People's Spring
60.3K subscribers
70.3K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တပ်စစ်​ကြောင်းဆီက ကား၊ မီးစက်နဲ့
စစ်သုံးပစ္စည်း​တွေကို သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-USBA
33👍16🥰3🤣2🫡2🖕1
ရခိုင်ရိုးမစစ်​ကြောင်းထိုးဖို့ကြိုးစား​နေတဲ့စစ်သားသစ်​တွေ အရာရှိ​တွေပြန်ကိုရှင်းလင်း
နိုင်ရင်သိန်း၁၀၀က​နေသိန်း၁၀၀၀ အထိ​ဆု​ကြေးပေးမယ်လို့သရက်ခရိုင်ပကဖကြေညာ

ဩဂုတ်-၂၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

ဒုဗိုလ်ကျပ်သိန်း ၁၀၀၊ဗိုလ်ကျပ်သိန်း ၂၀၀၊ဗိုလ်ကြီးကျပ်သိန်း ၃၀၀၊ ဗိုလ်မှူးကျပ်သိန်း ၅၀၀၊ဒုဗိုလ်မှူးကြီးအဆင့် ကျပ်သိန်း ၇၀၀ နဲ့ ဗိုလ်မှူးကြီးအဆင့် ကျပ်သိန်း ၁၀၀၀ ပေးမယ်လို့ ဆိုပါတယ်။

"မင်းတုန်းမြို့ကနေ အနောက်ဘက် ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ အတင်းအဓမ္မ ပို့ဆောင်ခံလိုက်ရတဲ့ ပေါ်တာဆွဲခံထားရတဲ့ ပစ တွေအနေနဲ့ ခုလို ရာသီဥတုမှာ ရခိုင်ရိုးမပေါ်က AAကိုတက်ပြီးထိုးမယ်ဆိုတာ မအလ ရဲ့လူစိတ်မရှိတဲ့အမိန့်တွေပဲ။အရှင်လက်လက် ငရဲကျတာထက်ကို ပိုဆိုးတဲ့ စစ်မြေပြင်ပဲ ။ အာဏာရူးတွေက လူစိတ်ကင်းမဲ့စွာနဲ့ မင်းတို့ကို သေတွင်းထဲပို့ပြီးမင်းတို့အရိုးနဲ့ သူတို့အ
ကျိုးစီးပွားတွေကို ကာခိုင်လိုက်တာသာဖြစ်တယ်"လို့ ကိုဗဟိန်းက ပြောပါတယ်။

ဒါ့အပြင်စစ်ရေးအရ အောက်ကနေ လှန်တိုက်ရမှာဖြစ်ပြီး မင်းတုန်းနယ်မှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုများတာကြောင့်လက်နက်တွေယူ
လာပြီး တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့လည်း သူကတိုက်တွန်းထားပါတယ်။

"သတ္တိမွေးပြီးငါတို့ဆီကိုလာခဲ့လိုက်ကြပါ။အရင်စစ်ကြောင်းက စီနီယာ ပစ(စစ်မှုထမ်း)
တွေဆို ငါတို့ဆီမှာ ရွာတောင်တည်လို့ရနေပြီ ။ ပြန်တဲ့သူလည်းပြန် ပျော်တဲ့သူလည်း ပျော်လို့ ဘေးကင်းလုံခြုံမှုအပြည့်နဲ့ ဘ၀ကို ဖြတ်
သန်းနေကြပြီ"လို့ သရက်ခရိုင်ပကဖတာ၀န်ခံက ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမ နဲ့ အနီးစပ်ဆုံးနေရာတွေဆီအာဏာသိမ်းစစ်တပ်က စစ်ကူအင်အား ၁,၅၀၀ ၀န်းကျင်ကို အခုရက်ပိုင်းထဲ ပို့‌ခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင် ပြည်နယ်တောင်ကုတ်မြို့ကို ပြန်စစ်​ကြောင်းထိုးနိုင်ဖို့အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က၀င်ရောက်ဖို့ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

"မင်းတုန်းအနောက်ခြမ်းရိုးခြေ(ရခိုင်ရိုးမ အောက်ခြေ) ရွာတွေကိုအင်အားဖြန့်နေတယ်။စစ်ကြောင်းထိုးတယ်ပြောရမယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၂၅ ရက်နေ့က ပြောထားပါတယ်။

အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၁၂ )
ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက် မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့်(ဗိုလ်မှူးကြီး အောင်ဇော်မင်း)ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းက
တည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ သေဆုံးထိခိုက်မှုများပြီး အကြိမ်ကြိမ်လန်ကျပြီး ရိုးခြေက ကျေးရွာတွေထဲမှာပဲ ပြန်ဆုတ်ပြီး တပ်စွဲနေကြတာဖြစ်ပါတယ်။

မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးခြေရွာတွေ ဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ရဲ့ တပ်တွေမှာ သရက်မြို့အခြေစိုက် အမှတ် ၄၄ ခြေ
လျင်တပ်ရင်း (ခလရ ၄၄)၊အမှတ် ၁၂ ကာ
ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေပါ၀င်ပါတယ်။အခုတခေါက် စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာ မသိရသေးပါဘူး။
👍37👏148🥰4🖕2💩1🤣1
ဇွန်လက မင်းတုန်းမြို့နယ်ကိုစစ်​ကြောင်းထိုးတဲ့စစ်တပ်ကို PDF ၊ပကဖ နဲ့​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ပြီးဖမ်းမိတဲ့စစ်သုံပန်း​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-PDF စစ်ရုံးချုပ်
🥰28👏12👍64👎1🔥1🤣1🖕1
ရန်ကုန်မှာ အိမ်စီးကားနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေ

ဩဂုတ်-၂၆၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိ
ပေးထားပါတယ်။

"စစ်မှုထမ်းသင်တန်းသစ် စတော့မှာမို့ ထင်တယ်၊လိုက်ဆွဲတာတွေ တဖြည်းဖြည်းနဲ့ ပြန်များလာပါတယ်"လို့ RSNရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၂၆ရက်မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် မောင်းမကန်ကမ်းသာယာလမ်းပေါ်မှာသတ်လတ်ပိုင်းအမျိုးသားနှစ်ဦးကို ပရို​ဘောက်စ် ကားနဲ့ အရပ်ဝတ်သုံးဦးက ကားပေါ်ကို ဆွဲတင်ပြီး ဖမ်းဆီးသွားတယ်လို့ RSN က ဆိုပါတယ်။

ဒါ့အပြင်ဩဂုတ် ၂၄ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမပေါ်မှာ ပိုက်ဆံထောင်ပစ်နေတဲ့ လူငယ်တွေကို ရဲတပ်
ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လူငယ်တဦးဖမ်း
ဆီးခံရတယ် လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောကြားမှုကို RSN က ဖော်ပြထားပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၁ ရက်ကလည်းအင်းစိန်မြိုနယ် ရွာမအနောက်ရပ်ကွက် ပုလဲလမ်းထဲမှာ လူငယ်နှစ်ဦးကို ကားတစ်စီးနဲ့လူတစ်စုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အလားတူ ကမာရွတ်မြို့နယ်မှာလည်း ဩ
ဂုတ် ၁၈ ရက် ညနေ ၆ နာရီလောက်မှာ လှည်းတန်းလမ်းဆုံအနီး ရဲကားတစ်စီးက လူငယ်နှစ်ဦးကို အဓမ္မဖမ်းဆီးသွားတာတွေ့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"လှည်းတန်းလမ်းဆုံ ပြည်လမ်းမဘက်ခြမ်း မီးပွိုင့်ထိပ်မှာ ရဲကားက ရုတ်တရက်ရပ်သွားပြီး လူငယ်နှစ်ယောက်ကိုဆွဲတင်သွားတာ။ " လို့ မျက်မြင်တွေ့ခဲ့သူတဦးကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေတိုင်းမှာလည်း စစ်မှူထမ်းအတွက်စုဆောင်းတာတွေက ပုံမှန်ရှိနေပြီး ရပ်ကွက်တစ်ခုကို လူအရေအတွက် ဆယ်ဂဏန်း ပို့ပေးရတယ်လို့ လှိုင်မြိုနယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်ရှိ ကွန်ဒို​တွေ ၊တိုက်​တွေကိုလည်း စစ်မှုထမ်း​ကြေး​ဆိုပြီး စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေက လစဥ်​ကောက်ခံ​နေတယ်လို့​​​ဒေသခံ​တွေက ​​ပြောပါတယ် ။

အရပ်ဝတ်တွေနဲ့ လူလိုက်လံဖမ်းဆီးတာဟာ စစ်တပ်ကလည်း ပြုလုပ်နေသလို စစ်တပ်က မွေးထားတဲ့ ပျူစောထီးတွေကလည်း လူဖမ်းပြီးစစ်မှုထမ်းအဖြစ်ရောင်းစားဖို့လိုက်လံဖမ်း
ဆီးနေတာလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြု
လုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်
မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေအခုကတည်းကလုပ်နေပါတယ်။

စစ်တပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်
သားသစ်​​တွေကိုအဓိကအသုံးပြု​​နေပြီး တိုက်
ပွဲ​တွေမှာ​သေဆုံး ၊ဒဏ်ရာရသူ၊ထွက်​ပြေးသူ ၊အလင်းဝင်သူ များ​နေတဲ့အတွက် စစ်သားသစ်​တွေရ​ဖို့ ပေါ်တာဆွဲတာ၊စစ်မှုထမ်းဥပ​ဒေသုံးပြီး စစ်သားသစ် အဓမ္မစု​ဆောင်းတာ​တွေဆက်တိုက်လုပ်​နေပါတယ် ။ဒါ​ကြောင့် ​ပေါ်တာဆွဲမခံရ​အောင် ၊စစ်သားသစ်စု​ဆောင်းမခံရ​အောင် ပြည်သူ​​တွေ သတိထား​နေထိုင်ဖို့
​တော်လှန်​ရေးအင်အားစု​​တွေက သတိ​ပေးထားပါတယ် ။
🤬376👎3👍1👏1
(ရန်ကုန်မြို့ တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - PS)
🤬27👍4👎31🤣1
■​ဆောင်းပါး

ဟိမဝန္တာမှ တောင်ပေါ်ဆူနာမီ

(ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်တွေနဲ့ ရေခဲမြစ်တွေ အရည်ပျော်လာတဲ့အခါ)

-ဥဂ္ဂါ ရေးသားသည်။

“ဟိမဝန္တာဒေသဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အပြင်းထန်ဆုံး ရိုက်ခတ်မှုတွေကို ခံစားနေရသလို၊ ရေခဲမြစ်တွေ အရည်ပျော်လာမှုဟာလည်း တောင်တန်းတွေရဲ့ တည်ငြိမ်မှုနဲ့ လူသန်းပေါင်းများစွာရဲ့ အနာဂတ်လုံခြုံ‌ရေးကို ခြိမ်းခြောက်နေတယ်” လို့ ရေအရင်းအမြစ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပညာရှင် ဒေါက်တာဖီးလစ်ဝက်စ်တာက ဆိုပါတယ်။”

နီပေါနိုင်ငံနဲ့ တိဘက်ဒေသကို ယမန်နေ့က ပြင်းထန်စွာ ရိုက်ခတ်စီးဆင်းသွားတဲ့ ဆူနာမီသဏ္ဍာန် ရေလှိုင်းကြီးတွေဟာ ဘိုတီကိုရှီမြစ်တလျှောက်က မြို့ရွာတွေ၊ လမ်းတံတားတွေနဲ့ ရာချီနေတဲ့ လူအသက်တွေကိုပါ ဝါးမြိုသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ အဓိကအကြောင်းရင်း အတိအ
ကျကို ပညာရှင်တွေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပေမယ့် လက်တွေ့ဖြစ်ရပ်များစွာနဲ့ မငြင်းနိုင်တာကတော့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဟိမဝန္တာဒေသဟာ သဘာဝဘေးအန္တ
ရာယ်တွေကို ပိုမိုခံစားနေရတဲ့ ဒေသတစ်ခု ဖြစ်လာနေတယ်ဆိုတာပါပဲ။

ဟိမဝန္တာတောင်တန်းကြီးတွေပေါ်က ရေခဲပြင်တွေ တဖြည်းဖြည်း အရည်ပျော်လာနေသလို၊ ရေခဲမြစ်တွေလျော့နည်းလာတာနဲ့အမျှ
တောင်စောင်းတွေဟာလည်း အရင်လို ခိုင်မာတည်ငြိမ်မှု မရှိတော့ဘဲ အားနည်းလာနေပါတယ်။ရေခဲတွေ အရည်ပျော်လာရာကနေ မြင့်မားတဲ့ တောင်တန်းတွေကြားမှာ ရေကန်ကြီးတွေ ပိုမိုဖြစ်ပေါ်‌လာနိုင်ပြီး၊ အဲဒီရေကန်တွေကို ထိန်းထားတဲ့ ရေခဲတံတိုင်း တွေဟာ အပူချိန်မြင့်လာတဲ့အခါ အရည်ပျော်အား
နည်းပျက်စီးသွားပြီး ကန်ရဲ့ ရေထုထည်ကြီးဟာ ရုတ်တရက် လွတ်ထွက်ပြီး အောက်ဘက် တောင်ကြားဒေသတွေကို အရှိန်ပြင်းပြင်းနဲ့ စီးဆင်းရိုက်ခတ်သွားနိုင်ပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုတွေ ပိုမိုပြင်းထန်လာခြင်းကလည်း ရေကြီးမှုအန္တရာယ်ကို တိုးမြှင့်စေပါတယ်။ သို့သော် ယခုနီပေါရေလွှမ်းမိုးမှုမှာ ဘယ်အ
ကြောင်းရင်းက အဓိကကျခဲ့သလဲဆိုတာကိုတော့ ပညာရှင်တွေက အတည်ပြုဖို့ အချိန်ယူနေဆဲ ဖြစ်ပါတယ်။

လက်ရှိ အချက်အလက်တွေအရ ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်းကတော့ မြေပြိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ရေကြီးမှု ဖြစ်နိုင်တယ်
လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းအဖွဲ့ (USGS) က ဆိုပါတယ်။

ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၇ မိနစ် (ဒီလို‌ရေလှိုင်းကြီးမရိုက်ခတ်မီ ၇ မိနစ်အလို) ခန့်မှာ နီပေါ-တရုတ်နယ်စပ်၊ ခတ္တမန္တူမြို့ရဲ့ မြောက်ဘက်ပိုင်းမှာ မဂ္ဂနီကျု (Magnitude) ၄ ဒသမ ၄ အဆင့်ရှိ တုန်ခါမှုတစ်ခုကို USGS က ပထမဆုံး မှတ်တမ်းတင်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ငလျင်ကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့ ယူဆခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီတုန်ခါမှုဟာ သဘာဝငလျင်မဟုတ်ဘဲ မဂ္ဂနီကျု ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုနဲ့ တူညီတဲ့ အင်အားရှိတဲ့ ကြီးမားသော မြေပြိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုသာဖြစ်ကြောင်း USGS က ပြန်ရှင်းပြထားပါတယ်။

ဆိုလိုတာက ငလျင်ကြောင့် မြေပြိုခဲ့တာ မဟုတ်ဘဲ၊ မြေပြိုမှုကြောင့် ငလျင်လို တုန်ခါမှု ဖြစ်ပေါ်ခဲ့တာလို့ ဆိုလိုတာပါ။

ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ရေခဲထုနဲ့ ကျောက်တောင်ကြီးတစ်ခုလုံးဟာ တစ်ပြိုင်နက် ပြိုကျခဲ့နိုင်ပါတယ်။ အဲဒီအခါ ရေခဲ၊ ကျောက်တုံး၊ မြေဆီလွှာတွေဟာ ရော
နှောသွားပြီး တောင်အောက်ဘက်ကို အလွန်မြန်ဆန်တဲ့အရှိန်နဲ့လျှောကျသွားခဲ့နိုင်ပါတယ်။

အထူးသဖြင့် အဲဒီအချိန်ဟာ မုတ်သုံရာသီ ဖြစ်တဲ့အတွက် တောင်ခြေဒေသက မြေဆီ
လွှာတွေဟာ ရေစိုနေပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် တောင်ပေါ်က ပြိုကျလာတဲ့ ရေခဲ၊ ကျောက်နဲ့ မြေဆီလွှာ အစုအဝေးဟာ လမ်းတစ်လျှောက်မြေဆီလွှာတွေကိုပါဆွဲယူတိုက်
စားသွားခဲ့နိုင်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်ဒန်နီယယ်ရှူဂါကလည်းရုပ်သံမှတ်
တမ်းတွေထဲမှာ တွေ့ရတဲ့ အလွန်များပြားတဲ့ ရေထုထည်ကြီးဟာဘယ်ကနေရောက်လာ
သလဲဆိုတာကို ရှင်းပြဖို့ ခက်ခဲနေဆဲဖြစ်
ကြောင်း ပြောကြားထားပါတယ်။

ပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှုဟာ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာဖို့ အားပေးနေတဲ့ အချက်တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

ဟိမဝန္တာဒေသဟာ ကမ္ဘာကြီးရဲ့ အပူချိန်မြင့်တက်မှုကို အလွန်မြန်ဆန်စွာ ခံစားနေရတဲ့ ဒေသ တစ်ခု ဖြစ်ပြီး ဟိမဝန္တာတောင်‌စောင်းမှာတည်ရှိတဲ့ နီပေါနိုင်ငံမှ ရေခဲမြစ် ထောင်
ပေါင်းများစွာဟာလည်း အပူချိန်မြင့်တက်လာမှုကြောင့် တဖြည်းဖြည်း အရည်ပျော်လာနေပါတယ်။

ပူနွေးလာတဲ့ ရာသီဥတုကြောင့် အရည်ပျော်လာတဲ့ ဆီးနှင်း‌ပျော်ရေတွေဟာ ရေခဲနဲ့ ကျောက်တောင်ကြားက အက်ကြောင်းတွေထဲ စိမ့်ဝင်သွားတဲ့အခါ တောင်စောင်းတွေရဲ့ ခိုင်ခံ့မှု လျော့နည်းလာပြီး ကြီးမားတဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါပေမယ့် ယခုဖြစ်ရပ်ရဲ့ အကြောင်းရင်းမှန်ကို သိရှိဖို့အတွက် လပေါင်းများစွာ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
😱188😢6👍2👎2🔥1🤮1🤣1
နောက်ထပ် စဉ်းစားနေကြတဲ့ အကြောင်းရင်းတစ်ခုကတော့ ရေခဲမြစ်ရေကန် ပေါက်ထွက်မှု(Glacial Lake Outburst)ဖြစ်ပါတယ်။ ဒီရေကန်ကြီးတွေကို ထိန်းထားတဲ့ သဘာဝရေခဲတံတိုင်း ဒါမှမဟုတ်မြေသားကန်ဘောင်တွေ ပျက်စီးသွားရင် အတွင်းမှာ စုနေတဲ့ ရေထုကြီးဟာ တောင်ကြားလမ်းကြောင်း အတိုင်း အရှိန်ပြင်းပြင်းနဲ့ စီးဆင်းသွားနိုင်ပါတယ်။

နယူးဇီလန်နိုင်ငံ ကန်တာဘူရီတက္ကသိုလ်မှ ကထိက တွမ်ရော်ဘင်ဆန်က ဒီလိုရေခဲကန်ပေါက်ထွက်မှု ဟာ လူတွေတည်ဆောက်ထားတဲ့ ရေကာတာတံတိုင်း ပျက်စီးသွားတာနဲ့ ဆင်တူကြောင်း ရှင်းပြခဲ့ဖူးပါတယ်။

ယခင်နှစ်က တိဘက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတစ်ခုဟာ ရေခဲမြစ်ရေကန် ပေါက်ထွက်မှုနဲ့ ဆက်စပ်နေတယ်လို့ ယူဆခဲ့ကြပေမယ့်၊ယခုနီပေါဖြစ်ရပ်မှာတော့ ဒီအကြောင်း
ရင်း ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးပါဘူး။

ဂျာမနီနိုင်ငံ ဖရီးယားတက္ကသိုလ် ဘာလင်မှ ပထဝီဝင်ရူပဗေဒ ပါမောက္ခ ဝေါဖ်ဂန်းရှဝန်ဟတ်က လက်ရှိ ဂြိုဟ်တုဓာတ်ပုံတွေအရ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့တဲ့ လမ်းကြောင်းအ
ထက်ပိုင်းမှာ ကြီးမားတဲ့ ရေကန်ကြီးတွေ မတွေ့ရတဲ့အတွက် ရေခဲမြစ်ရေကန်ပေါက်ထွက်မှုကြောင့် ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောကြားခဲ့ပါတယ်။

အချို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်တဲ့ရေကြီးခြင်းများလားဟု ထင်ခဲ့ကြပေမယ့်ဒါကလည်းမမှန်ကန်ပါဘူး။မိုးလေဝသအချက်အလက်တွေကို လေ့လာထားချက်အရ ရေလွှမ်းမိုးမှု မဖြစ်မီ သီတင်းပတ်အ
တွင်း အဲဒီဒေသမှာ အလွန်ပြင်းထန်တဲ့ မိုးရွာသွန်းမှု မရှိခဲ့ပါဘူး။

သို့သော် နီပေါနိုင်ငံမှာ နွေရာသီနဲ့ မုတ်သုံရာ
သီက မိုးအများဆုံး ရွာသွန်းတဲ့ကာလ ဖြစ်ပြီး အဲဒီအချိန်မှာ ရွာသွန်းတဲ့ မိုးရေ၊ ရေခဲအရည်ပျော်မှုနဲ့ မြစ်ရေမြင့်တက်မှုတွေပေါင်းစပ်လာရင် ရေကြီးမှုအန္တရာယ်ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ဟိမဝန္တာဒေသက ရေခဲမြစ်များ အရည်ပျော်နှုန်းဟာလည်း ၂၀၀၀ ပြည့်နှစ်ကစပြီးနှစ်ဆနီးပါးမြန်ဆန်လာခဲ့ပြီး မြစ်အောက်ပိုင်းမှာ နေ
ထိုင်နေတဲ့ သန်းပေါင်းများစွာသော လူတွေအတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်လာနေပါတယ်။

အဆုံးအရှုံးအလွန်ကြီးမားခဲ့တဲ့ နီပေါနိုင်ငံ ဘိုတီကိုရှီမြစ်ရဲ့ ယခုဖြစ်ရပ်ဟာ ဟိမဝန္တာဒေသမှာ နေထိုင်သူတွေနဲ့ ဒီဒေသကို လာရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက် ရာသီ
ဥတုသတိပေးချက်တွေ၊ဒေသဆိုင်ရာသတင်း
အချက်အလက်တွေကို ယခုထက်ပိုပြီး စောင့်ကြည့်ကြဖို့၊ သတိရှိကြဖို့လိုသလို၊ မြစ်နား၊ ချိုင့်ဝှမ်းနိမ့်ပိုင်း၊ ရေခဲမြစ်နဲ့ တောင်ပေါ်ရေ
ကန်ကြီးတွေရဲ့ အောက်ခြေဒေသတွေမှာ အထူးသတိထားဖို့၊သဘာဝရဲ့ အပြောင်းအ
လဲတွေကို ပိုမိုနားလည်ဖို့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်။

ကိုးကား-CNN
😢2512👍7🔥1🤮1🤣1
နီ​ပေါနနိုင်ငံမှာ ​တောင်​ပေါ်​ရေကြီးမှုဖြစ်ပွားပြီး​နောက်မြင်ကွင်း / ​ရေကြီးမှုဖြစ်ပွားပုံကိုCNN ကအင်ဖိုဂရပ်နဲ့ ပြသထားမှု။
ဓါတ်ပုံ-CNN ၊AP ၊ AFP
😱26😢164👍2🤮1🤣1
စစ်တပ်မြို့တော် မိတ္ထီလာမှာ ရေမီတာတွေ ဖြုတ်ခိုးခံနေရ

သြဂုတ် ၂၇၊ ၂၀၂၆။ မေရီ/People's Spring

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်က ဝန်ဇင်းရပ်ကွက်၊ ကျောင်းလမ်း၊ ဇဝနလမ်း၊ အောင်သိဒ္ဓိလမ်း၊ သီရိမင်္ဂလာရပ်ကွက်အပါအဝင် ရပ်ကွက်အသီးသီးက နေအိမ်တွေရှေ့ မြေအောက် ကွန်ကရစ်ဘောက်စ်ထဲမှာ တပ်ဆင်ထားတဲ့ ရေမီတာတွေ ခိုးယူခံလိုက်ရတာဖြ​စ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

"အတော်များများ အခိုးခံလိုက်ရတယ်။ စည်ပင်နဲ့ ပတ်သက်တဲ့သူကပဲခိုးမှာ။ အဲမီတာတွေက ဘယ်မှာမှပြန်ရောင်းလို့မရဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရေမီတာတင်မကဘဲ စာသင်ကျောင်းက ရေမော်တာပါ အခိုးခံရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ အပေါ့အပါးသွားတဲ့ နေရာတွေမှာပါ အခက်အခဲတွေ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာ ခိုးဆိုးလုယက်မှု​တွေ မကြာခဏဖြစ်ပွားနေပြီး သြဂုတ် ၁၇ ရက်ကလည်း အမျိုးသမီးတစ်ဦး မိတ္ထီလာမြို့ပေါ်မှာ ဓါးထောက်လုယက်ခံရတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းမှာ ခိုးမှု၊လုယက်မှုတွေ အများအပြားဖြစ်ပွားနေပြီး စက်ဘီး၊ ဆိုင်ကယ်ကအစ ခိုးယူမှုတွေ ဆိုးရွာစွာဖြစ်ပွားနေပါတယ်။
👍21🔥6😁64👎1🤬1🤮1
(ရေမီတာ ဖြူတ်ခိုးခံလိုက်ရပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံံ-Screen Grab)
🔥23👍6😁3👎1🤬1
မုံရွာ-မန္တလေးလမ်းပိုင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်နေ

သြဂုတ် ၂၇၊ ၂၀၂၆။ ​ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၂၇ ရက် မနက်ပိုင်းမှာ မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ မှန်လုံကား(၅)စီး၊ အိမ်စီးကား(၅)စီး၊ တွဲကား(၁၃)စီး၊ သံပြားကာ(၃)စီး စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းမြို့ တပ်မ(၃၃)ဘက် ဦးတည်ထွက်ခွာလာကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဝမ်​ပေါင်က ကြေးနီတွေသယ်လာတာကြားတယ်။ လမ်းကတော့ပိတ်နေတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီယာဥ်တွေ ဖြတ်သန်းလာတာကြောင့် စစ်တပ်က မုံရွာ-မန္တလေးလမ်းတလျှောက် လုံခြုံရေးတွေ အထူးတင်းကြပ်ထားသလို လမ်းပိုင်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
🔥22🤬5🤮3👏1😁1
(မုံရွာ-မန္တလေးလမ်း ဖြတ်သန်းသွားလာနေသော ယာဥ်များအား ပြီးခဲ့သည့် နှစ်အတွင်းက တွေ့ရစဥ် ဓါတ်ပုံံ-CJ)
🔥22👍6🤬2👏1