“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရွှေကူမှာ စစ်တပ်က စစ်မျက်နှာ ၄ခုနဲ့ ထိုး
စစ်ဆင်ပြီးလေကြောင်းကအပြင်းအထန် ဗုံးကြဲ၊ စစ်တပ်ထိုးစစ်ရှေ့မတိုးနိုင်
ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ အင်အားတွေဖြည့်တင်းထားတဲ့ စစ်တပ်က စစ်ကြောင်း ၄ခုနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပြပါတယ်။ဩဂုတ် ၂၃ရက်မှာ စစ်တပ်က စစ်
မျက်နှာလေးခုကနေစစ်ကြောင်းတွေစုဖွဲ့ ထိုးစစ်ဆင်လာလို့တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကို အခုလို ရှင်းပြတာပါ။ရွှေကူမြို့နယ်မှာတိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်
ပွားနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မိတ္ထီလာရှမ်းတဲလေတပ်မှာလေယာဥ်၁စီးပျက်ကျဗိုလ်၁ဦးသေ၊ဗိုလ်မှူး ၁ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စစ်တပ်ရဲ့ ရှမ်းတဲလေတပ်စခန်းက အမောင်းသင် လေယာဥ် ၁စီး ပျက်ကျပြီး အမောင်းသင်ဗိုလ် သေဆုံးပြီးနည်းပြဗိုလ်မှူးဒဏ်ရာရခဲ့တယ်လို့လေတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သြဂုတ် ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ ရှမ်းတဲလေတပ်စခန်းကနေ K-8အမောင်းသင်လေယာဥ်တစ်စီးဟာ ပျံသန်းပြီးနောက် စခန်းပြန်ဝင်ချိန် ပျက်ကျခဲ့တာဖြစ်ကြောင်း လေ
တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ရှမ်းတဲအဆင်းတပ်ထဲမှာပျက်ကျတာ။ ဗိုလ်ကသေတယ်။ဗိုလ်မှူးက ဒဏ်ရာရတယ်။"လို့ သူက ပြောပါတယ်။People's Spring စုဆောင်းထားတဲ့အချက် အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်မျိုးစုံ နဲ့ ရဟတ်ယာဥ် အစီးရေ အနည်းဆုံး ၁၂ စီးပစ်ချခဲ့ပါတယ်။ဒါ့အပြင်အကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ စစ်တပ်လေယာဥ် ၊ရဟတ်ယာဥ် အနည်းဆုံး ၁၀ စီးရှိနေပြီဖြစ်ပါတယ်။
◾️ငသိုင်းချောင်းနဲ့ ရေကြည်မြို့နယ်ရေဘေး ဆိုးရွားနေ၊ သေဆုံးသူဦးရေ ထပ်တိုး
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်းချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်
ဆုံးနေသူအချို့လည်း ရှိနေပါတယ်။ရေကြည်မြို့နယ်မှာ ဩဂုတ်၂၂ရက် ညနေမှာ ကလေးငယ် ၂ဦး ရေစီးနဲ့မျောပါသွားပြီး ၁ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အထက်ပါဖြစ်စဉ်ဟာ သြဂုတ်၂၂ရက် ညနေ ၆နာရီခန့်က ရေ
ကြည်မြို့ နဲ့ကပ်လျှက် ဆင်ကူးချောင်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။
◾️ရေကြည်မှာရေကြီးနေချိန်ကလေး၂ဦးရေထဲမျောပါပြီး၁ဦးကိုဝါးရုံပင်ကြားမှာအသက်
ရှင်လျက် ပြန်တွေ့၊ ၁ဦးပျောက်ဆုံးနေ
ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ရေကြီးနေချိန် ကလေး ၂ဦး ရေစီးထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပေမယ့် ၁ဦး ပျောက်
ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။ သြဂုတ် ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ရေကြည်မြို့ ၊ စဉ့်ကူးရပ်ကွက်မှာ အသက် (၁၃) နှစ်နဲ့ (၁၆)နှစ်အရွယ် ယောကျာ်းလေး ၂ဦးဟာ ရေထဲကနေ ဦးလေးအိမ်သွားစဥ် ၂ဦးလုံး ရေစီးအတိုင်း မျောပါသွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေရာမှာ အသက်(၁၆)နှစ်သားကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပြီး (၁၃)နှစ်အရွယ်ကလေးငယ်မှာပျောက်ဆုံးနေဆဲဖြစ်တယ်လို့သွားရောက်ရှာဖွေခဲ့သူကိုသက်
ကြီး(စိန်ပန်း)ဆိုသူက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ မီးသတ်တွေနဲ့ပေါင်းရှာပေမယ့် ရေစီးသန်နေလို့ ရှာဖွေလို့မရခဲ့ကြောင်း၊ ရေအောက်မှာ ခြုံတွေနဲ့ ဆူးတွေရှိလို့ ရေငုတ်ရှာဖွေတဲ့ အဖွဲ့ဝင်တွေ အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
◾️တနင်္သာရီမြို့နယ်မှာ စစ်တပ် ပစ်ခတ်လို့ ပြည်သူ ၁ဦး ဒဏ်ရာရ၊ ဘုတ်ပြင်းမှာ စစ်တပ်က နေအိမ်အချို့ မီးရှို့
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာ
သိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထား
ဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ဩ
ဂုတ် ၂၂ရက် ညပိုင်းက တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၆)နှစ်အရွယ်အမျိုးသမီး ၁ဦးဒဏ်ရာရခဲ့တာလို့ဖော်ပြပါတယ်။ပစ်ခတ်မှု
ကို စစ်တပ်ရဲ့ ခမရ(၅၆၁) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ဩဂုတ် ၁၇ရက်ကလည်း တနင်္သာရီမြို့နယ် သဲဖြူရွာချောင်းဖျား(မဲ့ဝါးခီး) ဒေသက စစ်ရှောင်နေထိုင်ရာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလို မီးရှို့တဲ့စစ်တပ်စစ်ကြောင်းကိုကရင်အ
မျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)နဲ့ ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သူအချို့ရှိခဲ့တယ်လို့လည်း အသိ

👍18❤3🔥1👏1
ပေးပါတယ်။စစ်တပ်ဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာလည်းတိုက်ပွဲမရှိဘဲ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
◾️ပဲခူးမြို့အနီးငလျင်လှုပ် ၊ပဲခူးနဲ့ ရန်ကုန်ကပြည်သူတွေသိရှိခံစားရ
ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။ ငလျင်က သြဂုတ်လ ၂၃ ရက်မနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာမြေအောက်အနက် ၁၀ ကီလို
မီတာခန့် (၆ မိုင်ကျော်) ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က
သတင်းထုတ်ပြန်ပါတယ်။ ဒီငလျင်ကိုပဲခူးမြို့နဲ့ပတ်ဝန်းကျင်အပြင် ရန်ကုန်မြို့က သု၀ဏ္ဏ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာစတဲ့မြို့နယ်တွေမှာလည်း သိသိသာသာခံစားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည် အသံဖိုင်တု AI နဲ့ ဖန်တီးဖြန့်ဝေနေလို့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ NUG တာဝန်ရှိသူ ပြော
လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး
ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိ
ထားဖို့ သတိပေးလိုက်ပါတယ်။ဩဂုတ် ၂၂
ရက်ကတည်းက အဲဒီ အသံဖိုင်ဟာ လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည် အသံကို AIနဲ့ အတု ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ဒီလိုလုပ်တာဟာ PDF တွေရဲ့ အင်အားနဲ့ စိတ်ဓါတ်ကို ကြောက်ရွံ့လို့ စစ်အုပ်စုကိုယ်တိုင် မဖြိုခွဲနိုင်လို့ အားကိုးရှာတဲ့ သဘောဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
◾️CDFအရှို တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်
ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်
ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။ CDF အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ ဒု တပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော် အောင်လင်းဇော်တို့ဟာ ဩဂုတ် ၁၄ရက်က မကွေးတိုင်း ငဖဲမြို့ဘက် ရိက္ခာယူသွားစဉ် စစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီလို ကျဆုံးခဲ့တဲ့အပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ကြသော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင်များကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။ တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ တပ်ဖွဲ့ဝင်များ ကျဆုံးမှုဟာ CDF-Asho အတွက်သော်လည်း
ကောင်း၊ ချင်းအမျိုးသားတော်လှန်ရေးနဲ့ တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဖော်ပြပါတယ်။
◾️လီဒိုလမ်းမှာ ဒေသခံ ၄ ဦး သတ်ဖြတ်မှု တပည့်တွေလက်လွန်တာလို့ မင်းဇေသန့်ပြည်သူ့စစ်ဝန်ခံပေမယ့်အလောင်းပြန်မပေး
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်
တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကဖမ်းဆီးသတ်
ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေ
ဆုံးသူတွေရဲ့ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်
ပြပါတယ်။ဩဂုတ်ဒုတိယပတ်မှာမင်းဇေသန့်ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က နောင်းမီကျေးရွာက ဒေသခံ ၄ဦးကို ဖမ်းဆီး သတ်
ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၁၆ရက်မှာတော့ မင်းဇေသန့်ရဲ့ ညီ ဖြစ်သူက သေဆုံးသူများရဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ငါ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုကာ ၁ဦးကို ကျပ်သိန်း ၂၀၀ စီ လျော်
ကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။
◾️IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ဝန်
ထမ်း ၁ဦးကို စစ်တပ်က မျက်လုံးတွေဖောက်ထုတ်သတ်ဖြတ်
ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကိုပြောပါတယ်။IEC အရေးပေါ်ကယ်
ဆယ်ရေးဌာနခွဲက ခူးဖဲသူဟာ အခုဩဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ်
ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ ဩဂုတ် ၂၂ရက်မှာ သေဆုံးသူရဲ့ ဈာပနပြုလုပ်ခဲ့ပြီး မိသားစု၀င်တွေနဲ့ IEC တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
◾️ရန်ကုန်မှာဝမ်းရောဂါဖြင့် သေဆုံးသူ
တဦးထပ်တိုး၊ နာရေးပြုလုပ်ခွင့်မရှိ

👍22❤2🔥1🎃1
ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။အသက် ၈၇ နှစ်အရွယ်သက်ကြီးပိုင်းအမျိုးသားတဦးဟာ သြဂုတ် ၂၀ ရက်နေ့က ဝမ်းသွားလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ခဲ့ပြီး သြဂုတ် ၂၁ ရက်မှာသေဆုံးသွားခဲ့ကာ ချက်ခြင်း သဂြိုလ်ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။ဝမ်းရောဂါနဲ့ဆေးရုံမှာ ပထမဆုံးသေဆုံးခဲ့သူမှာ အသက် ၉၂ နှစ်အရွယ်သက်
ကြီးလူနာဖြစ်ပါတယ်။ သြဂုတ် ၁၁ ရက်ကကွယ်လွန်ခဲ့တာလို့ စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ ဝမ်းပျက်ဝမ်း
လျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ ၈၀၀ နီးပါးအထိရှိလာပြီး သေဆုံးသူနှစ်ဦးလာတာဖြစ်ပါတယ်။အဲဒီထဲမှာ ကာလဝမ်းရောဂါဖြစ်ပွားသူကလည်း တစ်ရာကျော်ရှိပါတယ်။
◾️စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထုတ်
ကုန်တွေရောင်း၀ယ်ရင်အရေးယူမယ်လို့ KNDF အမှတ်-၂ စစ်ဒေသ သတိပေး
စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့အရက်၊ ဘီယာနဲ့ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
အမှတ်-၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။ လက်ရှိကာလမှာ တော်လှန်ရေးအင်
အားစုတွေ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်တဲ့ တားမြစ်ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ထုတ်ကုန်တွေဒေသအတွင်းကျယ်ကျယ်
ပြန့်ပြန့် ပြန်လည်ရောင်းဝယ် ဖောက်ကားမှုတွေ ပြုလုပ်လာတာကြောင့်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ ကြားကာလမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့လမ်းညွှန်မှုအပေါ် ဒေသအတွင်းက ပြည်သူတွေ အနေနဲ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်စေဖို့နဲ့ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ စီးပွားရေး အကျိုးအ
မြတ်တွေကို တဆင့်ခံဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးမှု မဖြစ်စေဖို့လည်း ရည်ရွယ်တဲ့ကန့်သတ်တားမြစ်ချက်လို့ အသိပေးပါတယ်။

👍26❤2🔥2
၅ နှစ်ကျော်အတွင်းစစ်တပ်လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျတာအနည်းဆုံး ၁၀ စီးရှိလာ
သြဂုတ်-၂၄၊၂၀၂၆/People's Spring
မိတ္ထီလာရှမ်းတဲလေတပ်ထဲပျက်ကျခဲ့တဲ့ အမောင်းသင်လေယာဥ်ဟာ သြဂုတ် ၂၁ရက်မှာ ပျက်ကျခဲ့တာကြောင့် People's Spring စုဆောင်းထားတဲ့အချက် အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ စစ်
တပ်လေယာဥ် ၊ရဟတ်ယာဥ်အနည်းဆုံး
၁၀ စီးရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေ၊ရဟတ်ယာဥ်တွေ ပစ်ချဖျက်ဆီးခံရတာ အနည်းဆုံး ၁၄ စီး ရှိလာပြီဖြစ်ပါတယ်။၂၀၂၆ ဂျူလိုင်လက မကွေးတိုင်း မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့ MI-17 ရဟတ်ယာဥ်ကို FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာက လက်တလောမှာ နောက်ဆုံးဖြစ်ပါတယ်။
People's Spring Infographic

🥰18👍12❤5👏3🤣1🖕1
ပြည်သူတွေကိုသတ် အလောင်းဖျောက်ထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့လုပ်ရပ် လူမဆန်ဘူးလို့ KIA တာဝန်ရှိသူပြော
ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဩဂုတ် ဒုတိယပတ်က ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က နောင်းမီရွာ ဒေသခံ ၄ဦးကို စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပဲ။ အပြစ်မရှိတဲ့ ပြည်သူလူထုတွေကို သတ်ပြီးမှ အလောင်းမပေးတယ်ဆိုတာက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ လူယုတ် လူမာတွေရဲ့ လက္ခဏာ တွေပဲ။ အကျင့်တွေပါ။ တကယ့်ပြည်သူကို ချစ်တဲ့ နိုင်ငံတော်ကို ကာကွယ်တဲ့ အကျင့်စာရိတ္တတွေတော့ မဟုတ်ပါဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်ဟာ နောင်းမီဒေသခံ ၄ ဦးကို သတ်ဖြတ်လိုက်တာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ သေဆုံးသူ တဦးလျင် ကျပ်သိန်း ၂၀၀ စီ လျော်ကြေးပေးပေမဲ့ မိသားစုက အလောင်းတွေကိုသာ ပြန်ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် အလောင်းပြန်မပေးဘဲ ဖျောက်ဖျက်ထားတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် မင်းဇေသန့်ရဲ့ ညီဖြစ်သူက သူ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုခဲ့ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဒေသခံတွေကို ကိုးကားဖော်ပြထားပါတယ်။
အဲဒီဒေသဟာ KIA တပ်မဟာ(၂)နယ်မြေဖြစ်ပြီး ဩဂုတ်ဒုတိယပတ်မှာ KIA ပူးပေါင်းတပ်က လီဒိုလမ်းမပေါ်က ဝါရာဇွပ်ပြည်သူ့စစ်တပ်ရှိရာနေရာကို တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှု လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
လီဒိုလမ်းမတလျှောက်က ဖားကန့်၊ တနိုင်းဒေသတွေမှာ လှုပ်ရှားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအားကောင်းလာတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပံ့ပိုးမှု၊ ဒေသတွင်း ရွှေလုပ်ကွက်အပါအဝင် သယံဇာတ ထိန်းချုပ်နိုင်မှု တို့ကြောင့် အားကောင်းတဲ့ အဖွဲ့ဖြစ်ကာ အခုနှစ်ပိုင်းတွေမှာ KIA တပ်စခန်းအချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တာ ၊ စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့ပါတယ်။

🔥20😡11👍9🤮3❤2🤣1🖕1
ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေး
ရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။
မကြာသေးခင်က မိတ်ဆွေတစ်ယောက် ခွေးကိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးကို ခွေးရူးကာကွယ်ဆေး သွားထိုးခဲ့ပါတယ်။ ဆေးရုံရောက်တော့ သူအပါအဝင် လူသုံးယောက်ပဲ ရှိသေးတယ်။ ဆေးတစ်ပုလင်းကို လူငါးယောက်အသုံးပြုဖို့ စောင့်နေရတာကြောင့် နောက်ထပ်လူတွေ လာမလားဆိုပြီး စောင့်ခဲ့ကြပါတယ်။ နောက်ဆုံးလူငါးယောက်မပြည့်ဘဲ လေးယောက်ပဲ ရှိခဲ့တဲ့အတွက် ဆေးမထိုးနိုင်ဘဲ ပြန်လာခဲ့ရပါတယ်။
ပုဂ္ဂလိကဆေးရုံကြီးတွေမှာတော့ဆေးရှိကောင်းရှိနိုင်ပါလိမ့်မယ်။ဒါပေမယ့်အဲဒီဆေးရုံတွေဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းအတွက် မဟုတ်ပါ။တနေ့စာတနေ့ရုန်း
ကန်နေကြရတဲ့လူတွေအတွက် မသက်ဆိုင်
တဲ့နေရာမျိုးပါပဲ။
ဒီဖြစ်ရပ်ကိုဆေးရုံတစ်ခုရဲ့စီမံခန့်ခွဲမှုအခက်
အခဲတစ်ခုအဖြစ်ပဲ မြင်လိုက်ရင် ပြဿနာရဲ့ အတိမ်အနက်ကိုမြင်တာ မဟုတ်သေးပါဘူး။တကယ်တော့ ဒီဖြစ်ရပ်နောက်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးကို ဝင်ရောက်ထိခိုက်နေတဲ့ ပိုကြီးတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရှားပါးလာခြင်း၊ ဒေါ်လာကို စစ်အုပ်စုဘက်က ထိန်းချုပ်လာခြင်းနဲ့ သွင်းကုန်လိုင်စင်တွေကို တင်းကြပ်လာခြင်းက ဆေးဝါးရရှိနိုင်ရေး လမ်းကြောင်းကိုပါ တိုက်ရိုက် ရိုက်ခတ်လာတာပါ။
ဒေါ်လာရှားတာက ဘာကြောင့် ဆေးရှားတာနဲ့ ဆက်စပ်သလဲ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးဈေးကွက်ဟာ ပြည်တွင်းထုတ်လုပ်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်ရှိ မြန်မာ
နိုင်ငံမှာ အသုံးပြုနေတဲ့ ဆေးဝါးတွေရဲ့ ခန့်
မှန်းခြေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပြည်ပကနေ တင်သွင်းရတာဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ကုန်သွယ်ရေးဆိုင်ရအချက်
အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒေါ်လာမရှိရင်ဆေးတင်သွင်းလို့မရဘူး။ဆေးတင်သွင်းလို့မရရင်ဆေးရှားမယ်။ ဆေးရှားရင် ဈေးတက်မယ်။ ဈေးတက်ရင် လူနာတွေ ဆေးမဝယ်နိုင်တော့ဘူး။ ဒီလို ရိုးရိုးရှင်းရှင်း ဆက်စပ်နေပါတယ်။အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ နိုင်ငံခြားငွေ ရရှိနိုင်မှု ပြဿနာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးအခြေအနေ သုံးသပ်ချက်မှာလည်း ၂၀၂၁ ခုနှစ် မေလက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်ရှိရာက ၂၀၂၄ ခုနှစ် မေလမှာ ပြင်ပဈေးကွက်အရ ကျပ် ၅,၀၀၀ နီးပါးအထိ ကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့တာက နိုင်ငံခြားငွေ ရှားပါးမှုကို ဖြစ်စေပြီး ဆေးဝါးနဲ့ အခြေခံလိုအပ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ကန့်သတ်မှုတွေ ဖြစ်လာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဆေးရှားတာကို “ဆေးကုမ္ပဏီတွေ ဆေးမသွင်းချင်လို့”လို့ မြင်လို့မရပါဘူး။ဆေးဝါးတင်သွင်းဖို့လိုတဲ့ ဒေါ်လာကိုရှာမရတာ၊ ရှာရင်တောင် တရားဝင်လမ်းကြောင်းကနေ ရရှိဖို့ ခက်ခဲတာနဲ့ အဲဒီဒေါ်လာသုံးပြီး ဆေးတင်သွင်းဖို့ လိုင်စင်ရယူရတာတွေက အဓိက အတားအဆီးတွေ ဖြစ်လာတာပါ။ ဆေးက ရှိတယ်၊ ဒါပေမယ့် တင်သွင်းလို့မရဘူးဖြစ်နေတာပါ။ဘာကြောင့်တင်သွင်းလို့ မရတာလဲဆိုတော့ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကတားမြစ်ထားတာကြောင့်ပါ။
https://www.ludunwayoo.com/feature-mm/2026/08/24/166474/

LuduNwayOo
အာဏာသိမ်းပြီးနောက်ဒေါ်လာရှားပါးမှုက ရိုက်ခတ်လာတဲ့ မြန်မာ့ကျန်းမာရေး | LuduNwayOo
ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။
👍24❤2👎1🔥1🤬1
မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရ
သြဂုတ် ၂၄၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရပြီး တစ်ပတ်တစ်ကြိမ် တပ်မ(၃၃) ထံ ပို့ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို လူငယ်တွေ ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
"တစ်ရက် ၃၀ မကဘူး။ တချို့လူတွေကိုတော့ ငွေယူပြီး ပြန်လွှတ်တယ်"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခင်က ညနေ ၅ နာရီနောက်ပိုင်း ပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားတွေ ပေါ်တာအဆွံမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် ယခုအခါ နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက နေအိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

🤬19🤮6👍2❤1👎1🔥1👏1🤔1🫡1