၂၀၂၄ မှာတော့ ဆေးတင်သွင်းခွင့်ကို ပိုပြီး တင်းကြပ်လာပါတယ်။ ဒီနေရာမှာ အာဏာ
သိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံခြားငွေပြဿနာနဲ့ ဆေးပြတ်လပ်မှုကြားက ဆက်စပ်မှုကို ပိုပြီး ထင်ရှားစေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ၂၀၂၄ စက်တင်ဘာမှာ ဆေးဝါးတင်သွင်းသူတွေဟာဆေးတင်သွင်းခွင့်ရဖို့ ပြည်ပတင်ပို့မှုကနေ ရရှိထားတဲ့ နိုင်ငံခြားငွေရှိကြောင်း ပြသရမယ့် စည်းမျဉ်းအသစ် ထွက်လာပါတယ်။အဲဒီအချိန်မှာဆေးဝါးတင်သွင်းခွင့် ၇၁၆ ခု၊ ကုမ္ပဏီ ၁၁၆ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းဖိုးရှိတဲ့ တင်သွင်းခွင့်ပြုချက်တွေကို ပယ်ဖျက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
အဓိကအကြောင်းက ရိုးရိုးလေးပါ။ နိုင်ငံ
ခြားငွေ မလုံလောက်တော့ဘူး။ ဒါကြောင့် နိုင်ငံခြားငွေ ထွက်မသွားအောင် သွင်းကုန်တွေကို ထိန်းတယ်။သွင်းကုန်တွေကို ထိန်းတော့ ဆေးတင်သွင်းဖို့ ခက်လာတယ်။ ဆေးတင်သွင်းဖို့ ခက်တော့ ဆေးရရှိနိုင်မှု ကျဆင်းလာတယ်။ ဆေးရရှိနိုင်မှုကျတော့ဈေးတက်တယ်။ လူနာက ဆေးရုံမှာ ဆေးတစ်ပုလင်းကို လူငါးယောက်ပြည့်အောင် ထိုင်စောင့်ရတဲ့အထိ ဖြစ်လာတယ်။ဒီဟာကဆေးဝါးပြတ်
လပ်မှုရဲ့ အဆုံးပိုင်းမှာ မြင်ရတဲ့ ပုံရိပ်တစ်ခုပါ။ အာဏာသိမ်းမှုရဲ့ စီးပွားရေးအကျိုးဆက်ကို လူနာရဲ့ သွေးကြောထဲအထိ မြင်လာရပြီ။
ရင်နာစရာကောင်းလှတဲ့အမှန်တရားက အဖိုးတန်လှတဲ့ပြည်သူတွေရဲ့အသက်ကိုကယ်တင်ဖို့ အရည်အသွေးအဆင့်မီဆေးဝါးတွေတင်သွင်းဖို့အတွက် စစ်အုပ်စုမှာဒေါ်လာမရှိပေမယ့် ပြည်သူတွေကိုဗုံးကြဲသတ်ဖို့အတွက် လေယာဥ်ဆီ ၊တိုက်လေယာဥ်တွေ၊လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့အတွက်ကြ စစ်တပ်ဆီမှာ ဒေါ်လာရှိနေတာပဲဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်မှာတော့ ၂၀၂၃ ခုနှစ်က စစ်တမ်းကောက်ယူခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထဲက ၉၀ ရာခိုင်နှုန်းကျော်က ပြီးခဲ့တဲ့ ခြောက်လအတွင်း အခြေခံလိုအပ်တဲ့ ဆေးဝါးတွေ ပြတ်လပ်မှုကို တွေ့ကြုံခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။ ၈၈ ရာခိုင်နှုန်းကျော်ကလည်း ဆေးပြတ်လပ်မှုက လူနာကုသမှုအရည်အသွေးကိုထိခိုက်စေတယ်လို့ သဘောတူထားပါတယ်။ ဒါဟာ ဆေးဆိုင်တစ်ဆိုင်မှာ ဆေးတစ်မျိုး မရှိတာမျိုး မဟုတ်တော့ပါဘူး။ကျန်းမာရေးစနစ်တစ်ခုလုံးရဲ့ဆေးဝါးရရှိရေး လမ်းကြောင်းပြဿနာ ဖြစ်နေပြီဆိုတာပါပဲ။
https://youtu.be/UNVfWhHeioc?si=nAw2qKL9wed-KXl_

YouTube
စစ်အာဏာသိမ်းမှုက ကျန်းမာရေးစနစ်ကိုဘယ်လိုပြိုလဲစေသလဲ | People's Spring
■ဆောင်းပါး
စစ်အာဏာသိမ်းမှုက ကျန်းမာရေးစနစ်ကိုဘယ်လိုပြိုလဲစေသလဲ
-နောင်နောင်ရေးသားသည်။
ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး …

🔥14❤13👍5😁1😢1🤣1
လွတ်မြောက်လာသူတွေက ပြောကြားချက်အရ အမျိုးသား ၈၀၀ ခန့်ကို သုံးစုခွဲပြီး ဒူးထောက်ခိုင်းထား ခဲ့ပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကို ပိတ်ထားပေမယ့် ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို အသံနဲ့ ခံစားနိုင်ခဲ့ကြပါတယ်။
စောတမနမူဆိုတဲ့ ကရင်အမျိုးသားတစ်ဦးကတော့ သူ့ကိုယ်တိုင် အဲဒီအချိန်မှာ ရှိခဲ့ပြီး “မျက်လုံးကို ပိတ်ထားပေမယ့် ဘာတွေဖြစ်နေတယ်ဆိုတာ ခံစားလို့ရတယ်။ ညနေစောင်းကစပြီးညှင်းပန်းနှိပ်စက်တာနဲ့သတ်ဖြတ်တာတွေ စခဲ့တယ်” လို့ ပြောပြပါတယ်။
ထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသားတချို့ ဖမ်းဆီးခံရပြီး ဓားနဲ့ထိုးခံရကာ ပစ်သတ်ခံခဲ့ရကြောင်းလည်း ပြောခဲ့ပါတယ်။
သူကိုယ်တိုင်လည်း KNLA နဲ့ ဆက်နွယ်သူတစ်ဦးလို့ သံသယထားခံခဲ့ရပေမယ့် အသက်ရှင်လွတ်မြောက် လာခဲ့ပါတယ်။ “ကျွန်တော် အသက်ရှင်ခဲ့တာ အင်မတန်ကံကောင်းလို့ပါ” ဆိုတဲ့ သူ့စကားဟာ အဲဒီညက ရင်ဆိုင်ခဲ့ရတဲ့ ကြောက်ရွံ့မှုကို ဖော်ပြနေပါတယ်။
သူဟာ စစ်တွေဆိပ်ကမ်းမှာ အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး ဗျိုင်းဖြူရွာမှာရှိတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင် ဇနီးဖြစ်သူရဲ့ အိမ်မှာ ခေတ္တလာရောက်နေထိုင်နေသူ ဖြစ်ပါတယ်။ သူဟာ နံနက်စောစောမှာ မြန်မာကုန်သည်တစ်ဦးနဲ့အတူ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူ ၁၀၀ ခန့်နဲ့အတူ လွတ်မြောက်လာခဲ့ပေမယ့်၊ အဲဒီမတိုင်ခင်မှာတော့ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးမှ ပြန်လည်လွတ်မြောက် လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီမြန်မာကုန်သည်ရဲ့ ပြောပြချက်အရ ရေဆာလို့ ရေတောင်းခဲ့ကြတဲ့ ရွာသား ၁၂ ဦးခန့်ကို ရေမပေးဘဲ စစ်သားတွေက သူတို့ရဲ့ ကျင်ငယ်ရေကို ပလတ်စတစ်ပုလင်းထဲကနေ သောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ငြင်းဆန်သူတွေကိုသေနတ်ဒေါက်တွေနဲ့ထိုးကြိတ်ရိုက်နှက်ခဲ့ပြီး၊ နှစ်ရက်အကြာမှာ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။
စစ်တပ်ကတော့ ULA တာဝန်ရှိသူတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိတဲ့ ရွာသား ၁၁ ဦးရဲ့ စာရင်းကို ကြိုတင်ပြုလုပ်ထားခဲ့ပြီး အဲဒီလူတွေကို သီးခြားခွဲထုတ် ဒူးထောက်ခိုင်းကာ တော်လှန်ရေးအဖွဲ့နဲ့ ဘယ်လိုဆက်နွယ်မှုရှိသလဲဆိုတာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် စစ်အရာရှိတွေဟာ သူတို့ရဲ့ ဖြေကြားချက်တွေကို လက်ခံကျေနပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။
“သူတို့ကို သံကြိုးတွေနဲ့ ရိုက်နှက်ပြီး နောက်ဆုံး ပစ်သတ်လိုက်ကြပါတယ်။ အဲဒီထဲက ၄ ယောက်ဆိုရင် သေနတ်မပစ်ခင်ကတည်းက သတိလစ်နေကြပါပြီ” လို့ ပုသိမ်ထောင်မှာ ပျောက်ဆုံးသွားတဲ့ ဖခင်ဖြစ်သူကို ရှာဖွေနေတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဝင်းက ပြန်လည်ပြောပြခဲ့ပါတယ်။ မောင်ဝင်းကိုယ်တိုင်လည်းစစ်တွေထောင်မှမလွတ်မြောက်မီ ၈ လကြာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ဗျိုင်းဖြူရွာသားတွေရဲ့ ဒုက္ခဟာ အဲဒီညမှာပဲ မပြီးဆုံးခဲ့ပါဘူး။ အမျိုးသားတွေကို ခေါ်ဆောင်သွားပြီးနောက်ကျန်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေဟာလည်း နောက်ထပ် နှစ်ရက်နီးပါး လမ်းမပေါ်မှာ ပူပြင်းတဲ့နေရောင်အောက်မှာ အစာရေစာမရှိဘဲ ထိုင်စောင့်နေခဲ့ရပါတယ်။
အသက် ၂ နှစ်အရွယ် သားဖြစ်သူမှာ တက်ချင်တဲ့ လက္ခဏာတွေပြလာတာကြောင့် အိမ်ထဲခေါ်သွားခွင့်ပြုဖို့ တောင်းဆိုခဲ့တဲ့ အသက် ၂၀ကျော်အရွယ်အမျိုးသမီးတစ်ဦးကိုလည်း စစ်သားတွေက သေနတ်နဲ့ချိန်ရွယ်ခဲ့ပါတယ်။
“သက်ကြီးရွယ်အို အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦး သတိလစ်သွားတာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ သူတို့ ဘာဖြစ်သွားလဲဆိုတာတော့ မသိနိုင်ခဲ့ပါဘူး” လို့ မဝင်းသန်းက ပြန်လည်ပြောပြခဲ့ပါတယ်။
သူမက ဆက်ပြီး “ကလေးတွေအပါအဝင် လူအများအပြားဟာ အနီးအနားက မြောင်းရေတွေကို သောက်ဖို့ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရပါတယ်” လို့ ဆိုပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ကလေးငယ်တွေ ငိုကြွေးနေကြပေမယ့် အိမ်ထဲဝင်ပြီး ရေယူခွင့်၊ အစားအစာယူခွင့်တွေကို မရှိကြပါဘူး။
https://www.ludunwayoo.com/feature-mm/2026/08/20/166132/

LuduNwayOo
ရခိုင်ပြည်၏ နာကျင် မှတ်တမ်း သို့မဟုတ် သွေးစွန်းခဲ့ရတဲ့ ဗျိုင်းဖြူရဲ့ "မေ၂၉" | LuduNwayOo
“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
❤21🤬16😢8👍5😁3😡3🔥1🤣1
မြင်းခြံမှာ ပျူစောထီးခေါင်းဆောင်သီတာယုမွန်အဖွဲ့က ပြည်ပမှာနေထိုင်သူတွေကို နိုင်ငံအလိုက် ငွေတောင်းနေ
စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ
ဩဂုတ်-၃၀၊၂၀၂၆။ဟာနာဆန်၊ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်က မြို့ပေါ်နဲ့အနီးဝန်းကျင်ရွာတွေက ပြည်ပမှာနေထိုင်သူတွေကို နိုင်ငံအလိုက် စစ်မှုထမ်းကြေးကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီတာယုမွန်ဦး ဆောင်ပြီး မြင်းခြံမြို့ပေါ်နဲ့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့အနီးနားကကျေးရွာတွေကနေ ပြည်ပနိုင်ငံတွေ သွားရောက်လုပ်ကိုင်နေထိုင်သူတွေကို စာရင်းလုပ်ပြီး လစဉ်ကြေးဟုဆိုကာ သိန်းဂဏန်းအထိ တောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။
"ဂျပန်ဆို ၂သိန်း၊ ထိုင်းဆို ၁သိန်းခွဲ အဲဒီလိုသတ်မှတ်ထားတာ။ ရောက်နေတဲ့နိူင်ငံအပေါ်မူတည်ပြီး ပေးရတယ်။ဒီပြည်တွင်းမှာဆိုရင် သောင်းဂဏန်း ပေးရတယ်။ဒါကလစဉ် ပေးနေရတာပါ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လစဉ်ကြေးတွေတောင်းယူပြီး မြို့ပေါ်မှာ ပေါ်တာဆွဲတာတွေလည်းလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့မှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်ပြီး (၁၃)နှစ်လောက်ကစလို့ လူငယ်အများစုကို ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် မြင်းခြံမြို့အနီး ကားလမ်းမပေါ်မှာလည်း ခရီးသည်တင်ကားတွေကို တားကာ လူငယ်တွေကို ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၇ ရက်ကလည်း ရန်ကုန်- မြင်းခြံသွား ခရီးသွားကားတစ်စီးပေါ်က လူငယ်တွေကို စစ်တပ်က ဖမ်းဆီး ငွေတောင်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြင်းခြံမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းက နေအိမ်တွေကို တစ်အိမ်ထောင် အိမ်ထောင်စုဇယားမိတ္တူ တစ်ရွက်နှုန်းနဲ့အုပ်ချုပ်ရေးမှူးရုံးကို လာပေးဖို့ အမိန့်ထုတ်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။
"အိမ်ထောင်စုဇယားကြည့်ပြီး လက်ရှိ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်သူတွေရှိရင် နိုင်ငံအလိုက်ငွေကောက်ခံသွားမယ်လို့ ကြားတယ်"လို့ မြင်းခြံမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဧည့်စာရင်းတိုင်ပြီး နေတဲ့ အိမ်ငှားတွေလည်း အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့နောက်ဆုံးထား စာရင်းပေးဖို့နဲ့ ပျက်ကွက်ပါက မိမိတာဝန်သာဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေကို သတိပေးထားပါတယ်။
လက်ရှိ မြင်းခြံမြို့နယ်မှာ ရပ်ကွက်တွေနဲ့ ၎င်းတို့ထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာ စစ်မှုထမ်းကြေးဆိုပြီး ၁လကို တစ်အိမ် တစ်သောင်းကျပ် ထည့်ဝင်ရကြောင်း၊ နိုင်ငံခြားရောက်သူတွေရှိတဲ့အိမ်ဆိုရင် ပိုထည့်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
"တစ်ခါကောက်ရင် ၃ လစာ ပေးရတယ်။ ဘယ်နိုင်ငံရောက်ရောက် ဘယ်နိုင်ငံခြားသွားတဲ့လူရှိတဲ့အိမ်ဆို လေးသောင်းခွဲ။ နိုင်ငံခြားမရှိတဲ့အိမ်တွေက သုံးသောင်းကောက်တယ်"လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြင်းခြံဒေသက လူငယ်တွေဟာ ဂျပန်၊ ကိုရီးယား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူ အများဆုံံးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း သွားရောက်သူ ပိုမိုများပြားလာကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းမှာ မန္တလေးမြို့၊ ဝမ်းတွင်းမြို့၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြိူ့တွေမှာ စစ်မှုထမ်းခေါ်ယူတာ၊ ပေါ်တာဆွဲတာတွေကို စစ်မှုထမ်းကြေးယူထားတဲ့ကြားက ဆိုးဆိုးရွားရွား ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

🤮21😡15❤8🔥4👎1🤬1🤣1
စစ်သုံ့ပန်း၁၀၀ကျော်MNDAAထပ်လွှတ်ပေး
ဩဂုတ်−၃၀၊၂၀၂၆။ရွှေပြည်စိုး/People's Spring
ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်
ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)က အရာရှိအချို့ဦးဆောင်တဲ့ အဖွဲ့ဆီကို MNDAA အရာရှိအချို့က လားရှိူး -သိန္နီနယ်စပ်မှာ လွှဲပေးလိုက်တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
"ဒီတခါလည်း သုံ့ပန်း၁၀၀ ကျော်တယ်။အရာရှ်ိကြီးပိုင်းတော့မပါဘူး"လို့အထက်ပါသတင်း
ရင်းမြစ်ကပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်၁၄ရက်ကလည်းစစ်တပ်အရာ
ရှိတချို့နဲ့ MNDAA အရာရှိတချို့ လားရှိုးမြို့ကဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေး
ခဲ့ပြီးစစ်သုံ့ပန်း၁၀၀ခန့်ကိုလွှဲပေးခဲ့ပါသေးတယ်။
MNDAAဟာ၂၀၂၃ အောက်တိုဘာ၂၇ရက်မှာဖော်ဆောင်ခဲ့တဲ့၁၀၂၇စစ်ဆင်ရေးအတွင်း
ဗိုလ်ချုပ်အချို့အပါအဝင်စစ်သုံ့ပန်းထောင်ချီ ဖမ်းဆီးခဲ့ပါတယ်။၂၀၂၄ ဇန်နဝါရီ ၅ရက်က လောက်ကိုင် ဒကစ တိုက်ခိုက်သိမ်းပိုက်ချိန်မှာလက်နက်ချ အညံ့ခံခဲ့တဲ့လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းပြီး တစ်ပတ်ခန့်အကြာမှာ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။
လားရှိုးမြို့ကအရှေ့မြောက်တိုင်းစစ်ဌာန
ချုပ်သိမ်းတဲ့တိုက်ပွဲမှာလည်းတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊စစ်ဆင်ရေးကွပ်ကဲမှု ဌာန
ချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်တပ်ထံ ပြန်လွှဲပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက်နဲ့ ဖေ
ဖော်ဝါရီ ၂၈ရက်မှာလည်း စစ်သုံ့ပန်း ၇၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်မှာမှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)နဲ့တအာင်းတပ်မတော်(TNLA)
တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊မုန်းကိုး၊ဖောင်းဆိုင်၊ကုန်းကြမ်း
၊ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကို သိမ်းပိုက်ခဲ့ပါတယ်။
သိမ်းယူထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်တပ်နဲ့အပစ်ရပ်ထားသလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ဧပြီမှာ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပါတယ်။
သိန္နီနဲ့ ကွတ်ခိုင်မြို့အပါအဝင် MNDAAက ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စု
စည်းပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းကြောင်း ဇန်န
ဝါရီလဆန်းက ကြေငြာခဲ့ပါတယ်။
စစ်တပ် လုံးဝကင်းစင်သွားပြီဖြစ်တဲ့ ကိုးကန့်ဒေသကို အထူးဒေသ(၁)အဖြစ် သတ်မှတ်ထားပြီး ကိုးကန့်မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းလိုက်တာလို့ ကြေညာခဲ့ပါတယ်။
ယခုရက်ပိုင်းမှာ MNDAA ထိန်းချုပ်ဒေသတွေနဲ့ပတ်သက်တဲ့ သတင်းမျိုးစုံထွက်နေပါတယ်။
လားရှိူးနဲ့ ဆက်စပ်နေတဲ့ သိန္နီမြို့ကို စစ်တပ်က ပြန်တောင်းနေသလို စစ်တပ်ကင်းထောက်လေယာဉ်တွေပြန်သန်းမှု ပိုများလာတယ်လို့ သိရပါတယ်။

🤬27👎5❤4🔥3🤣2😡2👏1
မင်းတပ်မှာ စစ်တပ်ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံး
ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ် ၃၀ရက် ညနေပိုင်းမှာ မင်းတပ်မြို့အနီး ကျေးရွာတpfရွာကို တိုက်လေယာဉ် ၂စီးက အကြောင်းမဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်းလည်း ဒေသခံက ပြောပါတယ်။
“အသေးစိတ် မသိရသေးဘူး။ ဆက်သွယ်မရဖြစ်နေတာ။ ထိခိုက်သေဆုံးများတယ်။ အရပ်သားကိုပဲ ပစ်မှတ်ထားတာ” လို့ ဒေသခံက ပြောပါတယ်။
ချင်းတောင်ပိုင်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) မဟာမိတ် ပူးပေါင်းတပ်အကြား တိုက်ပွဲတွေ ငြိမ်နေချိန် စစ်တပ်က အခုလို ဗုံးကြဲလာတာလို့ ဆိုပါတယ်။
စစ်တပ်ဟာ မေလကတည်းက မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲ ၂လကျော်ကာလအတွင်း လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
လတ်တလောမှာတိုက်ပွဲ ဖြစ်ပွားမှု၊ လေကြောင်း တိုက်ခိုက်မှု ငြိမ်နေတဲ့ အခြေအနေမှာ ပြန်လည်ဗုံးကြဲလာတာဖြစ်ပါတယ်။
စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်ထိုးစစ်ကာလအတွင်း လေကြောင်း တိုက်ခိုက်မှု အနည်းဆုံးအကြိမ်ပေါင်း ၆၀၀ ကျော်ပြုလုပ်ထားတယ်လို့ ချင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
(မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − Screengrab။ ပုံအဟောင်းဖြစ်ပါတယ်)

🤬37❤4🔥2👏2🤮2👎1🎉1
ပြည်သူ့စစ်ခေါင်းဆောင်ချွေးမ ဆေးကြောင်
ပြီးညီနောင်သုံးဖော်ဂိတ်မှာတားဆီးတာကိုမောင်းပြေးလို့ပစ်ခတ်ရာသေဆုံးဟုဆို
သြဂုတ်-၃၀၊၂၀၂၆။ဇော်ရမ်း/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်း
ပြေးရာ သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။
မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီး MNDAA နဲ့ AAပူးပေါင်းစစ်ဆေးဂိတ်မှာ ဩဂုတ်လ ၂၉ ရက် နေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
"အဲဒီအမျိုးသမီးကမူးယစ်ဆေးသုံးလာတယ်ဗျ။သူက လုံထန်ပသစ ခေါင်းဆောင်ရဲ့ ချွေး
မ။ဂိတ်ကို စကစဂိတ်လားလို့ မေးပြီး ဆဲသေးတယ်။ပြီးတော့ဝင်တိုက်တယ်။စစ်ဆေးဖို့လုပ်တော့ကားကိုအတင်းမောင်းပြေးတာ။အဲဒီမှာ ပစ်ပြီးတားတာကနေဖြစ်တာပဲ"လို့မူဆယ်မြို့ခံတဦးကပြောပါတယ်။
သက်လက်ပိုင်းအရွယ်အဲဒီအမျိုးသမီးက မူးယစ်ဆေးအလွန်အကျွံသုံးပြီး မူဆယ်မြို့ထဲမှာသွားလာလေ့ရှိတယ်လို့ဒေသခံအချို့ကပြောပါတယ်။ စစ်ဆေးရေးဂိတ်အနီး နေရာတွေကိုကားနဲ့မတိုက်ခင်မှာဒီနေရာမှာMNDAA
နဲ့ AA စခန်းမထိုင်နဲ့လို့လည်း ပြောခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
စစ်ဆေးရေးဂိတ်ကို တိုက် ပြေးလို့ AAတပ်ဖွဲ့ဝင်က ပစ်လိုက်စဉ် ကျည်ထိမှန်သေဆုံးတာလို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။
အထက်ပါဖြစ်စဥ်နဲ့ပတ်သက်ပြီးလုံထန်ပြည်
သူ့စစ်အဖွဲ့ကို ဆက်သွယ်လို့မရသေးသလို MNDAA နဲ့ AA ကလည်း သတင်းထုတ်ခြင်း
မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်မှာ
စစ်တပ်လက်အောက်ခံလုံထန်၊ ကောင်းခါး၊ ပန်ဆေး၊တာမိုးညဲ နဲ့ ပိန်းဆာပြည်သူ့စစ်အပါအဝင် ပြည့်သူ့စစ်အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိနေပြီး ကျားဖြန့်ဂိုဏ်းတွေနဲ့လည်း ပတ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန် နဲ့ ကျင်စန်းကျော့ဂိတ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်းမှမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအ
မျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်
(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)တို့က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်း
ချုပ်ထားပါတယ်။

👍41❤10👏5🤣2🤬1🖕1
■ဝတ္ထုတို
မာဖီးယားည
▪︎စိုးစံသစ်
●တစ်
လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။
ဟင်းစားရလိုရငြား စတုရန်းမီးပွိုင့်တစ်ပတ်လောက် ပတ်မောင်းမယ်တွေးလိုက်ပေမယ့် ပူလွန်းတဲ့နေကြောင့် ကားကြမ်းခင်းလေးဖင်ခုကာ ယပ်တောင်လေးတဖျပ်ဖျပ်ခတ်ရင်း နေမြဲအတိုင်းပဲ ထိုင်နေမိသည်။ကွန်ကရစ်
ပင်လယ်ကြီးဘက်ဆီကနေ အတွင်းဘက်လမ်းလေးဆီ ခင်းထားတဲ့ လိပ်ခုံးကွန်ကရစ်ပေါင်းကူးလေးအတိုင်း တောင်တောင်အီအီကြည့်မိတော့ အတွင်းလမ်းလေးထဲက အပျိုဘော်ဝင်စ ခရေပင်ရိပ်လေးတွေမှာ စုပြုံတိုးဝှေ့နေတဲ့ သူယောင်မယ်လေးတွေကို လှမ်းတွေ့နေရသည်။
သူတို့ဘဝ သူတို့ကမ္ဘာထဲကနေ နွေနေလယ်ခင်းတစ်ခုဆီ ပါးလိုက်တဲ့သတင်းစကားကလည်း နေဆယ်စင်းမက ပြင်းလွန်းလှသည်တဲ့။
"လာသမျှဘဲတွေကလည်းဟာ ယောက်ျားရှာတွေလားမသိဘူး။ သူတို့ကြည့်ပြီး သေသွားတဲ့ငါ့အဖေကိုတောင် လွမ်းမိသေးဟ"
"ဘာဆိုင်လို့လဲဟ"
"ဟယ် ငါ့အဖေက သူအရမ်းညစ်လာရင် ထထအော်တာ။ ဟိုသီချင်းလေဟာ။ ပူပါတယ်ဆိုမှ ထီးကမပါ ဆိုတာလေ။ ခုလည်းကြည့်လေဟာ။ ခေတ်ကပျက်နေတဲ့ကြားထဲ နေကလည်း မီးထတောက်မလားမှတ်ရတယ်။ ပြီးတော့ တွေ့သမျှ ကိုဟိုဟာတို့ကလည်း ခုနသီချင်းထဲကလိုဆို ပူပါတယ်ဆိုမှ ((())) ကမပါတွေဖြစ်နေပြီ ကောင်မတွေရဲ့"
ဘဝတွေနဲ့ရင်းထားတဲ့ပြက်လုံးက ကျနော့ရင်ကို ထောင်းခနဲနေအောင် တည့်မှန်သည်။ အကောင်းလွန်နေတော့ ရယ်ရမည့်အစား သည်ကောင်မလေးပြက်လုံးကိုကြားလိုက်ရတဲ့အခိုက် ကျနော်ကြိတ်ပြုံးမိသည့်အပြုံးက ဘယ်လိုအပြုံးမျိုးများလဲဆိုပြီး ပြန်မေးမိသည်။ အဖြေက မရေရာပေမယ့် ဒီအပြုံးမျိုး ပြန်မပြုံးချင်တာကတော့ သေချာသည်။
"ဝင်းအောင်လာတယ်ဟေ့... ဝင်းအောင် ဝင်းအောင်"
ကားမှတ်တိုင်ဆီမှ စူးစူးဝါးဝါးအော်ဟစ်လိုက်သံက ကျနော်မြင်တွေ့နေရတဲ့ နွေလယ်နေ့လေးကို ဝေါခနဲ တွန်းဖြိုတိုက်စားသွားသလိုပင်။
ကားဂိတ်မှာဂိတ်ထိုးတဲ့ ကယ်ရီဆိုင်ကယ်အုပ်ကြီးက ပေါင်းကူးတံတားလေးကို ဝရုန်းသုန်း
ကားဖြတ်ကျော်ကာ အတွင်းဘက်လမ်းလေးမှတစ်ဆင့် နောက်ထပ်နောက်ထပ်သော လမ်း
သွယ်လေးများထဲ မောင်းပြေးကြသည်။ ဆိုင်ကယ်အုပ်ကြီးနည်းတူ ပင်ညိုရိပ်လေးတွေအောက် ကိုယ်ထင်ပြနေတဲ့ သူယောင်မယ်လေးများသည်လည်း တချို့က လမ်းသွယ်လေးများထဲ့သို့၊ တချို့က ဘယ်ရီဂိတ်တွေချ၊ တံခါးမကြီးပါပိတ်ထားသော်ငြား လူဝင်မ
လွယ်ပေါက်တံခါးလေးဟထားတဲ့ သူတို့အခေါ် ပါတီရုံးကြီးထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသည်။
အသံဖျောက်ထားတဲ့ လှည့်ကင်းကားတန်းတချို့ မီးစိမ်းမစောင့်ဘဲ ခရာသံတတွီတွီပေးကာ ဖြတ်ကျော်လာသည်ထိ ကားဂိတ်မှာရှိတဲ့ ဆိုင်ကယ်နှစ်စီးက ကစ်တန်ကိုတဖျောင်းဖျောင်းနင်းကာ စက်နှိုးနေဆဲရှိသေးသည်။
ကျားရှေ့မှောက်ရက်လဲရရှာပြီ။ ပျောက်ကြားမိုးကာအုပ်ကားမြင့်မြင့်ကြီးပေါ် ကိုယ့်ဆိုင်ကယ်ကိုယ်တွန်းတင်နေရတဲ့ ဆိုင်ကယ်သမားလေးနှစ်ယောက်ရင်ထဲ ဘယ်လိုနေမလဲမသိပေမယ့် ကွမ်းယာသည်ကိုပိန်ရဲ့ ဆဲဆိုတောက်ခေါက်သံက ကျနော့ရင်ထဲထိ ပဲ့တင် ရိုက်ခတ်သွားသည်။
သေနတ်တကားကားနဲ့ယာဥ်တန်းကြီးကတော့ ထွက်ခွာလို့သွားလေ၏။ဒီလှည့်ကင်းကားတွေရဲ့ ဥသြသံကိုမြည်သံစွဲကာ ပါတီရုံး ရပ်
ဝန်းသားတွေက ဝင်းအောင်...ဝင်းအောင်လို့ နာမည်ပြောင်ပေးထားခြင်း ဖြစ်သည်။
နာရီပိုင်းအတွင်းမှာပဲ အရာရာက ခုနက ဘာမှမဖြစ်ခဲ့သလို ပြန်လည်အသက်ဝင်သွားပြန်သည်။
●နှစ်
ကိုပိန်က လက်ကျန်မဟော်ဂနီနဲ့ ဗန်ဒါပင်ရိပ်လေးတွေအောက်မှာ သူ့စီးပွားရေးအင်ပါယာကို ချဲ့ထွင်သည်။ မြောင်းဘောင်ခတ်ကာ မြေဖို့ပြီး ဝါးကွပ်ပျစ်ကျိုးကျဲလေးပတ်ရိုက်ထားတော့ သူ့အရိပ်မှာ လူဆယ်ယောက်လောက် သာသာယာယာ ခိုနားလို့ရသည်။
"ဦးပိန်...ရေသန့်တစ်ဘူး၊ စီပလပ်လိမ္မော်တစ်ဘူး။ သမီးစာရင်းထဲမှတ်ပေးဦး"
"မှတ်တာကဟုတ်ပြီ။ ကျုပ်က ဘယ်နာမည်နဲ့မှတ်ရမှာလဲ"
"မှတ်ချင်တဲ့နာမည်နဲ့မှတ်ဗျာ။ လာမစားစမ်းပါနဲ့ဦးပိန်ရာ။ ရင်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူး"
"နင်က တခွပ်ခွပ်နဲ့ ခွာအသစ်ကြီးတပ်လာတော့ နာမည်တွေဘာတွေလည်း အသစ်ဖြစ်နေပြီလားလို့ပါ"
မိတ်ကပ်ပြာနှမ်းနှမ်းနဲ့သူယောင်မယ်လေး ဒေါက်ဖိနပ်လေးကုန်းကောက်ကာ ထွက်ပြေးသွားသည်။စကားကြွယ်တဲ့ကိုပိန့်ကြောင့်ပဲ ဒီနေရာလေးမှာ ကျနော်ဂိတ်ထိုး မြဲနေလားမသိ။ ဒီရပ်ဝန်းလေးအကြောင်းလည်း ကိုပိန့်ကြောင့် အူမချေးခါမကျန် သိခဲ့ရသည်။
"ကျုပ်ရွာမှာတော့ ကျုပ်ကို ချန်ပီယံလို့ခေါ်ကြတာဗျ။ ငယ်တုန်းက အငြင်းသန်လွန်းလို့ပြောတာပဲ။ တကယ်တမ်းက အပြေးချန်ပီယံဗျ။ နှစ်ရွာကျော်လောက်မှာချကြကတည်းက မိဘတွေ၊ မိန်းမနဲ့ကလေးတွေခေါ်၊ ရှိသမျှလေးထုပ်ပိုးပြီး ပြေးချလာတာ။ ညီမတွေလည်း ပြေးခိုင်းတာပဲ။ သူ့အိမ်ထောင်နဲ့သူတွေဖြစ်နေတော့ နေ့ရွှေ့ညရွှေ့နဲ့ကျန်ခဲ့တာ ခုထိ ရွာခြေကိုပြန်မကပ်နိုင်သေးဘူးကြားတာပဲ။ ရွာလည်း ခွေးမသားတွေမီးပတ်ရှို့တာနဲ့ ပြာပဲကျန်မှာပါဗျာ။ အငယ်ဆုံး ညီနှစ်ကောင်ကတော့ ရှင်းချက်။ စချတယ်ဆို ဟိုဘက်ထဲ ဆိုင်ကယ်တွေပါယူပြီး ပါချသွားတာ ခုထိ သေလားရှင်လားတောင် မသိတော့ပါဘူးဗျာ။ သြော်..ငါ့ညီတွေ..ငါ့ညီတွေ...ကိုကြီးက မင်းတို့လောက်မရဲတော့ လမ်းဘေးမှာ ခွေးအိုကြီးလို

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,300 likes · 422 talking about this. News & media website
❤12🖕3🔥2
ကွမ်းရောင်းစားနေရတယ်ကွ။ မင်းတို့ပြောတဲ့ တောသူဌေးကြီး အခု ခွေးဖြစ်နေပြီဟ"
အချို့အချို့သော ကိုပိန့်စကားတွေကြောင့် ကိုယ်ပါ ဆွဲဆွဲငင်ငင်ကြီး ထအူချင်စိတ်
ပေါက်မိသည်။ အမှောင်ခေတ်ကြီးထဲ ဒုက္ခချင်းပြိုင် ဘယ်သူနိုင်အံ့နည်း။ အံကြိတ်ခံရုံကလွဲပြီးလည်း ဘာမှမတတ်နိုင်။
"ကျုပ် ဒီနားလေးဆိုင်ဖွင့်စပဲရှိသေး၊ ပါတီရုံးကြီး လက်ပစ်ဗုံးနဲ့အထုခံရတာ။ ရုံးကြီးက ဆိုင်ဘုတ်တောင် မရှိပါဘူး။ အခုလည်း ရွေးကောက်ပွဲမတိုင်ခင်လေးမှ ဆိုင်းဘုတ်တွေဘာတွေ လာလုပ်သွားတာ။ ရုံးထဲလည်း ရုံးစောင့် ကိုဖိုးတာတို့ကလွဲပြီး ဘယ်သူမှမရှိဘူး။ ကိစ္စရှိ ခဏလာ၊ ပြီးရင် ပြန်ပြေးကြတာ။ မြို့ပေါ်နေပြီး သေမှာကြောက်နေကြတာ။ တစ်ခုတော့ကောင်းပါတယ်။ ဝင်းတံခါးကြီးပြန်ဖွင့်တော့ လမ်းကြောင်းဘာညာဆို ကလေးမတွေ မလွယ်ပေါက်လေးကနေ ခွေးတိုးဝက်တိုး တိုးစရာမလိုတော့ဘူးပေါ့။ ဟဟဟ...ဒီတစ်ခုတော့ အားကိုးရသား"
ကိုပိန့်စကားကြောင့် ကျနော်တို့ကားသမားတွေ အားပါးတရ ရယ်မောမိကြသည်။ ကိုပိန်က ၅၀ တန်းဆိုတော့ ကျနော့ထက်ငယ်လှ တစ်နှစ်ပျော့ပျော့ရှိလိမ့်မည်။ ခါးစည်းခံနေရတဲ့ဒုက္ခကို ခွတီးခွကျ ကြံဖန်ဟာသဖောက်တတ်တာကြောင့်ပဲ သူ့ရဲ့ မဟော်ဂနီနန်းရိပ်မှာ ကျနော်တို့ မွေ့လျော်နေမိတော့သည်။
●သုံး
ညနက်စပြုကာ လိုင်းကားနဲ့ အောက်ဆိုက်ကားတွေ ကျဲပါးစပြုပြီမို့ ကိုပိန် ဆိုင် စသိမ်းပြီ။ စကားပြောလို့က ကောင်းနေတော့ ကျနော်လည်း ကားမသိမ်းနိုင်သေး။ ကိုပိန့်ကို ပြန်မယ်နှုတ်ဆက်ကာ ကားတံခါးဆွဲဖွင့်လိုက်ချိန်မှာပဲ ခရေပင်တန်းအမှောင်ခြမ်းကနေကျနော့်နာမည်လှမ်းခေါ်သံကိုကြားသည်။
ကြည့်လိုက်တော့ ဒေါက်ဖိနပ်တစ်ဖက်စီ ကိုင်ကာ မပြေးရုံလာနေသည့် ဘာဘူမကို လှမ်းတွေ့ရသည်။
"အမယ်လေး တော်ပါသေးရဲ့.. ဦးတာတီးကြီး မပြန်သေးလို့။ ဧည့်သည်ကောင်က မူးပြီးရစ်နေတာ ဦးတာတီးရေ။ အချိန်လည်းပြည့်ပြီ၊ ပြန်မယ်ပြောတာကို ရဲခေါ်ပြီးဖမ်းခိုင်းမယ်လုပ်နေတာ။ အာမီကလို့ပြောတာပဲ။ တော်ပါသေးရဲ့.. မူးပြီး အိပ်သွားလို့"
ပြောလည်းပြော၊ သူ့ဒေါက်ဖိနပ်လေးကို ပြန်ချစီးသည်။ ပြီးတော့ တစ်ခုခုကိုသတိရသွားသည့်နှယ် ဘက်ထရီမီးရောင် မှိန်မှိန်အောက်မှာ သူ့စလင်းဘက်ထဲ ဖြဲရဲရှာဖွေနေသည်။ ဒီလောက်နဲ့မှအားမရတော့ ပလက်ဖောင်းပေါ် သူ့အိတ်ကိုသွန်ချကာ ရှာသည်။
ဘာရှာမှန်းမသိပေမဲ့ ဘာဘူမက ထိတ်လန့်တကြားရှာဖွေနေတော့ ကျနော်လည်း ဖုန်းမီးလေးဖွင့် ထိုးကူပေးရသည်။ နဖူးဆံစပ်ကနေ ယိုစီးကျလာတဲ့ ဇောချွေးတွေကြောင် မီးမှိန်မှိန်အောက်က ဘာဘူမရဲ့ မိတ်ကပ်ပြာဟောက်ဟောက် မျက်နှာက အော်ဂလီဆန်စရာပင် ကောင်းနေသေး၏။
"ဟယ်တော်...ဒုက္ခပါပဲ ဦးတာတီးရေ။ ဟိုလူရစ်နေလို့ သမီးက ကတ်ပြားထုတ်ပြတာ။ အခု ရှာမရဘူး။ ဒုက္ခပါပဲ။ ဒီသေချင်းဆိုးကောင် သမီးတွိုင်းလက်ဝင်တုန်း နှိုက်သွားလားမသိဘူး။ သေချင်းဆိုးခွေး။ အဲ့အဲ့...အမယ်လေး ဒီမှာ ဒီမှာ။ တော်ပါသေးရဲ့ ပြန်တွေ့လို့။ လူကို သေချင်စော်နံသွားတာပဲ။ ဘုရား ဘုရာ..."
ပျော်တတ်တဲ့ဘာဘူမ ဒီလောက်ဇောချွေးပြန်ရလောက်အောင် ဒီကတ်က ဘယ်လောက်အရေးကြီးတဲ့ကတ်များလဲဆိုပြီး ခဏယူကြည့်မိသည်။
"သမီးတို့လုပ်တုန်းက အလကားလုပ်ပေးတာ။ အဲဒီတုန်းက ခိုးဆိုးနှိုက်လည်း ရတယ်။ ဘာလာလာဒေါင်းတဲ့ အကွက်ကြီး။ အခုကျ ဒီပါတီက အာဏာရှိသွားပြီဆိုတော့ လူတိုင်းကို ပေးမဝင်တော့ဘူး။ ရပ်ကွက်နဲ့စခန်းထောက်ခံစာတွေပါမှတဲ့။ပါတီဝင်ပြီးရင်
တောင် ပါတီဝင်ကတ်က ဒါမပေးရင် အကြာကြီးတဲ့"
ဘာဘူမက လက်ညိုးနဲ့လက်မကို ဖျတ်ခနဲဝိုင်းပြသည်။ ပြီးတော့ ကိုပိန့်ဆေးလိပ်ဘူးထဲက မားဗီးယပ်တစ်လိပ် လှမ်းယူသောက်ပြီး စီးကရက်မီးခိုးတွေကို ဝှူးခနဲမှုတ်ထိုက်ရင်း စကားကို ဆက်သည်။
"အခုလိုမျိုး ညနက်ပြီး ရဲဘာညာတွေနဲ့တိုးလို့ အဆွဲခံရရင် မလွယ်ဘူး ဦးတာတီး။ တကယ်အမှုဖွင့်ခံရလို့ ထောင်ထဲရောက်သွားတာကမှ တော်သေးတယ်။ သမီးတော့ အဲ့လိုမတိုးသေးပါဘူး။ ဘဲဥမတို့ အုပ်လိုက်ကြီး အဆွဲခံရတုန်းက ကြည့်လေ။ ဘဲဥမနဲ့ မပွေးက ကားပေါ်ရောက်မှ အဲ့ကတ်ထုတ်ပြတာ။ သူတို့ကို ထားပစ်ခဲ့တာ။ ကျန်တဲ့လူတွေပါသွားရော။ ဘာပဲပြောပြော ဒီကတ်ပြားရှိတော့ လူရှိန်တာပေါ့ဦးတာတီးရယ်.. ဟိဟိ။ ဦးပိန်ရေ.. သွားပြီ။ မာဖီးယားတစ်လိပ်ဖိုး နက်ဖန်မှပေါင်းယူတော့"
မာဖီးယားတဲ့လား ဘာဘူမရယ်။
ခုနကတင် မာဖီးယားငမူးတစ်ကောင်လက်ထဲက အမောတကောထွက်ပြေးလာတဲ့ ဘာဘူမ...ခုတော့ ဘာမှမဖြစ်ခဲ့သလို ကားခေါင်းခန်းထဲမှာ မာဖီးယားလေး တဖွာဖွာ...။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'စိုးစံသစ်' ရဲ့ "မာဖီးယားည" ဝတ္ထုတိုကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍18🖕3❤1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ်၃၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရွှေကူမြို့အဝင်မှာ တိုက်ခိုက်တဲ့ စစ်တပ်သင်္ဘောကို KIA/KPDF ပူးပေါင်းတပ် သိမ်း
ပိုက်
ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာ၀တီမြစ်
ကြောင်းမှာကချင်လွတ်လပ်ရေးတပ်မတော်
(KIA) နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီသင်္ဘောအုပ်စုမှ သင်္ဘော ၁စီးကို ဩဂုတ် ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ဩဂုတ် ၂၇ရက်က ကသာကနေရွှေကူမြို့ကို တက်လာတဲ့စစ်သင်္ဘောအုပ်စုကို ပူး
ပေါင်းတပ်က တိုက်ခိုက်စဉ် ထိခိုက်ခဲ့တဲ့ သင်္ဘောတွေထဲကစစ်သားတွေချန်ထားခဲ့ရတဲ့ စစ်သင်္ဘော ၁စီးကို ဩဂုတ် ၂၉ရက်မှာ သိမ်း
ပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။သင်္ဘောစောင့်စစ်ကောင်စီတပ်သားတွေဟာရွှေကူမြို့အခြေ
စိုက်ခမရ(၆၀၂)တပ်ရင်းကတပ်သားတွေလို့ ယူဆကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
◾️ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းအနောက်ခြမ်းက စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခံရ
ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းအနောက်ခြမ်းက စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သုံ့ပန်း ၅ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့ သိမ်းဆည်းရရှိတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မတရားပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား အများအပြားကို အသုံးချကာ သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်
ကြောင်းတွေခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးလာမှုအပေါ် ဩဂုတ် ၂၉ ရက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ည ၇ နာရီ
၀န်းကျင်မှာ မင်းတုန်းမြို့အနောက်ခြမ်း စစ်
ကြောင်းထိုးရောက်ရှိနေတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်က အင်အား ၅၀ ၀န်းကျင်က ရိက္ခာရှာဖို့ထွက်လာချိန် တိုက်ခိုက်မှု ၁၀ မိနစ်နီးပါးဖြစ်ပွားခဲ့ပြီး စစ်တပ်ကအကျအဆုံးတွေနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ အသိ
ပေးပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းရာမှာ MA3 ၁ လက် နဲ့ ကျည်တွေအပြင်ဖုန်း၁လုံးနဲ့စစ်တပ်ရုပ်အ
လောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
◾️မင်းတပ်မှာ စစ်တပ်ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာ
သိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ဩဂုတ် ၃၀ရက် ညနေပိုင်းမှာမင်းတပ်မြို့အနီးကျေးရွာတွေကို တိုက်လေယာဉ် ၂စီးကဗုံး ကြဲခဲ့တာပါ။ ဗုံး ၄
လုံးကြဲချတိုက်ခိုက်ခဲ့ရာထိခိုက်သေဆုံးမှုများကြောင်းလည်းဒေသခံကပြောပါတယ်။ချင်းတောင်ပိုင်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)မဟာမိတ် ပူးပေါင်းတပ်အကြားတိုက်ပွဲတွေ ငြိမ်နေချိန် စစ်တပ်ကအခုလိုဗုံးကြဲလာတာလို့ဆိုပါတယ်။
◾️စင်းခန်းတံတားပြန်ရယူဖို့ နဲ့ ဗန်းမော်ကိုစစ်ကူဖြည့်ဖို့ စစ်တပ်က ကြည်း၊ရေ၊လေသုံးထိုးစစ်ဆင်နေဟု KIAပြော
အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းတံတားကို ပြန်
လည် ထိန်းချုပ်နိုင်ဖို့နဲ့ ဗန်းမော်မြို့ကို စစ်အင်အားလက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြည်း
၊ရေ၊လေ အသုံးပြုတိုက်ခိုက် ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်
ကြားရေးဌာနကဖော်ပြပါတယ်။ဩဂုတ်၂၉
ရက်မှာရွှေကူမြို့ကနေ ဧရာ၀တီမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးဆန် တက်လာတဲ့စစ်သင်္ဘောတွေကိုKIAနဲ့ပူးပေါင်းတပ်တွေက
ခုခံတိုက်ခိုက်ခဲ့ကြောင်းအသိပေးရာမှာစစ်
တပ်ကလေကြောင်း၊ရေကြောင်း၊ကုန်း
ကြောင်းက စစ်ရေးလှုပ်ရှား တိုက်ခိုက်နေတဲ့ အခြေအနေကို ဖော်ပြခဲ့တာပါ။သြဂုတ် ၂၉ ရက်မှာ စစ်သင်္ဘောတွေတိုက်ခိုက်ခဲ့ရာ အထိ
အခိုက်ရှိမရှိ KIAကဖော်ပြမထားပေမဲ့
စစ်သင်္ဘောတွေ ရွှေကူမြို့ဘက်ကို ပြန်ဆင်းသွားတယ်လို့ အသိပေးထားပါတယ်။
◾️ကရင်နီခေါင်းဆောင် ဦးအောင်ဆန်းမြင့်ကွယ်လွန်မှု NUGနဲ့ NUCC ဝမ်းနည်းကြောင်းသဝဏ်လွှာပို့
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး
ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက်ဝမ်း
နည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်းသ
ဝဏ်လွှာ ထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်ဟာ ဩဂုတ် ၃၀ရက်မှာ ကွယ်လွန်ခဲ့တာပါ။ဦးအောင်ဆန်းမြင့်ဟာ ကရင်နီလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်း
တူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်

👍14❤4😢2🖕2🔥1
ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်သက်တာလုံး ပေးဆပ်စတေးကာ တစိုက်မတ်မတ် ကြိုးပမ်း အား
ထုတ်ခဲ့သောခေါင်းဆောင်တစ်ဦး ဖြစ်
ကြောင်း NUG ကဖော်ပြပါတယ်။ NUCC ရဲ့ ထုတ်ပြန်ချက်မှာလည်း NUCC ကောင်စီဝင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအပေါ် များစွာ ဝမ်းနည်းကြေကွဲရတယ်လို့ဖော်ပြပါတယ်။မိသားစုနဲ့လုပ်ဖော်ကိုင်ဖက်
များအတွက်သာမက ကရင်နီပြည်ရဲ့နိုင်ငံရေး
နဲ့တော်လှန်ရေးလုပ်ငန်းစဉ်များအတွက်ပါကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။
◾️ပြည်သူ့စစ်ခေါင်းဆောင်ချွေးမ ဆေးကြောင်ပြီးညီနောင်သုံးဖော်ဂိတ်မှာတားဆီးတာကိုမောင်းပြေးလို့ပစ်ခတ်ရာသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။မူဆယ်
၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီး MNDAA နဲ့ AAပူးပေါင်းစစ်ဆေးဂိတ်မှာ ဩဂုတ်လ ၂၉ ရက် နေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။သက်လက်ပိုင်းအရွယ်
အဲဒီအမျိုးသမီးက မူးယစ်ဆေးအလွန်အကျွံသုံးပြီး မူဆယ်မြို့ထဲမှာသွားလာလေ့ရှိတယ်လို့ဒေသခံအချို့ကပြောပါတယ်။ စစ်ဆေးရေးဂိတ်အနီး နေရာတွေကိုကားနဲ့မတိုက်ခင်မှာဒီနေရာမှာMNDAAနဲ့ AA စခန်းမထိုင်နဲ့လို့လည်း ပြောခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ စစ်ဆေးရေးဂိတ်ကို တိုက် ပြေးလို့ AAတပ်ဖွဲ့ဝင်က ပစ်လိုက်စဉ် ကျည်ထိမှန်သေဆုံးတာလို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။
◾️ထားဝယ် မောင်မယ်ရှောင်ရွာအနီးတိုက်ပွဲ စစ်တပ် ၁၂ဦးသေ၊သေနတ် ၈ လက်သိမ်းရ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး
(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ဩဂုတ် ၂၉ရက်မနက်က စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၄)
နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့တာလို့ ဆိုပါတယ်။စစ်ဆင်ရေးကို KNLA တပ်မဟာ(၄)၊တပ်ရင်း(၁၂) တပ်ခွဲ(၅)၊
တပ်ရင်း(၁၀) တပ်ခွဲ(၄) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ဖော်ဆောင်ခဲ့တာပါ။ DNLAကလည်း အဲဒီ တိုက်ပွဲသတင်းကို မနေ့က ထုတ်ပြန်ထားရာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ထားဝယ်ရေ
နက်ဆိပ်ကမ်းနယ်မြေလုံခြုံရေးအကြောင်းပြ
စစ်ကြောင်းထိုးလာတာကို ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
■စစ်သုံ့ပန်း၁၀၀ကျော်MNDAAထပ်လွှတ်
ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။အရှေ့မြောက်
တိုင်းစစ်ဌာနချုပ်(ရမခ)က အရာရှိအချို့ဦးဆောင်တဲ့ အဖွဲ့ဆီကို MNDAA အရာရှိအချို့က လားရှိူး -သိန္နီနယ်စပ်မှာ လွှဲပေး
လိုက်တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်၁၄ရက်ကလည်းစစ်တပ်အရာရှိတချို့နဲ့ MNDAA အရာရှိတချို့ လားရှိုးမြို့ကဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်သုံ့ပန်း၁၀၀ခန့်ကိုလွှဲပေးခဲ့ပါသေးတယ်။
◾️လားရှိုးမြို့မှာ စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှု ခပ်စိပ်စိပ်လုပ်လာ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သြဂုတ်တတိယပတ်ကစပြီး စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှုတွေပိုများလာတာလို့ ဒေသခံတွေက ပြောပါတယ်။သြဂုတ်၂၈ရက်နဲ့ ၂၉ရက်မှာ စစ်တပ်ကင်း
ထောက်လေယာဉ် ၂စီး ၂ရက်ဆက် အနိမ့်ပျံ
သန်းမှုရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံတွေက ပြောပါတယ်။မြန်မာအမျိုးသားဒီမိုကရက်
တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်ကပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ ပြန်လည်တောင်းယူထားပါတယ်။ စစ်တပ်က မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်း
ကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်နဲ့ MNDAA အကြိမ်ကြိမ်ညှိနှိုင်းနေ ပေမယ့် ပြေလည်မှုမရသေးပါဘူး။
◾️မြင်းခြံမှာ ပျူစောထီးခေါင်းဆောင်သီတာယုမွန်အဖွဲ့ကပြည်ပမှာနေထိုင်သူတွေကို နိုင်ငံ
အလိုက် ငွေတောင်းနေ
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာစစ်တပ်လက်
အောက်ခံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်က မြို့ပေါ်နဲ့အနီးဝန်းကျင်ရွာတွေက ပြည်

👍11❤3🖕3🔥1
ပမှာနေထိုင်သူတွေကို နိုင်ငံအလိုက် စစ်မှု
ထမ်းကြေးကောက်ယူနေတယ်လို့ ဒေသခံ
တွေက ပြောပါတယ်။ သီတာယုမွန်ဦး ဆောင်ပြီး မြင်းခြံမြို့ပေါ်နဲ့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့အနီးနားကကျေးရွာတွေကနေ ပြည်ပနိုင်ငံတွေ သွားရောက်လုပ်ကိုင်နေထိုင်သူတွေကို စာရင်းလုပ်ပြီး လစဉ်ကြေးဟုဆိုကာ သိန်းဂဏန်းအထိ တောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။ လစဉ်ကြေးတွေတောင်းယူပြီး မြို့ပေါ်မှာ ပေါ်တာဆွဲတာတွေလည်းလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့မှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်ပြီး (၁၃)နှစ်လောက်ကစလို့ လူငယ်အများစုကို ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။ဒါ့အပြင် မြင်းခြံမြို့အနီး ကားလမ်းမပေါ်မှာလည်း ခရီးသည်တင်ကားတွေကို တားကာ လူငယ်တွေကို ပေါ်တာဆွဲတာတွေပြု
လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
◾️မန္တလေးမြို့နယ် ၂ ခုမှာစစ်မှုထမ်းမဲနှိုက်နေတဲ့အပြင် ပေါ်တာလည်းဆွဲနေ
မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်း
ဆီးတာတွေလည်း ပြုလုပ်နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အလိုက် တစ်အိမ်တစ်ယောက်ခေါ်ယူ မဲနှိုက်ခိုင်းတာတွေ အတင်းအကျပ် ဆက်လက်လုပ်ဆောင်နေကြောင်းမန္တလေးမြေပြင်ကင်း
ထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay
အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့က ဩဂုတ် ၂၉ ရက် မနက် ၈ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း နဲ့ ၆၆ လမ်း
ထောင့်ရှိ ရွှေဘုန်းရောင်ဘုရားကို တစ်အိမ်လျှင် လူတစ်ဦးနှုန်း လာရောက်ကြဖို့ ပျူစောထီးတွေက ကားနဲ့ လှည့်လည်ကြေညာအော်
ဟစ်ခေါ်ယူခဲ့ပြီး စစ်မှုထမ်းမဲနှိုက်ခိုင်းခဲ့ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်
ရှိသူက ပြောပါတယ်။ အလားတူ အမရပူရမြို့နယ်အတွင်းရှိ ဒန်တပင်နဲ့ တိုးချဲ့မှန်တန်းရပ်တွေမှာလည်း မဲနှိုက်ခဲ့ကြပြီး ကျန်ရှိနေသေးတဲ့ မှန်တန်း၊ ဆည်တဲ၊ ဝါးတန်းနဲ့ မြေပဲတန်း စတဲ့ရပ်ကွက်တွေမှာလည်း ယခုလကုန်ရက်အတွင်း စစ်မှုထမ်းမဲနှိုက်ဖို့ ဆက်လုပ်သွားမယ်လို့ သိရကြောင်းအထက်ပါတာဝန်ရှိသူက ပြောပါတယ်။ဒါ့အပြင် မန္တလးမြို့တွင်းလမ်းတွေနဲ့ ရပ်ကွက်တွေမှာလည်း နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆိုးရွားစွာ ပြု
လုပ်နေကြောင်း သိရပါတယ်။
◾️ရန်ကုန်မှာ မြန်မာဖူဆယ်ကလပ်က လူငယ်ကစားသမား ၂ဦး ပျောက်နေပြန်
ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ပျောက်ဆုံးနေ
တဲ့ ကစားသမား ၂ဦးဟာ MFF Futsal League (1) မှာ ကစားနေတဲ့ အသက် ၂၁ နှစ်အရွယ် သီဟအောင်နဲ့ MFF U19 Youth Futsal League မှာ ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် စွမ်းထက်ကျော်တို့ ဖြစ်ကြပါတယ်။ ၎င်းတို့ နှစ်ဦးဟာ သြဂုတ် ၁၉ ရက်က နေ့လည် ၃ နာရီမှာ Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပြီး သုဝဏ္ဏဘောလုံးကွင်းကနေ အတူပြန်လာရာ မြောက်ဒဂုံ (၅၀)ကွေ့ရောက်တဲ့အထိ အဆက်အသွယ်ရခဲ့ပေမယ့် နောက်ပိုင်း သြဂုတ် ၂၉ ရက်အထိ ၁၀ ရက်
ကြာအဆက်အသွယ်ပြတ်နေတယ်လို့အသင်း
က ဖော်ပြခဲ့ပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဥ်းတွေ လွှတ်ပေးရေးနဲ့ ရေဘေးရန်ပုံငွေစျေးရောင်းပွဲ သြစတြေးလျနဲ့ တောင်ကိုရီးယားရောက်မြန်
မာတွေ ပြုလုပ်
သြစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီကနေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံက ရေးဘေးသင့် ပြည်သူတွေအတွက် ရန်ပုံငွေ ဈေးရောင်းပွဲကို ဒီကနေ့ မွန်းလွဲ ၂ နာရီမှ ၆ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ ရေဘေးရန်ပုံငွေ ဈေးရောင်းပွဲမှာ မြန်မာ့ရိုးရာ အစားအစာတွေ၊ အဝတ်အထည်တွေ၊ ပန်းချီကားတွေကို ရောင်းချခဲ့ကြပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာလည်း မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာ ပူးပေါင်း ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ယင်းဆန္ဒပြပွဲကို အူလ်ဆန်မြို့ နဲ့ ဂယောင်ဂျူးမြို့တို့မှ တော်လှန်ရေး တက်ကြွလုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

👍25❤3🖕3😁2🥰1