(စစ်တပ် ကြဲချခဲ့တဲ့ ဗုံးအစိတ်အပိုင်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ − ကျော်ဇင်ကသာ)
🤬38👎3❤2👏1🎉1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️KIA တိုက်ခိုက်လို့ စစ်သင်္ဘော ၁စီး မီးလောင်
ကချင်ပြည်နယ် ရွှေကူကနေ ဗန်းမော်မြို့ဘက်ဆက်လက်ထွက်ခွာလာတဲ့ စစ်သင်္ဘောအုပ်စုက ရှေ့ပြေးစစ်သင်္ဘော ၁စီးဟာ ဒီနေ့ ဩဂုတ် ၂၉ရက် မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ မီးလောင်သွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မြို့ဆီ ဦးတည်လာတဲ့ ရှေ့ပြေးစစ်သင်္ဘော ၂စီးထဲက ၁စီးကို တိုက်ခိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။ စစ်တပ်သင်္ဘောတွေဟာ ဗန်းမော်ဘက်ကို မတက်နိုင်ဘဲ ရွှေကူအထက် ဇင်းဘုံကနေ ပြန်ခေါက်သွားတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ဒီနေ့ မနက် ၁၀နာရီ ၄၅ မိနစ်လောက်မှာ ရွှေကူမြို့ကို ကျော်လာတဲ့ စစ်သင်္ဘော ၁စီးကို KIA ပူးပေါင်းတပ်က FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီးနောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကို ဂျက်ဖိုက်တာနှစ်စီးနဲ့ မနေ့ညပိုင်းက ဗုံးကြဲခဲ့ပါတယ်။ သြဂုတ် ၂၈ရက် ည ၁၁နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မံစီမြို့အနီး ရွှေကူမြို့မှာ စစ်တပ်စခန်းတွေနဲ့ ဧရာဝတီမြစ်ကြောင်းကနေ တက်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ KPDFက တိုက်ခိုက်နေပါတယ်။ ရွှေကူမှာ အထိနာလို့ မံစီကို မဲပြီးဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ်က ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ PDF တာဝန်ရှိသူ ပြော
အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်တပ်အသုံးပြုနေတဲ့ ကလပ်စတာဗုံးတွေဟာ ပြည်သူအများအပြားကို ဒုက္ခပေးနေတယ်လို့ ရွှေကူ KPDF တာဝန်ရှိသူက ဒီနေ့ သူရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးထားပါတယ်။ ဩဂုတ် ၂၇ရက်နဲ့ ဩဂုတ် ၂၈ရက်တွေမှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့နယ်ကို ရောက်ရှိလာခဲ့ပြီးနောက် စစ်တပ်က သင်္ဘောလာရာ ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မနေ့ညပိုင်းနဲ့ ဒီနေ့ ဩဂုတ် ၂၉ရက် မနက်မှာလည်း ရွှေကူမြို့နယ်တဝိုက်ကို လေကြောင်းကနေ ကလပ်စတာဗုံးတွေ ကြဲခဲ့ပါတယ်။ အဲဒီလို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရွှေကူမြို့နယ် မိုးစစ်ရွာနဲ့ ရေလဲကျေးရွာက နေအိမ် ပြန်လာကြည့်တဲ့ ရွာသား ၆ဦးသေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
◾️ထားဝယ်ရေနက်ဆိပ်ကမ်း လုံခြုံရေးစစ်ကြောင်း တိုက်ခိုက်ခံရ
တနင်္သာရီတိုင်း၊ ရေး-ထားဝယ်အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီနေ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ်၂၉ရက် မနက် ၆နာရီလောက်မှာ စစ်တပ်စစ်ကြောင်းကို DNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၁၅ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ဆီက MA1 (၆) လက်၊ MA3 (၂)လက်နဲ့ ကျည်တွေ သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ အသိပေးပါတယ်။
◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာဆက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် တောင်းဆို
ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)၊ ကိုယ်စားလှယ်-အရည်အချင်း စစ်ကော်မတီ (Credentials Committee)နဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကိုယ်စားပြုခွင့် ကြိုးပမ်းမှုတွေကို လုံးဝပယ်ချပြီး ပြည်သူ့ဆန္ဒနဲ့အညီ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ တရားဝင်သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြု လက်ခံသွားဖို့လည်း တိုက်တွန်းထားပါတယ်။ ကုလကိုယ်စားပြုခွင့်ကို ဦးကျော်မိုးထွန်း ဆက်လက် ရမှပဲ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေအတွက် အကာ အကွယ် ဆက်လက်ရရှိလိမ့်မယ်လို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေထဲက ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ကောင်စီ(KSCSC-CDM) တာ၀န်ရရှိသူက ပြောပါတယ်။
◾️ချင်းသင်းအုပ်ဆရာကို မြန်မာစစ်တပ် သတ်ဖြတ်ခဲ့ကြောင်း BRI ထုတ်ပြန်

👍22🖕3🤮2
ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ချွန်ကျုံးကျေးရွာ နှစ်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ သိက္ခတော်ရ အကြီးတန်း သင်းအုပ် ဆရာတော် ဝီလျံဟာ ချင်းရွာသား တစ်ဦးနဲ့အတူ ဇွန်လဆန်းမှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီး သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း BRI ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။ သင်းအုပ်ဆရာ ဝီလျံအတွက် အောက်မေ့တသမှု နာရေးအစီအစဉ်ကို ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ချွန်ကျုံး ကျေးရွာမှာ ကျင်းပခဲ့ပြီး ဟားခါးမြို့က သင်းအုပ်ဆရာတွေ၊ ဒေသခံတွေ၊ ရွာသူရွာသားတွေ တက်ရောက်ခဲ့ပါတယ်။ ကွယ်လွန်သူဟာ အကြီးတန်း သင်းအုပ်ဆရာအဖြစ် ၂၅ နှစ်ကြာ သာသနာ့တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး ဇနီးနဲ့ သားသမီး ၅ ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။
◾️KTLA က ဖယ်ထုတ်တဲ့ ဆာကပေါတပ်ရင်း ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆို
တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့ကနေ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဆာကပေါတပ်ရင်း တပ်ရင်းမှူးဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဆာကပေါတပ်ရင်းကိုပါ အဖွဲ့ကနေ ဖယ်ထုတ်ကြောင်း ဩဂုတ် ၂၈ရက်မှာ KTLAက အမိန့် ထပ်မံ ထုတ်ပြန်ခဲ့တာပါ။ KTLA ဗဟိုအနေနဲ့ ကရင်တပ်အချင်းချင်း ပြန်တိုက်ဖို့ အမိန့်ပေးတာ ရှိမရှိ မေးမြန်းရာ ဆာကပေါတပ်ရင်း ပြန်ကြားရေးမှူး စောအယ်ဒိုက တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ဖို့ ဘယ်သူ အမိန့်ပေးပေး တိုက်မှာ မဟုတ်ဘူးလို့ ဖြေကြားပါတယ်။ ဒါ့အပြင် လက်ရှိ ဆာကပေါ တပ်ရင်းအနေနဲ့ လမ်းတူတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စောအယ်ဒိုက အသိပေးပါတယ်။ ကရင်လူမျိုးတင်မက မြန်မာ တပြည်လုံးလွတ်မြောက်ဖို့ပဲ တော်လှန်ရေး လုပ်နေတာမို့ ပြည်သူသဘောကို ဘယ်တော့မှ မဆန့်ကျင်ဘဲ ဆက်လက် ပူးပေါင်းတော်လှန်သွားမယ်လို့ စောအယ်ဒိုက ဆက်ပြောပါတယ်။
◾️မိုးဗြဲတိုက်ပွဲ စစ်တပ် အထိနာပြီး နောက်ပြန်ဆုတ်
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ မိုးဗြဲမြို့အနောက်ဘက်ခြမ်းက လွယ်ယင်းတောင်ခြေအနီး ထိုးစစ်ဆင်ဖို့ ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဩဂုတ် ၂၇ ရက် မနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကြောင်းထိုး ချဉ်းကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ဆယ်ဂဏန်းထက်မနည်းရှိခဲ့တာကြောင့် ဩဂုတ်၂၈ရက် မနေ့က ညပိုင်းမှာ လေကြောင်းပစ်ကူသုံးပြီး မိုးဗြဲမြို့တွင်းကို ပြန်ဆုတ်သွားရတာလို့ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
◾️စစ်တပ်စစ်ကြောင်းကြောင့် ချောင်းဦးဒေသခံတွေ တိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ တိမ်းရှောင်နေရပါတယ်။ ဒီနေ့ သြဂုတ် ၂၉ ရက် မနက်ပိုင်းမှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ သံပြားကာကား ၅စီး၊ ခြောက်ဘီးကား ၄စီး၊ ပွိုင့်ကား ၁စီးနဲ့ အင်အားအပြည့်ပါ စစ်ကောင်စီတပ်သားတွေဟာ ချောင်းဦးမြို့နယ်က ခင်မွန်ရွာနဲ့ ကျီကုန်းကျေးရွာအနီး စစ်ကြောင်းထိုးလာကြောင်း ဒေသခံတွေက ပြောပါတယ်။ ခင်မွန်ဘက်ကနေ အင်အား၄၀၀လောက်နဲ့ ကျီကုန်းဘက်ဆီကို စစ်ကြောင်းထိုးလာနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် မယ့်သဲကြိုး၊ ကျီကုန်းအရှေ့ရွာ၊ ကျီကုန်းအနောက်ရွာ၊ အင်းမ၊ သစ်ဆိမ့်၊ ရွှေဒါးကျ၊ ညောင်ပင်သာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
◾️ရန်ကုန်မှာ တစ်ပတ်ကြာပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ဘောလုံးသမားကို ပြန်တွေ့

👍22❤6🤮1🖕1
ရန်ကုန်မြို့မှာ ဖူဆယ်ဘောလုံးပွဲကြည့်ရှုပြီး အဆောင်ကိုပြန်လာစဉ် တစ်ပတ်ကြာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ကို ပြန်တွေ့ပြီ ဖြစ်ကြောင်း ချင်းလန်းအသင်းက ဒီနေ့ သြဂုတ် ၂၉ရက် မှာ ထုတ်ပြန်ပါတယ်။ အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး အပြန်ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်ပိုင်း အဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။ ဩဂုတ် ၂၂ ရက်မှ စတင်ကာ ဩဂုတ် ၂၇ ရက်အထိ (၅) ရက်တိုင် အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာ သြဂုတ် ၂၉ ရက်မှာ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
◾️ICJ မှာ မြန်မာကို တရားစွဲဆိုမှု လာမယ့်အောက်တိုဘာလမှာ ဆုံးဖြတ်ချက်ချဖွယ်ရှိ
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီက ဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဂမ်ဘီယာအစိုးရရဲ့ ရှေ့နေချုပ်နဲ့ တရားရေး ဝန်ကြီးဖြစ်သူ ဒေါ်ဒါ အယ်ဂျယ်လိုက ICJ အဆုံးအဖြတ်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ် ဆိုတာကို မှတ်ချက်ပေးခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် မြန်မာ အာဏာပိုင်တွေက လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း စွပ်စွဲပြီး ICJမှာ အမှုဖွင့်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဩဂုတ် ၂၇ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟူမိုင်ယွန် ကိုဘာနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျာဒါးမြို့မှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ညီလာခံ တက်ရောက်ရင်း တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။
◾️ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား KNU နယ်မြေတွေမှာ ကျင်းပ
ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပရတာဟာ ကရင်အမျိုးသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ကရင်အမျိုးသားများအကြား စည်းလုံးညီညွတ်မှု ပိုခိုင်မာစေရေး အတွက် ရည်ရွယ်ကြောင်း အသိပေးပါတယ်။ အခမ်းအနားကို KNU အုပ်ချုပ်ရေးနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ၊ ပြည်သူတွေ စုစုပေါင်း လူဦးရေ ၅၀၀ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

👍26❤3🖕2🤮1
စစ်တပ်လက်အောက်ခံ ZRAရဲ့
ကင်းစခန်းကို CDF တွန်းဇံသိမ်းပိုက်
ဩဂုတ်-၂၉၊၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-
တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်၂၈ရက်မှာ ZRA-EC ရဲ့ နတ်ဇံကင်း
စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ ZRA-ECတပ်ဖွဲ့ဘက်ကဒဏ်ရာရသူအများအပြားရှိခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားကြောင်းအသိပေးပါတယ်။
“အဖြစ်အပျက်အလုံးစုံကို စစ်ကြောင်းမှူးမှ သတင်းအစုံအလင်မပေးပို့သေး သောကြောင်းသိမ်းပိုက်ရရှိသော ပစ္စည်းများအား မသိရှိသေးပါ” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ZRA-EC ဟာအာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတွန်းဇံမြို့ကိုသိမ်းပိုက်ခဲ့တဲ့ အပြင်အပြစ်မရှိတဲ့ စစ်ဘေးရှောင် ရွာသားတဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့လို့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း CDF တွန်းဇံကအသိပေးထားပါတယ်။
CDFတွန်းဇံဟာ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ ၂၀၂၄ မေလမှာ တွန်းဇံမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၆ခုနှစ်မေလမှာစစ်တပ်က ZRAနဲ့ အတူ ပြန်လည်ထိုးစစ်ဆင်လာလို့ ချင်းတော်လှန်
ရေးတပ်တွေက မြို့ကို ပြန်လက်လွှတ်ခဲ့ရပါတယ်။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,324 likes · 626 talking about this. News & media website
👍34❤14🥰4👏3💩1🤣1🖕1
ZRA ကင်းစခန်းကိုသိမ်းပိုက်ပြီးသိမ်းဆည်းရရှိတဲ့ ကျည်၊စစ်သုံးပစ္စည်းနဲ့ဖုန်းအချို့။
ဓါတ်ပုံ-CDF တွန်းဇံ
ဓါတ်ပုံ-CDF တွန်းဇံ
❤33👏13🥰3👍1💩1🤣1