အဓိကအကြောင်းက ရိုးရိုးလေးပါ။ နိုင်ငံခြား
ငွေ မလုံလောက်တော့ဘူး။ ဒါကြောင့် နိုင်ငံ
ခြားငွေ ထွက်မသွားအောင် သွင်းကုန်တွေကို ထိန်းတယ်။သွင်းကုန်တွေကို ထိန်းတော့ ဆေးတင်သွင်းဖို့ ခက်လာတယ်။ ဆေးတင်သွင်းဖို့ ခက်တော့ ဆေးရရှိနိုင်မှု ကျဆင်းလာတယ်။ ဆေးရရှိနိုင်မှုကျတော့ဈေးတက်တယ်။ လူနာက ဆေးရုံမှာ ဆေးတစ်ပုလင်းကို လူငါးယောက်ပြည့်အောင် ထိုင်စောင့်ရတဲ့အထိ ဖြစ်လာတယ်။ ဒီဟာက ဆေးဝါးပြတ်လပ်မှုရဲ့ အဆုံးပိုင်းမှာ မြင်ရတဲ့ ပုံရိပ်တစ်ခုပါ။ အာ
ဏာသိမ်းမှုရဲ့ စီးပွားရေးအကျိုးဆက်ကို လူ
နာရဲ့ သွေးကြောထဲအထိ မြင်လာရပြီ။
ရင်နာစရာကောင်းလှတဲ့အမှန်တရားက အဖိုးတန်လှတဲ့ပြည်သူတွေရဲ့အသက်ကိုကယ်တင်ဖို့ အရည်အသွေးအဆင့်မီဆေးဝါးတွေတင်သွင်းဖို့အတွက် စစ်အုပ်စုမှာဒေါ်လာမရှိပေမယ့် ပြည်သူတွေကိုဗုံးကြဲသတ်ဖို့အတွက် လေယာဥ်ဆီ ၊တိုက်လေယာဥ်တွေ၊လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့အတွက်ကြ စစ်တပ်ဆီမှာ ဒေါ်လာရှိနေတာပဲဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်မှာတော့ ၂၀၂၃ ခုနှစ်က စစ်တမ်းကောက်ယူခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထဲက ၉၀ ရာခိုင်နှုန်းကျော်က ပြီးခဲ့တဲ့ ခြောက်လအတွင်း အခြေခံလိုအပ်တဲ့ ဆေးဝါးတွေ ပြတ်လပ်မှုကို တွေ့ကြုံခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။ ၈၈ ရာခိုင်နှုန်းကျော်ကလည်း ဆေးပြတ်လပ်မှုက လူနာကုသမှုအရည်အသွေးကိုထိခိုက်စေတယ်လို့ သဘော
တူထားပါတယ်။ ဒါဟာ ဆေးဆိုင်တစ်ဆိုင်မှာ ဆေးတစ်မျိုး မရှိတာမျိုး မဟုတ်တော့ပါဘူး။ကျန်းမာရေးစနစ်တစ်ခုလုံးရဲ့ဆေးဝါးရရှိရေး လမ်းကြောင်းပြဿနာ ဖြစ်နေပြီဆိုတာပါပဲ။
ဒီအခြေအနေကြောင့်လူနာတွေကြုံနေရတဲ့ နောက်ထပ်ပြဿနာက အရင်သောက်နေကျ ဆေးမရတော့ပဲ အလားတူဆေးအစားထိုးသုံးစွဲရတာပါ။ သွေးတိုးဆေး၊ ဆီးချိုဆေး၊ နှလုံးဆေးလို ရေရှည်ပုံမှန်သောက်ရတဲ့ ဆေးတွေကို အရင်သောက်နေကျ အမှတ်တံဆိပ်မရတော့တဲ့အခါ အခြားတံဆိပ်ကို ပြောင်းသောက်ရတာတွေ ရှိလာပါတယ်။တချို့က အဓိကဆေးဝင်ပစ္စည်းတူတဲ့ဆေးအမျိုးအ
စား ဖြစ်နိုင်ပါတယ်။ဒါပေမယ့်လူနာက ဆရာ
ဝန်နဲ့ မတိုင်ပင်ဘဲ ဒီဆေးလည်း သွေးတိုးကျတယ်ဆိုတော့ သောက်လိုက်မယ် ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြောင်းသောက်ရတဲ့ အခြေအ
နေ ရောက်လာတော့ အန္တရာယ်ရှိနိုင်ပါတယ်။
ပြီးခဲ့တဲ့ လ တွေ က ဆွေမျိုးထဲက အဒေါ်တစ်ယောက် အရင်သောက်နေကျ သွေးတိုးကျဆေးမရတော့ အခြားဆေးသောက်ရပြီး သွေး
ပေါင်မကျဘဲ ဒုက္ခရောက်ခဲ့ရတယ်။ ဒီဖြစ်ရပ်ဟာ ဒီပြဿနာရဲ့ လူနာဘက်က အခြမ်းကိုမြင်ရတာတစ်ခုပါပဲ။ဒီလိုဖြစ်ရပ်တွေကို လူနာ
တစ်ယောက်ရဲ့ အမှားလို့မြင်လို့မရပါဘူး။ လူနာက ရွေးချယ်စရာမရှိအောင် ဖြစ်လာတဲ့ အခြေအနေကိုလည်း ကြည့်ရပါမယ်။
ခွေးရူးကာကွယ်ဆေးမှာတော့ အစားထိုးပြီး စောင့်ကြည့်လို့မရဘူး။ဒီပြဿနာထဲမှာ ခွေး
ရူးကာကွယ်ဆေးကပိုပြီးအရေးကြီးပါတယ်။အကြောင်းက ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာပေါ်လာပြီးနောက် သေဆုံးနိုင်ခြေ အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ခွေးကိုက်ခံရပြီးနောက် သင့်တော်တဲ့ ရောဂါကာကွယ်ရေးကုသမှုကို အချိန်မီ ရရှိရင်တော့ ကာကွယ်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။
အနာကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ချက်
ချင်းဆေးကြောတာကလည်း အရေးကြီးသလို။ အနာပြင်းထန်တဲ့ ကိုက်ခံရမှု ဖြစ်ရင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအပြင် ခွေး
ရူးပြန်ရောဂါ ကာကွယ်ပေးတဲ့ အထူးသွေးရည် လိုအပ်ပါတယ်။ ဒါကြောင့် ခွေးကိုက်ခံရတဲ့သူတစ်ယောက်ကို “လူငါးယောက်ပြည့်မှ ဆေးထိုးမယ်” ဆိုတဲ့ အခြေအနေထဲ ထားရတာဟာကျန်းမာရေးစနစ်အခြေအနေအ
တွက်သတိပေးခေါင်းလောင်းတစ်ခု ဖြစ်ပါတယ်။
လူအများသုံး ဆေးပုလင်းတစ်ပုလင်းကို လူအနည်းငယ်ပဲ အသုံးပြုရင် ကျန်တဲ့ဆေးကို စွန့်ပစ်ရမယ်။ ကာကွယ်ဆေးတွေမှာ ဖွင့်ပြီးနောက် အသုံးပြုနိုင်တဲ့အချိန်နဲ့ သိုလှောင်မှုဆိုင်ရာ စည်းမျဉ်းတွေ ရှိပါတယ်။ ဆေးဝါးမလုံလောက်တဲ့ နိုင်ငံတစ်ခုမှာ ဆေးအလဟ
ဿမဖြစ်အောင် လူနာတွေကို စုစည်းပြီး ထိုးပေးတာဟာ စီမံခန့်ခွဲမှုအရ နားလည်နိုင်ပါတယ်။ဒါပေမယ့်အဲဒီလိုစီမံခန့်ခွဲမှုရဲ့ ကုန်ကျ
စရိတ်ကို လူနာရဲ့ အသက်အန္တရာယ်နဲ့ မပေးသင့်ပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ခွေးရူးကာ
ကွယ်ဆေးကို အရေပြားအတွင်း ထိုးတဲ့နည်းနဲ့ ထိုးခြင်းက ဆေးပမာဏကို လျှော့ချနိုင်ပြီး ဆေးဝါးအကန့်အသတ်ရှိတဲ့ နေရာတွေမှာ အထောက်အကူ ပြုနိုင်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့် ဖြေရှင်းရမယ့်နေရာက ဆေးရုံတံခါးဝမှာ လူနာငါးယောက်ပြည့်အောင်စောင့်ခိုင်းတာနဲ့ မပြီးပါဘူး။ဒီလောက်
အရေးကြီးတဲ့ ဆေးကို လူနာတစ်ယောက် လာတဲ့အချိန်မှာတောင် အချိန်မီ မပေးနိုင်အောင် မြန်မာ့ကျန်းမာရေးစနစ်ကိုဘယ်လိုအခြေ
အနေအထိ တွန်းပို့ထားပြီလဲ ဆိုတာကို မြင်နေရပါတယ်။
ဒေါ်လာရှားပါး ၊ဈေးတက်တာဟာ စီးပွား
ရေးသမားတွေအတွက်ပဲ ပြဿနာမဟုတ်တော့ပါဘူး။ သွင်းကုန်လိုင်စင် ခက်တာဟာ ကုန်သည်တွေအတွက်ပဲပြဿနာမဟုတ်တော့
ပါဘူး။ဆေးဝါးတင်သွင်းမှုနှေးတာဟာ ဆေးကုမ္ပဏီတွေအတွက်ပဲ ပြဿနာမဟုတ်တော့ပါဘူး။ နောက်ဆုံးမှာ အဲဒီအကျိုးဆက်ကို လူနာက ဆေးမရခြင်း၊ ဆေးဈေးမတတ်နိုင်ခြင်း၊အစားထိုးဆေးသောက်ရခြင်းနဲ့ အသက်
အန္တရာယ် ရင်ဆိုင်ရခြင်း အဖြစ်ခံစားရတာပါ။

❤15🔥6👍2🤣1
ဒေါ်လာမရှိလို့ ဆေးမသွင်းနိုင်တာဟာ စီးပွား
ရေးသတင်းတစ်ပုဒ် မဟုတ်ပါဘူး။ ဆေးမရှိလို့ လူနာမကုနိုင်တာဟာလည်း ကျန်းမာရေးသတင်းတစ်ပုဒ် မဟုတ်ပါဘူး။ နှစ်ခုစလုံးဟာ လူ့အသက်နဲ့တိုက်ရိုက်ဆိုင်တဲ့အကျပ်အ
တည်းတစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ။
ကိုးကား - WHO, Public health situation analysis Myanmar, ကမ္ဘာ့ဘဏ် (World Bank)

❤17🔥6👍2🤣1
ရေကြည်မှာ ရေကြီးနေချိန် ကလေး ၂ဦးရေထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ အသက်ရှင်လျက် ပြန်တွေ့၊ ၁ဦး ပျောက်ဆုံးနေ
သြဂုတ် ၂၃၊ ၂၀၂၆။ မေရီ/People's Spring
ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ရေကြီးနေချိန် ကလေး ၂ဦး ရေစီးထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပေမယ့် ၁ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။
သြဂုတ် ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ရေကြည်မြို့ ၊ စဉ့်ကူးရပ်ကွက်မှာ အသက် (၁၃) နှစ်နဲ့ (၁၆)နှစ်အရွယ် ယောကျာ်းလေး ၂ဦးဟာ ရေထဲကနေ ဦးလေးအိမ်သွားစဥ် ၂ဦးလုံး ရေစီးအတိုင်း မျောပါသွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေရာမှာ အသက်(၁၆)နှစ်သားကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပြီး (၁၃)နှစ်အရွယ် ကလေးငယ်မှာ ပျောက်ဆုံးသွားကြောင်း သွားရောက်ရှာဖွေခဲ့သူ ကိုသက်ကြီး(စိန်ပန်း)ဆိုသူက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
"တစ်ယောက်ကတော့ အရှင်တွေ့တယ်။...ကလေးတွေက သူ့အဖေရဲ့အုတ်ဂူကို သွားကြည့်တာတဲ့။ သွားကြည့်ပြီးတော့ ပြန်လာတော့ နှစ်ယောက်မျောတာ။ တစ်ယောက်က ဝါးရုံပင်ကို လှမ်းဆွဲလိုက်တဲ့အချိန်မှာ ကျန်ခဲ့တယ်။ ရွာခံတွေက ကြားကြားချင်းမှာ ဆိုင်ကယ်တွေနဲ့ သွားလိုက်တော့ တစ်ယောက်ကို ဝါးရုံပင်မှာ ဆွဲထားတဲ့ ကလေးလေးတစ်ယောက်ကိုတော့ ခေါ်လာနိုင်ခဲ့တယ်။"လို့ အခင်းဖြစ်နေရာကနေ လူမှုကူညီရေးအမျိုးသမီးတစ်ဦးက Live လွှင့် ပြောထားပါတယ်။
မီးသတ်တွေနဲ့ပေါင်းရှာပေမယ့် ရေစီးသန်နေလို့ ရှာဖွေလို့မရခဲ့ကြောင်း၊ ရေအောက်မှာ ခြုံတွေနဲ့ ဆူးတွေရှိလို့ ရေငုတ်ရှာဖွေတဲ့ အဖွဲ့ဝင်တွေ အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီးနောက် လေးမျက်နှာမြို့နယ်အပြင် ဆက်စပ်ရာဒေသတွေဖြစ်တဲ့ ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးနေပါတယ်။
ဒီကနေ့ သြဂုတ် ၂၃ ရက်မနက်မှာ "ရေက နှစ်လက်မလောက်တော့ကျတယ်"လို့ ရေကြည်က လူမှုကယ်ဆယ်ရေးသမားတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။
ဒေသတွင်းမှာ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ မိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရပါတယ်။ တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ် ၈ရက်နဲ့ ၉ရက်မှာ အာဏာသိမ်းစစ် ခေါင်းဆောင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာသလို သေဆုံးသူဦးရေလည်းများပြားလာပါတယ်။
လယ်ဧက သိန်းချီရေနစ်မြုပ်နေပြီး ဒေသခံတွေဟာ သွားရေးလာရင်းနဲ့ စားနပ်ရိက္ခာအတွက် အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အိမ်တွေကိုစွန့်ခွာပြီး ရေမမြုပ်သေးတဲ့လမ်းမတွေပေါ်မှာ တဲထိုးနေရပါတယ်။ အိမ်တွေလည်းဖောက်ထွင်းခံရပြီး ရေဘေးနဲ့ဆက်စပ်ပြီး ထိခိုက်ပျက်စီးမှုမှုအလွန်များပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆၁၉,၇၆၈ ဦးခန့် ထိခိုက်ခံစားနေရပြီး သေဆုံးသူ ၃၂ ဦးနဲ့ပျောက်ဆုံးသူ ၂ ဦး ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ရက်က ထုတ်ပြန်ထားပါတယ်။
(ရေထဲမျောပါသွားတဲ့ ကလေးအား ရှာဖွေနေစဥ်။ ဓါတ်ပုံံ-Screen Grab)

😢28❤4🔥2🤣1
ဒေါ်အောင်ဆန်းစုကြည် အသံဖိုင်တု AI နဲ့ ဖန်တီးဖြန့်ဝေနေလို့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ NUG တာဝန်ရှိသူ ပြော
ဩဂုတ် ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။
မနေ့က ဩဂုတ် ၂၂ရက်ကတည်းက အဲဒီ အသံဖိုင်ဟာ လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည် အသံကို AIနဲ့ အတု ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ PDF တွေရဲ့လက်နက်ကိုင်တော်လှန်ရေးကို အန်တီကလက်မခံဘူးဆိုတဲ့ သဘောမျိုး ပြောထားတဲ့ အသံဖိုင်အတုပါ။ နည်းပညာနဲ့ သိပ်မစိမ်းသူတွေအတွက် အတုမှန်း အလွယ်တကူသိနိုင်ပေမယ့် နည်းပညာနဲ့ နည်းနည်းအလှမ်းဝေးတဲ့ သူအချို့ကတော့ အတုမှန်းမသိပဲ အစစ်လို့ထင်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဖြန့်သူတွေ ဘက်ကလည်း ဒီလို target မျိုးကိုပဲ ရည်ရွယ်ပုံရပါတယ်။ အခုခေတ်မှာ ရုပ်သံတွေ၊ အသံတွေ အတုလုပ်ရတာ အရမ်းလွယ်လာတဲ့အတွက် အထူးသတိထားသင့်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒီလိုလုပ်တာဟာ PDF တွေရဲ့ အင်အားနဲ့ စိတ်ဓါတ်ကို ကြောက်ရွံ့လို့ စစ်အုပ်စုကိုယ်တိုင် မဖြိုခွဲနိုင်လို့ အားကိုးရှာတဲ့ သဘောဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
“အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ကသာ ဒီလိုတကယ်ပြောခဲ့တယ် ဆိုရင် အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ထပ်ခါထပ်ခါလွှင့်နေမှာသေချာပါတယ်။ အန်တီ့ရဲ့ အရှိန်အဝါနဲ့ ဩဇာလွှမ်းမိုးမှုကို အကြမ်းဖက်စစ်တပ်က နားလည်ပြီး သူတို့အကျိုးအတွက် အသုံးချနိုင်ဖို့ ကြိုးစားနေတဲ့ သဘောကိုမြင်ရပါတယ်။ ပြည်သူတွေ၊ PDF လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဆိုက်ဝါးတွေကို သတိထားကြဖို့ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
နည်းပညာတွေ တိုးတက်လာတဲ့အလျှောက် လူပုဂ္ဂိုလ်တဦးရဲ့ မူရင်းပြောဆိုထားတဲ့ အသံစစ်စစ် နမူနာအနည်းငယ် (သို့မဟုတ်) မိန့်ခွန်းဟောင်းတွေကို အသုံးပြုပြီး မူလပြောဆိုသူရဲ့ အသံထွက်၊ အသံဝါး၊ အသံနေအသံထားနဲ့ လေသံတို့အတိုင်း ပုံဖော်ပေးနိုင်တဲ့ အသံတုကို နည်းပညာအရ လုပ်ဆောင်နိုင်သလို ရုပ်သံဖိုင်၊ ဓာတ်ပုံဖိုင်တွေလည်း ဖန်တီးလို့ ရနေတာဖြစ်ပါတယ်။ အဲဒီလို နည်းပညာတွေကို အသုံးပြုပြီး ဝါဒဖြန့်တာတွေ၊ သတင်းအမှား ဖန်တီးတာ၊ ငွေကြေးလိမ်လည်တာတွေလည်း ရှိနေပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနနေကိုယ်စားလှယ်တို့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

👍31❤5😁2🤮2🤣1🖕1
ရွှေကူမှာ စစ်တပ်က စစ်မျက်နှာ ၄ခုနဲ့ ထိုးစစ်ဆင်ပြီး လေကြောင်းက အပြင်းအထန် ဗုံးကြဲ၊ စစ်တပ်ထိုးစစ် ရှေ့မတိုးနိုင်ဟု KIA ပြော
ဗန်းမော်မှာလည်း စစ်တပ်ထိုးစစ်ကြောင့် နေရာအချို့ တိုက်ပွဲဖြစ်
ဩဂုတ် ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ အင်အားတွေဖြည့်တင်းထားတဲ့ စစ်တပ်က စစ်ကြောင်း ၄ခုနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပြပါတယ်။
ဩဂုတ် ၂၃ရက်မှာ စစ်တပ်က စစ်မျက်နှာလေးခုကနေ စစ်ကြောင်းတွေ စုဖွဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကို အခုလို ရှင်းပြတာပါ။
ရွှေကူမြို့နယ်မှာတိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဟုတ်တယ် သူတို့ စစ်ကြောင်းလေးကြောင်းနဲ့။ လေးကြောင်းနဲ့ထိုးလိုက် သုံးကြောင်းနဲ့ ထိုးလိုက်ပေါ့။ ဟိုနေ့က သူတို့ စစ်အင်အားတွေ ပြန်ဖြည့်လိုက်ပြီ။စစ်ကြောင်းတွေက ပိုပြီးမှ အင်အားတောင့်ပြီးမှ ထိုးတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုထက်ထိကတော့ ရှေ့ကိုတော့ မတိုးနိုင်ဘူးဖြစ်တာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း KIA တာဝန်ရှိသူက အသိပေးပါတယ်။
“ မနေ့ကလည်း တနေကုန်လို့ပြောရမှာပေါ့ဗုံးကြဲတာ။ ဒီနေ့မနက် ကနေလည်း မြေပြင်ကနေ ခြေလျင်နဲ့ ပြန်ထိုးကြတာ။ အခုလည်း တိုက်ပွဲကတော့ ဖြစ်နေတုန်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုထက်ထိတော့ KIAနဲ့ ပူးပေါင်းတပ်တွေ နေရာဆုတ်တာ မရှိပါဘူး။ စစ်ကော်မရှင်စစ်ကြောင်းတွေလည်း ရှေ့ကို တိုးနိုင်တဲ့ အနေအထားတော့ မတွေ့ရသေးပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်ဟာ မန္တလေးဘက်ကနေ သင်္ဘောတွေနဲ့ စစ်အင်အားတွေ ထပ်မံဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ သတင်းတွေ ကြားရပြီး ကချင်ပြည်နယ်မရောက်သေးဘဲ လမ်းမှာပဲ ရှိနေသေးတာမို့ သတင်းအချက်အလက်တွေ တိတိပပ မကြားရသေးဘူးလို့ ပြောပါတယ်။
ဒါအပြင် ကချင်ပြည်နယ် ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးပါတယ်။
ဗန်းမော်မြို့က တချို့ရပ်ကွက်တွေကို စစ်တပ်ဘက်က မြေပြင်ထိုးစစ် လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
“ နဂိုရ်ပုံစံအတိုင်းပါပဲ ထိန်းထားတဲ့ အနေအထားတော့ရှိပါတယ်။ ဒါပေမဲ့ ခုနပြောသလို စစ်ကော်မရှင်ဘက်မှာလည်း သူတို့ ဗျူဟာကျမယ်လို့ ထင်တဲ့နေရာဘက်မှာတော့ တအားထိုးစစ်ဆင်တာကိုတော့ တွေ့ရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့ စစ်ရေး အခြေအနေကို ပြောပြပါတယ်။
KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေး အစပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေ အပါအဝင် တပ်စခန်းနေရာအများအပြား သိမ်းရထားပါတယ်။ နောက်ပိုင်းမှာ စစ်ကောင်စီက စစ်အင်အားတွေထပ်မံ ဖြည့်တင်းထားနိုင်လို့ နှစ်ဖက်အကြား အပြန်အလှန်ထိုးစစ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N/FB)

👍42❤16👏1🤣1🖕1
မိတ္ထီလာရှမ်းတဲလေတပ်အတွင်းစစ်တပ်လေ
ယာဥ်၁စီးပျက်ကျပြီးဗိုလ်၁ဦးသေ၊ ဗိုလ်မှူး ၁ဦးဒဏ်ရာရ
■အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လေ
ယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး
၁၀ စီးရှိလာ
သြဂုတ် ၂၃၊ ၂၀၂၆။မေရီ၊ဇော်ရမ်း/People's Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စစ်တပ်ရဲ့ ရှမ်းတဲလေတပ်စခန်းက အမောင်းသင် လေယာဥ် ၁စီး ပျက်ကျပြီး အမောင်းသင်ဗိုလ် သေဆုံးပြီးနည်းပြဗိုလ်မှူးဒဏ်ရာရခဲ့တယ်လို့လေတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သြဂုတ် ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ ရှမ်းတဲလေတပ်စခန်းကနေ အမောင်းသင်လေယာဥ်တစ်စီးဟာ ပျံသန်းပြီးနောက် စခန်းပြန်ဝင်ချိန် ပျက်ကျခဲ့တာဖြစ်ကြောင်း လေ
တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ရှမ်းတဲအဆင်းတပ်ထဲမှာပျက်ကျတာ။ ဗိုလ်ကသေတယ်။ဗိုလ်မှူးက ဒဏ်ရာရတယ်။"လို့ သူက ပြောပါတယ်။
ရှမ်းတဲလေတပ်စခန်းကပေါက်ကွဲသံကို ကြားလိုက်ရတယ်လို့ ဒေသခံအချို့ကလည်း ပြောပါတယ်။
"ရှမ်းတဲဖက်မယ် ပေါက်ကွဲသံ ကြားရတယ်လို့တော့ အထဲက လူက သတင်းတော့ ပြောတယ်။ သာမန်ပဲ ထင်တာ။"လို့ မိတ္ထီလာမြို့ခံတစ်ဦးက ပြောပါတယ်။
လူထုနွေဦးရဲ့ နေပြည်တော်သတင်းရင်းမြစ်တဦးကလည်း " ဖြစ်တာက မှန်တယ်။စဖြစ်ကတည်းကကြားတယ်။တပ်ကဖုံးဖိထားတာ။ မအလ .နဲ့ ရဲဝင်းဦး ပြည်ပခရီးစဉ်သွားနေချိန်ဆိုတော့ သတင်းကို မထွက်အောင် ဖုံးတာနေမယ်"လို့ ပြောပါတယ်။
လေယာဥ်ပျက်ကျတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ၂ ရက်ကြာတဲ့အထိ အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ပျက်ကျတဲ့ လေယာဉ်ဟာ K-8w အမျိုးအစားဖြစ်တယ်လို့ စုံစမ်းသိရပေမယ့် People's Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ် ၃ရက်ကလည်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စင်း ငှက်နဲ့တိုက်မိပြီး မှော်ဘီမြို့၊ ညောင်နှစ်ပင် ကျေးရွာအနီးမှာ ပျက်ကျခဲ့ပါသေးတယ်။
People's Spring စုဆောင်းထားတဲ့အချက် အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်မျိုးစုံ နဲ့ ရဟတ်ယာဥ် အစီးရေ အနည်းဆုံး ၁၂ စီးပစ်ချခဲ့ပါတယ်။
ဒါ့အပြင်အကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ စစ်တပ်လေယာဥ် ၊ရဟတ်ယာဥ် အ
နည်းဆုံး ၁၀ စီးရှိနေပြီဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတ၀န်းသေဆုံးတဲ့ ပြည်သူ ၆,၀၀၀ နီးပါး ရှိတယ်လို့ အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

👍42❤10🤣2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရွှေကူမှာ စစ်တပ်က စစ်မျက်နှာ ၄ခုနဲ့ ထိုး
စစ်ဆင်ပြီးလေကြောင်းကအပြင်းအထန် ဗုံးကြဲ၊ စစ်တပ်ထိုးစစ်ရှေ့မတိုးနိုင်
ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ အင်အားတွေဖြည့်တင်းထားတဲ့ စစ်တပ်က စစ်ကြောင်း ၄ခုနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပြပါတယ်။ဩဂုတ် ၂၃ရက်မှာ စစ်တပ်က စစ်
မျက်နှာလေးခုကနေစစ်ကြောင်းတွေစုဖွဲ့ ထိုးစစ်ဆင်လာလို့တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကို အခုလို ရှင်းပြတာပါ။ရွှေကူမြို့နယ်မှာတိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်
ပွားနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မိတ္ထီလာရှမ်းတဲလေတပ်မှာလေယာဥ်၁စီးပျက်ကျဗိုလ်၁ဦးသေ၊ဗိုလ်မှူး ၁ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စစ်တပ်ရဲ့ ရှမ်းတဲလေတပ်စခန်းက အမောင်းသင် လေယာဥ် ၁စီး ပျက်ကျပြီး အမောင်းသင်ဗိုလ် သေဆုံးပြီးနည်းပြဗိုလ်မှူးဒဏ်ရာရခဲ့တယ်လို့လေတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သြဂုတ် ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ ရှမ်းတဲလေတပ်စခန်းကနေ K-8အမောင်းသင်လေယာဥ်တစ်စီးဟာ ပျံသန်းပြီးနောက် စခန်းပြန်ဝင်ချိန် ပျက်ကျခဲ့တာဖြစ်ကြောင်း လေ
တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ရှမ်းတဲအဆင်းတပ်ထဲမှာပျက်ကျတာ။ ဗိုလ်ကသေတယ်။ဗိုလ်မှူးက ဒဏ်ရာရတယ်။"လို့ သူက ပြောပါတယ်။People's Spring စုဆောင်းထားတဲ့အချက် အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်မျိုးစုံ နဲ့ ရဟတ်ယာဥ် အစီးရေ အနည်းဆုံး ၁၂ စီးပစ်ချခဲ့ပါတယ်။ဒါ့အပြင်အကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ စစ်တပ်လေယာဥ် ၊ရဟတ်ယာဥ် အနည်းဆုံး ၁၀ စီးရှိနေပြီဖြစ်ပါတယ်။
◾️ငသိုင်းချောင်းနဲ့ ရေကြည်မြို့နယ်ရေဘေး ဆိုးရွားနေ၊ သေဆုံးသူဦးရေ ထပ်တိုး
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်းချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်
ဆုံးနေသူအချို့လည်း ရှိနေပါတယ်။ရေကြည်မြို့နယ်မှာ ဩဂုတ်၂၂ရက် ညနေမှာ ကလေးငယ် ၂ဦး ရေစီးနဲ့မျောပါသွားပြီး ၁ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အထက်ပါဖြစ်စဉ်ဟာ သြဂုတ်၂၂ရက် ညနေ ၆နာရီခန့်က ရေ
ကြည်မြို့ နဲ့ကပ်လျှက် ဆင်ကူးချောင်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။
◾️ရေကြည်မှာရေကြီးနေချိန်ကလေး၂ဦးရေထဲမျောပါပြီး၁ဦးကိုဝါးရုံပင်ကြားမှာအသက်
ရှင်လျက် ပြန်တွေ့၊ ၁ဦးပျောက်ဆုံးနေ
ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ရေကြီးနေချိန် ကလေး ၂ဦး ရေစီးထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပေမယ့် ၁ဦး ပျောက်
ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။ သြဂုတ် ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ရေကြည်မြို့ ၊ စဉ့်ကူးရပ်ကွက်မှာ အသက် (၁၃) နှစ်နဲ့ (၁၆)နှစ်အရွယ် ယောကျာ်းလေး ၂ဦးဟာ ရေထဲကနေ ဦးလေးအိမ်သွားစဥ် ၂ဦးလုံး ရေစီးအတိုင်း မျောပါသွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေရာမှာ အသက်(၁၆)နှစ်သားကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပြီး (၁၃)နှစ်အရွယ်ကလေးငယ်မှာပျောက်ဆုံးနေဆဲဖြစ်တယ်လို့သွားရောက်ရှာဖွေခဲ့သူကိုသက်
ကြီး(စိန်ပန်း)ဆိုသူက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ မီးသတ်တွေနဲ့ပေါင်းရှာပေမယ့် ရေစီးသန်နေလို့ ရှာဖွေလို့မရခဲ့ကြောင်း၊ ရေအောက်မှာ ခြုံတွေနဲ့ ဆူးတွေရှိလို့ ရေငုတ်ရှာဖွေတဲ့ အဖွဲ့ဝင်တွေ အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
◾️တနင်္သာရီမြို့နယ်မှာ စစ်တပ် ပစ်ခတ်လို့ ပြည်သူ ၁ဦး ဒဏ်ရာရ၊ ဘုတ်ပြင်းမှာ စစ်တပ်က နေအိမ်အချို့ မီးရှို့
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာ
သိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထား
ဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ဩ
ဂုတ် ၂၂ရက် ညပိုင်းက တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၆)နှစ်အရွယ်အမျိုးသမီး ၁ဦးဒဏ်ရာရခဲ့တာလို့ဖော်ပြပါတယ်။ပစ်ခတ်မှု
ကို စစ်တပ်ရဲ့ ခမရ(၅၆၁) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ဩဂုတ် ၁၇ရက်ကလည်း တနင်္သာရီမြို့နယ် သဲဖြူရွာချောင်းဖျား(မဲ့ဝါးခီး) ဒေသက စစ်ရှောင်နေထိုင်ရာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလို မီးရှို့တဲ့စစ်တပ်စစ်ကြောင်းကိုကရင်အ
မျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)နဲ့ ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သူအချို့ရှိခဲ့တယ်လို့လည်း အသိ

👍12❤2🔥1
ပေးပါတယ်။စစ်တပ်ဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာလည်းတိုက်ပွဲမရှိဘဲ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
◾️ပဲခူးမြို့အနီးငလျင်လှုပ် ၊ပဲခူးနဲ့ ရန်ကုန်ကပြည်သူတွေသိရှိခံစားရ
ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။ ငလျင်က သြဂုတ်လ ၂၃ ရက်မနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာမြေအောက်အနက် ၁၀ ကီလို
မီတာခန့် (၆ မိုင်ကျော်) ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က
သတင်းထုတ်ပြန်ပါတယ်။ ဒီငလျင်ကိုပဲခူးမြို့နဲ့ပတ်ဝန်းကျင်အပြင် ရန်ကုန်မြို့က သု၀ဏ္ဏ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာစတဲ့မြို့နယ်တွေမှာလည်း သိသိသာသာခံစားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည် အသံဖိုင်တု AI နဲ့ ဖန်တီးဖြန့်ဝေနေလို့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ NUG တာဝန်ရှိသူ ပြော
လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး
ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိ
ထားဖို့ သတိပေးလိုက်ပါတယ်။ဩဂုတ် ၂၂
ရက်ကတည်းက အဲဒီ အသံဖိုင်ဟာ လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည် အသံကို AIနဲ့ အတု ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ဒီလိုလုပ်တာဟာ PDF တွေရဲ့ အင်အားနဲ့ စိတ်ဓါတ်ကို ကြောက်ရွံ့လို့ စစ်အုပ်စုကိုယ်တိုင် မဖြိုခွဲနိုင်လို့ အားကိုးရှာတဲ့ သဘောဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
◾️CDFအရှို တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်
ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်
ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။ CDF အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ ဒု တပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော် အောင်လင်းဇော်တို့ဟာ ဩဂုတ် ၁၄ရက်က မကွေးတိုင်း ငဖဲမြို့ဘက် ရိက္ခာယူသွားစဉ် စစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီလို ကျဆုံးခဲ့တဲ့အပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ကြသော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင်များကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။ တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ တပ်ဖွဲ့ဝင်များ ကျဆုံးမှုဟာ CDF-Asho အတွက်သော်လည်း
ကောင်း၊ ချင်းအမျိုးသားတော်လှန်ရေးနဲ့ တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဖော်ပြပါတယ်။
◾️လီဒိုလမ်းမှာ ဒေသခံ ၄ ဦး သတ်ဖြတ်မှု တပည့်တွေလက်လွန်တာလို့ မင်းဇေသန့်ပြည်သူ့စစ်ဝန်ခံပေမယ့်အလောင်းပြန်မပေး
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်
တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကဖမ်းဆီးသတ်
ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေ
ဆုံးသူတွေရဲ့ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်
ပြပါတယ်။ဩဂုတ်ဒုတိယပတ်မှာမင်းဇေသန့်ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က နောင်းမီကျေးရွာက ဒေသခံ ၄ဦးကို ဖမ်းဆီး သတ်
ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၁၆ရက်မှာတော့ မင်းဇေသန့်ရဲ့ ညီ ဖြစ်သူက သေဆုံးသူများရဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ငါ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုကာ ၁ဦးကို ကျပ်သိန်း ၂၀၀ စီ လျော်
ကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။
◾️IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ဝန်
ထမ်း ၁ဦးကို စစ်တပ်က မျက်လုံးတွေဖောက်ထုတ်သတ်ဖြတ်
ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကိုပြောပါတယ်။IEC အရေးပေါ်ကယ်
ဆယ်ရေးဌာနခွဲက ခူးဖဲသူဟာ အခုဩဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ်
ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ ဩဂုတ် ၂၂ရက်မှာ သေဆုံးသူရဲ့ ဈာပနပြုလုပ်ခဲ့ပြီး မိသားစု၀င်တွေနဲ့ IEC တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
◾️ရန်ကုန်မှာဝမ်းရောဂါဖြင့် သေဆုံးသူ
တဦးထပ်တိုး၊ နာရေးပြုလုပ်ခွင့်မရှိ

👍13❤1🔥1🎃1
ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။အသက် ၈၇ နှစ်အရွယ်သက်ကြီးပိုင်းအမျိုးသားတဦးဟာ သြဂုတ် ၂၀ ရက်နေ့က ဝမ်းသွားလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ခဲ့ပြီး သြဂုတ် ၂၁ ရက်မှာသေဆုံးသွားခဲ့ကာ ချက်ခြင်း သဂြိုလ်ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။ဝမ်းရောဂါနဲ့ဆေးရုံမှာ ပထမဆုံးသေဆုံးခဲ့သူမှာ အသက် ၉၂ နှစ်အရွယ်သက်
ကြီးလူနာဖြစ်ပါတယ်။ သြဂုတ် ၁၁ ရက်ကကွယ်လွန်ခဲ့တာလို့ စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ ဝမ်းပျက်ဝမ်း
လျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ ၈၀၀ နီးပါးအထိရှိလာပြီး သေဆုံးသူနှစ်ဦးလာတာဖြစ်ပါတယ်။အဲဒီထဲမှာ ကာလဝမ်းရောဂါဖြစ်ပွားသူကလည်း တစ်ရာကျော်ရှိပါတယ်။
◾️စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထုတ်
ကုန်တွေရောင်း၀ယ်ရင်အရေးယူမယ်လို့ KNDF အမှတ်-၂ စစ်ဒေသ သတိပေး
စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့အရက်၊ ဘီယာနဲ့ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
အမှတ်-၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။ လက်ရှိကာလမှာ တော်လှန်ရေးအင်
အားစုတွေ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်တဲ့ တားမြစ်ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ထုတ်ကုန်တွေဒေသအတွင်းကျယ်ကျယ်
ပြန့်ပြန့် ပြန်လည်ရောင်းဝယ် ဖောက်ကားမှုတွေ ပြုလုပ်လာတာကြောင့်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ ကြားကာလမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့လမ်းညွှန်မှုအပေါ် ဒေသအတွင်းက ပြည်သူတွေ အနေနဲ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်စေဖို့နဲ့ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ စီးပွားရေး အကျိုးအ
မြတ်တွေကို တဆင့်ခံဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးမှု မဖြစ်စေဖို့လည်း ရည်ရွယ်တဲ့ကန့်သတ်တားမြစ်ချက်လို့ အသိပေးပါတယ်။

👍14❤2🔥1