People's Spring
60.3K subscribers
70.3K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😢34🖕32🤮1
■အ​တွေးအမြင်

"ပျောက်ကွယ်သွားတဲ့ မနက်စာနှင့်
ဘဲဥတခြမ်းကနေ မငတ်ရုံတမယ်ဘဝဆီ"

- အေးခိုင်ဦး ရေးသားသည်။

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

မဆလခေတ်ကစီးပွားရေးကျပ်တည်းမှုတွေကြားမှာ မိသားစုတော်တော်များများရဲ့ ထ
မင်းဝိုင်းမှာဘဲဥတစ်လုံးဟာလူတစ်ယောက်စာ မဟုတ်ခဲ့ပါဘူး။ ဘဲဥတစ်လုံးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်တစ်ခြမ်း ဝေစားရတယ်။ အာလူးနဲ့ ရောချက်ရင်လည်းဘဲဥတခြမ်း၊ အာလူးတခြမ်းက တစ်ယောက်စာဟင်းဖြစ်ခဲ့တာပါ။

ပဲဟင်းတစ်အိုးရှိရင်တောင် “ဆမ်းတဲ့သူက မသောက်ရ၊ သောက်တဲ့သူက မဆမ်းရ” ဆိုတဲ့ ရယ်စရာလိုလို၊ဝမ်းနည်းစရာလိုလို စည်းမျဉ်း
မျိုးနဲ့ စားခဲ့ရတဲ့အိမ်တွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက“ဘဲဥတခြမ်း”ဟာနောက်ပိုင်းမှာလူတွေ ပြန်ပြောရယ်မောစရာ အမှတ်တရတစ်ခုလို ဖြစ်သွားခဲ့တယ်။

ဒါပေမယ့် အခုချိန်မှာ အဲဒီဘဲဥတခြမ်းကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ အခု မြန်မာပြည်မှာ ဘဲဥကို တခြမ်းပဲစားရတာ မဟုတ်တော့ပဲ မနက်စာကိုစားဖို့တောင်ခက်လာနေတဲ့ မိ
သားစုတွေ ရှိလာ‌နေပါပြီ ။ ဘဲဥတခြမ်းဟာ အတိတ်မဟုတ်တော့ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို GDP၊ ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကုန်သွယ်ရေးလို ကိန်းဂဏန်းတွေနဲ့ တိုင်းတာလို့ရပါတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက်အတွက်တော့ နိုင်ငံ့စီးပွားရေးဆိုတာ အဲဒီကိန်းဂဏန်းတွေမဟုတ်ပါဘူး။ မနက်အိပ်ရာထတဲ့အခါကလေးကိုဘာကျွေးရမလဲ။ ဟင်းချက်တဲ့အခါ ဆီကို ဘယ်လောက်လျှော့သုံးရမလဲ။ဒီနေ့ အတွက် ဆန်ဘယ်လောက်ကျန်သေးလဲဆိုတာက ပိုအရေးကြီးတာပါ။

ကြက်ဥ၊ဘဲဥ၊အသား၊ငါးတွေကအရင်က
တည်းက မကြာခဏ မစားနိုင်တဲ့ အစားအစာတွေ ဖြစ်ခဲ့တာထဲကနေ အခုတော့ အခြေခံစားသောက်ကုန်တချို့တောင် မိသားစုဘတ်
ဂျက်နဲ့ မကိုက်တော့တဲ့ အခြေအနေတွေ ပိုများလာပါပြီ။“ဘဲဥတခြမ်း” ဟာအတိတ်က အမှတ်တရတစ်ခုဖြစ်ရုံ မဟုတ်တော့ဘဲဆင်း
ရဲမွဲတေမှုဘယ်လောက်အထိနက်ရှိုင်းလာနိုင်သလဲဆိုတာမြင်သာစေတဲ့အရာဖြစ်လာပါပြီ။

မြန်မာနိုင်ငံမှာစစ်ဘေးရှောင်နေရသူ​တွေဘယ်လောက်ဒုက္ခရောက်နေကြတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ အိမ်ဆုံးရှုံးရတယ်။ ရွာဆုံးရှုံးရတယ်။ အလုပ်ဆုံးရှုံးရတယ်။ ပညာရေးဆုံးရှုံးရတယ်။ အသက်မွေးဝမ်း
ကျောင်းဆုံးရှုံးရတယ်။ အသက်ဆုံးရှုံးရတယ်။ ဒါပေမယ့် စစ်ဘေးမရှောင်ရတဲ့ သူတွေလည်း အားလုံးအဆင်ပြေနေကြတာ မဟုတ်ပါဘူး။ မြို့ပေါ်က အိမ်တစ်အိမ်မှာ မီးဖိုချောင်ထဲက အိုးထဲမှာ ထည့်စရာမရှိတော့ရင် အဲဒီအိမ်ဟာ စစ်ဘေးမရှောင်ရပေမယ့် စီးပွားရေးစစ်ပွဲထဲမှာ ရောက်နေပြီးသားပါ။

မိသားစုတစ်စုရဲ့ ဝင်ငွေက မတိုးဘဲ ကုန်ဈေး
နှုန်းတွေက တက်နေတဲ့အခါ အဲဒီမိသားစုဟာ တဖြည်းဖြည်းနဲ့ စားသုံးမှုကို လျှော့ရတော့မှာပါ။ အရင်က အသားလျှော့စားတယ်။ နောက်တော့ ငါးလျှော့၊ ပြီးတော့ကြက်ဥ၊ဘဲဥလျှော့။ ဟင်းရွက်ကိုပဲ ပိုစားမယ်။ ဟင်းသီးဟင်းရွက်ပါ လုံလောက်အောင်ဝယ်နိုင်ဖို့ခက်လာတဲ့အခါ၊ နောက်ဆုံးမှာဟင်းကိုလျှော့ပြီး ထမင်း
နဲ့ ဆားနဲ့ပဲ စားရတဲ့အခြေအနေကို ရောက်လာနိုင်ပါတယ်။ အဲဒီနောက်မှာတော့ မနက်စာကို ပျောက်တာ ဖြစ်လာနေပါပြီ။

အစာလျှော့စားခြင်းဟာ ဆင်းရဲမှုရဲ့ပထမဆုံးမြင်သာတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ “မနက်စာ ပျောက်သွားခြင်း”ဟာလူမှုရေးပြ
ဿနာတစ်ခု။မနက်စာ မစားနိုင်တာကို “ဒီနေ့ မစားဘူး” လို့တစ်ဦးချင်းအနေနဲ့ဆိုရင် ပြဿ
နာမဟုတ်ပေမယ့် လူအများကြီးအတွက် နေ့
စဉ်ဖြစ်လာပြီဆိုရင်တော့ ဒါဟာ လူမှုရေးပြဿနာတစ်ခု ဖြစ်လာတာပါပဲ။

မနက်စာမစားဘဲ အလုပ်သွားရတဲ့ အလုပ်သ
မားတစ်ယောက်ရဲ့အလုပ်လုပ်နိုင်စွမ်း၊ မနက်
စာမစားဘဲ ကျောင်းသွားရတဲ့ ကလေးတစ်ယောက်ရဲ့စာသင်နိုင်စွမ်း။တစ်နေ့ထက်တစ်
နေ့ အာဟာရ မလုံလောက်တဲ့ ကလေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု။ ဒါ‌တွေဟာ မိ
သားစုတစ်စုရဲ့ မီးဖိုချောင်ကို ကျော်လွန်ပြီး အခုချိန်အတွက်သာမက နိုင်ငံရဲ့ အနာဂတ်ဆီထိ ရောက်သွားတာပါ။

ဒီနေ့ မနက်စာမစားနိုင်တဲ့ကလေးဟာ မနက်
ဖြန်ရဲ့ အလုပ်သမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ လယ်သမား၊ ဆရာ၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာမယ့်ကလေးပါ။ ဒါကြောင့် မနက်စာပျောက်သွားခြင်းဟာ အစားအသောက်ပြ
ဿနာတစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ လူ့စွမ်းအားအရင်းအမြစ် ပြဿနာပါ။ ဒါဟာ ပညာရေးပြဿနာပါ။ ဒါဟာ ကျန်းမာရေးပြဿနာပါ။ ဒါဟာ ဆင်းရဲမွဲတေမှု ပြဿနာပါ။ နောက်ဆုံးမှာ နိုင်ငံရဲ့ အနာဂတ်ပြဿနာပါ။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်မှုထမ်းဥပဒေ၊ လုံခြုံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင်အခက်
အခဲ၊ ကုန်သွယ်ရေးနဲ့ ထုတ်လုပ်မှုအခက်အခဲတွေဟာ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ စစ်‌မြေပြင်မဟုတ်တဲ့ နေရာမှာလည်း မိသားစုတွေရဲ့ စားဝတ်နေရေးဟာ တဖြည်းဖြည်း ပြိုလဲ‌နေပါပြီ။

ဆင်းရဲခြင်းဟာ လူတစ်ယောက်တည်းရဲ့ အ
ပြစ်လို့ပဲမှတ်ယူလို့မရပါဘူး။ “အလုပ်ကြိုး
😢21🔥52🖕1
စားရင် စားနိုင်ပါတယ်” ဆိုတဲ့စကားဟာ အချို့အခြေအနေတွေမှာ မှန်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းအတွက် မမှန်ပါဘူး။ အလုပ်ရှိပေမယ့် လစာနဲ့ မလုံလောက်တာ၊အလုပ်လုပ်ချင်ပေမယ့် အလုပ်မရှိတာ၊ လုပ်ငန်းရှိပေမယ့် ကုန်ကျစရိတ်နဲ့ ရောင်းဈေး မမျှနိုင်တာ၊လယ်သမားဖြစ်ပေမယ့် ထုတ်လုပ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဈေးကွက်အခြေအ
နေတွေကြောင့်အမြတ်မကျန်နိုင်တာ။ စီးပွား
ရေးစနစ်၊ နိုင်ငံရေးအခြေအနေ၊အလုပ်အ
ကိုင်ဈေးကွက်နဲ့ လူမှုကာကွယ်စောင့်ရှောက်မှုစနစ်တွေ အားလုံးပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။

အရင်ခေတ်က ဘဲဥတခြမ်းကို ပြန်ပြောတဲ့အခါ ရယ်နိုင်ခဲ့ကြတဲ့ အချိန်တွေရှိခဲ့ပါတယ်။ “အဲဒီတုန်းက ဆင်းရဲလိုက်တာ” လို့ ပြောနိုင်ခဲ့ပါသေးတယ်။ဒါပေမယ့်ဒီနေ့မှာတော့ ကလေးတစ်ယောက်ရဲ့ မနက်စာပန်းကန်ကိုကြည့်ပြီး နောက်နှစ် ၂၀၊ ၃၀ ကြာတဲ့အခါ သူတို့လည်း “အဲဒီတုန်းက မနက်စာတောင် မစားနိုင်ဘူး” လို့ ပြန်ပြောရမယ့်အခြေအနေ ဖြစ်သွားတော့မှာကို အလွန် စိုးရိမ်ကောင်းပါတယ်။ ဘဲဥတခြမ်းဟာ အတိတ်ရဲ့ ရယ်စရာအမှတ်တရပဲ ဖြစ်သင့်တာပါ။ အနာဂတ်ရဲ့ စားပွဲပေါ်မှာတော့ ဘဲဥတစ်လုံးကို မိသားစုတစ်စုလုံး ခွဲစားရမယ့်အစား လူတစ်ယောက်ချင်းစီ လုံလုံလောက်လောက် စားနိုင်တဲ့နိုင်ငံ ဖြစ်‌စေချင်လှပါတယ်။

ကလေးတစ်ယောက်မနက်စာစားပြီး ကျောင်း
သွားနိုင်ဖို့၊ အလုပ်သမားတစ်ယောက် အလုပ်လုပ်ပြီး မိသားစုကို လုံလောက်အောင် ကျွေးနိုင်ဖို့၊လယ်သမားတစ်ယောက် စိုက်ပျိုးပြီး သူ့မိသားစုကို မငတ်ဘဲ ရပ်တည်နိုင်ဖို့၊ အဘိုးအဘွားတွေက အသက်ကြီးလာတဲ့အခါ သားသမီးတွေအပေါ် အပြည့်အဝမှီခိုစရာမလိုဘဲ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့၊ ဒါတွေက လူ့ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတဲ့ အခြေခံအခွင့်အရေးတွေပါ။

အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲတွေက ပြည်
သူတစ်ယောက်ရဲ့ မီးဖိုချောင်ထဲ၊ ကလေးတစ်ယောက်ရဲ့ မနက်စာပန်းကန်ထဲ၊ မိသားစုတစ်စုရဲ့ လစဉ်ဝင်ငွေနဲ့ ထွက်ငွေစာရင်းထဲအထိ ရောက်နေပါပြီ။ ဒီအခြေအနေအတိုင်း ရှေ့ဆက်ရမယ်ဆိုရင် “ဘဲဥတခြမ်း” ကို ပြန်လွမ်းစရာတောင် ဖြစ်လာတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဘဲဥတစ်လုံးကို တစ်ဝက်ခွဲပြီး စားခဲ့ကြပေမယ့် အခုကတော့ ဘဲဥတခြမ်းရှိဖို့တောင်မသေချာတော့တဲ့အ
ခြေအနေ ဖြစ်လာနေလို့ပါပဲ။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီအောက်မှာ နိုင်ငံက ဆက်ရှိနေသရွေ့ စီးပွားရေးပြန်လည်နာလန်ထူဖို့၊ အလုပ်အကိုင်တွေ ပြန်ကောင်းလာဖို့၊ ကုန်ဈေးနှုန်းတွေ ပြည်သူတွေရဲ့ ဝင်
ငွေနဲ့ လိုက်လျောညီထွေ ဖြစ်လာဖို့ဆိုတာ ပိုပြီးခက်ခဲနေဦးမှာပါ။မီးဖိုချောင်ထဲက အခက်
အခဲတွေ ပိုပြီး နက်ရှိုင်းလာဦးမှာ။ မနက်စာပျောက်သွားတဲ့ အိမ်တွေကလည်း ဒီထက်ပိုများလာဦးမှာ။ “မငတ်ရုံတမယ်” ဆိုတဲ့ဘဝကို ပုံမှန်ဘဝတစ်ခုလိုနေရမယ့် မိသားစုတွေလည်း အများကြီးဖြစ်လာမှာပါ။

ဘဲဥတခြမ်းဟာ အတိတ်က ဆင်းရဲခြင်းရဲ့ အမှတ်တရပဲ ဖြစ်သင့်ပါတယ်။ ဘဲဥတခြမ်းမျိုးဆက်ရဲ့ သားသမီးမြေးမြစ်တွေအလှည့်မှာ မနက်စာပါပျောက်ကွယ်သွားခြင်းကိုတော့ မြန်မာပြည် ရဲ့ အနာဂတ် မဖြစ်စေချင်တော့ပါ။ ။
😢21🔥8👍3🖕1
🔥15😢11🤣1
၂၀၂၁ နောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေး ၁၃၀,၀၀၀ ကျော်ရှိ

သြဂုတ်-၂၅၊၂၀၂၆။People's Spring

၂၀၂၁ ကစလို့ ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ထိ ကာလအတောအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ အမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ထိုင်းမှာ မြန်မာ ကလေးငယ် ၁၈၉၀၅ ဦး မွေးဖွားခဲ့ပြီး ၂၀၂၂ မှာ ၁၈၇၂၈ ဦး၊ ၂၀၂၃ မှာ ၂၄၁၅၄ ဦးနဲ့ ၂၀၂၄ မှာ ၂၅၀၈၇ ဦး အသီးသီး မွေးဖွားခဲ့တယ်လို့ စာရင်းတွေမှာ ပါရှိပါတယ်။

၂၀၂၅ မှာတော့ အဲဒီ အရေအတွက်ဟာ ၂၈,၈၆၉ ဦးထိ မြင့်တက်သွားပြီး မြန်မာမိခင်တွေက ထိုင်းမှာ နှစ်အလိုက် ကလေးမွေးဖွားမှု အများဆုံး ဖြစ်လာပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ နှစ်မကုန်သေးပေမယ့် ထိုင်းရောက် မြန်မာ အမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးဦးရေက ၁၆,၁၁၇ ယောက် ရှိပြီလို့​ဖော်ပြထားပါတယ် ။

အဲဒီ စာရင်းအင်း ကိန်းဂဏန်းတွေဟာ မိခင်တွေရဲ့ နိုင်ငံသားဖြစ်မှုအပေါ်မှာပဲ အခြေခံ ပြုစုထားတာဖြစ်ပြီးထိုင်းမှာမွေးဖွားတဲ့ က
လေးတွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ တခြားကိစ္စတွေအပေါ် သက်ရောက်မှု ရှိစေမှာ မဟုတ်ကြောင်း သိရပါတယ်။

ကိုးကား-Thaiger
18👍11😱1🤮1🤣1
ထိုင်း​ရောက်မြန်မာ​တွေရဲ့က​လေး​မွေးဖွားနှုန်းဟာ တစ်နှစ်ထက်တစ်ထက်ပိုများလာ​နေပါတယ်။ ဓါတ်ပုံ-Thaiger
👍32🥰5🤣2😱1🤮1
နေပြည်တော်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းတဲ့လူငယ် ဖမ်းဆီးခံရပြီး စစ်မှုထမ်းထည့်ခံရ

ဩဂုတ်-၂၅၊၂၀၂၆။မိုမို/People's Spring

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဆိုင်ကယ်စီး လူငယ်ကို ဆရာစံရပ်ကွက်ယာယီအုပ်ချုပ်ရေးမှူး ထွန်းမြတ်မင်းဦးဆောင်ပြီး နယ်မြေမှူးတွေ ဖြစ်တဲ့ မြင့်စိုးဦး၊ အောင်သူမင်း(ခ)ဆံရှည်၊ထိန်းလင်းနဲ့ အတူ အရံမီးသတ်တွေက ဩဂုတ် ဒုတိယပတ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"ဘာမှမဟုတ်တဲ့ ပြသာနာတစ်ခုလောက်ကို အကြောင်းပြပြီး စစ်မှုထမ်းပေါ်တာဆွဲနေတာ မလွန်ဘူးလားဆိုတာ သိချင်ပါတယ်"လို့ တပ်ကုန်းမြို့နယ် ဆရာစံကပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထွန်းမြတ်မင်း ဖမ်းဆီးပြီး စစ်မှုထမ်းစာရင်းထည့်သွင်းခံရတဲ့လူငယ်ဟာ အကြီးကောင် လို့ ခေါ်ဆိုသူလို့ ဆိုပါတယ်။

"အခုအဲဒီကလေးက မိုးဆွေ စစ်အအခြေခံလေ့ကျင့်တပ်ကိုရောက်နေပြီ"လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

မိုးဆွေ စစ်အခြေခံသင်တန်းကျောင်းက (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက-၂ မိုးဆွေ) နေပြည်တော်၊ဥတ္တရသီရိမြို့နယ်မှာ ရှိပါတယ်။

ဆရာစံရပ်ကွက် ယာယီအုပ်ချုပ်ရေးမှူးထွန်းမြတ်မင်းဟာ စစ်တပ်အာဏာသိမ်းပြီးချိန်နဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲမှုမှာဦးဆောင်သူတစ်ဦးအဖြစ် ဒေသခံတွေက ရှုမြင်ကြပါတယ်။

၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မတပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ် (၂၈)အထိ ရောက်နေပြီဖြစ်ပါတယ်။

စစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ ဆုံးရှုံး‌နေရတဲ့ တပ်အင်အားအတွက် စစ်မှုထမ်းဥပဒေအကြောင်းပြပြီးစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေ ပေါ်တာဆွဲနေတဲ့အပေါ် လူငယ်တွေအနေနဲ့ ရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
👍189🔥4👏2👎1😱1🎉1
(နေပြည်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအနီး တွေ့ရတဲ့ စစ်တပ်ယာဉ်တွေ။ ဓာတ်ပုံ - EPA)
👍11👎6🔥2😱21👏1
စစ်ကိုင်းမှာ ရဲတပ်ရင်းအနီး ကင်းစောင့်တဲ့ရဲတွေ တိုက်ခိုက်ခံရ

သြဂုတ်၂၅၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ပါတယ်။

​ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက် ညနေ ၃နာရီခွဲဝန်းကျင်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စစ်ကိုင်းမြို့ တပ်မ (၃၃)ကို သွားတဲ့ စစ်ယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီးမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က အသိပေးပါတယ်။

"နမခ ကနေ စစ်ကိုင်း တပ်မ ၃၃ ကို သွားတဲ့ယာဉ်တန်းကို ရဲတပ်ရင်း ၁၆ အနီးမှာ လုံခြုံရေးယူပေးရင်းနဲ့ ပြည်သူကားတွေကို ပိုက်ဆံကောက်နေတာဗျ။ အဲ့ဒါကို မိုင်းဆွဲပြီး ၄၀ မမ နဲ့ ပစ်ခဲ့တာ။ ဝင်ပစ်ဖို့အထိ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ပြန်ဆုတ်ခဲ့ရတယ်။ မိုင်းဆွဲတဲ့အချိန်မှာ ရဲ ၃ ကောင်က လွင့်ထွက်သွားတာတော့ မျက်မြင်မြင်ရတယ်ဗျ။ အဲ့နောက် ၄၀ မမ နဲ့ ပစ်တာတွေကလည်း သူတို့ကင်းယူတဲ့နား ကျတာဆိုတော့ ထိခိုက်မှုတွေ ရှိတယ်"လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

​တိုက်ခိုက်မှုအပြီးမှာတော့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်းရှိ မြို့နယ်နဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြေစာရင်းရုံး၊ ခရိုင်မြေစာရင်းရုံးနဲ့ စည်ပင်ရုံးတွေအပါအဝင် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ကြဖို့၊ ရုံးမတက်ဘဲ မိမိနေအိမ်မှာသာနေပြီး ပြည်သူနဲ့အတူ ပူးပေါင်းကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။

​ဒါ့အပြင် စစ်တပ်ရဲ့ ထောက်တိုင်ဖြစ်တဲ့ အဆိုပါ ဌာနဆိုင်ရာရုံးတွေကို မကြာမီအချိန်အတွင်း စတင်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူ့ဘက်မရပ်တည်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေသူတွေ ထိခိုက်ဒဏ်ရာရရှိပါက လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းလည်း သတိပေး ထုတ်ပြန်ထားပါတယ်။
👍299👏6🥰3👎1🤣1🖕1
(လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲဘော်အချို့အား ယခင်စစ်ဆင်ရေးများတွင် တွေ့ရစဥ် ဓါတ်ပုံံ-Screen Grab)
37👍10👏7🥰4🤮1🤣1🖕1
အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေး

ဩဂုတ်၂၅၊၂၀၂၆။People's Spring

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

အမျိုးသမီး‌‌ယာယီဆောင်မှာ အသိုးနံ့ထွက်နေတဲ့ ထမင်းတွေကျွေးနေပြီး ပြင်ပကလည်း ဝယ်စားခွင့် မပေးတာမို့ ဩဂုတ်၂၀ ရက်က တစ်ဆောင်လုံး အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

"အခုထိလည်း အဆင်မပြေကြဘူးလို့ ပြောပါတယ်။ရေသန့်လည်း သောက်ခွင့်မပေးဘူး။ပျက်နေတဲ့ရေသန့်စက်ကို ပြင်မပေးဘဲ ပိုက်ကလာတဲ့ ရေကိုသောက်ခိုင်းတာ။ဝမ်းလျောတဲ့ သူတွေတော် တော်များတယ်။ဒီအထဲကိုမှ ဝက်စာလိုထမင်းသိုးတွေ ကျွေးနေတာ။အမျိုးသမီးယာယီဆောင်ရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်"လို့ ‌‌ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဧည့်တွေ့ ကန့်သတ်မှုလည်းပြုလုပ်နေပြီး မူးယစ်နဲ့ တခြားရာဇဝတ်မှုတွေကိုသာ လွတ်လပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးယာယီဆောင်မှာ အချုပ်သူတွေအပါအဝင် အကျဉ်းသား ၉၀၀နီးပါးရှိပြီး (၃)အဆောင်မှာ ၃၀၀နီးပါးနဲ့ (၄)အဆောင်မှာ ၆၀၀နီးပါးရှိတယ်လို့ သိရပါတယ်။
😢32🤬72👍2👎1🔥1🤣1
🤬34👎3👍2🔥2🖕2🤮1🤣1
မတ္တရာအနောက်ခြမ်းကစစ်စခန်းနှစ်ခုကို​
ပကဖ တိုက်ခိုက် စစ်သား၆ဦးထပ်မနည်းသေဆုံး

ဩဂုတ်-၂၅၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်
တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ၁၃ ရက်နေ့၊မနက်၃နာရီခွဲအချိန်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းကကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်း
တပ်တွေကတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား၆ဦး ထပ်မနည်းမျက်မြင်သေဆုံးပြီး တော်လှန်ရေး တပ် တွေဘက်က အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ် တွေကထုတ်ပြန်ထားပါတယ်။

ဒီကျေးရွာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်
တပ်က မြေပြင်အင်အားတွေ တိုးခဲ့သလို ရေ
ကြောင်းကနေလည်းကုန်းတန်းကြီးရွာကို အင်
အားထပ်တိုးတာလုပ်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

"သုံးဆယ်ပေ၊သဖန်းထောင့်နဲ့ ကုန်းတန်းကြီးကို တော့ အင်အားထပ်တိုးထားတယ်။ကျန်တာကတော့ ငြိမ်နေတာပဲ။အဲဒီတလောက တော့ ရေကြောင်းကနေ သင်္ဘော၂စီးတခါ ၁စီး၁ခါလာသေးတယ်။အရှေ့ မတ္တရာကားလမ်းကနေ လည်း အင်တားတိုးတာမျိုးလည်း လုပ်ခဲ့တယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်စခန်းတွေတိုက်ခိုက်ခံရတဲ့ နေမှာပဲ သဖန်းဒေါင့်ရွာကနေစစ်ကိုင်းမြို့နယ်အ
တွင်းကို စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့တာမို့ပြည်သူတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကိုမတ္တရာမြို့နယ်ပကဖရဲ့ ဦး
ဆောင်မှုနဲ့အတူ Generation Z Power (GZP)၊ချမ်းမြသာစည်မြို့နယ်ပကဖ၊ပုသိမ်
ကြီးမြို့နယ်ပကဖ၊အောင် မြေသာစံမြို့နယ်
ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖြစ်ပါတယ်။

မတ္တရာမြို့နယ်အ​​ရှေ့ခြမ်းကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ ဇွန်လကစပြီး ၁၀၂၇ ဒုတိယလှိုင်း ​ခေါ် ရှမ်းမန်းစစ်ဆင်​ရေးနဲ့ထိုးစစ်ဆင်ပြီး စစ်စခန်း ၄၀ ​ကျော်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဒါ​ပေမယ့် စစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ တန်ပြန်
ထိုးစစ်ဆင်ရင်း မတ္တရာမြို့နယ်ကိုပြန်ထိန်း
ချုပ်ခဲ့ပါတယ် ။
👏348🥰4👍2🔥2🤣1🖕1
စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့စစ်သုံးပစ္စည်းအချို့။ဓါတ်ပုံ-GZP
👍33🥰63🔥2👎1🖕1
ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံရမှု တရားမျှတမှု ရှိစေရေး ဆက်ကြိုးပမ်းမယ်လို့ ဗြိတိန်နဲ့ ကနေဒါပြော

■စစ်အုပ်စုကို လက်တွေ့ကျတဲ့ အရေးယူမှု လုပ်ဖို့ အချိန်တန်နေပြီလို့ NUG ထုတ်ပြန်

ဩဂုတ်-၂၅၊၂၀၂၆။ထားမြတ်/People’s Spring

ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ တ
ရားမျှတမှု ရှိစေရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်ရက်စက်မှုကျူးလွန်တာကိုးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအကြီးအကဲ Andrew Jackson ကဩဂုတ် ၂၅ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“ယူကေအစိုးရအနေနဲ့ အစဥ်တစိုက် အခိုင်
အမာ ပြောကြားထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းမည်သည့်နေရာဒေသတွင်မဆို ဖြစ်
ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအ
တွက် တာဝန်ခံမှု၊ တရားမျှတမှု ရှိစေရန် ကု
လသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာမိတ်ဖက်များနဲ့ပူးပေါင်းကာ ဆက်
လက် ကြိုးပမ်းသွားမှာဖြစ်ပြီး၊ ရိုဟင်ဂျာအ
သိုက်အဝန်းများအပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ ဂုဏ်သိက္ခာ မြှင့်တင်ကာကွယ်ရေးအတွက်ကိုလည်း ဆက်
လက် ကတိကဝတ်ပြု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"လို့ သံရုံးအကြီးအကဲကပြောကြားခဲ့တာပါ။

၂၀၁၇ ခုနှစ် သြဂုတ်လမှာ စစ်တပ်ကနယ်မြေ
ရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ ရိုဟင်ဂျာအသိုက်
အဝန်း​တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု​တွေကျူးလွန်ခဲ့ခြင်းဟာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပေမဲ့ ရိုဟင်ဂျာအသိုက်အဝန်းများဟာ ယနေ့တိုင် နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်တွေအပေါ်ပြင်းထန်တဲ့ကန့်သတ်မှုများ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ရိုဟင်ဂျာများကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာအပြည့်
အဝ ပါဝင်ခွင့်ပေးခြင်း မရှိဘဲ ရေရှည်တည်
တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသူများအားလုံးထံ အကူအညီများရောက်ရှိနိုင်စေဖို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်ရေးဟာလည်း အရေးကြီးတဲ့ ဦးစားပေးကိစ္စတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

"စိန်ခေါ်မှုများစွာ ဆက်ရှိနေတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ရိုဟင်ဂျာများနဲ့ အခြား လူနည်းစုအသိုက်အဝန်းများဆက်လက်ရင်
ဆိုင်နေရတဲ့ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်
ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာ နဲ့ ကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေဖို ကျွန်တော်တိုအထူးတိုက်တွန်းပါတယ်” လို့ဗြိတိသျှသံရုံးအကြီးအကဲကပြောပါတယ်။
ယနေ့ဟာရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာ ကိုးနှစ်
မြောက်ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် အရပ်သား ၇,၀၀၀ ဦး သေဆုံးခဲ့ရကာ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အကြီးအကျယ် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာမှု ဖြစ်ပေါ်ခဲ့တယ်လို့က​နေဒါသံရုံးက​​ဖော်ပြပါတယ် ။

ရိုဟင်ဂျာ ဒုက္ခသည်အရေးအကျပ်အတည်ဟာ ကမ္ဘာပေါ်မှာ ရေရှည်တည်ရှိနေဆဲဖြစ်တဲ့ အကြီးမားဆုံး ဒုက္ခသည်အရေးအကျပ်အ
တည်း​​တွေထဲ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။ဒေသတွင်း၌ ရိုဟင်ဂျာ ၁.၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတဲ့ အခြေအနေဖြစ်ပြီး ၁.၂ သန်းခန့်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံ့​နေရပါတယ် ။
👍34🥰65🤮1🤣1🖕1
၂၀၁၇ သြဂုတ်လမှာစစ်တပ်ရဲ့နယ်​မြေရှင်း
လင်း​ရေး​ခေါင်းစဥ်နဲ့ အကြမ်းဖက်မှု​ကြောင့်
ရိုဟင်ဂျာ​တွေ ဘဂ်လား​ဒေရှ်နိုင်ငံသို့ ထွက်​ပြေး​နေကြစဥ်။ဓါတ်ပုံ-The New Yourk Times
👍338🥰2🤮1🤣1🖕1
စစ်ကောင်စီ ရက် ၁၀၀အတွင်း နိုင်ကျဉ်းတွေ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိ၊ အကျဉ်းသား ၅ ဦး သေဆုံး

သြဂုတ် ၂၅၊၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သမ္မတနေရာကို ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းကာလအတွင်း အကျဉ်းထောင်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး PPNM က ထုတ်ပြန်လိုက်တာပါ။

မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ အတွင်းမှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၁ ခုအထိ စနစ်တကျ ကျူးလွန်ခံခဲ့ရကြောင်း PPNM က ထုတ်ပြန်ပါတယ်။

​စစ်ကောင်စီဟာ နိုင်ငံတကာဖိအားကို ရှောင်လွှဲဖို့ ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့်တွေ ပြုလုပ်ခဲ့ပေမဲ့ အမှန်တကယ်မှာနိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မှု အလွန်နည်းပါးခဲ့တဲ့အပြင် ထောင်တွင်းဖိနှိပ်မှုတွေ ပိုမိုဆိုးရွားလာခဲ့ကြောင်း PPNM က အသိပေးပါတယ်။

အကျဉ်းထောင်အတွင်းကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ အချိန်မီ ဆေးရုံလွှဲပြောင်းမပေးတာတွေကြောင့် ပြည်၊ သာယာဝတီ၊ ပေါင်းတည်နဲ့ အိုးဘိုထောင် အကျဉ်းထောင်တွေက ရင်ကြပ်၊ သွေးတိုးနဲ့ ဦးနှောက်သွေးကြောပေါက် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသား ၅ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း PPNMက ထပ်မံအသိပေးပါတယ်။

ဒါ့အပြင် မကွေး၊ သာယာဝတီ၊ အင်းစိန်၊ ကျိုက်မရော၊ အိုးဘိုနဲ့ ဒိုက်ဦးထောင်တွေမှာ စည်းကမ်းထိန်းသိမ်းရေးအကြောင်းပြကာ စာအုပ်နဲ့ ပစ္စည်းတွေ သိမ်းဆည်းတာ၊ တိုက်ပိတ်တာ၊
နံပါတ်တုတ်နဲ့ နံပါတ်တုတ်တွေ၊ ရာဘာတုတ်တွေနဲ့ ရိုက်နှက်တာ၊ နေပူထဲ ပုံစံထိုင်ခိုင်းတာ၊ ရေနဲ့ အစာ ဖြတ်တောက်တာ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခံခဲ့ရတယ်လို့ PPNM က ရှင်းပြပါတယ်။

ဒါ့အပြင် လွတ်ရက်စေ့သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ မတရားအမှုထပ်တိုးတာ၊ ငွေကြေးတောင်းခံတာ၊ အဓမ္မလုပ်အားခိုင်းစေတာနဲ့ ကိုယ်ဝန်ဆောင်နိုင်ငံရေးအကျဉ်းသူတွေအပေါ် စောင့်ရှောက်မှုပေါ့ဆလို့ မွေးကင်းစကလေးတွေ အသက်ဆုံးရှုံးရတဲ့အထိ ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ PPNMက ဆိုပါတယ်။

လက်ရှိမှာလည်း အကျဥ်းထောင်အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အစီအစဥ်တကျ ဆက်လက်ဖြစ်ပေါ်နေုပြီး ဆေးကုသခွင့်မရတာတွေကြောင့် အသက်ဆုံးရှုံးရတာတွေ၊ ရိုက်နှက်ညှင်းပန်းမှုတွေကြောင့် မတရားအရေးယူခံရမှုတွေရှိနေကြောင်း PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

"ဒါက အရမ်းကို စိုးရိမ်စရာကောင်းတဲ့အခြေအနေ ဖြစ်ပါတယ်။ ​သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အကျဥ်းသားတွေရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဆေးကုသခွင့်တွေကို အာမခံပေးဖို့လိုတယ်။ အခြေအနေတခုခုဖြစ်လာတဲ့အချိန်တိုင်းမှာလည်း လွတ်လပ်စွာ၊ ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်"လို့ ၎င်းက ပြောပါတယ်။

​PPNM ရဲ့ မှတ်တမ်းတွေအရ ယခုကာလအတွင်း ထောင်တွင်းသေဆုံးမှု (၅) ခု၊ ညှဉ်းပန်း/တိုက်ပိတ်ခံရမှု (၆) ခု၊ မတရားအမှုထပ်တိုး/ပြန်ဖမ်းခံရမှု (၃) ခု အပါအဝင်စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၂၁) ခုကို လက်လှမ်းမီသမျှ အတည်ပြုထားနိုင်ပြီး မြေပြင်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဥ်တွေဟာ စစ်ကောင်စီရဲ့ ဟန်ပြလှည့်ကွက်နောက်ကွယ်မှာ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေကို စနစ်တကျ ဖိနှိပ်နေတာကို သက်သေပြနေကြောင်း၊ ဒါ့ကြောင့် ​ဒါ့ကြောင့် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ ဟန်ပြလုပ်ရပ်တွေကို ပယ်ချပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် ထိရောက်တဲ့ အရေးယူဖိအားပေးမှုတွေ ချက်ချင်းဆောင်ရွက်ဖို့ PPNM က အလေးအနက် တိုက်တွန်းထားပါတယ်။
😡274👍4🤬3👎1🤣1
(နာမည်ကျော် အင်းစိန်ထောင်ရှေ့မြင်ကွင်း။ ဓာတ်ပုံ − EPA)
👍14🖕6🤮52👎1🤬1🤣1
ဆောမြို့နယ်က စစ်ဆင်ရေးအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရ

ဩဂုတ်-၂၅၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်ကနေ ဒီကနေ့ (သြဂုတ် ၂၅ ရက်)အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့သက်ဆိုင်ရာ အဆင့်ဆင့်ကွပ်ကဲမှုတွေအလိုက် ဆောမြို့နယ်အတွင်း ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ရန်သူ စစ်တပ်ထံက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သူရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးထားတာဖြစ်ပါတယ်။

ဖော်ပြထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ လက်နက် အလက် ၂၀ ကျော်နဲ့ ခဲယမ်း၊ဗုံးသီးတွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေအများအပြား တွေ့ရပါတယ်။

"ဆောနယ် စစ်ဆင်ရေးမှာ မကွေးတိုင်းအတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ PDF တွေရဲ့ အမိန့်နာခံမှု ၊ စုစည်းမှု ၊ ညီညွတ်မှု နဲ့ လုပ်နိုင်စွမ်းကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ဂုဏ်သိက္ခာရှိစွာ ကျန်ရစ်နေစေမှာ ဖြစ်ပါတယ်"လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

စစ်ဆင်ရေးကာလအတွင်း အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေအတွက်လည်း အစဉ်အမြဲ အောက်မေ့သတိရနေမှာဖြစ်ပြီး ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးမှာ ကျရာတာဝန်ကို ထမ်းဆောင်ရင်း အောင်မြင်ပြီးဆုံးသည့်တိုင်အောင် ဆက်လက် လျောက်လှမ်းကြရဦးမယ်လို့ သူက အသိပေးပါတယ်။

"လောင်းရှည်ကနေ ဆောဘက်တိုးနေတဲ့စစ်ကြောင်းကို ခရိုင်စစ်ဌာနတွေရဲ့ ရင်းတွေ စီမံကွပ်ကဲနေတာ။တိုက်နေကြတာပေါ့။အခုထိလည်း တိုက်ပွဲက နေ့စဉ်လိုလို ရှိပါတယ်"လို့ ဆောမြို့နယ်(ယောဒေသ)စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်

ဆောမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၃ကြိမ်မြောက် လက်နက်ခဲယမ်းရရှိမှုနဲ့ပတ်သက်လို့ အခု ဩဂုတ် ၁၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားဖူးပါတယ်။

ဆောမြို့နယ်မှာ လောင်းရှည်မြို့ကနေ ဆောမြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေသလို ဆောမြို့နယ် ကျောက်ထုမြို့ကနေတဆင့် ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ် နီးပါးတိုက်ပွဲတွေ ဖြစ်နေပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်က အဓမ္မပေါ်တာဆွဲခံခဲ့ရပြီးပါလာခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေအနေနဲ့လည်း မိသားစုနဲ့ ပြန်လည်ဆုံတွေ့လိုရင် အလင်းဝင်ရောက်ဖို့ တော်လှန်ရေးတပ်တွေက
တိုက်တွန်းထားပါတယ်။

အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ပါကချေမှုန်းတာကို ခံရမယ်လို့ PDF စစ်ရုံးချုပ်က သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ကူညီဖေးမနိုင်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)ကနေ စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ပေါက်မြို့ကတဆင့် ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့အတွင်း ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုမြို့က စစ်ကြောင်းဟာ မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ်ကို စစ်တပ်က တပ်မ-၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ခန့်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
30👍9🥰3👏2🖕2👎1🤣1
(ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Sayar Zin Ko Win)
👍35👏104🤣3🥰2👎1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️၂၀၂၁ နောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက ကလေးငယ် ၁၃၀,၀၀၀ ကျော် မွေးဖွား

စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်အထိ ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်က ထိုင်းမှာ မြန်မာ ကလေးငယ် ၁၈,၉၀၅ ဦး မွေးဖွားခဲ့ပြီး ၂၀၂၂ မှာ ၁၈,၇၂၈ ဦး၊ ၂၀၂၃ မှာ ၂၄,၁၅၄ ဦးနဲ့ ၂၀၂၄ မှာ ၂၅,၀၈၇ ဦး အသီးသီး မွေးဖွားခဲ့တယ်လို့ စာရင်းတွေမှာ ပါရှိပါတယ်။၂၀၂၅ မှာတော့ မြန်မာမိခင်တွေ မွေးဖွားတဲ့အရေအတွက်ဟာ ၂၈,၈၆၉ ဦးထိ မြင့်တက်သွားပြီး မြန်မာမိခင်တွေက ထိုင်းမှာ နှစ်အလိုက် ကလေးမွေးဖွားမှု အများဆုံး ဖြစ်လာပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ နှစ်မကုန်သေးပေမယ့် ထိုင်းရောက် မြန်မာ အမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးဦးရေက ၁၆,၁၁၇ ယောက် ရှိပြီလို့​ ဖော်ပြထားပါတယ်။

◾️ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုကျူးလွန်မှု ၉ နှစ်ရှိပြီ

ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ တရားမျှတမှု ရှိစေရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုကျူးလွန်တာ ၉နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန်က ဒီနေ့ ဩဂုတ် ၂၅ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ အစဥ်တစိုက် အခိုင်အမာ ပြောကြားထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာမဆို ဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှု၊ တရားမျှတမှု ရှိစေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာမိတ်ဖက်များနဲ့ပူးပေါင်းကာ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အန်ဒရူးဂျက်ဆန်က ပြောပါတယ်။ ရိုဟင်ဂျာအသိုက်အဝန်းများအပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ ဂုဏ်သိက္ခာ မြှင့်တင်ကာကွယ်ရေးအတွက်လည်း ဆက်လက် ကတိကဝတ်ပြု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သံရုံးအကြီးအကဲက ထည့်သွင်းပြောကြားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်မှာ စစ်တပ်က နယ်မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ ရိုဟင်ဂျာအသိုက်အဝန်း​တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု​တွေကျူးလွန်ခဲ့ခြင်းဟာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ရိုဟင်ဂျာအသိုက်အဝန်းများဟာ ဒီနေ့တိုင် နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်တွေအပေါ်ပြင်းထန်တဲ့ ကန့်သတ်မှုများ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ ဗြိတိန်က ဆိုပါတယ်။ ကနေဒါသံရုံးကလည်း ဒီနေ့က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာ ၉နှစ်မြောက်ဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် အရပ်သား ၇,၀၀၀ ဦး သေဆုံးခဲ့ရကာ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အကြီးအကျယ် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာမှု ဖြစ်ပေါ်ခဲ့တယ်လို့ က​နေဒါသံရုံးက​​ဖော်ပြပါတယ်။

◾️KIA တိုက်ခိုက်လို့ စစ်တပ်စစ်ကြောင်း အထိနာ ပိတ်မိနေ

ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးယူပေးမယ့် စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ရွှေကူမြို့နယ် သင်္ဘောအင်းရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတွေ တင်လာတဲ့ စက်လှေ ထိမှန်ပေါက်ကွဲခဲ့သလို မြေပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ထွက်ပြေးခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့အတွက် ကချင်ပြည်နယ်ကို စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းလာရာ စစ်သင်္ဘောအုပ်စုဟာ ဒီနေ့ ဩဂုတ် ၂၅ရက်မှာ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်ကနေ အထက်ဘက်ကို ဆန်တက်သွားပြီဖြစ်ပါတယ်။ အဲဒီ စစ်ကောင်စီ သင်္ဘောအုပ်စု လုံခြုံရေးအတွက် စစ်သားတွေက ဧရာ၀တီမြစ် အနောက်ဘက်ကမ်းဘက် ထိုးလာရာ စစ်လှေကမ်းကပ်နေစဉ်မှာ တိုက်ခိုက်ခံရခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၂၄ရက် မနေ့က ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို စက်လှေနဲ့ ကူးလာစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကလည်း မြစ်ကမ်းကနေ နောက်ဆုတ်လည်းမရ၊ ရှေ့တက်လည်းမရနဲ့ ဝိုင်းပတ်ပိတ်ဆို့ခံနေရတဲ့ သဘောဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️ဆောနယ် စစ်ဆင်ရေးအတွင်း စစ်တပ်ဆီက လက်နက်ခဲယမ်းတွေ သိမ်းရ
14👍6🤮1🤣1🖕1