■အတွေးအမြင်
အဂတိများနှင့် မြန်မာ
ကိုသုညံရေးသားသည်။
မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါ
သည်။
တိုင်းပြည်၏ ဘဏ္ဍာငွေကြေးနှင့် သယံဇာတအရင်းအမြစ်များကို ပြည်သူ့အကျိုးအတွက် အသုံးချရမည့်အစားအာဏာကိုအလွဲသုံးစား
လုပ်ကာကိုယ်ကျိုးရှာကြီးပွားနေကြသည့် အုပ်စိုးသူလူတန်းစားတစ်ရပ်ကြောင့် နိုင်ငံသည် အစစအရာရာ ခြွတ်ခြုံကျနေပါသည်။
တိုင်းပြည်၏ စီးပွားရေးအရင်းအမြစ်များနှင့် အခွင့်အလမ်းများကို ခွဲဝေရာတွင်တရားမျှတမှုမရှိခြင်း၊ အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာဖွေခြင်းတို့သည်နိုင်ငံဖွံ့ဖြိုးတိုး
တက်မှုကို အကြီးအကျယ်နှောင့်နှေးစေသည့် အဓိကအကြောင်းရင်းများ ဖြစ်နေပါသည်။
လက်ရှိမြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်ဘက်ဆိုင်ရာ အရာရှိငယ်များနှင့် အရပ်ဘက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြသည့် စစ်
သားဟောင်း မိုးကျရွှေကိုယ်များ၊ ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များကို ကြည့်လျှင် အများစုသည် သာမန်အခြေအနေထက် ပိုမိုချမ်းသာနေကြသူများသာ များနေမည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
စစ်တပ်အတွင်း အထူးသဖြင့် ဗိုလ်မှူးအဆင့်နှင့်အထက်ရာထူးများတွင်တာဝန်ထမ်းဆောင်နေသူများသည် လုပ်ပိုင်ခွင့်နှင့် ရပိုင်
ခွင့်အမျိုးမျိုးကိုအသုံးပြု၍ကုမ္ပဏီကြီးများ၊ လုပ်ငန်းများ၊ အိမ်ခြံမြေတိုက်တာများ၊ ကားအကောင်းစားများကိုမတန်မရာပိုင်ဆိုင်နေကြသည်။
ထို့အပြင် စစ်တပ်မှ အငြိမ်းစားယူပြီး အခြားသော အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့လာကြသည့် အရာရှိများသည်လည်း ရာထူးကြီးငယ်အလိုက် အခွင့်အလမ်းကောင်းများကို ဆက်လက်ရယူကာ ချမ်းသာကြွယ်ဝနေကြပါသည်။
နိုင်ငံ၏ အမြင့်ဆုံးရာထူးဖြစ်သည့် နိုင်ငံတော်သမ္မတ၏လစာသည်ကျပ်သိန်း ၅၀(ဒေါ်လာ ၁၁၀၀ ခန့်)၊ စစ်တပ်၏အမြင့်ဆုံးရာထူးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လစာသည် ကျပ်သိန်း ၃၀ (ဒေါ်လာ ၇၀၀ ခန့်)၊ ဗိုလ်ချုပ်တစ်ဦး၏ လစာသည် ကျပ်သိန်း ၂၀ (ဒေါ်လာ ၄၅၀ ခန့်)၊အရပ်ဘက်ညွှန်ကြားရေး
မှူးချုပ်တစ်ဦး၏လစာသည်ကျပ် ၅ သိန်းဖြစ်ကြသည်။
ထိုလစာဝင်ငွေများဖြင့် သူဌေးသူကြွယ်များ ဖြစ်နေသည်မှာ ဘာကြောင့်လဲဟုမေးခွန်း
ထုတ်စရာမလိုပါ။
မိဘအမွေလည်းမရ၊ ထီလည်းမပေါက်၊ မျိုး
ရိုးစဉ်ဆက် ချမ်းသာခြင်းလည်းမရှိဘဲ ဝန်
ထမ်းဘဝ တရားဝင်ရှိသည့်လစာနှင့် လက်ရှိပိုင်ဆိုင်မှု၊ သုံးစွဲမှု မမျှတသည်များကို ကြည့်ခြင်းအားဖြင့် မည်သို့မည်ပုံ ချမ်းသာနေကြသည်ကို သိနိုင်ပါသည်။
လုပ်ပိုင်ခွင့်ရာထူးကို အသုံးချပြီးအဂတိလိုက်
စားခြင်းကြောင့်သာ ဖြစ်ပါသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားနှင့် ဘီလာရုစ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ဇွတ်သမ္မတလုပ်နေသူ မင်းအောင်လှိုင်သည် ဘီလာရုစ်သမ္မတနှင့်တွေ့ဆုံစဉ် နာမည်ကျော်ဘရန်းဖြစ်သည့် LV အမှတ်တံဆိပ် Loafer ဖိနပ်ကို ဝတ်ဆင်ခဲ့ပါသည်။ထိုဖိနပ်သည် မြန်မာငွေဖြင့် အနည်း
ဆုံး ကျပ်သိန်း ၅၀ ရှိပါသည်။
ဆိုရှယ်မီဒီယာများပေါ်တွင် ဝါဒဖြန့်ချိရေးများ လုပ်နေကြသည့် မင်းကင်းမောင်မြင့်နှင့် ဘူးလက်လှဆွေတို့သည် နာမည်ကျော်အမှတ်တံဆိပ်များဖြစ်သည့် DAKS၊ HUGO BOSS တို့လို အဝတ်အထည်များကို မကြာမကြာ ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။ ၎င်းတို့သည် စစ်တပ်အရာရှိအငြိမ်းစားများဖြစ်ကြပြီး ထိုကဲ့သို့ မကြာမကြာ တန်ဖိုးကြီးအမှတ်တံဆိပ်ပစ္စည်းများကို ထည်လဲသုံးစွဲနိုင်ခြင်းသည် အဘယ်ကြောင့်ဟု မေးခွန်း
ထုတ်စရာမလိုပေ။
ထိုကဲ့သို့သော အခွင့်ထူးခံလူတန်းစားတစ်ရပ် ပေါ်ထွန်းလာခြင်းနှင့်အတူ တစ်ဖက်တွင်မူ သာမန်ပြည်သူလူထု၊ လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစားများသည် အစစအ
ရာရာ ဆင်းရဲမွဲတေငတ်ပြတ်ခြင်းနှင့်အလုပ်
လက်မဲ့ပြဿနာများကိုရင်ဆိုင်နေကြရပါ
သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးမှာ အကြွင်းမဲ့ပျက်စီးကာ ပိုမိုဆိုးရွားလာခဲ့ပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်း
စိမ်ကို ကာကွယ်ပေးရမည့် ဥပဒေစနစ်သည် အာဏာရှင်လက်ပါးစေတို့၏ လက်နက်တစ်ခုသဖွယ် ဖြစ်သွားခဲ့ပါသည်။
ဥပဒေမဲ့ဖမ်းဆီးငွေညှစ်ခြင်းများ၊ ပိုင်ဆိုင်မှုများကို အကြောင်းမဲ့သိမ်းဆည်းခြင်းများနှင့် ရာဇဝတ်မှုများကိုကျူးလွန်သူများကအပြစ်
ဒဏ်ကင်းလွတ်ခွင့်ရနေကြခြင်းတို့မှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် သာဓကများပင် ဖြစ်ပါသည်။
အဆိုပါ စီးပွားရေးမညီမျှမှုများနှင့် အာဏာအလွဲသုံးစားလုပ်မှုများကို ထိန်းကျောင်းကွပ်
ကဲရန် တာဝန်ရှိသည့် လွှတ်တော်နှင့် အဂတိ
လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့၏ အခန်းကဏ္ဍမှာလည်း လုံးဝအလုပ်မဖြစ်တော့ဘဲ ဖြစ်နေပါသည်။
ပြီးခဲ့သည့် တတိယအကြိမ် အမျိုးသားလွှတ်
တော်အစည်းအဝေးတွင် အဆိုပါ အခွင့်ထူးခံနိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် ရရှိသည့်လစာနှင့် လက်ရှိသုံးစွဲမှု၊ ပိုင်ဆိုင်မှုပုံစံတို့တွင် မညီမျှမှုများ (အလွန်အကျွံချမ်း
သာလာခြင်း သို့မဟုတ် ဝင်ငွေနှင့်မလိုက်ဖက်ဘဲ ပိုင်ဆိုင်မှုများပြားလာခြင်း) ရှိမရှိကို သက်
ဆိုင်ရာဌာနများက စနစ်တကျကြပ်မတ်စစ်
ဆေးသွားရန် လိုအပ်ကြောင်းပါဝင်သည့် အဆိုတစ်ခုကို တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

🔥12👎5❤2😁1💯1🖕1
ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်လည်း အာဏာရှင်လက်
အောက်တွင် ရုပ်ပြအဖွဲ့အစည်းတစ်ခုသာ ဖြစ်နေပြီး အထူးသဖြင့် အာဏာပါဝါကြီးမား
သော စစ်ဘက်ဆိုင်ရာအကြီးအကဲများ၏ အဂတိလိုက်စားမှုများကို စုံစမ်းဖော်ထုတ်ရန် လားလားမျှမဝံ့ရဲဘဲ နီးရာဓားကို ကြောက်နေရသည့် အနေအထားတွင်သာ ရှိနေပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ အဂတိလိုက်
စားမှုညွှန်းကိန်းများတွင်လည်း မြန်မာနိုင်ငံ၏ ရပ်တည်ချက်သည်ကမ္ဘာ့အဆိုးရွားဆုံးစာ
ရင်းများအတွင်း၌သာ ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါသည်။ ယခုနှစ်စောပိုင်းက ထုတ်ပြန်ခဲ့သည့် Corruption Perceptions Index 2025 တွင် မြန်မာ၏ အဂတိညွှန်းကိန်းအဆင့်သည် နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် ၁၆၉ အဆင့်တွင် ရပ်တည်ခဲ့ပါသည်။
ဤကဲ့သို့သော လုပ်ပိုင်ခွင့်ရာထူးကို အသုံးချပြီး အဂတိလိုက်စားခြင်းများသည် ထုနှင့်ထည်နှင့် ခိုင်မြဲစွာ အမြစ်တွယ်နေပြီဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ရန် အလွန်ခက်ခဲပါသည်။ အာဏာရှင်စနစ်အောက်က ယိုယွင်းပျက်စီးနေသည့် ယန္တရားကို ပြုပြင်ရှင်းလင်းရန် တစ်ခုတည်းသောလမ်းစဥ်ရှိပါသည်။၎င်း
မှာ အာဏာရှင်ကို ဖယ်ရှားပစ်ရန်ပင်ဖြစ်ပါ
သည်။
ပြည်သူကိုမျက်နှာမူသော စစ်မှန်သည့် တရားမျှတသောနိုင်ငံကို တည်ဆောက်နိုင်ရန်အ
တွက် လက်ရှိအာဏာရှင်စနစ်ကိုအပြီးတိုင်
တွန်းလှန်ဖယ်ရှားရေးမှတစ်ပါး အခြားသောရွေးချယ်စရာလမ်းစဉ်မရှိတော့ပေ။ ။

👍25🔥6👎1🥰1🖕1
အတွင်းရေးမှူးအဖွဲ့ဝင်ဦးအောင်ဆန်းမြင့်ကွယ်လွန်မှုဝမ်းနည်းကြောင်းSCEFထုတ်ပြန်
ဩဂုတ်၃၁၊၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်း
ရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်
နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း
SCEFကထုတ်ပြန်ပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေစဉ် ဩဂုတ် ၃၀ရက် မွန်းလွဲပိုင်းမှာ ကွယ်လွန်ခဲ့တာလို့ KNPPက အသိပေးထားပါတယ်။
ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားကြောင်း သတင်းကို ကြားသိရတဲ့အတွက် ကရင်နီပြည်သူတွေ၊ ဦးအောင်ဆန်းမြင့်ရဲ့လုပ်ဖော်ကိုင်
ဖက်တွေ၊ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်
တူဝမ်းနည်းကြောင်းSCEFကဖော်ပြပါတယ်။
“ယခုကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် အ
ရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားခြင်းသည် ကရင်နီအမျိုးသားရေးလှုပ်ရှားမှုများအတွက်သာမက၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး
ပေါ်ထွန်းလာရေး အတွက် ကြိုးပမ်းလျက်ရှိသော မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အတွက် ကြီးစွာသော ဆုံးရှုံးမှုတစ်ခုအဖြစ် ကမ္ဗည်းမော်ကွန်းတင်အပ်ပါသည်” လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ဦးအောင်ဆန်းမြင့်ဟာသူ့ရဲ့နောက်ဆုံးအချိန်ထိကရင်နီ ပြည်သူတွေဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက်သာမက၊ တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက်ပါ အသက်သွေးချွေးနဲ့အမျှ ပေးဆပ်ခဲ့သူဖြစ်ကြောင်းလည်းSCEFက ထုတ်ပြန်ပါတယ်။
ဦးအောင်ဆန်းမြင့်ရဲ့ မယိမ်းမယိုင်သော ယုံ
ကြည်ချက်၊ ခိုင်မာပြတ်သားသောခံယူချက်တွေနဲ့ ဦးလည်မသုန် ကြိုးပမ်းထမ်းရွက်ခဲ့မှုတွေကို အစဉ်အမြဲ လေးစားဦးညွှတ်လျက် တန်ဖိုးထား အမှတ်ရနေမယ်လို့လည်း ဖော်ပြပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ အသက် ၆၃နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သူရဲ့ရုပ်ကလာပ်ကိုစက်တင်ဘာ၅ရက်မှာ ကရင်
နီပြည်နယ်စပ်တနေရာမှာ မြေမြှုပ်သင်္ဂြိုလ်မယ်လို့ KNPPကဆွေမျိုးမိတ်ဆွေတွေနဲ့တော်
လှန်ရေး အဖွဲ့အစည်းတွေကို အသိပေးထားပါတယ်။
အလားတူး အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ကလည်း ကရင်နီခေါင်းဆောင် ဦးအောင်ဆန်းမြင့်ကွယ်
လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ပါတယ်။ဦးအောင်ဆန်းမြင့်ဟာ ကရင်နီလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာ
သော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်
သက်တာလုံး ပေးဆပ်စတေးကာတစိုက်မတ်
မတ်ကြိုးပမ်းအားထုတ်ခဲ့တဲ့ခေါင်းဆောင်
တစ်ဦး ဖြစ်တယ် NUG ကဖော်ပြပါတယ်။ NUCC ရဲ့ ထုတ်ပြန်ချက်မှာလည်း NUCC ကောင်စီဝင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် မိသားစုနဲ့လုပ်ဖော်
ကိုင်ဖက်များအတွက်သာမက ကရင်နီပြည်ရဲ့နိုင်ငံရေးနဲ့တော်လှန်ရေးလုပ်ငန်းစဉ်များအတွက်ပါကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

😢29❤6👍4🤮2🙏1🤣1😭1
မဟာအောင်မြေမှာ ပျူစောထီးတွေက ပစ္စည်းပို့သမားဆီက ငွေလု
သြဂုတ် ၃၁၊ ၂၀၂၆။ မေရီ/People's Spring
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
သြဂုတ် ၂၉ ရက် ည ၁၁နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၅ လမ်း၊ ၉၀ လမ်းနဲ့ ကန်ပတ်လမ်းကြား၊ မဟာစည်ဘုန်းကြီးကျောင်းအရှေ့ဘက်လမ်းသစ်မှာ နံပတ်ပြားမပါတဲ့ အဖြူရောင် Mark II ကားနဲ့ ကားပေါ်မှာ သေနတ်တွေ ၊ ဓါးတွေပါတဲ့ ပျူစောထီး ၅ဦး ရောက်ရှိလာကြောင်း၊ အဲဒီနောက် ပစ္စည်းပို့သမား အသက် ၂၀ အရွယ် လူငယ်ဆီကနေ ငွေကျပ် (၄) သိန်းကျော်နဲ့ဖုန်း (၂) လုံး ခြိမ်းခြောက် လုယူသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
"ဓားတွေကော သေနတ်တွေကောပါတယ်တဲ့။ ကောင်လေးကတော့ငိုနေတာ ကြောက်ပြီးတော့။ လူတောင် ငွေပေးလိုက်လို့တဲ့။ မပေးရင်ဖမ်းမယ်လုပ်တာလို့ ပြောတယ်"Voice Of Mandalay အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ပျူစောထီးတွေဟာ ဘယ်မြို့နယ်ကအဖွဲ့ကဆိုတာတော့ မသိရသေးပါဘူး။ မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ လုပ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေလက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက်သွားခဲ့ပါသေးတယ်။
စစ်တပ်နဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့ရောညပါ ပြုလုပ်နေတဲ့အတွက် သတိပြုသွားလာနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

🤬37👍5❤2👎2🤣1🖕1😡1
ငါးသိုင်းချောင်း- အိုင်သပြုလမ်းမှာလှေမှောက် ဒေသခံနှစ်ဦးပျောက်ဆုံးနေ
သြဂုတ်-၃၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်း၊ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေလိုက်
ပါလာတဲ့လှေတစ်စီးတိမ်းပြီးနှစ်ဦး ပျောက်
ဆုံးနေပါတယ်။
ငါးသိုင်းချောင်း-အိုင်သပြုလမ်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေဖြတ်လို့မရလို့ ဒေသခံတွေဟာ လှေတွေနဲ့သာ သွားလာနေကြတာပါ။
"ရေစီးက အရမ်းသန်နေသေးတာ။ ဒေသခံတွေကလှေကိုအကျွမ်းတဝင်မရှိတော့မျောပါသွားတာပါ"လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။
လှေပေါ်ပါသူ တစ်ဦးကို ကယ်တင်နိုင်ပေမယ့်
ပျောက်ဆုံးနေသူ ၂ ဦးနဲ့ပတ်သက်တဲ့အသေး
စိတ်အချက်အလက်ကိုမသိရသေးပါဘူး။ ဒေသခံလူမှုကူညီ ရေးအဖွဲ့ဖြစ်တဲ့ ကရုဏာကမ်းလက်အဖွဲ့ကလည်း ပျောက်ဆုံးနေသူနှစ်ဦးကိုရှာဖွေနေတယ်လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။
ဩဂုတ်လ၂၇ ရက်ညကလည်းငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်ပြီးလှေပေါ်မှာပါတဲ့ အ
မျိုးသား နှစ်ဦးအနက် တစ်ဦးပျောက်ဆုံးသွားပြီး နောက်နှစ်ရက်အကြာမှာ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။လက်ရှိမှာ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ဒေသခံတွေဟာလှေတွေ၊စက်လှေတွေနဲ့ဝါးဖောင်တွေသုံးပြီးသွားလာနေရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့သြဂုတ်လ၁၈ရက်နေ့ကလည်းလူတဦး ရေနစ်သေဆုံးခဲ့သလို ၊သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် သေဆုံးသူစာရင်းကိုစစ်အုပ်
စုကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေ
သတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ
ဘေးမှာ သြဂုတ်လ ၃၁ရက်နေ့အထိ ၁၄ဦးထက်မနည်းသေဆုံးထားပြီးငါးဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။

🔥18👎5👍3❤2😢1🤣1
မင်းတပ်မြို့အနီး စစ်တပ်ဗုံးကြဲမှု ကလေးငယ်တွေ အပါအဝင် ၈ဦးသေ၊ ၁၀ ကျော်ဒဏ်ရာရ
ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ လတ်တလော မင်းတပ်ဒေသမှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံက ဆိုပါတယ်။
စစ်တပ်ဟာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ယူဆရတဲ့ ဗုံး ၄လုံး ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ဦးထဲမှာ KG တန်းတက်နေတဲ့ ကလေးငယ်၊ ၉တန်းတက်နေတဲ့ ကလေးငယ် နဲ့ သက်ကြီးပိုင်းအဖိုးအဖွားတွေ ပါဝင်တယ်လို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးကာ အချို့ မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။
“ လေကြောင်း သတင်းပိုဂရုစိုက် သတိထားကြဖို့ မပေါ့ဆကြဖို့ ပြောလိုပါတယ်” လို့ မင်းတပ်ဒေသခံက ဒေသခံတွေ လေကြောင်းရန် စဉ်ဆက်မပြတ် သတိရှိဖို့ နှိုးဆော်ပါတယ်။
စစ်တပ်ဟာ အရပ်သားပြည်သူ နေထိုင်တဲ့နေရာတွေကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်လေ့ရှိတာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းနယ်မြေတွေပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ မေလကတည်းက ဖြစ်ပြီး စစ်တပ်ထိုးစစ် အလုပ်မဖြစ် အထိနာတဲ့ အခြေအနေမှာ လေကြောင်းဗုံးကြဲတာတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ရပါတယ်။

🤬30👍4❤3👎2🔥1👏1🎉1
(မင်းတပ်မြို့အနီးကို စစ်တပ်က ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Hkl-Mindat)
🤬35❤4👎3👍2😭2👏1🎉1