People's Spring
60.3K subscribers
70.4K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မုံရွာမြို့မှာ စစ်တပ်က လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းပြီး ပေါ်တာဆွဲ

သြဂုတ်−၂၇၊ ၂၀၂၆။​ဇေအောင်/People's Spring

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

မုံရွာမြို့မှာ သြဂုတ် ၂၆ ရက်ညနေပိုင်းက ဘုရားနီဘုရားအနီးမှာ လူငယ် ၉ ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရပြီး ၁ဦးကိုတော့ ကားနဲ့တိုက်ကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

"ဘုရားနီရှေ့ အဲနားတင် ၉ ယောက်ပါသွားတယ်။ တစ်ယောက်ကတော့ ဆိုင်ကယ်စီးလာတာ ကွေ့တာ။ စစ်ကားကမြင်တော့ ဝင်တိုက်ပစ်တာ။ မျက်နှာကိုလည်း ခြေထောက်နဲ့ဆောင့်ကန်တယ်"လို့ မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီကနေ့မှာလည်း စစ်တပ်က မုံရွာမြို့​ပေါ်မှာ ကားတွေနဲ့လှည့်ကာ ပေါ်တာဆွဲနေပြီး ပြည်ထောင်စုလမ်းပေါ်က ကာဗာနန်းတော် ဖုန်းကာဗာဆိုင်ထဲထိဝင်ဆွဲလို့ လူငယ် ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို အမျိုးသား ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ(၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရင်ကလည်း ညနေ ၅ နာရီနောက်ပိုင်း ဖမ်းဆီးပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ စစ်အုပ်စုက နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက အိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခု ဩဂုတ်လအတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
🤬285👍4👎3😁2🤮2👏1
(မုံရွာမြို့ပေါ်တွင် ပေါ်တာပတ်ဆွဲနေသော အာဏာသိမ်းစစ်တပ်အသုံးပြုသည့် အိမ်စီးကားများအား တွေ့ရစဥ်။ ဓာတ်ပုံံ − Myo Gyi)
🤬27👍9🤮3😁21👏1
မုံရွာမှာ စစ်တပ်ကလူငယ်​တွေကို​နေ့ခင်း​​ကြောင်​တောင် ကားနဲ့​​ပေါ်တာဆွဲတဲ့ရုပ်သံအ​ထောက်အထား​​ပေါ်ထွက်လာ

သြဂုတ်−၂၇၊ ၂၀၂၆။​ဇေအောင်/People's Spring

စစ်အုပ်စုက မုံရွာမြို့မှာ ​နေ့ခင်း​ကြောင်​တောင်မှာပဲ မြို့အတွင်းကား​တွေနဲ့လှည့်ပြီး လူငယ်​တွေကို ​ပေါ်တာဆွဲတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို ပြည်သူတဦးကလူမှုကွန်ယက်မှာ မျှ​ဝေ​ပေးပါတယ်။

"လူငယ်များကို ပေါ်တာစွဲ ဖမ်းဆီးနေသောVideo ဖိုင် သက်သေ အထောက်အထားကိုမိဘပြည်သူများ အားလုံးပဲ ကြည့်ရှုကြပါရန်"လို့​ရေးသားပြီး ဗီဒီယိုဖိုင်ကိုမျှ​ဝေထားတာပါ။

ရုပ်သံမှတ်တမ်းမှာ စစ်သား ၊ရဲ ၊ စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး ၊ပျူ​စောထီး​တွေက​နေ့ခင်းဘက်မှာပဲ မုံရွာမြို့မှာ လူငယ်​တွေကို ကား​ပေါ်တက်ခိုင်းပြီး ဖမ်းဆီး​ခေါ်​​ဆောင်သွားတာကို​တွေ့ရပါတယ် ။

"အကြမ်းဖမ်း စစ်အုပ်စုက ပေါ်တာစွဲ ဖမ်းဆီးပြီးတော့ လူငယ်များကိုငွေကြေး သိန်းပေါင်းများစွာဖြင့်ပြန်လည် ရောင်းချခြင်း၊မိဘများထံမတရားငွေညှစ်တောင်းခံခြင်း၊အဆင့်‌ဆင့် ရောင်းချပြီး ငွေကြေးများကိုခြိမ်းခြောက်တောင်းဆိုခြင်း ၊အမျိုးမျိုးသောပုံစံဖြင့် ငွေကြေးများကိုလိမ်လည်တောင်းဆိုခြင်းများ ရှိနေပါသဖြင့် ဂရုစိုက်ကြပါရန် အသိပေးပါသည်" လို့ ဗီဒီယိုဖိုင်မျှ​ဝေသူက​ရေးသားထားပါတယ် ။

ဒါ့အပြင် မုံရွာမြို့မှာပဲ သြဂုတ် ၂၆ ရက်ညနေပိုင်းက ဘုရားနီဘုရားအနီးမှာ လူငယ် ၉ ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရပြီး ၁ဦးကိုတော့ ကားနဲ့တိုက်ကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

"ဘုရားနီရှေ့ အဲနားတင် ၉ ယောက်ပါသွားတယ်။ တစ်ယောက်ကတော့ ဆိုင်ကယ်စီးလာတာ ကွေ့တာ။ စစ်ကားကမြင်တော့ ဝင်တိုက်ပစ်တာ။ မျက်နှာကိုလည်း ခြေထောက်နဲ့ဆောင့်ကန်တယ်"လို့ မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

သြဂုတ် ၂၇ ရက်မှာလည်းစစ်တပ်က မုံရွာမြို့​ပေါ်မှာ ကားတွေနဲ့လှည့်ကာ ပေါ်တာဆွဲနေပြီး ပြည်ထောင်စုလမ်းပေါ်က ကာဗာနန်းတော် ဖုန်းကာဗာဆိုင်ထဲထိဝင်ဆွဲလို့ လူငယ် ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံအချို့က​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို အမျိုးသား ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ(၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရင်ကလည်း ညနေ ၅ နာရီနောက်ပိုင်း ဖမ်းဆီးပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်
သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ စစ်အုပ်စုက နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက အိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခု ဩဂုတ်လအတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

ရုပ်သံ-မျိုးကြီး
🔥16🤬137👏1
Media is too big
VIEW IN TELEGRAM
🤬25👎20👏2😁1🎉1
စဉ့်ကူးက ကြက်တူရွေးရွာကို စစ်တပ်က ၁၁ကြိမ်မြောက် မီးရှိူ့ဖျက်ဆီး

ဩဂုတ်၂၇၊၂၀၂၆၊ရှိန်း/ People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂၇ ရက် ဒီ‌နေ့၊ နေ့လည်ပိုင်းမှာ ကြက်တူရွေး ကျေးရွာကို သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဝင်ရောက် မီးရှို့သွားတာလို့ သိရပါတယ်။

"စာသင်တဲ့ နေရာနဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်ကတဲ တွေထင်တာပဲ။အဲဒီနေရာ တွေကိုရှို့သွားတယ်။တိုက်ပွဲတွေ၊ပစ်တာ ခတ်တာတွေ မရှိဘဲ မီးသီးသန့်ဝင်ရှို့သွားတာ"လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

စစ်တပ်က ဒရုန်းနဲ့ ကျေးရွာအတွင်း ဗုံးကြဲတာ ကြောင့် လူသေဆုံးမှု တွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌ကျေးရွာအတွင်းကနေ တိမ်း ရှောင်နေကြတာမို့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။

"ဒီရက်ပိုင်း ရွာသားတွေက ရွာထဲဝင်ပြီး ကိုယ့်နွားတွေကို ကိုယ်ပြန်ရှာကြတယ်။ပြီးတော့ နွားတွေကို စစ်ရှောင်တဲ့ဘက်ကူးကြတာရှိတယ်။အဲတာတွေ လုပ်တာမြင်ပြီးပဲလာရှို့လားမသိဘူး"လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကြက်တူရွေးကျေးရွာကို ၂၀၂၁စစ်အာဏာသိမ်းပြီးကတည်းက မကြာခဏ စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့လေ့ရှိပြီး ၂၀၂၃ခုနှစ်မှာရွာလုံးကျွတ်မီးရှို့ခဲ့သလို ယခုတကြိမ်မီးရှို့တာဟာ ၁၁ကြိမ်မြောက် မီးရှို့ခြင်းဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
🤬293🔥3👎2👏2
(ကြက်တူရွေးကျေးရွာကို စစ်တပ်က မီးရှို့နေတာကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်း ဖြစ်ပါတယ်)
🤬344👏2😢2👎1😡1
ရှေ့တန်းမှာ စစ်မှုထမ်းတပ်သားတွေ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး ၃ဦး သေဆုံးဟု ဖရီးဘားမားရိန်းဂျားတပ် ပြော

ဩဂုတ်−၂၇၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

မြေမြုပ်မိုင်းရှင်းခိုင်းတဲ့အချိန်မှာ အကာအကွယ်မပါတဲ့အပြင် အနောက်ကနေပါ သေနတ်နဲ့ချိန်းရွယ်ပြီး ရှေ့တန်းစစ်မြေပြင်ကို တိုးခိုင်းခဲ့တယ်လို့ မျက်မြင်ကြုံခဲ့တာကို သူရဲ့ လူမှုကွန်ယက်ကတဆင့် အသိပေးပါတယ်။

" ဒီနေ့ပဲဖြစ်ခဲ့တာပါဗျ။နေရာကတော့ ဖော်ပြသေးလို့မရသေးဘူး"လို့ ကိုအောင်ဇေယျက လူထုနွေဦးကို ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေက ဖြစ်စဉ်နေရာကို တက်စစ်ဆေးချိန်မှာ မိုင်းမိပြီး သေဆုံးတဲ့ စစ်မှုထမ်းတပ်သား ၃ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

" ပစအသစ်တွေကို မြေမြုပ်မိုင်းကိုရှင်းခိုင်းတဲ့အချိန်မှာ ဘာအကာကွယ်မပါ ကိုယ့်ကို ကာကွယ်ဖို့ ဘာ မှမပါ ခြေဗလာကြီးနဲ့ အရှေ့မတက်ရင်လည်း အနောက်က ပစ်သတ်ဖို့ ချိန်ရွယ်ထားပြီးတိုးခိုင်းတယ်။ အဲ့လိုနဲ့ နင်းမိပြီး ၃ယောက် သေတယ်။ဒီစနစ်ဆိုးကြီး က လူအရင်းအမြစ်ကြီးကို အားရပါးရဝါးမြိုနေတာ မြင်ပြီးစိတ်မကောင်းဖြစ်တာအမှန်ပဲ။ တွန်းလှန်မှာလား ဆက်ငြိမ်ခံမှာလား သို့မဟုတ် ကိုယ်မထိသရွေးကတော့ အေးဆေးပဲဆိုပြီး စောင့်နေကြမှာလား"လို့ ကိုအောင်ဇေယျက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆိုမြို့နယ်နဲ့ ရှမ်းတောင်ပိုင်းအစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုး‌နေပါတယ်။

ဒါကြောင့် မိုးဗြဲမြို့ နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ ဒီးမော့ဆိုမြို့နယ်ထဲက လီဝိုးရွာ၊ နန်းမယ်ခုံမြို့‌တွေကို ဆက်သွယ်ထားတဲ့ လမ်းမတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က အရေးပေါ်သတိပေးထားပါတယ်။

ဒီးမော့ဆိုမြို့ ဒေါငံခါးရွာအနီးမှာလည်း စစ်တပ်စစ်ကြောင်းတွေက နန်းမယ်ခုံမြို့ဘက်ကို တိုးနိုင်ဖို့ စစ်ကြောင်းတိုးနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲ ဖြစ်နေပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နန်းမယ်ခုံမြို့ ကို ပြန်လည်ထိန်းချုပ်ရေးအပါအ၀င် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိကလမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။
👍23🤬64👏2👎1😢1🥴1🤣1🖕1
(စစ်မှုထမ်းတပ်သားသစ်တွေကို စစ်တပ်က လေ့ကျင့်ပေးနေစဉ်။ ဓာတ်ပုံ − စစ်ကောင်စီ)
💩19🤬6👎3🤣2🖕2😢1🫡1
■အ​တွေးအမြင်

ဟာယောင်းပေးတဲ့ သင်ခန်းစာ

ဝဇီရာ/People's Spring

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနု
ပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြော
ဆိုခဲ့ပါတယ်။

ဆရာဝန်မျိုးဆက်မို့ ဂုဏ်ယူတာက မဆန်းပါဘူး။ဆန်းတာကပရိသတ်တွေဟာထုံးစံအ
တိုင်း Google ခေါက်ကြတော့တာပါ။ အဲဒီမှာ ဘာတွေ့လိုက်သလဲဆိုတော့သူ့ရဲ့ဘေး(အဘိုးရဲ့အဖေ)ဖြစ်သူအန်ဆန်ဟိုဟာဂျပန်ကိုလိုနီခေတ်တုန်းကဂျပန်အလိုတော်ရိအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Daejeong Friendship Association မှာကောင်စီလူကြီးတစ်ဦးအနေနဲ့ ပါဝင်လှုပ်ရှားခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းမှတ်
တမ်းတွေ ထွက်ပေါ်လာခဲ့တာပါပဲ။

သူ့အဘေးအန်ဆန်ဟိုဟာဂျပန်လိုလားတဲ့လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ဖူးတဲ့ မှတ်
တမ်းတွေ ကျန်ရစ်ခဲ့တဲ့ဆရာဝန်တစ်ဦး ဖြစ်နေတယ်။ ကိုရီးယားပြည်သူတွေဟာ ဂျပန်ကိုလိုနီခေတ်မှာ ရရှိခဲ့တဲ့ ကိုယ်ရောစိတ်ပါ ဖိနှိပ်မှုတွေကို မျိုးရိုးအစဥ်အဆက် အမှတ်
သည်းခြေ ရှိခဲ့ကြတယ်။ ဒါ့ကြောင့် ဂျပန်အလိုတော်ရိမျိုးဆက် မင်းသမီး ဟာဟောင်းဟာ ပြဿနာတွေ တက်ပါတော့တယ်။

အဲဒီမင်းသမီးရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာ သူ့ကို အနုပညာအလုပ် အနားယူလိုက်ဖို့ တိုက်တွန်းတဲ့မှတ်ချက်တွေပလူပျံလာခဲ့တယ်။အင်တာနက်သုံးစွဲသူ အများအပြားက သူ့ကို ဂျပန်လိုလားတဲ့ သစ္စာဖောက်အဖြစ် ပြောဆိုခဲ့ကြတယ်။

ဟာ​ယောင်းရဲ့ အင်စတာဂရမ်အကောင့်မှာဆိုရင် တောင်ကိုရီးယားပြည်သူတစ်ဦးက "မျိုးဆက်ပေါင်းများစွာ သက်သောင့်သက်
သာနဲ့ အခွင့်ထူးခံဘဝနဲ့ နေခဲ့ရတာ လုံလောက်ပြီ မဟုတ်ဘူးလား"လို့ မှတ်ချက်ရေးခဲ့တာ Likes(သဘောကျမှု)၃၅,၀၀၀ကျော်ရရှိခဲ့တယ်။

ပထမပိုင်းမှာတော့ ဟာယောင်းရဲ့ အေဂျင်စီက ဒီသတင်းတွေကို ငြင်းဆိုခဲ့ပေမယ့် သမိုင်းမှတ်တမ်းအထောက်အထားတွေအခိုင်အမာပေါ်လာတဲ့အခါမှာတော့မှားယွင်းကြောင်း ဝန်
ခံခဲ့ရပြီး တောင်းပန်ချက်ထုတ်ခဲ့ရပါတယ်။

မင်းသမီးဟာယောင်းဟာသြဂုတ်လ ၁၂ ရက်နေ့ကသူ့ရဲ့အင်စတဂရမ်မှာမိသားစုရဲ့ အ
တိတ်သမိုင်းကို မသိနားမလည်ခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းရေးသားခဲ့ပါ
တယ််။

"ဒီအချိန်အထိကျွန်မရဲ့ ဘိုးဘေးရဲ့ ဘဝကို မိသားစုအတွင်းမှာ လက်ဆင့်ကမ်းပြောပြလာတဲ့အပိုင်းအစပုံပြင်တွေနဲ့ပဲသိခဲ့ပါတယ်"
လို့ ဆိုတယ်။ "ရှက်စရာကောင်းတာက အဲဒီလို မသိနားမလည်တဲ့ အနေအထားနဲ့ပဲ ဘိုးဘေးရဲ့ ပုံပြင်တွေကို အမျိုးမျိုးသော နေရာတွေမှာမိသားစုရဲ့ဂုဏ်ယူစရာတစ်ခုလို ပြော
ဆိုမိခဲ့ပါတယ်"လို့ သူက ဝန်ခံခဲ့ပါတယ်။

​ကိုရီးယားနိုင်ငံမှာ ဂျပန်ကိုလိုနီခေတ်က ဂျပန်ဘက်ကနေ ရပ်တည်ခဲ့သူတွေရဲ့သမိုင်း
ကြောင်းနဲ့ပတ်သက်ပြီးပြည်သူတွေက အလွန်
တရာ အာရုံခံလွယ်ကြတာကြောင့် မင်းသမီးရဲ့ ကားရိုက်ပရိုမိုးရှင်းပွဲတွေ၊ အင်တာဗျူးတွေနဲ့ ကြော်ငြာလုပ်ငန်းတွေပါ ရပ်ဆိုင်းခံလိုက်ရတဲ့အထိ ကြီးမားတဲ့ သက်ရောက်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။အခုထိလည်း အဲဒီကိစ္စ မပြီးဆုံးသေးပါဘူး။

လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ "မျိုးရိုး" ဆိုတာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် တစ်စုံတစ်ရာသော သက်ရောက်မှုတွေ၊ အမွေအနှစ်တွေကို သယ်ဆောင်လာတတ်ပါတယ်။ ကျနော်တို့ ခေါင်း​​​ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ့တဲ့ဂဠုန်ဦးစောရဲ့မျိုး
ဆက်တွေဆိုရင် သမီးတွေ မြေးတွေအထိ အဘိုးဖြစ်သူရဲ့ လုပ်ရပ်ကြောင့် မျက်နှာငယ်ရတာတွေ​၊ ကျောင်းပြောင်းခဲ့ရတာတွေ ရှိခဲ့ဖူးသတဲ့။

​လက်ရှိ ကျနော်တို့နိုင်ငံမှာလည်းစစ်တပ်အာ
ဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုရဲ့ အ
သက်အိုးအိမ်စည်းစိမ်နဲ့ ဘဝတွေကို ဒုက္ခပေးနေတဲ့ စစ်တပ်နဲ့ပေါင်းပြီး အကျိုးအမြတ်ရှာနေသူတွေ၊ စစ်တပ်ထောက်ခံအားပေးနေတဲ့ အနုပညာရှင်တွေကို ပြည်သူတွေက အမျိုးမျိုး Boycott (ဘွိုင်းကောက်) လုပ်တာတွေ၊ ဝိုင်းဝန်းပယ်ချတာတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

သေချာကတော့ကိုယ်လုပ်ခဲ့တဲ့အပြုအမူတွေ
ဟာ ကံတွေအဖြစ် ကိုယ့်နောက်တောက်
လျှောက် သံသရာအထိ လိုက်ပါနေမှာဖြစ်သလို ကိုယ်သေဆုံးသွားရင်​တောင်မှ ကိုယ့်မျိုးဆက်ကပါကိုယ့်လုပ်ရပ်တွေအတွက် တာ
ဝန်ယူကြရဦးမှာပဲ ဖြစ်ပါတယ်။ ။
👍296💩2🖕2
👍23🖕2💩1
PDF တပ်မှူးကြီးများအစည်းအဝေးရဲ့ စစ်ရေးရည်မှန်းချက်တွေဖော်ဆောင်ဖို့ အထူးတိုင်းစစ်ဌာန တပ်မှူးများ မြေပြင်မှာ တွေ့ဆုံ

ဩဂုတ် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲနဲ့ နည်းဗျူဟာမှူး၊ တပ်ရင်းမှူးများပါဝင်တဲ့ စုံညီအစည်းအဝေး ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့ပြီး ဒီအစည်းအဝေးဟာ PDF တပ်မှူးကြီးများအစည်းအဝေးရဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်ရမယ့်စစ်ရေးရည်မှန်းချက်တွေအတွက် တိုင်ပင်ကြတာလို့ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး၊ ဒု-တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းဦးစီးအရာရှိများ၊ နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများ၊ ဒု-တပ်ရင်းမှူးများ တက်ရောက်တဲ့ စုံညီအစည်းအဝေးတစ်ရပ်ကို အထူးတိုင်းစစ်ဌာနရုံးမှာ ဩဂုတ် ၂၃ရက်မှ စတင်ကာ ၂ရက်ကြာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။

“အဓိကကတော့ တပ်မှူးကြီးများအစည်းအဝေးနောက်ဆက်တွဲ အကောင်အထည်ဖော်ရမဲ့ စစ်ရေးရည်မှန်းချက်တွေအတွက် ဆက်လုပ်ရမဲ့အလုပ်တွေကို တပ်မှုးများအားလုံး ဆွေးနွေးတိုင်ပင်ကြတာပါ။ ဒီကာလမှာ ကျွန်တော်တို့တပ်တွေကို ကျစ်လစ်ခိုင်မာအောင်လုပ်ထားဖို့နဲ့ စိုးမိုးနယ်မြေတွေကို မပဲ့သွားအောင်ကာကွယ်ထားဖို့လိုပါတယ်။ အဲဒီအတွက် မြေပြင်အရေးကြီးအစည်းအဝေးတစ်ခုလုပ်ခြင်းဖြစ်ပါတယ်” လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။

အခု အစည်းအဝေးမှာ အထူးတိုင်းစစ်ဌာနရဲ့ တစ်နှစ်တာအတွင်း ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနဲ့ သင်ခန်းစာယူရမယ့် အချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တပ်မှူးကြီးများ အစည်းအဝေးနောက်ဆက်တွဲ အကောင်အထည်ဖော်ရမည့် ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် တပ်ရင်း/တပ်ဖွဲအသီးသီးရှိ ရဲဘော်တွေရဲ့ အထွေထွေလိုအပ်ချက်များကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြကြောင်းဖော်ပြထားပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁၂ ရင်း၊ ဒရုန်းနဲ့ လက်ရုံးအထူးတပ်ဖွဲ့ ၇ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်းနဲ့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့တို့ ပါဝင်ပါတယ်။
အဲဒီ တပ်ဖွဲများကို နည်းဗျူဟာ ၄ ခုဖြင့် စုဖွဲ့ထားပြီး ကရင်ပြည်နယ် KNU တပ်မဟာ (၆) နယ်မြေ၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ စစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ တပ်မှူးကြီးများ အစည်းအဝေးကို ဩဂုတ် ပထမပတ်မှာ လေးရက်ကြာ ပြုခဲ့ပြီးပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး နဲ့ စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်ရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ လက်တွဲပြီး “ပြည်သူ့ခုခံတွန်းလှန်စစ်”ကနေ “မဟာဗျူဟာထိုးစစ်”ကို တက်လှမ်းနိုင်‌ရေး ဦးတည်ပြင်ဆင်ဆောင်ရွက်သွားကြဖို့ ချက်မှတ်ခဲ့တာလို့ ဆိုပါတယ်။
👍33🥰64🖕2👏1🤮1🤣1
ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန
👍3310🥰3🖕2👏1🤮1
ရွှေဘိုနဲ့ မြောင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုက ဆန်နဲ့ ဆေးဝါးတွေ ထောက်ပံ့

သြဂုတ် ၂၇၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မြောင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက ဆန်နဲ့ ဆေးဝါး ကူညီထောက်ပံ့တာတွေ ဒီက​နေ့ (သြဂုတ် ၂၇) ပြုလုပ်ပေးခဲ့ပါတယ်။

စစ်ကိုင်းဒေသ၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဖူးယူစက်စက္ကူစက်ရုံက ညီအစ်ကိုမောင်နှမတွေရဲ့ လှူဒါန်းမှုနဲ့ ဆန်၊ စားနပ်ရိက္ခာ၊ ရိက္ခာခြောက်၊ ရေသန့်နဲ့ ဓာတ်ဆားတွေကို ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ်သပိတ်အင်အားစု Mobile Medical Team တို့ ပူးပေါင်းပြီး လိုအပ်တဲ့ ဆေးဝါးထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ပြုလုပ်ခဲ့ပါတယ်။

မြောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၊ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့က စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ကိုင်းဒေသသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။
32🤮2🥰1🤣1
ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၊ မြောင်မြို့နယ်လူထုသပိတ်
40🖕2🥰1🤮1