ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်သက်တာလုံး ပေးဆပ်စတေးကာ တစိုက်မတ်မတ် ကြိုးပမ်း အား
ထုတ်ခဲ့သောခေါင်းဆောင်တစ်ဦး ဖြစ်
ကြောင်း NUG ကဖော်ပြပါတယ်။ NUCC ရဲ့ ထုတ်ပြန်ချက်မှာလည်း NUCC ကောင်စီဝင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအပေါ် များစွာ ဝမ်းနည်းကြေကွဲရတယ်လို့ဖော်ပြပါတယ်။မိသားစုနဲ့လုပ်ဖော်ကိုင်ဖက်
များအတွက်သာမက ကရင်နီပြည်ရဲ့နိုင်ငံရေး
နဲ့တော်လှန်ရေးလုပ်ငန်းစဉ်များအတွက်ပါကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။
◾️ပြည်သူ့စစ်ခေါင်းဆောင်ချွေးမ ဆေးကြောင်ပြီးညီနောင်သုံးဖော်ဂိတ်မှာတားဆီးတာကိုမောင်းပြေးလို့ပစ်ခတ်ရာသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။မူဆယ်
၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီး MNDAA နဲ့ AAပူးပေါင်းစစ်ဆေးဂိတ်မှာ ဩဂုတ်လ ၂၉ ရက် နေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။သက်လက်ပိုင်းအရွယ်
အဲဒီအမျိုးသမီးက မူးယစ်ဆေးအလွန်အကျွံသုံးပြီး မူဆယ်မြို့ထဲမှာသွားလာလေ့ရှိတယ်လို့ဒေသခံအချို့ကပြောပါတယ်။ စစ်ဆေးရေးဂိတ်အနီး နေရာတွေကိုကားနဲ့မတိုက်ခင်မှာဒီနေရာမှာMNDAAနဲ့ AA စခန်းမထိုင်နဲ့လို့လည်း ပြောခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ စစ်ဆေးရေးဂိတ်ကို တိုက် ပြေးလို့ AAတပ်ဖွဲ့ဝင်က ပစ်လိုက်စဉ် ကျည်ထိမှန်သေဆုံးတာလို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။
◾️ထားဝယ် မောင်မယ်ရှောင်ရွာအနီးတိုက်ပွဲ စစ်တပ် ၁၂ဦးသေ၊သေနတ် ၈ လက်သိမ်းရ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး
(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ဩဂုတ် ၂၉ရက်မနက်က စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၄)
နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့တာလို့ ဆိုပါတယ်။စစ်ဆင်ရေးကို KNLA တပ်မဟာ(၄)၊တပ်ရင်း(၁၂) တပ်ခွဲ(၅)၊
တပ်ရင်း(၁၀) တပ်ခွဲ(၄) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ဖော်ဆောင်ခဲ့တာပါ။ DNLAကလည်း အဲဒီ တိုက်ပွဲသတင်းကို မနေ့က ထုတ်ပြန်ထားရာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ထားဝယ်ရေ
နက်ဆိပ်ကမ်းနယ်မြေလုံခြုံရေးအကြောင်းပြ
စစ်ကြောင်းထိုးလာတာကို ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
■စစ်သုံ့ပန်း၁၀၀ကျော်MNDAAထပ်လွှတ်
ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။အရှေ့မြောက်
တိုင်းစစ်ဌာနချုပ်(ရမခ)က အရာရှိအချို့ဦးဆောင်တဲ့ အဖွဲ့ဆီကို MNDAA အရာရှိအချို့က လားရှိူး -သိန္နီနယ်စပ်မှာ လွှဲပေး
လိုက်တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်၁၄ရက်ကလည်းစစ်တပ်အရာရှိတချို့နဲ့ MNDAA အရာရှိတချို့ လားရှိုးမြို့ကဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်သုံ့ပန်း၁၀၀ခန့်ကိုလွှဲပေးခဲ့ပါသေးတယ်။
◾️လားရှိုးမြို့မှာ စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှု ခပ်စိပ်စိပ်လုပ်လာ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သြဂုတ်တတိယပတ်ကစပြီး စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှုတွေပိုများလာတာလို့ ဒေသခံတွေက ပြောပါတယ်။သြဂုတ်၂၈ရက်နဲ့ ၂၉ရက်မှာ စစ်တပ်ကင်း
ထောက်လေယာဉ် ၂စီး ၂ရက်ဆက် အနိမ့်ပျံ
သန်းမှုရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံတွေက ပြောပါတယ်။မြန်မာအမျိုးသားဒီမိုကရက်
တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်ကပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ ပြန်လည်တောင်းယူထားပါတယ်။ စစ်တပ်က မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်း
ကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်နဲ့ MNDAA အကြိမ်ကြိမ်ညှိနှိုင်းနေ ပေမယ့် ပြေလည်မှုမရသေးပါဘူး။
◾️မြင်းခြံမှာ ပျူစောထီးခေါင်းဆောင်သီတာယုမွန်အဖွဲ့ကပြည်ပမှာနေထိုင်သူတွေကို နိုင်ငံ
အလိုက် ငွေတောင်းနေ
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာစစ်တပ်လက်
အောက်ခံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်က မြို့ပေါ်နဲ့အနီးဝန်းကျင်ရွာတွေက ပြည်

👍11❤3🖕3🔥1
ပမှာနေထိုင်သူတွေကို နိုင်ငံအလိုက် စစ်မှု
ထမ်းကြေးကောက်ယူနေတယ်လို့ ဒေသခံ
တွေက ပြောပါတယ်။ သီတာယုမွန်ဦး ဆောင်ပြီး မြင်းခြံမြို့ပေါ်နဲ့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့အနီးနားကကျေးရွာတွေကနေ ပြည်ပနိုင်ငံတွေ သွားရောက်လုပ်ကိုင်နေထိုင်သူတွေကို စာရင်းလုပ်ပြီး လစဉ်ကြေးဟုဆိုကာ သိန်းဂဏန်းအထိ တောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။ လစဉ်ကြေးတွေတောင်းယူပြီး မြို့ပေါ်မှာ ပေါ်တာဆွဲတာတွေလည်းလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့မှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်ပြီး (၁၃)နှစ်လောက်ကစလို့ လူငယ်အများစုကို ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။ဒါ့အပြင် မြင်းခြံမြို့အနီး ကားလမ်းမပေါ်မှာလည်း ခရီးသည်တင်ကားတွေကို တားကာ လူငယ်တွေကို ပေါ်တာဆွဲတာတွေပြု
လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
◾️မန္တလေးမြို့နယ် ၂ ခုမှာစစ်မှုထမ်းမဲနှိုက်နေတဲ့အပြင် ပေါ်တာလည်းဆွဲနေ
မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်း
ဆီးတာတွေလည်း ပြုလုပ်နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အလိုက် တစ်အိမ်တစ်ယောက်ခေါ်ယူ မဲနှိုက်ခိုင်းတာတွေ အတင်းအကျပ် ဆက်လက်လုပ်ဆောင်နေကြောင်းမန္တလေးမြေပြင်ကင်း
ထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay
အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့က ဩဂုတ် ၂၉ ရက် မနက် ၈ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း နဲ့ ၆၆ လမ်း
ထောင့်ရှိ ရွှေဘုန်းရောင်ဘုရားကို တစ်အိမ်လျှင် လူတစ်ဦးနှုန်း လာရောက်ကြဖို့ ပျူစောထီးတွေက ကားနဲ့ လှည့်လည်ကြေညာအော်
ဟစ်ခေါ်ယူခဲ့ပြီး စစ်မှုထမ်းမဲနှိုက်ခိုင်းခဲ့ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်
ရှိသူက ပြောပါတယ်။ အလားတူ အမရပူရမြို့နယ်အတွင်းရှိ ဒန်တပင်နဲ့ တိုးချဲ့မှန်တန်းရပ်တွေမှာလည်း မဲနှိုက်ခဲ့ကြပြီး ကျန်ရှိနေသေးတဲ့ မှန်တန်း၊ ဆည်တဲ၊ ဝါးတန်းနဲ့ မြေပဲတန်း စတဲ့ရပ်ကွက်တွေမှာလည်း ယခုလကုန်ရက်အတွင်း စစ်မှုထမ်းမဲနှိုက်ဖို့ ဆက်လုပ်သွားမယ်လို့ သိရကြောင်းအထက်ပါတာဝန်ရှိသူက ပြောပါတယ်။ဒါ့အပြင် မန္တလးမြို့တွင်းလမ်းတွေနဲ့ ရပ်ကွက်တွေမှာလည်း နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆိုးရွားစွာ ပြု
လုပ်နေကြောင်း သိရပါတယ်။
◾️ရန်ကုန်မှာ မြန်မာဖူဆယ်ကလပ်က လူငယ်ကစားသမား ၂ဦး ပျောက်နေပြန်
ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ပျောက်ဆုံးနေ
တဲ့ ကစားသမား ၂ဦးဟာ MFF Futsal League (1) မှာ ကစားနေတဲ့ အသက် ၂၁ နှစ်အရွယ် သီဟအောင်နဲ့ MFF U19 Youth Futsal League မှာ ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် စွမ်းထက်ကျော်တို့ ဖြစ်ကြပါတယ်။ ၎င်းတို့ နှစ်ဦးဟာ သြဂုတ် ၁၉ ရက်က နေ့လည် ၃ နာရီမှာ Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပြီး သုဝဏ္ဏဘောလုံးကွင်းကနေ အတူပြန်လာရာ မြောက်ဒဂုံ (၅၀)ကွေ့ရောက်တဲ့အထိ အဆက်အသွယ်ရခဲ့ပေမယ့် နောက်ပိုင်း သြဂုတ် ၂၉ ရက်အထိ ၁၀ ရက်
ကြာအဆက်အသွယ်ပြတ်နေတယ်လို့အသင်း
က ဖော်ပြခဲ့ပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဥ်းတွေ လွှတ်ပေးရေးနဲ့ ရေဘေးရန်ပုံငွေစျေးရောင်းပွဲ သြစတြေးလျနဲ့ တောင်ကိုရီးယားရောက်မြန်
မာတွေ ပြုလုပ်
သြစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီကနေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံက ရေးဘေးသင့် ပြည်သူတွေအတွက် ရန်ပုံငွေ ဈေးရောင်းပွဲကို ဒီကနေ့ မွန်းလွဲ ၂ နာရီမှ ၆ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ ရေဘေးရန်ပုံငွေ ဈေးရောင်းပွဲမှာ မြန်မာ့ရိုးရာ အစားအစာတွေ၊ အဝတ်အထည်တွေ၊ ပန်းချီကားတွေကို ရောင်းချခဲ့ကြပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာလည်း မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာ ပူးပေါင်း ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ယင်းဆန္ဒပြပွဲကို အူလ်ဆန်မြို့ နဲ့ ဂယောင်ဂျူးမြို့တို့မှ တော်လှန်ရေး တက်ကြွလုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

👍25❤3🖕3😁2🥰1
ဖယ်ခုံPDF၁၀၀၆တပ်ရင်း၃ကြိမ်မြောက်မွမ်း
မံစစ်သင်တန်းဆင်းပွဲအောင်မြင်စွာကျင်းပ
ဩဂုတ် −၃၀၊၂၀၂၆။ဇော်၀င်း/People's Spring
ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း-၂ ၊ အမှတ်(၁၀၀၆)တပ်ရင်းက မွမ်းမံစစ်သင်တန်းအပတ်စဥ်(၃)ဆင်းပွဲကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။
မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားမှာ၁၀၀၆
တပ်ရင်းအနေနဲ့ ရှမ်းတောင်-ကယား(ကရင်နီ)
စစ်တိုင်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဘုံဘတ်တံဆိပ်ကို ဦးစွာပြောင်းလဲတပ်ဆင်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီနောက်တပ်ဖွဲ့ဝင်တွေရဲ့ကျွမ်းကျင်ရာကဏ္ဍစွမ်းဆောင်ရည်သရုပ်ပြချက်တွေ အပါ
အဝင် စံပြတပ်ဖွဲ့ဝင်တွေကိုဂုဏ်ပြုတာ၊ တိုက်
ခိုက်ပစ်ခတ်စွမ်းရည် ထူးချွန်တပ်ဖွဲ့ဝင်တွေကိုဂုဏ်ပြုတဲ့အစီအစဥ်တွေပြုလုပ်ခဲ့ပါတယ်။
"မွမ်းမံသင်တန်းကို ဒီနေ့ဆင်းပါတယ်"လို့ အ
မှတ် (၁၀၀၆)တပ်ရင်းတာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
သင်တန်းကို တပ်ဖွဲ့တစ်ခုရဲ့ စုစည်းမှုအား၊ စည်းလုံးမှုအား၊ ကျစ်လစ်မှုအား နဲ့ ကျင့်ဝတ် စတဲ့အားတွေတိုးပွားစေဖို့ ရည်ရွယ်ချက်တွေ အပေါ်အခြေခံကာပြုလုပ်ခဲ့တာလို့ သိရပါတယ်။
သင်တန်းအောင်မြင်စွာပြီးဆုံးသွားတဲ့အ
လျောက် အနာဂါတ်ရည်မှန်းထားတဲ့ တော်
လှန်ရေးပန်းတိုင်အတွက် တပ်ဖွဲ့ဝင်တွေရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ဆထပ်တိုးလာခဲ့ပြီလို့လည်း အသိပေးပါတယ်။
အမှတ်(၁၀၀၆)မွမ်းမံသင်တန်းဆင်းပွဲ အခမ်း
အနားကို မဟာမိတ်ညီနှောင်တပ်တွေ သဝဏ်လွာပေးပို့ကာ ဂုဏ်ပြုပေးခဲ့ကြတဲ့ မဟာမိတ်တပ်ရင်းတွေကို ကျေးဇူးတင်တယ်လို့လည်း (၁၀၀၆)တပ်ရင်းတာ၀န်ရှိသူကပြောပါတယ်။
တော်လှန်လူထုတစ်ရပ်လုံးရဲ့ ထောက်ခံပံ့ပိုးမှုအားတွေနဲ့ရှေ့ဆက်မယ့် ခရီးကြမ်းမှာ ကြံ့
ကြံ့ခံကာ အောင်ပွဲတွေ ဆင်နွှဲသွားနိုင်ဖို့ အ
သက် နဲ့ ကိုယ်စွမ်းဥာဏ်စွမ်းများရင်းနှီးပြီး ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊ အမှတ်(၁၀၀၆)တပ်ရင်းဟာ လက်ရှိ မိုးဗြဲမြို့အနီးစစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ခုခံကာကွယ်နေပါတယ်။

🥰30👍11🤣3❤2😁1👌1🖕1