ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းရွှေသောင်ယံမြို့နယ်ထဲကို စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြား ပို့ဆောင်အင်အားဖြည့်တင်းပြီး စစ်ပြင်နေပါတယ်။ ဒီနေ့ သြဂုတ်၂၇ရက်မနက်ပိုင်းမှာ ရွှေသောင်ယံမြို့ကို ဖြတ်သွားတဲ့ ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါး ဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလောက်အင်အားအများကြီး တခါမှမတွေ့ဖူးဘဲ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲမသိဘူးလို့ ရွှေသောင်ယံမြို့နယ် မကျည်းဇင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကားတွေပေါ်မှာလည်း စစ်မှုထမ်းသင်တန်းဆင်းတွေ အများကြီးပါလာပြီး မျက်နှာလည်း မကောင်းကြဘူးလို့ အဲဒီဒေသခံက ဆိုပါတယ်။ ရွှေသောင်ယံမြို့နယ်ဟာ ဂွမြို့နယ်နဲ့ ပင်လယ် ကမ်းရိုးတန်းချင်းဆက်စပ်နေပါတယ်။ အာရက္ခတပ်တော်(AA)က ဂွမြို့နယ်ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလမှာ သိမ်းယူပြီးတဲ့နောက်၂၀၂၅ ဇန်နဝါရီလထဲမှာတော့ ရွှေသောင်ယံမြို့အနီးတဝိုက်က စစ်တပ်စခန်းအချို့ကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဘောမိနဲ့ မကျည်းစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့ပါတယ်။ ၂၀၂၅ ဇန်နဝါရီတိုက်ပွဲတွေနောက်ပိုင်း စစ်အင်အားဖြည့်တင်းမှုတွေမှာ အခုတကြိမ်က စစ်အင်အားအများဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️အထူးတိုင်းစစ်ဌာန တပ်မှူးများ မြေပြင်မှာ တွေ့ဆုံ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲနဲ့ နည်းဗျူဟာမှူး၊ တပ်ရင်းမှူးများပါဝင်တဲ့ စုံညီအစည်းအဝေး ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့ပြီး ဒီအစည်းအဝေးဟာ PDF တပ်မှူးကြီးများအစည်းအဝေးရဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်ရမယ့် စစ်ရေးရည်မှန်းချက်တွေအတွက် တိုင်ပင်ကြတာလို့ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး၊ ဒု-တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းဦးစီးအရာရှိများ၊ နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများ၊ ဒု-တပ်ရင်းမှူးများ တက်ရောက်တဲ့ စုံညီအစည်းအဝေးတစ်ရပ်ကို အထူးတိုင်းစစ်ဌာနရုံးမှာ ဩဂုတ် ၂၃ရက်မှ စတင်ကာ နှစ်ရက်ကြာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။ အခု အစည်းအဝေးမှာ အထူးတိုင်းစစ်ဌာနရဲ့ တစ်နှစ်တာအတွင်း ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနဲ့ သင်ခန်းစာယူရမယ့် အချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
◾️မိုးဗြဲမြို့အနီး တိုက်ပွဲဖြစ်နေ
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)တာ၀န်ရှိသူက ပြောပါတယ်။ ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနဲ့ ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီနေ့ ဩဂုတ် ၂၇ ရက် နေ့လယ်ပိုင်းကစပြီး အရေးပေါ် သတိပေးထားပါတယ်။ အာဏာသိမ်းစစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ထိတွေ့မှုဖြစ်ပွားတာဖြစ်တယ်လို့ MBPDF တာ၀န်ရှိသူက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြပါတယ်။
◾️စဉ့်ကူးက ကြက်တူရွေးရွာကို စစ်တပ်က ၁၁ကြိမ်မြောက် မီးရှိူ့ဖျက်ဆီး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကြက်တူရွေးကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ကြက်တူရွေး ကျေးရွာကို သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဝင်ရောက် မီးရှို့သွားတာလို့ သိရပါတယ်။ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာအတွင်း ဗုံးကြဲတာကြောင့် လူသေဆုံးမှု တွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေက ကျေးရွာအတွင်းကနေ တိမ်းရှောင်နေကြတာမို့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
◾️မုံရွာမှာ စစ်တပ်က လူငယ်တွေကို နေ့ခင်းကြောင်တောင် ကားနဲ့ပေါ်တာဆွဲ

👍14🤬2🤮2🖕2
စစ်အုပ်စုက မုံရွာမြို့မှာ နေ့ခင်းကြောင်တောင်မှာပဲ မြို့အတွင်းကားတွေနဲ့လှည့်ပြီး လူငယ်တွေကို ပေါ်တာဆွဲတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို ပြည်သူတစ်ဦးက လူမှုကွန်ယက်မှာ မျှဝေပေးပါတယ်။ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ Video ဖိုင် သက်သေ အထောက်အထားကို မိဘပြည်သူများ အားလုံးပဲ ကြည့်ရှုကြပါလို့ရေးသားပြီး ဗီဒီယိုဖိုင်ကို မျှဝေထားတာပါ။ ရုပ်သံမှတ်တမ်းမှာ စစ်သား၊ ရဲ၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေက နေ့ခင်းဘက်မှာပဲ မုံရွာမြို့မှာ လူငယ်တွေကို ကားပေါ်တက်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။ မုံရွာမြို့မှာ သြဂုတ် ၂၆ ရက် ညနေပိုင်းက ဘုရားနီဘုရားအနီးမှာ လူငယ် ၉ ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရပြီး ၁ဦးကိုတော့ ကားနဲ့တိုက်ကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။
◾️မြင်းခြံမြို့မှာ စစ်သားနဲ့ ပျူတွေက စစ်ရှောင်ပြည်သူ့နေအိမ်တွေကနေ ခိုးယူ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ဒေသခံပြည်သူအများစုဟာ ကျေးရွာတွေအတွင်းပြန်မနေကြဘဲ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။ လူမနေတဲ့ ကျေးရွာတွေကို မြင်းခြံမြို့က စစ်တပ်နဲ့ ပျူစောထီးတွေက ကားတွေနဲ့ လာပြီး နေအိမ်တံခါးဘောင်နဲ့ သွပ်တွေကို ဖြုတ်ခိုးနေတာလို့ဒေသခံတွေက ပြောပါတယ်။

👍16🤬3🤮2🖕2❤1
ပလက်ဝမြို့နယ်မီးဇာရွာဗုံးကြဲမှုပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရ
ဩဂုတ်-၂၇၊၂၀၂၆။ခိုင်မြတ်/People's Spring
အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့
နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းလေးနာရီခွဲကျော်အချိန်လောက်မှာ ဂျက်ဖိုက်တာ ၅ စီး၊ Y12 တစ်စီးနဲ့ ဗုံးအ လုံးရေ ၅၀လောက် ကြဲချတိုက် ခိုက်ခဲ့တာပါ။
ဗုံးကြဲမှုကြောင့် သားအမိနှစ်ယောက်နေထိုင်တဲ့ အိမ်ကိုတည့်တည့်ကျရောက်ပေါက်ကွဲကာသေဆုံးခဲ့ပြီး လက်ရှိမှာဒေသခံတွေဟာရွာမှာမနေထိုင်ရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ဒဏ်ရာရတဲ့သူကခြောက်ယောက်လို့ သိရတယ်။ အဲဒီထက်များနိုင်သေးတယ်။ ဗုံးကြဲကတည်းက ရွာသားတွေ ရှောင်နေကြတော့ စာရင်းအတိအကျမရဘူး။ ရွာထဲတွေ၊ ရွာနားတွေကိုရော တရစပ်ကြဲနေခဲ့တာကိုး။ အကုန် ကြောက်လန့်ကုန်တယ်။အခု ရွာမှာ လူတောင်မရှိသလောက်ဖြစ်သွားပြီ” လို့ မီးဇာရွာအနီး နေထိုင်တဲ့ ကုန်သည် တဦးက ပြောပါတယ်။
စစ်တပ်ဗုံးကြဲတဲ့မီးဇာရွာဟာအိန္ဒိယ-ရခိုင်နယ်
စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ် ပလက်၀
မြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ဖျားမှာ တည်ရှိပါတယ်။အာရက္ခတပ်တော်(AA)
မသိမ်းပိုင်ခင်ကစစ်တပ် အထိုင်ချခဲ့ တရွန်အိုင်ဗျူဟာအနီးကရွာကြီးတရွာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော်
(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်ကို သုံးရက်ဆက်တိုက် လေ ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ ဆယ်ချီ ရှိခဲ့ပါတယ်။
ဩဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တို့မှာလည်း ပလက်၀မြို့နယ် နဲ့ ရွှေလိုက်ဝရွာအနီးဝန်း
ကျင်နဲ့ စိမ့်ညှင်းဝကျေးရွာ တို့ကို ဗုံးကြဲခဲ့ပြီး
စိမ့်ညှင်းဝဘုန်းတော်ကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေအပါအဝင် ၁၀ဦး သေ
ဆုံးပြီး၂၄ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ရခိုင် ပြည်
နယ်နဲ့ပလက်ဝမြို့နယ်တွေကို ပြည်သူတွေကိုပါပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့်အရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ အဲဒီလို စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ် ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ AA ကထုတ် ပြန်၊ သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်းအာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်
သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိ
ခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

🤬26❤2🔥2👏2👎1
Media is too big
VIEW IN TELEGRAM
ရန်ကုန်မှာဝမ်းရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှု တိုးနေပေမယ့် စစ်တပ်သတင်းထိန်းချန်ထား
🔥21🤬6👎1👏1
ရန်ကုန်မှာဝမ်းရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှု တိုးနေပေမယ့် စစ်တပ်သတင်းထိန်းချန်ထား
သြဂုတ်-၂၇၊၂၀၂၆။တာရာ/People's Spring
ရန်ကုန်မြို့မှာ ဝမ်းရောဂါနဲ့သေဆုံးသူဆက်တိုးနေပေမယ့် စစ်တပ်က သတင်းတွေကိုထိမ်ချန်ထုတ်ပြန်နေပါတယ် ။
ရန်ကုန်အပါအဝင် အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာဝမ်းရောဂါကြောင့်သေဆုံးသူ မရှိပဲ ရခိုင်ပြည်နယ်စစ်တွေမြို့မှာပဲ ဝမ်းရောဂါကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့စစ်တပ်အောက်ရှိကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ က သြဂုတ် ၂၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစာရင်းမှာ ရန်ကုန်မြို့မှာ သြဂုတ်လ ၁၅ ရက်ကနေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၆၅ ဦး၊ ရခိုင်ပြည်နယ်မှာ ၈၁ ဦး၊ မွန်ပြည်နယ်မှာ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဦး စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ဦးရှိတယ်လို့ဆိုပါတယ်။အဲဒီထဲမှာကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀၀ ဦးရှိပြီး ရခိုင်ပြည်နယ်က ၂ သေဆုံးခဲ့တယ်လို့ ဆိုထားတာပါ။
ဒါပေမယ့် စစ်တပ်လက်အောက်ခံ၊ ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တဦးက ရန်ကုန်မြို့မှာ ဝမ်းရောဂါဆက်လက်ကူးစက်နေဆဲဖြစ်ပြီး သေဆုံးသူ သြဂုတ် ၂၄ ရက်အထိ ၅ ဦးအထက်ရှိနေပြီလို့လို့ ပြောပါတယ် ။သေဆုံးလူနာအများစုဟာသက်ကြီးပိုင်းတွေဖြစ်တယ်လို့လည်းသူကဆက်ပြောပါတယ်။
"အားလုံးကပုံမှန်လိုပဲ စားသောက်သွားလာနေကြတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ ပြောချင်တယ်။ တနေ့တနေ့ဆေးရုံကြီးကိုဝမ်းလျှောလို့လာတဲ့လူနာတွေကမနည်းဘူး။ နယ်ဘက်ကလူတွေလည်းလာကြတယ်။ သက်ကြီးပိုင်းတွေကျမခံနိုင်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေက ပုဂ္ဂလိကဆေးရုံကိုတတ်နိုင်တာပေါ့။သေတဲ့သူတွေလည်းရှိတယ်။ သတင်းမထုတ်ပြန်တာပဲရှိတယ်" လို့ အထက်ပါ Non-CDM ဆရာဝန်ကရှင်းပြပါတယ်။
ဒါ့အပြင် သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ၁၀ မြောက်ရပ်ကွက်၊ မာန်ပြေ၊ ၈ ရပ်ကွက်၊ ၉ ရပ်ကွက်နဲ့ အနော်မာရပ်ကွက်တို့မှာတင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၇၆ ဦးရှိပြီး အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးထပ်မံသေဆုံးခဲ့ကြောင်းသြဂုတ်၂၆ရက်မှာသတင်းထပ်မံရရှိပါတယ်။
ဒါ့အပြင် သြဂုတ် ၂၄ နေ့မနက်ပိုင်းမှဒဂုံတက္ကသိုလ်ကားဝင်းမှာရပ်ထားတဲဲ့ YBS 117 ယာဥ်ရဲ့ယာဥ်မောင်းတစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကားပေါ်မှာမေ့လဲခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ပြည်သူအချို့ကပြောပါတယ်။
ဒါကြောင့် ပန်းပဲတန်းမြို့နယ်မှာစတင်တွေ့ရှိခဲ့ တဲ့ဝမ်းရောဂါဟာမြို့နယ်အတော်များများမှာဆက်လက်ကူးစက်နေသလို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းနဲ့ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းလူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက စစ်တပ်ရဲ့ရန်ကုန်တိုင်းလွှတ်တော်မှာ ဝမ်းရောဂါဖြစ်ပွားသူ ၅၀၀ ဦးရှိတယ်လို့သြဂုတ် ၁၇ ရက်ကပြောကြားခဲ့ပါတယ်။ဒါကြောင့် အခုထုတ်ပြန်တဲ့စာရင်းနဲ့ ဦးဗိုလ်ဌေး သြဂုတ် ၁၇ ပြောခဲ့တဲ့စာရင်းနဲ့တောင် အတော်ကွာဟနေတာကိုတွေ့ရပါတယ် ။
လက်တွေ့မှာ ရန်ကုန်တစ်မြို့တည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်လာပြီးသေဆုံးသူတွေကိုကူးစက်ရောဂါနဲ့ သေဆုံးတာကြောင့်ဆိုပြီး ထိန်ပင်သုဿာန်မှာ ပဲသဂြိုလ်ခိုင်းတယ်လို့ သေဆုံးသူ အချို့ရဲ့မိသားစုဝင် အချို့က People's Spring ကိုပြောပါတယ် ။
"ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အဆောင်မှာပဲ။အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်" လို့ ရန်ကုန်မြို့မှာ သြဂုလဒုတိယပါတ်မှာ ဝမ်းရောဂါနဲ့သေဆုံးခဲ့သူရဲ့မိသားစုဝင်တဦးကလူထုနွေဦးကိုပြောပါတယ်။သေဆုံးသူဟာ အသက် ၈၇ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ် ။
ဒါ့အပြင်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့အိမ်တွေကိုလည်း ကိုဗစ်တုန်းကလို Stay Home ပုံစံနဲ့နေခိုင်းပြီး သေဆုံးပါကနာရေးပြုလုပ်ခွင့်မပေးပဲတားမြစ်ထားပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။
ရုပ်သံ- နေ့သစ်

🔥21👎2❤1👏1
ဒီပဲယင်းရေဘေးသင့်ပြည်သူတွေကို မော်လိုက်PDFတွေနဲ့ဒေသခံတွေကကျပ်သိန်း
၅၀၀ခန့်ထောက်ပံ့
သြဂုတ်-၂၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring
သဖန်းဆိပ်ဆည်ဖောက်ချလို့ ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေ
ဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။
ဒီပဲယင်းနယ် မူးရိုးကုန်း ကျေးရွာက ဒေသခံပြည်သူတွေကို ဩဂုတ်လ၂၆ရက်နေ့မှာ ကံထူးမကျေးရွာလူငယ်အဖွဲ့ကသွားရောက်ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မူးရိုးကုန်းကျေးရွာဟာ မူးမြစ်ကမ်း ဘေးမှာရှိပြီး သြဂုတ်လဆန်းက ရေဘေးကြောင့် ထိ
ခိုက်ပစ္စည်းမှုတွေအလွန်များပြားခဲ့တယ်လို့ ကံထူးမကျေးရွာလူငယ်အဖွဲ့ကပြောပါတယ်။လက်ရှိမှာရေပြန်ကျသွားပေမယ့် ဒေသခံတွေပြန်လည်ထူထောင်ရေးအတွက် မော်လိုက်မြို့
နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသ
ခံတွေကကျပ် ၄၈၁သိန်းကို လှူဒါန်းပေးတာဖြစ်ပါတယ်။
ကျွန်းလှမြို့နယ်မှာရှိတဲ့သဖန်းဆိပ်ဆည်ဟာ ဩဂုတ်လဆန်းမှာ စိုးရိမ်ရေမှတ်အထက်ကိုကျော်ပြီးနောက် စစ်အြပ်စုကဒေသခံတွေကိုအသိမပေးဘဲ ရေတံခါးကိုဖွင့်ချတာဖြစ်ပါတယ်။ ဒီပဲယင်း၊ ရွှေဘိုမြို့အပါအဝင် ဆည်အောက်ဖက်ကမြို့နယ်တွေ ဆိုးရွားတဲ့ရေ
ဘေးကြုံတွေ့ခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်မှာ ထိခိုက်ပျက်စီးမှုမှုများပြားတဲ့အပြင် လူသေဆုံးမှုလည်းရှိခဲ့ပါတယ်။
သြဂုတ်လ၆ရက်နေ့လယ်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု၊ချောင်းရိုးကျေးရွာ မြောက်ဘက်ချောင်းထဲမှာကောက်
စိုက်ပြန် ကောက်စိုက်သမ(၁၀)ဦး ၊ချောင်းကိုဖြတ်ကူးစဉ် ရုတ်တရက်ချောင်းရေတိုးပြီး ရေစီးဆင်းလာတာကနေ ၆ဦးမျောပါသေဆုံး
ခဲ့ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊အရာတော်၊ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ဒီပဲယင် မြို့နယ်
တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၄ဦး၊ ပျောက်ဆုံးနေသူတွေကိုနှစ်ဦးရှိပါတယ်။ဒါ့အပြင် ဒေသခံပြည်သူ နှစ်သိန်း
ခြောက်သောင်းကျော်ရေဘေးကြုံတွေ့ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG-
MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စိုက်ပျိုးမြေအမြောက်အများရေ
နစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာဟာ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ MoSLHAကထုတ်ပြန်ထားပါတယ်။

👍34🥰7❤4🤣3🖕2😁1
■ဆောင်းပါး
ဟိမဝန္တာရဲ့ သတိပေးသံ ကေဒါနတ်ကနေ
နီပေါအထိ
-နောင်နောင် ရေးသားသည်။
ဟိမဝန္တာတောင်တန်းကြီးကို လူအများက “ကမ္ဘာ့ခေါင်မိုး”လို့တင်စားခေါ်ကြပါတယ်။အဲဒီ
တောင်တန်းကြီးဟာ အလှအပနဲ့သာ သက်
ဆိုင်တာမဟုတ်ပါ။ အာရှတိုက်ရဲ့ အရေးကြီးဆုံး ရေအရင်းအမြစ်တွေကို ထိန်းသိမ်းထားတဲ့သဘာဝစနစ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။တောင်ထိပ်တွေပေါ်မှာ နှစ်ပေါင်းထောင်ချီ စုဝေးနေတဲ့ ရေခဲတွေဟာ နွေရာသီမှာ တဖြည်းဖြည်း အရည်ပျော်ပြီး မြစ်တွေကို ရေဖြည့်ပေးပါတယ်။ အဲဒီမြစ်တွေက လူသန်းပေါင်းများစွာရဲ့အသက်မွေးဝမ်း
ကျောင်းအတွက် အရေးကြီးတဲ့အရင်းအမြစ်
တွေ ဖြစ်လာပါတယ်။
ဒါပေမယ့် ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်
ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေ
ဘေးတွေက လူသားတွေ အတွက် သတိ
ပေးချက်တွေ ဖြစ်လာနေပါပြီ။
မနေ့က ၂၀၂၆ ဩဂုတ်လ ၂၆ ရက်နေ့ နီပေါနိုင်ငံ မြောက်ပိုင်း ရာဆူဝါ (Rasuwa) ခရိုင်၊ နီပေါ–တိဘက်နယ်စပ် လင်ဒဲခိုလာ (Lhende Khola) နဲ့ ဘိုတေးကိုရှီ (Bhote Koshi) မြစ်
ဝှမ်းဒေသမှာ ဖြစ်ခဲ့တဲ့ ရေဘေးကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ တောင်ပေါ်ကနေ ရေ၊ ရွှံ့၊ ကျောက်တွေ အရှိန်ပြင်းပြင်းနဲ့ ဆင်းလာတာကို မြင်ရတဲ့အခါ ကြောက်စရာကောင်းလှပါတယ်။ လူတော်တော်များများလည်း စိတ်ထဲမှာ မေးကြမယ်ထင်ပါတယ်။ “ဒီလိုနေရာမျိုးမှာ လူတွေ ဘာလို့ ရောက်နေကြတာလဲ။ ဒီလိုအန္တရာယ်ရှိတာ မသိကြဘူးလား” လို့ပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ အဲဒီလူတွေဟာ အန္တရာယ်ရှာပြီး သွားနေကြတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝ၊ ယုံကြည်ချက်နဲ့ အလုပ်အကိုင်တွေကြောင့် အဲဒီနေရာတွေမှာ ရောက်နေကြတာပါ။
နိပေါရဲ့ ရေဘေးကိုတွေ့တဲ့အခါမှာ ၂၀၁၃ ဇွန်လ၁၆ ရက်ကအိန္ဒိယ ရဲ့ဟိမဝန္တာရေဘေးကို သတိရလို့ ပြန်ကြည့်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လ က အိန္ဒိယနိုင်ငံ Uttarakhand (ဥတ္တရာခန့်) ပြည်နယ်၊ Kedarnath (ကေဒါနတ်) မှာဖြစ်ခဲ့တဲ့ ရေဘေးဟာ ဟိမဝန္တာသမိုင်းထဲက အကြီးမားဆုံးသဘာဝဘေးတွေထဲကတစ်
ခု ဖြစ်ပါတယ်။ကေဒါနတ်ဆိုတာသာမန်ရွာ
လေးတစ်ရွာ မဟုတ်ပါဘူး။ ဒါဟာဟိန္ဒူဘာ
သာဝင်တွေအတွက် အလွန်အရေးကြီးတဲ့ ဘုရားဖူးနေရာတစ်ခု ဖြစ်ပါတယ်။ကေဒါနတ်ဘုရားကျောင်း(Kedarnath Temple)ကိုအဓိကသွားကြတာပါ။
အဲဒီနေရာက တောင်မြင့်ကြီးတွေအကြား၊ ပင်
လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၅၀၀
ကျော်လောက်မှာရှိတဲ့နေရာပါ။အဲဒီနေရာကို လူတွေက ဘုရားဖူးဖို့ ကေဒါနတ် ဘုရားကျောင်းကို ဖူးမြော်ဖို့ ဘာသာရေးယုံကြည်ချက်အရ ဆုတောင်းဖို့ လာကြပါတယ်။ ဒါပေမယ့် ဘုရားဖူးတွေပဲ မဟုတ်ပါဘူး။ အဲဒီမှာ ဒေသခံတောင်ပေါ်လူမျိုးတွေ၊ဟိုတယ်၊တည်း
ခိုခန်းလုပ်သားတွေ၊စားသောက်ဆိုင်လုပ်သားတွေ၊ မြင်း၊ မြည်းနဲ့ သယ်ယူပို့ဆောင်ပေးသူတွေ၊ လမ်းပြတွေ၊ ဘုရားကျောင်းဝန်ထမ်းတွေလည်း နေထိုင်အလုပ်လုပ်ကြပါတယ်။ သူတို့အတွက် အဲဒီတောင်ကြားဟာ ဘေး
အန္တရာယ်နေရာတစ်ခုဆိုတာထက် သူတို့ဘ
ဝရဲ့ အလုပ်နဲ့ အိမ် ဖြစ်နေတာပါ။
အဲဒီအချိန်မှာ မိုးအလွန်များခဲ့ပါတယ်။ မိုးရေတွေ၊ နှင်းနဲ့ ရေခဲအရည်ပျော်လာတဲ့ရေတွေ စုပြီး တောင်ပေါ်မှာရေထုကြီးဖြစ်လာပါတယ်။
ကေဒါနတ် အထက်ပိုင်းက Chorabari (ချိုရာဘာရီ) ရေခဲရေကန်နားမှာ ရေထိန်းထားတဲ့ သဘာဝတားတံ အားနည်းလာပြီး ရေတွေ ရုတ်တရက် လွှတ်ထွက်လာခဲ့ပါတယ်။ အဲဒီရေထဲမှာ ရွှံ့၊ ကျောက်တုံးကြီးတွေ၊ သစ်
ပင်နဲ့ အပျက်အစီးတွေ ပါလာပါတယ်။ ဒါကြောင့် သာမန်ရေကြီးတာမဟုတ်တော့ဘဲ တောင်ပေါ်ကနေ ဆင်းလာတဲ့ ကျောက်ရွှံ့ရေစီးကြီး ဖြစ်သွားပါတယ်။ လူတွေက ရေ
တွေကို မြင်ပြီး ပြေးဖို့တောင် အချိန်မရခဲ့ပါဘူး။အဲဒီဘေးမှာလူ၁,၀၀၀ကျော်သေဆုံး
ခဲ့ကြောင်းအတည်ပြုထားပါတယ်။ ပျောက်
ဆုံးသူတွေပါ ထည့်တွက်ရင် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်းဟာ ငါးထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ ရွာတွေ၊ လမ်းတွေ၊ တံတားတွေ၊ တည်းခိုနေရာတွေ အများအ
ပြား ပျက်စီးခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ လူတွေကြားအံ့ဩစရာအဖြစ်ပြောစရာတခုလည်း ရှိခဲ့ပါတယ်။ အဲဒါက
တော့ ကေဒါနတ်ဘုရားကျောင်း ကအပျက်
အစီးနည်းခဲ့တာပါ။ ရေ၊ ရွှံ့၊ ကျောက်တွေ စီးဆင်းလာတဲ့အခါ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတစ်လုံး က ဘုရားကျောင်းရဲ့ အ
နောက်ဘက်မှာ ရပ်တန့်သွားခဲ့ပါတယ်။ အဲဒီကျောက်တုံးကြီးက ရေစီးရဲ့ တိုက်ရိုက်အားကို ခွဲပေးခဲ့တယ်။ ကျောက်နဲ့ ရွှံ့တွေကို ဘေးဘက်ခွဲပေးခဲ့တယ်၊ ဘုရားကျောင်းနံရံကို တိုက်ရိုက်မထိအောင် ကာကွယ်ပေးခဲ့တယ်လို့ ဘူမိဗေဒပညာရှင်တွေက သုံးသပ်ကြပါတယ်။သိပ္ပံပညာရှင်တွေက “နေရာအနေအ
ထား၊ကျောက်တုံးကြီးရဲ့တည်နေရာ၊အ
ဆောက်အအုံတည်ဆောက်ပုံတွေ ပေါင်းစပ်ပြီး ကံကောင်းစွာ ရှင်သန်ခဲ့တာ” လို့ ရှင်းပြကြပါတယ်။ ဘာသာရေးယုံကြည်သူတွေကတော့ “ရှီဝဘုရားရဲ့ ကာကွယ်မှုကြောင့် ဘုရားကျောင်း ကျန်ခဲ့တာ” လို့ ယုံကြည်ကြပါတယ်။
နီပေါဖြစ်ရပ်မှာလည်း အခြေအနေက ဆင်တူပါတယ်။ ဒီနေရာတွေဟာ ဟိမဝန္တာတောင်
တန်းကြီးရဲ့ မြစ်ဖျားဒေသတွေပါ။ တောင်တွေ မြင့်တယ်၊ ရေခဲတွေရှိတယ်၊ မြစ်တွေက ချိုင့်ဝှမ်းထဲကို စီးဆင်းကြပါတယ်။ ဒီလိုနေရာတွေဟာ သဘာဝအရ အလွန်လှပပေမယ့် တစ်ချိန်တည်းမှာပဲ အလွန် အန္တရာယ်ရှိတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

👍21❤4🔥2🤣1🖕1
နီပေါဘက်မှာ ရောက်နေသူတွေက ဒေသခံတောင်ပေါ်လူမျိုးတွေ၊ တောင်တက်ခရီးသွားတွေ၊ trekking လုပ်သူတွေ၊ လမ်းပြတွေ၊ သယ်ဆောင်ပေးသူတွေ၊တည်းခိုခန်း၊ စားသောက်လုပ်ငန်းလုပ်သူတွေ ဖြစ်ကြပါတယ်။ တချို့နေရာတွေဟာ ဘာသာရေးခရီးသွားလမ်းကြောင်းတွေနဲ့လည်း ဆက်နွယ်ပါတယ်။ တချို့က ခရီးသွားဖို့လာကြတာ၊ တချို့က အလုပ်အတွက် ရှိနေကြတာ၊ တချို့ကတော့ အဲဒီတောင်တန်းမှာပဲ မွေးဖွားကြီးပြင်းလာသူတွေ ဖြစ်ပါတယ်။ အခုချိန်ထိ နီပေါ၊တီဘက် အားလုံးပေါင်းရင် သေဆုံးသူ အနည်းဆုံး ၃၉၀ ရှိလာပြီး ၊ ပျောက်ဆုံးနေသူ ၁၅၀၀ ရှိတယ်လို့ သတင်းတွေကနေသိရပါတယ်။
အစောပိုင်းမှာလူအများက “မဖြစ်ခင် ငလျင်
လှုပ်တယ်၊ ငလျင်ကြောင့် ဖြစ်တာလား” လို့ ထင်ခဲ့ကြတာပါ။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိမဝန္တာဟာ ငလျင်ဖြစ်လေ့ရှိတဲ့ ဒေသပါ။ ဒါပေမယ့် လေ့
လာသူတွေကတော့ ဖြစ်နိုင်ခြေတွေကို ခွဲပြီး ကြည့်နေကြပါတယ်။လက်ရှိသုံးသပ်ချက်တွေအရ ရေခဲတောင်အပိုင်း ပြိုကျခြင်း၊ ကျောက်တောင်ပြိုကျခြင်း၊ ရေခဲနဲ့ ကျောက်ရောနှောပြီး မြစ်ထဲ ဝင်ကျခြင်းတွေက အဓိ
ကဖြစ်နိုင်တယ်လို့ လေ့လာနေကြပါတယ်။တစ်ခါတလေ တောင်ပြိုမှုကြီးတစ်ခု ဖြစ်တဲ့အခါ မြေငလျင်လို တုန်ခါမှုကိုတောင် ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် “ငလျင်ကြောင့်” နဲ့ “တောင်ပြိုလို့ တုန်ခါတာ” လား ဆိုတာကို ခွဲခြားသိနိုင်ဖို့လိုပါတယ်။
အဓိကအကြောင်းတစ်ခုက ရာသီဥတုပြောင်းလဲမှုပါ။ ကမ္ဘာအပူချိန် တက်လာတဲ့အခါ ရေခဲတောင်တွေ ဆုတ်လာတယ်။ အရင်က ရေခဲနဲ့ ခိုင်မြဲနေတဲ့ ကျောက်တွေ ပေါ်လာတယ်။တောင်စောင်းတွေအားနည်းလာတယ်။
ရေခဲပျော်ရေတွေ စုပြီး ရေကန်အသစ်တွေ ဖြစ်လာနိုင်တယ်။ ဒီအရာတွေက တောင်ပေါ်ကို ပိုမတည်ငြိမ်စေတာဖြစ်နိုင်ပါတယ်။
အရေးကြီးဆုံးက တောင်ပေါ်ခရီးသွားမယ်ဆိုရင်ရာသီဥတုအခြေအနေကို ကြိုကြည့်ပါ။ မိုးအလွန်များတဲ့အချိန် မသွားပါနဲ့။ မြစ်ကမ်းနား၊ ချိုင့်ဝှမ်းအောက်ပိုင်းမှာ မတည်းခိုပါနဲ့။ ဒေသခံတွေရဲ့ သတိပေးချက်ကို လိုက်နာပါ။ ရေ၊ ရွှံ့၊ ကျောက် စီးလာတာတွေ့ရင် ဗီဒီယိုရိုက်ဖို့ မနီးမကပ်ပါနဲ့။ ကား၊ ပစ္စည်းယူဖို့ ပြန်မသွားပါနဲ့။ မြစ်အတိုင်း မပြေးပါနဲ့။မြင့်တဲ့နေရာကို ချက်ချင်း ရွှေ့ပါ။
ကေဒါနတ်ဖြစ်ရပ်နဲ့ နီပေါ ဟိမဝန္တာဖြစ်ရပ်တွေက သဘာဝရဲ့ အင်အားကို လူသားတွေ လျှော့မတွက်သင့်ကြောင်း သတိပေးနေပါတယ်။ တောင်တန်းဒေသတွေဟာ လှပပေမယ့် တစ်ချိန်တည်းမှာ ရေခဲပြိုကျမှု၊ မြေပြိုမှု၊ ရုတ်တရက်ရေဘေးတွေ ဖြစ်နိုင်တဲ့ နေရာတွေပါ။ ဒါကြောင့် သဘာဝကို ကြောက်ရွံ့ရုံမဟုတ်ဘဲ နားလည်ဖို့၊ ရာသီဥတုသတိပေး
ချက်တွေကို လိုက်နာဖို့၊ အန္တရာယ်ရှိတဲ့နေရာတွေမှာ သတိရှိရှိ နေထိုင်သွားလာဖို့ လိုအပ်ပါတယ်။ ။
ကိုးကား -
• National Disaster Management Authority (NDMA), India
• Uttarakhand Disaster 2013 — Causes, Impact and Lessons Learned
• IPCC — Intergovernmental Panel on Climate Change

👍31❤2🤣2🔥1😢1🖕1