ဝမ်းတွင်းမှာ စစ်တပ်က လယ်ကွင်းထဲကတောင်သူတွေပါ ပေါ်တာဆွဲ၊ ၁ဦး ဖမ်းဆီးခံရ
သြဂုတ် ၂၈၊၂၀၂၆။ဟာနာဆန်/People's Spring
မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၇ ရက် နေ့လယ် ၁နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်း ရွာတွေဘက်ရှိ လယ်ကွင်းတွေထဲကို ပင်းတလဲကျေးရွာဘက်က စစ်သားတွေ ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီနောက် စစ်သားတွေဟာ လယ်စိုက်၊ ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှ လူငယ်တွေကို ပေါ်တာလိုက်ဆွဲလို့ ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့လူတွေအကုန် ထွက်ပြေးခဲ့ကြရကြောင်း ဝမ်းတွင်းနယ်မြေပြင်သတင်းတွေဖော်ပြနေတဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။
အဲဒီနောက်မှာတော့ ပျိုးနုတ်နေတဲ့အထဲက လူငယ် ၁ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ၎င်းအဖွဲ့က ပြောပါတယ်။
"ပေါ်တာကခုရက်ပိုင်းနေ့တိုင်းဆွဲနေတယ်"လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လယ်ယာလုပ်ငန်းခွင်တွေအထိပေါ်တာလိုက်ဆွဲနေလို့ လူငယ်တွေ တောင်သူအလုပ်ပစ်ထားကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း နဘဲကန်ကျေးရွာမှာ အလုပ်လာလုပ်တဲ့ လက်ပက်ကုန်းရွာသား လူငယ် ၂ဦး၊ ကန်ပတ်လည်ရွာနဲ့ မင်းကန်ရွာက လူငယ်၂ဦး၊ ၂၄ ရက်က ဆုံကုန်းရွာက လူငယ် ၁ ဦး ဖမ်းဆီးခံလိုက်ရပြီး သတင်းမရတဲ့ ဖမ်းဆီးခံရမှုတွေလည်းရှိနေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။
အလားတူ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာလည်း စစ်မှုထမ်းဆင့်ခေါ်တာတွေ၊ ပေါ်တာဆွဲတာတွေ အရင်ကထက်ပိုမို ပြုလုပ်နေပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။

🤬23👎3👏2💩2❤1👍1🤮1🤣1
ရေကြီးနေတဲ့ ငါးသိုင်းချောင်းမှာလှေမှောက်လို့ အမျိုးသားတစ်ဦးပျောက်ဆုံးနေ
သြဂုတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People's Spring
ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။
ဩဂုတ်လ ၂၇ ရက် ည၉နာရီခန့်က ငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးအနက်တစ်ဦးပျောက်
ဆုံးနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
"တစ်ယောက်ကလှေကိုဖက်ထားပြီးကျန်နေခဲ့တာ။နောက်တစ်ယောက်ကဂစ်တာမျောသွားလို့လိုက်ဆယ်ရင်းပျောက်သွားတာ။အခုမ
နက်အထိ မတွေ့ဘူး"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကိုသွားတဲ့လမ်းပိုင်းမှာရှိပါတယ်။လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်နေဆဲလို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့
ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။ လက်ရှိမှာ လေးမျက်နှာ
၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ ဒေသခံတွေဟာ လှေတွေ၊ စက်လှေတွေနဲ့ ဝါးဖောင်တွေသုံးပြီး သွားလာနေရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ်လ၁၈ရက်နေ့မှာလည်းလူတစ်ဦးရေနစ်သေဆုံးပြီး သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေဘေးမှာ သြဂုတ်လ ၂၇ရက်နေ့အထိ ၁၂ဦးထက်မနည်းသေဆုံးထားပြီး နှစ်ဦးထက်မ
နည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်ကောင်စီက အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နဲ့ ၉နေ့မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြို
တင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ဒါပေမယ့်ရေ
ဘေးဟာပိုမိုဆိုးရွားလာပြီးဟင်္သာတ၊ရေ
ကြည် ၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။

🔥17😢11❤5🤬4👍2🤣1
ချင်းတွေအကြား ညီညွတ်မှုမရှိသလိုမြင်ရပေမဲ့ ရန်သူလာရင် အတူဝိုင်းတိုက်ခိုက်ဟု ချင်းပြည်ကောင်စီပြော
▪️စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်
ဩဂုတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းညီညွတ်ရေးကိစ္စဟာ ဦးစားပေးဖြစ်သလို ညီညွတ်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အ၀ ရှိကြောင်း ချင်းပြည်ကောင်စီ တာဝန်ရှိသူတွေက ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပြီး ရန်သူကို ချင်းတွေ အတူတကွ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။
ချင်းပြည်ကောင်စီက ပြုစုတဲ့ ချင်းပြည်သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး ၂နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၈ရက် နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အခုလို အသိပေးခဲ့တာပါ။
“ချင်းပြည်ကောင်စီအနေနဲ့ ချင်းတွေအကြား ညီညွတ်ရေးတည်ဆောက်ရေးက ပထမဦးစားပေး အနေနဲ့ ပါပါတယ်” လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်းထန်းက ပြောပါတယ်။
ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB) အင်အားစု ၂ခုအကြား ညီညွတ်ရေးဖော်ဆောင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို မေးမြန်းရာမှာ ချင်းပြည်ကောင်စီက အခုလို အသိပေးခဲ့တာပါ။
ချင်းညီညွတ်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒအပြည့်အ၀ရှိတယ်ဆိုတာ ထုတ်ပြန်ပြီးသား ဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင်က တတိယအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးမှာလည်း ညီညွတ်ရေးကိစ္စကို နည်းလမ်းပေါင်းစုံနဲ့ ဦးစားပေး လုပ်ဆောင်ဖို့ မူဝါဒ ချထားကြောင်း အသိပေးပါတယ်။
ချင်းပြည်ကောင်စီအနေနဲ့ ညီညွတ်ရေးအတွက် တာဝန်ပျက်ကွက်မှု မရှိအောင် ညီညွတ်ရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင်နေတယ်လို့ အသိပေးပါတယ်။
ချင်းပြည်ကောင်စီနဲ့ ICNCC/CB တို့ဟာ ချင်းအမျိုးသားတွေပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းမယ်လို့ ၂၀၂၅နှစ်ဆန်းပိုင်းမှာ သဘောတူညီခဲ့ပေမဲ့ ဒါကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းတော့ မရှိသေးပါဘူး။
ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ချင်းတွေ စည်းလုံးညီညွတ်မှု မရှိဘူး ပြောကြာတာ တဖက်က ကြည့်ရင် ဟုတ်သလိုလို ရှိပေမဲ့ ညီညွတ်မှု ရှိတဲ့အပိုင်းလည်းရှိတယ်လို့ အသိပေးပါတယ်။
“ဆိုရှယ်မီဒီယာတွေထဲမှာ ကြည့်လိုက်ရင်တော့ တကယ်ပဲ ကွဲပြားနေသလို တကယ်ပဲ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ပုံစံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရန်သူလာရင်တော့ ၀ိုင်းတိုက်ကြတာပဲ” လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
ချင်းပြည်နယ်အတွင်း စစ်တပ်ထိုးစစ်ဆင်လာချိန် ချင်းတော်လှန်ရေးတပ်တွေအတူ ၀ိုင်းဝန်း တိုက်ခိုက်ခဲ့တာကို သူက ဥပမာပေး ပြောကြားတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ဒေါက်တာရွှေခါးရ်က အခုလို အသိပေးပါတယ်။ ဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်ကောင်စီအနေနနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ မူဝါဒတွေအတိုင်းခိုင်မာစွာ ရပ်တည်ကြောင်း ပြောကြားပါတယ်။
“မင်းအောင်လှိုင် ငြိမ်းချမ်းရေးခေါ်နေတဲ့ဟာက ငြိမ်းချမ်းရေးမှ မဟုတ်တာ။ တကယ့်ငြိမ်းချမ်းရေးခေါ်ချင်ရင်တော့ တကယ့်ငြိမ်းချမ်းရေးလိုချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ Inclusive နဲ့ ခေါ်သင့်တာပေါ့။ EAO(တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့)ပဲ ခေါ်ပြီးတော့ ကျန်တဲ့သူမခေါ်ဘူးဆိုတဲ့ ပုံစံမျိုး မဖြစ်သင့်ဘူး” လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
SCEFဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ စုဖွဲ့ထားတာဖြစ်ပြီး စစ်တပ်ကို စစ်ရေး၊ နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုကနေ စုပေါင်းတိုက်ခိုက်ဖို့ စုဖွဲ့ထားတာဖြစ်ပါတယ်။

👏32❤10👍8🥰3🤮1🤣1🖕1
စစ်တပ်လက်အောက်ခံ ZRA ရဲ့ ကင်းစခန်းကို CDF တွန်းဇံ သိမ်းပိုက်
ဩဂုတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ် တွန်းဇံမြို့နယ်က စစ်တပ် လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံက သတင်း ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၈ရက်မှာ ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ ZRA-EC တပ်ဖွဲ့ဘက်က ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း အသိပေးပါတယ်။
“ အဖြစ်အပျက်အလုံးစုံကို စစ်ကြောင်းမှူးမှ သတင်းအစုံအလင်မပေးပို့သေးသောကြောင်း သိမ်းပိုက်ရရှိသော ပစ္စည်းများအား မသိရှိသေးပါ” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ZRA-EC ဟာ စစ်တပ်နဲ့ လက်တွဲပြီး တွန်းဇံမြို့ကိုသိမ်းပိုက်ခဲ့တဲ့အပြင် အပြစ်မရှိတဲ့ စစ်ဘေးရှောင် ရွာသား ၁ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့လို့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း CDF တွန်းဇံက အသိပေးထားပါတယ်။
CDF တွန်းဇံဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ၂၀၂၄ မေလမှာ တွန်းဇံမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ၂၀၂၆ မေလမှာ စစ်တပ်က ZRAနဲ့ အတူ ပြန်လည်ထိုးစစ်ဆင်လာလို့ ချင်းတော်လှန်ရေးတပ်တွေက မြို့ကို ပြန်လက်လွှတ်ခဲ့ရပါတယ်။

👍34❤4🥰3👏3👎1🤣1🖕1
ချင်းမြောက်ထိုးစစ်ဦးဆောင်တဲ့ တပ်မ(၇၇)တပ်တွေကို စစ်တပ် ပြန်ရုတ်သိမ်း၊ ရဲတွေနဲ့အစားထိုးဟု ချင်းတပ်ဖွဲ့ပြော
ဩဂုတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
ချင်းပြည်ကောင်စီက ပြုစုတဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာရွှေခါးရ်က အခုလို ပြောပြတာဖြစ်ပါတယ်။ ချင်းမြောက်ပိုင်းဘက်ဒေသတွေမှာ စစ်တပ်က စစ်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ချင်းတပ်ဖွဲ့တွေရထားတဲ့ သတင်းအချက်အလက်တွေ ပြန်အသိပေးရှင်းပြတာလည်းဖြစ်ပါတယ်။
“တချို့လူတွေကတော့ အင်အားတွေဖြည့်တင်းနေတယ်လို့ ဟားခါးဘက် ဖလမ်းဘက် တီးတိန်ဘက်မှာ ကြားတယ်။တဖက်က ကျနော်တို့ ပြန်ကြားတဲ့ဟာက အဓိက ဒီဘက်ကို ဖလမ်းဘက် ကိုချီတက်လာတဲ့ဟာက တပ်မ (၇၇)ဖြစ်တယ်။ အခုက တပ်မ(၇၇)တွေကို ရုတ်ပြီးတော့ ရဲတွေကို သူတို့က အင်အားဖြည့်လာတဲ့ဟာကို ကျနော်တို့ တွေ့ရပါတယ်” လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
စစ်တပ်က လှုပ်ရှားမှု သတင်းတွေအပေါ် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအနေနဲ့ လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်က ချင်းမြောက်ပိုင်း ပြန်လည်ထိန်းချုပ် နယ်မြေတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ လူထုတွေအများစုက စကစရဲ့ အုပ်ချုပ်ရေး အကောင်အထည်ဖော်မှုကို လက်ခံတာ မတွေ့ရကြောင်း ဒေါက်တာရွှေခါရ်းက ပြောပါတယ်။ ကလေးကနေ ဟားခါးထိ ကျေးရွာတွေမှာ ရွာတွေများစွာရှိပေမဲ့ အခုထက်ထိ လူတွေ ပြန်မနေသေးတာဟာ စစ်ကောင်စီအပေါ်လူထုရဲ့ ယုံကြည်မှု ရှိမရှိ ပေါ်လွင်နေတယ်လို့ ပြောပါတယ်။
အရင်ကတည်းကနေ တချို့မြို့တွေမှ အပမြို့နယ်အတွင်း ကျေးရွာတွေမှာက နေပြည်တော်ရဲ့ ဩဇာသက်ရောက်မှု လုံး၀ မရှိကြောင်း ဒေါက်တာရွှေခါးရ်က ရှင်းပြပါတယ်။
“ ဒီနေ့လည်း ဥပမာ တွန်းဇံ၊ ဖလမ်း မြို့ကိုသာယူတာ နယ်မှာ သူတို့ ဩဇာသက်ရောက်မှုက တခုမှ မရှိဘူး။ အဲဒီမြို့ကိုတောင်မှ ပြည့်ပြည့်စုံစုံထိန်းချုပ်နိုင်တာ မဟုတ်သေးဘူး။ နံပတ်နှစ်က ဘာလဲဆိုတော့ အခုက သူတို့က ဟိုင်းဝေး ဥပမာ ကလေးကနေ ဟားခါး ကလေးကနေ တီးတိန် အဲဒါတွေ သူတို့က ထိန်းချုပ်နိုင်တယ်ပြောတယ်။ ဒါပေမဲ့ အဲဒါက ရာနှုန်းပြည့်ထိန်းချုပ်နိုင်တာမဟုတ်ဘူး” လို့ ဒေါက်တာရွှေခါးရ်းက ပြောပါတယ်။
ယခင်က ကလေး-ဟားခါးကြား၊ ကလေး-တီးတိန်ကြား စစ်တပ်စခန်းများ မရှိပေမယ့် အခုအချိန်မှာ စစ်တပ်စခန်း ၃၀ ကျော်ထားရှိတဲ့ နည်းနဲ့ နယ်မြေကို ထိန်းထားရတဲ့ အခြေအနေလို့လည်း သူက ပြောပါတယ်။
“ အဲဒါ ဘယ်လောက်ကြာကြာထိန်းနိုင်မလဲ။တလောလေးက အင်အားဖြည့်တင်းတာမျိုးလုပ်တယ် ကျနော်တို့ ကြည့်လိုက်တော့ မဟုတ်ဘူး အော်ပရေးရှင်းကို အဓိက ဦးဆောင်တဲ့ တပ်မ(၇၇)ကို နောက်ဆုတ်ခိုင်းပြီးတော့ ရဲတွေနဲ့ ပြန်လာပြီး အင်အားဖြည့်တာ” လို့ ဒေါက်တာရွှေခါးရ်က ချင်းမြောက်ပိုင်း စစ်ရေး အခြေအနေကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းမြောက်ပိုင်း ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်အင်အားထောင်ချီ၊ လေကြောင်းပစ်ကူများစွာ အသုံးပြုထိုးစစ်ဆင်လာတဲ့အပေါ် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ခြောက်လကျော် ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးများပြားခဲ့ပါတယ်။
၂၀၂၆ နွေကာလမှာ ဖလမ်း၊ တွန်းဇံ မြို့ အပါအဝင် နယ်မြေဒေသ အချို့၊ ဆက်သွယ်ရေးလမ်းပိုင်းအချို့ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ တိုက်ပွဲဟာ မပြီးဆုံးသေးဘူးလို့ချင်းတော်လှန်ရေးတပ်တွေဘက်က ပြောကြားထားပါတယ်။

👍34🤣7❤5🖕2👎1😁1
■ဆောင်းပါး
Pa Lung ဘယ်ရောက်နေလဲ
ထွန်းညိုဦး/People's Spring
မြန်မာနေရှင်နယ်လိဂ်မှာ ကစားနေတဲ့ လူငယ်ကစားသမားတစ်ဦးရန်ကုန်မြို့မှာရုတ်တရက်
အဆက်အသွယ်ပြတ်ကာ လုံးဝပျောက်ဆုံးသွားခြင်းက အားကစားအသိုင်းအဝိုင်းမှာ
ဂယက်ရိုက်သွားခဲ့ပါတယ်။သူကတော့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ပါ။
အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် စနေနေ့ ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားနဲ့ ပြန်သွားခဲ့တယ်။ ၇/၈ လမ်းဆုံမှာ ဆင်းခဲ့ကာ Taxi နဲ့ မြောက်ဒဂုံက အသင်း အဆောင်ကိုပြန်ဖို့လုပ်တဲ့အချိန်အထိအဆက်
အသွယ်ရခဲ့တယ်လို့ ချင်းလန်းအသင်းက ဖော်ပြခဲ့ပါတယ်။ ညပိုင်းမှာလည်း Pa Lung ဖုန်းကို ဆက်ခဲ့ကြပေမယ့် ဖုန်းလုံးဝ မကိုင်ဘူးလို့ သိရတယ်။ မနက်ပိုင်းမှာတော့ Pa Lung ဖုန်းက လုံးဝ ပိတ်သွားခဲ့ပါပြီ။ အခုဆိုရင် Pa Lung ပျောက်ဆုံးတာ တစ်ပတ်နီးပါး ရှိပြီဖြစ်ပေမဲ့ သတင်းအစအနကို မရသေးပါဘူး။
ဘောလုံးသမားလူငယ် ပျောက်ဆုံးသွားတဲ့ မြောက်ဒဂုံမြို့နယ်ဟာ ယခုရက်ပိုင်းအတွင်း ပေါ်တာတွေ ဆက်တိုက်ဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြောက်ဒဂုံတင်လားဆိုတော့ မဟုတ်ပါဘူး။ ရန်ကုန်မြို့ဧရိယာထဲက သာကေတ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာတောင်ညွှန့်၊ တောင်ဒဂုံ၊ သာကေတတွေကနေ လှည်းကူးဘက်အထိ အာဏာသိမ်းစစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲနေကြောင်း ရန်ကုန်တိုင်းက မြေပြင်ကင်းထောက်သတင်းတွေ ဖြန့်ဝေပေးနေတဲ့ Rangoon Scout Network - RSN ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတယ်။
RSN ရဲ့ ထုတ်ပြန်ချက်အရ အဲဒီမြို့နယ်တွေမှာသြဂုတ်လအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူ သတင်းရရှိတဲ့အရေအတွက်က ၃၂ ဦးဖြစ်ပါတယ်။ သတင်းမရတဲ့သူတွေ အများအပြား ကျန်နေသေးတယ်လို့ သိရတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုဟာလူ ၉၀ ထက်မနည်း ရှိခဲ့တယ်လို့ RCN က ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူ ၉၀ ဦးအနက် ၂ ဦး ပြန်လွတ်ပြီး ၁၅ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့ကြောင်း၊ ကျန်တဲ့ ၇၃ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးကြောင်း RCN က အသိပေးပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲမှာလမ်းမပေါ်သွား
လာနေတုန်းကားနဲ့ဆွဲဖမ်းခံရသူ ၂၉ ဦးနဲ့ ကား
မှတ်တိုင်၊ လမ်းဘေး၊လမ်းဘေးဆိုင်၊ ဘူတာ၊ အဝေးပြေးကားဝင်းတွေမှာ ဖမ်းဆွဲခံရသူ ၉ ဦး ပါဝင်တယ်လို့ RCN က ထပ်မံအသိပေးပါတယ်။
RCN ရဲ့ နောက်ထပ်အချက်အလက်တွေကလည်း စိတ်ဝင်စားစရာပါ။ ရန်ကုန်မှာ ရှောင်
တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၂၄ ဦးရှိပြီး အဲဒီထဲမှာ ဧည့်စာရင်းစစ်စဉ် ရက်ကျော်နေလို့ဆိုပြီး ဖမ်းခံရသူ ၁၃ ဦးပါပါတယ်။ လမ်းမပေါ်လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်းပြီး ဖုန်းယူစစ်ပြီး ဖမ်းခံရသူ ၉ ဦး ရှိပါတယ်။ အချက်အလက်တောင်းစစ်တာ၊ PSMS နဲ့
စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦး ရှိပါတယ်။
လိမ်လည်ခေါ်ယူပြီးဖမ်းဆီးခံရသူ ၁၀ ဦး ရှိခဲ့ပါတယ်။ အိမ်ပြောင်းတာအလုပ်သမားခေါ်တာ၊ လက်သမားခေါ်တာ စတဲ့အလုပ်တွေနဲ့ မျှားကာ ဖမ်းဆီးခံရသူ ၈ ဦးရှိပါတယ်။ ရပ်
ကွက်ရုံးသို့ ရုတ်တရက်လာခိုင်းပြီး ဖမ်းခံလိုက်ရသူ ၁ ဦးနဲ့ သားဖြစ်သူ ရှိ၊မရှိ စစ်တပ်ထဲ ဝင်စုံစမ်းရင်း ဖမ်းခံရသူ ၁ ဦးတို့ပါဝင်ပါတယ်။
အဖမ်းအဆီးဖြစ်ခဲ့တဲ့ မြိုနယ်တွေကတော့ မြို့နယ်ပေါင်း ၁၉ မြို့နယ်ဖြစ်ပြီး တာမွေ၊ လှိုင်၊ ဒဂုံဆိပ်ကမ်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ ထန်းတပင်၊ ကမာရွတ်၊ မင်္ဂလာဒုံ၊ သာကေတ၊ စမ်း
ချောင်း၊ လမ်းမတော်၊ အင်းစိန်၊ ဒေါပုံနဲ့ ရွှေပြည်သာမြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။
ယခု ဩဂုတ်လထဲ အဖမ်းခံရသူတွေထဲ လှိုင်သာယာ ဖိနပ်ချုပ်စက်ရုံက ဝန်ထမ်းလေးတွေလည်း အိမ်ပြန်တုန်း အဆွဲခံရတာရှိပါတယ်။ တောင်ဒဂုံ စက်မှုဇုန် ၂က စက်ရုံအလုပ်သမားတွေနဲ့ စျေးသည်လေးတွေ ပါပါတယ်။
တစ်ပတ်နီးပါးကြာတဲ့အထိ သတင်းမရသေးတဲ့ ဘောလုံးသမား Pa Lung နဲ့ ပတ်သက်ပြီး ပေါ်တာဆွဲခံလိုက်ရတာလို့ ယူဆသူတွေလည်း ရှိတယ်။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဆိုင်ရာပိုင်ရာတွေကို လိုက်စုံစမ်းရင် ဒီလောက်မကြာနိုင်တာမို့ ဒါဟာ ကျားဖြန့်က ဖမ်းသွားသလားလို့ ထင်မြင်သူတွေလည်း
ရှိတယ်။ ခုထိ အခြေအနေ မထူးသေးဘူး။
တစ်ကယ်တော့ မြန်မာနေရှင်နယ်လိဂ်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်မှာ ဘောလုံးပြိုင်ပွဲတွေ ပုံမှန်လည်ပတ်နေပါတယ် ဆိုပြီး စစ်တပ်အလိုကျ ယှဥ်ပြိုင်နေတဲ့ပြိုင်ပွဲဖြစ်ပါတယ် ။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကစပြီး ဘောလုံးကလပ်အများစုကို စစ်တပ်နဲ့ နီးစပ်တဲ့ခရိုနီတွေ ၊လုပ်ငန်းရှင်တွေကပိုင်ဆိုင်ကြတာပါ ။
စစ်တပ်လက်အောက်မှာ ဘောလုံးပြိုင်ပွဲတွေက အောင်မြင်မှု မယ်မယ်ရရ ဘာမှမရှိပေ
မယ့် ပြည်သူတွေကို တော်လှန်ရေးမှ စိတ်မဝင်စားအောင် ၊နိုင်ငံရေးစိတ်မဝင်စားအောင်၊ အခြေအနေတွေက ပုံမှန်လည်ပတ်နေတယ်ဆိုတဲ့ ပုံရိပ်တွေကို ပြဖို့တော့ ဘောလုံးပွဲတွေက စစ်အုပ်စုအတွက်အသုံးတည့်နေတယ်လို့ဘောလုံးဝါသနာရှင်တစ်ဦးကပြောပါတယ်။ သူကတော့စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကိုယ်စားပြု

👍14❤5🤮2🥰1🖕1
ယှဥ်ပြိုင်တဲ့ဘောလုံးပွဲတွေကိုရော ၊နေရှင်နယ်လိဂ်ပွဲတွေကိုရော လုံးဝမကြည့်တော့ဘူးလို့သူကပြောပါတယ် ။
ဒါကြောင့် စစ်တပ်လက်အောက်မှာ စစ်အုပ်စုကအားပေးနေတဲ့ဇာတ်ပွဲတွေလို ဘောလုံးပွဲတွေဟာလည်း အတူတူပဲဖြစ်ပါတယ်။ဒီအခြေအနေမှာ ဘောလုံးကန်ပေးနေသူကိုပါ ပေါ်တာဆွဲတဲ့အခြေအနေရောက်နေပြီဆိုရင်တော့
စစ်အုပ်စုရဲ့ အသေခံစစ်သားစုဆောင်းရေး အခြေအနေဘယ်လောက်ဆိုးနေပြီလဲဆိုတာတွက်ဆလို့ရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
Pa Lung နဲ့ပတ်သက်ပြီး သတင်းအချက်အ
လက် တစ်စုံတစ်ရာ သိရှိပါက အမြန်ဆုံး အ
ကြောင်းကြားပေးကြဖို့ကိုလည်း ချင်းလန်းအသင်းက မေတ္တာရပ်ခံထားပါတယ်။ အား
လုံးလည်း ဝိုင်းဝန်း ကူညီရှာဖွေပေးကြဖို့၊ သတင်းမျှဝေပေးကြဖို့နဲ့ ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ဖို့ ဆုတောင်းသတိရပေးကြဖို့ ချင်းလန်းအသင်းက တောင်းခံထားပါတယ်။ Pa Lung ဘယ်ရောက်နေပါသလဲ။ ။

👍26❤2🥰1🤮1🖕1
မိုးဗြဲမြို့တိုက်ပွဲ စစ်တပ် အထိနာ
▪️စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်
ဩဂုတ်−၂၈၊၂၀၂၆။ဇော်၀င်း/People's Spring
ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသူများပြီး စစ်သုံ့ပန်း ၁ဦးဖမ်းမိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန်လကစပြီး ဩဂုတ် ၂၇ ရက်အထိ ၃လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအရ မိုးဗြဲမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ (၄၂၂) တပ်ရင်း ကာကင်းမှ ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဇွန်လ ၂၉ ရက်က မိုးဗြဲမြို့အနီးမှာရှိတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်း ၁ခုကို မိုးဗြဲ PDF နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
စခန်းသိမ်းပွဲမှာ စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ရုပ်အလောင်း ၁လောင်း၊ အရှင် ၁ဦး နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
စခန်းသိမ်းခံရတာကြောင့် စစ်တပ်က ဇူလိုင် ၇ ရက်နဲ့ ၈ရက်မှာ လွယ်ယင်းတောင်ခြေအနီး ကာကင်းယူကာ ထိုးစစ်ဆင်ဖို့ ထပ်မံရောက်ရှိလာတာကြောင့် ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာလည်း စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ရုပ်အလောင်း ၂ လောင်း မျက်မြင်တွေ့ရှိခဲ့ရသော်လည်း လက်နက်ခဲယမ်းသိမ်းဆည်းရမိခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဩဂုတ ၂၇ ရက်၊ နံနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကြောင်းထိုး ချဉ်းကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ညနေပိုင်းမှာ မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က ဖော်ပြပါတယ်။
ဒီကနေ့ (ဩဂုတ် ၂၈ ရက်) မနက်ပိုင်းမှာလည်း အင်အား ၁၅၀ ကနေ ၂၀၀ နီးပါး ပါဝင်တဲ့ စစ်တပ် စစ်ကြောင်းက လွယ်ယင်းတောင်ခြေကို ထပ်မံချဉ်းကပ်လာပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နဲ့ လွိုင်လင်လေးအခြေစိုက် တပ်ရင်းတွေက ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ တစ်ရက်တည်း အလုံးပေါင်း ၈၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်အချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လကနေ ဩဂုတ်အထိ ၃လတာကာလအတွင်း စစ်တပ်ရဲ့ဒရုန်း ၃ စီးကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ၂ စီးက ပျက်စီးသွားကာ ၁စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။
တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အပြင် စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေကို ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ သွားလာခွင့်ပိတ်ပင်ထားသောလမ်းကြောင်းတွေကို အသုံးမပြုဖို့လည်း တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

❤33👏7👍6👎1🥰1🤣1🖕1
ဘုံရန်သူကိုတိုက်ပွဲဝင်ဖို့ တူညီတဲ့နေရာက ပူးပေါင်းဆောင်ရွက်ကြရန် မွန်တပ် NMSP-AD တိုက်တွန်း
ဩဂုတ် ၂၈၊၂၀၂၆။ ထားမြတ်/People’s Spring
တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားဖြင့်သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော် က ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဝါခေါင်လပြည့်နေ့ (ဩဂုတ် ၂၈ရက်)မှာ ကျရောက်တဲ့ (၇၉)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ကြေညာချက်မှာ အခုလိုဖော်ပြထားတာပါ။
ခိုင်မာတဲ့ တပ်ပေါင်းစု ပေါ်ဖို့ ကြိုးစားနေပေမဲ့ လူမျိုးပေါင်းစုံ၊ တော်လှန်ရေးအဖွဲ့အစည်း ပေါင်းစုံနဲ့ အဖွဲ့အစည်းတစ်ဖွဲ့ချင်းရဲ့ ဖြစ်တည်မှု နောက်ခံသမိုင်းနဲ့ အကျိုးစီးပွားများ မတူကွဲပြားတာကြောင့် ညှိနှိုင်းဆွေးနွေးတာ အချိန်ယူရမယ်လို့လည်း ဖော်ပြပါတယ်။
“ဘုံရန်သူကို တိုက်ပွဲဝင်ရန်အတွက် တူညီသည့်နေရာမှ လက်တွဲ၍ ပူး ပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားကြရမည် ဖြစ်သည်” လို့ NMSP-ADက ထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) / ရာမညမွန်တပ်တော်ဟာ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ကြောင်း ဖော်ပြပြီး အမျိုးသားအချင်းချင်းအကြား အမြင်မတူကွဲပြားမှုများကို ဘေးဖယ်ထားပြီး နားလည်မှုရှိရှိနဲ့ မွန်အမျိုးသား အလံတော်အောက်မှာ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်သွားကြရမယ်လို့လည်း ဖိတ်ခေါ်ပါတယ်။
“ယနေ့တိုက်ပွဲသည် စစ်ရေးအင် အား၊ညီညွတ်မှုအားတို့အပေါ် မှီတည်နေပြီး အတိတ်သမိုင်း၌ မည်မျှပင် အင်အားကြီးကျော်ဇောခဲ့သော်လည်း မျက် မှောက်ကာလတွင် အင်အားမရှိပါက မည်သူကမျှ အလေးထား အသိအမှတ်ပြုကြမည် မဟုတ်ပေ။ “ လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါကြောင့် မွန်တွေ အင်အားကြီးမားခိုင်မာစေဖို့နဲ့ အမျိုးသားရည်မှန်းချက်များ အောင်မြင်ဖို့ အတွက် ပြည်တွင်း ပြည်ပရှိ ရဟန်းသံဃာများ၊ မွန်လူထုနဲ့ မွန်လူငယ်များအပါအဝင် မွန်တစ်မျိုးသားလုံးက တော်လှန်ရေး အသိစိတ် ဓာတ်ဖြင့် ကျရာအခန်းကဏ္ဍမှ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်နဲ့ အ တူ လက်တွဲတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဘဝတူမဟာမိတ် တိုင်းရင်းသားများ၊ တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများနဲ့ အတူ ဆက်လက်ပူးပေါင်း တိုက်ပွဲဆင်နွှဲသွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
တဖက်မှာ စစ်အာဏာရှင်အုပ်စုဟာ သူတို့ အာဏာတည်မြဲဖို့ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် အသွင် ပြောင်းအစိုးရတရပ်အဖြစ် ပုံဖေါ်ထားပေမဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ညှဉ်းပန်းခြင်း၊ အဓမ္မစစ်သား စုဆောင်းပြီး စစ်အင်အားဖြည့်တင်းခြင်းနဲ့ အရပ်သားပြည်သူအပေါ် ရမ်းသမ်းဗုံးကြဲခြင်းများ အရင်အတိုင်း ဆက်လုပ်နေတယ်လို့ ဖော်ပြပါတယ်။
အသွင်ပြောင်းစစ်အုပ်စုဟာ ရက် (၁၀၀) စီမံချက် ချမှတ်ပြီး စီးပွားရေး၊ဖွံ့ဖြိုးရေး၊ငြိမ်းချမ်းရေးများ ဖော်ဆောင်ဖို့ ဟစ်ကြွေးထားပေမဲ့ လုံးဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကသာ အခြေခံဆွေးနွေးနေတာဖြစ်ကြောင်း၊ NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိတဲ့အပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ အတွက်သာ ဖြစ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်အနေဖြင့် လက်မခံကြောင်း ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ဖျက်နိုင်မှသာ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အ ရေးကို အာမခံနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

👍32❤8🤮2🥰1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မိုးဗြဲမြို့အနီး တိုက်ပွဲ စစ်တပ်သေဆုံးမှုများ
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲတွေမှာ စစ်သားတွေ ထိခိုက်သေဆုံးသူများပြီး စစ်သုံ့ပန်းတစ်ဦးဖမ်းမိကာဒရုန်းသုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က ဒီနေ့ ဩဂုတ် ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန်လကစပြီး ဩဂုတ် ၂၇ ရက် မနေ့က အထိ သုံးလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအရ မိုးဗြဲမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ (၄၂၂) ကာကင်းက ထွက်ခွာလာတဲ့ စစ်တပ် စစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။ ဇွန်လ ၂၉ ရက်က မိုးဗြဲမြို့အနီးမှာရှိတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်းတစ်ခုကို မိုးဗြဲPDF နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စခန်းသိမ်းပွဲမှာ စစ်တပ်က ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သားအလောင်းတစ်လောင်း၊ အရှင် တစ်ဦး နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
◾️လွိုင်ကော်က စစ်တပ်စခန်းကုန်းတစ်ခုကို ကရင်နီတပ်ပေါင်းစု ပြန်သိမ်း
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ကရင်နီတော်လှန်ရေးတပ်တွေက ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းကတောင်ကုန်းစခန်းတစ်ခုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဩဂုတ်၂၆ ရက်မှာ ပြန်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းကုန်းကို စစ်တပ်က ဩဂုတ် တတိယပတ်က ထိုးစစ်ဆင်ထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ချိန်မှာ လက်နက်ငယ်တချို့သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိပေးပါတယ်။
◾️စစ်သင်္ဘောတွေကို KIAနဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုနေမှာမဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူပြော
ကချင်ပြည်နယ်ကိုလာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေတပ်တော်(KIA)နဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုမှာ မဟုတ်ဘဲတိုက်ခိုက်မှုတွေရှိနေမယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောလိုက်ပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက် မနက်က စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို ထွက်ခွာလာတဲ့ အခြေအနေ၊ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်တက်လာနိုင်ခြေ ရှိမရှိ တို့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောတာပါ။ ဒါပေမဲ့ ဘယ်လောက်ပြင်း
ထန်မယ် ဘယ်လိုလုပ်မယ်ဆိုတာကတော့ ကြိုတင်ပြောလို့ အဆင်မပြေဘူးလို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံက ဆက်ပြောပါတယ်။ လက်ရှိမှာ စစ်သင်္ဘောအချို့ ရွှေကူရောက်တယ်လို့ သတင်းရထားပြီး အချို့က လမ်းခုလတ်မှာ ရပ်နေတယ်လို့ ကြားရကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
◾️ရန်သူလာရင် အတူဝိုင်းတိုက်ခိုက်နေတယ်လို့ ချင်းပြည်ကောင်စီပြော
ချင်းညီညွတ်ရေးကိစ္စဟာ ဦးစားပေးဖြစ်သလို ညီညွတ်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အ၀ ရှိကြောင်း ချင်းပြည်ကောင်စီ တာဝန်ရှိသူတွေက ဒီနေ့ သြဂုတ် ၂၈ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပြီး ရန်သူကို ချင်းတွေ အတူတကွ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ ချင်းပြည်ကောင်စီက ပြုစုတဲ့ ချင်းပြည်သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး ၂နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၈ရက် နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ချင်းတွေအကြား ညီညွတ်ရေးတည်ဆောက်ရေးက ပထမဦးစားပေး အနေနဲ့ပါဝင်ကြောင်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်းထန်းက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးရေးကိစ္စဟာ ချင်းပြည်ကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ မူဝါဒတွေအတိုင်းခိုင်မာစွာ ရပ်တည်ကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က အခုလို အသိပေးပါတယ်။
◾️စစ်တပ်လက်အောက်ခံ ZRAကင်းစခန်းကို CDF တွန်းဇံ သိမ်းပိုက်
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ ဩဂုတ်၂၈ရက်မှာ ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲမှာ ZRA-ECတပ်ဖွဲ့ဘက်က ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း အသိပေးပါတယ်။ ZRA-EC ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းကာ တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့တဲ့အပြင် အပြစ်မရှိတဲ့ စစ်ဘေးရှောင်ရွာသားတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့လို့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း CDF တွန်းဇံက ဆိုပါတယ်။

❤23👍8🤮2🖕2
◾️ချင်းမြောက်ထိုးစစ်ဦးဆောင်တဲ့ တပ်မ(၇၇)တပ်တွေကို စစ်တပ် ပြန်ရုတ်သိမ်း၊ ရဲတွေနဲ့အစားထိုးဟု ချင်းတပ်ဖွဲ့ပြော
ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။ ချင်းပြည်ကောင်စီက ပြုစုတဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာရွှေခါးရ်က အခုလို ပြောပြတာဖြစ်ပါတယ်။ ချင်းမြောက်ပိုင်းဘက်ဒေသတွေမှာ စစ်တပ်က စစ်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ချင်းတပ်ဖွဲ့တွေရထားတဲ့ သတင်းအချက်အလက်တွေ ပြန်အသိပေးရှင်းပြတာလည်းဖြစ်ပါတယ်။ စစ်တပ်က လှုပ်ရှားမှု သတင်းတွေအပေါ် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအနေနဲ့ လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ အသိပေးပါတယ်။
◾️ဘုံရန်သူကို တိုက်ပွဲဝင်ရာမှာ တူညီတဲ့နေရာက ပူးပေါင်းဆောင်ရွက်ကြဖို့ မွန်တပ် NMSP-AD တိုက်တွန်း
တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားနဲ့သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော်က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဝါခေါင်လပြည့် ဩဂုတ် ၂၈ရက်မှာ ကျရောက်တဲ့ (၇၉)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကြေညာချက်မှာ အခုလိုဖော်ပြထားတာပါ။ ခိုင်မာတဲ့ တပ်ပေါင်းစု ပေါ်ဖို့ ကြိုးစားနေပေမယ့် လူမျိုးပေါင်းစုံ၊ တော်လှန်ရေးအဖွဲ့အစည်း ပေါင်းစုံနဲ့ အဖွဲ့အစည်းတစ်ဖွဲ့ချင်းရဲ့ ဖြစ်တည်မှု နောက်ခံသမိုင်းနဲ့ အကျိုးစီးပွားများ မတူကွဲပြားတာကြောင့် ညှိနှိုင်းဆွေးနွေးတာ အချိန်ယူရမယ်လို့လည်း ဖော်ပြပါတယ်။ ဘုံရန်သူကို တိုက်ပွဲဝင်ဖို့ အတွက် တူညီတဲ့ နေရာမှ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားကြရမှာဖြစ်တယ်လို့ NMSP-ADက ထုတ်ပြန်ပါတယ်။
◾️ငါးသိုင်းချောင်းမှာ လှေမှောက်လို့ အမျိုးသားတစ်ဦးပျောက်ဆုံးနေ
ရေဘေးကြုံနေတဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီး ရေစီးနဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့ ည ၉နာရီခန့်က ငါးသိုင်းချောင်းမြို့ ရွာသစ်ကုန်းတံတားအနီးမှာ လှေတစ်စီး တိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးထဲက တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရေစီးနဲ့မျောပါသွားသူကို ဒီနေ့ သြဂုတ် ၂၈ရက် မနက်ပိုင်းအထိ မတွေ့သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကို သွားတဲ့လမ်းပိုင်းမှာ ရှိပါတယ်။ လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
◾️ဝမ်းတွင်းမှာ စစ်တပ်က လယ်ကွင်းထဲက တောင်သူတွေပါ ပေါ်တာဆွဲ
မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၂၇ ရက် နေ့လယ် ၁နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်းရွာတွေဘက်ရှိ လယ်ကွင်းတွေထဲကို ပင်းတလဲကျေးရွာဘက်က စစ်သားတွေ ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီနောက် စစ်သားတွေဟာ လယ်စိုက်၊ ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှ လူငယ်တွေကို ပေါ်တာလိုက်ဆွဲလို့ ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့လူတွေအကုန် ထွက်ပြေးခဲ့ကြရကြောင်း ဝမ်းတွင်းနယ်မြေပြင်သတင်းတွေဖော်ပြနေတဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။ အဲဒီနောက်မှာတော့ ပျိုးနုတ်နေတဲ့အထဲက လူငယ် ၁ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လယ်ယာလုပ်ငန်းခွင်တွေအထိ ပေါ်တာလိုက်ဆွဲနေလို့ လူငယ်တွေ တောင်သူအလုပ်ပစ်ထားကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

🤮13👍10🤬3🖕2❤1