People's Spring
60.4K subscribers
70.2K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပေးပါတယ်။စစ်တပ်ဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာလည်းတိုက်ပွဲမရှိဘဲ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

◾️ပဲခူးမြို့အနီးငလျင်လှုပ် ၊ပဲခူးနဲ့ ရန်ကုန်ကပြည်သူ​တွေသိရှိခံစားရ

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။ ငလျင်က သြဂုတ်လ ၂၃ ရက်မနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာမြေအောက်အနက် ၁၀ ကီလို
မီတာခန့် (၆ မိုင်​ကျော်) ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က
သတင်းထုတ်ပြန်ပါတယ်။ ဒီငလျင်ကိုပဲခူးမြို့နဲ့ပတ်ဝန်းကျင်အပြင် ရန်ကုန်မြို့က သု၀ဏ္ဏ၊ မြောက်ဒဂုံ၊ ‌တောင်ဥက္ကလာစတဲ့မြို့နယ်တွေမှာလည်း သိသိသာသာခံစားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် အသံဖိုင်တု AI နဲ့ ဖန်တီးဖြန့်ဝေနေလို့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ NUG တာဝန်ရှိသူ ပြော

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး
ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိ
ထားဖို့ သတိပေးလိုက်ပါတယ်။ဩဂုတ် ၂၂
ရက်ကတည်းက အဲဒီ အသံဖိုင်ဟာ လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည် အသံကို AIနဲ့ အတု ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ဒီလိုလုပ်တာဟာ PDF တွေရဲ့ အင်အားနဲ့ စိတ်ဓါတ်ကို ကြောက်ရွံ့လို့ စစ်အုပ်စုကိုယ်တိုင် မဖြိုခွဲနိုင်လို့ အားကိုးရှာတဲ့ သဘောဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

◾️CDFအရှို တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်
ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။ CDF အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ ဒု တပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော် အောင်လင်းဇော်တို့ဟာ ဩဂုတ် ၁၄ရက်က မကွေးတိုင်း ငဖဲမြို့ဘက် ရိက္ခာယူသွားစဉ် စစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီလို ကျဆုံးခဲ့တဲ့အပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ကြသော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင်များကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။ တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ တပ်ဖွဲ့ဝင်များ ကျဆုံးမှုဟာ CDF-Asho အတွက်သော်လည်း
ကောင်း၊ ချင်းအမျိုးသားတော်လှန်ရေးနဲ့ တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဖော်ပြပါတယ်။

◾️လီဒိုလမ်းမှာ ဒေသခံ ၄ ဦး သတ်ဖြတ်မှု တပည့်တွေလက်လွန်တာလို့ မင်းဇေသန့်ပြည်သူ့စစ်ဝန်ခံ​ပေမယ့်အလောင်းပြန်မပေး

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်
တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကဖမ်းဆီးသတ်
ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေ
ဆုံးသူတွေရဲ့ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်
ပြပါတယ်။ဩဂုတ်ဒုတိယပတ်မှာမင်းဇေသန့်ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က နောင်းမီကျေးရွာက ဒေသခံ ၄ဦးကို ဖမ်းဆီး သတ်
ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၁၆ရက်မှာတော့ မင်းဇေသန့်ရဲ့ ညီ ဖြစ်သူက သေဆုံးသူများရဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ငါ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုကာ ၁ဦးကို ကျပ်သိန်း ၂၀၀ စီ လျော်
ကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။

◾️IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ဝန်
ထမ်း ၁ဦးကို စစ်တပ်က မျက်လုံးတွေဖောက်ထုတ်သတ်ဖြတ်

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကိုပြောပါတယ်။IEC အရေးပေါ်ကယ်
ဆယ်ရေးဌာနခွဲက ခူးဖဲသူဟာ အခုဩဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ်
ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ ဩဂုတ် ၂၂ရက်မှာ သေဆုံးသူရဲ့ ဈာပနပြုလုပ်ခဲ့ပြီး မိသားစု၀င်တွေနဲ့ IEC တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

◾️ရန်ကုန်မှာဝမ်းရောဂါဖြင့် သေဆုံးသူ
တဦးထပ်တိုး၊ နာရေးပြုလုပ်ခွင့်မရှိ
👍222🔥1🎃1
ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။အသက် ၈၇ နှစ်အရွယ်သက်ကြီးပိုင်းအမျိုးသားတဦးဟာ သြဂုတ် ၂၀ ရက်နေ့က ဝမ်းသွားလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ခဲ့ပြီး သြဂုတ် ၂၁ ရက်မှာသေဆုံးသွားခဲ့ကာ ချက်ခြင်း သဂြိုလ်ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။ဝမ်း​ရောဂါနဲ့​ဆေးရုံ​မှာ ပထမဆုံး​သေဆုံးခဲ့သူမှာ အသက် ၉၂ နှစ်အရွယ်သက်
ကြီးလူနာဖြစ်ပါတယ်။ သြဂုတ် ၁၁ ရက်ကကွယ်လွန်ခဲ့တာလို့ စစ်တပ်လက်​အောက်ခံကျန်းမာ​ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ ဝမ်းပျက်ဝမ်း
လျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ ၈၀၀ နီးပါးအထိရှိလာပြီး သေဆုံးသူနှစ်ဦးလာတာဖြစ်ပါတယ်။​အဲဒီထဲမှာ ကာလဝမ်း​ရောဂါဖြစ်ပွားသူကလည်း တစ်ရာ​ကျော်ရှိပါတယ်။

◾️စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထုတ်
ကုန်တွေရောင်း၀ယ်ရင်အရေးယူမယ်လို့ KNDF အမှတ်-၂ စစ်ဒေသ သတိပေး

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့အရက်၊ ဘီယာနဲ့ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
အမှတ်-၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။ လက်ရှိကာလမှာ တော်လှန်ရေးအင်
အားစုတွေ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်တဲ့ တားမြစ်ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ထုတ်ကုန်တွေဒေသအတွင်းကျယ်ကျယ်
ပြန့်ပြန့် ပြန်လည်ရောင်းဝယ် ဖောက်ကားမှုတွေ ပြုလုပ်လာတာကြောင့်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ ကြားကာလမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့လမ်းညွှန်မှုအပေါ် ဒေသအတွင်းက ပြည်သူတွေ အနေနဲ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်စေဖို့နဲ့ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ စီးပွားရေး အကျိုးအ
မြတ်တွေကို တဆင့်ခံဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးမှု မဖြစ်စေဖို့လည်း ရည်ရွယ်တဲ့ကန့်သတ်တားမြစ်ချက်လို့ အသိပေးပါတယ်။
👍262🔥2
👍31🔥1🥰1
၅ နှစ်​ကျော်အတွင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျတာအနည်းဆုံး ၁၀ စီးရှိလာ

သြဂုတ်-၂၄၊၂၀၂၆/People's Spring

မိတ္ထီလာရှမ်းတဲ​လေတပ်ထဲပျက်ကျခဲ့တဲ့ အ​မောင်းသင်​လေယာဥ်ဟာ သြဂုတ် ၂၁ရက်မှာ ပျက်ကျခဲ့တာ​ကြောင့် People's Spring စု​ဆောင်းထားတဲ့အချက် အလက်​တွေအရ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းအ​ကြောင်းအမျိုးမျိုး​ကြောင့်ပျက်ကျတဲ့ ​စစ်
တပ်လေယာဥ် ၊ရဟတ်ယာဥ်အနည်းဆုံး
၁၀ စီးရှိ​နေပြီဖြစ်ပါတယ်။

ဒါ့အပြင်တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်​လေယာဥ်​တွေ၊ရဟတ်ယာဥ်​တွေ ပစ်ချဖျက်ဆီးခံရတာ အနည်းဆုံး ၁၄ စီး ရှိလာပြီဖြစ်ပါတယ်။၂၀၂၆ ဂျူလိုင်လက မ​ကွေးတိုင်း မြိုင်မြို့နယ်မှာ ​တော်လှန်​ရေးတပ်​တွေက စစ်တပ်ရဲ့ MI-17 ရဟတ်ယာဥ်ကို FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာက လက်တ​လောမှာ ​နောက်ဆုံးဖြစ်ပါတယ်။

People's Spring Infographic
🥰18👍125👏3🤣1🖕1
👍28👏102🤣1
ပြည်သူတွေကိုသတ် အလောင်းဖျောက်ထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့လုပ်ရပ် လူမဆန်ဘူးလို့ KIA တာဝန်ရှိသူပြော

ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဩဂုတ် ဒုတိယပတ်က ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က နောင်းမီရွာ ဒေသခံ ၄ဦးကို စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

“ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပဲ။ အပြစ်မရှိတဲ့ ပြည်သူလူထုတွေကို သတ်ပြီးမှ အလောင်းမပေးတယ်ဆိုတာက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ လူယုတ် လူမာတွေရဲ့ လက္ခဏာ တွေပဲ။ အကျင့်တွေပါ။ တကယ့်ပြည်သူကို ချစ်တဲ့ နိုင်ငံတော်ကို ကာကွယ်တဲ့ အကျင့်စာရိတ္တတွေတော့ မဟုတ်ပါဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်ဟာ နောင်းမီဒေသခံ ၄ ဦးကို သတ်ဖြတ်လိုက်တာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ သေဆုံးသူ တဦးလျင် ကျပ်သိန်း ၂၀၀ စီ လျော်ကြေးပေးပေမဲ့ မိသားစုက အလောင်းတွေကိုသာ ပြန်ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် အလောင်းပြန်မပေးဘဲ ဖျောက်ဖျက်ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် မင်းဇေသန့်ရဲ့ ညီဖြစ်သူက သူ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုခဲ့ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဒေသခံတွေကို ကိုးကားဖော်ပြထားပါတယ်။

အဲဒီဒေသဟာ KIA တပ်မဟာ(၂)နယ်မြေဖြစ်ပြီး ဩဂုတ်ဒုတိယပတ်မှာ KIA ပူးပေါင်းတပ်က လီဒိုလမ်းမပေါ်က ဝါရာဇွပ်ပြည်သူ့စစ်တပ်ရှိရာနေရာကို တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှု လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဒိုလမ်းမတလျှောက်က ဖားကန့်၊ တနိုင်းဒေသတွေမှာ လှုပ်ရှားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအားကောင်းလာတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပံ့ပိုးမှု၊ ဒေသတွင်း ရွှေလုပ်ကွက်အပါအဝင် သယံဇာတ ထိန်းချုပ်နိုင်မှု တို့ကြောင့် အားကောင်းတဲ့ အဖွဲ့ဖြစ်ကာ အခုနှစ်ပိုင်းတွေမှာ KIA တပ်စခန်းအချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တာ ၊ စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့ပါတယ်။
🔥20😡11👍9🤮32🤣1🖕1
(မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNG)
🔥18💩12😡10🤮43🤣2👎1🖕1
ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေး
ရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

မကြာသေးခင်က မိတ်ဆွေတစ်ယောက် ခွေးကိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးကို ခွေးရူးကာကွယ်ဆေး သွားထိုးခဲ့ပါတယ်။ ဆေးရုံရောက်တော့ သူအပါအဝင် လူသုံးယောက်ပဲ ရှိသေးတယ်။ ဆေးတစ်ပုလင်းကို လူငါးယောက်အသုံးပြုဖို့ စောင့်နေရတာကြောင့် နောက်ထပ်လူတွေ လာမလားဆိုပြီး စောင့်ခဲ့ကြပါတယ်။ နောက်ဆုံးလူငါးယောက်မပြည့်ဘဲ လေးယောက်ပဲ ရှိခဲ့တဲ့အတွက် ဆေးမထိုးနိုင်ဘဲ ပြန်လာခဲ့ရပါတယ်။

ပုဂ္ဂလိကဆေးရုံကြီးတွေမှာတော့ဆေးရှိကောင်းရှိနိုင်ပါလိမ့်မယ်။ဒါပေမယ့်အဲဒီဆေးရုံတွေဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းအတွက် မဟုတ်ပါ။တနေ့စာတနေ့ရုန်း
ကန်နေကြရတဲ့လူတွေအတွက် မသက်ဆိုင်
တဲ့နေရာမျိုးပါပဲ။

ဒီဖြစ်ရပ်ကိုဆေးရုံတစ်ခုရဲ့စီမံခန့်ခွဲမှုအခက်
အခဲတစ်ခုအဖြစ်ပဲ မြင်လိုက်ရင် ပြဿနာရဲ့ အတိမ်အနက်ကိုမြင်တာ မဟုတ်‌သေးပါဘူး။တကယ်တော့ ဒီဖြစ်ရပ်နောက်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးကို ဝင်ရောက်ထိခိုက်နေတဲ့ ပိုကြီးတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရှားပါးလာခြင်း၊ ဒေါ်လာကို စစ်အုပ်စုဘက်က ထိန်းချုပ်လာခြင်းနဲ့ သွင်းကုန်လိုင်စင်တွေကို တင်းကြပ်လာခြင်းက ဆေးဝါးရရှိနိုင်ရေး လမ်းကြောင်းကိုပါ တိုက်ရိုက် ရိုက်ခတ်လာတာပါ။

ဒေါ်လာရှားတာက ဘာကြောင့် ဆေးရှားတာနဲ့ ဆက်စပ်သလဲ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးဈေးကွက်ဟာ ပြည်တွင်းထုတ်လုပ်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်ရှိ မြန်မာ
နိုင်ငံမှာ အသုံးပြုနေတဲ့ ဆေးဝါးတွေရဲ့ ခန့်
မှန်းခြေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပြည်ပကနေ တင်သွင်းရတာဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ကုန်သွယ်ရေးဆိုင်ရအချက်
အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒေါ်လာမရှိရင်ဆေးတင်သွင်းလို့မရဘူး။ဆေးတင်သွင်းလို့မရရင်ဆေးရှားမယ်။ ဆေးရှားရင် ဈေးတက်မယ်။ ဈေးတက်ရင် လူနာတွေ ဆေးမဝယ်နိုင်တော့ဘူး။ ဒီလို ရိုးရိုးရှင်းရှင်း ဆက်စပ်နေပါတယ်။အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ နိုင်ငံခြားငွေ ရရှိနိုင်မှု ပြဿနာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးအခြေအနေ သုံးသပ်ချက်မှာလည်း ၂၀၂၁ ခုနှစ် မေလက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်ရှိရာက ၂၀၂၄ ခုနှစ် မေလမှာ ပြင်ပဈေးကွက်အရ ကျပ် ၅,၀၀၀ နီးပါးအထိ ကျပ်​ငွေတန်ဖိုးကျဆင်းလာခဲ့တာက နိုင်ငံခြားငွေ ရှားပါးမှုကို ဖြစ်စေပြီး ဆေးဝါးနဲ့ အခြေခံလိုအပ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ကန့်သတ်မှုတွေ ဖြစ်လာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆေးရှားတာကို “ဆေးကုမ္ပဏီတွေ ဆေးမသွင်းချင်လို့”လို့ မြင်လို့မရပါဘူး။ဆေးဝါးတင်သွင်းဖို့လိုတဲ့ ဒေါ်လာကိုရှာမရတာ၊ ရှာရင်တောင် တရားဝင်လမ်းကြောင်းကနေ ရရှိဖို့ ခက်ခဲတာနဲ့ အဲဒီဒေါ်လာသုံးပြီး ဆေးတင်သွင်းဖို့ လိုင်စင်ရယူရတာတွေက အဓိက အတားအဆီးတွေ ဖြစ်လာတာပါ။ ဆေးက ရှိတယ်၊ ဒါပေမယ့် တင်သွင်းလို့မရဘူးဖြစ်နေတာပါ။ဘာ​ကြောင့်တင်သွင်းလို့ မရတာလဲဆို​တော့ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကတားမြစ်ထားတာ​ကြောင့်ပါ။


https://www.ludunwayoo.com/feature-mm/2026/08/24/166474/
👍242👎1🔥1🤬1
မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရ

သြဂုတ် ၂၄၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရပြီး တစ်ပတ်တစ်ကြိမ် တပ်မ(၃၃) ထံ ပို့ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို လူငယ်တွေ ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"တစ်ရက် ၃၀ မကဘူး။ တချို့လူတွေကိုတော့ ငွေယူပြီး ပြန်လွှတ်တယ်"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခင်က ညနေ ၅ နာရီနောက်ပိုင်း ပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက နေအိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
🤬19🤮6👍21👎1🔥1👏1🤔1🫡1
(မုံရွာနမခကနေ စစ်ကိုင်းတပ်မ (၃၃)သို့ ကူးသန်းနေသော စစ်ကောင်စီယာဥ်အချို့အား တွေ့ရစဥ် ဓါတ်ပုံံ-Myo Gyi)
🤮19💩6🖕4🔥1
ထားဝယ်ခရိုင် အမှတ်(၈၀၀၃)တပ်ရင်း စစ်သင်တန်းဆင်းပွဲကျင်းပ၊ ပြည်သူကို အသက်နဲ့ရင်းကာကွက်တက်ဖို့လိုဟု ထုတ်ပြန်

ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃) ကွပ်ကဲမှု့အောက်ရှိ ထားဝယ်ခရိုင်အမှတ်(၈၀၀၃)တပ်ရင်း ရဲ့ ပထမအကြိမ် စစ်ပညာခြေခံသင်တန်းပြီးဆုံးကြောင်း မှတ်တမ်းရုပ်သံနဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ပထမပတ်က ကျင်းပခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲ ဓာတ်ပုံနဲ့ ရုပ်သံကို အခုမှ ဖော်ပြလာတာပါ။

" စစ်သားတစ်ယောက်ခံယူတက်ဖို့၊ အမိန့်နာခံတက်ဖို့၊ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူကိုယ် လက်ဦးမှု့ရယူတက်ဖို့၊ ပြည်သူကို အသက်နဲ့ရင်းပြီးကာကွယ်တက်ဖို့၊ ပြည်သူကို ပြည်သူလို့မြင်တက်ဖို့” ကျင်းပတဲ့ သင်တန်းပြုလုပ်တာလို့ ထားဝယ်ခရိုင် အမျတ်(၈၀၀၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းရဲဘော်တွေကို တော်လှန်ရေးအမြင်၊ နိုင်ငံရေးအမြင် နှစ်ခုစလုံး ပူးတွဲလုပ်ဆောင်နိုင်ရန် ထားဝယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်းမှူးက သင်ကြားပေးခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

နိုင်ငံကို ချစ်တဲ့ စိတ် ပြည်သူကို ချစ်တဲ့စိတ် စစ်သင်တန်းဆင်း ရဲဘော်များအတွက် နိုင်ငံရေး အသိစိတ် ထပ်မံ သင်ကြားခဲ့တာလို့ ဆိုပါတယ်။

ထားဝယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်းဟာ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်ဖြစ်ပြီး မဟာမိတ်တွေနဲ့အတူ ပူးပေါင်းကာ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။
မေလနဲ့ ဇွန်လအတွင်းက လောင်းလုံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်ခဲ့ပါတယ်။
27👍5🥰3🤣2🖕1
ဓာတ်ပုံ - ထားဝယ်ခရိုင်၊အမှတ်-၈၀၀၃-တပ်ရင်း
👍2514🥰3🤣2🖕1