People's Spring
60.3K subscribers
70.2K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥8😢7👏1
👍183🔥2🤣1😭1
ရေကြည် အမြောက်တပ် အမတ(၃၄၄)အနီး ညတိုက်ပွဲပြင်းထန်နေ

သြဂုတ်-၂၄၊၂၀၂၆။ဇော်ရမ်း/People's Spring

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အ
မြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေ
ကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

"ဒီည ၃၄၄ဘက်ကပေါက်ကွဲသံတွေ အကျယ်
ကြီးကြားနေရတာ။အိမ်တွေတောင်တုန်တယ်
။ ၃၄၄ အနားတင်ညဘက်တိုက်ပွဲပြင်းပြင်း
ထန်ထန်ဖြစ်နေတာ"လို့ရေကြည်မြို့ခံတစ်ဦးက ည ၉နာရီခန့်မှာပြောပါတယ်။

သြဂုတ်လ၂၄ရက်ည ပိုင်းမှာစစ်တပ်တိုက် လေယာဉ်အချို့ ရေကြည်မြို့ဘက်ကိုဦး
တည်သွားနေတာကို ဇလွန်နဲ့ ဟင်္သာတမြို့မြို့နယ်တွေကနေ မြင်တွေ့နေရတယ်လို့ဒေသ
ခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ-ငသိုင်းချောင်း လမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)ကို အာရက္ခတပ်တော် AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတာပါ။ စစ်တပ်ကလေ ကြောင်းကနေဗုံးကြဲခုခံနေတယ်လို့ နယ်မြေခံသတင်းရင်း
မြစ်‌တွေကပြောပါတယ်။

အာရက္ခတပ်တော်(AA)သိမ်းယူထားတဲ့ဂွ
မြို့ဘက်ကို စစ်တပ်စစ်ကြောင်းတွေက ဧရာဝတီတိုင်းဘက်ကတဆင့်ဝင်ရောက်လာတဲ့ ပြီးခဲ့တဲ့ဇွန်လကစပြီးတိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တာပါ။ ဇွန်လနဲ့ ဇူလိုင်လဆန်းကတိုက်ပွဲတွေမှာ ရေကြည်မြို့နယ်ထဲကစစ်တပ်စခန်းတွေကိုအာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဆက်တိုက်သိမ်းယူခဲ့ပါတယ်။

ဇွန်လကတိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲကပွိုင့်(၂၈၈)ကုန်း၊ပွိုင့်(၁၈၈)ကုန်းနဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက ဇူလိုင် ၄ ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အမြောက်တပ်(၃၄၄)နဲ့ လေးမျက်
နှာမြို့ဘက်မှာလည်း အင်အားဖြည့်တင်းနေတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်းတပ်ဖွဲ့ဝင်အင်အားအများအပြားသုံးပြီး နေရာယူထားတယ်လို့လည်းသတိပေးထားပါတယ်။ လက်
လွတ်ဆုံးရှုံးလိုက်ရတဲ့စခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စစ်တပ်ကဂျက်ဖိုက်တာ၊ဒရုန်း၊လက်နက်ကြီးတွေနဲ့ဆက်တိုက်
ဗုံးကြဲပစ်ခတ်နေတယ်လို့ ပြီးခဲ့တဲ့ဇူလိုင် ၇
ရက်မှာ AAက ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

ရေကြည်မြို့နယ်မှာ လက်ရှိမှာကာလအတွင်း ရေဘေးကြုံတွေ့နေတာဖြစ်ပြီး ဒေသခံတွေဟာ ရေဘေးရော စစ်ဘေးအတွက်ပါ စိုးရိမ်မှုတွေရှိကြပါတယ်။

ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူ
လိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီးလေးမျက်နှာမြို့နယ်အပြင် ဟင်္သာ
တ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ လက်ရှိမှာ လေးမျက်နှာမြို့နယ်အ
တွင်း ရေအနည်းငယ်ပြန်ကျနေပေမယ့် ရေ
ကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေတက်နေလို့ ယခင်က မကြုံဖူးတဲ့ရေဘေးမျိုးကိုကြုံတွေ့နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တပ်က လေးမျက်
နှာမြို့နယ်ထဲကိုလည်း လေကြောင်းက​နေဗုံးကြဲ​ခဲ့ပါတယ်။
23👍13🤣4👏2🥰1
👍28🤣3👎2🥰2👏2😁1
ထီးချိုင့်ရောက်နေတဲ့ စစ်သင်္ဘောအုပ်စု ကချင် ဘက် ဆက်ထွက်ခွာ

▪️စစ်တပ်လက်နက်ကြီး၊လေကြောင်းရန်ရှိလို့ အမြန်ဆုံးရှောင်ရှားကြဖို့ မြစ်ကမ်းဘေး ပြည်သူတွေကို ကသာပအဖ မေတ္တာရပ်ခံ

ဩဂုတ် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ စစ် သင်္ဘောအုပ်စုဟာ ဒီကနေ့ ဩဂုတ် ၂၅ရက်မနက်မှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကနေ အထက် ဘက် ဆက်လက်ထွက်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောကြားခဲ့သလို ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကလည်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ရန်ကြောင့် မြစ်ကမ်းဘေး ပြည်သူတွေ အမြန်တိမ်းရှောင်ကြဖို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၄ရက်ညပိုင်းက ထီးချိုင်မြို့နယ် မြတောင်ဒေသမှာ နားပြီး ဒီမနက် အထက်ဆန်တက်နေပြီလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီညတော့ ကသာအိပ်မယ်ထင်တယ် သူတို့။ ကျနော်တို့ဘက်ကတော့ ဘာမှ မလုပ်သေးဘူး။ အောက်ဘက်က PDF တွေတော့ လုပ်တယ်လို့ ကြားတယ်” လို့ ကချင်သတင်းရင်းမြစ်က စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်မှု အခြေအနေကို ပြောပါတယ်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်သင်္ဘောတွေဟာ ဒီမနက် ၇နာရီက စတင်ပြီး ထီးချိုင့်ကနေ အထက်ကို ဆန်တက်သွားပြီလို့ အသိပေးပါတယ်။

စစ်သင်္ဘောတွေဟာ လက်ရှိမှာ ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာကို ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ကသာပအဖက ဒီမနက် ၉နာရီဝန်းကျင်မှာ အသိပေးပါတယ်။

“မကြာမီအတွင်း ကသာမြို့နယ်အတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ပါသဖြင့် မြစ်ကမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်၊လေကြောင်းအန္တရာယ်မှကင်းဝေးစေရန် အမြန်ဆုံးရှောင်ရှားပေးကြပါရန် မေတ္တာရပ်ခံအသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျာ” လို့ ကသာပအဖက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ အရပ်သားပြည်သူများ၊ သာသနိကအဆောက်အဦများကိုပါ ပြစ်မှတ်ထားတိုက်ခိုက် နေတာကြောင့် ပေါ့ဆခြင်းမပြုဘဲ ရှောင်ရှားပေးကြဖို့လည်း ကသာပအဖက အလေးအနက်ထား တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၃နဲ့ ၂၀၂၄ ခုနှစ်တွေအတွင်းမှာ ကချင်ပြည်နယ်အတွင်း တပ်စခန်းရာချီ၊ နယ်မြေဒေသ အများအပြားဆုံးရှုံးခဲ့ရတာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ကချင်ဒေသကို စစ်အင်အားတွေ ဖြည့်တင်းတာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ လက်ရှိမှာ ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်လျက်ရှိပါတယ်။
👍245👏4🔥2🤬1
(စစ်သင်္ဘောအုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab)
👍23👏8🥰4🤣1
စစ်ကိုင်းရေဘေးအတွက် EU ထောက်ပံ့ငွေတွေကို စစ်အုပ်စုကတဆင့် မပေးပို့ဘဲ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေ ပေးပို့ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်း

သြဂုတ် ၂၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

အဆိုပါ တိုက်တွန်းတောင်းဆိုချက်ကို စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်ကော်မတီတွေနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် အဖွဲ့ဝင် ၄၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဩဂုတ် ၂၄ ရက်စွဲနဲ့ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen နဲ့ ဥရောပသမဂ္ဂ လူသားချင်းစာနာမှုနှင့် ပြည်သူ့ကာကွယ်ရေးဌာန (ECHO) ညွှန်ကြားရေးမှူးချုပ် Maciej Popowski တို့​ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ကာ တောင်းဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က စစ်ကိုင်းတိုင်းအတွင်းရှိ သဖန်းဆိပ်ဆည်နဲ့ ကာဘိုးဆည်တွေက ရေတွေကို စစ်ကောင်စီတပ်က ပြည်သူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖောက်ချခဲ့တာကြောင့် ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင် စတဲ့ မြို့နယ် ၁၁ ခုမှ ဒေသခံပြည်သူ ၁.၂ သန်းကျော် ရေဘေးဒုက္ခဆိုးဝါးစွာ ကြုံတွေ့ခဲ့ရကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

​ဒါ့အပြင် စစ်တပ်ဟာ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကိုင်းတံတားထိပ်ကနေ အလှူပစ္စည်းနဲ့ ကယ်ဆယ်ရေးယာဉ်တွေကို သိမ်းယူတာနဲ့ အသေခံဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ကျူးလွန်နေကြောင်း ထောက်ပြထားပါတယ်။

​ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ယူရို ၁၀.၅ သန်း ထပ်မံပံ့ပိုးကူညီပေးမယ့်အပေါ် ကြိုဆိုပေမယ့် အဆိုပါအကူအညီတွေကို စစ်အုပ်စုလက်ထဲ မရောက်ရှိစေဘဲ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေထံ အချိန်နဲ့ တပြေးညီ ရောက်ရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေတစ်ဆင့် ဆောင်ရွက်ပေးဖို့ သပိတ်အင်အားစုက အလေးအနက် တိုက်တွန်းထားပါတယ်။
👍2513🥰2🤮2👌1🤣1
(ရေဘေးသင့်ဒေသများတွင် သွားရောက်ထောက်ပံ့နေသော သပိတ်အင်အားစုများအား တွေ့ရစဥ်။ ဓါတ်ပုံ-စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု)
👍25🥰94🖕2🤮1
အင်အားဖြည့်တင်းထားတဲ့ စစ်တပ်က မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးမအနီးမှာ စစ်ကြောင်းထိုးနေ

ဩဂုတ်-၂၅၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ပြန်ထိန်းချုပ်ဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် စစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

"မင်းတုန်းအနောက်ခြမ်း ရိုးခြေ(ရခိုင်ရိုးမအောက်ခြေ) ကျေးရွာတွေကို အင်အားဖြန့်နေတယ်။စစ်ကြောင်းထိုးတယ် ပြောရမယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ-၁၂ ) ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။

"ထိတွေ့ တိုက်ပွဲတွေ တော့ မရှိသေးဘူး"လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးမှုများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာ ပြန်ပတပ်စွဲနေခဲ့ရပါတယ်။

မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးခြေရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

ပထမအကြိမ် ထိုးစစ်မှာရှုံးနိမ့်ခဲ့တဲ့ စစ်တပ်ရဲ့တပ်သားတချို့ကို လက်နက်တွေနဲ့ တော်လှန်ရေးတပ်တွေထံ ထွက်ပြေးလာခဲ့တာရှိပါတယ်။

ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ဟာ သရက်မြို့အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း (ခလရ - ၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေပါ၀င်ပါတယ်။အခုတခါ စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာ မသိရသေးပါဘူး။
12👎7👍2🔥2👏2😁1🤬1
10👎7🔥3👏2