ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၊ မြောင်မြို့နယ်လူထုသပိတ်
❤41🖕2🥰1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရှေ့တန်းမှာ စစ်မှုထမ်းတပ်သားတွေ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး ၃ဦး သေဆုံး
ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီနေ့ ဩဂုတ် ၂၇ ရက်မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR)တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။ မြေမြုပ်မိုင်းရှင်းခိုင်းတဲ့အချိန်မှာ အကာအကွယ်မပါတဲ့အပြင် အနောက်ကနေပါ သေနတ်နဲ့ချိန်းရွယ်ပြီး ရှေ့တန်းစစ်မြေပြင်ကို တိုးခိုင်းခဲ့တယ်လို့ မျက်မြင်ကြုံခဲ့တာကို သူရဲ့ လူမှုကွန်ယက်ကတဆင့် အသိပေးပါတယ်။ တော်လှန်ရေးအဖွဲ့တွေက ဖြစ်စဉ်နေရာကို တက်စစ်ဆေးချိန်မှာ မိုင်းမိပြီး သေဆုံးတဲ့ စစ်မှုထမ်းတပ်သား ၃ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်းတောင်ပိုင်းအစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးနေပါတယ်။
◾️မြန်မာလိဂ် ဘောလုံးသမား ၁ဦး အဆောင်ပြန်ချိန် လမ်းမှာ ပျောက်ဆုံးနေ
မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီနေ့ သြဂုတ် ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။ အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားနဲ့ ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ၇/၈ လမ်းဆုံမှာ ဆင်းခဲ့ကာ Taxi နဲ့ အဆောင်ကို ပြန်လာခါနီးအထိ အဆက်အသွယ်ရခဲ့ကြောင်း ချင်းလန်းအသင်းက ဖော်ပြပါတယ်။ လိုင်းကားနဲ့ ၇/၈ လမ်းဆုံကို ရောက်တဲ့အချိန်အထိ ဖုန်းအဆက်အသွယ်ရခဲ့ကြောင်းနဲ့ ၇/၈ လမ်းဆုံကနေ Taxi နဲ့ အဆောင်ကို ပြန်လာမယ် ပြောပြီး အဲ့ဒီနောက်ပိုင်း ဖုန်းအဆက်အသွယ် လုံး၀ မရတော့ကြောင်း ချင်းလန်းအသင်းနဲ့ သက်ဆိုင်သူတစ်ဦးက ပြောပါတယ်။ အဲဒီနေ့ညက ဖုန်းဆက်ပေမယ့် မကိုင်တော့ဘဲ နောက်နေ့မနက်မှာတော့ ဖုန်းဆက်ပိတ်သွားကြောင်း ချင်းလန်းအသင်းနဲ့ သက်ဆိုင်သူက ဆိုပါတယ်။ ဘောလုံးသမား Pa Lung ဟာ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရခြင်း ဖြစ်နိုင်ကြောင်း မြောက်ဒဂုံမြို့နယ်နေ ပြည်သူအချို့က သုံးသပ်ပါတယ်။ ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။
◾️စစ်သားသစ်တွေ အရာရှိတွေကို ပြန်ရှင်းနိုင်ရင် သိန်းထောင်ချီ ရနိုင်
မကွေးတိုင်း၊ မင်းတုန်း အနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁,၀၀၀ အထိ ရာထူးအဆင့်ပေါ် မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောပါတယ်။ ဒုဗိုလ်အတွက် ကျပ်သိန်း ၁၀၀၊ ဗိုလ်အတွက် ကျပ်သိန်း ၂၀၀၊ ဗိုလ်ကြီးအတွက် ကျပ်သိန်း ၃၀၀၊ ဗိုလ်မှူးအတွက် ကျပ်သိန်း ၅၀၀၊ ဒုဗိုလ်မှူးကြီးအတွက် ကျပ်သိန်း ၇၀၀ နဲ့ ဗိုလ်မှူးကြီးအတွက် ကျပ်သိန်း ၁,၀၀၀ ပေးမယ်လို့ အဆင့်အလိုက် ဆုကြေးထုတ်ထားတာပါ။ မင်းတုန်းမြို့ကနေ အနောက်ဘက် ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ အတင်းအဓမ္မ ပို့ဆောင်ခံလိုက်ရတဲ့ ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းတွေအနေနဲ့ ခုလို ရာသီဥတုမှာ ရခိုင်ရိုးမပေါ်က AAကိုတက်ပြီး ထိုးမယ်ဆိုတာ မအလ ရဲ့လူစိတ်မရှိတဲ့အမိန့်တွေပဲလို့ ကိုဗဟိန်းက ပြောပါတယ်။ အရှင်လတ်လတ် ငရဲကျတာထက်ကို ပိုဆိုးတဲ့ စစ်မြေပြင်ပဲလို့ သူက ဆက်လက် မှတ်ချက်ပြုပါတယ်။
◾️ရွှေသောင်ယံမှာ စစ်တပ်က စစ်သင်္ဘောအပါအဝင် အင်အားအများအပြားဖြည့်

👍18❤2🖕2🫡2🤮1
ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းရွှေသောင်ယံမြို့နယ်ထဲကို စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြား ပို့ဆောင်အင်အားဖြည့်တင်းပြီး စစ်ပြင်နေပါတယ်။ ဒီနေ့ သြဂုတ်၂၇ရက်မနက်ပိုင်းမှာ ရွှေသောင်ယံမြို့ကို ဖြတ်သွားတဲ့ ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါး ဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလောက်အင်အားအများကြီး တခါမှမတွေ့ဖူးဘဲ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲမသိဘူးလို့ ရွှေသောင်ယံမြို့နယ် မကျည်းဇင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကားတွေပေါ်မှာလည်း စစ်မှုထမ်းသင်တန်းဆင်းတွေ အများကြီးပါလာပြီး မျက်နှာလည်း မကောင်းကြဘူးလို့ အဲဒီဒေသခံက ဆိုပါတယ်။ ရွှေသောင်ယံမြို့နယ်ဟာ ဂွမြို့နယ်နဲ့ ပင်လယ် ကမ်းရိုးတန်းချင်းဆက်စပ်နေပါတယ်။ အာရက္ခတပ်တော်(AA)က ဂွမြို့နယ်ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလမှာ သိမ်းယူပြီးတဲ့နောက်၂၀၂၅ ဇန်နဝါရီလထဲမှာတော့ ရွှေသောင်ယံမြို့အနီးတဝိုက်က စစ်တပ်စခန်းအချို့ကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဘောမိနဲ့ မကျည်းစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့ပါတယ်။ ၂၀၂၅ ဇန်နဝါရီတိုက်ပွဲတွေနောက်ပိုင်း စစ်အင်အားဖြည့်တင်းမှုတွေမှာ အခုတကြိမ်က စစ်အင်အားအများဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️အထူးတိုင်းစစ်ဌာန တပ်မှူးများ မြေပြင်မှာ တွေ့ဆုံ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲနဲ့ နည်းဗျူဟာမှူး၊ တပ်ရင်းမှူးများပါဝင်တဲ့ စုံညီအစည်းအဝေး ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့ပြီး ဒီအစည်းအဝေးဟာ PDF တပ်မှူးကြီးများအစည်းအဝေးရဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်ရမယ့် စစ်ရေးရည်မှန်းချက်တွေအတွက် တိုင်ပင်ကြတာလို့ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး၊ ဒု-တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းဦးစီးအရာရှိများ၊ နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများ၊ ဒု-တပ်ရင်းမှူးများ တက်ရောက်တဲ့ စုံညီအစည်းအဝေးတစ်ရပ်ကို အထူးတိုင်းစစ်ဌာနရုံးမှာ ဩဂုတ် ၂၃ရက်မှ စတင်ကာ နှစ်ရက်ကြာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။ အခု အစည်းအဝေးမှာ အထူးတိုင်းစစ်ဌာနရဲ့ တစ်နှစ်တာအတွင်း ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနဲ့ သင်ခန်းစာယူရမယ့် အချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
◾️မိုးဗြဲမြို့အနီး တိုက်ပွဲဖြစ်နေ
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)တာ၀န်ရှိသူက ပြောပါတယ်။ ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနဲ့ ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီနေ့ ဩဂုတ် ၂၇ ရက် နေ့လယ်ပိုင်းကစပြီး အရေးပေါ် သတိပေးထားပါတယ်။ အာဏာသိမ်းစစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ထိတွေ့မှုဖြစ်ပွားတာဖြစ်တယ်လို့ MBPDF တာ၀န်ရှိသူက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြပါတယ်။
◾️စဉ့်ကူးက ကြက်တူရွေးရွာကို စစ်တပ်က ၁၁ကြိမ်မြောက် မီးရှိူ့ဖျက်ဆီး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကြက်တူရွေးကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ကြက်တူရွေး ကျေးရွာကို သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဝင်ရောက် မီးရှို့သွားတာလို့ သိရပါတယ်။ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာအတွင်း ဗုံးကြဲတာကြောင့် လူသေဆုံးမှု တွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေက ကျေးရွာအတွင်းကနေ တိမ်းရှောင်နေကြတာမို့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
◾️မုံရွာမှာ စစ်တပ်က လူငယ်တွေကို နေ့ခင်းကြောင်တောင် ကားနဲ့ပေါ်တာဆွဲ

👍15🤬2🤮2🖕2
စစ်အုပ်စုက မုံရွာမြို့မှာ နေ့ခင်းကြောင်တောင်မှာပဲ မြို့အတွင်းကားတွေနဲ့လှည့်ပြီး လူငယ်တွေကို ပေါ်တာဆွဲတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို ပြည်သူတစ်ဦးက လူမှုကွန်ယက်မှာ မျှဝေပေးပါတယ်။ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ Video ဖိုင် သက်သေ အထောက်အထားကို မိဘပြည်သူများ အားလုံးပဲ ကြည့်ရှုကြပါလို့ရေးသားပြီး ဗီဒီယိုဖိုင်ကို မျှဝေထားတာပါ။ ရုပ်သံမှတ်တမ်းမှာ စစ်သား၊ ရဲ၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေက နေ့ခင်းဘက်မှာပဲ မုံရွာမြို့မှာ လူငယ်တွေကို ကားပေါ်တက်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။ မုံရွာမြို့မှာ သြဂုတ် ၂၆ ရက် ညနေပိုင်းက ဘုရားနီဘုရားအနီးမှာ လူငယ် ၉ ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရပြီး ၁ဦးကိုတော့ ကားနဲ့တိုက်ကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။
◾️မြင်းခြံမြို့မှာ စစ်သားနဲ့ ပျူတွေက စစ်ရှောင်ပြည်သူ့နေအိမ်တွေကနေ ခိုးယူ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ဒေသခံပြည်သူအများစုဟာ ကျေးရွာတွေအတွင်းပြန်မနေကြဘဲ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။ လူမနေတဲ့ ကျေးရွာတွေကို မြင်းခြံမြို့က စစ်တပ်နဲ့ ပျူစောထီးတွေက ကားတွေနဲ့ လာပြီး နေအိမ်တံခါးဘောင်နဲ့ သွပ်တွေကို ဖြုတ်ခိုးနေတာလို့ဒေသခံတွေက ပြောပါတယ်။

👍16🤬3❤2🤮2🖕2