဲ့ ဒရုန်းတာဝန်ခံက ပြောပါတယ်။
" စစ်ကြောင်းက ကျောက်ပတောင်းကနေ ဝဲလောင်ရွာကိုအထိုင်ချ ရပ်နားနေတာ။အဲဒီအချိန်မှာ ကျွန် တော်တို့ TTA PDF From Team၊လက်နက်ကြီးက နေ့တိုင်းနီးပါး စခန်းပတ်လည်က နေ ပိတ်ဆို့ပြီးချခဲ့တယ်။ကျွန် တော်တို့ တိုက်ခိုက်မှု တွေအပြီးမှာ လက်နက်တွေနဲ့ ရမ်းဖောက်တယ်။ပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ကျေးလက်ဆေးဆရာမတွေခေါ်ပြီး ဆေးကုခိုင်းတယ်လို့ သိရတယ် "လို့ ဒရုန်းတာဝန်ခံက ပြောပါတယ်။
ဩဂုတ်၂၅ရက်ကနေ ၂၈ရက်အထိ တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုရှိကာ ဒဏ်ရာရသူ တွေကို ဝဲလောင်စခန်းအနီးက ကျေးလက်ဆေးခန်းကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ကျောက်ပတောင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

👍34👏5❤2🥰2🖕2🤣1
ရွှေကူမြို့နယ်က စစ်တပ်ခြေကုပ်စခန်းကုန်း ၁ခု KIA ပူးပေါင်းတပ် သိမ်းပိုက်
ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ် ၃၀ရက်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးက ခြေကုတ်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အခုသိမ်းရခဲ့တာဟာ စစ်တပ်က ယာယီခြေကုပ်ယူထားတဲ့နေရာဖြစ်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲမှာ ကျဆုံးထိခိုက်နဲ့ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိ အခြေအနေတွေကိုတော့ လတ်တလော ဖြေကြားခြင်းမရှိသေးပါဘူး။
KIAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဟာ ဩဂုတ် ၂၉ရက်ကလည်း ဇင်းဘုံရွာအနီးတိုက်ပွဲမှာ စစ်တပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အခြားကချင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်ရေယာဉ်တွေသုံး အင်အားဖြည့်ဖို့ ကြိုးပမ်းနေသလို စစ်သင်္ဘောလုံခြုံရေး၊ နယ်မြေ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့လို့ ရွှေကူနယ်မှာ တိုက်ပွဲပြင်းထန်နေတာပါ။
စစ်သင်္ဘောအချို့ဟာ ကသာနဲ့ ရွှေကူမြို့အကြားမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရသလို ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်တက်ဖို့ ကြိုးပမ်းရာမှာလည်း KIA တပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောအုပ်စု ရှေ့မတိုးနိုင်ဘဲ တပ်ပြန်ဆုတ်ခဲ့ရတာရှိပါတယ်။
စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်တုန့်ပြန်လျက်ရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။
ကချင်ပြည်နယ်မှာ KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေဒေသတွေ ပြန်ရဖို့ စစ်တပ်က ကြိုးပမ်းလျက်ရှိရာ ရွှေကူမြို့မှာ အခုနှစ် မေလကစ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာဖြစ်ပါတယ်။

❤30👍12👏7🥰2👎1🤣1🖕1
AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ၂၀၂၆ ရာမွန်မက်ဆေဆေဆု ရရှိ
သြဂုတ်-၃၁၊ ၂၀၂၆။ သော်မွန်/People’s Spring
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။
AAPPရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဦးဘိုကြည်ဟာ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆု(Ramon Magsaysay Award)ဂုဏ်ပြုချီးမြှင့်ခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း AAPP က ဒီနေ့ သြဂုတ် ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ရာမွန်မက်ဆေဆေကို ဂုဏ်ပြုပြီး ပေးအပ်ချီးမြှင့်တဲ့ Ramon Magsaysay Award ကို ၁၉၅၈ ခုနှစ်မှာ စတင်ခဲ့ပြီး အာရှတိုက်ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုအဖြစ် တင်စားကြပါတယ်။
၂၀၂၆ ခုနှစ်အတွက် ရာမွန်မက်ဆေဆေဆုကို စင်ကာပူနိုင်ငံက တွန်မီကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရူနာခမ်း၊ မြန်မာနိုင်ငံက ဦးဘိုကြည်တို့ ရရှိကြောင်း ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဥက္ကဋ္ဌ အက်ဂါချူးက ဒီနေ့ ကြေညာပါတယ်။
ရာမွန်မက်ဆေဆေဆုဖောင်ဒေးရှင်းဆုရွေးချယ်ရေးအဖွဲ့ဟာ ၈၈ မျိုးဆက် နိုင်ငံရေးအကျဥ်းသားဟောင်းလည်း ဖြစ်သူ ဦးဘိုကြည်ရဲ့ ဘဝတလျှောက် လုပ်ဆောင်ချက်များကို အမှန်တရား၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတို့အတွက် မယိမ်းမယိုင်းဘဲ ကြိုးပမ်းရှာဖွေမှုအဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြပါတယ်။
ဦးဘိုကြည်ရဲ့ မဆုတ်မနစ်သော ကတိကဝတ်ဟာ ထူးကဲသော ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိ၊ ပုဂ္ဂိုလ်ရေးအရ ပေးဆပ်စွန့်လွှတ်မှု၊ ဒီမိုကရေစီနဲ့ လူသားဂုဏ်သိက္ခာတို့အပေါ် အမြဲတစေ ကာကွယ်စောင့်ရှောက်ထိုက်သော အရာများဖြစ်တယ်ဆိုတဲ့ ခိုင်မာသော ယုံကြည်ချက်တို့ကို ထင်ဟပ်စေကြောင်း ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဆုဟာ မတရားမှုကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ မြန်မာပြည်သူများ၊ အထူးသဖြင့် သံတိုင်များနောက်ကွယ်မှာ ကြံ့ကြံ့ခံ ရပ်တည်နေကြဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် ရည်ညွှန်းဂုဏ်ပြုအပ်ကြောင်း ဦးဘိုကြည်က အသိပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အားလုံး စည်းလုံးညီညွတ်စွာ ဆက်လက်လက်တွဲ ကြိုးပမ်းကြမယ်ဆိုရင် ပြည်သူလူထုနဲ့ ဒေသတွင်းအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးသာယာဝပြောရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မယ့် မြန်မာနိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း ဦးဘိုကြည်က ဖော်ပြပါတယ်။
“ဒီဆုဟာ ကျွန်တော်တစ်ဦးတည်းနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ AAPP အဖွဲ့ဝင်အားလုံးနဲ့ သက်ဆိုင်တဲ့ဆုဖြစ်ပါတယ်”လို့ ဦးဘိုကြည်က ရေးသားပါတယ်။
ရာမွန်မက်ဆေဆေဆုကို မြန်မာနိုင်ငံက ဦးလောရုံ၊ ဒေါ်တီးတီး၊ ဒေါက်တာစင်သီယာမောင်၊ ကစောဝါး၊ လဖိုင်းဆိုင်းရော်၊ ဦးကျော်သူနဲ့ ဦးဆွေဝင်းတို့ ရရှိခဲ့ပါတယ်။

❤32👍10👏2🤮1🤣1
မြောင်က တရားစခန်းလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁ဦးထပ်တိုး၊ ၁၆ ဦးအထိ ရှိလာ
သြဂုတ် ၃၁၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၁ရက် ဥပုသ်နေ့ မနက် ၉ နာရီခွဲခန့်က ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းမှာဖွင့်ထားတဲ့ တရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ဦး၊ ပေါင်း ၁၄ ဦး သေဆုံးပြီး ၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာ အမျိုးသမီး ၁ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့ပါတယ်။
သြဂုတ် ၂၉ ရက်မှာတော့ ဒဏ်ရာရထားတဲ့ လူငယ်အမျိုးသား ၁ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
"ထပ်မံသေဆုံးတာက အသက် ၂၁ နှစ်လောက်ရှိတဲ့ အမျိုးသားပါ။ သူကမှန်ကတည်းက ဗိုက်ပွင့်သွားတာ။ အူဖြတ်ဆက်ထားရာကနေပြီးတော့ အသက်ဆုံးရှုံးသွားတာ"လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ကျန်တဲ့ ဒဏ်ရာရသူ ၂၆ ခန့်ကလည်း ယနေ့အထိ ဆက်လက်ဆေးကုသနေရဆဲဖြစ်ကြောင်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲမှာ တရားစခန်းဝင်နေကြတဲ့ သက်ကြီးရွယ်အို ယောဂီတွေအများဆုံးသေဆုံးခဲ့ပြီး မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရပါတယ်။
ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ မှာတော့ တရားစခန်းတွေ ပြန်ဖွင့်ခဲ့တာလို့ သိရပါတယ်။

🤬39❤4👍3👏3👎2🎉1