People's Spring
60.2K subscribers
70.4K photos
1.21K videos
8 files
3.02K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မိုးဗြဲမြို့တိုက်ပွဲ စစ်တပ် အထိနာ

▪️စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

ဩဂုတ်−၂၈၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသူများပြီး စစ်သုံ့ပန်း ၁ဦးဖမ်းမိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လကစပြီး ဩဂုတ် ၂၇ ရက်အထိ ၃လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအရ မိုးဗြဲမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ (၄၂၂) တပ်ရင်း ကာကင်းမှ ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်က မိုးဗြဲမြို့အနီးမှာရှိတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်း ၁ခုကို မိုးဗြဲ PDF နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

စခန်းသိမ်းပွဲမှာ စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ရုပ်အလောင်း ၁လောင်း၊ အရှင် ၁ဦး နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

စခန်းသိမ်းခံရတာကြောင့် စစ်တပ်က ဇူလိုင် ၇ ရက်နဲ့ ၈ရက်မှာ လွယ်ယင်းတောင်ခြေအနီး ကာကင်းယူကာ ထိုးစစ်ဆင်ဖို့ ထပ်မံရောက်ရှိလာတာကြောင့် ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ရုပ်အလောင်း ၂ လောင်း မျက်မြင်တွေ့ရှိခဲ့ရသော်လည်း လက်နက်ခဲယမ်းသိမ်းဆည်းရမိခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဩဂုတ ၂၇ ရက်၊ နံနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကြောင်းထိုး ချဉ်းကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ညနေပိုင်းမှာ မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က ဖော်ပြပါတယ်။

ဒီကနေ့ (ဩဂုတ် ၂၈ ရက်) မနက်ပိုင်းမှာလည်း အင်အား ၁၅၀ ကနေ ၂၀၀ နီးပါး ပါဝင်တဲ့ စစ်တပ် စစ်ကြောင်းက လွယ်ယင်းတောင်ခြေကို ထပ်မံချဉ်းကပ်လာပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နဲ့ လွိုင်လင်လေးအခြေစိုက် တပ်ရင်းတွေက ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ တစ်ရက်တည်း အလုံးပေါင်း ၈၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်အချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လကနေ ဩဂုတ်အထိ ၃လတာကာလအတွင်း စစ်တပ်ရဲ့ဒရုန်း ၃ စီးကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ၂ စီးက ပျက်စီးသွားကာ ၁စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အပြင် စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေကို ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ သွားလာခွင့်ပိတ်ပင်ထားသောလမ်းကြောင်းတွေကို အသုံးမပြုဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
33👏7👍6👎1🥰1🤣1🖕1
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Mobye People Defense Force)
🥰317👏3👍1🤮1🤣1🖕1
ဘုံရန်သူကိုတိုက်ပွဲဝင်ဖို့ တူညီတဲ့နေရာက ပူးပေါင်းဆောင်ရွက်ကြရန် မွန်တပ် NMSP-AD တိုက်တွန်း

ဩဂုတ် ၂၈၊၂၀၂၆။ ထားမြတ်/People’s Spring

တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားဖြင့်သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော် က ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဝါခေါင်လပြည့်နေ့ (ဩဂုတ် ၂၈ရက်)မှာ ကျရောက်တဲ့ (၇၉)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ကြေညာချက်မှာ အခုလိုဖော်ပြထားတာပါ။

ခိုင်မာတဲ့ တပ်ပေါင်းစု ပေါ်ဖို့ ကြိုးစားနေပေမဲ့ လူမျိုးပေါင်းစုံ၊ တော်လှန်ရေးအဖွဲ့အစည်း ပေါင်းစုံနဲ့ အဖွဲ့အစည်းတစ်ဖွဲ့ချင်းရဲ့ ဖြစ်တည်မှု နောက်ခံသမိုင်းနဲ့ အကျိုးစီးပွားများ မတူကွဲပြားတာကြောင့် ညှိနှိုင်းဆွေးနွေးတာ အချိန်ယူရမယ်လို့လည်း ဖော်ပြပါတယ်။

“ဘုံရန်သူကို တိုက်ပွဲဝင်ရန်အတွက် တူညီသည့်နေရာမှ လက်တွဲ၍ ပူး ပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားကြရမည် ဖြစ်သည်” လို့ NMSP-ADက ထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) / ရာမညမွန်တပ်တော်ဟာ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ကြောင်း ဖော်ပြပြီး အမျိုးသားအချင်းချင်းအကြား အမြင်မတူကွဲပြားမှုများကို ဘေးဖယ်ထားပြီး နားလည်မှုရှိရှိနဲ့ မွန်အမျိုးသား အလံတော်အောက်မှာ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်သွားကြရမယ်လို့လည်း ဖိတ်ခေါ်ပါတယ်။

“ယနေ့တိုက်ပွဲသည် စစ်ရေးအင် အား၊ညီညွတ်မှုအားတို့အပေါ် မှီတည်နေပြီး အတိတ်သမိုင်း၌ မည်မျှပင် အင်အားကြီးကျော်ဇောခဲ့သော်လည်း မျက် မှောက်ကာလတွင် အင်အားမရှိပါက မည်သူကမျှ အလေးထား အသိအမှတ်ပြုကြမည် မဟုတ်ပေ။ “ လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါကြောင့် မွန်တွေ အင်အားကြီးမားခိုင်မာစေဖို့နဲ့ အမျိုးသားရည်မှန်းချက်များ အောင်မြင်ဖို့ အတွက် ပြည်တွင်း ပြည်ပရှိ ရဟန်းသံဃာများ၊ မွန်လူထုနဲ့ မွန်လူငယ်များအပါအဝင် မွန်တစ်မျိုးသားလုံးက တော်လှန်ရေး အသိစိတ် ဓာတ်ဖြင့် ကျရာအခန်းကဏ္ဍမှ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်နဲ့ အ တူ လက်တွဲတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဘဝတူမဟာမိတ် တိုင်းရင်းသားများ၊ တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများနဲ့ အတူ ဆက်လက်ပူးပေါင်း တိုက်ပွဲဆင်နွှဲသွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တဖက်မှာ စစ်အာဏာရှင်အုပ်စုဟာ သူတို့ အာဏာတည်မြဲဖို့ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် အသွင် ပြောင်းအစိုးရတရပ်အဖြစ် ပုံဖေါ်ထားပေမဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ညှဉ်းပန်းခြင်း၊ အဓမ္မစစ်သား စုဆောင်းပြီး စစ်အင်အားဖြည့်တင်းခြင်းနဲ့ အရပ်သားပြည်သူအပေါ် ရမ်းသမ်းဗုံးကြဲခြင်းများ အရင်အတိုင်း ဆက်လုပ်နေတယ်လို့ ဖော်ပြပါတယ်။

အသွင်ပြောင်းစစ်အုပ်စုဟာ ရက် (၁၀၀) စီမံချက် ချမှတ်ပြီး စီးပွားရေး၊ဖွံ့ဖြိုးရေး၊ငြိမ်းချမ်းရေးများ ဖော်ဆောင်ဖို့ ဟစ်ကြွေးထားပေမဲ့ လုံးဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကသာ အခြေခံဆွေးနွေးနေတာဖြစ်ကြောင်း၊ NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိတဲ့အပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ အတွက်သာ ဖြစ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်အနေဖြင့် လက်မခံကြောင်း ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ဖျက်နိုင်မှသာ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အ ရေးကို အာမခံနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
👍328🤮2🥰1🤣1🖕1
(မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − NMSP-AD)
👍399🖕2🥰1🤮1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မိုးဗြဲမြို့အနီး တိုက်ပွဲ စစ်တပ်သေဆုံးမှုများ

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲတွေမှာ စစ်သားတွေ ထိခိုက်သေဆုံးသူများပြီး စစ်သုံ့ပန်းတစ်ဦးဖမ်းမိကာဒရုန်းသုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က ဒီနေ့ ဩဂုတ် ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန်လကစပြီး ဩဂုတ် ၂၇ ရက် မနေ့က အထိ သုံးလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအရ မိုးဗြဲမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ (၄၂၂) ကာကင်းက ထွက်ခွာလာတဲ့ စစ်တပ် စစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲ​တွေ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ ​​ဖော်ပြထားပါတယ်။ ဇွန်လ ၂၉ ရက်က မိုးဗြဲမြို့အနီးမှာရှိတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်းတစ်ခုကို မိုးဗြဲPDF နဲ့ မဟာမိတ် တော်လှန်​ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စခန်းသိမ်းပွဲမှာ စစ်တပ်က ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သားအလောင်းတစ်လောင်း၊ အရှင် တစ်ဦး နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

◾️လွိုင်ကော်က စစ်တပ်စခန်းကုန်းတစ်ခုကို ကရင်နီတပ်ပေါင်းစု ပြန်သိမ်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ကရင်နီ​တော်လှန်​ရေးတပ်​တွေက ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းကတောင်ကုန်းစခန်းတစ်ခုကို ကရင်နီ​တော်လှန်​ရေးတပ်ပေါင်းစုက ဩဂုတ်၂၆ ရက်မှာ ပြန်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းကုန်းကို စစ်တပ်က ဩဂုတ် တတိယပတ်က ထိုးစစ်ဆင်ထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ချိန်မှာ လက်နက်ငယ်တချို့သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိပေးပါတယ်။

◾️စစ်သင်္ဘောတွေကို KIAနဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုနေမှာမဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူ​ပြော

ကချင်ပြည်နယ်ကိုလာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေတပ်တော်(KIA)နဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုမှာ မဟုတ်ဘဲတိုက်ခိုက်မှုတွေရှိနေမယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောလိုက်ပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက် မနက်က စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို ထွက်ခွာလာတဲ့ အခြေအနေ၊ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်တက်လာနိုင်ခြေ ရှိမရှိ တို့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောတာပါ။ ဒါပေမဲ့ ဘယ်လောက်ပြင်း
ထန်မယ် ဘယ်လိုလုပ်မယ်ဆိုတာကတော့ ကြိုတင်ပြောလို့ အဆင်မပြေဘူးလို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံက ဆက်ပြောပါတယ်။ လက်ရှိမှာ စစ်သင်္ဘောအချို့ ရွှေကူရောက်တယ်လို့ သတင်းရထားပြီး အချို့က လမ်းခုလတ်မှာ ရပ်နေတယ်လို့ ကြားရကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

◾️ရန်သူလာရင် အတူဝိုင်းတိုက်ခိုက်နေတယ်လို့ ချင်းပြည်ကောင်စီပြော

ချင်းညီညွတ်ရေးကိစ္စဟာ ဦးစားပေးဖြစ်သလို ညီညွတ်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အ၀ ရှိကြောင်း ချင်းပြည်ကောင်စီ တာဝန်ရှိသူတွေက ဒီနေ့ သြဂုတ် ၂၈ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပြီး ရန်သူကို ချင်းတွေ အတူတကွ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ ချင်းပြည်ကောင်စီက ပြုစုတဲ့ ချင်းပြည်သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး ၂နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၈ရက် နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ချင်းတွေအကြား ညီညွတ်ရေးတည်ဆောက်ရေးက ပထမဦးစားပေး အနေနဲ့ပါဝင်ကြောင်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်းထန်းက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးရေးကိစ္စဟာ ချင်းပြည်ကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ မူဝါဒတွေအတိုင်းခိုင်မာစွာ ရပ်တည်ကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က အခုလို အသိပေးပါတယ်။

◾️စစ်တပ်လက်​အောက်ခံ ZRAကင်းစခန်းကို CDF တွန်းဇံ သိမ်းပိုက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ ဩဂုတ်၂၈ရက်မှာ ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲမှာ ZRA-ECတပ်ဖွဲ့ဘက်က ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း အသိပေးပါတယ်။ ZRA-EC ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူး​ပေါင်းကာ တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့တဲ့အပြင် အပြစ်မရှိတဲ့ စစ်ဘေးရှောင်ရွာသားတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့လို့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း CDF တွန်းဇံက ဆိုပါတယ်။
23👍8🤮2🖕2
◾️ချင်းမြောက်ထိုးစစ်ဦးဆောင်တဲ့ တပ်မ(၇၇)တပ်တွေကို စစ်တပ် ပြန်ရုတ်သိမ်း၊ ရဲတွေနဲ့အစားထိုးဟု ချင်းတပ်ဖွဲ့ပြော

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။ ချင်းပြည်ကောင်စီက ပြုစုတဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာရွှေခါးရ်က အခုလို ပြောပြတာဖြစ်ပါတယ်။ ချင်းမြောက်ပိုင်းဘက်ဒေသတွေမှာ စစ်တပ်က စစ်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ချင်းတပ်ဖွဲ့တွေရထားတဲ့ သတင်းအချက်အလက်တွေ ပြန်အသိပေးရှင်းပြတာလည်းဖြစ်ပါတယ်။ စစ်တပ်က လှုပ်ရှားမှု သတင်းတွေအပေါ် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအနေနဲ့ လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ အသိပေးပါတယ်။

◾️ဘုံရန်သူကို တိုက်ပွဲဝင်ရာမှာ တူညီတဲ့နေရာက ပူးပေါင်းဆောင်ရွက်ကြဖို့ မွန်တပ် NMSP-AD တိုက်တွန်း

တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားနဲ့သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော်က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဝါခေါင်လပြည့် ဩဂုတ် ၂၈ရက်မှာ ကျရောက်တဲ့ (၇၉)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကြေညာချက်မှာ အခုလိုဖော်ပြထားတာပါ။ ခိုင်မာတဲ့ တပ်ပေါင်းစု ပေါ်ဖို့ ကြိုးစားနေပေမယ့် လူမျိုးပေါင်းစုံ၊ တော်လှန်ရေးအဖွဲ့အစည်း ပေါင်းစုံနဲ့ အဖွဲ့အစည်းတစ်ဖွဲ့ချင်းရဲ့ ဖြစ်တည်မှု နောက်ခံသမိုင်းနဲ့ အကျိုးစီးပွားများ မတူကွဲပြားတာကြောင့် ညှိနှိုင်းဆွေးနွေးတာ အချိန်ယူရမယ်လို့လည်း ဖော်ပြပါတယ်။ ဘုံရန်သူကို တိုက်ပွဲဝင်ဖို့ အတွက် တူညီတဲ့ နေရာမှ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားကြရမှာဖြစ်တယ်လို့ NMSP-ADက ထုတ်ပြန်ပါတယ်။

◾️ငါးသိုင်းချောင်းမှာ လှေမှောက်လို့ အမျိုးသားတစ်ဦးပျောက်ဆုံး​နေ

ရေဘေးကြုံနေတဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီး ရေစီးနဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့ ည ၉နာရီခန့်က ငါးသိုင်းချောင်းမြို့ ရွာသစ်ကုန်းတံတားအနီးမှာ လှေတစ်စီး တိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးထဲက တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရေစီးနဲ့မျောပါသွားသူကို ဒီနေ့ သြဂုတ် ၂၈ရက် မနက်ပိုင်းအထိ မတွေ့သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကို သွားတဲ့လမ်းပိုင်းမှာ ရှိပါတယ်။ လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်‌နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

◾️ဝမ်းတွင်းမှာ စစ်တပ်က လယ်ကွင်းထဲက တောင်သူတွေပါ ပေါ်တာဆွဲ

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၂၇ ရက် နေ့လယ် ၁နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်းရွာတွေဘက်ရှိ လယ်ကွင်းတွေထဲကို ပင်းတလဲကျေးရွာဘက်က စစ်သားတွေ ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီနောက် စစ်သားတွေဟာ လယ်စိုက်၊ ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှ လူငယ်တွေကို ပေါ်တာလိုက်ဆွဲလို့ ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့လူတွေအကုန် ထွက်ပြေးခဲ့ကြရကြောင်း ဝမ်းတွင်းနယ်မြေပြင်သတင်းတွေဖော်ပြနေတဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။ အဲဒီနောက်မှာတော့ ပျိုးနုတ်နေတဲ့အထဲက လူငယ် ၁ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လယ်ယာလုပ်ငန်းခွင်တွေအထိ ပေါ်တာလိုက်ဆွဲနေလို့ လူငယ်တွေ တောင်သူအလုပ်ပစ်ထားကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
🤮13👍10🤬3🖕21
👍363🔥2🖕2
■​ဆောင်းပါး

နီပေါ ရေခဲမြစ်များ ထပ်မံရေကြီးဖွယ်ရှိ​နေ

• ဒါဆို နီပေါမှာ နောက်ထပ်ရေခဲမြစ်ရေလွှမ်းမိုးမှု ဘယ်အချိန် ထပ်ဖြစ်မလဲ ဆိုတာ သိပ္ပံ
ပညာရှင်တွေ ကြိုတင်ခန့်မှန်းနိုင်ပါသလား။

- ခါကာဘို ရေးသားသည်။

တစ်ချိန်က နှစ်သန်းပေါင်းများစွာ တည်ငြိမ်နေခဲ့တဲ့ ဟိမဝန္တာတောင်တန်းပေါ်က ရေခဲမြစ်တွေဟာ အရင်တုန်းကလို ငြိမ်သက်နေတဲ့ သဘာဝအလှတရားတစ်ခုသာ မဟုတ်တော့ပါဘူး။ ကမ္ဘာ့အပူချိန် မြင့်တက်လာတာနဲ့အ
မျှရေခဲတွေအရည်ပျော်နှုန်းပိုမြန်လာတယ်၊ရေခဲမြစ်တွေ အက်ကွဲလာတယ်တောင်စောင်း
တွေ မတည်ငြိမ်တော့ဘူး။ အဲဒီလို အခြေအ
နေတွေကနီပေါနဲ့ တိဘက်အပါအဝင် ဟိမ
ဝန္တာဒေသတ လျှောက်မှာ ရေလွှမ်းမိုးမှုနဲ့ ရေခဲပြိုကျမှု အန္တရာယ်အသစ်တွေကို သယ်
ဆောင်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေကြပါတယ်။

မကြာသေးခင်ကနီပေါနိုင်ငံမှာမြေပြိုမှုကြောင့်မြစ်တစ်စင်း ပိတ်ဆို့ပြီး သဘာဝရေ
ကန်ကြီး ဖြစ်ပေါ်ခဲ့တာကို တရုတ်နဲ့ နီပေါအာ
ဏာပိုင်တွေကအရေးပေါ် စောင့်ကြည့်ခဲ့ရပါတယ်။ဒီလို သဘာဝရေကန်တွေဟာရေဖိအားများလာချိန်မှာ တစ်ကြိမ်တည်းနဲ့ ကျိုးပေါက်သွားနိုင်ပြီးအောက်ပိုင်းဒေသတွေကိုမိနစ်ပိုင်း
အတွင်း ရေလွှမ်းမိုးနိုင်တာကြောင့် အန္တရာယ်အလွန် ကြီးမားပါတယ်။ ဟိမဝန္တာဒေသမှာ ဒီလိုဖြစ်စဉ်တွေ တစ်ကြိမ်ဖြစ်ပြီးရင် နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေ ရှိ‌သေးလားဆိုတာကိုလည်းလူအများအင်မတန် စိုးရိမ်ကြပါတယ်။

တကယ်တော့ ရေခဲမြစ်တွေက အရည်ပျော်ရုံတခုထဲကပဲ အန္တရာယ်ဖြစ်တာ မဟုတ်ပါဘူး။ ရေခဲတုံးကြီးတွေ အက်ကွဲပြီး တောင်စောင်းပေါ်ကနေ ပြိုကျသွားနိုင်တယ်။ အဲဒီပြိုကျတဲ့ ထုထည်ကြီးမားတဲ့ ရေခဲနဲ့ ကျောက်တုံးတွေဟာ အောက်ဘက်ကို အရှိန်ပြင်းစွာ ဆင်းလာရင်း ရေခဲပျော်ရေ၊ကျောက်တုံး၊မြေသားတွေ
ကို တစ်ပါတည်း တွန်းချလိုက်တာကြောင့် ရုတ်တရက် ရေလွှမ်းမိုးမှု၊ နှင်းပြိုမှု၊ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ရေခဲမြစ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ (WGMS) ကတော့ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်းကမ္ဘာ့ရေခဲမြစ်တွေ ဆုံးရှုံးမှုဟာ မှတ်
တမ်းတင်ထားသမျှထဲမှာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာနိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့ (IPCC) ရဲ့ အစီရင်ခံစာတွေအရလည်း ဟိမဝန္တာနဲ့ ဟိန္ဒုကူရှ် တောင်တန်းဒေသဟာ ကမ္ဘာ့ပျမ်းမျှနှုန်းထက် ပိုမိုမြန်ဆန်စွာ ပူနွေးနေပြီး ရေခဲမြစ်အန္တရာယ်တွေ ဆက်
လက်တိုးလာမယ်လို့ ဖော်ပြထားပါတယ်။

National Geographic ၏ စူးစမ်းလေ့လာရေးပညာရှင်နှင့် ခတ္တမန္ဒူတက္ကသိုလ်မှ ရေခဲမြစ်ဆိုင်ရာ သုတေသီ ဘဟာဒူးရ် ချန်းဒ် (Mohan Bahadur Chand) ကတော့ "ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ ရေခဲမြစ်ဖုံးလွှမ်းနေတဲ့ ဒေသအားလုံးမှာ အန္တရာယ် ပိုများလာနေပါတယ်" လို့ ပြောထားပါတယ်။ သူ့အဆိုအရ ပြဿနာက ရေခဲမြစ်တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံနဲ့ တည်ငြိမ်မှု အားနည်းလာတာကြောင့် အက်ကွဲမှု၊ ပြိုကျမှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ခြေ ပိုမြင့်လာတာ ဖြစ်ပါတယ်။

ဒီလိုအန္တရာယ်တွေက ဟိမဝန္တာမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။၂၀၂၃ ခုနှစ်စက်တင်ဘာလမှာ ဂရင်းလန်းအရှေ့ပိုင်းဒစ်ဆန်ဖျော်ဒ်မှာ ကျောက်တုံးနဲ့ ရေခဲတုံး အကြီးစားပြိုကျမှု ဖြစ်ပြီးအမြင့်မီတာ ၂၀၀ ခန့် (ပေ၆၅၀ ဝန်း
ကျင်) ရှိတဲ့ အလွန်ကြီးမားသော ဆူနာမီလှိုင်း (Megatsunami) လှိုင်းကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလှိုင်းကြောင့် ကမ္ဘာတစ်ဝှမ်းက ငလျင်တိုင်းတာရေးစက်တွေကတောင် ကိုးရက်နီးပါး ဆက်တိုက် လှုပ်ရှားမှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လမှာလည်း ဆွစ်ဇာလန်နိုင်ငံ ဘလတ်တန်ရွာအပေါ်က ဘတ်ခ်ရေခဲမြစ် ပြိုကျပြီး ကျောက်တုံး၊ ရေခဲ၊ မြေသား တန်ချိန်သန်းပေါင်းများစွာ ရွာအပေါ် ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ရက်ပေါင်းများစွာ ကြို
တင်စောင့်ကြည့်ထားပြီး ရွာသားတွေကို ကိုးရက်ခန့် ကြိုတင်ရွှေ့ပြောင်း ပေးခဲ့တဲ့အတွက် လူသေဆုံးမှုမဖြစ်ခဲ့တာဟာသိပ္ပံပညာနဲ့ စောင့်
ကြည့်ရေးစနစ်ရဲ့အရေးပါမှုကို ပြသခဲ့တဲ့ ဖြစ်
ရပ်တစ်ခုပါ။

ဒါဆို နောက်တစ်ကြိမ် ဘယ်နေ့၊ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကြိုပြောနိုင်သလား။

အဖြေကတော့ "မရသေးပါဘူး" လို့ပဲ ဆိုရမှာပါ။ ရေခဲမြစ်ပြိုကျမှုဆိုတာ ငလျင်လိုပဲတိကျတဲ့ ရက်စွဲနဲ့ အချိန်ကို မခန့်မှန်းနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေခဲရဲ့အထူ၊ အပူချိန်
၊အက်ကြောင်းတွေ၊ တောင်စောင်းရဲ့ တည်
ငြိမ်မှု၊ မိုးရွာနှုန်း၊ ရေခဲပျော်ရေပမာဏ စတဲ့ အချက်ပေါင်းများစွာက တစ်ချိန်တည်း သက်
ရောက်နေလို့ ဖြစ်ပါတယ်။

ဒါပေမယ့် "ဘယ်နေရာတွေက အန္တရာယ်မြင့်နေပြီ"ဆိုတာကိုတော့အခုခေတ်မှာ အတော်လေးတိကျစွာသိနိုင်လာပါပြီ။ဂြိုဟ်တုဓာတ်
ပုံတွေ၊အဝေးမှအာရုံခံစနစ်(Remote Sensing)နည်းပညာ၊ ‌ရေဒါတိုင်းတာမှုတွေ၊ GPS စနစ်တွေ၊ မြေပြင်အာရုံခံစက်တွေကို အသုံးပြုပြီး ရေခဲမြစ်ရဲ့ လှုပ်ရှားနှုန်း၊ အက်
ကြောင်းအသစ်တွေ၊ ရေကန်အရွယ်အစား တိုးလာမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေကြပါတယ်။
👍1811🤔1🤣1🖕1
ဒါပေမယ့် ဟိမဝန္တာဒေသလို အလွန်မြင့်မားပြီး ကျယ်ပြောလွန်းတဲ့ တောင်တန်းတွေမှာ ဒီနည်းပညာတွေကို နေရာတိုင်းမှာ တပ်ဆင်နိုင်ဖို့က မလွယ်သေးပါဘူး။ နီပေါ၊ ဘူတန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဘဏ္ဍာငွေ၊ နည်းပညာနဲ့ကျွမ်းကျင်သူ အင်
အားတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

နောက်ထပ် စိုးရိမ်စရာတစ်ခုကတော့ လူတွေက မြစ်ကမ်းပါးတွေ၊ ရေလွှမ်းမိုးနိုင်တဲ့ လွင်
ပြင်တွေ၊ တောင်ခြေဒေသတွေမှာ မြို့တွေ၊ လမ်းတွေ၊ တံတားတွေ ဆက်တိုက် တည်
ဆောက်လာနေကြတာပါ။ အကယ်၍ အပေါ်ပိုင်းမှာရေခဲမြစ်တစ်ခုပြိုကျသွားရင် အောက်
ဘက်ကလူနေဒေသတွေကိုသတိပေးဖို့ အချိန်
မိနစ်ပိုင်းပဲ ရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

သိပ္ပံပညာရှင်တွေက နောက်ထပ် ဘယ်နေ့၊ ဘယ်အချိန်မှာ ရေခဲမြစ်ပြိုကျမယ်ဆိုတာကို မပြောနိုင်သေးပေမယ့်တစ်ခုကိုတော့ သေချာ
ပြောနိုင်နေပါပြီ။ ကမ္ဘာကြီး ပိုပူလာနေသရွေ့ ဟိမဝန္တာတောင်တန်းတွေရဲ့ ရေခဲမြစ်တွေ ပိုမိုမတည်ငြိမ်လာမယ်၊ ရုတ်တရက် ရေကြီးရေ
လျှံမှု၊ ရေခဲပြိုကျမှု၊ မြေပြိုမှုတွေ ပိုမိုများ
ပြားလာမယ်ဆိုတာပါပဲ။

ဒီအန္တရာယ်ကို လုံးဝတားဆီးဖို့ မဖြစ်နိုင်သေးပေမယ့် သိပ္ပံနည်းကျ စောင့်ကြည့်မှု၊ စောစီးစွာ သတိပေးစနစ်နဲ့ မြစ်ကမ်းပါး၊ တောင်ခြေဒေသတွေမှာ စနစ်တကျ မြို့ပြစီမံကိန်း ရေး
ဆွဲနိုင်မယ်ဆိုရင်တော့ သဘာဝဘေးကိုမတားနိုင်ရင်တောင် အသက်ဆုံးရှုံးမှုကို အများကြီး လျှော့ချနိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ ။

ကိုးကား-
National Geographic

World Glacier Monitoring Service (WGMS)

ဓါတ်ပုံ-National Geographic
👍33😢41🤔1🙏1🤣1🖕1
👍23😢10🔥1🤣1🖕1
ရွှေကူတိုက်ပွဲမှာ အထိနာနေတဲ့စစ်တပ်
မံစီကဆေးရုံကို ဗုံးကြဲ

သြဂုတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သြဂုတ်လ၂၈ရက် ည၁၁နာရီခန့်မှာ ဂျက်ဖိုက်တာနှစ်စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ဆေးရုံကိုတည့်တည့်ကြဲတာ။ဒီမှာကစစ်ဘေးရှောင်တွေပဲရှိတာ။လေကြောင်းသတိ
ပေးချက်ကြိုပေးရလို့ ရှောင်ကြတိမ်းကြတယ်။ အထိခိုက်ရှိ၊မရှိသတင်းကို ဒီမနက်အထိ မကြားရသေးဘူး"လို့ မံစီမြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ဒေသခံတွေရဲ့အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)နဲ့ မဟာမိတ်​တွေက ၂၀၂၅ ဇန်နဝါရီလမှာသိမ်းပိုက် ထိန်းချုပ်ထားတာပါ။လတ်တ​လော မံစီမြို့နယ်ထဲမှာတိုက်ပွဲမဖြစ်ဘဲ စစ်
တပ်က ဗုံးလာကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"တမင်သက်သက်အလွတ်ကြီးလာကြဲတာ။ကျမဆိုကံကောင်းလို့ မသေတာ။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားကြဲတာ"လို့ ရွှေကူမြို့ကနေ စစ်ရှောင်လာသူတဦးကပြောပါတယ်။

မံစီမြို့အနီး ရွှေကူမြို့မှာ စစ်တပ်စခန်းတွေနဲ့ ဧရာဝတီမြစ်ကြောင်းကနေတက်လာတဲ့စစ်သ
င်္ဘောတွေကို KIA နဲ့ KPDFကတိုက်ခိုက်နေပါတယ်။ရွှေကူမှာအထိနာလို့ မံစီကိုမဲပြီးဗုံး
ကြဲတာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းကနေ တက်လာတဲ့ စစ်
စစ်သင်္ဘောတွေကိုKIA ၊KPDFနဲ့ တော်လှန်
ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်​ရေယာဥ်အချို့ပျက်စီးတာတွေရှိနေပါတယ်။

တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်လို့ အရပ်သားသေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒေသအများစုမှာဆေးရုံတွေ၊ကျောင်းတွေကိုလည်း ပစ်မှတ်ထား ဗုံးကြဲမှုတွေဆက်ရှ်ိနေပါတယ်။
🤬33👍73👎2🔥2👏2
ရွှေကူမြို့နယ်ထဲက ဧရာမြစ်ကမ်းဘေးရွာ​တွေကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ် လေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ
🤬382👍2👎2🔥2👏2