People's Spring
60.3K subscribers
70.3K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ညောင်တုန်းမြို့နယ်က ရေကာတာ အိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် ပြုပြင်နေကြစဉ်။ ဓာတ်ပုံ - CJ)
👍32😢72🔥2👎1
မြင်းခြံမြို့နယ်၊စံပြရွာအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် တွေသိမ်းယူ

ဩဂုတ်-၂၆၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူး
ပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်
ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

ဩဂုတ်လ၂၆ရက်၊မနက်၄နာရီ ဝန်းကျင်မှာ မြင်းခြံမြို့ရဲ့အရှေ့မြောက်ဘက်နွားထိုး- မြင်းခြံလမ်းပိုင်းက စံပြရွာမှာအထိုင်ချထားတဲ့ စစ်တပ်အထိုင်စခန်းကိုတော်လှန်​ရေးပူး
ပေါင်းတပ်​တွေကတိုက်ခိုက်သိမ်းယူခဲ့တာ
ဖြစ်ပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်
ခိုက်ချိန်မှာ စစ်သားနဲ့ပျူ​စောထီးတွေအားလုံး ထွက်ပြေးခဲ့ပြီး နေရာမှာ သွေးကွက် တွေနဲ့ ဘတ်ထရီ၊ဆိုလာချပ်တွေကျန်ခဲ့ပါတယ်။အဲ ဒီနေရာကို တော်လှန်ရေးတပ် တွေကရှင်း
လင်းခဲ့တယ်လို့ သိရပါတယ်။

"ဘေးနားက စစ်တပ်အထိုင်ရွာတွေနဲ့နီးတယ်။ကင်းရွာဆို မီတာ၄၀၀ လောက်ပဲဝေးတာ။ဒါပေမယ့်ဘယ်ကောင်မှထွက်မလာရဲဘူး။တော်
လှန်ရေးပူးပေါင်းအဖွဲ့ တွေကအထိခိုက်မရှိပြန်ဆုတ်လာနိုင်ပါတယ်"လို့ အထက်ပါတာ
ဝန်ခံက ဆက်ပြောပါတယ်။

တော်လှန်ရေး တပ်တွေ ပြန်ဆုတ်ခွာလာပြီးတဲ့နောက် မနက်၁၀နာရီလောက်မှာစစ်တပ်က အင်အားပြန်ဖြည်ပြီး စံပြရွာအတွင်းကို ပြန်ဝင်ကာအနီးပတ်ဝန်းကျင် ရွာ တွေကို ကင်းလှည့်တာ တွေလည်းလုပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

နွားထိုးကြီး- မြင်းခြံလမ်းပိုင်းကို စစ်တပ်က ၂၀၂၅ခုနှစ်၊ဩဂုတ်လက ပြန်လည်ထိန်းချုပ်ခဲ့ပြီး ကျေးရွာအများစုမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်​ရေးကို မြင်းခြံမြို့နယ်ပကဖ၊ဗိုလ်ဆားပျောက်ကြားတပ်ဖွဲ့၊ပြည်သူ့ကြယ်တပွင့်၊မြင်းခြံ 35 ပျောက်ကြားတပ်ဖွဲ့၊အညာဖက်ဒရယ် ထနောင်းစစ် ကြောင်းတို့ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
46👍8👏3🤣2🥰1💩1🖕1
မြင်းခြံ ပကဖ တပ်ဖွဲဝင်​တွေ(ပုံ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-မြင်းခြံပကဖ
👍3517🍌2🥰1🤮1🖕1
တန့်ဆည်နဲ့ ကောလင်းဒေသက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုတွေ ထောက်ပံ့

သြဂုတ် ၂၆၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းက စစ်ဘေးရှောင်ရင်း ရေဘေးပါ ထပ်မံကြုံတွေနေရတဲ့ ရေဘေးသင့် ပြည်သူတွေကို Myingyan GZ Group က ကူညီထောက်ပံ့ခဲ့ပါတယ်။

တန့်ဆည်မြို့နယ်အတွင်းက သာဂေါင်ကြီး၊ ကမ်းဖြူ၊ ဝက်တိုး ကျေးရွာတွေ အပါအဝင် လိုအပ်နေတဲ့ ပြည်သူတွေအတွက် ဆေးဝါးနဲ့ ရိက္ခာတွေ သွားရောက်ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေကို ဆေးကုသပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာနဲ့ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်ခဲ့တယ်လို့ Myingyan GZ Group က ဖော်ပြထားပါတယ်။

ယင်းထောက်ပံ့မှုဟာ Myingyan GZ Group (စင်္ကာပူ ၊ မလေးရှား ၊ ကိုရီးယားရောက်) ရဲဘော်တွေမှထောက်ပို့ကူညီငွေကို မြေပြင်ရဲဘော်တွေမှ ကိုယ်စားသွားရောက်ကာ ရေဘေးသင့်၊ စစ်ဘေးရှောင် ပြည်သူတွေထံ အကူအညီပေးခဲ့ခြင်း ဖြစ်ကြောင်း Myingyan GZ Group က ဆိုပါတယ်။

ကောလင်းမြို့နယ်အတွင်း ရေဘေးသင့် စစ်ရှောင်ပြည်သူတွေကို ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဆန်နဲ့ ရိက္ခာခြောက်တွေကို သြဂုတ် ၂၅ ရက်က ကူညီထောက်ပံမှု ပြုလုပ်ပေးခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရာမှာ လမ်းခရီးအခြေအနေ၊ အချိန်၊ ပစ္စည်း ပြင်ဆင်နေမှုအရ ပြည်သူတွေဆီ အချိန် နဲ့ တပြေးညီ မရောက်ရှိနိုင်တာကို နားလည်ခွင့်လွှတ်ပေးဖို့အတွက် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မေတ္တာရပ်ခံထားပါတယ်။

အဲဒီထောက်ပံ့မှုကို ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ခရိုင်လူသားစာနာ၊ သယံဇာတတာဝန်ခံ၊ ပြည်သူ့ဆက်ဆံရေး၊ လူမှုရေးရာ ၊ အရပ်ဖက် ပရဟိတအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
29👍10🥰3🤮2🤣2
ဓာတ်ပုံ - ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ Myingyan GZ Group
39👌4🙏3🖕2🥰1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ညောင်တုန်း ရေကာတာ အိကျလို့ အရေးပေါ် ပိတ်ဆို့နေရ

ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့နယ်က ရေကာတာ အိကျပြီး ကျိုးကျမယ့် အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေရပါတယ်။ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ ဆည်မြောင်းရေကာတာဟာ ဩဂုတ် ၂၅ရက် မနေ့က မနက်ပိုင်းမှာ အိပဲ့ကျလာတယ်လို့ အဲဒီနေရာကိုရောက်ရှိနေတဲ့လူမှုရေးအဖွဲ့တွေက ပြောပါတယ်။ အလျား ပေ ၃၀၀ပေ၊ အနံပေ ၆၀ခန့်အထိ အိကျသွားလို့ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို အိကျတာကို သိသိချင်း သဲအိတ်တွေချနေပြီး စုစုပေါင်းအင်အား ၂,၀၀၀ လောက်နဲ့ အရေးပေါ်လုပ်ဆောင်နေရတဲ့အခြေအနေဖြစ်တယ်လို့ ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဒီနေ့ သြဂုတ် ၂၆ရက် မနက်ပိုင်းမှာ ပြောပါတယ်။

◾️ရေကာတာတွေ ရေယိုနေမှု လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူ အရေးယူမယ်လို့ စစ်တပ် ခြိမ်းခြောက်

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။ ဧရာဝတီတိုင်းဟာ ဧရာဝတီမြစ်အပြင် ငဝန်မြစ်၊ တိုးမြစ်နဲ့ ဒါးကချာင်းအပါအဝင် ချောင်းတွေ၊ မြောင်းတွေဖြတ်သန်းစီးဆင်းနေပြီး မြို့ရွာတွေကို မြေသားတာတမံတွေနဲ့ ကာရံထားတာပါ။ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျသွားနောက်ပိုင်း တိုင်းအတွင်း ဒေသခံတွေက သူတို့ဒေသမှာရှိတဲ့ တာတမံတွေရဲ့ကြံ့ခိုင်ခိုင်မှုအပေါ် လိုက်လံကြည့်ရှုပြီး ရေယိုစိမ့်တဲ့နေရာတွေကို လူမှုကွန်ရက်ပေါ်တင်ပြီး သတိပေးကြပါတယ်။ ဓနုဖြူ၊ ဇလွန်၊ဟင်္သာတနဲ့ မြန်အောင်မြို့မှာ ရေကာတာယိုစိမ့်နေကြောင်း Tiktok ပေါ်တင်တဲ့ ဒေသခံ ၄ ဦးကို စစ်တပ် ဌာနဆိုင်ရာတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

◾️မြင်းခြံနယ် စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံက​ ပြောပါတယ်။ ဩဂုတ် ၂၆ရက် မနက်၄နာရီ ဝန်းကျင်မှာ မြင်းခြံမြို့ရဲ့အရှေ့မြောက်ဘက် နွားထိုးကြီး-မြင်းခြံလမ်းပိုင်းက စံပြရွာမှာ အထိုင်ချထားတဲ့ စစ်တပ်အထိုင်စခန်းကို တော်လှန်​ရေးပူးပေါင်းတပ်​တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်သားနဲ့ ပျူ​စောထီးတွေ အားလုံး ထွက်ပြေးခဲ့ပြီး နေရာမှာ သွေးကွက်တွေနဲ့ ဘတ်ထရီ၊ ဆိုလာချပ်တွေ ကျန်ခဲ့ပါတယ်။ အဲဒီနေရာကို တော်လှန်ရေးတပ်တွေက ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

◾️စစ်တပ်စခန်းကို KNDO တိုက်ခိုက်ရာ စစ်သားတွေ လက်နက်ထား ထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၄ရက် မွန်းလွဲပိုင်းမှာ တုံးဗျောရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDO တပ်ရင်း(၇) တပ်ခွဲ(၃)က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပြောက်ကျားနည်းနဲ့ ဝင်တိုက်ခဲ့တာလို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်သားတွေ လက်နက်ထားထွက်ပြေးသွားတာဖြစ်ကြောင်း အသိပေးပြီး တိုက်ပွဲမှာ ထိခိုက်ကျဆုံးမရှိဘူးလို့ ပြောပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ စစ်သားတွေဆီက MA1(၁) လက်၊ MA2(၂)လက်၊ MA11(၁)လက်နဲ့ ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

◾️ရသေ့တောင်မှာ စစ်တပ်ဗုံးကြဲအပြီး နွားတွေ ရုတ်တရက် သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း စစ်တပ်က ဗုံးကြဲချခဲ့တဲ့ နေရာတွေနဲ့ ပတ်ဝန်းကျင်အနီး စားကျက်တွေမှာ လွှတ်ထားတဲ့ နွားတွေ အကြောင်းအရင်းမရှိဘဲ ရုတ်တရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဗုံးကြဲအပြီး နွားတွေ တကောင်ပြီး တကောင် သေဆုံးနေတာကြောင့် အကြောင်းအရင်းကို စစ်ဆေးနေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ကျန်းမာရေးဌာနက ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အရင်က အဲဒီနေရာတွေမှာ အခုလို သေဆုံးတဲ့ ဖြစ်စဉ်မျိုးမရှိခဲ့ဘဲ စစ်တပ်ဗုံးကြဲပြီးနောက်မှသာ အဲဒီ ဝန်းကျင်စားကျက်တွေမှာ နွားတွေ သေဆုံးတာ တွေ့လာရတာလို့ ဆိုပါတယ်။ အခုလို နွားတွေသေဆုံးနေရတာနဲ့ပက်သက်လို့ AA ကျန်းမာရေးဌာန၊ မှုခင်းရေးရာ ဆေးပညာဌာနခွဲအနေနဲ့ ထူးခြားဖြစ်စဉ်၊ မသင်္ကာဖွယ်ရာ ဖြစ်ရပ်တခုအဖြစ် သတ်မှတ်ပြီး အထူးဂရုပြုစစ်ဆေးနေကာ သေဆုံးရတဲ့အကြောင်းအရင်းကို စစ်ဆေးအဖြေရှာဖွေ၊ ထုတ်ပြန်သွားမယ်လို့ AA ကျန်းမာရေးဌာနက ဆိုပါတယ်။

◾️ရွှေကူမြို့မှာ တိုက်ပွဲ ဆက်ဖြစ်
👍235🖕2🥰1🤮1
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ KIA သိမ်းပိုက်ထားတဲ့ ဒေသတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ရွှေကူမြို့ကနေ စစ်ကြောင်း ၄ခုနဲ့ အခုရက်ပိုင်းမှာ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာပါ။ လက်ရှိမှာ ဧရာ၀တီမြစ်အရှေ့ခြမ်းမှ စစ်ကြောင်း ၃ ခု၊ ဧရာ၀တီမြစ်အနောက်ခြမ်းမှာ စစ်ကြောင်း ၁ခုက KIA ထန်းချုပ်ထားတဲ့ စင်းခန်းလမ်းဘက်ကို ထိုးစစ်ဆင်နေရာ တော်လှန်ရေး ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ် ၂၆ရက် မနက်က စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကနေ အထက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ အဲဒီနေ့ညပိုင်းမှာ ကသာမြို့မှာ ရပ်နားထားပြီး ဒီနေ့မှာ ဆက်လက်ထွက်ခွာခြင်းမရှိ ရပ်နားထားဆဲဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️စစ်တပ်ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကချင်စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars Newsက လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာအဝင်မှာ စစ်တပ် ယာဉ် ၆ စီးပါ ယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ၁၀ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း စစ်တပ်ယာဥ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ စစ်တပ်ယာဉ်တန်းဟာ ဩဂုတ် ၂၅ရက်မနက်မှာ မြစ်ကြီးနားမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး အဲဒီယာဥ်တန်းကို တနိုင်းဒေသအခြေစိုက် KIA တပ်မဟာ(၂) တပ်ရင်း(၁၄) တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

◾️တောင်တွင်းဒေသတိုက်ပွဲ စစ်တပ်စစ်ကြောင်း အထိနာ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က အင်အား ၃၀၀ ကျော်နဲ့ မုံရွာ–ယာကြီး–မင်းကင်း–ကလေးဝ လမ်းပိုင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်တွေက မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ ဇွန်လ ၂၃ ရက်ကနေ ၂၅ ရက်အထိ ၉ ကြိမ် ထက်မနည်းကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မင်းကင်းပကဖ တာ၀န်ရှိသူက ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်စစ်ကြောင်းက မင်းကင်းမြို့နယ် ကျောက်မော်ကျေးရွာက အသက်(၄၅)နှစ် အရွယ် အရပ်သား ၁ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က ၇ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာရရှိတယ်လို့ မင်းကင်းပကဖက ဆိုပါတယ်။ ဒါ့အပြင် ၆၀ မမ နဲ့ ၄၀ မမ ဗုံးသီးတွေအပါအဝင် ခဲယမ်းတွေနဲ့ ဖောကား ၁စီး အပြင် စစ်အသုံးအဆောင်တွေ အများအပြား သိမ်းရတယ်လို့ သိရပါတယ်။

◾️သရက်ချောင်း ဒေသခံတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေ စစ်တပ် သိမ်းယူ၊ နေအိမ်တွေ မီးရှို့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၀ရက်ကနေ ၂၀ရက် အတွင်း စစ်တပ်က သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာ စတဲ့ အခြေအနေတွေကို အသိပေးဖော်ပြထားတာဖြစ်ပါတယ်။ စစ်တပ်ဟာ သရက်ချောင်းမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ရှင်မုတ္ထီး၊ ရောင်းမော်ရွာမှတစ်ဆင့် ဆေးဖြတ်ကုန်းရွာ၊ ကင်းရှေ့ရွာ၊ မိုးရွှေကုန်းရွာ၊ စော်ဖျားရွာ၊ ကျောက်လှေကားရွာ၊ ကထီးဝရွာ၊ ထီးဖဒို(ပဒတ်ချောင်း)ရွာ၊ လော်မူဖ(လောင်းမင်းဘ)ရွာ တို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ပြည်သူလူထုများအား ရန်သူ သဖွယ်ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။

◾️စစ်တပ်ကို အရေးယူမှုတွေ တိုးမြှင့်ဖို့ ဩစတြေးလျအစိုးရကို FSU တိုက်တွန်း
👍172🖕2🤮1
အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ၅ နှစ်ကြာ ပြည်တွင်းစစ်မှာ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ စားနပ်ရိက္ခာ အခက်အခဲ ကြုံတာ၊ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတာတွေ ခံစားနေရကြောင်း FSUက ဆိုပါတယ်။ အဲဒီ အခြေအနေတွေကို ရပ်တန့်နိုင်ဖို့အတွက် ဩစတြေးလျ အစိုးရ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်အပေါ် ပိုမိုတင်းကျပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ FSUက တောင်းဆိုခဲ့တာပါ။ ဩဂုတ် ၁၈ ရက်က FSUရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်အပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူဖို့လည်း ပါဝင်ခဲ့ပါတယ်။

◾️ရေဘေးသင့်အညာဒေသမှာ နေရာရွေ့ပြီးမျောလာတဲ့ မိုင်းအန္တရာယ်သတိပေး

ရေဘေးသင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်က နေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို သတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က သတိပေးပါတယ်။ စစ်ကိုင်းတိုင်းမှာ မိုးကြီးတာနဲ့အတူ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်က ရေလွှတ်ချတာတွေကြောင့် ရေဘေးကြုံခဲ့ရတဲ့ တန့်ဆည်မြို့နယ်အရှေ့ခြမ်း၊ ရေဦး–တန့်ဆည်အစပ်၊ ရေဦးမြို့နယ်အရှေခြမ်း၊ကန့်ဘလူနယ်မြို့နယ် အနောက်တောင်ခြမ်းနဲ့ ခင်ဦးမြို့နယ်အစပ်က မူးမြစ် ကမ်းဘေးရွာတွေအနေနဲ့ မိုင်းအန္တရာယ်အထူးသတိပြုကြဖို့ သတိပေးတာပါ။ ပြီးခဲ့တဲ့သြဂုတ် ၁၈ ရက်ကဆိုရင် တန့်ဆည်မြို့နယ်အရှေ့ခြမ်း တပ်သစ်ရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ယာထဲဆင်းချိန် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးပါတယ်။ ရေကြီးချိန်မှာ စခန်းစွန့်သွားတဲ့ စစ်တပ်ရဲ့စခန်းပတ်လည်မှာ ထောင်ထားတဲ့မိုင်းတွေ ရေစီးနဲ့ မျောလာတာတွေရှိနေတယ်လို့ အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။

◾️ပုသိမ်ကြီးမှာ ကိုရင်နဲ့သံဃာအပါး ၇၀ ကျော် အစာအဆိပ်သင့်

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ အစာအဆိပ်သင့်မှုဖြစ်လို့ ကိုရင်တွေနဲ့ သံဃာအပါး ၇၀ ကျော် ဆေးရုံပို့ထားရ​ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်းမှာ စာသင်သား ကိုရင်တွေနဲ့ သံဃာတော်တွေ ဆွမ်းဘုဥ်းပေးစဥ် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီအစာအဆိပ်သင့်မှုကြောင့် မန္တလေးဆေးရုံကြီးကို အပါး၃၀၊ ကျောက်မီးတိုက်နယ်ဆေးရုံမှာ ၄၆ပါး ပို့ထားရပြီး မစိုးရိမ်ရဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)ဆီက သိရပါတယ်။
🤮8👍4🖕21🥰1
👍22🖕3🔥2
စစ်တပ်က ပလက်ဝမြို့နယ်ကို
သုံးရက်ဆက်လေယာဉ်အုပ်နဲ့ ဗုံးကြဲ

ဩဂုတ်-၂၆၊၂၀၂၆။ခိုင်မြတ်/People's Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ် အုပ်လိုက်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တာ​ကြောင့် အရပ်သား၊ ထိခိုက်သေဆုံးမှုတွေ ဆယ်နဲ့ချီ ရှိနေပါတယ်။

ဩဂုတ်လ ၂၆ ရက် ညနေ လေးနာရီကျော်လောက်က ပလက်၀မြို့နယ် မီးဇာရွာနဲ့အနီးပတ်ဝန်းကျင်ကိုဂျက်ဖိုက်တာ ၅စီး ၊Y-12​လေယာဥ် ၂ စီးတို့နဲ့ ထပ်မံဗုံးကြဲခဲ့ပါတယ် ။ဗုံးကြဲမှု​ကြောင့်ထိခိုက်​သေဆုံးမှုရှိ၊မရှိကိုတော့ မသိရ သေးပါဘူး။

“ရွာနားတွေကို ပတ်ပြီးပစ်နေခဲ့တာ၊ ရွာသားတွေ ပြေးနေကြရတယ်လို့တော့ သိရတယ်။ အထိအခိုက်တွေ သေချာ မသိရသေးဘူး” လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

မီးဇာကျေးရွာဟာပလက်၀မြို့နယ်အထက်ပိုင်းကုလားတန်မြစ်ဖျားမှာတည်ရှိပြီး အာ
ဏာသိမ်းစစ်တပ်အထိုင်ချခဲ့တဲ့တရွန်အိုင်ဗျူဟာအနီးက ရွာကြီးတရွာဖြစ်ပါတယ်။

ဩဂုတ်လ၂၅ ရက်ညကလည်း ပလက်၀
မြို့နယ် ရွှေလိုက်ဝရွာအနီးဝန်းကျင်ကို စစ်
တပ်က ဗုံးကြဲခဲ့ပြီး မရာလဲန်းကာကွယ်ရေးတပ် (MDF)စစ်သင်တန်းကျောင်းမှ သင်တန်း
သား ၅ ဦးကျဆုံးကာ ထိခိုက်ဒဏ် ရာရသူတွေ လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်၀မြို့နယ် စိမ့်ညှင်းဝရွာကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာထဲကိုကျရောက်ပေါက်ကွဲကာ ကလေးငယ်တွေအပါအဝင် ၅ ဦးသေ
ဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။

စစ်တပ်ဟာAAထိန်းချုပ်ထားတဲ့ရခိုင်နဲ့ ပလက်ဝတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေ ပြီးအရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ ဒါ​ကြောင့် AA ကစစ်တပ်ရဲ့ အောက်
တန်းကျတဲ့အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်း
တင်ထားကာ တုံ့ပြန်သွားမယ်လို့ ထုတ် ပြန်၊ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှု၊ပစ်ခတ်မှု​တွေကြောင့်အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦးဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး
(HDCO)က ထုတ်ပြန်ထားပါတယ်။
🤬285👎2👏2🎉1🤮1