People's Spring
60.2K subscribers
70.4K photos
1.21K videos
8 files
3.02K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍24🖕4🔥21
ပလက်ဝမြို့နယ်မီးဇာရွာဗုံးကြဲမှုပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရ

ဩဂုတ်-၂၇၊၂၀၂၆။ခိုင်မြတ်/People's Spring

အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့
နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုဒ္ဓဟူး​နေ့ ညနေပိုင်းလေးနာရီခွဲကျော်အချိန်လောက်မှာ ဂျက်ဖိုက်တာ ၅ စီး၊ Y12 တစ်စီးနဲ့ ဗုံးအ လုံးရေ ၅၀လောက် ကြဲချတိုက် ခိုက်ခဲ့တာပါ။

ဗုံးကြဲမှုကြောင့် သားအမိနှစ်ယောက်နေထိုင်တဲ့ အိမ်ကိုတည့်တည့်ကျရောက်ပေါက်ကွဲကာသေဆုံးခဲ့ပြီး လက်ရှိမှာ​ဒေသခံတွေဟာရွာမှာမနေထိုင်ရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ဒဏ်ရာရတဲ့သူကခြောက်ယောက်လို့ သိရတယ်။ အဲဒီထက်များနိုင်သေးတယ်။ ဗုံးကြဲကတည်းက ရွာသားတွေ ရှောင်နေကြတော့ စာရင်းအတိအကျမရဘူး။ ရွာထဲတွေ၊ ရွာနားတွေကိုရော တရစပ်ကြဲနေခဲ့တာကိုး။ အကုန် ကြောက်လန့်ကုန်တယ်။အခု ရွာမှာ လူတောင်မရှိသလောက်ဖြစ်သွားပြီ” လို့ မီးဇာရွာအနီး နေထိုင်တဲ့ ကုန်သည် တဦးက ပြောပါတယ်။

စစ်တပ်ဗုံးကြဲတဲ့မီးဇာရွာဟာအိန္ဒိယ-ရခိုင်နယ်
စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ် ပလက်၀
မြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ဖျားမှာ တည်ရှိပါတယ်။အာရက္ခတပ်​တော်(AA)
မသိမ်းပိုင်ခင်ကစစ်တပ် အထိုင်ချခဲ့ တရွန်အိုင်ဗျူဟာအနီးကရွာကြီးတရွာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော်
(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်ကို သုံးရက်ဆက်တိုက် လေ ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ ဆယ်ချီ ရှိခဲ့ပါတယ်။

ဩဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တို့မှာလည်း ပလက်၀မြို့နယ် နဲ့ ရွှေလိုက်ဝရွာအနီးဝန်း
ကျင်နဲ့ စိမ့်ညှင်းဝကျေးရွာ တို့ကို ဗုံးကြဲခဲ့ပြီး
စိမ့်ညှင်းဝဘုန်းတော်ကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေအပါအဝင် ၁၀ဦး သေ
ဆုံးပြီး၂၄ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ရခိုင် ပြည်
နယ်နဲ့ပလက်ဝမြို့နယ်​တွေကို ပြည်သူ​တွေကိုပါပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ​ကြောင့်အရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ အဲဒီလို စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ် ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ AA ကထုတ် ပြန်၊ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်းအာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်
သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိ
ခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။
🤬272🔥2👏2👎1
Media is too big
VIEW IN TELEGRAM
ရန်ကုန်မှာဝမ်း​ရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှု တိုး​နေ​ပေမယ့် စစ်တပ်သတင်းထိန်းချန်ထား
🔥21🤬6👎1👏1
ရန်ကုန်မှာဝမ်း​ရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှု တိုး​နေ​ပေမယ့် စစ်တပ်သတင်းထိန်းချန်ထား

သြဂုတ်-၂၇၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

ရန်ကုန်အပါအဝင် အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဝမ်းပျက်ဝမ်းလျှော​ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာဝမ်းရောဂါ​ကြောင့်​သေဆုံးသူ မရှိပဲ ရခိုင်ပြည်နယ်စစ်​တွေမြို့မှာပဲ ဝမ်း​ရောဂါ​ကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့စစ်တပ်အောက်ရှိကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ က သြဂုတ် ၂၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာရင်းမှာ ရန်ကုန်မြို့မှာ သြဂုတ်လ ၁၅ ရက်က​နေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၆၅ ဦး၊ ရခိုင်ပြည်နယ်မှာ ၈၁ ဦး၊ မွန်ပြည်နယ်မှာ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဦး စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ဦးရှိတယ်လို့ဆိုပါတယ်။အဲဒီထဲမှာကာလဝမ်း​ရောဂါဖြစ်ပွားသူ ၂၀၀ ဦးရှိပြီး ရခိုင်ပြည်နယ်က ၂ သေဆုံးခဲ့တယ်လို့ ဆိုထားတာပါ။

ဒါ​ပေမယ့် စစ်တပ်လက်​အောက်ခံ၊ ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်း​ဆောင်​နေတဲ့ဆရာဝန်တဦးက ရန်ကုန်မြို့မှာ ဝမ်းရောဂါဆက်လက်ကူးစက်နေဆဲဖြစ်ပြီး သေဆုံးသူ သြဂုတ် ၂၄ ရက်အထိ ၅ ဦးအထက်ရှိ​နေပြီလို့လို့ ​ပြောပါတယ် ။သေဆုံးလူနာအများစုဟာသက်ကြီးပိုင်း​တွေဖြစ်တယ်လို့လည်းသူကဆက်​ပြောပါတယ်။

"အားလုံးကပုံမှန်လိုပဲ စားသောက်သွားလာနေကြတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ ပြောချင်တယ်။ တနေ့တနေ့ဆေးရုံကြီးကိုဝမ်းလျှောလို့လာတဲ့လူနာတွေကမနည်းဘူး။ နယ်ဘက်ကလူတွေလည်းလာကြတယ်။ သက်ကြီးပိုင်းတွေကျမခံနိုင်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေက ပုဂ္ဂလိကဆေးရုံကိုတတ်နိုင်တာပေါ့။သေတဲ့သူတွေလည်းရှိတယ်။ သတင်းမထုတ်ပြန်တာပဲရှိတယ်" လို့ အထက်ပါ Non-CDM ဆရာဝန်ကရှင်းပြပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ၁၀ မြောက်ရပ်ကွက်၊ မာန်ပြေ၊ ၈ ရပ်ကွက်၊ ၉ ရပ်ကွက်နဲ့ အနော်မာရပ်ကွက်တို့မှာတင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၇၆ ဦးရှိပြီး အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးထပ်မံသေဆုံးခဲ့ကြောင်းသြဂုတ်၂၆ရက်မှာသတင်းထပ်မံရရှိပါတယ်။

ဒါ့အပြင် ​သြဂုတ် ၂၄ နေ့မနက်ပိုင်းမှဒဂုံတက္ကသိုလ်ကားဝင်းမှာရပ်ထားတဲဲ့ YBS 117 ယာဥ်ရဲ့ယာဥ်မောင်းတစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကားပေါ်မှာမေ့လဲခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ​ပြည်သူအချို့က​ပြောပါတယ်။

ဒါ​ကြောင့် ပန်းပဲတန်းမြို့နယ်မှာစတင်တွေ့ရှိခဲ့ တဲ့ဝမ်းရောဂါဟာမြို့နယ်အတော်များများမှာဆက်လက်ကူးစက်နေသလို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ ကျန်းမာ​ရေးဝန်ထမ်းနဲ့​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းလူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက စစ်တပ်ရဲ့ရန်ကုန်တိုင်းလွှတ်​​တော်မှာ ဝမ်း​ရောဂါဖြစ်ပွားသူ ၅၀၀ ဦးရှိတယ်လို့သြဂုတ် ၁၇ ရက်ကပြောကြားခဲ့ပါတယ်။ဒါ​ကြောင့် အခုထုတ်ပြန်တဲ့စာရင်းနဲ့ ဦးဗိုလ်​ဌေး သြဂုတ် ၁၇ ​ပြောခဲ့တဲ့စာရင်းနဲ့​တောင် အ​တော်ကွာဟနေတာကိုတွေ့ရပါတယ် ။

လက်​တွေ့မှာ ရန်ကုန်တစ်မြို့တည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်လာပြီးသေဆုံးသူတွေကိုကူးစက်ရောဂါနဲ့ သေဆုံးတာ​ကြောင့်ဆိုပြီး ထိန်ပင်သုဿာန်မှာ ပဲသဂြိုလ်ခိုင်းတယ်လို့ ​သေဆုံးသူ အချို့ရဲ့မိသားစုဝင် အချို့က People's Spring ကို​ပြောပါတယ် ။

"ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အဆောင်မှာပဲ။အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်" လို့ ရန်ကုန်မြို့မှာ သြဂုလဒုတိယပါတ်မှာ ဝမ်း​ရောဂါနဲ့သေဆုံးခဲ့သူရဲ့မိသားစုဝင်တဦးကလူထု​​နွေဦးကိုပြောပါတယ်။သေဆုံးသူဟာ အသက် ၈၇ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ် ။

ဒါ့အပြင်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့အိမ်တွေကိုလည်း ကိုဗစ်တုန်းကလို Stay Home ပုံစံနဲ့နေခိုင်းပြီး သေဆုံးပါကနာရေးပြုလုပ်ခွင့်မပေးပဲတားမြစ်ထားပါတယ်။

လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။

ရုပ်သံ- ​နေ့သစ်
🔥21👎21👏1
စစ်တပ်က သြဂုတ် ၂၅ ရက်မှာ စိမ့်ညှင်းဝကျေးရွာဘုန်းကြီး​ကျောင်းကိုဗုံးကြဲလို့ ဗုဒ္ဓရုပ်ပွား​တော်​နဲ့​ကျောင်း​ဆောင်ပျက်စီး​
နေစဥ်။ဓါတ်ပုံ-AA Info desk
🤬29🔥2👏21👎1😢1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ'​နေ့သစ်
👍20🔥3👎1
ဒီပဲယင်းရေဘေးသင့်ပြည်သူတွေကို မော်လိုက်PDFတွေနဲ့ဒေသခံတွေကကျပ်သိန်း
၅၀၀ခန့်ထောက်ပံ့

သြဂုတ်-၂၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေ
ဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

ဒီပဲယင်းနယ် မူးရိုးကုန်း ကျေးရွာက ဒေသခံပြည်သူတွေကို ဩဂုတ်လ၂၆ရက်နေ့မှာ ကံထူးမကျေးရွာလူငယ်အဖွဲ့ကသွားရောက်ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

မူးရိုးကုန်းကျေးရွာဟာ မူးမြစ်ကမ်း ဘေးမှာရှိပြီး သြဂုတ်လဆန်းက ရေဘေးကြောင့် ထိ
ခိုက်ပစ္စည်းမှုတွေအလွန်များပြားခဲ့တယ်လို့ ကံထူးမကျေးရွာလူငယ်အဖွဲ့ကပြောပါတယ်။လက်ရှိမှာရေပြန်ကျသွားပေမယ့် ဒေသခံတွေပြန်လည်ထူထောင်ရေးအတွက် မော်လိုက်မြို့
နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသ
ခံတွေကကျပ် ၄၈၁သိန်းကို လှူဒါန်းပေးတာဖြစ်ပါတယ်။

ကျွန်းလှမြို့နယ်မှာရှိတဲ့သဖန်းဆိပ်ဆည်ဟာ ဩဂုတ်လဆန်းမှာ စိုးရိမ်ရေမှတ်အထက်ကိုကျော်ပြီးနောက် စစ်အြပ်စုကဒေသခံတွေကိုအသိမပေးဘဲ ရေတံခါးကိုဖွင့်ချတာဖြစ်ပါတယ်။ ဒီပဲယင်း၊ ရွှေဘိုမြို့အပါအဝင် ဆည်အောက်ဖက်ကမြို့နယ်တွေ ဆိုးရွားတဲ့ရေ
ဘေးကြုံတွေ့ခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်မှာ ထိခိုက်ပျက်စီးမှုမှုများပြားတဲ့အပြင် လူသေဆုံးမှုလည်းရှိခဲ့ပါတယ်။

သြဂုတ်လ၆ရက်နေ့လယ်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု၊ချောင်းရိုးကျေးရွာ မြောက်ဘက်ချောင်းထဲမှာကောက်
စိုက်ပြန် ကောက်စိုက်သမ(၁၀)ဦး ၊ချောင်းကိုဖြတ်ကူးစဉ် ရုတ်တရက်ချောင်းရေတိုးပြီး ရေစီးဆင်းလာတာကနေ ၆ဦးမျောပါသေဆုံး
ခဲ့ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊အရာတော်၊ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ဒီပဲယင် မြို့နယ်‌
တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၄ဦး၊ ပျောက်ဆုံးနေသူတွေကိုနှစ်ဦးရှိပါတယ်။ဒါ့အပြင် ​ဒေသခံပြည်သူ နှစ်သိန်း‌
​ခြောက်သောင်းကျော်ရေဘေးကြုံတွေ့ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG-
MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စိုက်ပျိုးမြေအမြောက်အများရေ
နစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာဟာ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ MoSLHAကထုတ်ပြန်ထားပါတယ်။
👍35🥰74🤣3🖕2😁1
👍33🥰76🤣4🖕2👌1
■​ဆောင်းပါး

ဟိမဝန္တာရဲ့ သတိပေးသံ ကေဒါနတ်ကနေ
နီပေါအထိ

-နောင်နောင် ရေးသားသည်။

ဟိမဝန္တာတောင်တန်းကြီးကို လူအများက “ကမ္ဘာ့ခေါင်မိုး”လို့တင်စားခေါ်ကြပါတယ်။အဲဒီ
တောင်တန်းကြီးဟာ အလှအပနဲ့သာ သက်
ဆိုင်တာမဟုတ်ပါ။ အာရှတိုက်ရဲ့ အရေးကြီးဆုံး ရေအရင်းအမြစ်တွေကို ထိန်းသိမ်းထားတဲ့သဘာဝစနစ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။တောင်ထိပ်တွေပေါ်မှာ နှစ်ပေါင်းထောင်ချီ စုဝေးနေတဲ့ ရေခဲတွေဟာ နွေရာသီမှာ တဖြည်းဖြည်း အရည်ပျော်ပြီး မြစ်တွေကို ရေဖြည့်ပေးပါတယ်။ အဲဒီမြစ်တွေက လူသန်းပေါင်းများစွာရဲ့အသက်မွေးဝမ်း
ကျောင်းအတွက် အရေးကြီးတဲ့အရင်းအမြစ်
တွေ ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်
ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေ
ဘေးတွေက လူသား‌တွေ အတွက် သတိ
ပေးချက်တွေ ဖြစ်လာနေပါပြီ။

မနေ့က ၂၀၂၆ ဩဂုတ်လ ၂၆ ရက်နေ့ နီပေါနိုင်ငံ မြောက်ပိုင်း ရာဆူဝါ (Rasuwa) ခရိုင်၊ နီပေါ–တိဘက်နယ်စပ် လင်ဒဲခိုလာ (Lhende Khola) နဲ့ ဘိုတေးကိုရှီ (Bhote Koshi) မြစ်
ဝှမ်းဒေသမှာ ဖြစ်ခဲ့တဲ့ ရေဘေးကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ တောင်ပေါ်ကနေ ရေ၊ ရွှံ့၊ ကျောက်တွေ အရှိန်ပြင်းပြင်းနဲ့ ဆင်းလာတာကို မြင်ရတဲ့အခါ ကြောက်စရာကောင်းလှပါတယ်။ လူတော်တော်များများလည်း စိတ်ထဲမှာ မေးကြမယ်ထင်ပါတယ်။ “ဒီလိုနေရာမျိုးမှာ လူတွေ ဘာလို့ ရောက်နေကြတာလဲ။ ဒီလိုအန္တရာယ်ရှိတာ မသိကြဘူးလား” လို့ပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ အဲဒီလူတွေဟာ အန္တရာယ်ရှာပြီး သွားနေကြတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝ၊ ယုံကြည်ချက်နဲ့ အလုပ်အကိုင်တွေကြောင့် အဲဒီနေရာတွေမှာ ရောက်နေကြတာပါ။

နိပေါရဲ့ ရေဘေးကိုတွေ့တဲ့အခါမှာ ၂၀၁၃ ဇွန်လ၁၆ ရက်ကအိန္ဒိယ ရဲ့ဟိမဝန္တာရေဘေးကို သတိရလို့ ပြန်ကြည့်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လ က အိန္ဒိယနိုင်ငံ Uttarakhand (ဥတ္တရာခန့်) ပြည်နယ်၊ Kedarnath (ကေဒါနတ်) မှာဖြစ်ခဲ့တဲ့ ရေဘေးဟာ ဟိမဝန္တာသမိုင်းထဲက အကြီးမားဆုံးသဘာဝဘေးတွေထဲကတစ်
ခု ဖြစ်ပါတယ်။ကေဒါနတ်ဆိုတာသာမန်ရွာ
လေးတစ်ရွာ မဟုတ်ပါဘူး။ ဒါဟာဟိန္ဒူဘာ
သာဝင်တွေအတွက် အလွန်အရေးကြီးတဲ့ ဘုရားဖူးနေရာတစ်ခု ဖြစ်ပါတယ်။ကေဒါနတ်ဘုရားကျောင်း(Kedarnath Temple)ကိုအဓိကသွားကြတာပါ။

အဲဒီနေရာက တောင်မြင့်ကြီးတွေအကြား၊ ပင်
လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၅၀၀
ကျော်လောက်မှာရှိတဲ့နေရာပါ။အဲဒီနေရာကို လူတွေက ဘုရားဖူးဖို့ ကေဒါနတ် ဘုရားကျောင်းကို ဖူးမြော်ဖို့ ဘာသာရေးယုံကြည်ချက်အရ ဆုတောင်းဖို့ လာကြပါတယ်။ ဒါပေမယ့် ဘုရားဖူးတွေပဲ မဟုတ်ပါဘူး။ အဲဒီမှာ ဒေသခံတောင်ပေါ်လူမျိုးတွေ၊ဟိုတယ်၊တည်း
ခိုခန်းလုပ်သားတွေ၊စားသောက်ဆိုင်လုပ်သားတွေ၊ မြင်း၊ မြည်းနဲ့ သယ်ယူပို့ဆောင်ပေးသူတွေ၊ လမ်းပြတွေ၊ ဘုရားကျောင်းဝန်ထမ်းတွေလည်း နေထိုင်အလုပ်လုပ်ကြပါတယ်။ သူတို့အတွက် အဲဒီတောင်ကြားဟာ ဘေး
အန္တရာယ်နေရာတစ်ခုဆိုတာထက် သူတို့ဘ
ဝရဲ့ အလုပ်နဲ့ အိမ် ဖြစ်နေတာပါ။

အဲဒီအချိန်မှာ မိုးအလွန်များခဲ့ပါတယ်။ မိုးရေတွေ၊ နှင်းနဲ့ ရေခဲအရည်ပျော်လာတဲ့ရေတွေ စုပြီး တောင်ပေါ်မှာရေထုကြီးဖြစ်လာပါတယ်။
ကေဒါနတ် အထက်ပိုင်းက Chorabari (ချိုရာဘာရီ) ရေခဲရေကန်နားမှာ ရေထိန်းထားတဲ့ သဘာဝတားတံ အားနည်းလာပြီး ရေတွေ ရုတ်တရက် လွှတ်ထွက်လာခဲ့ပါတယ်။ အဲဒီရေထဲမှာ ရွှံ့၊ ကျောက်တုံးကြီးတွေ၊ သစ်
ပင်နဲ့ အပျက်အစီးတွေ ပါလာပါတယ်။ ဒါကြောင့် သာမန်ရေကြီးတာမဟုတ်တော့ဘဲ တောင်ပေါ်ကနေ ဆင်းလာတဲ့ ကျောက်ရွှံ့ရေစီးကြီး ဖြစ်သွားပါတယ်။ လူတွေက ရေ‌
တွေကို မြင်ပြီး ပြေးဖို့တောင် အချိန်မရခဲ့ပါဘူး။အဲဒီဘေးမှာလူ၁,၀၀၀ကျော်သေဆုံး
ခဲ့ကြောင်းအတည်ပြုထားပါတယ်။ ပျောက်
ဆုံးသူတွေပါ ထည့်တွက်ရင် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်းဟာ ငါးထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ ရွာတွေ၊ လမ်းတွေ၊ တံတားတွေ၊ တည်းခိုနေရာတွေ အများအ
ပြား ပျက်စီးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်မှာ လူတွေကြားအံ့ဩစရာအဖြစ်ပြောစရာတခုလည်း ရှိခဲ့ပါတယ်။ အဲဒါက
တော့ ကေဒါနတ်ဘုရားကျောင်း ကအပျက်
အစီးနည်းခဲ့တာပါ။ ရေ၊ ရွှံ့၊ ကျောက်တွေ စီးဆင်းလာတဲ့အခါ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတစ်လုံး က ဘုရားကျောင်းရဲ့ အ
နောက်ဘက်မှာ ရပ်တန့်သွားခဲ့ပါတယ်။ အဲဒီကျောက်တုံးကြီးက ရေစီးရဲ့ တိုက်ရိုက်အားကို ခွဲပေးခဲ့တယ်။ ကျောက်နဲ့ ရွှံ့တွေကို ဘေးဘက်ခွဲပေးခဲ့တယ်၊ ဘုရားကျောင်းနံရံကို တိုက်ရိုက်မထိအောင် ကာကွယ်ပေးခဲ့တယ်လို့ ဘူမိဗေဒပညာရှင်တွေက သုံးသပ်ကြပါတယ်။သိပ္ပံပညာရှင်တွေက “နေရာအနေအ
ထား၊ကျောက်တုံးကြီးရဲ့တည်နေရာ၊အ
ဆောက်အအုံတည်ဆောက်ပုံတွေ ပေါင်းစပ်ပြီး ကံကောင်းစွာ ရှင်သန်ခဲ့တာ” လို့ ရှင်းပြကြပါတယ်။ ဘာသာရေးယုံကြည်သူတွေကတော့ “ရှီဝဘုရားရဲ့ ကာကွယ်မှုကြောင့် ဘုရားကျောင်း ကျန်ခဲ့တာ” လို့ ယုံကြည်ကြပါတယ်။

နီပေါဖြစ်ရပ်မှာလည်း အခြေအနေက ဆင်တူပါတယ်။ ဒီနေရာတွေဟာ ဟိမဝန္တာတောင်
တန်းကြီးရဲ့ မြစ်ဖျားဒေသတွေပါ။ တောင်တွေ မြင့်တယ်၊ ရေခဲတွေရှိတယ်၊ မြစ်တွေက ချိုင့်ဝှမ်းထဲကို စီးဆင်းကြပါတယ်။ ဒီလိုနေရာတွေဟာ သဘာဝအရ အလွန်လှပပေမယ့် တစ်ချိန်တည်းမှာပဲ အလွန် အန္တရာယ်ရှိတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။
👍214🔥2🤣1🖕1
နီပေါဘက်မှာ ရောက်နေသူတွေက ဒေသခံတောင်ပေါ်လူမျိုး‌တွေ၊ တောင်တက်ခရီးသွားတွေ၊ trekking လုပ်သူတွေ၊ လမ်းပြတွေ၊ သယ်ဆောင်ပေးသူ‌တွေ၊တည်းခိုခန်း၊ စားသောက်လုပ်ငန်းလုပ်သူတွေ ဖြစ်ကြပါတယ်။ တချို့နေရာတွေဟာ ဘာသာရေးခရီးသွားလမ်းကြောင်းတွေနဲ့လည်း ဆက်နွယ်ပါတယ်။ တချို့က ခရီးသွားဖို့လာကြတာ၊ တချို့က အလုပ်အတွက် ရှိနေကြတာ၊ တချို့ကတော့ အဲဒီတောင်တန်းမှာပဲ မွေးဖွားကြီးပြင်းလာသူတွေ ဖြစ်ပါတယ်။ အခုချိန်ထိ နီ​ပေါ၊တီဘက် အားလုံး​ပေါင်းရင် သေဆုံးသူ အနည်းဆုံး ၃၉၀ ရှိလာပြီး ၊ ပျောက်ဆုံးနေသူ ၁၅၀၀ ရှိတယ်လို့ သတင်းတွေကနေသိရပါတယ်။

အစောပိုင်းမှာလူအများက “မဖြစ်ခင် ငလျင်
လှုပ်တယ်၊ ငလျင်ကြောင့် ဖြစ်တာလား” လို့ ထင်ခဲ့ကြတာပါ။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိမဝန္တာဟာ ငလျင်ဖြစ်လေ့ရှိတဲ့ ဒေသပါ။ ဒါပေမယ့် လေ့
လာသူတွေကတော့ ဖြစ်နိုင်ခြေတွေကို ခွဲပြီး ကြည့်နေကြပါတယ်။လက်ရှိသုံးသပ်ချက်တွေအရ ရေခဲတောင်အပိုင်း ပြိုကျခြင်း၊ ကျောက်တောင်ပြိုကျခြင်း၊ ရေခဲနဲ့ ကျောက်ရောနှောပြီး မြစ်ထဲ ဝင်ကျခြင်းတွေက အဓိ
ကဖြစ်နိုင်တယ်လို့ လေ့လာနေကြပါတယ်။တစ်ခါတလေ တောင်ပြိုမှုကြီးတစ်ခု ဖြစ်တဲ့အခါ မြေငလျင်လို တုန်ခါမှုကိုတောင် ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် “ငလျင်ကြောင့်” နဲ့ “တောင်ပြိုလို့ တုန်ခါတာ” လား ဆိုတာကို ခွဲခြားသိနိုင်ဖို့လိုပါတယ်။

အဓိကအကြောင်းတစ်ခုက ရာသီဥတုပြောင်းလဲမှုပါ။ ကမ္ဘာအပူချိန် တက်လာတဲ့အခါ ရေခဲတောင်တွေ ဆုတ်လာတယ်။ အရင်က ရေခဲနဲ့ ခိုင်မြဲနေတဲ့ ကျောက်တွေ ပေါ်လာတယ်။တောင်စောင်းတွေအားနည်းလာတယ်။
ရေခဲပျော်ရေတွေ စုပြီး ရေကန်အသစ်တွေ ဖြစ်လာနိုင်တယ်။ ဒီအရာတွေက တောင်ပေါ်ကို ပိုမတည်ငြိမ်စေတာဖြစ်နိုင်ပါတယ်။

အရေးကြီးဆုံးက တောင်ပေါ်ခရီးသွားမယ်ဆိုရင်ရာသီဥတုအခြေအနေကို ကြိုကြည့်ပါ။ မိုးအလွန်များတဲ့အချိန် မသွားပါနဲ့။ မြစ်ကမ်းနား၊ ချိုင့်ဝှမ်းအောက်ပိုင်းမှာ မတည်းခိုပါနဲ့။ ဒေသခံတွေရဲ့ သတိပေးချက်ကို လိုက်နာပါ။ ရေ၊ ရွှံ့၊ ကျောက် စီးလာတာတွေ့ရင် ဗီဒီယိုရိုက်ဖို့ မနီးမကပ်ပါနဲ့။ ကား၊ ပစ္စည်းယူဖို့ ပြန်မသွားပါနဲ့။ မြစ်အတိုင်း မပြေးပါနဲ့။မြင့်တဲ့နေရာကို ချက်ချင်း ရွှေ့ပါ။

ကေဒါနတ်ဖြစ်ရပ်နဲ့ နီပေါ ဟိမဝန္တာဖြစ်ရပ်တွေက သဘာဝရဲ့ အင်အားကို လူသားတွေ လျှော့မတွက်သင့်ကြောင်း သတိပေးနေပါတယ်။ တောင်တန်းဒေသတွေဟာ လှပပေမယ့် တစ်ချိန်တည်းမှာ ရေခဲပြိုကျမှု၊ မြေပြိုမှု၊ ရုတ်တရက်ရေဘေးတွေ ဖြစ်နိုင်တဲ့ နေရာတွေပါ။ ဒါကြောင့် သဘာဝကို ကြောက်ရွံ့ရုံမဟုတ်ဘဲ နားလည်ဖို့၊ ရာသီဥတုသတိပေး
ချက်တွေကို လိုက်နာဖို့၊ အန္တရာယ်ရှိတဲ့နေရာတွေမှာ သတိရှိရှိ နေထိုင်သွားလာဖို့ လိုအပ်ပါတယ်။ ။

ကိုးကား -
• National Disaster Management Authority (NDMA), India

• Uttarakhand Disaster 2013 — Causes, Impact and Lessons Learned

• IPCC — Intergovernmental Panel on Climate Change
👍312🤣2🔥1😢1🖕1
၂၀၁၃ အိန္ဒိယ ၊ကေဒါနတ်​ ရေကြီးပြီး​တွေ့ရစဥ် နဲ့ ၂၀၂၆ နီ​ပေါ​မှာရေကြီးပြီး
တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ၊ PTI
😢26👍1🔥1🤣1🖕1
ကချင်ကိုလာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုနှုတ်ဆက်နေမှာမဟုတ်ဟု ဗိုလ်မှူးကြီးနော်ဘူပြော

▪️ကသာနဲ့ ရွှေကူကြား စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ၊ သင်္ဘောအချို့ ရွှေ့ကူမြို့ရောက်

ဩဂုတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်ကိုလာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုမှာ မဟုတ်ဘဲ တိုက်ခိုက်မှုတွေရှိနေမယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မနက်က စစ်ကိုင်းတိုင်း၊ ကသာကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို ထွက်ခွာသွားတဲ့ အခြေအနေ၊ ရွှေကူကနေ ဗန်းမော်မြို့ ဆက်လက်တက်လာနိုင်ခြေ ရှိမရှိ တို့နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။

မနေ့က စစ်သင်္ဘောအချို့ ရွှေကူမြို့ကို ရောက်ရှိခဲ့ပြီး ရွှေကူကနေ ဗန်းမော်မြို့သို စစ်သင်္ဘောတွေ ဆက်တက်လာနိုင်ခြင်းရှိမရှိ နဲ့ပတ်သက်ပြီး ကြိုတင်ပြောဆိုလို့ အဆင်မပြေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

" ဒါပေမဲ့ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေလည်း လက်ဗလာနဲ့ ကြိုဆိုနှုတ်ဆက်နေမှာတော့ မဟုတ်ပါဘူး။ အဲဒါကိုတော့ ကျနော်ပြောလိုပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပြင်းထန်မယ် ဘယ်လိုလုပ်မယ်ဆိုတာကတော့ ကျနော်လည်း ကြိုတင်ပြီးမှတော့ ဘာမှ ပြောလို့တော့ အဆင်မပြေဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဩဂုတ် ၂၈ရက်မနက်မှာ ပြောပါတယ်။

လက်ရှိမှာ စစ်သင်္ဘောအချို့ ရွှေကူရောက်တယ်လို့ သတင်းရထားပြီး အချို့က လမ်းခုလတ်မှာ ရပ်နေတယ်လို့ ကြားရကြောင်းလည်း သူက ပြောပြပါတယ်။

မြေပြင်အခြေအနေ အသေးစိတ်ကို မကြားရပေမယ့် ဩဂုတ် ၂၇ရက်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာရှိကြောင်း ပြောပြပါတယ်။

“ အဲဒီ သင်္ဘောရဲ့လမ်းရှင်းတာ။ ဧရာ၀တီမြစ်ရဲ့ အရှေ့ဘက်ခြမ်းတို့ အနောက်ဘက်ခြမ်းတို့ ကမ်းမှာ နေနေတဲ့ ရွာတွေမှာတောင်မှ ဗုံးကြဲတယ်လို့ သတင်းရပါတယ်။ရွှေကူဘက်မှာ အခု သင်္ဘောတွေ ရောက်ရင်တော့ စစ်ရေးကတော့ ပိုပြီးမှ ပြင်းထန်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီ ရွှေကူတ၀ိုက်မှာကတော့ လွန်ခဲ့တဲ့ သုံးလေးရက်လောက်မှာ တိုက်ပွဲတွေက နေ့တိုင်းလိုရှိတယ်။ အခုလည်း ရှိမယ်လို့ ကျနော်ထင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း ကသာကနေ ရွှေ့ကူကိုလာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရမှု ရှိတယ်လို့ လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။ နေရာ ၄ခုမှာ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသုံးစီး စက်ခေါင်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က တိုက်လေယာဉ်နဲ့ ၁၄ကြိမ်၊ Y12 လေယာဉ်နဲ့ ၇ကြိမ် လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း သတင်းရင်းမြစ်က အသိပေးထားပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ ဩဂုတ် တတိယပတ်မှာ မန္တလေးကနေ ဧရာ၀တီမြစ်ကြောင်းအတိုင်း သင်္ဘောတွေ ထွက်ခွာလာရာ လမ်းတလျှောက်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု အချို့ ကြုံခဲ့ရပါတယ်။ စစ်သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးသင်္ဘောတွေ၊ တွန်းသင်္ဘောတွေ အပါအဝင် စုစုပေါင်း သင်္ဘော ၁၅စီးခန့် ပါဝင်တယ်လို့ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
👍357🥰4🤣2🖕2👏1💩1
(ကချင်ပြည်နယ်ကို ဆန်တက်လာနေတဲ့ စစ်သေင်္ဘာအုပ်စုကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🥰22👍9🔥3🤣3😁2👏1💩1🖕1
လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ကရင်နီတပ်ပေါင်းစု ပြန်သိမ်းပိုက်

ဩဂုတ်−၂၈၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက တောင်ကုန်းစခန်းကို ကရင်နီတပ်ပေါင်းစုက ဩဂုတ်၂၆ ရက်မှာ ပြန်သိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။ အဲဒီစခန်းကုန်းကို အာဏာသိမ်းစစ်တပ်က ဩဂုတ် တတိယပတ်က ထိုးစစ်ဆင်ထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။

"တပ်ပေါင်းစုနဲ့ ပြန်လုပ်တာ ပြန်ရပြီ"လို့ ကလလတ တာ၀န်ရှိသူက စခန်းကိုပြန်သိမ်းနိုင်ခဲ့တာကို ရှင်းပြပါတယ်။

မြေပြင်စစ်ရေးလုံခြုံရေးကြောင့် နေရာဖော်ပြလို့မရသေးတဲ့ စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်ခဲ့ချိန်မှာ လက်နက်ငယ်တချို့သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိပေးပါတယ်။

စခန်းကုန်းသိမ်းခံရတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်သူတချို့ကလည်း လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

"လွိုင်ကော်မြို့အနီးဆုံး တောင်ကုန်းပါ။ ခုချိန်ထိပြန်တိုက်ယူလို့ မရသေးပါဘူး။ ခုကရင်နီတွေခံကတုတ်ကျင်းများပြင်ဆင်နေပါတယ် လွိုင်ကော်မြို့ အနီးနားပတ်ဝန်းကျင်တွင် ကရင်နီများစုဖွဲ့နေတာတွေ့ရတယ်ညဘယ်နေဂာဦးတည်တိုက်ခိုက်မလည်းဆိုတာစောင့်ကြည့်ရတော့မည်"လို့ ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆိုမြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုး‌နေပါတယ်။

ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊လွယ်ယင်းတောင်ခြေ ၊ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့‌တွေကို ဆက်သွယ်ထားတဲ့ လမ်းမတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မနေ့က(ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က အရေးပေါ် သတိပေးထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့ ဒေါငံခါးရွာကတဆင့် နန်းမယ်ခုံမြို့ကို စစ်ကြောင်း၀င်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲ ဖြစ်နေပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နန်းမယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်ရေး အပါအ၀င် ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေကို ထိန်းချုပ်ရေးစစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။
👍326🥰5🖕3👎1👏1😁1🤣1😘1
(ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − KNPLF)
34👍7🥰5👏2😘2👎1🤣1🖕1
ဝမ်းတွင်းမှာ စစ်တပ်က လယ်ကွင်းထဲကတောင်သူတွေပါ ပေါ်တာဆွဲ၊ ၁ဦး ဖမ်းဆီးခံရ

သြဂုတ် ၂၈၊၂၀၂၆။ဟာနာဆန်/People's Spring

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၇ ရက် နေ့လယ် ၁နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်း ရွာတွေဘက်ရှိ လယ်ကွင်းတွေထဲကို ပင်းတလဲကျေးရွာဘက်က စစ်သားတွေ ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီနောက် စစ်သားတွေဟာ လယ်စိုက်၊ ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှ လူငယ်တွေကို ပေါ်တာလိုက်ဆွဲလို့ ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့လူတွေအကုန် ထွက်ပြေးခဲ့ကြရကြောင်း ဝမ်းတွင်းနယ်မြေပြင်သတင်းတွေဖော်ပြနေတဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။

အဲဒီနောက်မှာတော့ ပျိုးနုတ်နေတဲ့အထဲက လူငယ် ၁ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ၎င်းအဖွဲ့က ပြောပါတယ်။

"ပေါ်တာကခုရက်ပိုင်းနေ့တိုင်းဆွဲနေတယ်"လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လယ်ယာလုပ်ငန်းခွင်တွေအထိပေါ်တာလိုက်ဆွဲနေလို့ လူငယ်တွေ တောင်သူအလုပ်ပစ်ထားကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း နဘဲကန်ကျေးရွာမှာ အလုပ်လာလုပ်တဲ့ လက်ပက်ကုန်းရွာသား လူငယ် ၂ဦး၊ ကန်ပတ်လည်ရွာနဲ့ မင်းကန်ရွာက လူငယ်၂ဦး၊ ၂၄ ရက်က ဆုံကုန်းရွာက လူငယ် ၁ ဦး ဖမ်းဆီးခံလိုက်ရပြီး သတင်းမရတဲ့ ဖမ်းဆီးခံရမှုတွေလည်းရှိနေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

အလားတူ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာလည်း စစ်မှုထမ်းဆင့်ခေါ်တာတွေ၊ ပေါ်တာဆွဲတာတွေ အရင်ကထက်ပိုမို ပြုလုပ်နေပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။
🤬23👎3👏2💩2👍1🤮1🤣1
👍132🔥2🖕1
ရေကြီးနေတဲ့ ငါးသိုင်းချောင်းမှာလှေမှောက်လို့ အမျိုးသားတစ်ဦးပျောက်ဆုံး​နေ

သြဂုတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People's Spring

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

ဩဂုတ်လ ၂၇ ရက် ည၉နာရီခန့်က ငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်သွားတာပါ။ လှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးအနက်တစ်ဦးပျောက်
ဆုံးနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

"တစ်ယောက်ကလှေကိုဖက်ထားပြီးကျန်နေခဲ့တာ။နောက်တစ်ယောက်ကဂစ်တာမျောသွားလို့လိုက်ဆယ်ရင်းပျောက်သွားတာ။အခုမ
နက်အထိ မတွေ့ဘူး"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရွာသစ်ကုန်းတံတားဟာ ငါးသိုင်းချောင်းမြို့ကနေ လေးမျက်နှာမြို့ဘက်ကိုသွားတဲ့လမ်းပိုင်းမှာရှိပါတယ်။လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေစီးသန်‌နေဆဲလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့
ဇူလိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။ လက်ရှိမှာ လေးမျက်နှာ
၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ ဒေသခံတွေဟာ လှေတွေ၊ စက်လှေတွေနဲ့ ဝါးဖောင်တွေသုံးပြီး သွားလာနေရပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ်လ၁၈ရက်နေ့မှာလည်းလူတစ်ဦးရေနစ်သေဆုံးပြီး သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ‌ဘေးမှာ သြဂုတ်လ ၂၇ရက်နေ့အထိ ၁၂ဦးထက်မနည်းသေဆုံးထားပြီး နှစ်ဦးထက်မ
နည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ရေ‌ဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်ကောင်စီက အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နဲ့ ၉နေ့မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြို
တင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ဒါပေမယ့်ရေ
ဘေးဟာပိုမိုဆိုးရွားလာပြီးဟင်္သာတ၊ရေ
ကြည် ၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။
🔥17😢115🤬4👍2🤣1