People's Spring
60.3K subscribers
70.3K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️၂၀၂၁ နောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက ကလေးငယ် ၁၃၀,၀၀၀ ကျော် မွေးဖွား

စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်အထိ ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်က ထိုင်းမှာ မြန်မာ ကလေးငယ် ၁၈,၉၀၅ ဦး မွေးဖွားခဲ့ပြီး ၂၀၂၂ မှာ ၁၈,၇၂၈ ဦး၊ ၂၀၂၃ မှာ ၂၄,၁၅၄ ဦးနဲ့ ၂၀၂၄ မှာ ၂၅,၀၈၇ ဦး အသီးသီး မွေးဖွားခဲ့တယ်လို့ စာရင်းတွေမှာ ပါရှိပါတယ်။၂၀၂၅ မှာတော့ မြန်မာမိခင်တွေ မွေးဖွားတဲ့အရေအတွက်ဟာ ၂၈,၈၆၉ ဦးထိ မြင့်တက်သွားပြီး မြန်မာမိခင်တွေက ထိုင်းမှာ နှစ်အလိုက် ကလေးမွေးဖွားမှု အများဆုံး ဖြစ်လာပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ နှစ်မကုန်သေးပေမယ့် ထိုင်းရောက် မြန်မာ အမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးဦးရေက ၁၆,၁၁၇ ယောက် ရှိပြီလို့​ ဖော်ပြထားပါတယ်။

◾️ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုကျူးလွန်မှု ၉ နှစ်ရှိပြီ

ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ တရားမျှတမှု ရှိစေရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုကျူးလွန်တာ ၉နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန်က ဒီနေ့ ဩဂုတ် ၂၅ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ အစဥ်တစိုက် အခိုင်အမာ ပြောကြားထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာမဆို ဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှု၊ တရားမျှတမှု ရှိစေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာမိတ်ဖက်များနဲ့ပူးပေါင်းကာ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အန်ဒရူးဂျက်ဆန်က ပြောပါတယ်။ ရိုဟင်ဂျာအသိုက်အဝန်းများအပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ ဂုဏ်သိက္ခာ မြှင့်တင်ကာကွယ်ရေးအတွက်လည်း ဆက်လက် ကတိကဝတ်ပြု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သံရုံးအကြီးအကဲက ထည့်သွင်းပြောကြားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်မှာ စစ်တပ်က နယ်မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ ရိုဟင်ဂျာအသိုက်အဝန်း​တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု​တွေကျူးလွန်ခဲ့ခြင်းဟာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ရိုဟင်ဂျာအသိုက်အဝန်းများဟာ ဒီနေ့တိုင် နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်တွေအပေါ်ပြင်းထန်တဲ့ ကန့်သတ်မှုများ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ ဗြိတိန်က ဆိုပါတယ်။ ကနေဒါသံရုံးကလည်း ဒီနေ့က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာ ၉နှစ်မြောက်ဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် အရပ်သား ၇,၀၀၀ ဦး သေဆုံးခဲ့ရကာ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အကြီးအကျယ် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာမှု ဖြစ်ပေါ်ခဲ့တယ်လို့ က​နေဒါသံရုံးက​​ဖော်ပြပါတယ်။

◾️KIA တိုက်ခိုက်လို့ စစ်တပ်စစ်ကြောင်း အထိနာ ပိတ်မိနေ

ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးယူပေးမယ့် စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ရွှေကူမြို့နယ် သင်္ဘောအင်းရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတွေ တင်လာတဲ့ စက်လှေ ထိမှန်ပေါက်ကွဲခဲ့သလို မြေပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ထွက်ပြေးခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့အတွက် ကချင်ပြည်နယ်ကို စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းလာရာ စစ်သင်္ဘောအုပ်စုဟာ ဒီနေ့ ဩဂုတ် ၂၅ရက်မှာ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်ကနေ အထက်ဘက်ကို ဆန်တက်သွားပြီဖြစ်ပါတယ်။ အဲဒီ စစ်ကောင်စီ သင်္ဘောအုပ်စု လုံခြုံရေးအတွက် စစ်သားတွေက ဧရာ၀တီမြစ် အနောက်ဘက်ကမ်းဘက် ထိုးလာရာ စစ်လှေကမ်းကပ်နေစဉ်မှာ တိုက်ခိုက်ခံရခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၂၄ရက် မနေ့က ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို စက်လှေနဲ့ ကူးလာစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကလည်း မြစ်ကမ်းကနေ နောက်ဆုတ်လည်းမရ၊ ရှေ့တက်လည်းမရနဲ့ ဝိုင်းပတ်ပိတ်ဆို့ခံနေရတဲ့ သဘောဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️ဆောနယ် စစ်ဆင်ရေးအတွင်း စစ်တပ်ဆီက လက်နက်ခဲယမ်းတွေ သိမ်းရ
21👍6🤮1🤣1🖕1
မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ဆီက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။ ဇူလိုင် ၂၆ ရက်ကနေ ဒီနေ့ သြဂုတ် ၂၅ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ သက်ဆိုင်ရာ အဆင့်ဆင့်ကွပ်ကဲမှုတွေအလိုက် ဆောမြို့နယ်အတွင်း ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ရန်သူ စစ်တပ်ဆီက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သူ့ရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးထားတာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ လက်နက် အလက် ၂၀ ကျော်နဲ့ ခဲယမ်း၊ ဗုံးသီးတွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ အများအပြား တွေ့ရပါတယ်။ ဆောနယ် စစ်ဆင်ရေးမှာ မကွေးတိုင်းအတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ PDF တွေရဲ့ အမိန့်နာခံမှု ၊ စုစည်းမှု ၊ ညီညွတ်မှု နဲ့ လုပ်နိုင်စွမ်းကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ဂုဏ်သိက္ခာရှိစွာ ကျန်ရစ်နေစေမှာ ဖြစ်တယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

◾️ကျောက်ဖြူတိုက်ပွဲမှာ ဗိုလ်မှူးတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အငြိမ်းစားဗိုလ်မှူးချုပ်ကျော်အောင်ရဲ့သား ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင် သေဆုံးသွားပါတယ်။ မိသားစုကတော့ အသက် ၄၄နှစ်အရွယ် ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင်ဟာ ၉၆ပါး ရောဂါကြောင့် သေဆုံးတာလို့ နာရေးကြော်ငြာထားပါတယ်။ အဲဒီစစ်တပ် ဗိုလ်မှူးဟာ သြဂုတ် ၂၁ ရက်မှာ သေဆုံးသွားတာဖြစ်ပြီး သြဂုတ် ၂၂ရက်မှာ ကျောက်ဖြူမြို့ သုသာန်မှာပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်ချိရေးသတင်းစာတွေကနေ မိသားစုက နာရေးကြော်ငြာထားတာပါ။ ဗိုလ်မှူးဒေါက်တာလင်းထက်ကျော်အောင်နဲ့ ရင်းနှီးတဲ့ နေပြည်တော်ဥတ္တရသီရိမြို့မှာ နေထိုင်သူတစ်ဦးကတော့ ကျောက်ဖြူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ သိရကြောင်းနဲ့ အလောင်းတောင်ပြန်သယ်ခွင့်မပေးလို့ ကျောက်ဖြူမှာပဲ သင်္ဂြိုလ်လိုက်ရကြောင်း ပြောပါတယ်။ ဒီရက်ပိုင်း ကျောက်ဖြူမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းစခန်းဖြစ်တဲ့ အ၀တောင်ရွာတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ဆိုပါတယ်။

◾️ဖာပွန်မှာ တိုက်ပွဲတွေဆက်ရှိနေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)တပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကိုပါသုံးပြီး တိုက်ခိုက်နေတယ်လို့ KNUတပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။ ဖာပွန်ခရိုင်ဟာKNU ရဲ့ အုပ်ချုပ်ရေးနဲ့စစ်ရေးနယ်မြေခွဲဝေသတ်မှတ်ချက်အရ မူတြော်ခရိုင်ဖြစ်ပြီးတပ်မဟာ (၅) နယ်မြေဖြစ်ပါတယ်။ ဖာပွန်မှာ လက်လွှတ်ထားရတဲ့တပ်ရင်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိမှာ ကတိုင်တိမြို့အထက်ဖားလုံးရွာမှာ ရောက်ရှိနေတာ ရက်အတန်ကြာပြီဖြစ်ပေမယ့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရရှိတာနဲ့ ထွက်ပြေးတာတွေရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာတွေ ရှိနေတယ်လို့ ပဒိုစောထိုရော်ဘင်က အသိပေးပါတယ်။

◾️မတ္တရာအနောက်ခြမ်း စစ်တပ်စခန်းနှစ်ခုကို​ တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ ကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက် မနက် ၃နာရီခွဲမှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်သား ၆ဦးထက်မနည်း မျက်မြင်သေဆုံးပြီး တော်လှန်ရေးတပ်တွေဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။ အဲဒီကျေးရွာတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က မြေပြင်အင်အားတွေ တိုးခဲ့သလို ရေကြောင်းကနေလည်း ကုန်းတန်းကြီးရွာကို အင်အားထပ်တိုးတာ လုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

◾️စစ်တပ်က မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးမအနီးမှာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ပြန်ထိန်းချုပ်ဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကတဆင့် စစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ-၁၂)ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။
17👍6🤮2🖕1
◾️စစ်ကိုင်းမှာ ရဲတပ်ရင်းအနီး ကင်းစောင့်တဲ့ရဲတွေ တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)က ထုတ်ပြန်ပါတယ်။ ​သြဂုတ် ၂၃ ရက် ညနေ ၃နာရီခွဲဝန်းကျင်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကိုင်းမြို့ တပ်မ(၃၃)ကိုသွားတဲ့ စစ်ယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ ​တိုက်ခိုက်မှုအပြီးမှာတော့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်းရှိ မြို့နယ်နဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြေစာရင်းရုံး၊ ခရိုင်မြေစာရင်းရုံးနဲ့ စည်ပင်ရုံးတွေအပါအဝင် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ကြဖို့၊ ရုံးမတက်ဘဲ မိမိနေအိမ်မှာသာနေပြီး ပြည်သူနဲ့အတူ ပူးပေါင်းကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။

◾️စစ်ကောင်စီ ရက် ၁၀၀အတွင်း နိုင်ကျဉ်းတွေ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိ၊ အကျဉ်းသား ၅ ဦး သေဆုံး

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ သမ္မတနေရာကို ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းကာလအတွင်း အကျဉ်းထောင်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး PPNM က ထုတ်ပြန်လိုက်တာပါ။ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ အတွင်းမှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၁ ခုအထိ စနစ်တကျ ကျူးလွန်ခံခဲ့ရကြောင်း PPNM က ထုတ်ပြန်ပါတယ်။ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ အချိန်မီ ဆေးရုံလွှဲပြောင်းမပေးတာတွေကြောင့် ပြည်၊ သာယာဝတီ၊ ပေါင်းတည်နဲ့ အိုးဘိုထောင် အကျဉ်းထောင်တွေက ရင်ကြပ်၊ သွေးတိုးနဲ့ ဦးနှောက်သွေးကြောပေါက် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသား ၅ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း PPNMက ထပ်မံအသိပေးပါတယ်။

◾️စစ်ကိုင်းရေဘေးအတွက် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေ ပေးပို့ဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ(EU)က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။ အဲဒီ တိုက်တွန်းတောင်းဆိုချက်ကို စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်ကော်မတီတွေနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် အဖွဲ့ဝင် ၄၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဩဂုတ် ၂၄ ရက်စွဲနဲ့ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen နဲ့ ဥရောပသမဂ္ဂ လူသားချင်းစာနာမှုနှင့် ပြည်သူ့ကာကွယ်ရေးဌာန (ECHO) ညွှန်ကြားရေးမှူးချုပ် Maciej Popowski တို့​ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ကာ တောင်းဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က စစ်ကိုင်းတိုင်းအတွင်းရှိ သဖန်းဆိပ်ဆည်နဲ့ ကာဘိုးဆည်တွေက ရေတွေကို စစ်တပ်က ပြည်သူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖောက်ချခဲ့တာကြောင့် ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင် စတဲ့ မြို့နယ် ၁၁ ခုမှ ဒေသခံပြည်သူ ၁.၂ သန်းကျော် ရေဘေးဒုက္ခဆိုးဝါးစွာ ကြုံတွေ့ခဲ့ရကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
👍23👎1🤮1
👍222🔥2🖕2
■အ​တွေးအမြင်

ကပ်ဘေးတွေ ဘယ်လိုကျော်ကြမလဲ

ဗေဒါ/People's Spring

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

ကျနော်တို့ပထမဆုံး စတင်ရင်ဆိုင်ခဲ့ရတာက ရောဂန္တရကပ်ပါ။၂၀၂၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တဲ့ ကို
ဗစ်ရောဂါဆိုးကြီး ကျနော်တို့နိုင်ငံကိုလည်း ရောက်ရှိလာခဲ့ပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ အဲဒီအချိန်က အုပ်ချုပ်တဲ့ NLD အစိုးရအစီအမံနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် တခြားနိုင်ငံတွေနည်းတူ အသေအပျောက်ရှိပေမယ့် ဆိုးဆိုး
ရွားရွားကြီး ဖြစ်မသွားခဲ့ပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ကိုဗစ်တတိယလှိုင်းက ဝင်ဆောင့်ပါပြီ။ စစ်တပ်က နိုင်ငံဘအာဏာလုရေးကိုပဲ စိတ်
ဝင်စားခဲ့တာကြောင့်ပြည်သူတွေကိုဗစ်
ကြောင့် အဖိတ်အစင် များခဲ့ရတယ်။ စစ်တပ်သာအာဏာမလုခဲ့ရင်ပြည်သူတွေအဲလောက် မဆုံးရှုံးနိုင်ဘူး။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ဒီကနေ့အထိ ပြည်သူတွေ နောက်ထပ်ရင်ဆိုင်နေရတာက သတ္ထန္တရကပ်ပါ။တိုက်ပွဲ​တွေကြားညပ်လို့သေတဲ့ပြည်သူထက် အာဏာသိမ်းစစ်တပ်က တမင်ကို ရည်ရွယ်ချက်ရှိရှိ သတ်
ဖြတ်လို့ သေဆုံးခဲ့ရတဲ့ပြည်သူတွေက ထောင်​သောင်းချီရှိခဲ့တယ်။ ဒီကနေ့အထိလည်း ရှိနေဆဲပဲ။

ဒီကြားထဲမှာလည်း သဘာဝဘေးဆိုးအမျိုးမျိုး ကြုံနေရပါတယ်။ စစ်ကိုင်းငလျင်ကြီးဆို
မြန််မာ့သမိုင်းတ​လျှောက် ​လူ​သေဆုံးပျက်
စီးဆုံးရှုံးမှု အများဆုံး စံချိန်တင်ပြီးကြုံလိုက်ကြရတယ်။ အပျက်အစီးပုံ​တွေရဲ့အောက်မှာ
ကူပါကယ်ပါတစာစာ အကူအညီ​တောင်းခံ​ပေမယ့် အာဏာသိမ်းစစ်တပ်က ပြည်သူ​တွေကယ်ဖို့ထက် ဗုံးကြဲဖို့ ၊ငလျင်အ​ကြောင်းပြုနိုင်ငံ​ရေးအမြတ်ထုတ်ဖို့ပဲ လုံးပမ်း​နေတာ​ကြောင့်အဖိုးတန်အသက်​တွေအများကြီးဆုံးရှုံးခဲ့ရတယ် ။

ဒီကြားထဲ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး နှစ်စဥ် မပျက်မကွက် ခံနေကြရတယ်။ သူခိုးဓါးပြဘေးကလည်း ပေါမှပေါ။ ဒီခေတ်လောက် ရန်သူမျိုးငါးပါးဘေးစုံတာ ရှိပါဦးမလား။ မကြားဖူးတဲ့ လူသေဆုံးမှုတွေ၊ သတ်
ဖြတ်မှုတွေ နေ့စဥ် ကြုံနေကြရတယ်။ လက်ရှိလည်း ရေဘေးကြောင့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စတဲ့ဒေသတွေမှာ လူပေါင်းသိန်းချီရေဘေးသင့်နေတယ်။ စိုက်ပျိုးသီးနှံပေါင်း ဧကသိန်းချီ ပျက်စီးတယ်။

ငတ်မွတ်ခေါင်းပါးတဲ့ ဒုဗ္ဘိက္ခန္တရကပ်ကလည်း လာနေပါပြီ။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ စီးပွားရေးကျပ်တည်းမှု၊ စားနပ်ရိက္ခာဈေး နှုန်းမြင့်တက်မှုတွေနဲ့ ထပ်ခါတလဲလဲဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့် ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားတယ်။

စစ်တပ်အာဏာသိမ်းတာကကော ဒီကပ်တွေကို ပိုပြီးဆိုးသွားစေပါသလားလို့မေးလာရင် ဟုတ်ပါတယ်လို့ ဖြေရမှာပါ။

နံပါတ် တစ်အချက်။ အရေးပေါ် တုံ့ပြန်နိုင်စွမ်းနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းသွားပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ လူထုအ
ကျိုးပြု လုပ်ငန်းတွေ၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ ကျန်းမာရေးစနစ်တွေထက် စစ်တိုက်ဖို့ ၊ဗုံးကြဲဖို့ နဲ့ သူတို့လုံခြုံရေးပိုင်းကိုသာ အဓိက ဦးစားပေး သုံးစွဲလာကြပါတယ်။

သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု
မရှိတော့ပါဘူး။ ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မယ် သို့မဟုတ် ရောဂါပိုးမွှား ကူးစက်ပျံ့နှံ့နေပြီဆိုတဲ့ အချက်အလက်တွေကို အချိန်မီ ထုတ်ပြန်ပေးဖို့ ပျက်ကွက်တာ၊ ဖုံးကွယ်တာတွေကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ အချိန်မီ မလုပ်နိုင်ကြတော့ပါဘူး။ အနီးစပ်ဆုံး ဥပမာပေးရရင် စစ်ကိုင်းတိုင်းရေဘေးဖြစ်စေခဲ့တဲ့သဖန်းဆိပ်ဆည်က ရေဖောက်ချမယ်ဆိုတာကို အာဏာ
သိမ်းစစ်တပ်က ပြည်သူကို လုံးဝ ကြိုတင်အသိပေးတာ မရှိခဲ့ပါဘူး။

နံပါတ် ၂အချက်။ လူသားချင်းစာနာထောက်
ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ခက်
ခဲသွားပါတယ်။​လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အတားအဆီးတွေကြောင့် ပဋိပက္ခဒေသတွေနဲ့သဘာဝဘေးဒဏ်(ဥပမာ- ရေကြီးတာ၊ မုန်တိုင်းတိုက်တာ) ခံရတဲ့နေရာတွေကို နိုင်ငံတကာ အကူအညီတွေ၊ ဒေသန္တရ လူမှုကူညီရေးအသင်းအဖွဲ့တွေ သွားရောက်ကူညီဖို့ အဟန့်အတားတွေ များပြားစေပါတယ်။ စစ်ကိုင်းရေဘေးမှာဆိုရင် စစ်တပ်က တား
မြစ်ထားလို့ ရေဘေးအကူအညီတွေ ရောက်သင့်သလောက်မရောက်ခဲ့ပါဘူး။

​ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာရသူတွေ မြင့်တက်လာစေခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ စစ်ဘေးရှောင်တွေ တိုးပွားလာတာဟာ ကျပ်တည်းတဲ့ အ
ခြေအနေမှာ ကပ်ဘေးဒဏ်ကို ပိုမိုခံရလွယ်စေပြီး ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အကျပ်
အတည်းတွေကိုပါ ဆက်စပ်ဖြစ်ပေါ်စေပါတယ်။

နံပါတ် ၃ အချက်။ ကျန်းမာရေးနဲ့ စီးပွားရေးစနစ်ပြိုလဲသွားတာပါ။နိုင်ငံရေးကြောင့် ကျန်း
👍23🖕3🤣21
မာရေးစနစ် ရပ်တန့်သွားတာ၊ ဆေးဝါးပြတ်
လပ်တာ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာက ကပ်ရောဂါတွေသို့မဟုတ် ကျန်းမာရေးကပ်ဘေးတွေကို ပိုမိုဆိုးရွာစေပါတယ်။လတ်တ​လောမှာကို ရန်ကုန်မြို့နဲ့ ​ဒေသအချို့မှာ ဝမ်း​ရောဂါ​တွေဖြစ်ပွားပြီး လူ​သေဆုံးမှု​​တွေရှိ​နေပါတယ် ။

​နောက်ပြီး စီးပွားရေး ကျဆင်းလာတာနဲ့အမျှ ပြည်သူတွေရဲ့ နေ့စဉ် ရပ်တည်ရေး ကျပ်
တည်းလာပြီး၊ ကပ်ဘေးတစ်ခု ကျရောက်
လာချိန်မှာ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းလုံးဝ မရှိတော့ပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ ကျနော်တို့နိုင်ငံ ဒီကပ်ဆိုးကြီးတွေကို ဘယ်လိုကျော်ကြမလဲ။ နောက်ထပ်လည်း ကပ်ဘေးတွေက ထပ်ခါကျော့ကာ လာဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။

ရှင်းပါတယ်။ပြည်သူကိုတန်ဖိုးထား ပြည်သူကိုကာကွယ်​ပေးပြီး ၊ တရားသဖြင့်အုပ်ချုပ်
မယ့် အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ပါ။ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်မယ့်သူ ရမှသာ ကပ်ဘေးတွေ ပိုဆိုးမလာအောင်၊ နောက်ဆုံး ရပ်တန့်သွားအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

ဂေါတမဗုဒ္ဓက ဟောခဲ့တာကတော့ ကပ်​ဘေးတွေဖြစ်တာဟာ လူသားတွေ စိတ်ဓာတ်နဲ့ အ
ကျင့်တရားတွေယိုယွင်းလာတဲ့အခါ၊ လောဘ
ဒေါသမောဟ ဖုံးလွှမ်းလာတဲ့အခါ ဖြစ်ပွားလာတတ်ပါသတဲ့။ မင်းကျင့်တရားနဲ့အညီ အုပ်ချုက်မယ့်သူကိုရဖို့ ကျနော်တို့ကိုယ်တိုင်သည်လည်း ပြည်သူ့ကျင့်ဝတ်တွေ လိုက်နာမှသာ ကျနော်တို့နဲ့တန်တဲ့ အစိုးရတစ်ရပ်ကို ရရှိလာမှာဖြစ်ပါတယ်။ပြည်သူ​တွေဟာ ကိုယ်နဲထိုက်တန်တဲ့ အစိုးရသာရတယ်ဆိုတဲ့ ​ဆိုရိုးကလည်းရှိပါတယ် ။ဒါကြောင့် ကျွန်​တော်တို့မြန်မာပြည်သူ​တွေနဲ့ ထိုက်တန်တာဟာ ကိုယ်ပြည်သူကိုနေ့စဥ်သတ်ဖြတ်ပြီး ပြည်သူကိုဒုက္ခ​ပေးဖို့အမြဲကြံစည်​​နေတဲ့ မင်း​အောင်လှိုင်ဖက်ဆစ် စစ်အုပ်စုလို ကမ္ဘာ့အယုတ်ညံဆုံးစစ်အာဏာရှင်​တွေ မဟုတ်ဘူးဆိုတာ သက်​သေပြနိုင်ဖို့ ပြည့်သူတာဝန်​တွေကို ကိုယ်နိုင် ရာထမ်းကြဖို့လိုပါတယ် ။

​သေချာတာက​တော့ ကျွန်​တော်တို့ပြည်သူ​တွေ အ​ကြောက်ကြီးလို့​တော့မဖြစ်ပါဘူး။ အ​ကြောက်တရားက ​အောင်မြင်မှုဆီကိုဘယ်​တော့မှမပို့​ဆောင်​ပေးနိုင်ပါဘူး။ ​လူတန်ဖိုးနဲ့အညီ ​နေထိုင်ရှင်သန်ရတဲ့ ဘဝ​​တွေရဖို့ဆိုရင် ရည်မှန်းချက်​မြင့်မားဖို့လိုသလို အဲတာကိုအရယူနိုင်ဖို့ ကျွန်​တော်တို့ရဲရင်ကြဖို့လည်းလိုပါတယ် ။ ။
👍214🖕3🤣2
အာဏာသိမ်းစစ်တပ်က သြဂုတ် ၂၄ ရက် နံနက်မှာ ပလက်ဝမြို့နယ် ၊စိမ်းညှင်းဝရွာကိုဗုံးကြဲခဲ့ရာ မူလတန်းက​လေးငယ်များစာသင်​နေ​တဲ့ ဘုန်းကြီး​ကျောင်းကိုပါ ဗုံးကြဲခဲ့တာ​ကြောင့်က​လေးငယ်​တွေအပါအဝင် ၅ ဦး​သေဆုံး၊ ၁၇ ဦးဒဏ်ရာခဲ့ပါတယ်။စစ်တပ်ဗုံးကြဲလို့ ဘုန်းကြီး​ကျောင်းရှိ ဂေါတမဗုဒ္ဓက
ပဉ္စဝဂ္ဂီ ၅ ပါးကို တရား​ဟောကြား​နေဟန်ရုပ်ပွား​တော်များဗုံးထိမှန်ပျက်စီးစဥ်။
ဓါတ်ပုံ-AA Infodesk
🤬30👎2🔥2👏2🤮1😭1
လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ Theatre 21

ဩဂုတ်-၂၅၊၂၀၂၆။ဆဏ်း/People's Spring

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်
ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

ဒီပွဲက နွေဦးတော်လှန်‌ရေးမှာ ကျဆုံးသူ‌တွေရဲ့ မိသားစုတွေအပါအဝင် CDM မိသားစုတွေနဲ့ ပညာရေးရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ ပါဝင်ဖျော်ဖြေမှာပါ။

ဒီပွဲရဲ့ ပိုစတာမှာ နွေဦးတော်လှန်‌ရေး စတင်ခဲ့ချိန်ကနေ ဒီနှစ် ဇွန် ၁၆ အထိပြုစုထားတဲ့ ကျဆုံးသူ ၈၀၀၀ ကျော်ရဲ့ နာမည် ၊ အသက်တွေကိုရေးသားထားတယ်လို့ ပွဲစီစဉ်တဲ့ Maryland Music Concert က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

"Theatre 21 Album ထဲက သီချင်းတွေ တခွေလုံးဆိုမှာပါ။ရိုက်ကူးရေးလုပ်ပါမယ်။ ဖုန်းနှင့်ရိုက်ခွင့်မပြုပါ။ ရှိုးပွဲပြီး မကြာခင်မှာ လက်မှတ်နှင့် Onlineပြသပါမယ်။ပြသပြီး
မကြာခင် ခွေထုတ်ရောင်းပါမယ်။ သေတဲ့အထိ သိမ်းဆည်းရမယ့် ပစ္စည်းအချို့ပါပါမယ်။" လို့ ဒီဖျော်ဖြေပွဲ နဲ့ ပတ်သက်ပြီး လင်းလင်းက ရေးသားထားပါတယ်။

Theatre 21 ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ပွဲတွေ အွန်လိုင်း ပြသမှုတွေကနေ ရရှိလာတဲ့ အကျိုး
အမြတ်‌တွေအားလုံးကို ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်မိသားစုတွေ ၊ ခပ်မာမာ ဖြတ်သန်းနေဆဲ CDM မိသားစုတွေနဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမယ်လို့ လင်းလင်းက တရားဝင်အသိပေးထားပါတယ်။

ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေနဲ့ CDM မိ
သားစုတွေအတွက် မြေပြင်က မိတ်ဆွေတွေရဲ့ အကူအညီနဲ့ စာရင်းပြုစုပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးမြေပြင်ထဲက ပညာတော်ပြီး ဘွဲ့ရတဲ့အထိဆက်လက်သင်ယူခါ နိုင်ငံအ
တွက် တာဝန်ပြန်ထမ်းမယ့် လူငယ်၃ ဦးကို နိုင်ငံခြားပညာတော်သင်လွှတ်မှာပါ။တိုင်းရင်းသားတဦး၊ ယောက်ျားလေးတဦး၊ မိန်းကလေးတဦးပါ။ ကျနော်ထိစပ်ယုံကြည်ရတဲ့ မြေပြင် ပညာရေးCDM လူကြီးသူမများက လူငယ် ၂၀၀ကျော်ထဲကနေ ရွေးချယ်ထားတာပါ။" လို့ ပညာရေးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်
သက်ပြီး လင်းလင်းက အသိပေးထားပါတယ်။

Theatre 21 က လင်းလင်းရဲ့ ခြောက်ခွေမြောက် တစ်ကိုယ်တော်ခွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်ကဖြန့်ချိခဲ့တာပါ။

ဒီအခွေထွက်တဲ့ အချိန်ကလည်းExclusive Package ရောင်းချရာမှာ ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေရေးထိုးထားတဲ့ ပဝါတွေထည့်ပေးခဲ့ပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေကို လင်းလင်းကိုယ်တိုင်လည်း သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တတ်တူးတွေရေးသားထားတာပါ။

လင်းလင်း နဲ့ ချစ်သုဝေတို့က ၂၀၂၅ မှာ ရောင်နီ နာမည်နဲ့ အမေရိကန်နိုင်ငံ က မြို့ ၁၁ မြို့မှာ ဖျော်ဖြေပွဲတွေပြုလုပ်ပြီး အမေရိကန်ဒေါ်လာ ၇သိန်းခွဲကျော်ကို အရေးပေါ်သဘာဝဘေးနဲ့စစ်ရှောင်များ ၊ ကျန်းမာရေး ၊ ပညာ
ရေး နဲ့ တောင်ပေါ်တောင်အောက် လူ့အခွင့်
အရေးလှုပ်ရှားမှု တွေအတွက်ပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း လင်းလင်းက သူ့ရဲ့ YouTube ‌Members တွေနဲ့ Facebook Subscriptions Groupကရရှိတဲ့ ငွေတွေကို မြေပြင်ကCDM တွေအတွက် ပို့ဆောင်ပေးနေပါတယ်။
41👍10🥰3🤣3🖕3👏1👌1
40👍12🥰4🤣3👏2🖕1
လီဒိုလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်ထိခိုက်မှုရှိ

ဩဂုတ်၂၆၊၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာအဝင်မှာ စစ်တပ် ယာဉ် ၆ စီးပါ ယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့ သတင်းနဲ့ပတ်သက်ပြီး အခုလို အတည်ပြုပေးတာပါ။

စစ်တပ်ယာဉ်တန်းဟာ ဩဂုတ် ၂၅ရက်မနက်မှာ မြစ်ကြီးနားမြို့က ထွက်ခွာလာတာဖြစ်ပြီး တနိုင်းဒေသအခြေစိုက် KIA တပ်မဟာ(၂) တပ်ရင်း(၁၄) တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်အချို့ကလည်း လူမှုကွန်ရက်မှာ ရေးသားထားရာ စစ်တပ်ဘက်က ခမရ (၃၁၈)တပ်ရင်းမှူးကိုယ်တိုင် လိုက်ပါလာတဲ့ ယာဉ်တန်းလို့ ဖော်ပြထားပါတယ်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၄)ဟာ ဩဂုတ် ဒုတိယပတ်ကလည်း လီဒိုလမ်းမပေါ်က စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ နေရာကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေအချို့ ထိခိုက်မှုရှိခဲ့ပါတယ်။

KIAနဲ့ စစ်တပ်ဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး အခု ရက်ပိုင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အထိနာလျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြပါတယ်။
26👍13🥰2👏2🤣1🖕1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တစ်ဦး ပစ်ခတ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen/FB)
23👍8🥰5👎1🤣1🖕1
◾️Photo News

ဩဂုတ်၂၆၊၂၀၂၆/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားတဲ့ စစ်တပ်ယာဉ်တန်းက ကား ၁စီး ဖြစ်ပါတယ်။

လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာအဝင်မှာ စစ်တပ် ယာဉ် ၆ စီးပါ ယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ယာဉ်တန်းဟာ ဩဂုတ် ၂၅ရက်မနက်မှာ မြစ်ကြီးနားမြို့က ထွက်ခွာလာတာဖြစ်ပြီး တနိုင်းဒေသအခြေစိုက် KIA တပ်မဟာ(၂) တပ်ရင်း(၁၄) တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
👍238🤣1🖕1
ဓာတ်ပုံ - Lung Jung LA N/FB
25👍13🥰2🤣2