ရန်ကုန်မှာဝမ်းရောဂါဖြင့် သေဆုံးသူ တဦးထပ်တိုး၊ နာရေးပြုလုပ်ခွင့်မရှိ
သြဂုတ်-၂၃၊၂၀၂၅။တာရာ/People's Spring
ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။
အသက် ၈၇ နှစ်အရွယ်သက်ကြီးပိုင်းအမျိုး
သားတဦးဟာ သြဂုတ် ၂၀ ရက်နေ့က ဝမ်း
သွားလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ခဲ့ပြီး သြဂုတ် ၂၁ ရက်မှာသေဆုံးသွားခဲ့ကာ ချက်ခြင်း သဂြိုလ်ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။
"ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အ
ဆောင်မှာပဲ။ အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်" လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။
ဝမ်းရောဂါနဲ့ဆေးရုံမှာ ပထမဆုံးသေဆုံးခဲ့သူမှာ အသက် ၉၂ နှစ်အရွယ်သက်ကြီးလူနာဖြစ်ပါတယ်။ သြဂုတ် ၁၁ ရက်ကကွယ်လွန်ခဲ့တာလို့ စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ ၈၀၀ နီးပါးအထိရှိလာပြီး သေဆုံးသူနှစ်ဦးလာတာဖြစ်ပါတယ်။အဲဒီထဲမှာ ကာလဝမ်းရောဂါဖြစ်ပွားသူကလည်း တစ်ရာကျော်ရှိပါတယ်။
စစ်တပ်အောက်ကျန်းမာရေးဝန်ကြီးဌာနက ဝမ်းရောဂါဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးသြဂုတ် ၂၂ ရက်မှာတရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာ သြဂုတ်လဆန်းကစပြီးဝမ်းရောဂါဖြစ်ပွားခဲ့ပြီးရန်ကုန်ဆေးရုံကြီးမှာ ဝမ်းရောဂါလူနာ သြဂုတ် ၈ ကစတိုးလာတာဖြစ်ပါတယ်။
ဝမ်းရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတာကြောင့် ရန်ကုန်မြို့တွင်းက တစ်ပါတ်ကြာပိတ်ခိုင်းထားတဲ့ဆိုင်တွေကို လက်ရှိအချိန်ထိ ပိတ်ခိုင်းထားဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

🔥19😢9🤬5👎1
ထိုင်းတောင်ပိုင်း ပြည်နယ် ၃ ခုမှာ ဆူပူမှု၊ ပစ်ခတ်မှု၊ တိုက်ခိုက်မှုတွေ ပျံ့နှံ့ဖြစ်ပွား
ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။
မီးရှို့မှု၊ ပေါက်ကွဲမှု၊ ကားတာယာတွေကို မီးပုံရှို့မှု၊ ပစ်ခတ်မှု၊ လက်နက်ကိုင် ဓားပြမှု သတင်းတွေဟာ ထိုင်းတောင်ပိုင်း နယ်စပ်ပြည်နယ် သုံးခုမှာ နေရာအနှံ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့သလို စစ်တပ်က ညမထွက်ရ အမိန့်တွေ ထုတ်ခဲ့ပြီး ကင်းလှည့်မှုနဲ့ လုံခြုံရေး အစီအမံတွေကို အရေးပေါ် တိုးမြှင့်ခဲ့ရပါတယ်။
ယာလာ၊ နာရာသီဝပ် နဲ့ ပတ္တနီတို့မှာ အဲဒီလို ဆူပူမှုနဲ့ မှုခင်းတွေ စုစုပေါင်း ၃၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ယာလာက အရေအတွက် အများဆုံးအဖြစ် ၁၄ ခု၊ နာရာသီဝတ်မှာ ၁၃ ခုနဲ့ ပတ္တနီမှာ ၅ ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ယာလာက နေရာတချို့မှာ တာယာတွေကို မီးပုံရှို့တာ၊ အဖွဲ့အစည်းနဲ့ အစိုးရ ဌာနပိုင် မော်တော်ယာဉ်တချို့နဲ့ ဖုန်းတာဝါတိုင်တွေကို မီးရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ကားလမ်းတစ်ခုမှာတော့ သံမှိုတွေ ကြဲသွားခဲ့သလို ပေါက်ကွဲမှု တစ်ခုကနေ အစအနတွေမှန်လို့ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း သိရပါတယ်။ နှစ်ဦးစလုံး ဆေးရုံတက်နေပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး။
နာရာသီဝပ်မှာ နေ့ကလေးထိန်း စင်တာတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ခရိုင်ခွဲရုံးတစ်ခု မီးရှို့ခံခဲ့ရပါတယ်။ Mitsubishi Triton ကားတစ်စီးလည်း ခိုးယူခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။နေရာအနှံ့မှာကားတာ
ယာ မီးရှို့မှုတွေ ဖြစ်ပွားခဲ့သလို နောက်ထပ် ပစ်ခတ်မှုတွေကိုလည်း အတည်ပြု သိရှိထားပါတယ်။ နောက်ပြီး လက်လုပ်ဗုံးတွေနဲ့ တိုက်
ခိုက်မှု ၂ ခုလည်း ရှိခဲ့ပါတယ်။ နာရာသီဝတ်မှာတော့ စစ်တပ်က ညတွင်းချင်း ညမထွက်ရ အမိန့်ထုတ်ခဲ့ပါတယ်။
ပတ္တနီမှာ 7 Eleven ကုန်စုံဆိုင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင် ပျက်စီးခဲ့သလို မီးသတ်ကား တစ်စီးနဲ့ အမှိုက်သိမ်းကားတစ်စီး မီးတင်ရှို့ ခံခဲ့ရပါတယ်။ အဝေးပြေးလမ်း နေရာတချို့မှာ ကားတာယာတွေ မီးရှို့ထားတာ တွေ့ရပြီး တစ်နေရာမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
အခုဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တဲ့ နေရာတွေဆီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး စုံစမ်းမှုတွေ ပြုလုပ်စေခဲ့သလို တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားတဲ့ နေရာတွေမှာ လုံခြုံရေး ပိုတင်းကျပ်ထားလိုက်ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းတောင်ပိုင်း ပြည်နယ်တွေမှာ ဒေသခံတွေ အနေနဲ့ အတတ်နိုင်ဆုံး အိမ်မှာ နေကြပြီး လုံခြုံရေး ဆောင်ရွက်နေတဲ့ အရာရှိတွေကို အကူအညီပေးဖို့လည်း သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။ နောက်ပြီး မသင်္ကာစရာ ကိရိယာတွေ၊ ပစ္စည်းတွေကို တွေ့ရင် မထိမကိုင်ဘဲ ချက်ချင်း အကြောင်းကြားကြဖို့လည်း သတိပေးထားပါတယ်။
၂၀၂၆ ဇူလိုင်၂၂ ရက်ညနေပိုင်းကလည်း
နရာသီဝပ်ပြည်နယ်၊ Ra-ngaeခရိုင်မှာရှိတဲ့ Bukeh Sami လုံခြုံရေးစစ်ဆေးရေးဂိတ်
ကိုလက်နက်ကိုင်ထားသူတွေကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်
၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။
မလေးရှားနဲ့ ထိတွေ့ရာ ထိုင်းတောင်ပိုင်း ဒေ
သတွေမှာ အရမ်းအားမကောင်းပေမယ့် အ
ချိန်ကြာကြာ တည်တံ့နေတဲ့ လက်နက်ကိုင် ခွဲထွက်ရေး အဖွဲ့အစည်းတွေ လှုပ်ရှားနေပြီး အရင်ကလည်း လုံခြုံရေး တပ်ဖွဲ့တွေ၊ အစိုးရ ဌာနတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်ခဲ့ပါတယ်။
ကိုးကား: Thai PBS

👍32❤7🔥4😢2👎1
IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ဝန်ထမ်း ၁ဦးကို စစ်တပ်က မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်
ဩဂုတ်-၂၃၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။
IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ခူးဖဲသူဟာ အခုဩဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
"၂၁ရက်နေ့ အလောင်းပြန်ရတယ် ဆေးအိတ် ကျဉ်ကာ အကုန်ပါသွားတယ်။မျက်လုံးတွေအဖောက်ခံရတယ် "လို့ ခူးဖဲသူ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဗညားက ရှင်းပြပါတယ်။
ဩဂုတ် ၂၂ရက်မှာ သေဆုံးသူရဲ့ ဈာပနပြုလုပ်ခဲ့ပြီး မိသားစု၀င်တွေနဲ့ IEC တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့၀င်အဖြစ် စွန့်လွှတ်ပြီး CDM လုပ်ခဲ့တဲ့ ခူးဖဲသူဟာ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲမှာ ၂၀၂၅ကစပြီး တာ၀န်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
ကရင်နီဒေသတွင်း စစ်ရေးအရအရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီး စိုးမိုးရေးနဲ့ ပိတ်မိနေတဲ့ ဖရူဆိုမြို့စောင့်တပ်တွေ စစ်ရေးလှုပ်ရှားနိုင်ဖို့စစ်တပ်က စစ်ရှိန်မြှင့်ပြီးကြိုးပမ်းနေတာဖြစ်ပါတယ်။
ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ခြေမြန်တပ်ရင်း ခမရ-၅၃၁ နဲ့ ခမရ-၄၂၈ တပ်ရင်းတွေရှိပါတယ်။
( သေဆုံးသူ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်းရုပ်အလောင်း သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - ပေးပို့)

🤬50❤4👎1👏1🎉1😡1
CDF အရှို တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်
ဩဂုတ် ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။
CDF အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ ဒု တပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော် အောင်လင်းဇော်တို့ဟာ ဩဂုတ် ၁၄ရက်က မကွေးတိုင်း ငဖဲမြို့ဘက် ရိက္ခာယူသွားစဉ် စစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီလို ကျဆုံးခဲ့တဲ့အပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ကြသော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင်များကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ တပ်ဖွဲ့ဝင်များ ကျဆုံးမှုဟာ CDF-Asho အတွက်သော်လည်းကောင်း၊ ချင်းအမျိုးသားတော်လှန်ရေးနဲ့ တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဖော်ပြပါတယ်။
မြင့်မြတ်စွာ ကျဆုံးခဲ့သော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင် များရဲ့ စွန့်လွှတ်ပေးဆပ်မှုများကို အောက်မေ့အမှတ်ရပြီး ဆင်နွှဲလျက်ရှိသော ပြည်သူ့တော်လှန်ရေး ပန်းတိုင်ရောက်ရှိတဲ့အထိ ရှေ့ဆက်တိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ပါတယ်။
CNFဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင် ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် လည်းဖြစ်ပါတယ်။
(CDF အရှို တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ဈာပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Defence Force - Asho)

😢45❤3🤮3👎1🤣1