နီပေါနနိုင်ငံမှာ တောင်ပေါ်ရေကြီးမှုဖြစ်ပွားပြီးနောက်မြင်ကွင်း / ရေကြီးမှုဖြစ်ပွားပုံကိုCNN ကအင်ဖိုဂရပ်နဲ့ ပြသထားမှု။
ဓါတ်ပုံ-CNN ၊AP ၊ AFP
ဓါတ်ပုံ-CNN ၊AP ၊ AFP
😱26😢16❤4👍2🤮1🤣1
စစ်တပ်မြို့တော် မိတ္ထီလာမှာ ရေမီတာတွေ ဖြုတ်ခိုးခံနေရ
သြဂုတ် ၂၇၊ ၂၀၂၆။ မေရီ/People's Spring
စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်က ဝန်ဇင်းရပ်ကွက်၊ ကျောင်းလမ်း၊ ဇဝနလမ်း၊ အောင်သိဒ္ဓိလမ်း၊ သီရိမင်္ဂလာရပ်ကွက်အပါအဝင် ရပ်ကွက်အသီးသီးက နေအိမ်တွေရှေ့ မြေအောက် ကွန်ကရစ်ဘောက်စ်ထဲမှာ တပ်ဆင်ထားတဲ့ ရေမီတာတွေ ခိုးယူခံလိုက်ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
"အတော်များများ အခိုးခံလိုက်ရတယ်။ စည်ပင်နဲ့ ပတ်သက်တဲ့သူကပဲခိုးမှာ။ အဲမီတာတွေက ဘယ်မှာမှပြန်ရောင်းလို့မရဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရေမီတာတင်မကဘဲ စာသင်ကျောင်းက ရေမော်တာပါ အခိုးခံရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ အပေါ့အပါးသွားတဲ့ နေရာတွေမှာပါ အခက်အခဲတွေ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မိတ္ထီလာမြို့မှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး သြဂုတ် ၁၇ ရက်ကလည်း အမျိုးသမီးတစ်ဦး မိတ္ထီလာမြို့ပေါ်မှာ ဓါးထောက်လုယက်ခံရတယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းမှာ ခိုးမှု၊လုယက်မှုတွေ အများအပြားဖြစ်ပွားနေပြီး စက်ဘီး၊ ဆိုင်ကယ်ကအစ ခိုးယူမှုတွေ ဆိုးရွာစွာဖြစ်ပွားနေပါတယ်။

👍21🔥6😁6❤4👎1🤬1🤮1
မုံရွာ-မန္တလေးလမ်းပိုင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်နေ
သြဂုတ် ၂၇၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၂၇ ရက် မနက်ပိုင်းမှာ မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ မှန်လုံကား(၅)စီး၊ အိမ်စီးကား(၅)စီး၊ တွဲကား(၁၃)စီး၊ သံပြားကာ(၃)စီး စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းမြို့ တပ်မ(၃၃)ဘက် ဦးတည်ထွက်ခွာလာကြောင်း ဒေသခံတွေက ပြောပါတယ်။
"ဝမ်ပေါင်က ကြေးနီတွေသယ်လာတာကြားတယ်။ လမ်းကတော့ပိတ်နေတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီယာဥ်တွေ ဖြတ်သန်းလာတာကြောင့် စစ်တပ်က မုံရွာ-မန္တလေးလမ်းတလျှောက် လုံခြုံရေးတွေ အထူးတင်းကြပ်ထားသလို လမ်းပိုင်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

🔥22🤬5🤮3👏1😁1
မြန်မာလိဂ် ဘောလုံးသမား ၁ဦး မြောက်ဒဂုံအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးနေ
▪️ပေါ်တာဆွဲခံရဟု မြို့ခံတွေ သုံးသပ်
သြဂုတ် ၂၇၊၂၀၂၆။သုည/People's Spring
မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၇) မှာ ထုတ်ပြန်ပါတယ်။
အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားနဲ့ ပြန်လာကာ ၇/၈ လမ်းဆုံမှာ ဆင်းခဲ့ကာ Taxi နဲ့ အဆောင်ကို ပြန်ရန်လုပ်တဲ့အချိန်အထိ အဆက်အသွယ်ရခဲ့ကြောင်း ချင်းလန်းအသင်းက ဖော်ပြခဲ့ပါတယ်။
“လိုင်းကားနဲ့ ၇/၈ လမ်းဆုံကို ရောက်တဲ့အချိန်အထိ ဖုန်းအဆက်အသွယ်ရသေးတယ်။ လမ်းဆုံကနေ Taxi နဲ့ အဆောင်ကို ပြန်လာမယ် ပြောတယ်။ အဲဒီ့နောက်ပိုင်း ဖုန်းအဆက်အသွယ် လုံး၀ မရတော့တာပါ။ ဖုန်းတွေ အဲ့ညက ဆက်ပေမယ့် မကိုင်တော့ဘူး။ မနက်ကျ ဖုန်းပါပိတ်သွားတယ်” လို့ အသင်းနဲ့သက်ဆိုင်သူတစ်ဦးက ဆိုပါတယ်။
ဩဂုတ် ၂၂ ရက်မှ စတင်ကာ ဒီကနေ့ ဩဂုတ် ၂၇ ရက်အထိ (၅) ရက်တိုင် အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ပေမယ့် အဆက်အသွယ်မရသေးကြောင်း အသင်းနဲ့သက်ဆိုင်သူက ဆိုပါတယ်။
Pa Lung နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြဖို့ကိုလည်း ချင်းလန်းအသင်းက မေတ္တာရပ်ခံထားပါတယ်။
ဘောလုံးသမား Pa Lung အနေနဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရခြင်း ဖြစ်နိုင်ကြောင်း မြောက်ဒဂုံမြို့နယ်နေ ပြည်သူအချို့က ဆိုပါတယ်။
“ကျွန်တော်တို့ မြောက်ဒဂုံဘက်က စစ်တပ်က ပေါ်တာတွေ စွတ်ဆွဲနေတာပါ။ ညနေဖက် မှောင်ရင်ကို လူငယ်တွေ အပြင်မထွက်ခိုင်းရဲဘူး။ ခုပျောက်တဲ့ ကလေးက တိုင်းရင်းသားလည်း ဖြစ်တော့ ဖြေရှင်းခွင့်ပေးမယ် မထင်ဘူး။ တခါထဲ တန်းခေါ်သွားတာ ဖြစ်နိုင်တယ်။ မအလရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ ဒီလိုမျိုး ပျောက်သွားတဲ့ လူငယ်တွေ တော်တော်များတယ်” လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

👎21🔥4❤3🤬3🤮1🤣1
ရန်ကုန်မှာဝမ်းရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှု
တိုးနေပေမယ့် စစ်တပ်သတင်းထိန်းချန်ထား
သြဂုတ်-၂၇၊၂၀၂၆။တာရာ/People's Spring
ရန်ကုန်မြို့မှာ ဝမ်းရောဂါနဲ့သေဆုံးသူဆက်တိုးနေပေမယ့် စစ်တပ်က သတင်းတွေကိုထိမ်ချန်ထုတ်ပြန်နေပါတယ် ။
ရန်ကုန်အပါအဝင် အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာဝမ်းရောဂါကြောင့်သေဆုံးသူ မရှိပဲ ရခိုင်
ပြည်နယ်စစ်တွေမြို့မှာပဲ ဝမ်းရောဂါကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့စစ်တပ်အောက်ရှိကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ က သြဂုတ် ၂၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစာရင်းမှာ ရန်ကုန်မြို့မှာ သြဂုတ်လ ၁၅ ရက်ကနေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၆၅ ဦး၊ ရခိုင်ပြည်နယ်မှာ ၈၁ ဦး၊ မွန်ပြည်နယ်မှာ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဦး စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ဦးရှိတယ်လို့ဆိုပါတယ်။အဲဒီထဲမှာကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀၀ ဦးရှိပြီး ရခိုင်ပြည်နယ်က ၂ သေဆုံးခဲ့တယ်လို့ ဆိုထားတာပါ။
ဒါပေမယ့် စစ်တပ်လက်အောက်ခံ၊ ကျန်းမာ
ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တဦးက ရန်ကုန်မြို့မှာ ဝမ်းရောဂါဆက်လက်ကူးစက်နေဆဲဖြစ်ပြီး သေဆုံးသူ သြဂုတ် ၂၄ ရက်အထိ ၅ ဦးအထက်ရှိနေပြီလို့လို့ ပြောပါတယ် ။သေဆုံးလူနာအများစုဟာသက်ကြီးပိုင်းတွေဖြစ်တယ်လို့လည်းသူကဆက်ပြောပါတယ်။
"အားလုံးကပုံမှန်လိုပဲ စားသောက်သွားလာနေကြတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ ပြောချင်တယ်။ တနေ့တနေ့ဆေးရုံကြီးကိုဝမ်းလျှောလို့လာတဲ့လူနာတွေကမနည်းဘူး။ နယ်ဘက်ကလူတွေလည်းလာကြတယ်။ သက်ကြီးပိုင်းတွေကျမခံနိုင်ဘူးလေ။ ပိုက်ဆံရှိတဲ့သူတွေက ပုဂ္ဂလိကဆေးရုံကိုတတ်နိုင်တာပေါ့။သေတဲ့သူတွေလည်းရှိတယ်။ သ
တင်းမထုတ်ပြန်တာပဲရှိတယ်" လို့ အထက်ပါ
Non-CDM ဆရာဝန်ကရှင်းပြပါတယ်။
ဒါ့အပြင် သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ၁၀ မြောက်ရပ်ကွက်၊ မာန်ပြေ၊
၈ ရပ်ကွက်၊ ၉ ရပ်ကွက်နဲ့ အနော်မာရပ်ကွက်တို့မှာတင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၇၆ ဦးရှိပြီး အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးထပ်မံသေဆုံးခဲ့ကြောင်းသြဂုတ်၂၆ရက်
မှာသတင်းထပ်မံရရှိပါတယ်။
ဒါ့အပြင် သြဂုတ် ၂၄ နေ့မနက်ပိုင်းမှဒဂုံတက္က
သိုလ်ကားဝင်းမှာရပ်ထားတဲဲ့ YBS 117 ယာဥ်ရဲ့ယာဥ်မောင်းတစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကားပေါ်မှာမေ့လဲခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ပြည်သူအချို့ကပြောပါတယ်။
ဒါကြောင့် ပန်းပဲတန်းမြို့နယ်မှာစတင်တွေ့ရှိခဲ့ တဲ့ဝမ်းရောဂါဟာမြို့နယ်အတော်များများမှာဆက်လက်ကူးစက်နေသလို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းနဲ့ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းလူမှု
ရေးရာဝန်ကြီး ဦးဗိုလ်ဌေးက စစ်တပ်ရဲ့ရန်ကုန်တိုင်းလွှတ်တော်မှာ ဝမ်းရောဂါဖြစ်
ပွားသူ ၅၀၀ ဦးရှိတယ်လို့သြဂုတ် ၁၇ ရက်ကပြောကြားခဲ့ပါတယ်။ဒါကြောင့် အခုထုတ်ပြန်တဲ့စာရင်းနဲ့ ဦးဗိုလ်ဌေး သြဂုတ် ၁၇ ပြောခဲ့တဲ့စာရင်းနဲ့တောင် အတော်ကွာဟနေတာကိုတွေ့ရပါတယ် ။
လက်တွေ့မှာ ရန်ကုန်တစ်မြို့တည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်လာပြီးသေဆုံးသူတွေကိုကူးစက်ရောဂါနဲ့ သေ
ဆုံးတာကြောင့်ဆိုပြီး ထိန်ပင်သုဿာန်မှာ ပဲသဂြိုလ်ခိုင်းတယ်လို့ သေဆုံးသူ အချို့ရဲ့မိသားစုဝင် အချို့က People's Spring ကိုပြောပါတယ် ။
"ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အ
ဆောင်မှာပဲ။အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်" လို့ ရန်ကုန်မြို့မှာ သြဂုလဒုတိယပါတ်မှာ ဝမ်းရောဂါနဲ့သေဆုံးခဲ့သူရဲ့မိသားစုဝင်တဦးကလူထုနွေဦးကိုပြောပါတယ်။သေ
ဆုံးသူဟာ အသက် ၈၇ နှစ်အရွယ် အမျိုး
သားဖြစ်ပါတယ် ။
ဒါ့အပြင်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့အိမ်တွေကိုလည်း ကိုဗစ်တုန်းကလို Stay Home ပုံစံနဲ့နေခိုင်းပြီး သေဆုံးပါကနာရေးပြုလုပ်
ခွင့်မပေးပဲတားမြစ်ထားပါတယ်။
စစ်ကောင်စီဟာဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကို မထိန်းချုပ်နိုင်သေးတာကြောင့်လမ်းဘေး
စျေးသည်တွေကိုလည်း သြဂုတ်လနောက်ဆုံးပါတ်အခထိပိတ်ခိုင်းထားဆဲဖြစ်ပါတယ်။
"ဆိုင်ကခုချိန်ထိမဖွင့်ရသေးဘူး။ ဘယ်
လောက်ကြာမလဲမသိသေးဘူး။ သူတို့ပြောတုန်းကတစ်ပါတ်တဲ့။ ခုကျတော့ ရက်အကန့်အသတ်မရှိတယ့်။ စားဝတ်နေရေးထိခိုက်တာပေါ့" လို့စျေးသည်တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။

🤬27❤5🔥4👎3🤣1
မိုးဗြဲမြို့အနီးမှာ တိုက်ပွဲဖြစ်နေ
ဩဂုတ် −၂၇၊၂၀၂၆။ဇော်၀င်း/People's Spring
ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေနဲ့ ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး အရေးပေါ် သတိပေးထားပါတယ်။
"အလုံးရင်းထိုးလာမှုကြောင့် ထိတွေ့မှုဖြစ်ပွားတာဖြစ်ပါတယ်"လို့ MBPDF တာ၀န်ရှိသူက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြပါတယ်။
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
"နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။
ဒါကြောင့်လည်း မိုးဗြဲမြို့ကတဆင့် နန်းမယ်ခုံဘက်ကို စစ်တပ်က မကြာခဏစစ်ကြောင်းထိုးခဲ့ပြီး ဇူလိုင်အတွင်းတိုက်ပွဲတွေမှာ သေဆုံးထိခိုက်သူများလို့ ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၂၈ ရက်ကလည်း လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီ JOC တော် လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

👏22🔥6👍5🥰2👎1
သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်
နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့၆ရက်နေ့ကတည်းကရောက်နေခဲ့တာပါ။
ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ ခုနှစ်မှာတော့တရားစခန်းတွေပြန်ဖွင့်ခဲ့တယ်။
အခု ဝါတွင်းကာလတရားစခန်းမှာလည်း လာဝင်တဲ့သက်ကြီးရွယ်အိုတွေ များခဲ့တယ်။ မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရတယ်။
မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ တရားဖြုတ်တယ်။ ယောဂီတွေ ခဏနားဖို့ ကိုယ့်နားနေဆောင်ကို ပြန်ဖို့ အမှတ်သတိလေးနဲ့ ထကြတယ်။ အဲဒီအချိန်မှာပဲ ကြီးမားတဲ့ ပေါက်ကွဲသံကြီးတွေပေါ်ထွက်လာပြီးယောဂီတွေလည်းလွင့်စင်သွားတော့တယ်။ အာဏာသိမ်းစစ်တပ်က အဲဒီတရားစခန်းကို လေကြောင်းတိုက်ခိုက်လိုက်တာပါ။
“သင်တန်းတရားပြီးသွားပြီ။ အထဲကနေ အပြင်ထွက်တဲ့အချိန် ကိုယ့်နေရာလေးကို နားနေဆောင်မှာ ပြန်ကြပြီပေါ့။ နားနေဆောင်မှာ ရောက်တဲ့အချိန်ပေါ့”လို့ ဒေသခံ ကိုစိုး(အမည်လွှဲ)ကပြောပါတယ်။
ယောဂီတွေ သွေးထွက်သံယိုတွေနဲ့ သေဆုံးသွားကြတယ်။ တချို့ယောဂီတွေ ခြေပြတ်လက်ပြတ်။တချို့ယောဂီတွေနားတွေအူထွက်သွားတယ်။ကယောင်ကတမ်းနဲ့ ပြေးကြလွှားကြတယ်။ “မသေဘဲ ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်ပြီး အနီးစပ်ဆုံး ဆေးခန်းတို့ဘာတို့ ပို့ရတယ်။ တချို့လူကြီးတွေဆိုရင် နားတွေပါအူပြီးမကြားရတော့တာရှိတယ်။တချို့တွေ သွေးရူးသွေးတန်းနဲ့ပတ်ပြေးတာတွေရှိတယ်”လို့ တွေ့မြင်ခဲ့တဲ့ ကိုစိုးက ပြောပြတယ်။
တရားစခန်း လေကြောင်းဗုံးကြဲခံရတယ်ဆိုတော့ သားတွေသမီးတွေလည်းအပြေးအလွှားရောက်လာကြတယ်။ အသက်မီသူလည်းမီ၊ မမီသူလည်းမမီကြတော့။ သေဆုံးသူတွေအလောင်းတွေကို စောင်တွေနဲ့ပတ်ထားရတယ်။ စောင်မလွယ်တဲ့သူတချို့ကိုတော့ ခြင်ထောင်နဲ့ပဲ ပတ်ပေးထားတယ်။
“သေဆုံးသူတွေကငါးဆယ်ကျော်ပိုင်းတွေချည့်ပဲ။အမျိုးသားတွေပိုများတယ်။ကျတဲ့နေရာက အမျိုးသားယောဂီဆောင်ပေါ် တည့်ကျတာဖြစ်လို့။”လို့ ကိုစိုးက ပြောတယ်။
အဲဒီနေ့ကယောဂီတွေ၁၄ယောက်သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲက ဒီကနေ့မှာ ဆုံးရှုံးတာက တစ်ယောက်ထပ်တိုးတော့ အကုန်လုံး ၁၅ ယောက်ရှိပြီလို့ ဒေသခံတွေက ပြောတယ်။ ဒဏ်ရာရသူကလည်း ၂၇ ဦးတောင်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသူက နှစ်ယောက်လောက်ရှိတယ်လို့ သိရတယ်။ “ကျန်တာတွေကတော့ ခြေထောက်ဖြတ်ရမယ့်ဟာတို့၊ လက်ဖြတ်ရမယ့်ဟာတို့။ အသက်ကြီးပိုင်းတွေချည့်ပဲ တရားစခန်းဆိုတော့”လို့ ကိုစိုးက ပြောတယ်။
တကယ်တော့ တရားထိုင်ပြီးရင် ရွာထဲကလူတွေလည်း ဥပုသ်နေ့မို့ သီလ လာယူကြတော့မှာပါ။ “ရွာထဲက အစောရောက်တဲ့သူတွေထိတာ။ အများကြီး မလာကြသေးဘူးပေါ့။ ယောဂီတွေလောက်ပဲ ရှိသေးတာကိုး။ ဒီထက့်နောက်ကျသွားရင် ဆုံးရှုံးမှုဒီ့ထက်များမယ်”လို့ ကိုစိုးက ပြောပြတယ်။
တကယ်တော့ အာဏာသိမ်းစစ်တပ်ရဲ့လေယာဥ်လာတာကို ဒေသခံတွေ သိခဲ့ပါတယ်။ သို့ပေမဲ့ ထင်မထားခဲ့ဘူး။ “လေယာဥ်လာတော့လည်း ဝဲတော့လည်း သိတော့သိတယ်။ တရားစခန်းဆိုတော့ မချလောက်ဘူးထင်တာပေါ့။ ယောဂီတွေလည်း ဒီအတိုင်းပဲ သူ့ဟာသူနဲ့သူနေနေတာ။ပြီးကျမှချသွားတာ”လို့ ကိုစိုးက ပြောပြတယ်။
https://www.ludunwayoo.com/feature-mm/2026/08/26/166622/

LuduNwayOo
ပိုင်ရှင်မဲ့သွားတဲ့ ပုတီးတစ်ကုံး | LuduNwayOo
သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး…
🤬22👍7😢5❤4🖕2⚡1👏1
မြင်းခြံမြို့မှာ စစ်သားနဲ့ ပျူစောထီးတွေက စစ်ရှောင်ပြည်သူတွေနေအိမ် ခိုးယူနေ
ဩဂုတ်−၂၇၊၂၀၂၆။ နှင်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ဒေသခံပြည်သူအများစုဟာ ကျေးရွာတွေ အတွင်းပြန်မနေကြဘဲ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။
လူမနေတဲ့ ကျေးရွာတွေကို မြင်းခြံမြို့က စစ်တပ်နဲ့ပျူစောထီးတွေက ကားတွေနဲ့ လာပြီး နေအိမ်တံခါးဘောင်နဲ့ သွပ်တွေကို ဖြုတ်ခိုးနေတာလို့ဒေသခံတွေက ပြောပါတယ်။
"ယူစရာကလည်း ဒါတွေပဲကျန်တာလေ။အရင်ထဲက အိမ်တွင်းပစ္စည်း တွေကို ကား တွေနဲ့ သယ်ထုတ် နေ တော့ ဘာမှမကျန်တော့ဘူး။အခုတံခါး တွေဖြုတ်ခိုးတယ်။သွပ်တွေ ခွာယူပြီး မြို့ထဲ သယ်နေကြတာ"လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်ဟာ မြင်းခြံမြို့နယ်ကို အင်အားထောင်ချီသုံးပြီး နယ်မြေထိန်းချုပ်ရန်ကြိုးစားခဲ့ပြီး စစ်ကြောင်းတွေနောက်က ပျူစောထီးတွေဟာ ကားတွေနဲ့ရွာတွေက ပစ္စည်းတွေကိုသယ်ယူခဲ့တာလို့ သိရပါတယ်။
မြင်းခြံမြို့နယ်မှာ ကျေးရွာပေါင်း၁၅ရွာလောက်ဟာ ၁နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

🤬32❤4👎2👏1🎉1🙏1