◾️Photo News
ဩဂုတ်၂၆၊၂၀၂၆/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားတဲ့ စစ်တပ်ယာဉ်တန်းက ကား ၁စီး ဖြစ်ပါတယ်။
လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာအဝင်မှာ စစ်တပ် ယာဉ် ၆ စီးပါ ယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ယာဉ်တန်းဟာ ဩဂုတ် ၂၅ရက်မနက်မှာ မြစ်ကြီးနားမြို့က ထွက်ခွာလာတာဖြစ်ပြီး တနိုင်းဒေသအခြေစိုက် KIA တပ်မဟာ(၂) တပ်ရင်း(၁၄) တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

👍23❤8🤣1🖕1
မြိတ်မြို့နယ်က တုံးဗျောရွာစစ်တပ်စခန်း KNDO တိုက်ခိုက်မှု စစ်သားတွေ လက်နက်ထား ထွက်ပြေး
ဩဂုတ် ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၄ရက် မွန်းလွဲပိုင်းမှာ တုံးဗျောရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDO တပ်ရင်း(၇) တပ်ခွဲ(၃)က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပြောက်ကျားနည်းနဲ့ ဝင်တိုက်တာ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်သားတွေ လက်နက်ထားထွက်ပြေးသွားတာဖြစ်ကြောင်း အသိပေးပြီး တိုက်ပွဲမှာ ထိခိုက်ကျဆုံးမရှိဘူးလို့ ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ စစ်သားတွေဆီက MA1(၁) လက်၊ MA2(၂)လက်၊ MA11(၁)လက်နဲ့ ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
အခု တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တုံးဗျောရွာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်အတွင်းမှာ တည်ရှိတာပါ။
KNU တပ်မဟာ(၄) တပ်ဖွဲ့ဟာ အခုနှစ်မေလကုန်ပိုင်းကလည်း လယ်မူလားမြို့နယ် လယ်ဖဒို(ကျောက်လုံးကြီး)ရွာ အခြေစိုက် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါး ထွက်ပြေးသွားလို့ စခန်းကို သိမ်းနိုင်ခဲ့တာလို့ တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောကြားထားပါတယ်။

❤21👍8👏3🤣2👎1🖕1
တနင်္သာရီမှာ တိုက်ပွဲဖြစ်နေ
ဩဂုတ်-၂၆၊၂၀၂၆။မိုမို/People's Spring
တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။
လက်ရှိစစ်ရေးနယ်မြေတွေဖြစ်တဲ့ ဗောဓိကမ်း၊ ဘန်လင်၊ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်၊ ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ သကျက် နဲ့ တောင်ဘီးရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကြိုတင်ရှောင်တိမ်းဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်တပ်က ပြည်သူတချို့ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခံထားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ချိန်မှာ ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့လည်း သတိပေးပါတယ်။
"အကြမ်းဖက်စစ်တပ်မှ ခေါ်ယူပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေသည့်အထဲတွင် သာမန်ပြည်သူအနည်းငယ်သာပါရှိပြီး စစ်တပ်သတင်းပေး ဒေါက်တိုင်များ ပိုမိုများပြားပါနေကြောင်း သိရှိထားရ"လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးနေတဲ့ နေရာတွေဟာ တနင်္သာရီမြစ်အနီးအောက်ဘက်ခြမ်းဒေသတွေ ဖြစ်ပြီး ခမရ(၅၆၁)တပ်ရင်းနဲ့ ဆက်စပ်တဲ့နေရာတွေလို့ သိရပါတယ်။
တနင်္သာရီမြစ်ကနေတဆင့် ညောင်ပင်ကွင်းကျေးရွာက ခမရ (၅၆၁)တပ်ရင်းကို စစ်တပ်က ရိက္ခာလမ်းကြောင်းပို့ နေရတာဖြစ်ပါတယ်။အခုနှစ် ၂၀၂၆ မေလကလည်း အဲဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။
တနင်္သာရီမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ခမရ -၅၅၇ ၊ ၅၅၈ နဲ့ ၅၆၁ တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။

👍24❤5🔥1🥰1🤬1
စစ်တပ်ကို အရေးယူမှုတွေ တိုးမြှင့်ဖို့ ဩစတြေးလျအစိုးရကို FSU တိုက်တွန်း
သြဂုတ်-၂၆၊ ၂၀၂၆။ People’s Spring
အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ၅ နှစ်ကြာ ပြည်တွင်းစစ်မှာ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ စားနပ်ရိက္ခာ အခက်အခဲ ကြုံတာ၊ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတာတွေ ခံစားနေရကြောင်း FSUက ဆိုပါတယ်။ အဲဒီ အခြေအနေတွေကို ရပ်တန့်နိုင်ဖို့အတွက် ဩစတြေးလျ အစိုးရ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်အပေါ် ပိုမိုတင်းကျပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ FSUက တောင်းဆိုခဲ့တာပါ။
ဩဂုတ် ၁၈ ရက်နေ့တုန်းက FSUရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်အပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူဖို့လည်း ပါဝင်ခဲ့ပါတယ်။ FSUရဲ့ အတွင်းရေးမှူး ဂျူလီယာ အန်ဂရီဆာနိုက မကြာသေးခင်က ဩစတြေးလျ အလုပ်သမားပါတီ (ALP)က ကြီးမှူးခဲ့တဲ့ အစည်းအဝေး တစ်ခုမှာ မြန်မာ စစ်အာဏာရှင်တွေအပေါ် ဩစတြေးလျ အခြေစိုက် အဖွဲ့အစည်းတချို့နဲ့ ဘဏ်တွေက ဘယ်လိုဘယ်ပုံ ထောက်ပံ့ကူညီပေးနေသလဲ ဆိုတာကို FSUက တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
ဥပမာ ဩစတြေးလျနှင့် နယူးဇီလန် ဘဏ်လုပ်ငန်းအုပ်စု (ANZ)က မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လည်ပတ်နေတာမျိုးကို ထောက်ပြခဲ့ပြီး ပိုမိုတင်းကျပ်တဲ့ စီမံကိုင်တွယ်မှုတွေ ရှိသင့်တယ်လို့ ALPကို အကြံပြုခဲ့ကြောင်း သူက ဆိုပါတယ်။
အစည်းအဝေးမှာတုန်းကတော့ အလုပ်သမား သမဂ္ဂတွေက ဘဏ်လုပ်ငန်းဆိုင်ရာ မူဝါဒတွေမှာ ဝင်မပါသင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် FSUဟာ အခြေခံကျကျ ဆွေးနွေး ထောက်ပြခဲ့တာ ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်း စနစ်တွေဟာ ဒီမိုကရေစီ တည်တံ့ရေးကို အားပေးနိုင်သလို တခြားမျက်နှာစာမှာတော့ အာဏာရှင် အစိုးရတွေ ဆက်လက် တည်တံ့နိုင်အောင်လည်း ပံ့ပိုးပေးနိုင်တယ်လို့ အက်ဂရီဆာနိုက ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေအတွက် ပင်မ နှလုံးသွေးကြော ဖြစ်နေပြီး စစ်အာဏာရှင်တွေအတွက် ငွေကြေး အရင်းအမြစ်တွေ ရှာဖွေပေး၊ စီမံခန့်ခွဲပေးနေတာကြောင့် ထိထိရောက်ရောက် အရေးယူပေးဖို့ အစိုးရကို FSUက တောင်းဆိုခဲ့တာဖြစ်ကြောင်း သူက ဆိုပါတယ်။
FSUဟာ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ကွန်ရက်တွေကို ပိုမို ဖိအားပေး ပိတ်ဆို့အရေးယူဖို့၊ စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မယ့် လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ မြန်မာနဲ့ ပတ်သက်လို့ စောင့်ကြည့် လေ့လာနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ယန္တရားတွေကို ထောက်ခံဖို့၊ ယုံကြည်စိတ်ချရတဲ့ ပြည်တွင်းပြည်ပ မိတ်ဖက် အဖွဲ့အစည်းတွေကနေတဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ဖို့၊ မြန်မာ့ဒီမိုကရေစီ ရုန်းကန် လှုပ်ရှားမှုကို အားပေး ကူညီဖို့လည်း ဩစတြေးလျ အစိုးရကို တိုက်တွန်းသွားခဲ့ပါတယ်။
ကိုးကား: UNI Global Union

👍32❤9🥰2🤮1🖕1
ရသေ့တောင်က စစ်တပ်ဗုံးကြဲတဲ့နေရာအနီးက နွားတွေ ရုတ်တရက် သေဆုံးနေ
▪️မသင်္ကာဖွယ်ရာဖြစ်ရပ်အဖြစ် သတ်မှတ်ပြီး စစ်ဆေးနေကြောင်း AA ကျန်းမာရေးဌာန ထုတ်ပြန်
ဩဂုတ် ၂၄၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring
ရသေ့တောင်မြို့နယ်အတွင်း စစ်တပ်က ဗုံးကြဲချခဲ့တဲ့ နေရာတွေနဲ့ ပတ်ဝန်းကျင်အနီး စားကျက်တွေမှာ လွှတ်ထားတဲ့ နွားတွေအကြောင်းအရင်းမရှိဘဲ ရုတ်တရက် တကောင်ပြီး တကောင် သေဆုံးနေတာကြောင့် အကြောင်းအရင်းကို စစ်ဆေးနေတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ကျန်းမာရေးဌာနက ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အရင်က အဲဒီနေရာတွေမှာ အခုလို တိရစ္ဆာန်တွေ သေဆုံးတဲ့ ဖြစ်စဉ်မျိုးမရှိခဲ့ဘဲ စစ်တပ်ဗုံးကြဲပြီးနောက်မှသာ အဲဒီ ဝန်းကျင်စားကျက်တွေမှာ တွေ့လာရတာလို့ ဆိုပါတယ်။
အခုလို နွားတွေသေဆုံးနေရတာနဲ့ပက်သက်လို့ AA ကျန်းမာရေးဌာန၊ မှုခင်းရေးရာ ဆေးပညာဌာနခွဲအနေနဲ့ ထူး ခြားဖြစ်စဉ်၊ မသင်္ကာဖွယ်ရာ ဖြစ်ရပ်တခုအဖြစ်သတ်မှတ်ပြီး အထူးဂရုပြုစစ်ဆေးနေကာ သေဆုံးရတဲ့အကြောင်းအ ရင်းကို စစ်ဆေးအဖြေရှာဖွေ၊ ထုတ်ပြန်သွားမယ်လို့ AA ကျန်းမာရေးဌာနက ဆိုပါတယ်။
“ဗုံးကနေတဆင့် ဓါတုအဆိပ်သင့်တာ ဖြစ်နိုင်တယ်။ ဗုံးကြဲပြီး ကျန်ခဲ့တဲ့ အဆိပ်ငွေ့တွေ လေထဲပြန့်သွားတာ၊ ယမ်း မှုန့်တွေ၊ ခဲဓါတ်တွေ စားကျက်ထဲပြန့်သွားတာတွေပေ့ါ။ နောက် အစာအိမ်လမ်းကြောင်းဆိုင်ရာရောဂါတွေကြောင့် လည်း သေနိုင်တယ်။ မြက်နုတွေထဲမှာ နိုက်ထရိတ်ဓါတ်အလွန်များပြီးတော့ အဆိပ်သင့်တာမျိုး” လို့ တိရိစ္ဆာန် ဆေးကုဆရာဝန်တဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ရခိုင်ပြည်နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေနေ့စဉ်နဲ့အ မျှ လုပ်ဆောင်နေပြီး ဗုံးကြဲချခံရတဲ့နေရာတွေမှာ ဗုံးသီးထဲ ပါဝင်တဲ့ ယမ်းတွေဟာ မိုးရာသီဖြစ်တဲ့အတွက် မိုးရေနဲ့ အတူ ပတ်ဝန်းကျင်နေရာတွေကိုပျံ့နှံ့ ရောက်ရှိသွားတတ်ကြောင်း၊ ဗုံးကြဲဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက် အဆိပ် သင့် မှုဖြစ်စဉ်တွေ ဖြစ်လေ့ဖြစ်ထရှိတတ်ကြောင်း AA ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလိုမျိုး ကျွဲ၊နွား တိရစ္ဆာန်တွေသေဆုံးနေတာတွေ့ခဲ့ရင် နီးစပ်ရာအုပ်ချုပ်ရေးဌာန၊ DLEPS(ရဲ)ဌာနတို့ကို ချက် ချင်း အကြောင်းကြားကြဖို့နဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာအနီးတဝိုက်က အသီးအနှံ၊ စားသောက်ဖွယ်ရာ တွေကို စားသောက်တာ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်စတဲ့တိရစ္ဆာန်တွေကို ဗုံးကြဲခံရတဲ့နေရာတွေအနီး လွှတ် ကျောင်းတာ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နေပြီး အပြစ်မဲ့အရပ်သားတွေနဲ့ ကျွဲ၊ နွားတိရစ္ဆာန်သေဆုံးရမှုတွေ ဆက်တိုက်ရှိနေတာပါ။
ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အနောက်ခြမ်းမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ မေလအတွင်းက စစ်တပ်ဗုံးကြဲမှု ကြောင့် ဗုံးကြဲပြီးနာရီပိုင်းအတွင်း ဒေသခံအချို့ မူးဝေတာ၊ အန်တာစတဲ့ အဆိပ်သင့်မှုတွေ ခံစားခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
ဒ့ါအပြင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တိုက်ပွဲအတွင်းမှာလည်း စစ်တပ်က အဆိပ်ငွေ့ဗုံးတွေအသုံးပြုတိုက် ခိုက်ခဲ့တဲ့အပြင် မြို့အနီးချောင်းနဲ့ မြောင်းတွေမှာ အဆိပ်ရည်တွေထည့်ထားခဲ့တယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။

🤬25👍5❤3👎1😢1🤮1🤣1
သရက်ချောင်းမြို့နယ်က ဒေသခံတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေ စစ်တပ် သိမ်းယူ၊ နေအိမ်တွေ မီးရှို့
ဩဂုတ် ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၀ရက်ကနေ ၂၀ရက် အတွင်း စစ်တပ်က သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာ စတဲ့ အခြေအနေတွေကို အသိပေးဖော်ပြထားတာဖြစ်ပါတယ်။
စစ်တပ်ဟာ သရက်ချောင်းမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ရှင်မုတ္ထီး၊ ရောင်းမော်ရွာမှတစ်ဆင့် ဆေးဖြတ်ကုန်းရွာ၊ ကင်းရှေ့ရွာ၊ မိုးရွှေကုန်းရွာ၊ စော်ဖျားရွာ၊ ကျောက်လှေကားရွာ၊ ကထီးဝရွာ၊ ထီးဖဒို(ပဒတ်ချောင်း)ရွာ၊ လော်မူဖ(လောင်းမင်းဘ)ရွာ တို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ပြည်သူလူထုများအား ရန်သူ သဖွယ်ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။
ပြည်သူတွေကို ဖမ်းဆီးပြီး လမ်းပြခိုင်းတာ၊ ထမင်းချက်ခိုင်းတာတွေ စစ်တပ်က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထီးဖဒို(ပဒတ် ချောင်း)ရွာအတွင်းရှိ ပြည်သူပိုင် ကား ၂စီး၊ ထော်လာဂျီ ၂စီး၊ ဆိုင်ကယ် အစီး (၃၀)တို့အား ယူဆောင်သွားသလို ကထီးဝကျေးရွာ အတွင်းရှိ နေအိမ် (၁)လုံးနဲ့ ကျောက်လှေကားကျေးရွာအတွင်းရှိ နေအိမ် (၄)လုံး တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်လှေကားရွာက နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်များ၊ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်လျက်ရှိကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။

🤬18❤5👎2👏1🤮1
ပုသိမ်ကြီးမှာ ကိုရင်နဲ့သံဃာအပါး ၇၀ ကျော် အစာအဆိပ်သင့်
သြဂုတ် ၂၆၊ ၂၀၂၆။ မေရီ/People's Spring
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ အစာအဆိပ်သင့် မှုဖြစ်လို့ ကိုရင်တွေနဲ့သံဃာအပါး ၇၀ ကျော် ဆေးရုံပို့ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်းမှာ စာသင်သား ကိုရင်တွေနဲ့ သံဃာတော်တွေ ဆွမ်းဘုဥ်းပေးစဥ် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"ဆေးရုံပို့ရတဲ့အထဲ ကိုရင်အပါး ၃၀ ကျော်ပါတယ်။ တစ်ကျောင်းလုံးနီးပါး ဖြစ်တာပြောတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအစာအဆိပ်သင့်မှုကြောင့် မန္တလေးဆေးရုံကြီးကို အပါး၃၀၊ ကျောက်မီးတိုက်နယ်ဆေးရုံမှာ ၄၆ပါး ပို့ထားရပြီး မစိုးရိမ်ရဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)ထံက သိရပါတယ်။
အဆိုပါ စာသင်တိုက်မှာ စာသင်သား ၁၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစာအဆိပ်သင့်မှူ ဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

😢17❤2👍2🔥1😱1🤣1
ညောင်တုန်းရေကာတာ အိကျလို့ လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေရ
▪️ဧရာဝတီတိုင်းမှာ ၁လခန့်အတွင်း ၄ခုမြောက်ရေကာတာ အန္တရာယ်ကြုံရခြင်းဖြစ်
ဩဂုတ်-၂၆၊၂၀၂၆။ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့နယ်က ရေကာတာ အိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေရပါတယ်။
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာဟာ ဩဂုတ် ၂၅ရက်နံနက်ပိုင်းမှာ အိပဲ့ကျလာလို့ အဲဒီနေရာကိုရောက်ရှိနေတဲ့လူမှုရေးအဖွဲ့တွေက ပြောပါတယ်။
အလျား ပေ၃၀၀ပေ၊ အနံပေ ၆၀ခန့်အထိ အိကျသွားလို့ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
"အိကျတာသိသိချင်း သဲအိတ်တွေချတာ။ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကလူရေးအဖွဲ့တွေလည်းရောက်လာတယ်။ ဒေသခံတွေလည်းအင်အားများများနဲ့လုပ်နေတယ်။ စုစုပေါင်းအင်အား၂၀၀၀လောက်ရှိတယ်။ အခုထိ အရေးပေါ်လုပ်နေရတဲ့အခြေအနေဖြစ်ပါတယ်" လို့ အရပ်ဖက်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဒီနေ့သြဂုတ်လ၂၆ရက်မနက်ပိုင်းမှာ ပြောပါတယ်။
အဲဒီရေကာတာဟာ ရေဝဲတိုးမှုကြောင့် တာအိပဲ့ကျမှုဖြစ်ပွားတာလို့ စစ်တပ် လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ အိကျနေတဲ့ဟာ ကျိုးပေါက်ရင် ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အထိ ရေဝင်ရောက်နိုင်တယ်လို့ဒေသခံတွေက ပြောပါတယ်။
ယခုဖြစ်ရပ်ဟာ ဧရာဝတီတိုင်းအတွင်းမှာ ဇူလိုင်လကုန်နဲ့ ဩဂုတ်နောက်ဆုံး ရက်သတ္တပတ် အအတွင်း လေးခုမြောက် ရေကာတာခြိမ်းခြောက်မှုအန္တရာယ် ဖြစ်ပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာ အိကျရာကနေ ကျိုးကျသွားပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်းနဲ့ ငါးသိုင်းချောင်းမြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပါတယ်။
သြဂုတ်လဆန်းပိုင်းမှာ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာကနေလည်း မြစ်ရေကျော်နေလို့ သဲအိတ်တွေနဲ့ အရေးပေါ် ပိတ်ဆို့ကာရံခဲ့ရပါတယ်။
ဇလွန်မြို့၊ ညောင်ပင်သာရွာက ရေကာတာကိုလည်း လူအင်အားထောင်ချီသုံးပြီး သဲအိတ်တွေနဲ့ ကာရံခဲ့ရပါတယ်။
လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာ စတင်အိကျခဲ့စဉ် ကြိုတင်သတင်းပို့ခဲ့ပေမယ့် စစ်တပ် လက်အောက်ခံဌာနဆိုင်ရာတွေက လုံလောက်တဲ့ကြိုတင်ကာကွယ်ရေးမလုပ်ဆောင်ခဲ့တဲ့အတွက် ကျိုးကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်တပ်က အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေ ကြပေမယ့် အာဏာသိမ်းစစ် ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာပြီး ဟင်္သာတ၊ရေကြည်၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။
လက်ရှိ အရေးပေါ်အခြေအနေဖြစ်နေတဲ့ ညောင်တုန်းရေကာတာကာ ပိတ်ဆို့ပြင်ဆင်ရေးအတွက်လည်း ဒေသခံတွေနဲ့အရပ်ဘက်အဖွဲ့စည်းတွေက အဓိကလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
" ကျတော်တို့ မြို့ခံတွေတော်တော်စိုးရိမ်နေကြတယ်။ အဲဒီတာ မကျိုးအောင် လုပ်အားသွားပေးနေကြတယ်။ တာတွေက ထိန်းသိမ်းမှုမရှိတော့ ကြံ့ခိုင်မှုမကောင်းဖြစ်နေတာ"လို့ ညောင်တုန်းမြို့ခံတစ်ဦးကပြောပါတယ်။ ညောင်တုန်းမြို့ဟာ ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ ရှိပါတယ်။

👍13😢3
(ညောင်တုန်းမြို့နယ်က ရေကာတာ အိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် ပြုပြင်နေကြစဉ်။ ဓာတ်ပုံ - CJ)
👍16😢4