စစ်ကိုင်းရေဘေးအတွက် EU ထောက်ပံ့ငွေတွေကို စစ်အုပ်စုကတဆင့် မပေးပို့ဘဲ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေ ပေးပို့ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်း
သြဂုတ် ၂၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။
အဆိုပါ တိုက်တွန်းတောင်းဆိုချက်ကို စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်ကော်မတီတွေနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် အဖွဲ့ဝင် ၄၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဩဂုတ် ၂၄ ရက်စွဲနဲ့ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen နဲ့ ဥရောပသမဂ္ဂ လူသားချင်းစာနာမှုနှင့် ပြည်သူ့ကာကွယ်ရေးဌာန (ECHO) ညွှန်ကြားရေးမှူးချုပ် Maciej Popowski တို့ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ကာ တောင်းဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က စစ်ကိုင်းတိုင်းအတွင်းရှိ သဖန်းဆိပ်ဆည်နဲ့ ကာဘိုးဆည်တွေက ရေတွေကို စစ်ကောင်စီတပ်က ပြည်သူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖောက်ချခဲ့တာကြောင့် ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင် စတဲ့ မြို့နယ် ၁၁ ခုမှ ဒေသခံပြည်သူ ၁.၂ သန်းကျော် ရေဘေးဒုက္ခဆိုးဝါးစွာ ကြုံတွေ့ခဲ့ရကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကိုင်းတံတားထိပ်ကနေ အလှူပစ္စည်းနဲ့ ကယ်ဆယ်ရေးယာဉ်တွေကို သိမ်းယူတာနဲ့ အသေခံဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ကျူးလွန်နေကြောင်း ထောက်ပြထားပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ယူရို ၁၀.၅ သန်း ထပ်မံပံ့ပိုးကူညီပေးမယ့်အပေါ် ကြိုဆိုပေမယ့် အဆိုပါအကူအညီတွေကို စစ်အုပ်စုလက်ထဲ မရောက်ရှိစေဘဲ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေထံ အချိန်နဲ့ တပြေးညီ ရောက်ရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေတစ်ဆင့် ဆောင်ရွက်ပေးဖို့ သပိတ်အင်အားစုက အလေးအနက် တိုက်တွန်းထားပါတယ်။

👍35❤15🥰2🤮2👌1🤣1
(ရေဘေးသင့်ဒေသများတွင် သွားရောက်ထောက်ပံ့နေသော သပိတ်အင်အားစုများအား တွေ့ရစဥ်။ ဓါတ်ပုံ-စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု)
👍35🥰11❤4🖕2🤮1
အင်အားဖြည့်တင်းထားတဲ့ စစ်တပ်က မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးမအနီးမှာ စစ်ကြောင်းထိုးနေ
ဩဂုတ်-၂၅၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ပြန်ထိန်းချုပ်ဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် စစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
"မင်းတုန်းအနောက်ခြမ်း ရိုးခြေ(ရခိုင်ရိုးမအောက်ခြေ) ကျေးရွာတွေကို အင်အားဖြန့်နေတယ်။စစ်ကြောင်းထိုးတယ် ပြောရမယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ-၁၂ ) ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။
"ထိတွေ့ တိုက်ပွဲတွေ တော့ မရှိသေးဘူး"လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးမှုများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာ ပြန်ပတပ်စွဲနေခဲ့ရပါတယ်။
မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးခြေရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။
ပထမအကြိမ် ထိုးစစ်မှာရှုံးနိမ့်ခဲ့တဲ့ စစ်တပ်ရဲ့တပ်သားတချို့ကို လက်နက်တွေနဲ့ တော်လှန်ရေးတပ်တွေထံ ထွက်ပြေးလာခဲ့တာရှိပါတယ်။
ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ဟာ သရက်မြို့အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း (ခလရ - ၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေပါ၀င်ပါတယ်။အခုတခါ စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာ မသိရသေးပါဘူး။

❤20👎11👍4👏3🤬3🔥2😁1
■ဆောင်းပါး
ပိုင်ရှင်မဲ့သွားတဲ့ ပုတီးတစ်ကုံး
ထွန်းညိုဦး/People's Spring
သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်
နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။
ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ ခုနှစ်မှာတော့တရားစခန်းတွေပြန်ဖွင့်ခဲ့တယ်။
အခု ဝါတွင်းကာလတရားစခန်းမှာလည်း လာဝင်တဲ့သက်ကြီးရွယ်အိုတွေ များခဲ့တယ်။ မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရတယ်။
မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ တရားဖြုတ်တယ်။ ယောဂီတွေ ခဏနားဖို့ ကိုယ့်နားနေဆောင်ကို ပြန်ဖို့ အမှတ်သတိလေးနဲ့ ထကြတယ်။ အဲဒီအချိန်မှာပဲ ကြီးမားတဲ့ ပေါက်ကွဲသံကြီးတွေပေါ်ထွက်လာပြီးယောဂီတွေလည်းလွင့်စင်သွားတော့တယ်။ အာဏာသိမ်းစစ်တပ်က အဲဒီတရားစခန်းကို လေကြောင်းတိုက်ခိုက်လိုက်တာပါ။
"သင်တန်းတရားပြီးသွားပြီ။ အထဲကနေ အ
ပြင်ထွက်တဲ့အချိန် ကိုယ့်နေရာလေးကို နားနေဆောင်မှာ ပြန်ကြပြီပေါ့။ နားနေဆောင်မှာ ရောက်တဲ့အချိန်ပေါ့"လို့ ဒေသခံ ကိုစိုး
(အမည်လွှဲ)ကပြောပါတယ်။
ယောဂီတွေ သွေးထွက်သံယိုတွေနဲ့ သေဆုံးသွားကြတယ်။ တချို့ယောဂီတွေ ခြေပြတ်လက်ပြတ်။တချို့ယောဂီတွေနားတွေအူထွက်သွားတယ်။ကယောင်ကတမ်းနဲ့ ပြေးကြလွှားကြတယ်။ "မသေဘဲ ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်ပြီး အနီးစပ်ဆုံး ဆေးခန်းတို့ဘာတို့ ပို့ရတယ်။ တချို့လူကြီးတွေဆိုရင် နားတွေပါအူပြီးမကြားရတော့တာရှိတယ်။တချို့တွေ သွေးရူးသွေးတန်းနဲ့ပတ်ပြေးတာတွေရှိတယ်"
လို့ တွေ့မြင်ခဲ့တဲ့ ကိုစိုးက ပြောပြတယ်။
တရားစခန်း လေကြောင်းဗုံးကြဲခံရတယ်ဆိုတော့ သားတွေသမီးတွေလည်းအပြေးအ
လွှားရောက်လာကြတယ်။ အသက်မီသူလည်းမီ၊ မမီသူလည်းမမီကြတော့။ သေဆုံးသူတွေအလောင်းတွေကို စောင်တွေနဲ့ပတ်ထားရတယ်။ စောင်မလွယ်တဲ့သူတချို့ကိုတော့ ခြင်ထောင်နဲ့ပဲ ပတ်ပေးထားတယ်။
"သေဆုံးသူတွေကငါးဆယ်ကျော်ပိုင်းတွေချည့်ပဲ။အမျိုးသားတွေပိုများတယ်။ကျတဲ့နေ
ရာက အမျိုးသားယောဂီဆောင်ပေါ် တည့်ကျတာဖြစ်လို့။"လို့ ကိုစိုးက ပြောတယ်။
အဲဒီနေ့ကယောဂီတွေ၁၄ယောက်သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲက ဒီကနေ့မှာ ဆုံးရှုံးတာက တစ်ယောက်ထပ်တိုးတော့ အကုန်လုံး ၁၅ ယောက်ရှိပြီလို့ ဒေသခံတွေက ပြောတယ်။ ဒဏ်ရာရသူကလည်း ၂၇ ဦးတောင်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသူက နှစ်ယောက်လောက်ရှိတယ်လို့ သိရတယ်။ "ကျန်တာတွေကတော့ ခြေထောက်ဖြတ်ရမယ့်ဟာတို့၊ လက်ဖြတ်ရမယ့်ဟာတို့။ အသက်ကြီးပိုင်းတွေချည့်ပဲ တရားစခန်းဆိုတော့"လို့ ကိုစိုးက ပြောတယ်။
တကယ်တော့ တရားထိုင်ပြီးရင် ရွာထဲကလူတွေလည်း ဥပုသ်နေ့မို့ သီလ လာယူကြတော့မှာပါ။ "ရွာထဲက အစောရောက်တဲ့သူတွေထိတာ။ အများကြီး မလာကြသေးဘူးပေါ့။ ယောဂီတွေလောက်ပဲ ရှိသေးတာကိုး။ ဒီထက့်နောက်ကျသွားရင် ဆုံးရှုံးမှုဒီ့ထက်များမယ်"
လို့ ကိုစိုးက ပြောပြတယ်။
တကယ်တော့ အာဏာသိမ်းစစ်တပ်ရဲ့လေယာဥ်လာတာကို ဒေသခံတွေ သိခဲ့ပါတယ်။ သို့ပေမဲ့ ထင်မထားခဲ့ဘူး။ "လေယာဥ်လာတော့လည်း ဝဲတော့လည်း သိတော့သိတယ်။ တရားစခန်းဆိုတော့ မချလောက်ဘူးထင်တာပေါ့။ ယောဂီတွေလည်း ဒီအတိုင်းပဲ သူ့ဟာသူနဲ့သူနေနေတာ။ပြီးကျမှချသွားတာ"လို့ ကိုစိုးက ပြောပြတယ်။
အာဏာသိမ်းစစ်တပ်ကတော့ ထုံးစံအတိုင်း PDF စခန်း ဗုံးကြဲတာလို့ ဝါဒဖြန့်ပြန်ပါတယ်။ ဗုံးကြဲခံခဲ့ရတဲ့ တရားစခန်းထဲမှာတော့ တရားထိုင် သင်ဖြူးဖျာလေးတွေ၊ ခြေထောက်မနာအောင်ခင်းတဲ့အညာစောင်ကလေးတွေဟာ
ပြန့်ကျဲနေတယ်။ တရားထိုင်ဖျာလေးအနီးမှာတော့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သံ
သရာလည်ပတ်ပုံကိုပြတဲ့ ပဋိစ္စသမုပ္ပါဒ် စက်
ဝိုင်းဒေသနာတော်လက်ကမ်းစာရွက်လေးတစ်ရွက်ရယ်၊ ပုတီးလေးတစ်ကုံးရယ်၊ သွေး
ဆေးဘူးလေးရယ်၊ ညောင်းရင်နာရင်လူးဖို့ လိမ်းဆေးဘူးလေးရယ်က ပိုင်ရှင်မဲ့သွားခဲ့ပါပြီ။ ။

🔥18😢14❤8🖕2🤮1💔1
■အတွေးအမြင်
"ပျောက်ကွယ်သွားတဲ့ မနက်စာနှင့်
ဘဲဥတခြမ်းကနေ မငတ်ရုံတမယ်ဘဝဆီ"
- အေးခိုင်ဦး ရေးသားသည်။
အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။
မဆလခေတ်ကစီးပွားရေးကျပ်တည်းမှုတွေကြားမှာ မိသားစုတော်တော်များများရဲ့ ထ
မင်းဝိုင်းမှာဘဲဥတစ်လုံးဟာလူတစ်ယောက်စာ မဟုတ်ခဲ့ပါဘူး။ ဘဲဥတစ်လုံးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်တစ်ခြမ်း ဝေစားရတယ်။ အာလူးနဲ့ ရောချက်ရင်လည်းဘဲဥတခြမ်း၊ အာလူးတခြမ်းက တစ်ယောက်စာဟင်းဖြစ်ခဲ့တာပါ။
ပဲဟင်းတစ်အိုးရှိရင်တောင် “ဆမ်းတဲ့သူက မသောက်ရ၊ သောက်တဲ့သူက မဆမ်းရ” ဆိုတဲ့ ရယ်စရာလိုလို၊ဝမ်းနည်းစရာလိုလို စည်းမျဉ်း
မျိုးနဲ့ စားခဲ့ရတဲ့အိမ်တွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက“ဘဲဥတခြမ်း”ဟာနောက်ပိုင်းမှာလူတွေ ပြန်ပြောရယ်မောစရာ အမှတ်တရတစ်ခုလို ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် အခုချိန်မှာ အဲဒီဘဲဥတခြမ်းကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ အခု မြန်မာပြည်မှာ ဘဲဥကို တခြမ်းပဲစားရတာ မဟုတ်တော့ပဲ မနက်စာကိုစားဖို့တောင်ခက်လာနေတဲ့ မိ
သားစုတွေ ရှိလာနေပါပြီ ။ ဘဲဥတခြမ်းဟာ အတိတ်မဟုတ်တော့ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို GDP၊ ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကုန်သွယ်ရေးလို ကိန်းဂဏန်းတွေနဲ့ တိုင်းတာလို့ရပါတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက်အတွက်တော့ နိုင်ငံ့စီးပွားရေးဆိုတာ အဲဒီကိန်းဂဏန်းတွေမဟုတ်ပါဘူး။ မနက်အိပ်ရာထတဲ့အခါကလေးကိုဘာကျွေးရမလဲ။ ဟင်းချက်တဲ့အခါ ဆီကို ဘယ်လောက်လျှော့သုံးရမလဲ။ဒီနေ့ အတွက် ဆန်ဘယ်လောက်ကျန်သေးလဲဆိုတာက ပိုအရေးကြီးတာပါ။
ကြက်ဥ၊ဘဲဥ၊အသား၊ငါးတွေကအရင်က
တည်းက မကြာခဏ မစားနိုင်တဲ့ အစားအစာတွေ ဖြစ်ခဲ့တာထဲကနေ အခုတော့ အခြေခံစားသောက်ကုန်တချို့တောင် မိသားစုဘတ်
ဂျက်နဲ့ မကိုက်တော့တဲ့ အခြေအနေတွေ ပိုများလာပါပြီ။“ဘဲဥတခြမ်း” ဟာအတိတ်က အမှတ်တရတစ်ခုဖြစ်ရုံ မဟုတ်တော့ဘဲဆင်း
ရဲမွဲတေမှုဘယ်လောက်အထိနက်ရှိုင်းလာနိုင်သလဲဆိုတာမြင်သာစေတဲ့အရာဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာစစ်ဘေးရှောင်နေရသူတွေဘယ်လောက်ဒုက္ခရောက်နေကြတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ အိမ်ဆုံးရှုံးရတယ်။ ရွာဆုံးရှုံးရတယ်။ အလုပ်ဆုံးရှုံးရတယ်။ ပညာရေးဆုံးရှုံးရတယ်။ အသက်မွေးဝမ်း
ကျောင်းဆုံးရှုံးရတယ်။ အသက်ဆုံးရှုံးရတယ်။ ဒါပေမယ့် စစ်ဘေးမရှောင်ရတဲ့ သူတွေလည်း အားလုံးအဆင်ပြေနေကြတာ မဟုတ်ပါဘူး။ မြို့ပေါ်က အိမ်တစ်အိမ်မှာ မီးဖိုချောင်ထဲက အိုးထဲမှာ ထည့်စရာမရှိတော့ရင် အဲဒီအိမ်ဟာ စစ်ဘေးမရှောင်ရပေမယ့် စီးပွားရေးစစ်ပွဲထဲမှာ ရောက်နေပြီးသားပါ။
မိသားစုတစ်စုရဲ့ ဝင်ငွေက မတိုးဘဲ ကုန်ဈေး
နှုန်းတွေက တက်နေတဲ့အခါ အဲဒီမိသားစုဟာ တဖြည်းဖြည်းနဲ့ စားသုံးမှုကို လျှော့ရတော့မှာပါ။ အရင်က အသားလျှော့စားတယ်။ နောက်တော့ ငါးလျှော့၊ ပြီးတော့ကြက်ဥ၊ဘဲဥလျှော့။ ဟင်းရွက်ကိုပဲ ပိုစားမယ်။ ဟင်းသီးဟင်းရွက်ပါ လုံလောက်အောင်ဝယ်နိုင်ဖို့ခက်လာတဲ့အခါ၊ နောက်ဆုံးမှာဟင်းကိုလျှော့ပြီး ထမင်း
နဲ့ ဆားနဲ့ပဲ စားရတဲ့အခြေအနေကို ရောက်လာနိုင်ပါတယ်။ အဲဒီနောက်မှာတော့ မနက်စာကို ပျောက်တာ ဖြစ်လာနေပါပြီ။
အစာလျှော့စားခြင်းဟာ ဆင်းရဲမှုရဲ့ပထမဆုံးမြင်သာတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ “မနက်စာ ပျောက်သွားခြင်း”ဟာလူမှုရေးပြ
ဿနာတစ်ခု။မနက်စာ မစားနိုင်တာကို “ဒီနေ့ မစားဘူး” လို့တစ်ဦးချင်းအနေနဲ့ဆိုရင် ပြဿ
နာမဟုတ်ပေမယ့် လူအများကြီးအတွက် နေ့
စဉ်ဖြစ်လာပြီဆိုရင်တော့ ဒါဟာ လူမှုရေးပြဿနာတစ်ခု ဖြစ်လာတာပါပဲ။
မနက်စာမစားဘဲ အလုပ်သွားရတဲ့ အလုပ်သ
မားတစ်ယောက်ရဲ့အလုပ်လုပ်နိုင်စွမ်း၊ မနက်
စာမစားဘဲ ကျောင်းသွားရတဲ့ ကလေးတစ်ယောက်ရဲ့စာသင်နိုင်စွမ်း။တစ်နေ့ထက်တစ်
နေ့ အာဟာရ မလုံလောက်တဲ့ ကလေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု။ ဒါတွေဟာ မိ
သားစုတစ်စုရဲ့ မီးဖိုချောင်ကို ကျော်လွန်ပြီး အခုချိန်အတွက်သာမက နိုင်ငံရဲ့ အနာဂတ်ဆီထိ ရောက်သွားတာပါ။
ဒီနေ့ မနက်စာမစားနိုင်တဲ့ကလေးဟာ မနက်
ဖြန်ရဲ့ အလုပ်သမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ လယ်သမား၊ ဆရာ၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာမယ့်ကလေးပါ။ ဒါကြောင့် မနက်စာပျောက်သွားခြင်းဟာ အစားအသောက်ပြ
ဿနာတစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ လူ့စွမ်းအားအရင်းအမြစ် ပြဿနာပါ။ ဒါဟာ ပညာရေးပြဿနာပါ။ ဒါဟာ ကျန်းမာရေးပြဿနာပါ။ ဒါဟာ ဆင်းရဲမွဲတေမှု ပြဿနာပါ။ နောက်ဆုံးမှာ နိုင်ငံရဲ့ အနာဂတ်ပြဿနာပါ။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်မှုထမ်းဥပဒေ၊ လုံခြုံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင်အခက်
အခဲ၊ ကုန်သွယ်ရေးနဲ့ ထုတ်လုပ်မှုအခက်အခဲတွေဟာ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ စစ်မြေပြင်မဟုတ်တဲ့ နေရာမှာလည်း မိသားစုတွေရဲ့ စားဝတ်နေရေးဟာ တဖြည်းဖြည်း ပြိုလဲနေပါပြီ။
ဆင်းရဲခြင်းဟာ လူတစ်ယောက်တည်းရဲ့ အ
ပြစ်လို့ပဲမှတ်ယူလို့မရပါဘူး။ “အလုပ်ကြိုး

😢20🔥5❤2
စားရင် စားနိုင်ပါတယ်” ဆိုတဲ့စကားဟာ အချို့အခြေအနေတွေမှာ မှန်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းအတွက် မမှန်ပါဘူး။ အလုပ်ရှိပေမယ့် လစာနဲ့ မလုံလောက်တာ၊အလုပ်လုပ်ချင်ပေမယ့် အလုပ်မရှိတာ၊ လုပ်ငန်းရှိပေမယ့် ကုန်ကျစရိတ်နဲ့ ရောင်းဈေး မမျှနိုင်တာ၊လယ်သမားဖြစ်ပေမယ့် ထုတ်လုပ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဈေးကွက်အခြေအ
နေတွေကြောင့်အမြတ်မကျန်နိုင်တာ။ စီးပွား
ရေးစနစ်၊ နိုင်ငံရေးအခြေအနေ၊အလုပ်အ
ကိုင်ဈေးကွက်နဲ့ လူမှုကာကွယ်စောင့်ရှောက်မှုစနစ်တွေ အားလုံးပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။
အရင်ခေတ်က ဘဲဥတခြမ်းကို ပြန်ပြောတဲ့အခါ ရယ်နိုင်ခဲ့ကြတဲ့ အချိန်တွေရှိခဲ့ပါတယ်။ “အဲဒီတုန်းက ဆင်းရဲလိုက်တာ” လို့ ပြောနိုင်ခဲ့ပါသေးတယ်။ဒါပေမယ့်ဒီနေ့မှာတော့ ကလေးတစ်ယောက်ရဲ့ မနက်စာပန်းကန်ကိုကြည့်ပြီး နောက်နှစ် ၂၀၊ ၃၀ ကြာတဲ့အခါ သူတို့လည်း “အဲဒီတုန်းက မနက်စာတောင် မစားနိုင်ဘူး” လို့ ပြန်ပြောရမယ့်အခြေအနေ ဖြစ်သွားတော့မှာကို အလွန် စိုးရိမ်ကောင်းပါတယ်။ ဘဲဥတခြမ်းဟာ အတိတ်ရဲ့ ရယ်စရာအမှတ်တရပဲ ဖြစ်သင့်တာပါ။ အနာဂတ်ရဲ့ စားပွဲပေါ်မှာတော့ ဘဲဥတစ်လုံးကို မိသားစုတစ်စုလုံး ခွဲစားရမယ့်အစား လူတစ်ယောက်ချင်းစီ လုံလုံလောက်လောက် စားနိုင်တဲ့နိုင်ငံ ဖြစ်စေချင်လှပါတယ်။
ကလေးတစ်ယောက်မနက်စာစားပြီး ကျောင်း
သွားနိုင်ဖို့၊ အလုပ်သမားတစ်ယောက် အလုပ်လုပ်ပြီး မိသားစုကို လုံလောက်အောင် ကျွေးနိုင်ဖို့၊လယ်သမားတစ်ယောက် စိုက်ပျိုးပြီး သူ့မိသားစုကို မငတ်ဘဲ ရပ်တည်နိုင်ဖို့၊ အဘိုးအဘွားတွေက အသက်ကြီးလာတဲ့အခါ သားသမီးတွေအပေါ် အပြည့်အဝမှီခိုစရာမလိုဘဲ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့၊ ဒါတွေက လူ့ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတဲ့ အခြေခံအခွင့်အရေးတွေပါ။
အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲတွေက ပြည်
သူတစ်ယောက်ရဲ့ မီးဖိုချောင်ထဲ၊ ကလေးတစ်ယောက်ရဲ့ မနက်စာပန်းကန်ထဲ၊ မိသားစုတစ်စုရဲ့ လစဉ်ဝင်ငွေနဲ့ ထွက်ငွေစာရင်းထဲအထိ ရောက်နေပါပြီ။ ဒီအခြေအနေအတိုင်း ရှေ့ဆက်ရမယ်ဆိုရင် “ဘဲဥတခြမ်း” ကို ပြန်လွမ်းစရာတောင် ဖြစ်လာတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဘဲဥတစ်လုံးကို တစ်ဝက်ခွဲပြီး စားခဲ့ကြပေမယ့် အခုကတော့ ဘဲဥတခြမ်းရှိဖို့တောင်မသေချာတော့တဲ့အ
ခြေအနေ ဖြစ်လာနေလို့ပါပဲ။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီအောက်မှာ နိုင်ငံက ဆက်ရှိနေသရွေ့ စီးပွားရေးပြန်လည်နာလန်ထူဖို့၊ အလုပ်အကိုင်တွေ ပြန်ကောင်းလာဖို့၊ ကုန်ဈေးနှုန်းတွေ ပြည်သူတွေရဲ့ ဝင်
ငွေနဲ့ လိုက်လျောညီထွေ ဖြစ်လာဖို့ဆိုတာ ပိုပြီးခက်ခဲနေဦးမှာပါ။မီးဖိုချောင်ထဲက အခက်
အခဲတွေ ပိုပြီး နက်ရှိုင်းလာဦးမှာ။ မနက်စာပျောက်သွားတဲ့ အိမ်တွေကလည်း ဒီထက်ပိုများလာဦးမှာ။ “မငတ်ရုံတမယ်” ဆိုတဲ့ဘဝကို ပုံမှန်ဘဝတစ်ခုလိုနေရမယ့် မိသားစုတွေလည်း အများကြီးဖြစ်လာမှာပါ။
ဘဲဥတခြမ်းဟာ အတိတ်က ဆင်းရဲခြင်းရဲ့ အမှတ်တရပဲ ဖြစ်သင့်ပါတယ်။ ဘဲဥတခြမ်းမျိုးဆက်ရဲ့ သားသမီးမြေးမြစ်တွေအလှည့်မှာ မနက်စာပါပျောက်ကွယ်သွားခြင်းကိုတော့ မြန်မာပြည် ရဲ့ အနာဂတ် မဖြစ်စေချင်တော့ပါ။ ။

😢21🔥8👍3
၂၀၂၁ နောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေး ၁၃၀,၀၀၀ ကျော်ရှိ
သြဂုတ်-၂၅၊၂၀၂၆။People's Spring
၂၀၂၁ ကစလို့ ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ထိ ကာလအတောအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ အမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ထိုင်းမှာ မြန်မာ ကလေးငယ် ၁၈၉၀၅ ဦး မွေးဖွားခဲ့ပြီး ၂၀၂၂ မှာ ၁၈၇၂၈ ဦး၊ ၂၀၂၃ မှာ ၂၄၁၅၄ ဦးနဲ့ ၂၀၂၄ မှာ ၂၅၀၈၇ ဦး အသီးသီး မွေးဖွားခဲ့တယ်လို့ စာရင်းတွေမှာ ပါရှိပါတယ်။
၂၀၂၅ မှာတော့ အဲဒီ အရေအတွက်ဟာ ၂၈,၈၆၉ ဦးထိ မြင့်တက်သွားပြီး မြန်မာမိခင်တွေက ထိုင်းမှာ နှစ်အလိုက် ကလေးမွေးဖွားမှု အများဆုံး ဖြစ်လာပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ နှစ်မကုန်သေးပေမယ့် ထိုင်းရောက် မြန်မာ အမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးဦးရေက ၁၆,၁၁၇ ယောက် ရှိပြီလို့ဖော်ပြထားပါတယ် ။
အဲဒီ စာရင်းအင်း ကိန်းဂဏန်းတွေဟာ မိခင်တွေရဲ့ နိုင်ငံသားဖြစ်မှုအပေါ်မှာပဲ အခြေခံ ပြုစုထားတာဖြစ်ပြီးထိုင်းမှာမွေးဖွားတဲ့ က
လေးတွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ တခြားကိစ္စတွေအပေါ် သက်ရောက်မှု ရှိစေမှာ မဟုတ်ကြောင်း သိရပါတယ်။
ကိုးကား-Thaiger

❤17👍11😱1🤮1
နေပြည်တော်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းတဲ့လူငယ် ဖမ်းဆီးခံရပြီး စစ်မှုထမ်းထည့်ခံရ
ဩဂုတ်-၂၅၊၂၀၂၆။မိုမို/People's Spring
နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဆိုင်ကယ်စီး လူငယ်ကို ဆရာစံရပ်ကွက်ယာယီအုပ်ချုပ်ရေးမှူး ထွန်းမြတ်မင်းဦးဆောင်ပြီး နယ်မြေမှူးတွေ ဖြစ်တဲ့ မြင့်စိုးဦး၊ အောင်သူမင်း(ခ)ဆံရှည်၊ထိန်းလင်းနဲ့ အတူ အရံမီးသတ်တွေက ဩဂုတ် ဒုတိယပတ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
"ဘာမှမဟုတ်တဲ့ ပြသာနာတစ်ခုလောက်ကို အကြောင်းပြပြီး စစ်မှုထမ်းပေါ်တာဆွဲနေတာ မလွန်ဘူးလားဆိုတာ သိချင်ပါတယ်"လို့ တပ်ကုန်းမြို့နယ် ဆရာစံကပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထွန်းမြတ်မင်း ဖမ်းဆီးပြီး စစ်မှုထမ်းစာရင်းထည့်သွင်းခံရတဲ့လူငယ်ဟာ အကြီးကောင် လို့ ခေါ်ဆိုသူလို့ ဆိုပါတယ်။
"အခုအဲဒီကလေးက မိုးဆွေ စစ်အအခြေခံလေ့ကျင့်တပ်ကိုရောက်နေပြီ"လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
မိုးဆွေ စစ်အခြေခံသင်တန်းကျောင်းက (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက-၂ မိုးဆွေ) နေပြည်တော်၊ဥတ္တရသီရိမြို့နယ်မှာ ရှိပါတယ်။
ဆရာစံရပ်ကွက် ယာယီအုပ်ချုပ်ရေးမှူးထွန်းမြတ်မင်းဟာ စစ်တပ်အာဏာသိမ်းပြီးချိန်နဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲမှုမှာဦးဆောင်သူတစ်ဦးအဖြစ် ဒေသခံတွေက ရှုမြင်ကြပါတယ်။
၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မတပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ် (၂၈)အထိ ရောက်နေပြီဖြစ်ပါတယ်။
စစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ ဆုံးရှုံးနေရတဲ့ တပ်အင်အားအတွက် စစ်မှုထမ်းဥပဒေအကြောင်းပြပြီးစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေ ပေါ်တာဆွဲနေတဲ့အပေါ် လူငယ်တွေအနေနဲ့ ရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

👍17❤9🔥4👏2👎1😱1
စစ်ကိုင်းမှာ ရဲတပ်ရင်းအနီး ကင်းစောင့်တဲ့ရဲတွေ တိုက်ခိုက်ခံရ
သြဂုတ်၂၅၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက် ညနေ ၃နာရီခွဲဝန်းကျင်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စစ်ကိုင်းမြို့ တပ်မ (၃၃)ကို သွားတဲ့ စစ်ယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီးမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က အသိပေးပါတယ်။
"နမခ ကနေ စစ်ကိုင်း တပ်မ ၃၃ ကို သွားတဲ့ယာဉ်တန်းကို ရဲတပ်ရင်း ၁၆ အနီးမှာ လုံခြုံရေးယူပေးရင်းနဲ့ ပြည်သူကားတွေကို ပိုက်ဆံကောက်နေတာဗျ။ အဲ့ဒါကို မိုင်းဆွဲပြီး ၄၀ မမ နဲ့ ပစ်ခဲ့တာ။ ဝင်ပစ်ဖို့အထိ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ပြန်ဆုတ်ခဲ့ရတယ်။ မိုင်းဆွဲတဲ့အချိန်မှာ ရဲ ၃ ကောင်က လွင့်ထွက်သွားတာတော့ မျက်မြင်မြင်ရတယ်ဗျ။ အဲ့နောက် ၄၀ မမ နဲ့ ပစ်တာတွေကလည်း သူတို့ကင်းယူတဲ့နား ကျတာဆိုတော့ ထိခိုက်မှုတွေ ရှိတယ်"လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာတော့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်းရှိ မြို့နယ်နဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြေစာရင်းရုံး၊ ခရိုင်မြေစာရင်းရုံးနဲ့ စည်ပင်ရုံးတွေအပါအဝင် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ကြဖို့၊ ရုံးမတက်ဘဲ မိမိနေအိမ်မှာသာနေပြီး ပြည်သူနဲ့အတူ ပူးပေါင်းကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ထောက်တိုင်ဖြစ်တဲ့ အဆိုပါ ဌာနဆိုင်ရာရုံးတွေကို မကြာမီအချိန်အတွင်း စတင်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူ့ဘက်မရပ်တည်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေသူတွေ ထိခိုက်ဒဏ်ရာရရှိပါက လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

👍28❤9👏6🥰3🤣1🖕1
အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေး
ဩဂုတ်၂၅၊၂၀၂၆။People's Spring
မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။
အမျိုးသမီးယာယီဆောင်မှာ အသိုးနံ့ထွက်နေတဲ့ ထမင်းတွေကျွေးနေပြီး ပြင်ပကလည်း ဝယ်စားခွင့် မပေးတာမို့ ဩဂုတ်၂၀ ရက်က တစ်ဆောင်လုံး အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
"အခုထိလည်း အဆင်မပြေကြဘူးလို့ ပြောပါတယ်။ရေသန့်လည်း သောက်ခွင့်မပေးဘူး။ပျက်နေတဲ့ရေသန့်စက်ကို ပြင်မပေးဘဲ ပိုက်ကလာတဲ့ ရေကိုသောက်ခိုင်းတာ။ဝမ်းလျောတဲ့ သူတွေတော် တော်များတယ်။ဒီအထဲကိုမှ ဝက်စာလိုထမင်းသိုးတွေ ကျွေးနေတာ။အမျိုးသမီးယာယီဆောင်ရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်"လို့ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဧည့်တွေ့ ကန့်သတ်မှုလည်းပြုလုပ်နေပြီး မူးယစ်နဲ့ တခြားရာဇဝတ်မှုတွေကိုသာ လွတ်လပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
အမျိုးသမီးယာယီဆောင်မှာ အချုပ်သူတွေအပါအဝင် အကျဉ်းသား ၉၀၀နီးပါးရှိပြီး (၃)အဆောင်မှာ ၃၀၀နီးပါးနဲ့ (၄)အဆောင်မှာ ၆၀၀နီးပါးရှိတယ်လို့ သိရပါတယ်။

😢31🤬7❤2👍2👎1🔥1