မြိုင်မြို့နယ်အနောက်ခြမ်း ရေနံမြေအနီးမှာ တိုက်ပွဲပြင်းထန်နေ
ဩဂုတ်-၂၄၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အင်အား ၅၀၀ ခန့်နဲ့ ၃လ ၀န်းကျင်ကြာထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ တားဆီးပိတ်ဆို့တိုက်ခိုက်မှုကြောင့် လေကြောင်းကနေ ပစ်ကူအသုံးပြုပြီး နေ့စဉ် တိုက်ခိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
"ဒီနေ့ ညနေ(၃ နာရီခွဲ) အထိ ဆို ဂျက်ဖိုက်တာ နဲ့ ကြဲတာ ငါးကြိမ်ရှိပြီ။Y 12 နဲ့ရော ရဟတ်ယာဉ် တွေပါသုံးတာ မပါသေးဘူး"လို့ မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာ နဲ့ တဲကြီးကျေးရွာ အနီးတဝိုက်က ဝဲတူးရေနံမြေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာလို့ အသိပေးပါတယ်။
"ဝဲတူးပတ်လည်ကို ရောက်နေတယ်။ မှော်နှုတ်ခမ်းကိုရောက်နေပြီ"လို့ မြိုင်မြို့နယ် ဒေသခံတစ်ဦးက စစ်တပ်စစ်ကြောင်းအခြေအနေကို ပြောပါတယ်။
မြိုင်မြို့နယ်အနောက်ခြမ်းက ဝဲတူးရေနံမြေအပါအ၀င် ရေနံမှော်တွေကို ၂၀၂၄ မတ်လကတည်းက ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်
ဇွန် နဲ့ဇူလိုင်လက တိုက်ပွဲတွေအတွင်း စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်လတည်းမှာပဲ စစ်တပ်က မြိုင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၄၀ ၀န်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာ ၈ရွာထက်မနည်း မီးရှို့ခံခဲ့ရတာကြောင့် နေအိမ်အလုံး ၂၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ပါတယ်။

👍16❤8🤮3👎1🥰1🤣1
မန္တလေးကျောက်ဝိုင်းက လုယက်မှုကျူးလွန်သူတွေဟာ ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူတွေဖြစ်နေ
ဩဂုတ်-၂၄၊၂၀၂၆။ကတ်သရင်း/People's Spring
မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူး
လွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။
ဩဂုတ်၁၈ရက်၊မနက်၁၀နာရီခွဲခန့်ကမန္တလေး
မြို့၊မဟာအောင်မြေ ကျောက်မျက်ရောင်း
ဝယ်ရေးစခန်း( ကျောက်ဝိုင်း)မှာ အရောင်း
အဝယ်လုပ်နေတဲ့ကျောက်ကုန်သည် ကိုထက်
အောင်ဆိုသူကို အမျိုးသား၂ဦးက ပြည်သူ့
စစ်တံဆိပ်ပါတဲ့ လက်မှတ်ကိုထုတ်ပြကာ စစ်ဆေးစရာရှိလို့ဆိုပြီး ကျောက်ဝိုင်းအပြင်ဘက်ကို ခေါ်ထုတ်သွားခဲ့ပါတယ်။
အဲဒီနောက် ကိုထက်အောင်ဆီကနေ ကျောက်
စိမ်းအချောထည်၂ပွင့်၊ကျောက်စိမ်းဆွဲကြိုး
၂ကုံး၊ ချွမ်အမျိုးအစား လည်ဆွဲ၁ကုံး၊ ချွမ်အမျိုးအစား လက်စွပ်၂ကွင်း၊ကျောက်စိမ်းနားကပ်၁စုံ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလုယက်သူတွေထဲက ခိုင်းတဲ့သူနှစ်ဦးကို အဲဒီ နေ့ညနေမှာပဲ ဖမ်းမိခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူ ၂ဦးကိုတော့ စစ်ကိုင်းမြို့မှာဖမ်းမိခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဖမ်းမိသူတွေဟာပျူခေါင်းဆောင်ဇင်မျိုးထက်(ခ)ဖိုးသားလေး၊ဟန်လင်းထက်(ခ)
ချစ်တီး၊ဇွဲမင်းလတ်(ခ)ဇွဲ မောင် မောင်နဲ့ ကောင်းကျော်(ခ)သီဟ တို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအထဲက ဖိုးသားလေး ဆိုသူဟာ ပြည်ကြီးတံခွန်မြို့နယ်ကသင်္ကန်းဝတ်ပျူခေါင်း
ဆောင် ပေါက်ကိုယ်တော်ရဲ့ တပည့်အရင်းဖြစ်ပြီး လက်ရှိ မြေယာအမှုနဲ့ဖမ်းဆီးခံထားရတဲ့ ပျူခေါင်းဆောင်စံရှားရဲ့သား ကျော်သက်ရှား၊နဂါးလေး၊သင်ပန်းကုန်းဘိုဘို၊ဇော်ဝင်း မောင်( TikTok ဆယ်လီ)တို့နဲ့ တဖွဲ့တည်းတွေဖြစ်တယ်လို့ သိရပါတယ်။
"ဒီကောင်ကပျူတပိုင်း၊ဇိုးတပိုင်း၊ဖိုးသားကြီး (ဇိုး)ရဲ့တပည့်လို့လည်းပြောတယ်။ ထောင်
ထွက်၊ကျောက်ဝိုင်းမှာ အနိုင်ကျင့်ငွေတောင်း
နေတာကြာပြီ။အရင်က ကျောက်ဝိုင်းမှာ တရုတ်ကြီးနဲ့ဖိုးသားလေး ဆိုပြီး နှစ်ဖွဲ့ ရှိတာ။တရုတ်ကြီးက အခုရှောင် နေရပြီး ဒီကောင်ကျန်ခဲ့တာ။အကြွေးတောင်းတဲ့ကိစ္စတွေလည်းလုပ်တယ်ဒီကောင်က၊အခုက နောက်
ကွယ်ကပြသနာ တွေလည်းပါနိုင်တယ်"လို့ မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဖိုးသားလေးဆိုသူဟာ ကျောက်ဝိုင်းမှာ လူငယ် တွေကို ပေါ်တာဆွဲတာ၊ကျောက်သမားတွေကို ငွေညစ်တာကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေသူ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
အဲဒီနယ်မြေ ဟာ အမှတ်(၁၀)ရဲစခန်းပိုင်နယ်မြေဖြစ်ပြီး ကျောက်ဝိုင်းတဝိုက်ကို ဖိုးသားလေးဆိုသူက အပိုင်နယ်မြေ အဖြစ်ယူကာ ငွေတောင်းတာ၊ ပေါ်တာဆွဲတာ တွေပြုလုပ်တယ်လို့ သိရပါတယ်။ အဲဒီလုပ်ရပ်တွေလုပ်နိုင်အောင် ပေါက်ကိုယ်တော်က ကျောထောက် နောက်ခံ အဖြစ်လုပ် ပေးထားတာလို့ မြို့ခံတွေက ပြောပြပါတယ်။
ယခုနောက်ပိုင်းဖိုးသားလေးဆိုသူဟာလု
ယက်မှု၊ပေါ်တာဆွဲမှုနဲ့ ခြိမ်းခြောက်ငွေတောင်းမှုတွေမှာ နာမည်ဆိုးထွက်ပြီး အချင်း
ချင်းကျော်တယ်ဆိုပြီး ပြသနာတွေတက်ကာ ယခုလို ဖမ်းဆီးခံလိုက်ရတာလို့လည်း မြို့ခံတချို့က ပြောပြပါတယ်
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က မဟာမုနိဘုရားပွဲမှာ ဓားကိုင်ဆောင်ကာ ရမ်းကားနေတဲ့ ပေါက်ကိုယ်တော်တပည့် ပျူစောထီးတွေကို အမှတ် (၁၀) ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ဖမ်းဆီးရာကနေ အငြင်းပွားမှု ဖြစ်ပွားခဲ့ဖူးပါတယ်။ ပျူစောထီးတွေက ၎င်းတို့ဟာ တရား
ဝင်လက်နက်ကိုင်ခွင့်ရှိသူတွေဖြစ်ကြောင်း ပြောဆိုရန်ပြုခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန် ရဲတပ်သားက ပေါက်ကိုယ်တော်ကို ရည်
ညွှန်းပြီး ဆဲဆိုခဲ့ပါတယ်။
ရဲကပျူစောထီးတွေကို ရဲစခန်းအထိ ဖမ်းခေါ်ခဲ့ရာမှာပျူစောထီးတွေကမကျေနပ်ပြီး အ
မှတ်၁၀ရဲစခန်းအထိ လိုက်လာကာ စခန်းမှူးနဲ့ နယ်ထိန်း တွေအထိပါ ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို ပေါက်ကိုယ် တော်က စခန်းမှူးကို ခြိမ်းခြောက်တာမို့ စခန်းမှုးကရဲတပ်သား ကိုဖမ်းပေးခဲ့ရပါတယ်။
ရဲတပ်ဖွဲ့က စခန်းသို့ ဆက်လက်ဖမ်းခေါ်သွားရာ ပျူစောထီးအုပ်စုက ရဲစခန်းအထိ လိုက်ပါလာပြီး စခန်းမှူးနဲ့ နယ်ထိန်းတွေကိုပါ ဆဲဆိုခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာ ပေါက်ကိုယ်တော်ကိုယ်တိုင် ဝင်ရောက်ဖိအားပေး ခြိမ်းခြောက်ခဲ့တာကြောင့်နောက်ဆုံးမှာအဆို
ပါ ရဲတပ်သားသာ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။

😁18❤6🔥2🤣2💩1
ပလက်၀မြို့နယ်ကိုစစ်တပ်ဗုံးကြဲ၊ ကလေးအပါအ၀င် ၅ ဦးသေ၊၁၇ ဦးဒဏ်ရာရ
"ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ"-ဒေသခံ
ဩဂုတ်-၂၄၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်း
ပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ၂၄ ရက်၊နေ့လယ်၁၂နာရီဝန်းကျင်
မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်ငါးရာအပါအ
၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေကိုကျရောက်ပေါက်ကွဲခဲ့
တာလို့ သိရပါတယ်။
“နှစ်ချက်၊နှစ်ချက်စီနှစ်ခေါက်ကြားလိုက်ရတယ်။ကျွန်မတို့လည်းပုန်းလိုက်ရသေးတယ်။ အထိအခိုက်တွေများပါတယ်” လို့ ပလက်၀
ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူ ၅ ဦးထဲမှာ အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါ၀င်ပြီး ဒဏ်
ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးပါ၀င်ပါတယ်။
"ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ"လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။
စိမ့်ညှင်း၀ကျေးရွာဟာပလက်၀နဲ့ ရခိုင်ပြည်
နယ် ကျောက်တော်ကြား ကားလမ်းပိုင်းမှာ တည်ရှိတာဖြစ်ပြီး အဲဒီဝန်း ကျင်မှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဂျက်ဖိုက်တာ၄စီးနေ့လယ် ၁၁ နာရီခွဲလောက်ကနေ ဝဲနေခဲ့ကာအခုလို ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
လက်ရှိမှာတော့ဗုံးကြဲမှုကြောင့်ထိခိုက်၊ သေ
ဆုံးသူတွေကို နီစပ်ရာ ပို့ဆောင်၊ ဆေးကုသထားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ် ပလက်၀အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ လည်း ဂျက်ဖိုက်တာတွေ ဝဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်ဟာပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ညကလည်း ပလက်၀မြို့နယ် ဆမီးမြို့ကို ဗုံးကြဲတာကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၈ဦးဒဏ်ရာရခဲ့ပါတယ်။ဩဂုတ်လ၁၁ရက်မနက်ပိုင်းမှာလည်းပလက်
၀မြို့၊ မြို့ဝင်ဆိုင်းဘုတ်အနီးဝန်းကျင်ကို ဗုံးကြဲခဲ့ ပြီး ကလေးတဦးအပါအဝင် အမျိုး
သမီးနှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
ဒါ့အပြင်မေလ၂၈ ရက်နေ့ကလည်းပလက်၀
မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့်အရပ်သားပြည်သူ
တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခု ဖေဖော်ဝါရလဆန်းပိုင်းမှာသိမ်းပိုက်ထိန်း
ချုပ်ထားတာဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာ
သိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အပါအဝင် AA ထိန်းချုပ်ဒေသတွေ ကို လေကြောင်းကဗုံးကြဲတာတွေဆက်တိုက်လုပ်နေတာပါ။စစ်
တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်
မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ဆေးခန်းတွေနဲဘာသာရေးအဆောက်
အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့
စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်း
ကျူးလွန်နေဆဲဖြစ်တယ်လို့AAကဆိုပါတယ်။
အဲဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေအိမ်အဆောက်
အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ထုတ်ပြန် သတိ
ပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်
ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

🤬29💔4👏3👍2❤1😢1🎉1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ သြစတြေးလျနဲ့ ကိုရီးယားရောက်မြန်မာတွေ တောင်းဆိုဆန္ဒပြ
သြဂုတ်-၂၄၊၂၀၂၆။သုည/People's Spring
သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း စစ်တပ်ရဲ့ ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ အပါအဝင် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။
ယင်းဆန္ဒပြပွဲကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲလ်ဘုန်းမြို့ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။

👍26❤3🥰3🤣3🖕3👏2
စစ်ကိုင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုတွေက စားနပ်ရိက္ခာထောက်ပံ့
သြဂုတ် ၂၄၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာတွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး စားနပ်ရိက္ခာ၊ ဆန်၊ ရိက္ခာခြောက်နဲ့ ဓာတ်ဆားတွေ သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။
အခုလို ကူညီထောက်ပံ့မှုတွေကို ထိုင်းနိုင်ငံ ဖူးယူစက်စက္ကူစက်ရုံက ညီအစ်ကိုမောင်နှမတွေရဲ့ လှူဒါန်းမှုနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဆိုပါတယ်။
ရေဦးမြို့နယ်အတွင်းက ရေဘေးအန္တရယ်ကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်စုတထောင်ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းအဖွဲ့တွေက ဆန်နဲ့ဆီတွေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
ရေဦးမြို့နယ်အတွင်းက ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်စု (၁၀၃၇) စုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၄ ၊ ရေဦးမြို့နယ် လူသားစာနာနဲ့ ပြည်သူလူထုတို့ပူးပေါင်းပြီး အိမ်ထောင်စုတစုကို ဆန် (၂) ပြည်နဲ့ ဆီ (၅၀) သားဆီ သွားရောက်ကူညီပေးခဲ့တာလို့ ပကဖအသံက ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ကိုင်းဒေသသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။

👍18❤5🥰3🤮2🤣2👏1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု
❤31👍5🥰1🤮1🤣1🖕1