People's Spring
60.3K subscribers
70.3K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
နီ​ပေါနနိုင်ငံမှာ ​တောင်​ပေါ်​ရေကြီးမှုဖြစ်ပွားပြီး​နောက်မြင်ကွင်း / ​ရေကြီးမှုဖြစ်ပွားပုံကိုCNN ကအင်ဖိုဂရပ်နဲ့ ပြသထားမှု။
ဓါတ်ပုံ-CNN ၊AP ၊ AFP
😱26😢164👍2🤮1🤣1
စစ်တပ်မြို့တော် မိတ္ထီလာမှာ ရေမီတာတွေ ဖြုတ်ခိုးခံနေရ

သြဂုတ် ၂၇၊ ၂၀၂၆။ မေရီ/People's Spring

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်က ဝန်ဇင်းရပ်ကွက်၊ ကျောင်းလမ်း၊ ဇဝနလမ်း၊ အောင်သိဒ္ဓိလမ်း၊ သီရိမင်္ဂလာရပ်ကွက်အပါအဝင် ရပ်ကွက်အသီးသီးက နေအိမ်တွေရှေ့ မြေအောက် ကွန်ကရစ်ဘောက်စ်ထဲမှာ တပ်ဆင်ထားတဲ့ ရေမီတာတွေ ခိုးယူခံလိုက်ရတာဖြ​စ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

"အတော်များများ အခိုးခံလိုက်ရတယ်။ စည်ပင်နဲ့ ပတ်သက်တဲ့သူကပဲခိုးမှာ။ အဲမီတာတွေက ဘယ်မှာမှပြန်ရောင်းလို့မရဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရေမီတာတင်မကဘဲ စာသင်ကျောင်းက ရေမော်တာပါ အခိုးခံရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ အပေါ့အပါးသွားတဲ့ နေရာတွေမှာပါ အခက်အခဲတွေ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာ ခိုးဆိုးလုယက်မှု​တွေ မကြာခဏဖြစ်ပွားနေပြီး သြဂုတ် ၁၇ ရက်ကလည်း အမျိုးသမီးတစ်ဦး မိတ္ထီလာမြို့ပေါ်မှာ ဓါးထောက်လုယက်ခံရတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းမှာ ခိုးမှု၊လုယက်မှုတွေ အများအပြားဖြစ်ပွားနေပြီး စက်ဘီး၊ ဆိုင်ကယ်ကအစ ခိုးယူမှုတွေ ဆိုးရွာစွာဖြစ်ပွားနေပါတယ်။
👍21🔥6😁64👎1🤬1🤮1
(ရေမီတာ ဖြူတ်ခိုးခံလိုက်ရပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံံ-Screen Grab)
🔥23👍6😁3👎1🤬1
မုံရွာ-မန္တလေးလမ်းပိုင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်နေ

သြဂုတ် ၂၇၊ ၂၀၂၆။ ​ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၂၇ ရက် မနက်ပိုင်းမှာ မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ မှန်လုံကား(၅)စီး၊ အိမ်စီးကား(၅)စီး၊ တွဲကား(၁၃)စီး၊ သံပြားကာ(၃)စီး စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းမြို့ တပ်မ(၃၃)ဘက် ဦးတည်ထွက်ခွာလာကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဝမ်​ပေါင်က ကြေးနီတွေသယ်လာတာကြားတယ်။ လမ်းကတော့ပိတ်နေတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီယာဥ်တွေ ဖြတ်သန်းလာတာကြောင့် စစ်တပ်က မုံရွာ-မန္တလေးလမ်းတလျှောက် လုံခြုံရေးတွေ အထူးတင်းကြပ်ထားသလို လမ်းပိုင်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
🔥22🤬5🤮3👏1😁1
(မုံရွာ-မန္တလေးလမ်း ဖြတ်သန်းသွားလာနေသော ယာဥ်များအား ပြီးခဲ့သည့် နှစ်အတွင်းက တွေ့ရစဥ် ဓါတ်ပုံံ-CJ)
🔥22👍7🤬2👏1
မြန်မာလိဂ် ဘောလုံးသမား ၁ဦး မြောက်ဒဂုံအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးနေ

▪️ပေါ်တာဆွဲခံရဟု မြို့ခံတွေ သုံးသပ်

သြဂုတ် ၂၇၊၂၀၂၆။သုည/People's Spring

မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၇) မှာ ထုတ်ပြန်ပါတယ်။

အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားနဲ့ ပြန်လာကာ ၇/၈ လမ်းဆုံမှာ ဆင်းခဲ့ကာ Taxi နဲ့ အဆောင်ကို ပြန်ရန်လုပ်တဲ့အချိန်အထိ အဆက်အသွယ်ရခဲ့ကြောင်း ချင်းလန်းအသင်းက ဖော်ပြခဲ့ပါတယ်။

“လိုင်းကားနဲ့ ၇/၈ လမ်းဆုံကို ရောက်တဲ့အချိန်အထိ ဖုန်းအဆက်အသွယ်ရသေးတယ်။ လမ်းဆုံကနေ Taxi နဲ့ အဆောင်ကို ပြန်လာမယ် ပြောတယ်။ အဲဒီ့နောက်ပိုင်း ဖုန်းအဆက်အသွယ် လုံး၀ မရတော့တာပါ။ ဖုန်းတွေ အဲ့ညက ဆက်ပေမယ့် မကိုင်တော့ဘူး။ မနက်ကျ ဖုန်းပါပိတ်သွားတယ်” လို့ အသင်းနဲ့သက်ဆိုင်သူတစ်ဦးက ဆိုပါတယ်။

ဩဂုတ် ၂၂ ရက်မှ စတင်ကာ ဒီကနေ့ ဩဂုတ် ၂၇ ရက်အထိ (၅) ရက်တိုင် အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ပေမယ့် အဆက်အသွယ်မရသေးကြောင်း အသင်းနဲ့သက်ဆိုင်သူက ဆိုပါတယ်။

Pa Lung နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြဖို့ကိုလည်း ချင်းလန်းအသင်းက မေတ္တာရပ်ခံထားပါတယ်။

ဘောလုံးသမား Pa Lung အနေနဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရခြင်း ဖြစ်နိုင်ကြောင်း မြောက်ဒဂုံမြို့နယ်နေ ပြည်သူအချို့က ဆိုပါတယ်။

“ကျွန်တော်တို့ မြောက်ဒဂုံဘက်က စစ်တပ်က ပေါ်တာတွေ စွတ်ဆွဲနေတာပါ။ ညနေဖက် မှောင်ရင်ကို လူငယ်တွေ အပြင်မထွက်ခိုင်းရဲဘူး။ ခုပျောက်တဲ့ ကလေးက တိုင်းရင်းသားလည်း ဖြစ်တော့ ဖြေရှင်းခွင့်ပေးမယ် မထင်ဘူး။ တခါထဲ တန်းခေါ်သွားတာ ဖြစ်နိုင်တယ်။ မအလရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ ဒီလိုမျိုး ပျောက်သွားတဲ့ လူငယ်တွေ တော်တော်များတယ်” လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
👎21🔥43🤬3🤮1🤣1
ဓာတ်ပုံ - ချင်းလန်းအက်ဖ်စီ
🔥17👎6👍3😢2🤣1
ရန်ကုန်မှာဝမ်း​ရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှု
တိုး​နေ​ပေမယ့် စစ်တပ်သတင်းထိန်းချန်ထား

သြဂုတ်-၂၇၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

ရန်ကုန်အပါအဝင် အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဝမ်းပျက်ဝမ်းလျှော​ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာဝမ်းရောဂါ​ကြောင့်​သေဆုံးသူ မရှိပဲ ရခိုင်
ပြည်နယ်စစ်​တွေမြို့မှာပဲ ဝမ်း​ရောဂါ​ကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့စစ်တပ်အောက်ရှိကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ က သြဂုတ် ၂၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာရင်းမှာ ရန်ကုန်မြို့မှာ သြဂုတ်လ ၁၅ ရက်က​နေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၆၅ ဦး၊ ရခိုင်ပြည်နယ်မှာ ၈၁ ဦး၊ မွန်ပြည်နယ်မှာ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဦး စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ဦးရှိတယ်လို့ဆိုပါတယ်။အဲဒီထဲမှာကာလဝမ်း​ရောဂါဖြစ်ပွားသူ ၂၀၀ ဦးရှိပြီး ရခိုင်ပြည်နယ်က ၂ သေဆုံးခဲ့တယ်လို့ ဆိုထားတာပါ။

ဒါ​ပေမယ့် စစ်တပ်လက်​အောက်ခံ၊ ကျန်းမာ
ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်း​ဆောင်​နေတဲ့ဆရာဝန်တဦးက ရန်ကုန်မြို့မှာ ဝမ်းရောဂါဆက်လက်ကူးစက်နေဆဲဖြစ်ပြီး သေဆုံးသူ သြဂုတ် ၂၄ ရက်အထိ ၅ ဦးအထက်ရှိ​နေပြီလို့လို့ ​ပြောပါတယ် ။သေဆုံးလူနာအများစုဟာသက်ကြီးပိုင်း​တွေဖြစ်တယ်လို့လည်းသူကဆက်​ပြောပါတယ်။

"အားလုံးကပုံမှန်လိုပဲ စားသောက်သွားလာနေကြတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ ပြောချင်တယ်။ တနေ့တနေ့ဆေးရုံကြီးကိုဝမ်းလျှောလို့လာတဲ့လူနာတွေကမနည်းဘူး။ နယ်ဘက်ကလူတွေလည်းလာကြတယ်။ သက်ကြီးပိုင်းတွေကျမခံနိုင်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေက ပုဂ္ဂလိကဆေးရုံကိုတတ်နိုင်တာပေါ့။သေတဲ့သူတွေလည်းရှိတယ်။ သ
တင်းမထုတ်ပြန်တာပဲရှိတယ်" လို့ အထက်ပါ
Non-CDM ဆရာဝန်ကရှင်းပြပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ၁၀ မြောက်ရပ်ကွက်၊ မာန်ပြေ၊
၈ ရပ်ကွက်၊ ၉ ရပ်ကွက်နဲ့ အနော်မာရပ်ကွက်တို့မှာတင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၇၆ ဦးရှိပြီး အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးထပ်မံသေဆုံးခဲ့ကြောင်းသြဂုတ်၂၆ရက်
မှာသတင်းထပ်မံရရှိပါတယ်။

ဒါ့အပြင် ​သြဂုတ် ၂၄ နေ့မနက်ပိုင်းမှဒဂုံတက္က
သိုလ်ကားဝင်းမှာရပ်ထားတဲဲ့ YBS 117 ယာဥ်ရဲ့ယာဥ်မောင်းတစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကားပေါ်မှာမေ့လဲခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ​ပြည်သူအချို့က​ပြောပါတယ်။

ဒါ​ကြောင့် ပန်းပဲတန်းမြို့နယ်မှာစတင်တွေ့ရှိခဲ့ တဲ့ဝမ်းရောဂါဟာမြို့နယ်အတော်များများမှာဆက်လက်ကူးစက်နေသလို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ ကျန်းမာ​ရေးဝန်ထမ်းနဲ့​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းလူမှု
ရေးရာဝန်ကြီး ဦးဗိုလ်ဌေးက စစ်တပ်ရဲ့ရန်ကုန်တိုင်းလွှတ်​​တော်မှာ ဝမ်း​ရောဂါဖြစ်
ပွားသူ ၅၀၀ ဦးရှိတယ်လို့သြဂုတ် ၁၇ ရက်ကပြောကြားခဲ့ပါတယ်။ဒါ​ကြောင့် အခုထုတ်ပြန်တဲ့စာရင်းနဲ့ ဦးဗိုလ်​ဌေး သြဂုတ် ၁၇ ​ပြောခဲ့တဲ့စာရင်းနဲ့​တောင် အ​တော်ကွာဟနေတာကိုတွေ့ရပါတယ် ။

လက်​တွေ့မှာ ရန်ကုန်တစ်မြို့တည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်လာပြီးသေဆုံးသူတွေကိုကူးစက်ရောဂါနဲ့ သေ
ဆုံးတာ​ကြောင့်ဆိုပြီး ထိန်ပင်သုဿာန်မှာ ပဲသဂြိုလ်ခိုင်းတယ်လို့ ​သေဆုံးသူ အချို့ရဲ့မိသားစုဝင် အချို့က People's Spring ကို​ပြောပါတယ် ။

"ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အ
ဆောင်မှာပဲ။အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်" လို့ ရန်ကုန်မြို့မှာ သြဂုလဒုတိယပါတ်မှာ ဝမ်း​ရောဂါနဲ့သေဆုံးခဲ့သူရဲ့မိသားစုဝင်တဦးကလူထု​​နွေဦးကိုပြောပါတယ်။သေ
ဆုံးသူဟာ အသက် ၈၇ နှစ်အရွယ် အမျိုး
သားဖြစ်ပါတယ် ။

ဒါ့အပြင်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့အိမ်တွေကိုလည်း ကိုဗစ်တုန်းကလို Stay Home ပုံစံနဲ့နေခိုင်းပြီး သေဆုံးပါကနာရေးပြုလုပ်
ခွင့်မပေးပဲတားမြစ်ထားပါတယ်။

စစ်​ကောင်စီဟာဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကို မထိန်းချုပ်နိုင်သေးတာကြောင့်လမ်းဘေး
စျေးသည်တွေကိုလည်း သြဂုတ်လ​နောက်ဆုံးပါတ်အခထိပိတ်ခိုင်းထားဆဲဖြစ်ပါတယ်။

"ဆိုင်ကခုချိန်ထိမဖွင့်ရသေးဘူး။ ဘယ်
လောက်ကြာမလဲမသိသေးဘူး။ သူတို့ပြောတုန်းကတစ်ပါတ်တဲ့။ ခုကျတော့ ရက်အကန့်အသတ်မရှိတယ့်။ စားဝတ်နေရေးထိခိုက်တာပေါ့" လို့စျေးသည်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။
🤬275🔥4👎3🤣1
ရန်ကုန်အ​ထွေ​ထွေ​ဆေးရုံကြီးရဲ့ အ​ရေး​ပေါ်ကုဌာန​ရှေ့မှာ လူနာတင်ယာဥ်တင်ယာဥ်ကို
သြဂုတ်လ​​​နောက်ဆုံးပါတ်မှာ​တွေ့ရစဥ်။
ဓါတ်ပုံ-​နေ့သစ်
🤬25👍4🔥4🤣1
မိုးဗြဲမြို့အနီးမှာ တိုက်ပွဲဖြစ်နေ

ဩဂုတ် −၂၇၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေနဲ့ ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့‌တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး အရေးပေါ် သတိပေးထားပါတယ်။

"အလုံးရင်းထိုးလာမှုကြောင့် ထိတွေ့မှုဖြစ်ပွားတာဖြစ်ပါတယ်"လို့ MBPDF တာ၀န်ရှိသူက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

"နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

ဒါကြောင့်လည်း မိုးဗြဲမြို့ကတဆင့် နန်းမယ်ခုံဘက်ကို စစ်တပ်က မကြာခဏစစ်ကြောင်းထိုးခဲ့ပြီး ဇူလိုင်အတွင်းတိုက်ပွဲတွေမှာ သေဆုံးထိခိုက်သူများလို့ ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လ ၂၈ ရက်ကလည်း လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီ JOC တော် လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
👏22🔥6👍5🥰2👎1
(ရှမ်းတောင်နဲ့ ကရင်နီတပ်ပေါင်းစု ရဲဘော်တွေရဲ့စုပေါင်းစစ်ဆင်ရေးတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ − ရှမ်းတောင်စစ်ဒေသ ဗျူဟာ−၁၄)
🔥18🥰11👍71🤮1🖕1
သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်
နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့၆ရက်နေ့ကတည်းကရောက်နေခဲ့တာပါ။

ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ ခုနှစ်မှာတော့တရားစခန်းတွေပြန်ဖွင့်ခဲ့တယ်။

အခု ဝါတွင်းကာလတရားစခန်းမှာလည်း လာဝင်တဲ့သက်ကြီးရွယ်အိုတွေ များခဲ့တယ်။ မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရတယ်။

မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ တရားဖြုတ်တယ်။ ယောဂီတွေ ခဏနားဖို့ ကိုယ့်နားနေဆောင်ကို ပြန်ဖို့ အမှတ်သတိလေးနဲ့ ထကြတယ်။ အဲဒီအချိန်မှာပဲ ကြီးမားတဲ့ ပေါက်ကွဲသံကြီးတွေပေါ်ထွက်လာပြီး​ယောဂီတွေလည်းလွင့်စင်သွားတော့တယ်။ အာဏာသိမ်းစစ်တပ်က အဲဒီတရားစခန်းကို လေကြောင်းတိုက်ခိုက်လိုက်တာပါ။

“သင်တန်းတရားပြီးသွားပြီ။ အထဲကနေ အပြင်ထွက်တဲ့အချိန် ကိုယ့်နေရာလေးကို နားနေဆောင်မှာ ပြန်ကြပြီပေါ့။ နားနေဆောင်မှာ ရောက်တဲ့အချိန်ပေါ့”လို့ ဒေသခံ ကိုစိုး(အမည်လွှဲ)ကပြောပါတယ်။

ယောဂီတွေ သွေးထွက်သံယိုတွေနဲ့ သေဆုံးသွားကြတယ်။ တချို့ယောဂီတွေ ခြေပြတ်လက်ပြတ်။တချို့ယောဂီတွေနားတွေအူထွက်သွားတယ်။ကယောင်ကတမ်းနဲ့ ပြေးကြလွှားကြတယ်။ “မသေဘဲ ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်ပြီး အနီးစပ်ဆုံး ဆေးခန်းတို့ဘာတို့ ပို့ရတယ်။ တချို့လူကြီးတွေဆိုရင် နားတွေပါအူပြီးမကြားရတော့တာရှိတယ်။တချို့တွေ သွေးရူးသွေးတန်းနဲ့ပတ်ပြေးတာတွေရှိတယ်”လို့ တွေ့မြင်ခဲ့တဲ့ ကိုစိုးက ပြောပြတယ်။

တရားစခန်း လေကြောင်းဗုံးကြဲခံရတယ်ဆိုတော့ သားတွေသမီးတွေလည်းအပြေးအလွှားရောက်လာကြတယ်။ အသက်မီသူလည်းမီ၊ မမီသူလည်းမမီကြတော့။ သေဆုံးသူတွေအလောင်းတွေကို စောင်တွေနဲ့ပတ်ထားရတယ်။ စောင်မလွယ်တဲ့သူတချို့ကိုတော့ ခြင်ထောင်နဲ့ပဲ ပတ်ပေးထားတယ်။

“သေဆုံးသူတွေကငါးဆယ်ကျော်ပိုင်းတွေချည့်ပဲ။အမျိုးသားတွေပိုများတယ်။ကျတဲ့နေရာက အမျိုးသားယောဂီဆောင်ပေါ် တည့်ကျတာဖြစ်လို့။”လို့ ကိုစိုးက ပြောတယ်။

အဲဒီနေ့ကယော​ဂီတွေ၁၄ယောက်သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲက ဒီကနေ့မှာ ဆုံးရှုံးတာက တစ်ယောက်ထပ်တိုးတော့ အကုန်လုံး ၁၅ ယောက်ရှိပြီလို့ ဒေသခံတွေက ပြောတယ်။ ဒဏ်ရာရသူကလည်း ၂၇ ဦးတောင်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသူက နှစ်ယောက်လောက်ရှိတယ်လို့ သိရတယ်။ “ကျန်တာတွေကတော့ ခြေထောက်ဖြတ်ရမယ့်ဟာတို့၊ လက်ဖြတ်ရမယ့်ဟာတို့။ အသက်ကြီးပိုင်းတွေချည့်ပဲ တရားစခန်းဆိုတော့”လို့ ကိုစိုးက ပြောတယ်။

တကယ်တော့ တရားထိုင်ပြီးရင် ရွာထဲကလူတွေလည်း ဥပုသ်နေ့မို့ သီလ လာယူကြတော့မှာပါ။ “ရွာထဲက အစောရောက်တဲ့သူတွေထိတာ။ အများကြီး မလာကြသေးဘူးပေါ့။ ယောဂီတွေလောက်ပဲ ရှိသေးတာကိုး။ ဒီထက့်နောက်ကျသွားရင် ဆုံးရှုံးမှုဒီ့ထက်များမယ်”လို့ ကိုစိုးက ပြောပြတယ်။

တကယ်တော့ အာဏာသိမ်းစစ်တပ်ရဲ့လေယာဥ်လာတာကို ဒေသခံတွေ သိခဲ့ပါတယ်။ သို့ပေမဲ့ ထင်မထားခဲ့ဘူး။ “လေယာဥ်လာတော့လည်း ဝဲတော့လည်း သိတော့သိတယ်။ တရားစခန်းဆိုတော့ မချလောက်ဘူးထင်တာပေါ့။ ယောဂီတွေလည်း ဒီအတိုင်းပဲ သူ့ဟာသူနဲ့သူနေနေတာ။ပြီးကျမှချသွားတာ”လို့ ကိုစိုးက ပြောပြတယ်။

https://www.ludunwayoo.com/feature-mm/2026/08/26/166622/
🤬22👍75😢5🖕21👏1
မြင်းခြံမြို့မှာ စစ်သားနဲ့ ပျူစောထီးတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ရှောင်ပြည်သူတွေနေအိမ် ခိုးယူနေ

ဩဂုတ်−၂၇၊၂၀၂၆။ နှင်း/People's Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ဒေသခံပြည်သူအများစုဟာ ကျေးရွာ‌‌တွေ အတွင်းပြန်မနေကြဘဲ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

လူမနေတဲ့ ကျေးရွာတွေကို မြင်းခြံမြို့က စစ်တပ်နဲ့ပျူစောထီးတွေက ကားတွေနဲ့ လာပြီး နေအိမ်တံခါးဘောင်နဲ့ သွပ်တွေကို ဖြုတ်ခိုးနေတာလို့ဒေသခံတွေက ပြောပါတယ်။

"ယူစရာကလည်း ဒါတွေပဲကျန်တာလေ။အရင်ထဲက အိမ်တွင်းပစ္စည်း တွေကို ကား တွေနဲ့ သယ်ထုတ် နေ တော့ ဘာမှမကျန်တော့ဘူး။အခုတံခါး တွေဖြုတ်ခိုးတယ်။သွပ်တွေ ခွာယူပြီး မြို့ထဲ သယ်နေကြတာ"လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်ဟာ မြင်းခြံမြို့နယ်ကို အင်အားထောင်ချီသုံးပြီး နယ်မြေထိန်းချုပ်ရန်ကြိုးစားခဲ့ပြီး စစ်ကြောင်းတွေနောက်က ပျူစောထီးတွေဟာ ကားတွေနဲ့ရွာတွေက ပစ္စည်းတွေကိုသယ်ယူခဲ့တာလို့ သိရပါတယ်။

မြင်းခြံမြို့နယ်မှာ ကျေးရွာပေါင်း၁၅ရွာလောက်ဟာ ၁နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
🤬324👎2👏1🎉1🙏1
(မြင်းခြံမြို့က သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေကို တွေ့ရစဉ်။ ဓာတ်ပုံ − စစ်ကောင်စီ)
🖕33🤬7🤮42👎1🔥1👏1🫡1
အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

မဆလခေတ်ကစီးပွားရေးကျပ်တည်းမှုတွေကြားမှာ မိသားစုတော်တော်များများရဲ့ ထမင်းဝိုင်းမှာဘဲဥတစ်လုံးဟာလူတစ်ယောက်စာ မဟုတ်ခဲ့ပါဘူး။ ဘဲဥတစ်လုံးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်တစ်ခြမ်း ဝေစားရတယ်။ အာလူးနဲ့ ရောချက်ရင်လည်းဘဲဥတခြမ်း၊ အာလူးတခြမ်းက တစ်ယောက်စာဟင်းဖြစ်ခဲ့တာပါ။

ပဲဟင်းတစ်အိုးရှိရင်တောင် “ဆမ်းတဲ့သူက မသောက်ရ၊ သောက်တဲ့သူက မဆမ်းရ” ဆိုတဲ့ ရယ်စရာလိုလို၊ဝမ်းနည်းစရာလိုလို စည်းမျဉ်းမျိုးနဲ့ စားခဲ့ရတဲ့အိမ်တွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက“ဘဲဥတခြမ်း”ဟာနောက်ပိုင်းမှာလူတွေ ပြန်ပြောရယ်မောစရာ အမှတ်တရတစ်ခုလို ဖြစ်သွားခဲ့တယ်။

ဒါပေမယ့် အခုချိန်မှာ အဲဒီဘဲဥတခြမ်းကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ အခု မြန်မာပြည်မှာ ဘဲဥကို တခြမ်းပဲစားရတာ မဟုတ်တော့ပဲ မနက်စာကိုစားဖို့တောင်ခက်လာနေတဲ့ မိသားစုတွေ ရှိလာ‌နေပါပြီ ။ ဘဲဥတခြမ်းဟာ အတိတ်မဟုတ်တော့ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို GDP၊ ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကုန်သွယ်ရေးလို ကိန်းဂဏန်းတွေနဲ့ တိုင်းတာလို့ရပါတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက်အတွက်တော့ နိုင်ငံ့စီးပွားရေးဆိုတာ အဲဒီကိန်းဂဏန်းတွေမဟုတ်ပါဘူး။ မနက်အိပ်ရာထတဲ့အခါကလေးကိုဘာကျွေးရမလဲ။ ဟင်းချက်တဲ့အခါ ဆီကို ဘယ်လောက်လျှော့သုံးရမလဲ။ဒီနေ့ အတွက် ဆန်ဘယ်လောက်ကျန်သေးလဲဆိုတာက ပိုအရေးကြီးတာပါ။

ကြက်ဥ၊ဘဲဥ၊အသား၊ငါးတွေကအရင်ကတည်းက မကြာခဏ မစားနိုင်တဲ့ အစားအစာတွေ ဖြစ်ခဲ့တာထဲကနေ အခုတော့ အခြေခံစားသောက်ကုန်တချို့တောင် မိသားစုဘတ်ဂျက်နဲ့ မကိုက်တော့တဲ့ အခြေအနေတွေ ပိုများလာပါပြီ။“ဘဲဥတခြမ်း” ဟာအတိတ်က အမှတ်တရတစ်ခုဖြစ်ရုံ မဟုတ်တော့ဘဲဆင်းရဲမွဲတေမှုဘယ်လောက်အထိနက်ရှိုင်းလာနိုင်သလဲဆိုတာမြင်သာစေတဲ့အရာဖြစ်လာပါပြီ။

https://www.ludunwayoo.com/opinion-mm/2026/08/26/166626/
😢355👍3🔥1🥰1🤬1🤮1💯1🖕1
မြန်မာမှာ ကုလဖွံ့ဖြိုးမှုအစီအစဉ်ကပေးတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆွေးနွေး

ဩဂုတ် ၂၇၊ ၂၀၂၆။ ထားမြတ်

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိစေဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၆ အတွက် Executive Board of UNDP, UNFPA and UNOPS ရဲ့ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိရာ UNDP ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးနဲ့ အပြန်အလှန်ဆွေးနွေးမှုကို ဩဂုတ် ၂၆ရက်က ပြုလုပ်ခဲ့ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

ဖွံ့ဖြိုးမှုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုများ ကြီးမားနေတဲ့ ကာလတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်အနေဖြင့်ဆန်းသစ်သောပုံစံဖြင့် ဘဏ္ဍာငွေများထောက်ပံ့ပေးလျက်ရှိတာ၊ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေတာကို ကြိုဆိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာ ချဲ့ထွင်ရန် အပါအဝင် အချက် ၂ချက်ကို ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။
ပထမအချက်မှာ ဒေသခံများ၊ အသိုက်အဝန်းအတွင်း လှုပ်ရှားနေသူများနဲ့ ထိရောက်သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာချဲ့ထွင်ဖို့ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ ပေးအပ်လျက်ရှိသော ဝန်ဆောင်မှုများ ထိရောက်မှုရှိစေရန်အတွက် မှန်ကန်သောမိတ်ဖက်အား ရွေးချယ်ခြင်း၊ သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသူများနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မှုတို့ဟာ အလွန်အရေးပါကြောင်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်အုပ်စုရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပိုင်းပိုင်းအစစကျိုးပဲ့ပျက်စီးသွားရသော ပြည်သူများရဲ့ နေအိမ်များနဲ့ စာသင်ကျောင်း များအား ဒေသခံမိတ်ဖက်များကသာ ပြန်လည်တည်ဆောက်ပေးလျက် ရှိကြောင်း သံအမတ်ကြီးက အသိပေးပါတယ်။

ဒါ့အပြင် ပြည်တွင်းနေရပ်စွန့်ခွာသူစခန်းတွေမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု များနဲ့ မဆင်မခြင် ဗုံးကျဲဖျက်ဆီးခြင်းတို့ကြောင့် ပျက်စီးမှုအတွက် ယာယီခိုလှုံတဲများနဲ့ ရွက်ဖျင်တဲများကို ပြန်လည်တည်ဆောက်ပေးသူတွေဟာလည်း တော်လှန်ရေး အသိုက်အဝန်းများမှ မိတ်ဖက်များပင်ဖြစ်ကြောင်း ပြောပါတယ်။

စစ်အုပ်စုကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်မှုများ ပိတ်ဆို့ တားဆီးနှောင့်ယှက်နေတာကြောင့် ရှေ့တန်းမှာ လုပ်ဆောင်နေသော တော်လှန်ရေးဘက်က မိတ်ဖက်များကပင် အသက်ကယ်ဝန်ဆောင်မှုများကို ပြန်လည် လည်ပတ်စေရန် လုပ်ဆောင်ပေးလျက် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယအချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေး ဆက်သွယ်ချက်တို့အား ပြန်လည်အားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ သံအမတ်ကြီးက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ လုပ်ငန်းထက်ဝက်ကျော်မှာ မြန်မာနိုင်ငံအပါအဝင် ထိခိုက် ပျက်စီးလွယ်သောနေရာများ၊ ပဋိပက္ခနဲ့ ဆက်စပ်အခြေအနေများမှာ လုပ်ဆောင်နေရတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်လာချိန် မြန်မာပြည်သူများ အနေနဲ့ ဘက်ပေါင်းစုံမှာ ခက်ခဲကျပ်တည်းနေရပြီး ပဋိပက္ခ၊ မလုံခြုံမှု၊ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခြင်း၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ ရာသီဥတုဖောက်ပြားခြင်း စသည်ဖြင့် တခုနဲ့ တခု ချိတ်ဆက်နေတဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက အသိပေးပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ အပေါ်ယံအပြောင်းအလဲများကို ဟန်ပြလုပ်ဆောင်လျက်ရှိပေမဲ့ အရပ်သားပြည်သူများအပေါ် မဆင်မခြင် အကြမ်းဖက်နေခြင်းက ရပ်တန့်သွားခြင်း မရှိလို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျဆင်းဆုတ်ယုတ်နေတဲ့ ဝဲဂယက်အတွင်းမှ ရုန်းမထွက်နိုင်ဘဲဖြစ်နေကြောင်းလည်း သံအမတ်ကြီးက ဆွေးနွေးခဲ့ပါတယ်။

မြန်မာပြည်သူများအနေနဲ့ စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းခြင်း၊ ဒီမိုကရေစီ အဆောက်အဦများ ပြန်လည်အသက်သွင်းခြင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းတို့ဖြင့် အနာဂတ်အား ဖန်တီးမယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားတာဖြစ်လို့ ပြည်သူများရဲ့ ကြိုးပမ်းအားထုတ်မှုများအား ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။
25👍12👏6🥰3👎1🤮1🤣1🖕1