ပလက်၀မြို့နယ်ကိုစစ်တပ်ဗုံးကြဲ၊ ကလေးအပါအ၀င် ၅ ဦးသေ၊၁၇ ဦးဒဏ်ရာရ
"ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ"-ဒေသခံ
ဩဂုတ်-၂၄၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်း
ပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ၂၄ ရက်၊နေ့လယ်၁၂နာရီဝန်းကျင်
မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်ငါးရာအပါအ
၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေကိုကျရောက်ပေါက်ကွဲခဲ့
တာလို့ သိရပါတယ်။
“နှစ်ချက်၊နှစ်ချက်စီနှစ်ခေါက်ကြားလိုက်ရတယ်။ကျွန်မတို့လည်းပုန်းလိုက်ရသေးတယ်။ အထိအခိုက်တွေများပါတယ်” လို့ ပလက်၀
ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူ ၅ ဦးထဲမှာ အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါ၀င်ပြီး ဒဏ်
ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးပါ၀င်ပါတယ်။
"ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ"လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။
စိမ့်ညှင်း၀ကျေးရွာဟာပလက်၀နဲ့ ရခိုင်ပြည်
နယ် ကျောက်တော်ကြား ကားလမ်းပိုင်းမှာ တည်ရှိတာဖြစ်ပြီး အဲဒီဝန်း ကျင်မှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဂျက်ဖိုက်တာ၄စီးနေ့လယ် ၁၁ နာရီခွဲလောက်ကနေ ဝဲနေခဲ့ကာအခုလို ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
လက်ရှိမှာတော့ဗုံးကြဲမှုကြောင့်ထိခိုက်၊ သေ
ဆုံးသူတွေကို နီစပ်ရာ ပို့ဆောင်၊ ဆေးကုသထားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ် ပလက်၀အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ လည်း ဂျက်ဖိုက်တာတွေ ဝဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်ဟာပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ညကလည်း ပလက်၀မြို့နယ် ဆမီးမြို့ကို ဗုံးကြဲတာကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၈ဦးဒဏ်ရာရခဲ့ပါတယ်။ဩဂုတ်လ၁၁ရက်မနက်ပိုင်းမှာလည်းပလက်
၀မြို့၊ မြို့ဝင်ဆိုင်းဘုတ်အနီးဝန်းကျင်ကို ဗုံးကြဲခဲ့ ပြီး ကလေးတဦးအပါအဝင် အမျိုး
သမီးနှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
ဒါ့အပြင်မေလ၂၈ ရက်နေ့ကလည်းပလက်၀
မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့်အရပ်သားပြည်သူ
တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခု ဖေဖော်ဝါရလဆန်းပိုင်းမှာသိမ်းပိုက်ထိန်း
ချုပ်ထားတာဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာ
သိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အပါအဝင် AA ထိန်းချုပ်ဒေသတွေ ကို လေကြောင်းကဗုံးကြဲတာတွေဆက်တိုက်လုပ်နေတာပါ။စစ်
တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်
မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ဆေးခန်းတွေနဲဘာသာရေးအဆောက်
အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့
စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်း
ကျူးလွန်နေဆဲဖြစ်တယ်လို့AAကဆိုပါတယ်။
အဲဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေအိမ်အဆောက်
အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ထုတ်ပြန် သတိ
ပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်
ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

🤬30💔5👏3👍2❤1😢1🎉1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ သြစတြေးလျနဲ့ ကိုရီးယားရောက်မြန်မာတွေ တောင်းဆိုဆန္ဒပြ
သြဂုတ်-၂၄၊၂၀၂၆။သုည/People's Spring
သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း စစ်တပ်ရဲ့ ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ အပါအဝင် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။
ယင်းဆန္ဒပြပွဲကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲလ်ဘုန်းမြို့ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။

👍28❤5🥰3🤣3🖕3👏2
စစ်ကိုင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုတွေက စားနပ်ရိက္ခာထောက်ပံ့
သြဂုတ် ၂၄၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာတွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး စားနပ်ရိက္ခာ၊ ဆန်၊ ရိက္ခာခြောက်နဲ့ ဓာတ်ဆားတွေ သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။
အခုလို ကူညီထောက်ပံ့မှုတွေကို ထိုင်းနိုင်ငံ ဖူးယူစက်စက္ကူစက်ရုံက ညီအစ်ကိုမောင်နှမတွေရဲ့ လှူဒါန်းမှုနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဆိုပါတယ်။
ရေဦးမြို့နယ်အတွင်းက ရေဘေးအန္တရယ်ကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်စုတထောင်ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းအဖွဲ့တွေက ဆန်နဲ့ဆီတွေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
ရေဦးမြို့နယ်အတွင်းက ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်စု (၁၀၃၇) စုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၄ ၊ ရေဦးမြို့နယ် လူသားစာနာနဲ့ ပြည်သူလူထုတို့ပူးပေါင်းပြီး အိမ်ထောင်စုတစုကို ဆန် (၂) ပြည်နဲ့ ဆီ (၅၀) သားဆီ သွားရောက်ကူညီပေးခဲ့တာလို့ ပကဖအသံက ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ကိုင်းဒေသသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။

👍22❤7🥰3🤮2🤣2👏1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု
❤33👍7🥰2🤮1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ပလက်၀မြို့နယ်ကို စစ်တပ်ဗုံးကြဲ၊ ကလေးအပါအ၀င် ၅ ဦးသေ၊ ၁၇ ဦးဒဏ်ရာရ
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင် ၅၀၀အပါအ၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ သေဆုံးသူ ၅ ဦးထဲမှာ အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါ၀င်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးပါ၀င်ပါတယ်။
◾️ဖားကန့်မှာ စစ်အုပ်စုက အရပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြေမြုပ်ထားတဲ့နေရာ ရှာတွေ့
ကချင်ပြည်နယ်၊ ဖားကန့်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဝါရာဇွပ် ပြည်သူ့စစ်၊ ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖားကန့်မြို့ မှော်ဝမ်းလေး ကျေးရွာမှာ ဒီနေ့ သြဂုတ်၂၄ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မှော်ဝမ်းလေးကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဇွန်လဆန်းမှာ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်တွေဝင်ရောက်လာပြီး တပ်စွဲထားတာဖြစ်ပါတယ်။ လက်ရှိ ဩဂုတ်လလယ်မှာ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်ဖို့ဆိုပြီး ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေ ရှင်းလင်း ရေးစတင်လုပ်ဆောင်ခဲ့ပါတယ်။
◾️ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့လုပ်ရပ် လူမဆန်ဘူးလို့ KIA တာဝန်ရှိသူပြော
အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဩဂုတ် ဒုတိယပတ်က ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က နောင်းမီရွာ ဒေသခံ ၄ဦးကို စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာဖြစ်ပြီး အပြစ်မရှိတဲ့ ပြည်သူလူထုတွေကို သတ်ပြီးမှ အလောင်းမပေးဘူးဆိုတာက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပြည်သူကို ချစ်တဲ့၊ နိုင်ငံတော်ကို ကာကွယ်တဲ့ အကျင့်စာရိတ္တတွေတော့ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
◾️စစ်တပ်လွှတ်တော်ဥက္ကဌရဲ့တူ ဌာနမှူးဦးဆောင်တဲ့ လာဘ်စားမှု ဆိုးရွားနေ
ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စစ်တပ်လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးရဲ့ တူတော်စပ်သူ ဌာနမှူး မင်းသူအောင်ဦးဆောင်ပြီး လာဘ်စားနေမှုဟာ ဆိုးရွားနေတယ်လို့ ငွေတောင်းခံရသူတချို့က ပြောပါတယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးဌာနမှူး မင်းသူအောင်က စာချုပ်စာတမ်းတွေစစ်ဆေးပါက လက်အောက်ဝန်ထမ်းကတဆင့် ငွေကြေးတောင်းခံနေတယ်လို့ ကိုယ်တိုင်ငွေပေးခဲ့ရသူတစ်ဦးက ပြောပါတယ်။ ပိုက်ဆံကို စာအိတ်နဲ့ ထည့်ပေးရပြီး ပိုက်ဆံနည်းရင် စာချုပ်တွေမှာ အချက်အလက်မပြည့်စုံသေးကြောင်းအပြစ်ရှာကာ ကြန့်ကြာအောင် ပြုလုပ်နေတယ်လို့ သူက ဆိုပါတယ်။ မင်းသူအောင်က သူ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ငွေကြေးအမြောက်အမြားလက်ခံရယူနေတာလို့ ငွေတောင်းခံရသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် သူဟာ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးတူအရင်းဖြစ်တာကြောင့် သူ့လုပ်ရပ်တွေကိုမကျေနပ်ရင် ကြိုက်တဲ့လူ၊ ကြိုက်တဲ့နေရာတိုင်လို့ရကြောင်း၊ ဂရုမစိုက်ကြောင်း ပြောတတ်တယ်လို့ ဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ မင်းသူအောင် ဦးဆောင်ပြီး လာဘ်စားမှုတွေအကြောင်းကို ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာန၊ရုံးချုပ်ကို တိုင်ကြားထားပေမယ့် အကြောင်းမထူးသေးဘူးလို့ သိရပါတယ်။
◾️မြိုင်မြို့နယ် ရေနံမြေအနီး တိုက်ပွဲပြင်းထန်နေ
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ အင်အား ၅၀၀ ခန့်နဲ့ သုံးလ၀န်းကျင်ကြာထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ တားဆီးပိတ်ဆို့တိုက်ခိုက်မှုကြောင့် လေကြောင်းကနေ ပစ်ကူအသုံးပြုပြီး နေ့စဉ် တိုက်ခိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။ မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာ နဲ့ တဲကြီးကျေးရွာ အနီးတဝိုက်က ဝဲတူးရေနံမြေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာလို့ အသိပေးပါတယ်။
◾️အင်အားဖြည့်လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ် ဒရုန်းနဲ့ တိုက်ခိုက်

🔥10❤8👏2🖕1
ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ စစ်တပ်သင်္ဘော ၆စီးကို တိုက်ခိုက်ခဲ့တာမှာ ၁စီး မီးလောင်ခဲ့တယ်လို့ ကနဦး သိရကြောင်း တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ် မသိရသေးပေမယ့် စစ်သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို မရောက်သေးဘူးလို့ ပြောပါတယ်။ ရွှေကူမြို့ဘက်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို 7Stars News ကလည်း ဖော်ပြပါတယ်။
◾️ပြည်ထောင်စုရန်ပုံငွေကနေ စစ်လက်နက်ဝယ်ယူတာအပါအဝင် စစ်ရေးဆိုင်ရာတွေမှာ မျှဝေသုံးစွဲနေဟု NUG ကာကွယ်ရေး ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအား တပ်ရင်းထောက်ပံ့ပေးအပ်မှု အနှစ်ချုပ်ကို ဒီနေ့ ဩဂုတ် ၂၄ရက်မှာ ထုတ်ပြန်ခဲ့ရာ အခုလို ဖော်ပြထားတာပါ။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေများ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် မြေပြင်သို့ စနစ်တကျ စီးဆင်းမှုကို PRF ထောက်ပို့တပ်သားများ နဲ့ ပြည်သူလူထု သိရှိစေဖို့ အခုလို တင်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စတင်ဖွဲ့စည်းချိန်ကစပြီး ဒီနေ့အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို (၃၈) ကြိမ် အထိ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပို့ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၆၀) ကျော်ကို ပေးပို့ခဲ့တာဖြစ်ပြီး (၃၆) ကြိမ်မြောက်ကစပြီး ပကဖ တိုက်ခိုက်ရေးတပ်ရင်းတွေကိုပါ တိုးချဲ့ ပေးအပ်ခဲ့ကြောင်း ဖော်ပြပါတယ်။ တပ်ရင်းထောက်ပံ့တကြိမ်ပေးအပ်ရင် အရင်က ခန့်မှန်းအမေရိကန်ဒေါ်လာ ၉ သိန်းကျော် သုံးစွဲခဲ့ပြီး ၂၀၂၆ ခုနှစ်မှ စတင်ကာ ၁ ဒသမ ၃ သန်းအထိ တိုးမြှင့် သုံးစွဲနေကြောင်း အသိပေးပါတယ်။ စုစုပေါင်းတပ်ရင်းထောက်ပံ့စရိတ်တွေအားလုံးရဲ့ ၈၅ရာခိုင်နှုန်းဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း (၃၀) ကျော်ကို PRF ရဲ့ ၄၆ လတာကာလအတွင်း (၂၀၂၁ ဒီဇင်ဘာမှ - ၂၀၂၅ စက်တင်ဘာအထိ ) ထောက်ပို့တပ်သားများတာဝန်ထမ်းဆောင်ထားတဲ့ ဘဏ္ဍာငွေတွေထဲက ထုတ်နုတ်သုံးစွဲခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
◾️စစ်တပ်က ဒေသခံရိုဟင်ဂျာတွေဖမ်းပြီး စစ်သင်တန်းပေး၊ ရှေ့တန်း အင်အားထပ်ဖြည့်နေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေမြို့ရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ပါဒလိတ်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)အနီးမှာ ရှိတဲ့ နာရီကန်တပ်ရင်းနဲ့ မြို့အနောက်ဘက်က ရေချမ်းပြင်အနီးတပ်ရင်းတွေကို ဒီရက်ပိုင်းမှာ အင်အားဖြည့်နေတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ရန်ကုန်မြို့ကနေ စစ်သင်္ဘော၊ ကုန်တင်သင်္ဘောတွေနဲ့ စစ်တွေမြို့ဆီ လက်နက်ခဲယမ်း၊ အင်အားပို့ပြီး အဲဒီကနေတဆင့် ရှေ့တန်းတပ်ရင်းတွေကို အင်အားဖြည့်နေတာလို့ သိရပါတယ်။
◾️ဧရာဝတီတိုင်း ရေဘေးသင့်ဒေသတွေမှာ ကူးစက်ရောဂါ ဖြစ်ပွားနေ
ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေမှာ ဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါအချို့စတင်ဖြစ်ပွားနေပြီး ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် အာဏာသိမ်းစစ်တပ်ရဲ့ ဌာနဆိုင်ရာက လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ငသိုင်းချောင်း၊ အိုင်သပြု၊ ရေကြည်၊ လေးမျက်နှာမြို့တွေက ပြည်သူတွေ ရေထဲမှာ တကယ်ဒုက္ခရောက်နေကြပြီး ကူးစက်ရောဂါတွေလည်းဖြစ်နေတာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ စစ်တပ်က ခန့်အပ်ထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် အေးကျော်ဟာ တိုင်းအတွင်း ကျန်းမာရေးဆိုင်ရာကဏ္ဍတွေမှာပါ ဝင်ရောက်စွက်ဖက်နေသလို အမှန်တကယ်လုပ်ဆောင်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ အကောင်အထည်ဖော်ပေးခြင်းမရှိဘူးလို့ဝေဖန်ခံနေရပါတယ်။ လက်ရှိ ဧရာဝတီတိုင်းမှာ ရင်ဆိုင်နေရတဲ့ ရေဘေးကြောင့် နေအိမ်မြုပ်နေသူတွေဟာ အဝေးပြေးလမ်းမတွေပေါ်မှာ ယာယီတဲထိုးနေကြရပါတယ်။ ဒါ့အပြင် ပုသိမ်ဆေးရုံမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာ တွေ့ရှိထားပြီး ပြင်ပကို သတင်းမပေါက်ကြားဖို့ တိုင်းဝန်ကြိးချုပ်က အမိန့်ပေးထားတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။
◾️စစ်ကိုင်းမှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားတွေပြန်ပြင်ဖို့ ဒေသခံတွေ အခက်တွေ့နေ

👍11❤4🔥2🖕2