■အတွေးအမြင်
ကပ်ဘေးတွေ ဘယ်လိုကျော်ကြမလဲ
ဗေဒါ/People's Spring
ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။
ကျနော်တို့ပထမဆုံး စတင်ရင်ဆိုင်ခဲ့ရတာက ရောဂန္တရကပ်ပါ။၂၀၂၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တဲ့ ကို
ဗစ်ရောဂါဆိုးကြီး ကျနော်တို့နိုင်ငံကိုလည်း ရောက်ရှိလာခဲ့ပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ အဲဒီအချိန်က အုပ်ချုပ်တဲ့ NLD အစိုးရအစီအမံနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် တခြားနိုင်ငံတွေနည်းတူ အသေအပျောက်ရှိပေမယ့် ဆိုးဆိုး
ရွားရွားကြီး ဖြစ်မသွားခဲ့ပါဘူး။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ကိုဗစ်တတိယလှိုင်းက ဝင်ဆောင့်ပါပြီ။ စစ်တပ်က နိုင်ငံဘအာဏာလုရေးကိုပဲ စိတ်
ဝင်စားခဲ့တာကြောင့်ပြည်သူတွေကိုဗစ်
ကြောင့် အဖိတ်အစင် များခဲ့ရတယ်။ စစ်တပ်သာအာဏာမလုခဲ့ရင်ပြည်သူတွေအဲလောက် မဆုံးရှုံးနိုင်ဘူး။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ဒီကနေ့အထိ ပြည်သူတွေ နောက်ထပ်ရင်ဆိုင်နေရတာက သတ္ထန္တရကပ်ပါ။တိုက်ပွဲတွေကြားညပ်လို့သေတဲ့ပြည်သူထက် အာဏာသိမ်းစစ်တပ်က တမင်ကို ရည်ရွယ်ချက်ရှိရှိ သတ်
ဖြတ်လို့ သေဆုံးခဲ့ရတဲ့ပြည်သူတွေက ထောင်သောင်းချီရှိခဲ့တယ်။ ဒီကနေ့အထိလည်း ရှိနေဆဲပဲ။
ဒီကြားထဲမှာလည်း သဘာဝဘေးဆိုးအမျိုးမျိုး ကြုံနေရပါတယ်။ စစ်ကိုင်းငလျင်ကြီးဆို
မြန််မာ့သမိုင်းတလျှောက် လူသေဆုံးပျက်
စီးဆုံးရှုံးမှု အများဆုံး စံချိန်တင်ပြီးကြုံလိုက်ကြရတယ်။ အပျက်အစီးပုံတွေရဲ့အောက်မှာ
ကူပါကယ်ပါတစာစာ အကူအညီတောင်းခံပေမယ့် အာဏာသိမ်းစစ်တပ်က ပြည်သူတွေကယ်ဖို့ထက် ဗုံးကြဲဖို့ ၊ငလျင်အကြောင်းပြုနိုင်ငံရေးအမြတ်ထုတ်ဖို့ပဲ လုံးပမ်းနေတာကြောင့်အဖိုးတန်အသက်တွေအများကြီးဆုံးရှုံးခဲ့ရတယ် ။
ဒီကြားထဲ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး နှစ်စဥ် မပျက်မကွက် ခံနေကြရတယ်။ သူခိုးဓါးပြဘေးကလည်း ပေါမှပေါ။ ဒီခေတ်လောက် ရန်သူမျိုးငါးပါးဘေးစုံတာ ရှိပါဦးမလား။ မကြားဖူးတဲ့ လူသေဆုံးမှုတွေ၊ သတ်
ဖြတ်မှုတွေ နေ့စဥ် ကြုံနေကြရတယ်။ လက်ရှိလည်း ရေဘေးကြောင့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စတဲ့ဒေသတွေမှာ လူပေါင်းသိန်းချီရေဘေးသင့်နေတယ်။ စိုက်ပျိုးသီးနှံပေါင်း ဧကသိန်းချီ ပျက်စီးတယ်။
ငတ်မွတ်ခေါင်းပါးတဲ့ ဒုဗ္ဘိက္ခန္တရကပ်ကလည်း လာနေပါပြီ။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ စီးပွားရေးကျပ်တည်းမှု၊ စားနပ်ရိက္ခာဈေး နှုန်းမြင့်တက်မှုတွေနဲ့ ထပ်ခါတလဲလဲဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့် ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားတယ်။
စစ်တပ်အာဏာသိမ်းတာကကော ဒီကပ်တွေကို ပိုပြီးဆိုးသွားစေပါသလားလို့မေးလာရင် ဟုတ်ပါတယ်လို့ ဖြေရမှာပါ။
နံပါတ် တစ်အချက်။ အရေးပေါ် တုံ့ပြန်နိုင်စွမ်းနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းသွားပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ လူထုအ
ကျိုးပြု လုပ်ငန်းတွေ၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ ကျန်းမာရေးစနစ်တွေထက် စစ်တိုက်ဖို့ ၊ဗုံးကြဲဖို့ နဲ့ သူတို့လုံခြုံရေးပိုင်းကိုသာ အဓိက ဦးစားပေး သုံးစွဲလာကြပါတယ်။
သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု
မရှိတော့ပါဘူး။ ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မယ် သို့မဟုတ် ရောဂါပိုးမွှား ကူးစက်ပျံ့နှံ့နေပြီဆိုတဲ့ အချက်အလက်တွေကို အချိန်မီ ထုတ်ပြန်ပေးဖို့ ပျက်ကွက်တာ၊ ဖုံးကွယ်တာတွေကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ အချိန်မီ မလုပ်နိုင်ကြတော့ပါဘူး။ အနီးစပ်ဆုံး ဥပမာပေးရရင် စစ်ကိုင်းတိုင်းရေဘေးဖြစ်စေခဲ့တဲ့သဖန်းဆိပ်ဆည်က ရေဖောက်ချမယ်ဆိုတာကို အာဏာ
သိမ်းစစ်တပ်က ပြည်သူကို လုံးဝ ကြိုတင်အသိပေးတာ မရှိခဲ့ပါဘူး။
နံပါတ် ၂အချက်။ လူသားချင်းစာနာထောက်
ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ခက်
ခဲသွားပါတယ်။လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အတားအဆီးတွေကြောင့် ပဋိပက္ခဒေသတွေနဲ့သဘာဝဘေးဒဏ်(ဥပမာ- ရေကြီးတာ၊ မုန်တိုင်းတိုက်တာ) ခံရတဲ့နေရာတွေကို နိုင်ငံတကာ အကူအညီတွေ၊ ဒေသန္တရ လူမှုကူညီရေးအသင်းအဖွဲ့တွေ သွားရောက်ကူညီဖို့ အဟန့်အတားတွေ များပြားစေပါတယ်။ စစ်ကိုင်းရေဘေးမှာဆိုရင် စစ်တပ်က တား
မြစ်ထားလို့ ရေဘေးအကူအညီတွေ ရောက်သင့်သလောက်မရောက်ခဲ့ပါဘူး။
ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာရသူတွေ မြင့်တက်လာစေခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ စစ်ဘေးရှောင်တွေ တိုးပွားလာတာဟာ ကျပ်တည်းတဲ့ အ
ခြေအနေမှာ ကပ်ဘေးဒဏ်ကို ပိုမိုခံရလွယ်စေပြီး ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အကျပ်
အတည်းတွေကိုပါ ဆက်စပ်ဖြစ်ပေါ်စေပါတယ်။
နံပါတ် ၃ အချက်။ ကျန်းမာရေးနဲ့ စီးပွားရေးစနစ်ပြိုလဲသွားတာပါ။နိုင်ငံရေးကြောင့် ကျန်း

👍17🤣2🖕2❤1
မာရေးစနစ် ရပ်တန့်သွားတာ၊ ဆေးဝါးပြတ်
လပ်တာ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာက ကပ်ရောဂါတွေသို့မဟုတ် ကျန်းမာရေးကပ်ဘေးတွေကို ပိုမိုဆိုးရွာစေပါတယ်။လတ်တလောမှာကို ရန်ကုန်မြို့နဲ့ ဒေသအချို့မှာ ဝမ်းရောဂါတွေဖြစ်ပွားပြီး လူသေဆုံးမှုတွေရှိနေပါတယ် ။
နောက်ပြီး စီးပွားရေး ကျဆင်းလာတာနဲ့အမျှ ပြည်သူတွေရဲ့ နေ့စဉ် ရပ်တည်ရေး ကျပ်
တည်းလာပြီး၊ ကပ်ဘေးတစ်ခု ကျရောက်
လာချိန်မှာ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းလုံးဝ မရှိတော့ပါဘူး။
စစ်တပ်အာဏာသိမ်းထားတဲ့ ကျနော်တို့နိုင်ငံ ဒီကပ်ဆိုးကြီးတွေကို ဘယ်လိုကျော်ကြမလဲ။ နောက်ထပ်လည်း ကပ်ဘေးတွေက ထပ်ခါကျော့ကာ လာဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။
ရှင်းပါတယ်။ပြည်သူကိုတန်ဖိုးထား ပြည်သူကိုကာကွယ်ပေးပြီး ၊ တရားသဖြင့်အုပ်ချုပ်
မယ့် အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ပါ။ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်မယ့်သူ ရမှသာ ကပ်ဘေးတွေ ပိုဆိုးမလာအောင်၊ နောက်ဆုံး ရပ်တန့်သွားအောင် လုပ်နိုင်မှာဖြစ်ပါတယ်။
ဂေါတမဗုဒ္ဓက ဟောခဲ့တာကတော့ ကပ်ဘေးတွေဖြစ်တာဟာ လူသားတွေ စိတ်ဓာတ်နဲ့ အ
ကျင့်တရားတွေယိုယွင်းလာတဲ့အခါ၊ လောဘ
ဒေါသမောဟ ဖုံးလွှမ်းလာတဲ့အခါ ဖြစ်ပွားလာတတ်ပါသတဲ့။ မင်းကျင့်တရားနဲ့အညီ အုပ်ချုက်မယ့်သူကိုရဖို့ ကျနော်တို့ကိုယ်တိုင်သည်လည်း ပြည်သူ့ကျင့်ဝတ်တွေ လိုက်နာမှသာ ကျနော်တို့နဲ့တန်တဲ့ အစိုးရတစ်ရပ်ကို ရရှိလာမှာဖြစ်ပါတယ်။ပြည်သူတွေဟာ ကိုယ်နဲထိုက်တန်တဲ့ အစိုးရသာရတယ်ဆိုတဲ့ ဆိုရိုးကလည်းရှိပါတယ် ။ဒါကြောင့် ကျွန်တော်တို့မြန်မာပြည်သူတွေနဲ့ ထိုက်တန်တာဟာ ကိုယ်ပြည်သူကိုနေ့စဥ်သတ်ဖြတ်ပြီး ပြည်သူကိုဒုက္ခပေးဖို့အမြဲကြံစည်နေတဲ့ မင်းအောင်လှိုင်ဖက်ဆစ် စစ်အုပ်စုလို ကမ္ဘာ့အယုတ်ညံဆုံးစစ်အာဏာရှင်တွေ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ဖို့ ပြည့်သူတာဝန်တွေကို ကိုယ်နိုင် ရာထမ်းကြဖို့လိုပါတယ် ။
သေချာတာကတော့ ကျွန်တော်တို့ပြည်သူတွေ အကြောက်ကြီးလို့တော့မဖြစ်ပါဘူး။ အကြောက်တရားက အောင်မြင်မှုဆီကိုဘယ်တော့မှမပို့ဆောင်ပေးနိုင်ပါဘူး။ လူတန်ဖိုးနဲ့အညီ နေထိုင်ရှင်သန်ရတဲ့ ဘဝတွေရဖို့ဆိုရင် ရည်မှန်းချက်မြင့်မားဖို့လိုသလို အဲတာကိုအရယူနိုင်ဖို့ ကျွန်တော်တို့ရဲရင်ကြဖို့လည်းလိုပါတယ် ။ ။

👍14❤3🤣2🖕2
အာဏာသိမ်းစစ်တပ်က သြဂုတ် ၂၄ ရက် နံနက်မှာ ပလက်ဝမြို့နယ် ၊စိမ်းညှင်းဝရွာကိုဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်များစာသင်နေတဲ့ ဘုန်းကြီးကျောင်းကိုပါ ဗုံးကြဲခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာခဲ့ပါတယ်။စစ်တပ်ဗုံးကြဲလို့ ဘုန်းကြီးကျောင်းရှိ ဂေါတမဗုဒ္ဓက
ပဉ္စဝဂ္ဂီ ၅ ပါးကို တရားဟောကြားနေဟန်ရုပ်ပွားတော်များဗုံးထိမှန်ပျက်စီးစဥ်။
ဓါတ်ပုံ-AA Infodesk

🤬24👎2🔥2👏1🤮1
လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ Theatre 21
ဩဂုတ်-၂၅၊၂၀၂၆။ဆဏ်း/People's Spring
နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်
ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့ကြေညာပါတယ်။
ဒီပွဲက နွေဦးတော်လှန်ရေးမှာ ကျဆုံးသူတွေရဲ့ မိသားစုတွေအပါအဝင် CDM မိသားစုတွေနဲ့ ပညာရေးရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ ပါဝင်ဖျော်ဖြေမှာပါ။
ဒီပွဲရဲ့ ပိုစတာမှာ နွေဦးတော်လှန်ရေး စတင်ခဲ့ချိန်ကနေ ဒီနှစ် ဇွန် ၁၆ အထိပြုစုထားတဲ့ ကျဆုံးသူ ၈၀၀၀ ကျော်ရဲ့ နာမည် ၊ အသက်တွေကိုရေးသားထားတယ်လို့ ပွဲစီစဉ်တဲ့ Maryland Music Concert က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။
"Theatre 21 Album ထဲက သီချင်းတွေ တခွေလုံးဆိုမှာပါ။ရိုက်ကူးရေးလုပ်ပါမယ်။ ဖုန်းနှင့်ရိုက်ခွင့်မပြုပါ။ ရှိုးပွဲပြီး မကြာခင်မှာ လက်မှတ်နှင့် Onlineပြသပါမယ်။ပြသပြီး
မကြာခင် ခွေထုတ်ရောင်းပါမယ်။ သေတဲ့အထိ သိမ်းဆည်းရမယ့် ပစ္စည်းအချို့ပါပါမယ်။" လို့ ဒီဖျော်ဖြေပွဲ နဲ့ ပတ်သက်ပြီး လင်းလင်းက ရေးသားထားပါတယ်။
Theatre 21 ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ပွဲတွေ အွန်လိုင်း ပြသမှုတွေကနေ ရရှိလာတဲ့ အကျိုး
အမြတ်တွေအားလုံးကို ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်မိသားစုတွေ ၊ ခပ်မာမာ ဖြတ်သန်းနေဆဲ CDM မိသားစုတွေနဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမယ်လို့ လင်းလင်းက တရားဝင်အသိပေးထားပါတယ်။
ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေနဲ့ CDM မိ
သားစုတွေအတွက် မြေပြင်က မိတ်ဆွေတွေရဲ့ အကူအညီနဲ့ စာရင်းပြုစုပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
"တော်လှန်ရေးမြေပြင်ထဲက ပညာတော်ပြီး ဘွဲ့ရတဲ့အထိဆက်လက်သင်ယူခါ နိုင်ငံအ
တွက် တာဝန်ပြန်ထမ်းမယ့် လူငယ်၃ ဦးကို နိုင်ငံခြားပညာတော်သင်လွှတ်မှာပါ။တိုင်းရင်းသားတဦး၊ ယောက်ျားလေးတဦး၊ မိန်းကလေးတဦးပါ။ ကျနော်ထိစပ်ယုံကြည်ရတဲ့ မြေပြင် ပညာရေးCDM လူကြီးသူမများက လူငယ် ၂၀၀ကျော်ထဲကနေ ရွေးချယ်ထားတာပါ။" လို့ ပညာရေးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်
သက်ပြီး လင်းလင်းက အသိပေးထားပါတယ်။
Theatre 21 က လင်းလင်းရဲ့ ခြောက်ခွေမြောက် တစ်ကိုယ်တော်ခွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်ကဖြန့်ချိခဲ့တာပါ။
ဒီအခွေထွက်တဲ့ အချိန်ကလည်းExclusive Package ရောင်းချရာမှာ ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေရေးထိုးထားတဲ့ ပဝါတွေထည့်ပေးခဲ့ပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေကို လင်းလင်းကိုယ်တိုင်လည်း သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တတ်တူးတွေရေးသားထားတာပါ။
လင်းလင်း နဲ့ ချစ်သုဝေတို့က ၂၀၂၅ မှာ ရောင်နီ နာမည်နဲ့ အမေရိကန်နိုင်ငံ က မြို့ ၁၁ မြို့မှာ ဖျော်ဖြေပွဲတွေပြုလုပ်ပြီး အမေရိကန်ဒေါ်လာ ၇သိန်းခွဲကျော်ကို အရေးပေါ်သဘာဝဘေးနဲ့စစ်ရှောင်များ ၊ ကျန်းမာရေး ၊ ပညာ
ရေး နဲ့ တောင်ပေါ်တောင်အောက် လူ့အခွင့်
အရေးလှုပ်ရှားမှု တွေအတွက်ပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း လင်းလင်းက သူ့ရဲ့ YouTube Members တွေနဲ့ Facebook Subscriptions Groupကရရှိတဲ့ ငွေတွေကို မြေပြင်ကCDM တွေအတွက် ပို့ဆောင်ပေးနေပါတယ်။

❤33👍9🥰3🤣3🖕2👌1
လီဒိုလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်ထိခိုက်မှုရှိ
ဩဂုတ်၂၆၊၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာအဝင်မှာ စစ်တပ် ယာဉ် ၆ စီးပါ ယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့ သတင်းနဲ့ပတ်သက်ပြီး အခုလို အတည်ပြုပေးတာပါ။
စစ်တပ်ယာဉ်တန်းဟာ ဩဂုတ် ၂၅ရက်မနက်မှာ မြစ်ကြီးနားမြို့က ထွက်ခွာလာတာဖြစ်ပြီး တနိုင်းဒေသအခြေစိုက် KIA တပ်မဟာ(၂) တပ်ရင်း(၁၄) တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်အချို့ကလည်း လူမှုကွန်ရက်မှာ ရေးသားထားရာ စစ်တပ်ဘက်က ခမရ (၃၁၈)တပ်ရင်းမှူးကိုယ်တိုင် လိုက်ပါလာတဲ့ ယာဉ်တန်းလို့ ဖော်ပြထားပါတယ်။
KIA တပ်မဟာ(၂) တပ်ရင်း(၁၄)ဟာ ဩဂုတ် ဒုတိယပတ်ကလည်း လီဒိုလမ်းမပေါ်က စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ နေရာကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေအချို့ ထိခိုက်မှုရှိခဲ့ပါတယ်။
KIAနဲ့ စစ်တပ်ဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး အခု ရက်ပိုင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အထိနာလျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြပါတယ်။

❤14👍7🥰1👏1🤣1
◾️Photo News
ဩဂုတ်၂၆၊၂၀၂၆/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားတဲ့ စစ်တပ်ယာဉ်တန်းက ကား ၁စီး ဖြစ်ပါတယ်။
လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာအဝင်မှာ စစ်တပ် ယာဉ် ၆ စီးပါ ယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

👍4❤2🤣1