မိုးဗြဲမြို့အနီးမှာ တိုက်ပွဲဖြစ်နေ
ဩဂုတ် −၂၇၊၂၀၂၆။ဇော်၀င်း/People's Spring
ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေနဲ့ ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး အရေးပေါ် သတိပေးထားပါတယ်။
"အလုံးရင်းထိုးလာမှုကြောင့် ထိတွေ့မှုဖြစ်ပွားတာဖြစ်ပါတယ်"လို့ MBPDF တာ၀န်ရှိသူက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြပါတယ်။
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
"နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။
ဒါကြောင့်လည်း မိုးဗြဲမြို့ကတဆင့် နန်းမယ်ခုံဘက်ကို စစ်တပ်က မကြာခဏစစ်ကြောင်းထိုးခဲ့ပြီး ဇူလိုင်အတွင်းတိုက်ပွဲတွေမှာ သေဆုံးထိခိုက်သူများလို့ ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၂၈ ရက်ကလည်း လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီ JOC တော် လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

👏23🔥6👍5🥰2👎1
သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်
နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့၆ရက်နေ့ကတည်းကရောက်နေခဲ့တာပါ။
ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ ခုနှစ်မှာတော့တရားစခန်းတွေပြန်ဖွင့်ခဲ့တယ်။
အခု ဝါတွင်းကာလတရားစခန်းမှာလည်း လာဝင်တဲ့သက်ကြီးရွယ်အိုတွေ များခဲ့တယ်။ မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရတယ်။
မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ တရားဖြုတ်တယ်။ ယောဂီတွေ ခဏနားဖို့ ကိုယ့်နားနေဆောင်ကို ပြန်ဖို့ အမှတ်သတိလေးနဲ့ ထကြတယ်။ အဲဒီအချိန်မှာပဲ ကြီးမားတဲ့ ပေါက်ကွဲသံကြီးတွေပေါ်ထွက်လာပြီးယောဂီတွေလည်းလွင့်စင်သွားတော့တယ်။ အာဏာသိမ်းစစ်တပ်က အဲဒီတရားစခန်းကို လေကြောင်းတိုက်ခိုက်လိုက်တာပါ။
“သင်တန်းတရားပြီးသွားပြီ။ အထဲကနေ အပြင်ထွက်တဲ့အချိန် ကိုယ့်နေရာလေးကို နားနေဆောင်မှာ ပြန်ကြပြီပေါ့။ နားနေဆောင်မှာ ရောက်တဲ့အချိန်ပေါ့”လို့ ဒေသခံ ကိုစိုး(အမည်လွှဲ)ကပြောပါတယ်။
ယောဂီတွေ သွေးထွက်သံယိုတွေနဲ့ သေဆုံးသွားကြတယ်။ တချို့ယောဂီတွေ ခြေပြတ်လက်ပြတ်။တချို့ယောဂီတွေနားတွေအူထွက်သွားတယ်။ကယောင်ကတမ်းနဲ့ ပြေးကြလွှားကြတယ်။ “မသေဘဲ ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်ပြီး အနီးစပ်ဆုံး ဆေးခန်းတို့ဘာတို့ ပို့ရတယ်။ တချို့လူကြီးတွေဆိုရင် နားတွေပါအူပြီးမကြားရတော့တာရှိတယ်။တချို့တွေ သွေးရူးသွေးတန်းနဲ့ပတ်ပြေးတာတွေရှိတယ်”လို့ တွေ့မြင်ခဲ့တဲ့ ကိုစိုးက ပြောပြတယ်။
တရားစခန်း လေကြောင်းဗုံးကြဲခံရတယ်ဆိုတော့ သားတွေသမီးတွေလည်းအပြေးအလွှားရောက်လာကြတယ်။ အသက်မီသူလည်းမီ၊ မမီသူလည်းမမီကြတော့။ သေဆုံးသူတွေအလောင်းတွေကို စောင်တွေနဲ့ပတ်ထားရတယ်။ စောင်မလွယ်တဲ့သူတချို့ကိုတော့ ခြင်ထောင်နဲ့ပဲ ပတ်ပေးထားတယ်။
“သေဆုံးသူတွေကငါးဆယ်ကျော်ပိုင်းတွေချည့်ပဲ။အမျိုးသားတွေပိုများတယ်။ကျတဲ့နေရာက အမျိုးသားယောဂီဆောင်ပေါ် တည့်ကျတာဖြစ်လို့။”လို့ ကိုစိုးက ပြောတယ်။
အဲဒီနေ့ကယောဂီတွေ၁၄ယောက်သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲက ဒီကနေ့မှာ ဆုံးရှုံးတာက တစ်ယောက်ထပ်တိုးတော့ အကုန်လုံး ၁၅ ယောက်ရှိပြီလို့ ဒေသခံတွေက ပြောတယ်။ ဒဏ်ရာရသူကလည်း ၂၇ ဦးတောင်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသူက နှစ်ယောက်လောက်ရှိတယ်လို့ သိရတယ်။ “ကျန်တာတွေကတော့ ခြေထောက်ဖြတ်ရမယ့်ဟာတို့၊ လက်ဖြတ်ရမယ့်ဟာတို့။ အသက်ကြီးပိုင်းတွေချည့်ပဲ တရားစခန်းဆိုတော့”လို့ ကိုစိုးက ပြောတယ်။
တကယ်တော့ တရားထိုင်ပြီးရင် ရွာထဲကလူတွေလည်း ဥပုသ်နေ့မို့ သီလ လာယူကြတော့မှာပါ။ “ရွာထဲက အစောရောက်တဲ့သူတွေထိတာ။ အများကြီး မလာကြသေးဘူးပေါ့။ ယောဂီတွေလောက်ပဲ ရှိသေးတာကိုး။ ဒီထက့်နောက်ကျသွားရင် ဆုံးရှုံးမှုဒီ့ထက်များမယ်”လို့ ကိုစိုးက ပြောပြတယ်။
တကယ်တော့ အာဏာသိမ်းစစ်တပ်ရဲ့လေယာဥ်လာတာကို ဒေသခံတွေ သိခဲ့ပါတယ်။ သို့ပေမဲ့ ထင်မထားခဲ့ဘူး။ “လေယာဥ်လာတော့လည်း ဝဲတော့လည်း သိတော့သိတယ်။ တရားစခန်းဆိုတော့ မချလောက်ဘူးထင်တာပေါ့။ ယောဂီတွေလည်း ဒီအတိုင်းပဲ သူ့ဟာသူနဲ့သူနေနေတာ။ပြီးကျမှချသွားတာ”လို့ ကိုစိုးက ပြောပြတယ်။
https://www.ludunwayoo.com/feature-mm/2026/08/26/166622/

LuduNwayOo
ပိုင်ရှင်မဲ့သွားတဲ့ ပုတီးတစ်ကုံး | LuduNwayOo
သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး…
🤬23👍7❤5😢5🖕2⚡1👏1
မြင်းခြံမြို့မှာ စစ်သားနဲ့ ပျူစောထီးတွေက စစ်ရှောင်ပြည်သူတွေနေအိမ် ခိုးယူနေ
ဩဂုတ်−၂၇၊၂၀၂၆။ နှင်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ဒေသခံပြည်သူအများစုဟာ ကျေးရွာတွေ အတွင်းပြန်မနေကြဘဲ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။
လူမနေတဲ့ ကျေးရွာတွေကို မြင်းခြံမြို့က စစ်တပ်နဲ့ပျူစောထီးတွေက ကားတွေနဲ့ လာပြီး နေအိမ်တံခါးဘောင်နဲ့ သွပ်တွေကို ဖြုတ်ခိုးနေတာလို့ဒေသခံတွေက ပြောပါတယ်။
"ယူစရာကလည်း ဒါတွေပဲကျန်တာလေ။အရင်ထဲက အိမ်တွင်းပစ္စည်း တွေကို ကား တွေနဲ့ သယ်ထုတ် နေ တော့ ဘာမှမကျန်တော့ဘူး။အခုတံခါး တွေဖြုတ်ခိုးတယ်။သွပ်တွေ ခွာယူပြီး မြို့ထဲ သယ်နေကြတာ"လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်ဟာ မြင်းခြံမြို့နယ်ကို အင်အားထောင်ချီသုံးပြီး နယ်မြေထိန်းချုပ်ရန်ကြိုးစားခဲ့ပြီး စစ်ကြောင်းတွေနောက်က ပျူစောထီးတွေဟာ ကားတွေနဲ့ရွာတွေက ပစ္စည်းတွေကိုသယ်ယူခဲ့တာလို့ သိရပါတယ်။
မြင်းခြံမြို့နယ်မှာ ကျေးရွာပေါင်း၁၅ရွာလောက်ဟာ ၁နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

🤬33❤4👎2👏1🎉1🙏1
အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။
မဆလခေတ်ကစီးပွားရေးကျပ်တည်းမှုတွေကြားမှာ မိသားစုတော်တော်များများရဲ့ ထမင်းဝိုင်းမှာဘဲဥတစ်လုံးဟာလူတစ်ယောက်စာ မဟုတ်ခဲ့ပါဘူး။ ဘဲဥတစ်လုံးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်တစ်ခြမ်း ဝေစားရတယ်။ အာလူးနဲ့ ရောချက်ရင်လည်းဘဲဥတခြမ်း၊ အာလူးတခြမ်းက တစ်ယောက်စာဟင်းဖြစ်ခဲ့တာပါ။
ပဲဟင်းတစ်အိုးရှိရင်တောင် “ဆမ်းတဲ့သူက မသောက်ရ၊ သောက်တဲ့သူက မဆမ်းရ” ဆိုတဲ့ ရယ်စရာလိုလို၊ဝမ်းနည်းစရာလိုလို စည်းမျဉ်းမျိုးနဲ့ စားခဲ့ရတဲ့အိမ်တွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက“ဘဲဥတခြမ်း”ဟာနောက်ပိုင်းမှာလူတွေ ပြန်ပြောရယ်မောစရာ အမှတ်တရတစ်ခုလို ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် အခုချိန်မှာ အဲဒီဘဲဥတခြမ်းကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ အခု မြန်မာပြည်မှာ ဘဲဥကို တခြမ်းပဲစားရတာ မဟုတ်တော့ပဲ မနက်စာကိုစားဖို့တောင်ခက်လာနေတဲ့ မိသားစုတွေ ရှိလာနေပါပြီ ။ ဘဲဥတခြမ်းဟာ အတိတ်မဟုတ်တော့ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို GDP၊ ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကုန်သွယ်ရေးလို ကိန်းဂဏန်းတွေနဲ့ တိုင်းတာလို့ရပါတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက်အတွက်တော့ နိုင်ငံ့စီးပွားရေးဆိုတာ အဲဒီကိန်းဂဏန်းတွေမဟုတ်ပါဘူး။ မနက်အိပ်ရာထတဲ့အခါကလေးကိုဘာကျွေးရမလဲ။ ဟင်းချက်တဲ့အခါ ဆီကို ဘယ်လောက်လျှော့သုံးရမလဲ။ဒီနေ့ အတွက် ဆန်ဘယ်လောက်ကျန်သေးလဲဆိုတာက ပိုအရေးကြီးတာပါ။
ကြက်ဥ၊ဘဲဥ၊အသား၊ငါးတွေကအရင်ကတည်းက မကြာခဏ မစားနိုင်တဲ့ အစားအစာတွေ ဖြစ်ခဲ့တာထဲကနေ အခုတော့ အခြေခံစားသောက်ကုန်တချို့တောင် မိသားစုဘတ်ဂျက်နဲ့ မကိုက်တော့တဲ့ အခြေအနေတွေ ပိုများလာပါပြီ။“ဘဲဥတခြမ်း” ဟာအတိတ်က အမှတ်တရတစ်ခုဖြစ်ရုံ မဟုတ်တော့ဘဲဆင်းရဲမွဲတေမှုဘယ်လောက်အထိနက်ရှိုင်းလာနိုင်သလဲဆိုတာမြင်သာစေတဲ့အရာဖြစ်လာပါပြီ။
https://www.ludunwayoo.com/opinion-mm/2026/08/26/166626/

ပျောက်ကွယ်သွားတဲ့ မနက်စာနှင့် ဘဲဥတခြမ်းကနေ မငတ်ရုံတမယ်ဘဝဆီ | LuduNwayOo
အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။
😢37❤5👍3🔥1🥰1🤬1🤮1💯1🖕1
မြန်မာမှာ ကုလဖွံ့ဖြိုးမှုအစီအစဉ်ကပေးတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆွေးနွေး
ဩဂုတ် ၂၇၊ ၂၀၂၆။ ထားမြတ်
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိစေဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။
၂၀၂၆ အတွက် Executive Board of UNDP, UNFPA and UNOPS ရဲ့ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိရာ UNDP ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးနဲ့ အပြန်အလှန်ဆွေးနွေးမှုကို ဩဂုတ် ၂၆ရက်က ပြုလုပ်ခဲ့ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
ဖွံ့ဖြိုးမှုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုများ ကြီးမားနေတဲ့ ကာလတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်အနေဖြင့်ဆန်းသစ်သောပုံစံဖြင့် ဘဏ္ဍာငွေများထောက်ပံ့ပေးလျက်ရှိတာ၊ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေတာကို ကြိုဆိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာ ချဲ့ထွင်ရန် အပါအဝင် အချက် ၂ချက်ကို ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။
ပထမအချက်မှာ ဒေသခံများ၊ အသိုက်အဝန်းအတွင်း လှုပ်ရှားနေသူများနဲ့ ထိရောက်သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာချဲ့ထွင်ဖို့ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ ပေးအပ်လျက်ရှိသော ဝန်ဆောင်မှုများ ထိရောက်မှုရှိစေရန်အတွက် မှန်ကန်သောမိတ်ဖက်အား ရွေးချယ်ခြင်း၊ သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသူများနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မှုတို့ဟာ အလွန်အရေးပါကြောင်း သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်အုပ်စုရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပိုင်းပိုင်းအစစကျိုးပဲ့ပျက်စီးသွားရသော ပြည်သူများရဲ့ နေအိမ်များနဲ့ စာသင်ကျောင်း များအား ဒေသခံမိတ်ဖက်များကသာ ပြန်လည်တည်ဆောက်ပေးလျက် ရှိကြောင်း သံအမတ်ကြီးက အသိပေးပါတယ်။
ဒါ့အပြင် ပြည်တွင်းနေရပ်စွန့်ခွာသူစခန်းတွေမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု များနဲ့ မဆင်မခြင် ဗုံးကျဲဖျက်ဆီးခြင်းတို့ကြောင့် ပျက်စီးမှုအတွက် ယာယီခိုလှုံတဲများနဲ့ ရွက်ဖျင်တဲများကို ပြန်လည်တည်ဆောက်ပေးသူတွေဟာလည်း တော်လှန်ရေး အသိုက်အဝန်းများမှ မိတ်ဖက်များပင်ဖြစ်ကြောင်း ပြောပါတယ်။
စစ်အုပ်စုကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်မှုများ ပိတ်ဆို့ တားဆီးနှောင့်ယှက်နေတာကြောင့် ရှေ့တန်းမှာ လုပ်ဆောင်နေသော တော်လှန်ရေးဘက်က မိတ်ဖက်များကပင် အသက်ကယ်ဝန်ဆောင်မှုများကို ပြန်လည် လည်ပတ်စေရန် လုပ်ဆောင်ပေးလျက် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒုတိယအချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေး ဆက်သွယ်ချက်တို့အား ပြန်လည်အားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ သံအမတ်ကြီးက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ လုပ်ငန်းထက်ဝက်ကျော်မှာ မြန်မာနိုင်ငံအပါအဝင် ထိခိုက် ပျက်စီးလွယ်သောနေရာများ၊ ပဋိပက္ခနဲ့ ဆက်စပ်အခြေအနေများမှာ လုပ်ဆောင်နေရတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်လာချိန် မြန်မာပြည်သူများ အနေနဲ့ ဘက်ပေါင်းစုံမှာ ခက်ခဲကျပ်တည်းနေရပြီး ပဋိပက္ခ၊ မလုံခြုံမှု၊ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခြင်း၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ ရာသီဥတုဖောက်ပြားခြင်း စသည်ဖြင့် တခုနဲ့ တခု ချိတ်ဆက်နေတဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက အသိပေးပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ အပေါ်ယံအပြောင်းအလဲများကို ဟန်ပြလုပ်ဆောင်လျက်ရှိပေမဲ့ အရပ်သားပြည်သူများအပေါ် မဆင်မခြင် အကြမ်းဖက်နေခြင်းက ရပ်တန့်သွားခြင်း မရှိလို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျဆင်းဆုတ်ယုတ်နေတဲ့ ဝဲဂယက်အတွင်းမှ ရုန်းမထွက်နိုင်ဘဲဖြစ်နေကြောင်းလည်း သံအမတ်ကြီးက ဆွေးနွေးခဲ့ပါတယ်။
မြန်မာပြည်သူများအနေနဲ့ စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းခြင်း၊ ဒီမိုကရေစီ အဆောက်အဦများ ပြန်လည်အသက်သွင်းခြင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းတို့ဖြင့် အနာဂတ်အား ဖန်တီးမယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားတာဖြစ်လို့ ပြည်သူများရဲ့ ကြိုးပမ်းအားထုတ်မှုများအား ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

❤27👍12👏6🥰3👎1🤮1🤣1🖕1
■အတွေးအမြင်
"ပဋာစာရီတွေ မပေါ်တော့မယ့် အချိန်"
- အေးခိုင်ဦး ရေးသားသည်။
ဗုဒ္ဓဘာသာမှာ ပဋာစာရီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်း၊ သားနှစ်ယောက်နဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရသူပါ။ ဆုံးရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရတာကြောင့် သောကဒဏ်ကို မခံနိုင်တော့ဘဲ စိတ်လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မြတ်စွာဘု
ရားရဲ့ တရားတော်ကို နာယူခွင့်ရပြီး သောကကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ “ပဋာစာရီ” ဆိုတဲ့စကားကို သောကတွေများလွန်းပြီး စိတ်ထိခိုက် ကြေကွဲနေသူ တွေကို တင်စားပြီးသုံးလာကြပါတယ်။ ဒါပေမယ့်
ဒီနေ့ မြန်မာပြည်မှာ ပဋာစာရီဆိုတာ တစ်
ယောက်တည်း မဟုတ်တော့ပါဘူး။
အသက်၂၄ နှစ်ပဲ ရှိသေးတဲ့သားတစ်ယောက်
ကို စဉ်းစားကြည့်ပါ။ ချောတယ်။ လူချစ်လူ
ခင်ပေါတယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။ ဘဝရဲ့ ရှေ့လျှောက်ခရီးကလည်း အများကြီး ကျန်သေးတဲ့အရွယ်။ တစ်ညမှာ ကုမ္ပဏီက အဖွဲ့လိုက် စားသောက်ကြပြီးတဲ့နောက် ကုမ္ပဏီကားနဲ့ ဝန်ထမ်းမိန်းကလေးတစ်ယောက်ကို အိမ်လိုက်ပို့ခဲ့ပါတယ်။ အဲဒီနောက် သူ့အိမ်ကို ပြန်မရောက်လာတော့ဘူး။ ဖုန်းဆက်လို့ မရတော့တဲ့အခါ မိခင်က သားကို တစ်ညလုံး လိုက်ရှာခဲ့တယ်။ သားလေး ဘယ်မှာလဲ၊ ဘာဖြစ်နေလဲဆိုတာ မသိရသေးတဲ့အချိန်မှာ မျှော်လင့်ချက်ကတော့ရှိနေသေး
မှာပါ။ နောက်ဆုံးမှာတော့ လမ်းဘေးတစ်နေရာမှာ သေဆုံးနေတဲ့ သားရဲ့အလောင်းကို တွေ့ခဲ့ရပါတယ်။
မိခင်တစ်ယောက်အနေနဲ့ အဲဒီညကို ဘယ်လိုဖြတ်သန်းခဲ့ရမလဲ။ သားလေး ရှင်သန်နေမယ်လို့ မျှော်လင့်ရင်း လိုက်ရှာခဲ့တဲ့ ခြေလှမ်းတိုင်းမှာ မျှော်လင့်ချက်ရှိခဲ့မှာပါ။ ဒါပေမယ့် နောက်
ဆုံးမှာ တွေ့လိုက်ရတာက အသက်မရှိတော့တဲ့ သားရဲ့ခန္ဓာကိုယ်။
အဲဒီဖြစ်ရပ်က Facebook ပေါ်မှာ လူအများ ပြောဆိုခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိခင်တစ်ယောက်အတွက်တော့ အဲဒါဟာ Facebook ပေါ်က သတင်းတစ်ပုဒ် မဟုတ်ပါဘူး။ သူ့ဘဝတစ်ခုလုံးပါ။
နောက်ထပ် မိခင်တစ်ယောက်ကို စဉ်းစားကြည့်ပါ။သားတစ်ယောက်က အသက် ၂၀ ကျော်မှာ လမ်းပေါ်မှာလုယက်ခံရပြီး အသက်
ဆုံးရှုံးသွားတယ်။နောက်သားတစ်ယောက်ကတော့ ကားမတော်တဆမှုနဲ့ ဆုံးသွားတယ်။ ကျန်တဲ့သားတစ်ယောက်ကိုလည်း စစ်မှုထမ်းရမယ့် အခြေအနေကို စိုးရိမ်လို့ တစ်နေရာရာကို ပို့ထားရတယ်။ သားသမီးတွေကို ပြုစုပျိုးထောင်ပြီး အသက် ၇၀ ဝန်းကျင်အထိ ရောက်လာတဲ့ လင်မယားနှစ်ယောက်ဟာ အခုတော့ အိမ်မှာ နှစ်ယောက်တည်း ကျန်နေကြတယ်။ နှစ်ယောက်စလုံးက ကျန်းမာရေးမကောင်းကြပါဘူး။ လေဖြတ်ထားကြတယ်။ သူတို့ကို ပြုစုစောင့်ရှောက်ပေးနေကြတာက ကိုယ့်သားသမီးတွေ မဟုတ်တော့ဘူး။ အိမ်နီးချင်းတွေပါ။
မိခင်တစ်ယောက်အတွက် သားတစ်ယောက် ဆုံးရှုံးတာနဲ့တင် ဘဝတစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ဒီမှာတော့ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် မိခင်က ဆက်ပြီးအသက်ရှင်နေရတယ်။အဖေကလည်းဆက်ပြီးအသက်ရှင်နေရတယ်။ တစ်ခါ
တလေမှာ အသက်ရှင်နေရခြင်းကိုယ်တိုင်က ဒုက္ခတစ်မျိုး ဖြစ်လာတာပါ။
စစ်ကိုင်းတိုင်း၊ ကျွန်းလှဘက်က လယ်သမားမိသားစုတစ်စုအကြောင်းလည်း ကြားရပါတယ်။ လင်မယားနှစ်ယောက် လယ်လုပ်ကြတယ်။ နှစ်တွေကြာကြာ အလုပ်လုပ်ပြီး စုဆောင်းခဲ့ကြတယ်။ ဆယ်နှစ်လောက် စု
ဆောင်းပြီးတဲ့အခါ နှစ်ထပ်တိုက်တစ်လုံး ဆောက်နိုင်ခဲ့ကြတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်တိုင် အိမ်တစ်လုံး ဆောက်နိုင်တာဟာ သေးသေးလေး မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ သူတို့ရဲ့ ဆယ်နှစ်စာ အလုပ်တွေ၊ ချွေးတွေ၊ ပင်ပန်းမှုတွေ၊ အနာဂတ်အတွက် ထားခဲ့တဲ့ မျှော်လင့်ချက်တွေရဲ့ ရလဒ်ပါ။ ဒါပေမယ့် အိမ်ဆောက်ပြီးတဲ့အချိန်မှာပဲ အာ
ဏာသိမ်းမှု ဖြစ်လာတယ်။ စစ်ကြောင်းဝင်လာရင် ရွာသားတွေနဲ့အတူ ထွက်ပြေးကြရတယ်။ အခြေအနေ နည်းနည်းငြိမ်သွားရင် ရွာထဲပြန်ဝင်ကြတယ်။နောက်တစ်ခါစစ်ကြောင်း
လာပြန်ရင် ထပ်ပြေးကြရပြန်တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အိမ်ကို အပြီးအပိုင် စွန့်ခွာခဲ့ရတယ်။
ဆယ်နှစ်လောက် စုဆောင်းပြီး ဆောက်ခဲ့တဲ့အိမ်မှာ တစ်ညတောင်ကောင်းကောင်း မအိပ်လိုက်ရပါဘူး။ သူတို့ဆုံးရှုံးခဲ့တာက အိမ်တစ်လုံးတည်း မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်နိုင်မယ် ဆိုတဲ့ ယုံ
ကြည်ချက်၊ အနာဂတ်အတွက် စိတ်ချမ်းသာမှု၊ ကိုယ့်မြေ ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း နေထိုင်နိုင်ခွင့်။ အဲဒါတွေအားလုံးကို တစ်ပြိုင်
နက်တည်း ဆုံးရှုံးခဲ့ရတာပါ။
ဒါနဲ့တင် မပြီးသေးပါဘူး။ အဲဒီလယ်သမားမိသားစုရဲ့ သားတွေက ရန်ကုန်မှာ အလုပ်လုပ်ကြတယ်။ တစ်ယောက်က ကားမောင်းတယ်။ တစ်ယောက်က delivery ပို့တယ်။ သူတို့ကလည်း အခြားလူငယ်တွေလိုပဲ အလုပ်လုပ်ပြီး ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ဖို့ ကြိုးစားနေကြတာပါ။ သားအငယ်၊ အသက် ၂၇ နှစ်က delivery အလုပ်ကနေ သိမ်းလာတဲ့ ငွေ ၂၅ သိန်းကို လမ်းပေါ်မှာ လုယက်ခံလိုက်ရတယ်လို့ ကြားရပါတယ်။
အဲဒီငွေဟာ သူ့အတွက် ပိုက်ဆံတစ်ထုပ်ပဲ မဟုတ်ပါဘူး။ အလုပ်ရှင်ကို ပြန်ပေးရမယ့် တာဝန်ရှိတဲ့ငွေ။ မိသားစုကို ထောက်ပံ့ရမယ့် ဘဝ။မနက်ဖြန်အတွက်သူ့ရဲ့မျှော်လင့်ချက်။
အဲဒီအခက်အခဲကို စိတ်မခံနိုင်တော့ဘဲ သူ့အသက်ကို သူ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ရက်လည်ပြီးနောက် သူ့ဇနီး၊ အ
သက် ၂၃ နှစ်ကလည်း ခင်ပွန်းနောက်ကို လိုက်သွားခဲ့တယ်လို့ သိရပါတယ်။

👍25🔥6❤5🤬1🤣1💔1🖕1
ဖြစ်ရပ်တစ်ခုကို သတင်းတစ်ပုဒ်အနေနဲ့ ဖတ်လိုက်ရင် ခဏလေးနဲ့ ပြီးသွားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီသတင်းရဲ့နောက်မှာ ကျန်ခဲ့တဲ့ မိသားစုတစ်စုရဲ့ ဘဝကိုတော့ စာကြောင်းနည်းနည်းနဲ့ ပြီးအောင် ပြောလို့မရပါဘူး။ ဒါတွေဟာ စစ်မြေပြင်ထဲက ဖြစ်ရပ်တွေချည်း မဟုတ်ပါဘူး။ ရန်ကုန်မြို့ပေါ် မှာတောင် ဖြစ်နေတဲ့ လူတွေရဲ့ နေ့စဉ်ဘဝတွေပါ။ဖြစ်ရပ်တစ်ခုချင်းစီကို ကြည့်မယ်ဆိုရင် အကြောင်း
ပြချက်တွေက မတူကြပါဘူး။ လုယက်မှုရှိတယ်။မတော်တဆမှုရှိတယ်။စိတ်ပျက်အား
ငယ်မှုရှိတယ်။ စစ်ဘေးဒုက္ခရှိတယ်။ ဒါပေမယ့် ဒီအဖြစ်တွေကို တစ်ခုချင်းစီ မကြည့်ဘဲ အားလုံးကို စုပြီးကြည့်လိုက်တဲ့အခါ နောက်ခံမှာ ရှိနေတဲ့အကြောင်းက တစ်ခုတည်းပါ။
မင်းအောင်လှိုင်အာဏာရူးပြီး သမ္မတလုပ်ချင်တာကြောင့်၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှာ
အာဏာသိမ်းခဲ့တာကြောင့်ပါ ။စစ်အုပ်စု
အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေရဲ့ ဘဝထဲမှာ မသေချာမှုတွေ၊ အကြောက်တရားတွေ၊ စီးပွားရေးအခက်အခဲတွေ၊ လုံခြုံမှုမရှိခြင်းတွေ ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်။
ကျေးလက်ဒေသတွေမှာစစ်တပ်ကဗုံးကြဲလို့ စာသင်နေတဲ့ကလေးငယ်အပါအဝင် ရင်သွေးငယ်များစွာဟာသေဆုံးဒဏ်ရာရကြလို့ မိခင်များစွာ ရင်ကွဲကြရပြန်တယ် ။ရွာမှာ
နေရင် စစ်ကြောင်းကို ကြောက်ရတယ်။ ဗုံးကြဲမှာကို ကြောက်ရတယ်။ မြို့မှာနေရင် ရာဇဝတ်မှုကို ကြောက်ရတယ်။ သားသမီးတွေ အပြင်ထွက်သွားရင် ဘာဖြစ်မလဲဆိုပြီး စိုးရိမ်ရတယ်။ အလုပ်လုပ်နေရင်းနဲ့တောင် မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသေချာတော့ဘူး။ အိမ်တစ်လုံး ဆောက်နိုင်ခဲ့ရင်တောင် အဲဒီအိမ်မှာ ကိုယ်တိုင် ပြန်နေနိုင်မယ်ဆိုတဲ့ အာမခံချက် မရှိတော့ဘူး။ ဒီလိုနဲ့ လူတွေဟာ ဆုံးရှုံးမှုတွေကို တစ်ခုချင်းစီ ရင်ဆိုင်နေရင်း အသက်ရှင်နေကြရပါတယ်။
မိခင်တွေက သားသမီးတွေကို မျှော်ရင်း ပဋာစာရီတွေ ဖြစ်လာကြရတယ်။ တချို့က သားအလောင်းကို ဖက်ပြီး ငိုကြရတယ်။ တချို့က သားသမီး ဘယ်ရောက်နေမှန်း မသိဘဲ ငိုကြရတယ်။တချို့ကအိမ်ပျောက်လို့ငိုကြရတယ်။
တချို့ကတော့လူရှေ့မှာမငိုဘဲညဘက်ရောက်
မှတိတ်တိတ်လေးငိုကြရပါတယ်။ အာဏာ
သိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အကြောက်တ
ရားနဲ့ ဆုံးရှုံးမှုတွေကို မေ့ပစ်လို့ မရပါဘူး။ မိခင်တစ်ယောက်ရဲ့ ငိုသံဟာကိုယ်ရေးကိုယ်
တာ ဖြစ်ရပ်တစ်ခုလောက်နဲ့ မပြီးပါဘူး။အဲဒီငိုသံထဲမှာ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်နာ
ကျင်နေပြီလဲဆိုတာ ပါနေတာပါ။
ဒါကြောင့် တစ်နေ့မှာ မိခင်တွေက သားသမီးတွေ အိမ်ပြန်လာပါ့မလားဆိုပြီး မကြောက်ရတော့တဲ့နေ့၊ လူငယ်တွေက အသက်ရှင်ရုံသက်သက် မဟုတ်ဘဲ အနာဂတ်ကို မျှော်လင့်ပြီး အသက်ရှင်နိုင်တဲ့နေ့၊ လယ်သမားတွေက ကိုယ့်အိမ်၊ ကိုယ့်မြေ၊ ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း ပြန်နေနိုင်တဲ့နေ့၊ မြန်မာပြည်မှာ ပဋာစာရီတွေ ထပ်မပေါ်လာတော့တဲ့နေ့ အဲဒီနေ့ ရောက်လာပါစေ။
မိခင်တွေရဲ့ သောကကို မမေ့ကြပါနဲ့။
ဆုံးရှုံးခဲ့ရသူတွေကို မမေ့ကြပါနဲ့။
စစ်အာဏာရှင်ကို မမေ့ကြပါနဲ့။
ဒါတွေဟာ သမိုင်းပါ။
ပဋာစာရီတွေ ထပ်မပေါ်လာအောင် ကြိုးစားကြပါစို့။

👍35🔥4❤2🤣1💔1🖕1
ရွှေသောင်ယံတိုက်ပွဲအပြီး၂နှစ်ခန့်အတွင်းစစ်တပ်ကစစ်သင်္ဘောနဲ့ စစ်ကားတွေအင်အားအများအပြားဖြည့်ပြီး စစ်ပြင်
သြဂုတ်-၂၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring
ရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းရွှေသောင်ယံမြို့နယ်ထဲကို ၂၀၂၅ ဇန်နဝါရီလနောက်ပိုင်း စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြား ပို့ဆောင်အင်အားဖြည့်တင်းပြီးစစ်ပြင်နေပါတယ်။
သြဂုတ်လ၂၇ရက်မနက်ပိုင်းမှာ ရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင် - ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါးဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် ရောက်ရှိနေတယ်လို့ ဒေသခံ အချို့ကပြောပါတယ်။
"ဒီလောက်များတာတစ်ခါမှမတွေ့ဖူးဘူး။ ရှေ့ဆက်ပြီးဘာတွေဖြစ်လာမလဲမသိဘူး။ စစ်ကားတွေပေါ်မှာလည်း စစ်မှုထမ်းသင်တန်းဆင်းတွေအများကြီးပါလာတယ်။ ငယ်ငယ်လေးတွေ။ပါလာတဲ့ကလေးတွေလည်းမျက်နှာမကောင်းဘူး" လို့ ရွှေသောင်ယံမြို့နယ်၊ မကျည်းဇင်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ရွှေသောင်ယံမြို့နယ်ဟာ ဂွမြို့နယ်နဲ့ ပင်လယ် ကမ်းရိုးတန်းချင်းဆက်စပ်နေပါတယ်။အာရက္ခတပ်တော်(AA)က ဂွမြို့နယ်ကို ၂၀၂၄ခုနှစ်ဒီဇင်ဘာလမှာသိမ်းယူပြီးတဲ့နောက်၂၀၂၅ ဇန်နဝါရီလထဲမှာ ရွှေသောင်ယံမြို့နယ်ထဲက ဖစ်တပ်စခန်းအချို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဘောမိနဲ့ မကျည်းစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။
အိမ်ခြေလေးရာကျော်ရှိတဲ့ဘောမိရွာကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။ နှစ်လခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်ခဲ့ပေမယ့် စစ်တပ်က ပုသိမ်- ရွှေသောင်ယံလမ်းကနေတဆင့် စစ်အင်အားတွေ မကြာခဏဖြည့်နေခဲ့ပါတယ်။ ယခုတကြိမ်ဟာ အင်အားအများဆုံး ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဟာရေကြည်နဲ့သာပေါင်းမြို့နယ်မှာဘက်ကနေလည်း အင်အားတွေပို့ဆောင်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။စစ်တပ်စစ်ကြောင်းတွေဟာ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးနဲ့ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ AAက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရေကြည်မြို့နယ်ထဲကတိုက်ပွဲတွေအတွင်း စစ်တပ်စခန်းအချို့ကိုသိမ်းယူနိုင်ခဲ့သလို ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်း တွေ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး ဂွမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုဆိုးရွားလာသလို မြေပြင်ကနေလည်းအင်အားတွေ ပို့ဆောင်နေတာဖြစ်ပါတယ်။ရခိုင်နဲ့ ဧရာဝတီနယ်စပ်စစ်မျက်နှာအပြင် စစ်တွေနဲ့ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်၊ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်၊ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်နယ်စပ်ဖြစ်တဲ့ မင်းတပ်နဲ့ကန်ပက်လက်မြို့တွေမှာလည်း စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။အဲဒီတိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြုလုပ်နေပါတယ်။
ဂွမြို့နယ်ကိုဦးတည်တဲ့ စစ်တပ်ရဲ့တန်ပြန် ထိုးစစ်ဟာ ယခုတစ်ကြိမ်မှမဟုတ်ဘဲ အကြိမ်ကြိမ်လုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ဇွန်လကုန်က AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမယ့် ထိုးစစ်တိုင်းမှာ စစ်တပ်စစ်ကြောင်းတွေတပ်လန်ကျနေတာလို့စစ်ရေးသတင်း ရင်းမြစ်အချို့ကပြောပါတယ်။
လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုနဲ့ လုံခြုံရေးအခြေနေကိုသတိပြုနေထိုင်ကြဖို့ ဒေသခံတွေကို AAက သတိပေးချက်မကြာခဏထုတ်ပြန်နေပါတယ်။

👍25❤8👎2👏2😁2🎉1
မုံရွာမြို့မှာ စစ်တပ်က လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းပြီး ပေါ်တာဆွဲ
သြဂုတ်−၂၇၊ ၂၀၂၆။ဇေအောင်/People's Spring
နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။
မုံရွာမြို့မှာ သြဂုတ် ၂၆ ရက်ညနေပိုင်းက ဘုရားနီဘုရားအနီးမှာ လူငယ် ၉ ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရပြီး ၁ဦးကိုတော့ ကားနဲ့တိုက်ကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။
"ဘုရားနီရှေ့ အဲနားတင် ၉ ယောက်ပါသွားတယ်။ တစ်ယောက်ကတော့ ဆိုင်ကယ်စီးလာတာ ကွေ့တာ။ စစ်ကားကမြင်တော့ ဝင်တိုက်ပစ်တာ။ မျက်နှာကိုလည်း ခြေထောက်နဲ့ဆောင့်ကန်တယ်"လို့ မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီကနေ့မှာလည်း စစ်တပ်က မုံရွာမြို့ပေါ်မှာ ကားတွေနဲ့လှည့်ကာ ပေါ်တာဆွဲနေပြီး ပြည်ထောင်စုလမ်းပေါ်က ကာဗာနန်းတော် ဖုန်းကာဗာဆိုင်ထဲထိဝင်ဆွဲလို့ လူငယ် ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို အမျိုးသား ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ(၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရင်ကလည်း ညနေ ၅ နာရီနောက်ပိုင်း ဖမ်းဆီးပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ စစ်အုပ်စုက နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက အိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခု ဩဂုတ်လအတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

🤬28❤5👍4👎3😁2🤮2👏1
မုံရွာမှာ စစ်တပ်ကလူငယ်တွေကိုနေ့ခင်းကြောင်တောင် ကားနဲ့ပေါ်တာဆွဲတဲ့ရုပ်သံအထောက်အထားပေါ်ထွက်လာ
သြဂုတ်−၂၇၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်အုပ်စုက မုံရွာမြို့မှာ နေ့ခင်းကြောင်တောင်မှာပဲ မြို့အတွင်းကားတွေနဲ့လှည့်ပြီး လူငယ်တွေကို ပေါ်တာဆွဲတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို ပြည်သူတဦးကလူမှုကွန်ယက်မှာ မျှဝေပေးပါတယ်။
"လူငယ်များကို ပေါ်တာစွဲ ဖမ်းဆီးနေသောVideo ဖိုင် သက်သေ အထောက်အထားကိုမိဘပြည်သူများ အားလုံးပဲ ကြည့်ရှုကြပါရန်"လို့ရေးသားပြီး ဗီဒီယိုဖိုင်ကိုမျှဝေထားတာပါ။
ရုပ်သံမှတ်တမ်းမှာ စစ်သား ၊ရဲ ၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ၊ပျူစောထီးတွေကနေ့ခင်းဘက်မှာပဲ မုံရွာမြို့မှာ လူငယ်တွေကို ကားပေါ်တက်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားတာကိုတွေ့ရပါတယ် ။
"အကြမ်းဖမ်း စစ်အုပ်စုက ပေါ်တာစွဲ ဖမ်းဆီးပြီးတော့ လူငယ်များကိုငွေကြေး သိန်းပေါင်းများစွာဖြင့်ပြန်လည် ရောင်းချခြင်း၊မိဘများထံမတရားငွေညှစ်တောင်းခံခြင်း၊အဆင့်ဆင့် ရောင်းချပြီး ငွေကြေးများကိုခြိမ်းခြောက်တောင်းဆိုခြင်း ၊အမျိုးမျိုးသောပုံစံဖြင့် ငွေကြေးများကိုလိမ်လည်တောင်းဆိုခြင်းများ ရှိနေပါသဖြင့် ဂရုစိုက်ကြပါရန် အသိပေးပါသည်" လို့ ဗီဒီယိုဖိုင်မျှဝေသူကရေးသားထားပါတယ် ။
ဒါ့အပြင် မုံရွာမြို့မှာပဲ သြဂုတ် ၂၆ ရက်ညနေပိုင်းက ဘုရားနီဘုရားအနီးမှာ လူငယ် ၉ ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရပြီး ၁ဦးကိုတော့ ကားနဲ့တိုက်ကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။
"ဘုရားနီရှေ့ အဲနားတင် ၉ ယောက်ပါသွားတယ်။ တစ်ယောက်ကတော့ ဆိုင်ကယ်စီးလာတာ ကွေ့တာ။ စစ်ကားကမြင်တော့ ဝင်တိုက်ပစ်တာ။ မျက်နှာကိုလည်း ခြေထောက်နဲ့ဆောင့်ကန်တယ်"လို့ မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
သြဂုတ် ၂၇ ရက်မှာလည်းစစ်တပ်က မုံရွာမြို့ပေါ်မှာ ကားတွေနဲ့လှည့်ကာ ပေါ်တာဆွဲနေပြီး ပြည်ထောင်စုလမ်းပေါ်က ကာဗာနန်းတော် ဖုန်းကာဗာဆိုင်ထဲထိဝင်ဆွဲလို့ လူငယ် ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံအချို့ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို အမျိုးသား ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ(၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရင်ကလည်း ညနေ ၅ နာရီနောက်ပိုင်း ဖမ်းဆီးပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်
သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ စစ်အုပ်စုက နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက အိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခု ဩဂုတ်လအတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
ရုပ်သံ-မျိုးကြီး

🔥16🤬13❤7👏1
စဉ့်ကူးက ကြက်တူရွေးရွာကို စစ်တပ်က ၁၁ကြိမ်မြောက် မီးရှိူ့ဖျက်ဆီး
ဩဂုတ်၂၇၊၂၀၂၆၊ရှိန်း/ People's Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၇ ရက် ဒီနေ့၊ နေ့လည်ပိုင်းမှာ ကြက်တူရွေး ကျေးရွာကို သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဝင်ရောက် မီးရှို့သွားတာလို့ သိရပါတယ်။
"စာသင်တဲ့ နေရာနဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်ကတဲ တွေထင်တာပဲ။အဲဒီနေရာ တွေကိုရှို့သွားတယ်။တိုက်ပွဲတွေ၊ပစ်တာ ခတ်တာတွေ မရှိဘဲ မီးသီးသန့်ဝင်ရှို့သွားတာ"လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
စစ်တပ်က ဒရုန်းနဲ့ ကျေးရွာအတွင်း ဗုံးကြဲတာ ကြောင့် လူသေဆုံးမှု တွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေက ကျေးရွာအတွင်းကနေ တိမ်း ရှောင်နေကြတာမို့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
"ဒီရက်ပိုင်း ရွာသားတွေက ရွာထဲဝင်ပြီး ကိုယ့်နွားတွေကို ကိုယ်ပြန်ရှာကြတယ်။ပြီးတော့ နွားတွေကို စစ်ရှောင်တဲ့ဘက်ကူးကြတာရှိတယ်။အဲတာတွေ လုပ်တာမြင်ပြီးပဲလာရှို့လားမသိဘူး"လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကြက်တူရွေးကျေးရွာကို ၂၀၂၁စစ်အာဏာသိမ်းပြီးကတည်းက မကြာခဏ စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့လေ့ရှိပြီး ၂၀၂၃ခုနှစ်မှာရွာလုံးကျွတ်မီးရှို့ခဲ့သလို ယခုတကြိမ်မီးရှို့တာဟာ ၁၁ကြိမ်မြောက် မီးရှို့ခြင်းဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

🤬29❤3🔥3👎2👏2
ရှေ့တန်းမှာ စစ်မှုထမ်းတပ်သားတွေ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး ၃ဦး သေဆုံးဟု ဖရီးဘားမားရိန်းဂျားတပ် ပြော
ဩဂုတ်−၂၇၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။
မြေမြုပ်မိုင်းရှင်းခိုင်းတဲ့အချိန်မှာ အကာအကွယ်မပါတဲ့အပြင် အနောက်ကနေပါ သေနတ်နဲ့ချိန်းရွယ်ပြီး ရှေ့တန်းစစ်မြေပြင်ကို တိုးခိုင်းခဲ့တယ်လို့ မျက်မြင်ကြုံခဲ့တာကို သူရဲ့ လူမှုကွန်ယက်ကတဆင့် အသိပေးပါတယ်။
" ဒီနေ့ပဲဖြစ်ခဲ့တာပါဗျ။နေရာကတော့ ဖော်ပြသေးလို့မရသေးဘူး"လို့ ကိုအောင်ဇေယျက လူထုနွေဦးကို ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေက ဖြစ်စဉ်နေရာကို တက်စစ်ဆေးချိန်မှာ မိုင်းမိပြီး သေဆုံးတဲ့ စစ်မှုထမ်းတပ်သား ၃ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
" ပစအသစ်တွေကို မြေမြုပ်မိုင်းကိုရှင်းခိုင်းတဲ့အချိန်မှာ ဘာအကာကွယ်မပါ ကိုယ့်ကို ကာကွယ်ဖို့ ဘာ မှမပါ ခြေဗလာကြီးနဲ့ အရှေ့မတက်ရင်လည်း အနောက်က ပစ်သတ်ဖို့ ချိန်ရွယ်ထားပြီးတိုးခိုင်းတယ်။ အဲ့လိုနဲ့ နင်းမိပြီး ၃ယောက် သေတယ်။ဒီစနစ်ဆိုးကြီး က လူအရင်းအမြစ်ကြီးကို အားရပါးရဝါးမြိုနေတာ မြင်ပြီးစိတ်မကောင်းဖြစ်တာအမှန်ပဲ။ တွန်းလှန်မှာလား ဆက်ငြိမ်ခံမှာလား သို့မဟုတ် ကိုယ်မထိသရွေးကတော့ အေးဆေးပဲဆိုပြီး စောင့်နေကြမှာလား"လို့ ကိုအောင်ဇေယျက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆိုမြို့နယ်နဲ့ ရှမ်းတောင်ပိုင်းအစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးနေပါတယ်။
ဒါကြောင့် မိုးဗြဲမြို့ နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ ဒီးမော့ဆိုမြို့နယ်ထဲက လီဝိုးရွာ၊ နန်းမယ်ခုံမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က အရေးပေါ်သတိပေးထားပါတယ်။
ဒီးမော့ဆိုမြို့ ဒေါငံခါးရွာအနီးမှာလည်း စစ်တပ်စစ်ကြောင်းတွေက နန်းမယ်ခုံမြို့ဘက်ကို တိုးနိုင်ဖို့ စစ်ကြောင်းတိုးနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲ ဖြစ်နေပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နန်းမယ်ခုံမြို့ ကို ပြန်လည်ထိန်းချုပ်ရေးအပါအ၀င် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိကလမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

👍23🤬6❤4👏2👎1😢1🥴1🤣1🖕1