People's Spring
60.3K subscribers
70.3K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍23🖕3🔥2
စစ်တပ်က ပလက်ဝမြို့နယ်ကို
သုံးရက်ဆက်လေယာဉ်အုပ်နဲ့ ဗုံးကြဲ

ဩဂုတ်-၂၆၊၂၀၂၆။ခိုင်မြတ်/People's Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ် အုပ်လိုက်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တာ​ကြောင့် အရပ်သား၊ ထိခိုက်သေဆုံးမှုတွေ ဆယ်နဲ့ချီ ရှိနေပါတယ်။

ဩဂုတ်လ ၂၆ ရက် ညနေ လေးနာရီကျော်လောက်က ပလက်၀မြို့နယ် မီးဇာရွာနဲ့အနီးပတ်ဝန်းကျင်ကိုဂျက်ဖိုက်တာ ၅စီး ၊Y-12​လေယာဥ် ၂ စီးတို့နဲ့ ထပ်မံဗုံးကြဲခဲ့ပါတယ် ။ဗုံးကြဲမှု​ကြောင့်ထိခိုက်​သေဆုံးမှုရှိ၊မရှိကိုတော့ မသိရ သေးပါဘူး။

“ရွာနားတွေကို ပတ်ပြီးပစ်နေခဲ့တာ၊ ရွာသားတွေ ပြေးနေကြရတယ်လို့တော့ သိရတယ်။ အထိအခိုက်တွေ သေချာ မသိရသေးဘူး” လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

မီးဇာကျေးရွာဟာပလက်၀မြို့နယ်အထက်ပိုင်းကုလားတန်မြစ်ဖျားမှာတည်ရှိပြီး အာ
ဏာသိမ်းစစ်တပ်အထိုင်ချခဲ့တဲ့တရွန်အိုင်ဗျူဟာအနီးက ရွာကြီးတရွာဖြစ်ပါတယ်။

ဩဂုတ်လ၂၅ ရက်ညကလည်း ပလက်၀
မြို့နယ် ရွှေလိုက်ဝရွာအနီးဝန်းကျင်ကို စစ်
တပ်က ဗုံးကြဲခဲ့ပြီး မရာလဲန်းကာကွယ်ရေးတပ် (MDF)စစ်သင်တန်းကျောင်းမှ သင်တန်း
သား ၅ ဦးကျဆုံးကာ ထိခိုက်ဒဏ် ရာရသူတွေ လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်၀မြို့နယ် စိမ့်ညှင်းဝရွာကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာထဲကိုကျရောက်ပေါက်ကွဲကာ ကလေးငယ်တွေအပါအဝင် ၅ ဦးသေ
ဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။

စစ်တပ်ဟာAAထိန်းချုပ်ထားတဲ့ရခိုင်နဲ့ ပလက်ဝတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေ ပြီးအရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ ဒါ​ကြောင့် AA ကစစ်တပ်ရဲ့ အောက်
တန်းကျတဲ့အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်း
တင်ထားကာ တုံ့ပြန်သွားမယ်လို့ ထုတ် ပြန်၊ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှု၊ပစ်ခတ်မှု​တွေကြောင့်အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦးဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး
(HDCO)က ထုတ်ပြန်ထားပါတယ်။
🤬315👎2👏2🎉1🤮1
(စစ်တပ်က ပလက်ဝမြို့နယ် ၊စိမ့်ညှင်းဝရွာကိုဗုံးကြဲခဲ့တာ​ကြောင့် က​လေးငယ်​တွေစာသင်​နေတဲ့ ဘုန်းကြီး​ကျောင်းကိုထိမှန်ပျက်စီး​နေစဥ်။ ဘုန်းကြီး​ကျောင်းကိုဗုံးကြဲတာ​ကြောင့် က​လေးငယ်အပါအဝင် ၅ ဦး​သေပြီး ၁၇ ဦးဒဏ်ရာရခဲ့ပါတယ်။
ဓါတ်ပုံ-AA Infodesk
🤬374👎2👏2🔥1😢1🎉1🤮1😭1
■အ​တွေးအမြင်

ရက်စက်ယုတ်မာမှုစံချိန် အခါခါချိုးနေတဲ့ လက်မရွံ့စစ်တပ်

သျှိသျှား ရေးသားသည်။

(သတိပေးချက် - အရပ်သားပြည်သူတို့အပေါ် လက်မရွံ့စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်၊ နှိပ်စက်၊ ညှင်းပန်းခြင်း အနိဋ္ဌာရုံအကြောင်းအရာများစွာပါဝင်နေသဖြင့် စိတ်မခိုင်သူ၊ နှလုံးမခိုင်သူများ မဖတ်သင့်သောစာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်ဖြစ်စဉ်တွေလို့ပြောလိုက်တာနဲ့ အဲဒီဖြစ်
စဉ်တွေကို ဇာတ်ကြောင်း ပြန်ပြောစရာမလိုအောင် ကျွန်တော်တို့မှတ်ဉာဏ်တွေထဲမှာ မှတ်မှတ်သားသားရှိနေကြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလာရင်တော့ လက်မရွံ့စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုက ကမ်းကုန်နေလို့ပဲလို့ ဖြေပါမယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးသင်စာ
သင်ကျောင်းကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးနဲ့ စစ်တပ်က ရက်ရက်
စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် ကျောင်းသားကျောင်းသူ ကလေးငယ် ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာဆိုရင် ကျိုးပဲပျက်စီးနေတဲ့စာသင်ခုံတွေကြားမှာ တွေ့လိုက်ရတဲ့ ခရမ်း ရောင်ကျောပိုးအိတ်လေးရယ်၊ "မောင်ဘုန်းတေဇ၊ G - 1 ၊ သင်္ချာ"လို့ စာရေးထိုးထားတဲ့ စာအုပ်လေး တစ်အုပ်ရယ်၊ သွေးစွန်းကွက်တွေရယ်၊ ကျည်ထိပြီးပြန့်ကျဲနေတဲ့ အင်္ဂတေအပိုင်းအစတွေရယ်ဟာ ကျွန်တော်တို့ကို ဝမ်းနည်းမဆုံး ဖြစ်စေခဲ့တဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ဒီမြင်ကွင်း၊ ဒီဝမ်းနည်းပူဆွေးမှုနောက်မှာတော့ လူမဆန် ယုတ်မာရက်စက် လှတဲ့ မြန်မာစစ်တပ်အပေါ် ရွံရှာမုန်းတီးမှုတွေလည်း ထပ်ကြပ်မကွာကပ်လျက်တွဲပါနေတော့တယ်။

ဒီလိုပဲ အဲဒီလက်ယက်ကုန်းဖြစ်စဉ်ဖြစ်ပွားပြီး တစ်လစွန်းစွန်းအကြာ ၂၀၂၂ ခုနှစ် အောက်
တိုဘာ ၂၃ ရက်နေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာမှာကျင်းပနေတဲ့ ဂီတဖျော်ဖြေပွဲတစ်ခုအပေါ် စစ်တပ်က လေ
ယာဉ်အုပ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ၈၀ ကျော်သေဆုံးပြီး ရာနဲ့ချီထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီဖြစ်စဉ် မှာဆိုရင်လည်း လာရောက်ဖြေဖျော်တဲ့ အနုပညာရှင်တွေအပါ
အဝင် အရပ်သားပြည်သူအများအပြား သေ
ဆုံးခဲ့ ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်း
တိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို ကြည့်မယ်ဆို ရင်လည်း အလွန်
တရာမှ စိတ်ထိခိုက်ကြေကွဲစရာတွေနဲ့ပါပဲ။ အလှူကိုသွားရောက်စားသောက်ကြတဲ့က
လေးငယ် ၃၀ ကျော်၊ ကိုယ်ဝန်ဆောင်နှစ်ဦးနဲ့ နို့တိုက်မိခင်လေးဦးအပါအဝင် အရပ်သားပြည်သူ ၁၇၀ ကျော် သေဆုံးခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူတွေဟာလည်း နာကျင်ဝေဒနာတွေနဲ့အတူ ကူပါကယ်ပါအော်ဟစ်ညည်းညူရင်း ငရဲခန်းတမျှ ပူဆွေးသောကတွေ ရင်ဆိုင်နေရချိန်မှာပဲ လူမဆန်ယုတ်မာလွန်းလှတဲ့ စစ်
တပ်ရဲ့ နောက်တစ်ကျော့ လာရောက် တိုက်
ခိုက်ခြင်းကိုပါ ထပ်မံခံကြရပြန်ပါတယ်။

ကချင်ပြည်နယ်ထဲကအနန့်ပါကျေးရွာကို ဗုံး
ကြဲတိုက်ခိုက်ပြီး တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်မှာတော့ အဲဒီကချင်
ပြည်နယ်ထဲက လိုင်ဇာမြို့အနီးမှာရှိတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်တပ်က ဒရုန်း​တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြန်တာကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးရှောင် ဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါတွေဟာအထက်မှာပြောခဲ့သလိုပဲ ကျွန်
တော်တို့ ဦးနှောက်မှတ်ဉာဏ်ထဲ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ် တော့တဲ့ အရပ်
သားပြည်သူအပေါ် စစ်တပ်ရဲ့ရက်စက်ယုတ်
မာမှုထဲက ဖြစ်စဉ်ဖြစ်ရပ်တွေပါ။ အခုလည်း မြန်မာ စစ်တပ်ဟာ နောက်ထပ်ရက်စက်ယုတ်မာမှုတွေနဲ့အတူ ရှေ့က ယုတ်မာထားချက်တွေအပါ်ထပ်ဆင့်စံချိန် ချိုးလိုက် ပြန်ပါတယ်။

ဗုဒ္ဓဘာသာကိုအလွန်တရာမှသက်ဝင်ယုံ
ကြည်ကိုးကွယ်သယောင်လုပ်ဇာတ်တွေ မကြာခဏခင်းပြတတ်တဲ့ မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်သိုက်ရဲ့ လက်မရွံ့စစ်တပ်ဟာ ဝါတွင်းကာလဥပုသ်နေ့မရှောင်လေယာဉ်
နဲ့ ဗုံးကြဲပြီးလူသတ်ပြလိုက်တာပါ။

ဝါတွင်းကာလဥပုသ်နေ့ဖြစ်တဲ့သြဂုတ်၂၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလွဲအိုကျေးရွာ ဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို လက်မရွံ့စစ်
တပ်က ဗုံးကြဲတိုက်ခိုက်လိုက်တာကြောင့် သံဃာတော်တွေအပါအဝင် ၁၄ ဦးသေဆုံး
ပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး "ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ကျတာ။ ဘုန်းကြီးလည်းပျံလွန်တယ်"လို့ People's Spring ရဲ့ သတင်းတစ်ပုဒ်မှာ ဒေသခံသတင်းရင်းမြစ်က ပြောထားပါတယ်။

အဲဒီဥပုသ်နေ့မှာပဲရခိုင်ပြည်နယ်ထဲက သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်နေရာတွေနဲ့ ဂွမြို့နယ်ညောင်ချောင်းကျေးရွာတို့ကို လေ
ယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးရေရာချီကြဲချခဲ့တာကြောင့် သေဆုံး၊ ထိခိုက်မှုတွေရှိခဲ့ပါ တယ်။သံတွဲမြို့နယ် ငပလီကမ်းခြေတစ်
လျှောက်နေရာတွေကို လက်မရွံ့စစ်တပ်က နံနက် ၁ နာရီကျော်လောက်မှာ တိုက် လေ
ယာဉ် ၈ စီး၊ Y12 လေယာဉ် ၁ စီး၊ Y8 လေ
ယာဉ် ၁ စီး တို့နဲ့ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
🤬305🤣3👍1
အလားတူ ဂွမြို့နယ် ညောင်ချောင်းကျေးရွာထဲနဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ စာသင်
ကျောင်းတို့အပေါ်ကို နံနက်အစောင်ပိုင်းမှာပဲ လေယာဉ်နဲ့ နှစ်ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ညောင်ချောင်းရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းဆောင်တစ်ခုလုံးလည်း ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် ညောင်ချောင်းရွာ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းကိုလည်း ထပ်မံဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ဦး ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းဆောင်တွေနဲ့ အနီးအနားမှာရှိတဲ့ ပြည်သူ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြန်ပါတယ်။

ဒါဟာ ဆိုခဲ့သလို ဗုဒ္ဓဘာသာကို အလွန်တရာမှသက်ဝင်ယုံကြည်ကိုးကွယ်ပါတယ်ဆိုတဲ့လူတစ်စုက ဥပုသ်နေ့မှာ ရက်စက်ယုတ်မာစွာလူသတ်ခဲ့ကြတာပါ။

ဒါ့အပြင် သြဂုတ် ၂၄ ရက်မှာလည်းအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်
နယ်၊ ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာ
ဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီး​ကျောင်းမှာစာသင်​နေတဲ့ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပြန်ပါတယ်။ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင် ၅၀၀အပါအ၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာ​ကြောင့် အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင်၅ ဦး​သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အ
သက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးထိ​တောင်ပါ၀င်ခဲ့ပါတယ်။ဘုန်​တော်ကြီး​ကျောင်းက ဗုဒ္ဓရုပ်ပွား​တော်​တွေပါ ပျက်စီးခဲ့ပါတယ်။

ရှေ့မှာဖြစ်ခဲ့ပြီးဖြစ်တဲ့ ထင်ရှားတဲ့ လက်ယက်ကုန်းလို၊ အနန့်ပါလို၊ ပဇီကြီးလို၊ မုန်လိုင်ခက်လို ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ထပ်ပြီး ယုတ်မာမှုကို စံချိန်ချိုးပြလိုက်တာလည်းဖြစ်ပါတယ်။

အခုဖြစ်စဉ်ကနေ နောက်ကြောင်းကို နည်းနည်းလေးပြန်သွားကြည့်ချင်ပါတယ်။ဗျိုင်းဖြူရွာလေးဆီကိုပါ။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေနားက ဗျိုင်းဖြူဆိုတဲ့ရွာလေးဆီ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ပါးစေတွေ ရောက်ရှိလာပြီးလူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် အကြမ်း
ဖက်ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ဒီအကြောင်းကို The Diplomat က ဖော်ထုတ်ထားတာဖြစ်ပြီး People's Spring ရဲ့ ပင်တိုင်ဆောင်းပါးရှင်ခါကာဘိုက ပြန်
လည်ရေးသားထားတဲ့ အကြောင်းအရာဖြစ်ပါတယ်။

အဲဒီဆောင်းပါးထဲမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ပါးစေ စစ်သား ၂၀၀ ခန့်ပါတဲ့ စစ်ကား ၆ စီးက အဲဒီဗျိုင်းဖြူရွာလေးဆီ ဝင်ရောက်လာပြီး အမျိုး
သား၈၀၀ ခန့်ကိုမျက်လုံးတွေပိတ်၊ဒူးထောက်
ခိုင်းပြီးစစ်မေးတာ၊ ညှင်းပန်းနှိပ်စက်တာတွေလုပ်ခဲ့ပါတယ်။ အဲဒီ ၈၀၀ ထဲက ၇၀ ကျော်ဟာ ရက်ရက် စက်စက်သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။

အဲဒီဖမ်းဆီးစစ်ဆေးခံနေရသူတွေထဲက ၁၂ ဦးခန့်ကရေဆာလို့ ရေတောင်းတာမှာ ရေမပေးဘဲ ကျင်ငယ်ရေကိုသောက်ခိုင်းတာ၊ ငြင်း
ဆန်သူတွေကိုသေနတ်ဒေါက်နဲ့ ထိုးကြိတ်ရိုက်နှက်တာလုပ်ခဲ့လို့သေဆုံးသွားခဲ့ရသူတွေ လည်း ရှိခဲ့ပါတယ်။

အဲဒီလက်မရွံ့စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။ရွာထဲစတင်ဝင် ရောက် အကြမ်းဖက်ခဲ့တဲ့နေ့ကနေ နှစ်ရက်ကြာတဲ့အထိ ပူပြင်းတဲ့နေရောင်အောက် လမ်းမပေါ်မှာ ရေနဲ့ အစား အစာ မပေးဘဲ ထိုင်နေစေခဲ့ပါတယ်။ ပိုဆိုးစေတာက ရေဆာလို့ ရေတောင်းတာကို မပေးဘဲ အနီးအနားက မြောင်း ရေတွေကို သောက်ဖို့ အတင်းအဓမ္မခိုင်းစေခဲ့တာပါ။ လက်မရွံ့စစ်သားတွေဟာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်း တွေနဲ့ ဝေဒနာရှင် ၁၂ ဦးခန့်ကိုလည်း သေနတ်နဲ့ချိန်ပြီး အိမ်တွေထဲကနေ ဆွဲထုတ်ခဲ့ကြပါသေးတယ်။စိတ်ဝေဒနာရှင်အမျိုးသမီး
တစ်ဦးကိုလည်းလက်မရွံ့စစ်သား၄ဦးက
အုပ်စုဖွဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့ပါသေးတယ်။

သူတို့ပြန်လည်ထွက်ခွာခါနီးမှာတော့ ရွာထဲက နေအိမ်တွေဆီဝင်ရောက်ရှာဖွေပြီး ရွှေထည်၊ ငွေကြေး၊ ဖုန်း၊ ဆိုင် ကယ်၊ ဆိုလာပြားနဲ့ အိမ်သုံးပစ္စည်းစတဲ့ တန်ဖိုးရှိပစ္စည်းမှန်သမျှကို ယူဆောင်သွားကြတယ်လို့လည်းလွတ်
မြောက် လာသူတို့က ပြောပါတယ်။ရခိုင်မှာ
ဒီလိုအလားတူဖြစ်စဉ်မျိုးများစွာလည်း ရှိနေသေးတယ်လို့ ဆောင်းပါကဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါလက်ပါးစေတွေဟာကမ်းကုန်
အောင် ရက်စက်ယုတ် မာတတ်သူတွေဆိုတာ ဒီဖြစ်စဉ်ဖြစ်ရပ်များက သက်သေထူနေပါတယ်။ဒီလိုလက်မရွံ့စစ်တပ်ရဲ့ရက်စက်ယုတ်
မာတဲ့လုပ်ရပ်တွေဟာ ရခိုင်မှာသာမက မြန်မာတစ်ပြည်လုံး အကြားအလပ် မရှိ ဖြစ်ပေါ်ခဲ့ပြီးဖြစ်တယ်ဆိုတာ လူသိရှင်ကြားသိရှိလိုက်ကြရတဲ့ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက် လို ဖြစ်ရပ်ဆိုးတွေက သက်သေထူနေသလို လူမသိသူမသိတိမ်မြှုပ်သွားရတဲ့ ဖြစ်ရပ်ဆိုးမြောက်များစွာလည်း ရှိနေပါသေးတယ်။
🤬31🤣3🤮1
Google မှာ ဖြစ်ဖြစ်၊ Facebook မှာဖြစ်ဖြစ်၊ Youtube မှာဖြစ်ဖြစ်၊ အွန်လိုင်းပလက်ဖောင်းတွေကနေ “ဗုံးကြဲ” ဆိုတဲ့စကားလုံးကို ရိုက်ရှာကြည့်ပါ။ မြန်မာစစ်တပ်ရဲ့ ယုတ်မာရက်စက်တဲ့လုပ်ရပ်တွေ မဆုံးနိုင်၊ မကုန်နိုင် တွေ့ရ ပါလိမ့်မယ်။ အလားတူပဲ “အရှင်လတ်လတ်”၊ “မီးရှို့”ဆိုတဲ့ စကားလုံးတွေကိုလည်း ရိုက်ရှာကြည့်လိုက်ပါဦး။ စစ်ဘေးရှောင်ပြည်သူ ၃၅ ဦးကျော်ကို ကားတွေပေါ် ကြိုးတုတ်တင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ဖရူဆိုက ဖြစ်ရပ်၊ မြောက်ခင်ရန်းရွာက လူငယ်နှစ်ဦးကို သံကြိုးတွေနဲ့တုတ်၊ သစ်ပင်မှာ တွဲလောင်းချိတ်ပြီး အောက်ကနေ မီးမြှိုက်ကာ ရှို့သတ်ခဲ့တဲ့ဖြစ်ရပ်တို့အပါအဝင် လက်မရွံ့စစ်တပ်ရဲ့ လူမဆန်ရက်စက်ကြမ်းကြုတ်မှုများစွာကို စိတ်မ ချမ်းမြေ့ဖွယ်တွေ့ရပါလိမ့်မယ်။

သင်ရှာဖွေတွေ့ရှိလိုက်မယ့် အဲဒီဖြစ်စဉ်တွေဟာ သတင်းမီဒီယာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေသိရှိဖော်ထုတ်ရာကနေ လူ
ထုကြားရောက်လာတဲ့အကြောင်းအရာတချို့သာဖြစ်ပြီးလူမသိသူမသိ၊တိတ်တဆိတ်ရက်
စက် ယုတ်မာခံလိုက်ရတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေဟာ အခုကျွန်တော်တို့ ရှာဖွေတွေ့ရှိလိုက်ရတဲ့ ဖြစ်စဉ်တွေထက်အဆပေါင်း များစွာ ပိုနေမယ်ဆိုတာ အသေအချာပါပဲ။

ဒါတွေကို ကြည့်ခြင်းအားဖြင့်လက်မရွံ့စစ်
တပ်ဟာ သူတို့ရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်
ရပ်တွေအပေါ် ဘယ်တော့မှ နောင်တရမှာမဟုတ်သလို ဒီရက်စက်ယုတ်မာမှုတွေကို ဘယ်တော့မှ ရပ်တန့်အဆုံးသတ်သွားမှာ မ
ဟုတ်ဘူးဆိုတဲ့ သက်သေပြချက်လည်းဖြစ်ပါတယ်။ အဲဒီ့ထက်ပိုဆိုးစေတာကတော့ ရက်
စက်ယုတ်မာမှုတွေကို ပိုကာတိုးလို့ဖော် ဆောင်ရင်း ရက်စက်ယုတ်မာမှုစံချိန်တွေကို ထပ်ကာထပ်ကာချိုးပြလာနေတာပဲဖြစ်ပါတယ်။

ဒီစာကလက်မရွံ့စစ်တပ် အမြင်မှန်ရစေဖို့ နွားကိုပလာတာကျွေးတဲ့စာမဟုတ်ပါဘူး။ အမှန်
တရားကိုလက်ခံဖို့၊မိမိတို့နဲ့ လားလားမှမသက်
ဆိုင်တဲ့ နိုင်ငံရေးရပ်ဝန်းထဲကနေ ဖယ်ခွာဖို့၊ လူထုအကျိုးကို မျှော်ကိုးဖော်ဆောင်ဖို့ဆိုရင် လက်ရွံ့၊ လက်ရှောင်နေတတ်တဲ့ စစ်တပ်ဟာ ပြည်သူကို ညှင်းပန်းဖို့၊ ပြည်သူကို နှိပ်စက်ဖို့၊ ပြည်သူအပေါ် ရက်စက်ယုတ်မာဖို့ဆိုရင်တော့ အချိန်မရွေး၊ နေရာမရွေး၊ ဘယ်အချိန်၊ ဘယ်နေရာဖြစ်ဖြစ် လက်မရွံ့ရက်စက် ယုတ်မာတတ်တဲ့အကြောင်း မီးမောင်းထိုးပြလိုရင်းသာဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေ အဆုံးသတ်သွားဖို့ဆိုရင် နည်းလမ်းတစ်ခုပဲရှိပါတယ်။ လက်မရွံ့ဖက်ဆစ်စစ်တပ် အမြစ်ပြတ်အောင် တော်လှန်တိုက်ထုတ်ကြဖို့ပါပဲ။ပြီးရင် ​ခေတ်အဆက်ဆက်စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု​တွေ ၊လူမျိုးတုံးသတ်ဖြတ်မှု​တွေအတွက် အမိန့်​ပေးတဲ့ စစ်ဗိုလ်ချုပ်​​တွေအပါအဝင် ရာဇဝတ်သား​တွေကို တရားစီရင်နိုင်မှသာ ​​ကျဆုံးခဲ့ရတဲ့ပြည်သူ​တွေ တရားမျှတမှုပြန်လည်ယူ​ဆောင်​ပေးနိုင်မှာဖြစ်ပါတယ်။ ။
👍34🤣31
😭24🤬7👍2👎2🔥1👏1
မင်းလှသွားတဲ့စစ်​ကြောင်းကို​တော်လှန်​ရေးတပ်တိုက်ခိုက် ၊စစ်တပ်အထိနာပြီးစစ်ကားတစ်စီးသိမ်းရ

ဩဂုတ်-၂၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီး
စက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်
-USBA ကထုတ်ပြန်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေနဲ့ ​တော်လှန်​ရေးတပ်​တွေကြားသြဂုတ်လ ၂၀ ရက်ကနေဩဂုတ်
လ ၂၆ ရက်ထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အင်အား (၁၀၀) ၀န်းကျင်ပါတဲ့ ပထမစစ်
ကြောင်းဟာဩဂုတ်၂၃ရက်ညမှာစစ်ကြောင်း
ပျက်ပြီး ၂၀ ကျော်သေကာ ၃၀ ၀န်းကျင် ထိ
ခိုက်ခဲ့တယ်လို့ ​တော်လှန်​ရေးတပ်​တွေကထုတ်ပြန်ပါတယ်။စစ်တပ်စစ်ကြောင်သေဆုံး
ထိခိုက်မှုအ​ခြေအ​နေကို လူထုနွေဦးက သီး
ခြားအတည်မပြုနိုင်သေးပါဘူး။

စစ်တပ်စစ်​ကြောင်းအထိနာတာလေကြောင်း၊လက်နက်ကြီး၊ဒရုန်း မျိုးစုံဖြင့်ကာပစ်ပေးပြီးကျောက်တိုင် အထိုင်စခန်းကို ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြပါတယ်။အဲဒီစစ်ကြောင်းဆီကဖောကားတစ်စီး၊မီးစက်နဲ့ ခဲယမ်း တချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ​ဓါတ်ပုံ​တွေနဲ့တကွဖော်ပြထားပါတယ် ။

အဲဒီ​နောက် ဩဂုတ်၂၄ ရက်မှာမင်းတုန်းဘက်
က အင်အားထပ်မံဖြည့်တင်းပြီး အင်အား
၂၀၀ ၀န်းကျင်နဲ့စစ်ကြောင်းထပ်မံထိုးပြီးကျောက်တိုင်အထိုင်စခန်းမှ ရှစ် မိုင် အကွာက ရှမ်းတပ်စခန်းကို သုံး ရက်အကြာဩဂုတ်
လ၂၆ရက်ညနေ မှ ၀င်ရောက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

"စစ်ကြောင်းတွေက လူချိန်း၊ထောက်ပို့ နှစ်မျိုးဖြစ်မယ်ထင်တယ်"ဗမာပြည်ကာကွယ်
ရေးတပ် - USBA ပြန်ကြား ရေးတာ၀န်ခံ ကိုသာချို က ပြောပါတယ်။

စစ်ကြောင်း ရှေ့တိုးတာ၊နောက်ပြန်ဆုတ်တာတွေ ရှိလာနိုင်တာ‌ကြောင့်ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံစေဖို့ လိုအပ်တာတွေ ပြင်
ဆင်ထားကြဖို့ လည်း USBA က တိုက်တွန်းထားပါတယ်။
41👍8🥰3👏1🤣1🖕1
စစ်တပ်စစ်​ကြောင်းဆီက ကား၊ မီးစက်နဲ့
စစ်သုံးပစ္စည်း​တွေကို သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-USBA
33👍16🥰3🤣2🫡2🖕1
ရခိုင်ရိုးမစစ်​ကြောင်းထိုးဖို့ကြိုးစား​နေတဲ့စစ်သားသစ်​တွေ အရာရှိ​တွေပြန်ကိုရှင်းလင်း
နိုင်ရင်သိန်း၁၀၀က​နေသိန်း၁၀၀၀ အထိ​ဆု​ကြေးပေးမယ်လို့သရက်ခရိုင်ပကဖကြေညာ

ဩဂုတ်-၂၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

ဒုဗိုလ်ကျပ်သိန်း ၁၀၀၊ဗိုလ်ကျပ်သိန်း ၂၀၀၊ဗိုလ်ကြီးကျပ်သိန်း ၃၀၀၊ ဗိုလ်မှူးကျပ်သိန်း ၅၀၀၊ဒုဗိုလ်မှူးကြီးအဆင့် ကျပ်သိန်း ၇၀၀ နဲ့ ဗိုလ်မှူးကြီးအဆင့် ကျပ်သိန်း ၁၀၀၀ ပေးမယ်လို့ ဆိုပါတယ်။

"မင်းတုန်းမြို့ကနေ အနောက်ဘက် ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ အတင်းအဓမ္မ ပို့ဆောင်ခံလိုက်ရတဲ့ ပေါ်တာဆွဲခံထားရတဲ့ ပစ တွေအနေနဲ့ ခုလို ရာသီဥတုမှာ ရခိုင်ရိုးမပေါ်က AAကိုတက်ပြီးထိုးမယ်ဆိုတာ မအလ ရဲ့လူစိတ်မရှိတဲ့အမိန့်တွေပဲ။အရှင်လက်လက် ငရဲကျတာထက်ကို ပိုဆိုးတဲ့ စစ်မြေပြင်ပဲ ။ အာဏာရူးတွေက လူစိတ်ကင်းမဲ့စွာနဲ့ မင်းတို့ကို သေတွင်းထဲပို့ပြီးမင်းတို့အရိုးနဲ့ သူတို့အ
ကျိုးစီးပွားတွေကို ကာခိုင်လိုက်တာသာဖြစ်တယ်"လို့ ကိုဗဟိန်းက ပြောပါတယ်။

ဒါ့အပြင်စစ်ရေးအရ အောက်ကနေ လှန်တိုက်ရမှာဖြစ်ပြီး မင်းတုန်းနယ်မှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုများတာကြောင့်လက်နက်တွေယူ
လာပြီး တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့လည်း သူကတိုက်တွန်းထားပါတယ်။

"သတ္တိမွေးပြီးငါတို့ဆီကိုလာခဲ့လိုက်ကြပါ။အရင်စစ်ကြောင်းက စီနီယာ ပစ(စစ်မှုထမ်း)
တွေဆို ငါတို့ဆီမှာ ရွာတောင်တည်လို့ရနေပြီ ။ ပြန်တဲ့သူလည်းပြန် ပျော်တဲ့သူလည်း ပျော်လို့ ဘေးကင်းလုံခြုံမှုအပြည့်နဲ့ ဘ၀ကို ဖြတ်
သန်းနေကြပြီ"လို့ သရက်ခရိုင်ပကဖတာ၀န်ခံက ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမ နဲ့ အနီးစပ်ဆုံးနေရာတွေဆီအာဏာသိမ်းစစ်တပ်က စစ်ကူအင်အား ၁,၅၀၀ ၀န်းကျင်ကို အခုရက်ပိုင်းထဲ ပို့‌ခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင် ပြည်နယ်တောင်ကုတ်မြို့ကို ပြန်စစ်​ကြောင်းထိုးနိုင်ဖို့အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က၀င်ရောက်ဖို့ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

"မင်းတုန်းအနောက်ခြမ်းရိုးခြေ(ရခိုင်ရိုးမ အောက်ခြေ) ရွာတွေကိုအင်အားဖြန့်နေတယ်။စစ်ကြောင်းထိုးတယ်ပြောရမယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၂၅ ရက်နေ့က ပြောထားပါတယ်။

အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၁၂ )
ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက် မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့်(ဗိုလ်မှူးကြီး အောင်ဇော်မင်း)ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းက
တည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ သေဆုံးထိခိုက်မှုများပြီး အကြိမ်ကြိမ်လန်ကျပြီး ရိုးခြေက ကျေးရွာတွေထဲမှာပဲ ပြန်ဆုတ်ပြီး တပ်စွဲနေကြတာဖြစ်ပါတယ်။

မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးခြေရွာတွေ ဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ရဲ့ တပ်တွေမှာ သရက်မြို့အခြေစိုက် အမှတ် ၄၄ ခြေ
လျင်တပ်ရင်း (ခလရ ၄၄)၊အမှတ် ၁၂ ကာ
ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေပါ၀င်ပါတယ်။အခုတခေါက် စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာ မသိရသေးပါဘူး။
👍36👏148🥰4🖕2💩1🤣1
ဇွန်လက မင်းတုန်းမြို့နယ်ကိုစစ်​ကြောင်းထိုးတဲ့စစ်တပ်ကို PDF ၊ပကဖ နဲ့​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ပြီးဖမ်းမိတဲ့စစ်သုံပန်း​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-PDF စစ်ရုံးချုပ်
🥰28👏12👍54👎1🔥1🤣1🖕1
ရန်ကုန်မှာ အိမ်စီးကားနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေ

ဩဂုတ်-၂၆၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိ
ပေးထားပါတယ်။

"စစ်မှုထမ်းသင်တန်းသစ် စတော့မှာမို့ ထင်တယ်၊လိုက်ဆွဲတာတွေ တဖြည်းဖြည်းနဲ့ ပြန်များလာပါတယ်"လို့ RSNရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၂၆ရက်မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် မောင်းမကန်ကမ်းသာယာလမ်းပေါ်မှာသတ်လတ်ပိုင်းအမျိုးသားနှစ်ဦးကို ပရို​ဘောက်စ် ကားနဲ့ အရပ်ဝတ်သုံးဦးက ကားပေါ်ကို ဆွဲတင်ပြီး ဖမ်းဆီးသွားတယ်လို့ RSN က ဆိုပါတယ်။

ဒါ့အပြင်ဩဂုတ် ၂၄ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမပေါ်မှာ ပိုက်ဆံထောင်ပစ်နေတဲ့ လူငယ်တွေကို ရဲတပ်
ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လူငယ်တဦးဖမ်း
ဆီးခံရတယ် လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောကြားမှုကို RSN က ဖော်ပြထားပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၁ ရက်ကလည်းအင်းစိန်မြိုနယ် ရွာမအနောက်ရပ်ကွက် ပုလဲလမ်းထဲမှာ လူငယ်နှစ်ဦးကို ကားတစ်စီးနဲ့လူတစ်စုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အလားတူ ကမာရွတ်မြို့နယ်မှာလည်း ဩ
ဂုတ် ၁၈ ရက် ညနေ ၆ နာရီလောက်မှာ လှည်းတန်းလမ်းဆုံအနီး ရဲကားတစ်စီးက လူငယ်နှစ်ဦးကို အဓမ္မဖမ်းဆီးသွားတာတွေ့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"လှည်းတန်းလမ်းဆုံ ပြည်လမ်းမဘက်ခြမ်း မီးပွိုင့်ထိပ်မှာ ရဲကားက ရုတ်တရက်ရပ်သွားပြီး လူငယ်နှစ်ယောက်ကိုဆွဲတင်သွားတာ။ " လို့ မျက်မြင်တွေ့ခဲ့သူတဦးကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေတိုင်းမှာလည်း စစ်မှူထမ်းအတွက်စုဆောင်းတာတွေက ပုံမှန်ရှိနေပြီး ရပ်ကွက်တစ်ခုကို လူအရေအတွက် ဆယ်ဂဏန်း ပို့ပေးရတယ်လို့ လှိုင်မြိုနယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်ရှိ ကွန်ဒို​တွေ ၊တိုက်​တွေကိုလည်း စစ်မှုထမ်း​ကြေး​ဆိုပြီး စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေက လစဥ်​ကောက်ခံ​နေတယ်လို့​​​ဒေသခံ​တွေက ​​ပြောပါတယ် ။

အရပ်ဝတ်တွေနဲ့ လူလိုက်လံဖမ်းဆီးတာဟာ စစ်တပ်ကလည်း ပြုလုပ်နေသလို စစ်တပ်က မွေးထားတဲ့ ပျူစောထီးတွေကလည်း လူဖမ်းပြီးစစ်မှုထမ်းအဖြစ်ရောင်းစားဖို့လိုက်လံဖမ်း
ဆီးနေတာလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြု
လုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်
မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေအခုကတည်းကလုပ်နေပါတယ်။

စစ်တပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်
သားသစ်​​တွေကိုအဓိကအသုံးပြု​​နေပြီး တိုက်
ပွဲ​တွေမှာ​သေဆုံး ၊ဒဏ်ရာရသူ၊ထွက်​ပြေးသူ ၊အလင်းဝင်သူ များ​နေတဲ့အတွက် စစ်သားသစ်​တွေရ​ဖို့ ပေါ်တာဆွဲတာ၊စစ်မှုထမ်းဥပ​ဒေသုံးပြီး စစ်သားသစ် အဓမ္မစု​ဆောင်းတာ​တွေဆက်တိုက်လုပ်​နေပါတယ် ။ဒါ​ကြောင့် ​ပေါ်တာဆွဲမခံရ​အောင် ၊စစ်သားသစ်စု​ဆောင်းမခံရ​အောင် ပြည်သူ​​တွေ သတိထား​နေထိုင်ဖို့
​တော်လှန်​ရေးအင်အားစု​​တွေက သတိ​ပေးထားပါတယ် ။
🤬366👎3👍1👏1