People's Spring
60.2K subscribers
70.4K photos
1.21K videos
8 files
3.02K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
◾️ချင်းမြောက်ထိုးစစ်ဦးဆောင်တဲ့ တပ်မ(၇၇)တပ်တွေကို စစ်တပ် ပြန်ရုတ်သိမ်း၊ ရဲတွေနဲ့အစားထိုးဟု ချင်းတပ်ဖွဲ့ပြော

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။ ချင်းပြည်ကောင်စီက ပြုစုတဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာရွှေခါးရ်က အခုလို ပြောပြတာဖြစ်ပါတယ်။ ချင်းမြောက်ပိုင်းဘက်ဒေသတွေမှာ စစ်တပ်က စစ်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ချင်းတပ်ဖွဲ့တွေရထားတဲ့ သတင်းအချက်အလက်တွေ ပြန်အသိပေးရှင်းပြတာလည်းဖြစ်ပါတယ်။ စစ်တပ်က လှုပ်ရှားမှု သတင်းတွေအပေါ် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအနေနဲ့ လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ အသိပေးပါတယ်။

◾️ဘုံရန်သူကို တိုက်ပွဲဝင်ရာမှာ တူညီတဲ့နေရာက ပူးပေါင်းဆောင်ရွက်ကြဖို့ မွန်တပ် NMSP-AD တိုက်တွန်း

တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားနဲ့သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော်က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဝါခေါင်လပြည့် ဩဂုတ် ၂၈ရက်မှာ ကျရောက်တဲ့ (၇၉)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကြေညာချက်မှာ အခုလိုဖော်ပြထားတာပါ။ ခိုင်မာတဲ့ တပ်ပေါင်းစု ပေါ်ဖို့ ကြိုးစားနေပေမယ့် လူမျိုးပေါင်းစုံ၊ တော်လှန်ရေးအဖွဲ့အစည်း ပေါင်းစုံနဲ့ အဖွဲ့အစည်းတစ်ဖွဲ့ချင်းရဲ့ ဖြစ်တည်မှု နောက်ခံသမိုင်းနဲ့ အကျိုးစီးပွားများ မတူကွဲပြားတာကြောင့် ညှိနှိုင်းဆွေးနွေးတာ အချိန်ယူရမယ်လို့လည်း ဖော်ပြပါတယ်။ ဘုံရန်သူကို တိုက်ပွဲဝင်ဖို့ အတွက် တူညီတဲ့ နေရာမှ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားကြရမှာဖြစ်တယ်လို့ NMSP-ADက ထုတ်ပြန်ပါတယ်။

◾️ငါးသိုင်းချောင်းမှာ လှေမှောက်လို့ အမျိုးသားတစ်ဦးပျောက်ဆုံး​နေ

ရေဘေးကြုံနေတဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီး ရေစီးနဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့ ည ၉နာရီခန့်က ငါးသိုင်းချောင်းမြို့ ရွာသစ်ကုန်းတံတားအနီးမှာ လှေတစ်စီး တိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးထဲက တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရေစီးနဲ့မျောပါသွားသူကို ဒီနေ့ သြဂုတ် ၂၈ရက် မနက်ပိုင်းအထိ မတွေ့သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကို သွားတဲ့လမ်းပိုင်းမှာ ရှိပါတယ်။ လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်‌နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

◾️ဝမ်းတွင်းမှာ စစ်တပ်က လယ်ကွင်းထဲက တောင်သူတွေပါ ပေါ်တာဆွဲ

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၂၇ ရက် နေ့လယ် ၁နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်းရွာတွေဘက်ရှိ လယ်ကွင်းတွေထဲကို ပင်းတလဲကျေးရွာဘက်က စစ်သားတွေ ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီနောက် စစ်သားတွေဟာ လယ်စိုက်၊ ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှ လူငယ်တွေကို ပေါ်တာလိုက်ဆွဲလို့ ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့လူတွေအကုန် ထွက်ပြေးခဲ့ကြရကြောင်း ဝမ်းတွင်းနယ်မြေပြင်သတင်းတွေဖော်ပြနေတဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။ အဲဒီနောက်မှာတော့ ပျိုးနုတ်နေတဲ့အထဲက လူငယ် ၁ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လယ်ယာလုပ်ငန်းခွင်တွေအထိ ပေါ်တာလိုက်ဆွဲနေလို့ လူငယ်တွေ တောင်သူအလုပ်ပစ်ထားကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
🤮13👍10🤬3🖕21
👍363🔥2🖕2
■​ဆောင်းပါး

နီပေါ ရေခဲမြစ်များ ထပ်မံရေကြီးဖွယ်ရှိ​နေ

• ဒါဆို နီပေါမှာ နောက်ထပ်ရေခဲမြစ်ရေလွှမ်းမိုးမှု ဘယ်အချိန် ထပ်ဖြစ်မလဲ ဆိုတာ သိပ္ပံ
ပညာရှင်တွေ ကြိုတင်ခန့်မှန်းနိုင်ပါသလား။

- ခါကာဘို ရေးသားသည်။

တစ်ချိန်က နှစ်သန်းပေါင်းများစွာ တည်ငြိမ်နေခဲ့တဲ့ ဟိမဝန္တာတောင်တန်းပေါ်က ရေခဲမြစ်တွေဟာ အရင်တုန်းကလို ငြိမ်သက်နေတဲ့ သဘာဝအလှတရားတစ်ခုသာ မဟုတ်တော့ပါဘူး။ ကမ္ဘာ့အပူချိန် မြင့်တက်လာတာနဲ့အ
မျှရေခဲတွေအရည်ပျော်နှုန်းပိုမြန်လာတယ်၊ရေခဲမြစ်တွေ အက်ကွဲလာတယ်တောင်စောင်း
တွေ မတည်ငြိမ်တော့ဘူး။ အဲဒီလို အခြေအ
နေတွေကနီပေါနဲ့ တိဘက်အပါအဝင် ဟိမ
ဝန္တာဒေသတ လျှောက်မှာ ရေလွှမ်းမိုးမှုနဲ့ ရေခဲပြိုကျမှု အန္တရာယ်အသစ်တွေကို သယ်
ဆောင်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေကြပါတယ်။

မကြာသေးခင်ကနီပေါနိုင်ငံမှာမြေပြိုမှုကြောင့်မြစ်တစ်စင်း ပိတ်ဆို့ပြီး သဘာဝရေ
ကန်ကြီး ဖြစ်ပေါ်ခဲ့တာကို တရုတ်နဲ့ နီပေါအာ
ဏာပိုင်တွေကအရေးပေါ် စောင့်ကြည့်ခဲ့ရပါတယ်။ဒီလို သဘာဝရေကန်တွေဟာရေဖိအားများလာချိန်မှာ တစ်ကြိမ်တည်းနဲ့ ကျိုးပေါက်သွားနိုင်ပြီးအောက်ပိုင်းဒေသတွေကိုမိနစ်ပိုင်း
အတွင်း ရေလွှမ်းမိုးနိုင်တာကြောင့် အန္တရာယ်အလွန် ကြီးမားပါတယ်။ ဟိမဝန္တာဒေသမှာ ဒီလိုဖြစ်စဉ်တွေ တစ်ကြိမ်ဖြစ်ပြီးရင် နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေ ရှိ‌သေးလားဆိုတာကိုလည်းလူအများအင်မတန် စိုးရိမ်ကြပါတယ်။

တကယ်တော့ ရေခဲမြစ်တွေက အရည်ပျော်ရုံတခုထဲကပဲ အန္တရာယ်ဖြစ်တာ မဟုတ်ပါဘူး။ ရေခဲတုံးကြီးတွေ အက်ကွဲပြီး တောင်စောင်းပေါ်ကနေ ပြိုကျသွားနိုင်တယ်။ အဲဒီပြိုကျတဲ့ ထုထည်ကြီးမားတဲ့ ရေခဲနဲ့ ကျောက်တုံးတွေဟာ အောက်ဘက်ကို အရှိန်ပြင်းစွာ ဆင်းလာရင်း ရေခဲပျော်ရေ၊ကျောက်တုံး၊မြေသားတွေ
ကို တစ်ပါတည်း တွန်းချလိုက်တာကြောင့် ရုတ်တရက် ရေလွှမ်းမိုးမှု၊ နှင်းပြိုမှု၊ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ရေခဲမြစ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ (WGMS) ကတော့ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်းကမ္ဘာ့ရေခဲမြစ်တွေ ဆုံးရှုံးမှုဟာ မှတ်
တမ်းတင်ထားသမျှထဲမှာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာနိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့ (IPCC) ရဲ့ အစီရင်ခံစာတွေအရလည်း ဟိမဝန္တာနဲ့ ဟိန္ဒုကူရှ် တောင်တန်းဒေသဟာ ကမ္ဘာ့ပျမ်းမျှနှုန်းထက် ပိုမိုမြန်ဆန်စွာ ပူနွေးနေပြီး ရေခဲမြစ်အန္တရာယ်တွေ ဆက်
လက်တိုးလာမယ်လို့ ဖော်ပြထားပါတယ်။

National Geographic ၏ စူးစမ်းလေ့လာရေးပညာရှင်နှင့် ခတ္တမန္ဒူတက္ကသိုလ်မှ ရေခဲမြစ်ဆိုင်ရာ သုတေသီ ဘဟာဒူးရ် ချန်းဒ် (Mohan Bahadur Chand) ကတော့ "ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ ရေခဲမြစ်ဖုံးလွှမ်းနေတဲ့ ဒေသအားလုံးမှာ အန္တရာယ် ပိုများလာနေပါတယ်" လို့ ပြောထားပါတယ်။ သူ့အဆိုအရ ပြဿနာက ရေခဲမြစ်တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံနဲ့ တည်ငြိမ်မှု အားနည်းလာတာကြောင့် အက်ကွဲမှု၊ ပြိုကျမှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ခြေ ပိုမြင့်လာတာ ဖြစ်ပါတယ်။

ဒီလိုအန္တရာယ်တွေက ဟိမဝန္တာမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။၂၀၂၃ ခုနှစ်စက်တင်ဘာလမှာ ဂရင်းလန်းအရှေ့ပိုင်းဒစ်ဆန်ဖျော်ဒ်မှာ ကျောက်တုံးနဲ့ ရေခဲတုံး အကြီးစားပြိုကျမှု ဖြစ်ပြီးအမြင့်မီတာ ၂၀၀ ခန့် (ပေ၆၅၀ ဝန်း
ကျင်) ရှိတဲ့ အလွန်ကြီးမားသော ဆူနာမီလှိုင်း (Megatsunami) လှိုင်းကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလှိုင်းကြောင့် ကမ္ဘာတစ်ဝှမ်းက ငလျင်တိုင်းတာရေးစက်တွေကတောင် ကိုးရက်နီးပါး ဆက်တိုက် လှုပ်ရှားမှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လမှာလည်း ဆွစ်ဇာလန်နိုင်ငံ ဘလတ်တန်ရွာအပေါ်က ဘတ်ခ်ရေခဲမြစ် ပြိုကျပြီး ကျောက်တုံး၊ ရေခဲ၊ မြေသား တန်ချိန်သန်းပေါင်းများစွာ ရွာအပေါ် ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ရက်ပေါင်းများစွာ ကြို
တင်စောင့်ကြည့်ထားပြီး ရွာသားတွေကို ကိုးရက်ခန့် ကြိုတင်ရွှေ့ပြောင်း ပေးခဲ့တဲ့အတွက် လူသေဆုံးမှုမဖြစ်ခဲ့တာဟာသိပ္ပံပညာနဲ့ စောင့်
ကြည့်ရေးစနစ်ရဲ့အရေးပါမှုကို ပြသခဲ့တဲ့ ဖြစ်
ရပ်တစ်ခုပါ။

ဒါဆို နောက်တစ်ကြိမ် ဘယ်နေ့၊ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကြိုပြောနိုင်သလား။

အဖြေကတော့ "မရသေးပါဘူး" လို့ပဲ ဆိုရမှာပါ။ ရေခဲမြစ်ပြိုကျမှုဆိုတာ ငလျင်လိုပဲတိကျတဲ့ ရက်စွဲနဲ့ အချိန်ကို မခန့်မှန်းနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေခဲရဲ့အထူ၊ အပူချိန်
၊အက်ကြောင်းတွေ၊ တောင်စောင်းရဲ့ တည်
ငြိမ်မှု၊ မိုးရွာနှုန်း၊ ရေခဲပျော်ရေပမာဏ စတဲ့ အချက်ပေါင်းများစွာက တစ်ချိန်တည်း သက်
ရောက်နေလို့ ဖြစ်ပါတယ်။

ဒါပေမယ့် "ဘယ်နေရာတွေက အန္တရာယ်မြင့်နေပြီ"ဆိုတာကိုတော့အခုခေတ်မှာ အတော်လေးတိကျစွာသိနိုင်လာပါပြီ။ဂြိုဟ်တုဓာတ်
ပုံတွေ၊အဝေးမှအာရုံခံစနစ်(Remote Sensing)နည်းပညာ၊ ‌ရေဒါတိုင်းတာမှုတွေ၊ GPS စနစ်တွေ၊ မြေပြင်အာရုံခံစက်တွေကို အသုံးပြုပြီး ရေခဲမြစ်ရဲ့ လှုပ်ရှားနှုန်း၊ အက်
ကြောင်းအသစ်တွေ၊ ရေကန်အရွယ်အစား တိုးလာမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေကြပါတယ်။
👍1812🤔1🤣1🖕1
ဒါပေမယ့် ဟိမဝန္တာဒေသလို အလွန်မြင့်မားပြီး ကျယ်ပြောလွန်းတဲ့ တောင်တန်းတွေမှာ ဒီနည်းပညာတွေကို နေရာတိုင်းမှာ တပ်ဆင်နိုင်ဖို့က မလွယ်သေးပါဘူး။ နီပေါ၊ ဘူတန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဘဏ္ဍာငွေ၊ နည်းပညာနဲ့ကျွမ်းကျင်သူ အင်
အားတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

နောက်ထပ် စိုးရိမ်စရာတစ်ခုကတော့ လူတွေက မြစ်ကမ်းပါးတွေ၊ ရေလွှမ်းမိုးနိုင်တဲ့ လွင်
ပြင်တွေ၊ တောင်ခြေဒေသတွေမှာ မြို့တွေ၊ လမ်းတွေ၊ တံတားတွေ ဆက်တိုက် တည်
ဆောက်လာနေကြတာပါ။ အကယ်၍ အပေါ်ပိုင်းမှာရေခဲမြစ်တစ်ခုပြိုကျသွားရင် အောက်
ဘက်ကလူနေဒေသတွေကိုသတိပေးဖို့ အချိန်
မိနစ်ပိုင်းပဲ ရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

သိပ္ပံပညာရှင်တွေက နောက်ထပ် ဘယ်နေ့၊ ဘယ်အချိန်မှာ ရေခဲမြစ်ပြိုကျမယ်ဆိုတာကို မပြောနိုင်သေးပေမယ့်တစ်ခုကိုတော့ သေချာ
ပြောနိုင်နေပါပြီ။ ကမ္ဘာကြီး ပိုပူလာနေသရွေ့ ဟိမဝန္တာတောင်တန်းတွေရဲ့ ရေခဲမြစ်တွေ ပိုမိုမတည်ငြိမ်လာမယ်၊ ရုတ်တရက် ရေကြီးရေ
လျှံမှု၊ ရေခဲပြိုကျမှု၊ မြေပြိုမှုတွေ ပိုမိုများ
ပြားလာမယ်ဆိုတာပါပဲ။

ဒီအန္တရာယ်ကို လုံးဝတားဆီးဖို့ မဖြစ်နိုင်သေးပေမယ့် သိပ္ပံနည်းကျ စောင့်ကြည့်မှု၊ စောစီးစွာ သတိပေးစနစ်နဲ့ မြစ်ကမ်းပါး၊ တောင်ခြေဒေသတွေမှာ စနစ်တကျ မြို့ပြစီမံကိန်း ရေး
ဆွဲနိုင်မယ်ဆိုရင်တော့ သဘာဝဘေးကိုမတားနိုင်ရင်တောင် အသက်ဆုံးရှုံးမှုကို အများကြီး လျှော့ချနိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ ။

ကိုးကား-
National Geographic

World Glacier Monitoring Service (WGMS)

ဓါတ်ပုံ-National Geographic
👍33😢41🤔1🙏1🤣1🖕1
👍23😢10🔥1🤣1🖕1
ရွှေကူတိုက်ပွဲမှာ အထိနာနေတဲ့စစ်တပ်
မံစီကဆေးရုံကို ဗုံးကြဲ

သြဂုတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သြဂုတ်လ၂၈ရက် ည၁၁နာရီခန့်မှာ ဂျက်ဖိုက်တာနှစ်စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ဆေးရုံကိုတည့်တည့်ကြဲတာ။ဒီမှာကစစ်ဘေးရှောင်တွေပဲရှိတာ။လေကြောင်းသတိ
ပေးချက်ကြိုပေးရလို့ ရှောင်ကြတိမ်းကြတယ်။ အထိခိုက်ရှိ၊မရှိသတင်းကို ဒီမနက်အထိ မကြားရသေးဘူး"လို့ မံစီမြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ဒေသခံတွေရဲ့အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)နဲ့ မဟာမိတ်​တွေက ၂၀၂၅ ဇန်နဝါရီလမှာသိမ်းပိုက် ထိန်းချုပ်ထားတာပါ။လတ်တ​လော မံစီမြို့နယ်ထဲမှာတိုက်ပွဲမဖြစ်ဘဲ စစ်
တပ်က ဗုံးလာကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"တမင်သက်သက်အလွတ်ကြီးလာကြဲတာ။ကျမဆိုကံကောင်းလို့ မသေတာ။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားကြဲတာ"လို့ ရွှေကူမြို့ကနေ စစ်ရှောင်လာသူတဦးကပြောပါတယ်။

မံစီမြို့အနီး ရွှေကူမြို့မှာ စစ်တပ်စခန်းတွေနဲ့ ဧရာဝတီမြစ်ကြောင်းကနေတက်လာတဲ့စစ်သ
င်္ဘောတွေကို KIA နဲ့ KPDFကတိုက်ခိုက်နေပါတယ်။ရွှေကူမှာအထိနာလို့ မံစီကိုမဲပြီးဗုံး
ကြဲတာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းကနေ တက်လာတဲ့ စစ်
စစ်သင်္ဘောတွေကိုKIA ၊KPDFနဲ့ တော်လှန်
ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်​ရေယာဥ်အချို့ပျက်စီးတာတွေရှိနေပါတယ်။

တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်လို့ အရပ်သားသေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒေသအများစုမှာဆေးရုံတွေ၊ကျောင်းတွေကိုလည်း ပစ်မှတ်ထား ဗုံးကြဲမှုတွေဆက်ရှ်ိနေပါတယ်။
🤬33👍73👎2🔥2👏2
ရွှေကူမြို့နယ်ထဲက ဧရာမြစ်ကမ်းဘေးရွာ​တွေကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ် လေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ
🤬382👍2👎2🔥2👏2
■​ဆောင်းပါး

ပြန်ပို့တော့မှာလား၊အသက်ကယ်ပေးမလား မလေးရှား

-ခါကာဘို ရေးသားသည်။

"မြန်မာနိုင်ငံကိုပြန်ပို့တာထက်မလေးရှားမှာပဲကျနော်တို့ကိုသတ်ပစ်လိုက်တာကမှပိုကောင်းပါသေးတယ်"

ပြန်ပို့ခံရမည့်သူတွေအတွက်'အိမ်ပြန်ခြင်း'
ဟာဘာကြောင့်သေဒဏ်တစ်ခုလို ဖြစ်နေသလဲ?

ဒီစကားဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ခိုလှုံနေရတဲ့ အသက် ၂၅နှစ်အရွယ် ရိုဟင်ဂျာလူငယ် မိုဟာမက်ရဲ့ ဖမ်းဆီးခံထားရတဲ့သူ့အစ်ကိုအတွက်စိုးရိမ်ပူပန်လွန်းလို့ ပြောတဲ့ ရင်ထဲကစကားပါ။မလေးရှားထိန်းသိမ်းရေးစခန်းထဲ ရောက်နေတဲ့ အစ်ကိုဖြစ်သူသာ မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် စစ်တပ်ရဲ့ ရှေ့
တန်းစစ် မြေပြင်မှာ အသက်စွန့် တိုက်ခိုက်ခိုင်းခံရပြီးအသက်ရှင်စရာလမ်းမရှိဘူးဆိုတာကို သူ အသေအချာ သိနေလို့ပါ။

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်
စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူ
လောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

မလေးရှားကလူတချို့အတွက်တော့ "တရား
မဝင်နေထိုင်သူဆိုရင်ပြန်ပို့တာ သဘာဝပဲ" လို့ ထင်နိုင်ပါတယ်။ဒါပေမယ့်ဒီလူတွေဘာကြောင့် မြန်မာနိုင်ငံကနေ အသက်စွန့် ထွက်
ပြေးခဲ့ကြတာလဲ ဆိုတာကို ပြန်ကြည့်လိုက်ရင်၊ ဒီကိစ္စဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတစ်ခုတည်းမဟုတ်ဘဲ အသက်ရှင်သန်ဖို့နောက်ဆုံးရွေးချယ်ခဲ့ရတဲ့အခြေအ
နေတစ်ခုဖြစ်ကြောင်းနားလည်လာနိုင်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရိုဟင်ဂျာလူငယ်မူဟီဒူဇာမန်ဟာ ဘာသာရေးဖိနှိပ်မှုနဲ့ ပြည်တွင်း
စစ်ကို ရှောင်ဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ လေးလကြာ ကုန်းလမ်း၊ ရေလမ်းခရီးကြမ်းတွေကိုသေမင်းနဲ့စိန်ခေါ် ဖြတ်ကျော်ပြီးမှ မလေးရှားကို ခက်ခက်ခဲခဲ ရောက်
လာခဲ့တာပါ။

သူဟာ ရောက်ရောက်ချင်း စပါးစိုက်ခင်းတွေမှာအလုပ်လုပ်ရင်း ရုန်းကန်နေထိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်းUNHCRမှာသွားရောက်မှတ်
ပုံတင်ပြီးအကာအကွယ်တောင်းဖို့စောင့်ဆိုင်း နေချိန်မှာပဲတရားမဝင်နေထိုင်သူအဖြစ် ဇွန်
လအတွင်းမှာ အဖမ်းခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းကို ပို့ခံလိုက်ရပါတယ်။

သူ့လိုလူတွေအများကြီးရှိပါတယ်။သူတို့ဟာ ဥပဒေကိုရှောင်ဖို့ထွက်လာတာမဟုတ်ဘဲ၊ အ
သက်ရှင်ဖို့ ထွက်လာကြသူတွေပါ။

အခုသူတို့အကြောက်ဆုံးအရာက မလေးရှားထောင်မဟုတ်ပါဘူး။မြန်မာနိုင်ငံကိုပြန်ရောကသွားရင် ဘာဖြစ်မလဲဆိုတာပါ။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး အာဏာ
သိမ်းမြန်မာစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ်တိုင်းဟာ သတ်မှတ်ချက်အရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရနိုင်တဲ့အခြေအနေဖြစ်လာပါတယ်။ဒါကြောင့် ပြန်ပို့ခံရတဲ့လူငယ်တွေအတွက်"အိမ်ပြန်ရမယ်"ဆိုတာဟာ"စစ်ထဲရောက်သွားနိုင်တယ်"
ဆိုတဲ့ အန္တရာယ်နဲ့ နီးကပ်စွာ ဆက်နွယ်နေပါတယ်။

မိုဟာမက်က ထိမ်းသိမ်းရေးစခန်မှာရောက်နေတဲ့သူ့အစ်ကိုအကြောင်းပြောတဲ့အခါ "ပြန်ပို့ခံရရင် ရှေ့တန်းကို ပို့ခံရပြီး အသတ်ခံရလိမ့်မယ်"လို့ ပြောပါတယ်။ဒါဟာအထောက်
အထားမဲ့ကောလာဟလတစ်ခုလို့သူတို့ မမြင်ပါဘူး။လက်ရှိ မြန်မာနိုင်ငံရဲ့စစ်ရေးအခြေ
အနေ၊ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှုတွေကို ကြည့်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်အဖြစ် မြင်နေကြတာပါ။

မလေးရှားရောက် ရိုဟင်ဂျာတွေဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ခြေကို စိုးရိမ် နေကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရတဲ့ လူနည်းစုဖြစ်ပြီး၊ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ကလည်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီလို အခြေအနေမှာ ရိုဟင်ဂျာတစ်ဦးကို မြန်မာနိုင်ငံ ပြန်ပို့ခြင်းဟာ သူ့ကို အသက်အန္တရာယ် ပြုခံရစေမယ့် နေရာကို ပို့လိုက်တဲ့လုပ်ရပ်အဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက ရှုမြင်ကြပါတယ်။

ဒါကြောင့်ပဲ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက မလေးရှားအစိုးရကို "မြန်မာနိုင်ငံလို အန္တရာယ်ကင်းရှင်းမှုမရှိသေးတဲ့ ပဋိပက္ခဇုန်ကို ပြန်လည်ပို့ဆောင်ခြင်းက Non-Refoulement လို့ခေါ်တဲ့ နိုင်ငံတကာ ဒုက္ခသည်ကာကွယ်ရေးအခြေခံမူကို ချိုးဖောက်ရာရောက်ကြောင်း" ထောက်ပြနေကြတာ ဖြစ်ပါတယ်။

မလေးရှားဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ကွန်
ဗင်းရှင်း (1951 Refugee Convention) ကို လက်မှတ် ရေးထိုးမထားပေမယ့် လူသားချင်းစာနာမှုနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေကို ထည့်သွင်းစဉ်းစားဖို့ လူ့အခွင့်
အရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

ဒီကိစ္စဟာ ရွှေ့ပြောင်းလုပ်သားပြဿနာတစ်ခုတည်း မဟုတ်တော့ပါဘူး။"ပြန်ပို့မှာလား၊ အသက်ကယ်ပေးမလား" ဆိုတဲ့ လမ်းနှစ်ခုကြားမှာ မလေးရှားအစိုးရအတွက် လူသားတန်ဖိုး၊တာဝန်ယူမှုနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နှလုံး
သားကို စမ်းသပ်နေတဲ့ အခြေအနေတစ်ခုဖြစ်လာပါတယ်။
😢184👍3🔥1🤮1🤣1🖕1
ဒီအဖြစ်အပျက်ဟာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ တရားဝင်မှု၊ စာရွက်စာတမ်းအခြေအနေထက်ကျော်လွန်ပြီးအသက်အန္တရာယ်နဲ့ ဆက်
နွယ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စတစ်
ရပ် ဖြစ်ပါတယ်။ သူတို့ဟာ ပိုမိုကောင်းမွန်တဲ့ဘဝကိုရှာဖွေဖို့ ထွက်လာသူတွေမဟုတ်ပဲ၊ အ
သက်ရှင်ခွင့်ရဖို့ နောက်ဆုံးမျှော်လင့်ချက်နဲ့ နေရပ်စွန့်ခွာလာကြရသူတွေပါ။

ဖြစ်လာနိုင်တဲ့ မိမိတို့ရဲ့ကံကြမ္မာဆိုးအတွက် ကြောက်ရွံ့နေကြတဲ့ ဒီလူတွေရဲ့အသံကို လူဝင်မှုကြီးကြပ်‌ရေးဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေရဲ့အသံအဖြစ်မဟုတ်ဘဲ၊အသက်အန္ရာယ်ကြောင့် အကူအညီတောင်းနေတဲ့ လူသားတွေရဲ့အသံအဖြစ်နားထောင်ပေးသင့်ပါတယ်။

အထူးသဖြင့် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးများအနေနဲ့ သူတို့ကို အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ ပြန်ပို့ခြင်းထက်၊ လုံခြုံမှု၊ တရားမျှတမှုနဲ့ လူသားဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေပေးဖို့ လိုအပ်နေပါတယ်။ တစ်ခါတရံ လူတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့လူသားဆန်မှုကိုတိုင်းတာတဲ့အ
ရေးကြီးဆုံး အမှတ်အသားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ။

ကိုးကား - The New York Times
😢20👍21🔥1🤮1🤣1🖕1
မ​လေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့ရှိ UNHCR ရုံး​ရှေ့မှာ လာ​ရောက်အကူအညီ​တောင်းတဲ့ရိုဟင်ဂျာမိသားစုတစ်စုကိုဇူလိုင်လက​တွေ့ရစဥ် ။ဓါတ်ပုံ-ရိုက်တာ
😢21🖕21🔥1🤮1