People's Spring
60.3K subscribers
70.3K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပြည်သူတွေကိုသတ် အလောင်းဖျောက်ထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့လုပ်ရပ် လူမဆန်ဘူးလို့ KIA တာဝန်ရှိသူပြော

ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဩဂုတ် ဒုတိယပတ်က ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က နောင်းမီရွာ ဒေသခံ ၄ဦးကို စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

“ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပဲ။ အပြစ်မရှိတဲ့ ပြည်သူလူထုတွေကို သတ်ပြီးမှ အလောင်းမပေးတယ်ဆိုတာက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ လူယုတ် လူမာတွေရဲ့ လက္ခဏာ တွေပဲ။ အကျင့်တွေပါ။ တကယ့်ပြည်သူကို ချစ်တဲ့ နိုင်ငံတော်ကို ကာကွယ်တဲ့ အကျင့်စာရိတ္တတွေတော့ မဟုတ်ပါဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်ဟာ နောင်းမီဒေသခံ ၄ ဦးကို သတ်ဖြတ်လိုက်တာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ သေဆုံးသူ တဦးလျင် ကျပ်သိန်း ၂၀၀ စီ လျော်ကြေးပေးပေမဲ့ မိသားစုက အလောင်းတွေကိုသာ ပြန်ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် အလောင်းပြန်မပေးဘဲ ဖျောက်ဖျက်ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် မင်းဇေသန့်ရဲ့ ညီဖြစ်သူက သူ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုခဲ့ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဒေသခံတွေကို ကိုးကားဖော်ပြထားပါတယ်။

အဲဒီဒေသဟာ KIA တပ်မဟာ(၂)နယ်မြေဖြစ်ပြီး ဩဂုတ်ဒုတိယပတ်မှာ KIA ပူးပေါင်းတပ်က လီဒိုလမ်းမပေါ်က ဝါရာဇွပ်ပြည်သူ့စစ်တပ်ရှိရာနေရာကို တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှု လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဒိုလမ်းမတလျှောက်က ဖားကန့်၊ တနိုင်းဒေသတွေမှာ လှုပ်ရှားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအားကောင်းလာတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပံ့ပိုးမှု၊ ဒေသတွင်း ရွှေလုပ်ကွက်အပါအဝင် သယံဇာတ ထိန်းချုပ်နိုင်မှု တို့ကြောင့် အားကောင်းတဲ့ အဖွဲ့ဖြစ်ကာ အခုနှစ်ပိုင်းတွေမှာ KIA တပ်စခန်းအချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တာ ၊ စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့ပါတယ်။
🔥22😡13👍10🤮32👎1🤣1🖕1
(မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNG)
🔥22💩13😡10🤮43🖕3🤣2👎1🫡1
ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေး
ရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

မကြာသေးခင်က မိတ်ဆွေတစ်ယောက် ခွေးကိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးကို ခွေးရူးကာကွယ်ဆေး သွားထိုးခဲ့ပါတယ်။ ဆေးရုံရောက်တော့ သူအပါအဝင် လူသုံးယောက်ပဲ ရှိသေးတယ်။ ဆေးတစ်ပုလင်းကို လူငါးယောက်အသုံးပြုဖို့ စောင့်နေရတာကြောင့် နောက်ထပ်လူတွေ လာမလားဆိုပြီး စောင့်ခဲ့ကြပါတယ်။ နောက်ဆုံးလူငါးယောက်မပြည့်ဘဲ လေးယောက်ပဲ ရှိခဲ့တဲ့အတွက် ဆေးမထိုးနိုင်ဘဲ ပြန်လာခဲ့ရပါတယ်။

ပုဂ္ဂလိကဆေးရုံကြီးတွေမှာတော့ဆေးရှိကောင်းရှိနိုင်ပါလိမ့်မယ်။ဒါပေမယ့်အဲဒီဆေးရုံတွေဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းအတွက် မဟုတ်ပါ။တနေ့စာတနေ့ရုန်း
ကန်နေကြရတဲ့လူတွေအတွက် မသက်ဆိုင်
တဲ့နေရာမျိုးပါပဲ။

ဒီဖြစ်ရပ်ကိုဆေးရုံတစ်ခုရဲ့စီမံခန့်ခွဲမှုအခက်
အခဲတစ်ခုအဖြစ်ပဲ မြင်လိုက်ရင် ပြဿနာရဲ့ အတိမ်အနက်ကိုမြင်တာ မဟုတ်‌သေးပါဘူး။တကယ်တော့ ဒီဖြစ်ရပ်နောက်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးကို ဝင်ရောက်ထိခိုက်နေတဲ့ ပိုကြီးတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရှားပါးလာခြင်း၊ ဒေါ်လာကို စစ်အုပ်စုဘက်က ထိန်းချုပ်လာခြင်းနဲ့ သွင်းကုန်လိုင်စင်တွေကို တင်းကြပ်လာခြင်းက ဆေးဝါးရရှိနိုင်ရေး လမ်းကြောင်းကိုပါ တိုက်ရိုက် ရိုက်ခတ်လာတာပါ။

ဒေါ်လာရှားတာက ဘာကြောင့် ဆေးရှားတာနဲ့ ဆက်စပ်သလဲ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးဈေးကွက်ဟာ ပြည်တွင်းထုတ်လုပ်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်ရှိ မြန်မာ
နိုင်ငံမှာ အသုံးပြုနေတဲ့ ဆေးဝါးတွေရဲ့ ခန့်
မှန်းခြေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပြည်ပကနေ တင်သွင်းရတာဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ကုန်သွယ်ရေးဆိုင်ရအချက်
အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒေါ်လာမရှိရင်ဆေးတင်သွင်းလို့မရဘူး။ဆေးတင်သွင်းလို့မရရင်ဆေးရှားမယ်။ ဆေးရှားရင် ဈေးတက်မယ်။ ဈေးတက်ရင် လူနာတွေ ဆေးမဝယ်နိုင်တော့ဘူး။ ဒီလို ရိုးရိုးရှင်းရှင်း ဆက်စပ်နေပါတယ်။အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ နိုင်ငံခြားငွေ ရရှိနိုင်မှု ပြဿနာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးအခြေအနေ သုံးသပ်ချက်မှာလည်း ၂၀၂၁ ခုနှစ် မေလက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်ရှိရာက ၂၀၂၄ ခုနှစ် မေလမှာ ပြင်ပဈေးကွက်အရ ကျပ် ၅,၀၀၀ နီးပါးအထိ ကျပ်​ငွေတန်ဖိုးကျဆင်းလာခဲ့တာက နိုင်ငံခြားငွေ ရှားပါးမှုကို ဖြစ်စေပြီး ဆေးဝါးနဲ့ အခြေခံလိုအပ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ကန့်သတ်မှုတွေ ဖြစ်လာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆေးရှားတာကို “ဆေးကုမ္ပဏီတွေ ဆေးမသွင်းချင်လို့”လို့ မြင်လို့မရပါဘူး။ဆေးဝါးတင်သွင်းဖို့လိုတဲ့ ဒေါ်လာကိုရှာမရတာ၊ ရှာရင်တောင် တရားဝင်လမ်းကြောင်းကနေ ရရှိဖို့ ခက်ခဲတာနဲ့ အဲဒီဒေါ်လာသုံးပြီး ဆေးတင်သွင်းဖို့ လိုင်စင်ရယူရတာတွေက အဓိက အတားအဆီးတွေ ဖြစ်လာတာပါ။ ဆေးက ရှိတယ်၊ ဒါပေမယ့် တင်သွင်းလို့မရဘူးဖြစ်နေတာပါ။ဘာ​ကြောင့်တင်သွင်းလို့ မရတာလဲဆို​တော့ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကတားမြစ်ထားတာ​ကြောင့်ပါ။


https://www.ludunwayoo.com/feature-mm/2026/08/24/166474/
👍285👎1🔥1🤬1🤣1😡1
မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရ

သြဂုတ် ၂၄၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရပြီး တစ်ပတ်တစ်ကြိမ် တပ်မ(၃၃) ထံ ပို့ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို လူငယ်တွေ ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"တစ်ရက် ၃၀ မကဘူး။ တချို့လူတွေကိုတော့ ငွေယူပြီး ပြန်လွှတ်တယ်"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခင်က ညနေ ၅ နာရီနောက်ပိုင်း ပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက နေအိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
🤬23🤮62👍2👎1🔥1👏1🤔1🎉1🫡1
(မုံရွာနမခကနေ စစ်ကိုင်းတပ်မ (၃၃)သို့ ကူးသန်းနေသော စစ်ကောင်စီယာဥ်အချို့အား တွေ့ရစဥ် ဓါတ်ပုံံ-Myo Gyi)
🤮23💩6🖕4🔥2🫡1
ထားဝယ်ခရိုင် အမှတ်(၈၀၀၃)တပ်ရင်း စစ်သင်တန်းဆင်းပွဲကျင်းပ၊ ပြည်သူကို အသက်နဲ့ရင်းကာကွက်တက်ဖို့လိုဟု ထုတ်ပြန်

ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃) ကွပ်ကဲမှု့အောက်ရှိ ထားဝယ်ခရိုင်အမှတ်(၈၀၀၃)တပ်ရင်း ရဲ့ ပထမအကြိမ် စစ်ပညာခြေခံသင်တန်းပြီးဆုံးကြောင်း မှတ်တမ်းရုပ်သံနဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ပထမပတ်က ကျင်းပခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲ ဓာတ်ပုံနဲ့ ရုပ်သံကို အခုမှ ဖော်ပြလာတာပါ။

" စစ်သားတစ်ယောက်ခံယူတက်ဖို့၊ အမိန့်နာခံတက်ဖို့၊ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူကိုယ် လက်ဦးမှု့ရယူတက်ဖို့၊ ပြည်သူကို အသက်နဲ့ရင်းပြီးကာကွယ်တက်ဖို့၊ ပြည်သူကို ပြည်သူလို့မြင်တက်ဖို့” ကျင်းပတဲ့ သင်တန်းပြုလုပ်တာလို့ ထားဝယ်ခရိုင် အမျတ်(၈၀၀၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းရဲဘော်တွေကို တော်လှန်ရေးအမြင်၊ နိုင်ငံရေးအမြင် နှစ်ခုစလုံး ပူးတွဲလုပ်ဆောင်နိုင်ရန် ထားဝယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်းမှူးက သင်ကြားပေးခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

နိုင်ငံကို ချစ်တဲ့ စိတ် ပြည်သူကို ချစ်တဲ့စိတ် စစ်သင်တန်းဆင်း ရဲဘော်များအတွက် နိုင်ငံရေး အသိစိတ် ထပ်မံ သင်ကြားခဲ့တာလို့ ဆိုပါတယ်။

ထားဝယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်းဟာ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်ဖြစ်ပြီး မဟာမိတ်တွေနဲ့အတူ ပူးပေါင်းကာ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။
မေလနဲ့ ဇွန်လအတွင်းက လောင်းလုံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်ခဲ့ပါတယ်။
31👍6🥰3🤣2💩1🖕1
ဓာတ်ပုံ - ထားဝယ်ခရိုင်၊အမှတ်-၈၀၀၃-တပ်ရင်း
👍2717🥰3🤣2🤮1🖕1
ဧရာဝတီတိုင်း ရေဘေးသင့်ဒေသတွေမှာ ကူးစက်ရောဂါ စတင်ဖြစ်ပွားနေ

ဩဂုတ်-၂၄၊၂၀၂၆။မိထက်/People's Spring

ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေမှာ ဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါအချို့စတင်ဖြစ်ပွားနေပြီ ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

" ငသိုင်းချောင်း၊ အိုင်သပြု၊ ရေကြည်၊ လေးမျက်နှာမြို့တွေကို လာကြည့်။ ရေထဲမှာတကယ်ဒုက္ခရောက်နေကြတာ။ ကူးစက်ရောဂါတွေလည်းဖြစ်နေတာ။ ဒါတွေအတွက် လုံလောက်တဲ့ ဆေးဝါးတွေမရှိဘူး။ အခြေအနေပိုဆိုးလာရင် မနိင်မနင်းဖြစ်မှာပါ"လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်က ငဝန်မြစ် ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။

လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေပေမယ့် ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေတက်နေလို့ ယခင်က မကြုံဖူးတဲ့ရေဘေးမျိုးကိုကြုံတွေ့နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။ ရေဘေးကြောင့် သေဆုံးတဲ့လူဦးရေစာရင်းကိုလည်း တိုင်းဝန်ကြီးချုပ်ဦးအေးကျော်အမိန့်နဲ့ ဌာနဆိုင်ရာတွေကသတင်းထိန်ချန်ထားတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

စစ်တပ်က ခန့်အပ်ထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် အေးကျော်ဟာ တိုင်းအတွင်း ကျန်းမာရေးဆိုင်ရာကဏ္ဍတွေမှာပါ ဝင်ရောက်စွက်ဖက်နေသလို အမှန်တကယ်လုပ်ဆောင်ရမယ့်ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ အကောင်အထည်ဖော်ပေးခြင်းမရှိဘူးလို့ဝေဖန်ခံ နေရပါတယ်။ လက်ရှိ ဧရာဝတီတိုင်းမှာ ရင်ဆိုင်နေရတဲ့ ရေဘေးကြောင့် နေအိမ်မြုပ်နေသူတွေဟာ အဝေးပြေးလမ်းမတွေပေါ်မှာ ယာယီတဲထိုးနေကြရပါတယ်။

ဒါ့အပြင် ပုသိမ်ဆေးရုံမှာ ကိုဗစ်(COVID -19)ကူးစက်ခံထားရတဲ့ လူနာ တွေ့ရှိထားပြီး ပြင်ပကို သတင်းမပေါက်ကြားဖို့ တိုင်းဝန်ကြိးချုပ်က အမိန့်ပေးထားတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။

ပုသိမ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ နာတာရှည်ဝေဒနာရှင် ၁ဦးကို စစ်ဆေးရာကနေ ကိုဗစ်ရောဂါပိုးကူးစက်တာ စတင်တွေရှိခဲ့ပြီး လက်ရှ်ိမှာ ကူးစက်ခံရသူ ၅ဦးထက်မနည်းကို သီးသန့် ဆောင်မှာ ထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

" ခွဲစိတ်ရမယ့်လူနာကို စစ်ဆေးရင်းတွေ့တာ။ ကျန်းမာရေးဝန်ထမ်းတွေက ဌာနဆိုင်ရာလမ်းကြောင်းကနေတဆင့် အထက်ကို တင်ပြတော့ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်က သတင်းကို ထိန်းထားဖို့ အမိန့်ပေးတယ်။ ဝန်ထမ်းတွေလည်း စိတ်ပျက်လက်ပျက်လုပ်နေကြရတာ။ ဒီရောဂါက သာမာန်တုပ် ကွေးရောဂါဖြစ်သွားပြီလေ။ လူထုက သတိရှိရှိနေရအောင် ထုတ်ပြန်ပေးရမှာမဟုတ်ဘူးလား။
"လို့ ၎င်းက ပြောပါတယ်။

ကိုဗစ်(COVID -19) ရောဂါဟာ လက်ရှိမှာ အရေးပေါ်အခြေအနေမဟုတ်တော့ပေမယ့် ရောဂါကူးစက်ခံခဲ့ရသူတွေဟာ ကိုယ်ခံအားနည်းခြင်း၊မကြာခဏဖျားနာခြင်းနဲ့ ကူးစက်ခံထားရသူကတစ်ဆင့် အခြားသူတွေကိုအလွယ်တကူးစက်မှုတွေဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာသတိပေးချက်တွေကို ထုတ်ပြန်ပေးဖို့လိုတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ကိုဗစ်ရောဂါကို မြန်မာနိုင်ငံမှာ ၂၀၂၀ မတ်လကပထမဆုံး ကူးစက်လူနာစတင်တွေရှိခဲ့ပါတယ်။အဲဒီကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရလက်ထက်မှာ လူအသေ အပျောက်နည်းအောင် ရောဂါကို ထိန်းချုပ်နိုင်ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက်ပိုင်း ရောဂါကူးစက်မှုအခြေအနေ ဆိုးရွားခဲ့ပါတယ်။
၂၀၂၁ ဇွန်လကစပြီး ကိုဗစ်တတိယလှိုင်းကို မြန်မာလူထု ဆိုးရွားစွာရင်ဆိုင်ခဲ့ရပြီး ‌အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လူထောင်ချီသေဆုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီက အောက်ဆီဂျင်ရရှိရေးဦးစားပေးမလုပ်ဆောင်ခဲ့ဘဲ သုသာန်ကို တိုးချဲ့ဆောက်လုပ်ဖို့ညွှန်ကြားခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ရောဂါဟာ လူသေဆုံးစေတဲ့အထိမပြင်းထန်တော့သလို ရာသီတုပ်ကွေးအဆင့်သာ ရှိပါတော့တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အရေးပေါ် ကျန်းမာရေး အခြေအနေ (Global Health Emergency) မဟုတ်တော့ကြောင်း ကြေညာထားပါတယ်။ ဒါပေမယ့် မြို့နယ်အသီးသီးမှာ တုပ်ကွေးရောဂါကူးစက်ခံရသူတွေ ယခင်ကထက်များတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေကပြောပါတယ်။
🔥15😱7😢64👍1👎1🤣1
(ဧရာဝတီတိုင်းက ရေကြည်မြို့နယ်မှာ ရေကြီးနစ်မြုပ်နေမှုကို ဒီကနေ့ ဩဂုတ် ၂၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😭19🔥5🙏31👎1
စစ်တပ်စခန်းတွေကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Rangoon Warriors PDF တာ၀န်ရှိသူ ပြော

ဩဂုတ်-၂၄၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်တပ်ရဲ့အခြေစိုက်စခန်းတွေကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၉၉၂၅) တပ်ရင်း Rangoon Warriors PDF တာ၀န်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေက အမှတ် (၃၇)နည်းဗျူဟာ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြု တိုက်ပွဲဝင်ခဲ့တာလို့ ဆိုပါတယ်။

" ဘယ်အချိန် ဘယ်နေရာတွေ ဘယ်လို တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြောဖို့ မရှိသေးဘူး။အကောင်းဆုံး ကြိုးစားတိုက်ပွဲဝင်နေဆဲ ဆိုတာကို သိစေချင်တယ်"လို့ အသေခံဒရုန်းနဲ့တိုက်ခိုက်မှုတွေအကြောင်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် စစ်တပ်ဂျန်ဘာတွေကို ကျော်နိုင်တာက နည်းပညာပိုင်းဖြစ်တယ်လို့ အမှတ် (၉၉၂၅) တပ်ရင်း Rangoon Warriors PDF တာ၀န်ရှိသူက ပြောပါတယ်။

အမှတ် (၉၉၂၅) တပ်ရင်း – RANGOON WARRIORS PDF တပ်ရင်းဟာ အခု ၂၀၂၆ ဖေ‌ဖော်ဝါရီက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက ထပ်တိုးဖွဲ့စည်းလိုက်တဲ့ တပ်ရင်းသစ် ၃ခုအနက်က ၁ ခု ဖြစ်ပါတယ်။

၂၀၂၅ ဧပြီ ၃ရက်မှာ PDF စစ်ရုံးချုပ်က အထူးတိုင်း စစ်ဌာနကို ဖွဲ့စည်းအတည်ပြုခဲ့ရာ စတင်ဖွဲ့စည်းချိန်က တိုင်းစစ်ဌာနအောက် နည်းဗျူဟာ (၅) ခုရှိပြီး တရားဝင် ကွပ်ကဲမှုခံယူထားသော တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်းနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲ့များကို စနစ် တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း (၃) ကြောင်း ဖွဲ့စည်းနိုင်ခဲ့သလို ၂၀၂၅ ဒီဇင်ဘာမှာတေ့ အမှတ် (၈၀၀၁) တပ်ရင်းနဲ့ အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့တို့ကို ထပ်တိုးဖွဲ့စည်းခဲ့ပါတယ်။

အထူးတိုင်းစစ်ဌာနဟာအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာ တွေ၊ တပ်ရင်း/တပ်ဖွဲ့‌ တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့‌ တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ စုဖွဲ့ထားသည့် တိုင်းစစ်ဌာနတခုဖြစ်ပါတယ်။

အထူးတိုင်း စစ်ဌာနဟာ ကရင်၊ မွန်ပြည်နယ်တွေမှာ အခြေပြုဖွဲ့စည်းထားတဲ့ PDF နည်းဗျူဟာတွေ တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနဖြစ်ပြီး KNU/KNLAတပ်တွေနဲ့အတူ ကရင်၊မွန်၊ ရေး-ထားဝယ်ဒေသတို့မှာစစ်ရေးဖော်ဆောင်နေသလိုပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတို့နဲ့ ပူးပေါင်းပြီးပဲခူးတိုင်းနယ်မြေအချို့မှာလည်း စစ်ရေးဖော်ဆောင်နေပါတယ်။

အထူးတိုင်းစစ်ဌာနမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာ (၂၇)၊ နည်းဗျူဟာ (၃၂)၊ နည်းဗျူဟာ (၃၃)၊ နည်းဗျူဟာ (၃၆)၊ နည်းဗျူဟာ(၃၇) ၊ စုစုပေါင်း နည်းဗျူဟာ (၅) ခုနဲ့ စုဖွဲ့ထားပါတယ်။
👏2912👍2🥰2👎1🤣1🖕1
(အမှတ်(၉၉၂၅) တပ်ရင်း Rangoon Warriors PDF က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Rangoon Warriors PDF)
34👍3🤣2🤮1🖕1
ကချင်ပြည်နယ် အင်အားဖြည့်လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်၊ သင်္ဘော ၁စီး မီးလောင်

ဩဂုတ်၂၄၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့ဘက်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို 7Stars News က ဖော်ပြလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းရင်းမြစ်အချို့က အခုလို ရှင်းပြတာပါ။

“ပြောပြလာတဲ့ သတင်းအရတော့ လတ်တလော တက်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်ဗျ။ ဖြစ်စဉ်နေရာကတော့ အတိအကျ မပြောပြသေးလို့ Comfirm မပေးနိုင်သေးပါဘူးဗျ။ ၆စီးကို ဝင်တိုက်ခဲ့ပြီး ၁စီး မီးလောင်သွားတာကိုတော့ ကနဦး သိထားရပါတယ်” လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ် မသိရသေးသလို စစ်သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို မရောက်သေးဘူးလို့ ပြောပါတယ်။

“ဆော်ပလော်တော့ တီးနေကြတယ်။ထိရောက်တဲ့ ဖျက်ဆီးမှုတွေ မလုပ်နိုင်သေးဘူးထင်တယ်။ အဲဒါ(စစ်သင်္ဘောတွေကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံ)တွေက သပိတ်ကျင်းဝန်းကျင်က ရုပ်သံတွေ ထင်တယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ရုပ်သံပါအချက်အလက်တွေအရ ရေကြောင်းအတိုင်း တန်းစီမောင်းနှင်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို တော်လှန်ရေး ရဲဘော်တွေက ဒရုန်းနဲ့ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။

“မောင်းတဲ့ စက်ခန်းတိုက်မှာ … မင်းတည့်တည့်က သင်္ဘောရဲ့ နောက်က သင်္ဘော… ရှေ့ကနေ ကြိုသွား… နောက်က တွန်းတဲ့ကောင်နော်… နောက်က ရရင်နောက်က ပတ်တိုက်မယ်… မရရင် ရှေ့ကပဲ တိုက်… အဲဒီသင်္ဘောတိုက်… တိုက် “ လို့ တော်လှန်ရေးရဲဘော်တွေက သင်္ဘောကို ဒရုန်းနဲ့ တိုက်ခိုက်မှု ပြုလုပ်စဉ် ပြောဆိုနေတာကို ရုပ်သံမှာ ကြားရပါတယ်။

ဒါ့အပြင်နောက်ထပ် စစ်သင်္ဘောအချို့ကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုတွေကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်ဘက်က ဆုံးရှုံးနယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး စစ်အင်အားတွေ အလုံးအရင်း ဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လျက်ရှိပါတယ်။

အခုလို မန္တလေးဘက်ကနေ ကချင်ပြည်နယ်ဘက်ကို စစ်အင်အားဖြည့်ဖို့လာတဲ့ သင်္ဘောတွေရဲ့ သတင်းကို ကြားသိရပေမဲ့ ကချင်ပြည်နယ်အတွင်း မရောက်သေးလို့ သတင်းအချက်အလက်တွေ တိတိပပ မသိရသေးကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဩဂုတ် ၂၃ရက်က ပြောပြထားပါတယ်။

လတ်တလောမှာ စစ်တပ်ဟာ ရွှေကူမှာ စစ်ကူအင်အားအလုံးအရင်းနဲ့ စစ်မျက်နှာ တွေဖွင့်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းကနေ အကြီးအကျယ် ဗုံးကြဲတာတွေ ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေရှိပေမဲ့ စစ်တပ် စစ်ကြောင်းတွေ ရှေ့မတိုင်းနိုင်သေးကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဩဂုတ် ၂၂ရက်၊ ၂၃ရက် ရွှေ့ကူဒေသ စစ်ရေး အခြေအနေတွေကို ပြောပြထားပါတယ်။
👍346🥰4👎1👏1🤣1🖕1
(ကချင်ပြည်နယ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ။ ဓာတ်ပုံ - Lung Jung LA N)
👍315🔥4👏1🤣1🖕1🫡1
စစ်ကိုင်းမှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားတွေပြန်ပြင်ဖို့ ဒေသခံတွေအခက်တွေ့နေ

သြဂုတ် ၂၄၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်းက ရေဘေးသင့်ကျေးရွာတွေမှာ ပျက်စီးသွားတဲ့လမ်းတံတားတွေကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်မတက်နိုင်တော့လို့ ဒေသခံတွေ သွားလာရေးအခက်အခဲတွေ့နေပါတယ်။

သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ဘေးသင့်ဒေသ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ ဝက်လက်၊ ဒီပဲယင်း အစရှိတဲ့ မြို့နယ်တွေက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားခဲ့ပြီး ပြုပြင်နိုင်ခြင်း မရှိ​​​သေးတာကြောင့် သွားလာရေးအခက်အခဲတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

"ကျန်းမာရေး၊ သီးနှံထုတ်ရေးအတွက် အခက်အခဲတွေဖြစ်နေတယ်။ အဲဒီလမ်းတွေ ပြန်ပြင်မယ်ဆို ကုန်ကျစရိတ်ကလည်း များမှာကြောင့်မို့လို့ တောင်သူတွေ မတက်နိုင်ကြတော့ဘူး"လို့ ဝက်လက်မြို့နယ် ရေဘေးသင့်ဒေသက ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ဝက်လက်နယ်ထဲမှာတင် ရေဘေးသင့်ကျေးရွာ ၂၅ရွာက လမ်းတွေ ရေတိုက်စားလို့ ပျက်စီးသွားခဲ့ပြီး ကုန်ကျစရိတ်မတက်နိုင်သေးလို့ မပြင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းသွားပေမယ့် ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​ခဲ့ပါတယ်။ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆၁၉,၇၆၈ ဦးခန့် ထိခိုက်ခံစားနေရပြီး သေဆုံးသူ ၃၂ ဦးနဲ့ပျောက်ဆုံးသူ ၂ ဦး ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။
👍21😢3🔥1👏1🙏1
(ဝက်လက်မြို့နယ်အတွင်း ရေဘေးကြောင့် ပျက်စီးသွားသောလမ်းများအား တွေ့ရစဥ်။ ဓါတ်ပုံ-ဒေသခံ)
👍25😱4🔥2😭2👏1
တနင်္သာရီမြို့နယ်မှာ စစ်တပ် ပစ်ခတ်လို့ ပြည်သူ ၁ဦး ဒဏ်ရာရ၊ ဘုတ်ပြင်းမှာ စစ်တပ်က နေအိမ်အချို့ မီးရှို့

ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၂ရက် ညပိုင်းက တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၆)နှစ်အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တာလို့ ဖော်ပြပါတယ်။

ပစ်ခတ်မှုကို စစ်တပ်ရဲ့ ခမရ(၅၆၁) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ဩဂုတ် ၁၇ရက်ကလည်း တနင်္သာရီမြို့နယ် သဲဖြူရွာချောင်းဖျား(မဲ့ဝါးခီး) ဒေသက စစ်ရှောင်နေထိုင်ရာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလို မီးရှို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သူအချို့ရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

စစ်တပ်ဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာလည်း တိုက်ပွဲမရှိဘဲ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံလမ်းပိုင်း (၅) မိုင်အနီး ဝန်းကျင်က ပြည်သူ့နေအိမ် ၃လုံးကို စစ်တပ်က အကြောင်းမဲ့မီးရှို့ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး၊ အာဏာရှင် စစ်တပ်ရဲ့ ပြည်သူအပေါ်ဖိနှိပ်ရက်စက်မှုများကို ပြည်သူများနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
👍14🤬95👏1🎉1
(စစ်တပ် ပစ်ခတ်မှုကြောင့် ထိမှန် ဒဏ်ရာရတဲ့ အမျိုးသမီးကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District)
😭23🤬62👎2👍1👏1🎉1