People's Spring
60K subscribers
71.3K photos
1.25K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။ ဒီနေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၄,၆၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့တပတ်ကထက် တစ်အောင်စကို ဒေါ်လာ ၂၀၀ ၀န်းကျင်မြင့်တက်ခဲ့ပါတယ်။ အလားတူ ပြည်တွင်း ရွှေဈေးကလည်း အရင်တစ်ပတ်ကထက် တစ်ကျပ်သား ကျပ်သုံးသိန်းနီးပါး ဈေးတက်နေတယ်လို့ သိရပါတယ်။ ဒီနေ့ ပြည်တွင်းပြင်ပရွှေပေါက်ဈေးအရ ၁၆ ပဲရည်ရောင်းဈေး တစ်ကျပ်သားကို ကျပ် သိန်း ၁၀၃သိန်းကျော်ရှိပြီး ပြန်၀ယ်မယ့်ဈေးနဲ့ ကျပ် ၇ သောင်း ကွာဟထားပါတယ်။ ၁၅ ပဲရည်တစ်ကျပ်သားကတော့ ၉၇ သိန်း၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

◾️ရေကြီးပြီးနောက် ရခိုင်မြောက်ပိုင်းမှာ ဆန် ၁အိတ် ကျပ် ၂သိန်းခန့်အထိ စျေးတက်

ရေကြီးမှုကြောင့် စပါးခင်းဧကထောင်ချီပျက်စီးမှုရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဆန် ၁အိတ်ကို ကျပ် ၂သိန်းခန့်အထိ စံချိန်တင် စျေးထိုးတက်လာခဲ့ပြီး အခြေခံလက်လုပ်လက်စားနဲ့ စစ်ဘေးရှောင်တွေ ဝမ်းရေးအခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။ အရင်က ကျပ် ၁၂၀,၀၀၀ ဝန်းကျင်သာရှိခဲ့တဲ့ ပေါ်ဆန်မွှေးဆန် ၁အိတ်ကို အခုအခါ ၂၀၀,၀၀၀ ကျပ်၊ အရင်က ကျပ် ၅၅,၀၀၀၊ ၆၀,၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆန်ကြမ်း ၁အိတ်ကို အခုအခါ ၇၀,၀၀၀ ၊ ၈၀,၀၀၀ ကျပ်ဝန်းကျင်အထိ စျေးမြင့် တက်နေတာပါ။ ဆန်စျေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်ကနေ တဖြေးဖြေးတက်နေခဲ့တာဖြစ်ပြီး အခုဩဂုတ်လကုန်ခါနီးမှာ တအိတ်ကို ကျပ် ၂သိန်းအထိ ရောက်သွားခဲ့တာပါ။

◾️လက်ပံတန်းက စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဩဂုတ် ၁၅ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာက စစ်တပ်သတင်းပေး ဆည်မြောင်း၀န်ထမ်းတစ်ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

◾️ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂)လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ) တာ၀န်ရှိသူက ပြောပါတယ်။ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းမ၊ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ အောင်လံမြို့နယ်ကနေ တောင်တွင်းကြီးမြို့နယ်ကို မောင်းလာတဲ့ စစ်ကား ၂ စီးကို တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာနဲ့ဆတ်သွားကျေးရွာကြား လမ်းပိုင်းတနေရာ ဩဂုတ် ၂၀ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းဆွဲခံရတဲ့ စစ်ကားပေါ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများပြီး အရေအတွက်ကို စိစစ်ဆဲလို့ အသိပေးပါတယ်။ တိုက်ခိုက်အပြီး ကျန်တဲ့စစ်ကားပေါ်ကနေ ပြန်လည်ပစ်ခတ်ခဲ့မှုတွေရှိပေမယ့် တော်လှန်ရေး ရဲဘော် တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

◾️စစ်ရှောင်အိမ်တွေမီးရှို့တဲ့ စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် သဲဖြူကျေးရွာက စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၁၇ရက်မှာ အာဏာသိမ်းစစ်တပ်ဟာ မဲ့ဝါးခီး(သဲဖြူချောင်းဖျား)က စစ်ရှောင်ပြည်သူများ နေထိုင်ရာနေရာ ဝင်ရောက်ပြီး နေအိမ်(၄)လုံး မီးရှို့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားတဲ့အပေါ် သတင်းရင်းမြစ်ကအခုလို ရှင်းပြတာပါ။ အဲဒီစစ်ကြောင်းက မီးရှို့ဖျက်စီးပြီးတဲ့နောက်ပိုင်း ပြန်လည်ဆုတ်ခွာစဉ် KNLA ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်မှာ ၁ကြိမ်၊ ၂၀ရက်မှာ ၁ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ် စစ်ကြောင်း‎ဟာ မဲ့ဝါးခီးစစ်ရှောင်ပြည်သူများရဲ့ ‎နေအိမ် (၄) လုံး၊ ပြည်သူပိုင် ပစ္စည်းများနဲ့ စားနပ်ရိက္ခာများ၊ စပါး (၁၅၀) တင်းနှင့် ပြည်သူပိုင် ဆိုင်ကယ် (၅) စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

◾️တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန်ကောက်နေ
11🔥2🤣1
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အစီအစဥ်နဲ့ စတင်ကျင်းပနေပြီဖြစ်တဲ့ မတ္တရာမြို့နယ်က တောင်ပြုံးပွဲမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ပွဲတော်ဝင်ကြေးအဖြစ် မော်တော်ယာဥ် ၈,၀၀၀ ကျပ်၊ မီနီအိုးဝေ သုံးဘီးယာဥ် ၅,၀၀၀ ကျပ်နဲ့ ဆိုင်ကယ် ၃,၀၀၀ ကျပ်နှုန်းနဲ့ အဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဆိုင်ကယ်အပ်ခ ၅၀၀၀ ကျပ်၊ မော်တော်ယာဥ် အပ်ခ ၁၀၀၀၀ ကျပ်တွေပါ အဆမတန်ပေးဆောင်နေရ​ကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ မင်းအောင်လှိုင်ကို ဘီလားရုစ်သမ္မတပြော

မြန်မာနိုင်ငံအတွက် လိုအပ်တာမှန်သမျှကို ထောက်ပံ့ပေးနိုင်တယ်ဆိုတာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာရှင်အဖြစ် လူသိများသူ ဘီလားရုစ် သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက အသိပေးပြောကြားလိုက်တယ်လို့ သိရပါတယ်။ ဘီလားရုစ်နိုင်ငံ၊ မင့်စ်ခ်မြို့မှာ ဩဂုတ် ၂၁ ရက်က အလည်အပတ် ခရီးစဉ် ရောက်ရှိလာသူ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ လူကာရှန်ကိုက အခုလို ကမ်းလှမ်းပြောဆိုခဲ့တာလို့ ဘီလားရုစ်သမ္မတရုံးက ထုတ်ပြန်တာပါ။ လူကာရှန်ကိုက သူ့ရဲ့အစိုးရဟာ မြန်မာနိုင်ငံရဲ့အခြေအနေကိုအလေးထားပြီး အသေးစိတ် လေ့လာစောင့်ကြည့်ခဲ့သလို မြန်မာနိုင်ငံမှာ ဘာတွေ လိုအပ်နေသလဲ ဆိုတာကိုလည်း ကောင်းကောင်း သိရှိထားကြောင်း ဆိုပါတယ်။ မြန်မာပြည်သူတွေအတွက် ဒီနေ့နဲ့ မနက်ဖြန်တွေအတွက် လိုအပ်သမျှကို ဖြည့်ဆည်းပေးဖို့၊ အကူအညီပေးဖို့ ဘီလားရုစ်မှာ နည်းပညာ အားလုံးရှိတယ်လို့ သူက ပြောပါတယ်။ ဩဂုတ် ၂၀ ရက်က အလွတ်သဘော ဆွေးနွေးမှုတွေကလည်း နှစ်နိုင်ငံကြား ရှိရင်းစွဲ အားကောင်းနေပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို ခိုင်မာလာစေမှာ ဖြစ်တယ်လို့ လူကာရှန်ကိုက ဆိုပါတယ်။ လူကာရှန်ကိုဟာ ပူတင်ရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးလည်းဖြစ်ပြီး ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
👍9🔥2😁2🤬21🤣1
အ‌ဆိုတော်ကိုင်ဇာကွယ်လွန်

ဩဂုတ်-၂၂၊၂၀၂၆။ဆဏ်း/People's Spring

ကိုယ်ပိုင်သံစဉ်တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့တေးရေးတေးဆို အဆိုတော်ကိုင်ဇာ ဒီနေ့ (ဩဂုတ်၂၂) ညမှာကွယ်လွန်သွားပါတယ်။

လို့ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေက အသိပေးထားပါတယ်။

"ဆုတောင်း မပြည့်ခဲ့ပါဘူး။ချစ်သူငယ်ချင်း ကိုညီ ယခု ည (၂၂.၈.၂၀၂၆)၀၇၀၀ နာရီ အချိန်တွင်ဝိတိုရိယဆေးရုံတွင်ဘဝတပါး
သို့ကူးပြောင်းသွားပြီဖြစ်ကြောင်းသိရှိရပါ
တယ်။သင်္ဂြိုလ်မည့် ရက်ကို ထပ်မံ တင်ပြပါ့မယ်" လို့ ကိုင်ဇာရဲ့ သူငယ်ချင်းတစ်ဦးက အသိပေးထားပါတယ်။

အဆိုတော် ကိုင်ဇာ(ခ)ဦးညီညီဝင်းက ဩဂုတ် ၂၁ ရက်မှာ အဆုတ်ထဲပိုးဝင်တာကြောင့် ဝိတိုရိယဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေရတာလို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ လအထိ ဂီတမောင်နှမတွေနဲ့ အတူဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့သူပါ။

"ဒီပွဲလေးဟာကျမတို့သူငယ်ချင်းသုံးယောက် နောက်ဆုံးအတူဆိုရမဲ့ပွဲလို့ ဘယ်သူထင်ကြ
မလဲနော်။ကိုညီကောင်းရာသုဂတိလားပါစေ" လို့ အဆိုတော် မေခလာ ကသူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဇူလိုင် ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ ပွဲ ဓာတ်ပုံနဲ့အတူ ရေးသားထားပါတယ်။

ကိုင်ဇာက ၁၉၇၇ မှာ အကျည်းတန်၏ အထီး
ကျန်အတ္ထုပ္ပတ္တိ တေးစီးရီးနဲ့ ဂီတလောကကိုစတင်ဝင်ရောက်လာတာဖြစ်ပြီး အနမ်းပန်း ၊ သီချင်းရှင်ကိုကြင်နာပါ ၊ တူနှစ်ကိုယ်တိုင်း
ပြည် ၊ အင်းလေးမှာရွာတဲ့မိုး ၊ မိမိုးကို စတဲ့ တေးသီချင်းတွေအပါအဝင် ပရိသတ်အား
ပေးမှုရရှိတဲ့ တေးစီးရီးပေါင်းများစွာ ထွက်ရှိခဲ့ပါတယ် ။
😢226🔥1👏1🤣1
😢234👎1🔥1👏1
8👍8🤣2🔥1💩1
🔥5👍1👎1👏1😢1
ရန်ကုန်မှာဝမ်းရောဂါဖြင့် သေဆုံးသူ တဦးထပ်တိုး၊ နာရေးပြုလုပ်ခွင့်မရှိ

သြဂုတ်-၂၃၊၂၀၂၅။တာရာ/People's Spring

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။

အသက် ၈၇ နှစ်အရွယ်သက်ကြီးပိုင်းအမျိုး
သားတဦးဟာ သြဂုတ် ၂၀ ရက်နေ့က ဝမ်း
သွားလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ခဲ့ပြီး သြဂုတ် ၂၁ ရက်မှာသေဆုံးသွားခဲ့ကာ ချက်ခြင်း သဂြိုလ်ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။

"ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အ
ဆောင်မှာပဲ။ အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်" လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။

ဝမ်း​ရောဂါနဲ့​ဆေးရုံ​မှာ ပထမဆုံး​သေဆုံးခဲ့သူမှာ အသက် ၉၂ နှစ်အရွယ်သက်ကြီးလူနာဖြစ်ပါတယ်။ သြဂုတ် ၁၁ ရက်ကကွယ်လွန်ခဲ့တာလို့ စစ်တပ်လက်​အောက်ခံကျန်းမာ​ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ ၈၀၀ နီးပါးအထိရှိလာပြီး သေဆုံးသူနှစ်ဦးလာတာဖြစ်ပါတယ်။​အဲဒီထဲမှာ ကာလဝမ်း​ရောဂါဖြစ်ပွားသူကလည်း တစ်ရာ​ကျော်ရှိပါတယ်။

စစ်တပ်အောက်ကျန်းမာရေးဝန်ကြီးဌာနက ဝမ်းရောဂါဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးသြဂုတ် ၂၂ ရက်မှာတရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရန်ကုန်မြို့တွင်းမြို့နယ်​တွေမှာ သြဂုတ်လဆန်းကစပြီးဝမ်း​ရောဂါဖြစ်ပွားခဲ့ပြီးရန်ကုန်​ဆေးရုံကြီးမှာ ဝမ်း​ရောဂါလူနာ သြဂုတ် ၈ ကစတိုးလာတာဖြစ်ပါတယ်။

ဝမ်းရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတာကြောင့် ရန်ကုန်မြို့တွင်းက တစ်ပါတ်ကြာပိတ်ခိုင်းထားတဲ့ဆိုင်တွေကို လက်ရှိအချိန်ထိ ပိတ်ခိုင်းထားဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
🔥19😢9🤬5👎1
အလုံမြို့နယ်မှာသြဂုတ်လဒုတိယပါတ်က ဝမ်း​ရောဂါ ကာကွယ်​ရေးကြက်​ခြေနီတပ်ဖွဲ့ဝင်​တွေ ရပ်ကွက်​တွေအတွင်းကွင်းဆင်း​ဆောင်ရွက်စဥ်။ဓါတ်ပုံ-အလုံကြက်​ခြေနီ
🔥163👏2🥰1
ထိုင်းတောင်ပိုင်း ပြည်နယ် ၃ ခုမှာ ဆူပူမှု၊ ပစ်ခတ်မှု၊ တိုက်ခိုက်မှုတွေ ပျံ့နှံ့ဖြစ်ပွား

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။

မီးရှို့မှု၊ ပေါက်ကွဲမှု၊ ကားတာယာတွေကို မီးပုံရှို့မှု၊ ပစ်ခတ်မှု၊ လက်နက်ကိုင် ဓားပြမှု သတင်းတွေဟာ ထိုင်းတောင်ပိုင်း နယ်စပ်ပြည်နယ် သုံးခုမှာ နေရာအနှံ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့သလို စစ်တပ်က ညမထွက်ရ အမိန့်တွေ ထုတ်ခဲ့ပြီး ကင်းလှည့်မှုနဲ့ လုံခြုံရေး အစီအမံတွေကို အရေးပေါ် တိုးမြှင့်ခဲ့ရပါတယ်။

ယာလာ၊ နာရာသီဝပ် နဲ့ ပတ္တနီတို့မှာ အဲဒီလို ဆူပူမှုနဲ့ မှုခင်းတွေ စုစုပေါင်း ၃၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ယာလာက အရေအတွက် အများဆုံးအဖြစ် ၁၄ ခု၊ နာရာသီဝတ်မှာ ၁၃ ခုနဲ့ ပတ္တနီမှာ ၅ ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ယာလာက နေရာတချို့မှာ တာယာတွေကို မီးပုံရှို့တာ၊ အဖွဲ့အစည်းနဲ့ အစိုးရ ဌာနပိုင် မော်တော်ယာဉ်တချို့နဲ့ ဖုန်းတာဝါတိုင်တွေကို မီးရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ကားလမ်းတစ်ခုမှာတော့ သံမှိုတွေ ကြဲသွားခဲ့သလို ပေါက်ကွဲမှု တစ်ခုကနေ အစအနတွေမှန်လို့ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း သိရပါတယ်။ နှစ်ဦးစလုံး ဆေးရုံတက်နေပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး။

နာရာသီဝပ်မှာ နေ့ကလေးထိန်း စင်တာတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ခရိုင်ခွဲရုံးတစ်ခု မီးရှို့ခံခဲ့ရပါတယ်။ Mitsubishi Triton ကားတစ်စီးလည်း ခိုးယူခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။နေရာအနှံ့မှာကားတာ
ယာ မီးရှို့မှုတွေ ဖြစ်ပွားခဲ့သလို နောက်ထပ် ပစ်ခတ်မှုတွေကိုလည်း အတည်ပြု သိရှိထားပါတယ်။ နောက်ပြီး လက်လုပ်ဗုံးတွေနဲ့ တိုက်
ခိုက်မှု ၂ ခုလည်း ရှိခဲ့ပါတယ်။ နာရာသီဝတ်မှာတော့ စစ်တပ်က ညတွင်းချင်း ညမထွက်ရ အမိန့်ထုတ်ခဲ့ပါတယ်။

ပတ္တနီမှာ 7 Eleven ကုန်စုံဆိုင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင် ပျက်စီးခဲ့သလို မီးသတ်ကား တစ်စီးနဲ့ အမှိုက်သိမ်းကားတစ်စီး မီးတင်ရှို့ ခံခဲ့ရပါတယ်။ အဝေးပြေးလမ်း နေရာတချို့မှာ ကားတာယာတွေ မီးရှို့ထားတာ တွေ့ရပြီး တစ်နေရာမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

အခုဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တဲ့ နေရာတွေဆီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး စုံစမ်းမှုတွေ ပြုလုပ်စေခဲ့သလို တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားတဲ့ နေရာတွေမှာ လုံခြုံရေး ပိုတင်းကျပ်ထားလိုက်ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းတောင်ပိုင်း ပြည်နယ်တွေမှာ ဒေသခံတွေ အနေနဲ့ အတတ်နိုင်ဆုံး အိမ်မှာ နေကြပြီး လုံခြုံရေး ဆောင်ရွက်နေတဲ့ အရာရှိတွေကို အကူအညီပေးဖို့လည်း သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။ နောက်ပြီး မသင်္ကာစရာ ကိရိယာတွေ၊ ပစ္စည်းတွေကို တွေ့ရင် မထိမကိုင်ဘဲ ချက်ချင်း အကြောင်းကြားကြဖို့လည်း သတိပေးထားပါတယ်။

၂၀၂၆ ဇူလိုင်၂၂ ရက်​ည​နေပိုင်းကလည်း
နရာသီဝပ်ပြည်နယ်၊ Ra-ngaeခရိုင်မှာရှိတဲ့ Bukeh Sami လုံခြုံရေးစစ်ဆေးရေးဂိတ်
ကိုလက်နက်ကိုင်ထားသူ​တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာ​ကြောင့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်
၅ ဦး​သေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

မလေးရှားနဲ့ ထိတွေ့ရာ ထိုင်းတောင်ပိုင်း ဒေ
သတွေမှာ အရမ်းအားမကောင်းပေမယ့် အ
ချိန်ကြာကြာ တည်တံ့နေတဲ့ လက်နက်ကိုင် ခွဲထွက်ရေး အဖွဲ့အစည်းတွေ လှုပ်ရှားနေပြီး အရင်ကလည်း လုံခြုံရေး တပ်ဖွဲ့တွေ၊ အစိုးရ ဌာနတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: Thai PBS
👍327🔥4😢2👎1
ဓာတ်ပုံ - Thai PBS ၊ The Reporter
👍33🔥4👎2😢2👏1