ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၁ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
သြဂုတ် ၂၂၊ ၂၀၂၆။ ထားမြတ်/People's Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။
KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ သထုံခရိုင် (ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်၊ ပလိုခီး (ဇီးပြောင်း) ကျေးရွာအုပ်စု၊ ဇီးပြောင်းကျေးရွာကို စစ်တပ်က ဩဂုတ် ၁၉ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။
စစ်တပ်ရဲ့ အမှတ် (၃၁၀) အမြောက်တပ်က အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီး ၁၂၂ မမ လက်နက်ကြီးကျည် (၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာ ဇီးပြောင်းရွာ ဘောလုံးကွင်းအနီးနဲ့ ကျေးရွာတောင်ဘက်တိုမှာ ကျရောက်ပေါက်ကွဲခဲ့ တာလို့ ထုတ်ပြန်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဘောလုံးကစားနေသူများနဲ့ လာရောက်ကြည့်ရှုနေသူများအနက် ၅နှစ် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး အခြား (၁၁)ဦးမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ဟု အသိပေးပါတယ်။
ဒဏ်ရာရရှိသူ (၁၁)ဦးအနက် (၆)ဦးမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ပါတယ်။

🤬26❤5😢4👎1🔥1👏1🖕1
ရွှေဈေး ထပ်တက်၊ ကျပ် ၁၀၃သိန်းကျော်လာ
ဩဂုတ်-၂၂၊၂၀၂၆။ဖိုးသား/People's Spring
ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။
ဒီကနေ့(ဩဂုတ် ၂၂ ရက်) မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၄,၆၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့တစ်ပတ်ကထက် တစ်အောင်စကို ဒေါ်လာ ၂၀၀ ၀န်းကျင်မြင့်တက်ခဲ့ပါတယ်။
အလားတူ ပြည်တွင်း ရွှေဈေးကလည်း အရင်တစ်ပတ်ကထက် တစ်ကျပ်သား ကျပ်သုံးသိန်းနီးပါး ဈေးတက်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ပြည်တွင်းပြင်ပရွှေပေါက်ဈေးအရ ၁၆ ပဲရည်ရောင်းဈေး တစ်ကျပ်သားကို ကျပ် သိန်း ၁၀၀နဲ့ ၃သိန်း
ကျော်ရှိပြီး ပြန်၀ယ်မယ့်ဈေးနဲ့ ကျပ် ၇ သောင်း ကွာဟထားပါတယ်။ ၁၅ ပဲရည်တစ်ကျပ်သားက ၉၇ သိန်း၀န်းကျင်ရှိတယ်လို့ သိရပါတယ်။
"ကမ္ဘာ့ရွှေ ကတော့ မနေ့ကထက် ဒေါ်လာ ၂၀ လောက် တက်တယ်။ပြည်တွင်းဈေးလည်း ထပ်တက်နိုင်ပါတယ်ဈေးတန်းတွေ မငြိမ်နိုင်တဲ့အတွက် အရောင်းတွေက သတိထားရပါဦးမယ်"လို့ ပြည်တွင်းရွှေဈေး အရောင်းအ၀ယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
ရွှေဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဖြစ်တာကြောင့် ကမ္ဘာ့ဈေးနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လေ့ရှိပြီး အထူးသဖြင့် နိုင်ငံရဲ့ငွေ ကြေးစနစ်ပေါ်မှာ များစွာမူတည်ပြီး ဈေးအတက်အကျ များတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှု နဲ့ ကမ္ဘာ့အခြေအနေ တွေကလည်း ရွှေဈေးကို သိသိသာသာသက်ရောက်နိုင်ပြီး ငွေလဲနှုန်းအဆမတန်ကွာဟမှုများတဲ့ ကျပ်ငွေ တန်ဖိုးကြောင့် ရွှေဈေး အဆမတန်တက်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲ ပါ၀င်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆ မတန်ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာ ၅နှစ်ကျော် အတွင်း ပြည်တွင်းရွှေစျေးက စံချိန်တင်ခဲ့ပြီး အခြေခံလူထု ဟာ ရွှေဆိုင်တွေနဲ့ ပိုပြီး ဝေးကွာလာနေပါတယ်။
ဒါ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောက်ပံ့မှုတွေရှားလာတာ အပါအ၀င် စစ်တပ်က ပုဂ္ဂလိက ကုန် သွယ်ရေးစနစ်တွေကို ထိန်းချုပ်နေတာက လူထုကို ပိုကြပ်တည်းလာစေတယ်လို့ စီးပွားရေးအကြံပေးတချို့က ထောက်ပြထားပါတယ်။

❤20🔥5🌚4👎3👍2
ရေကြီးပြီးနောက် ရခိုင်မြောက်ပိုင်းမှာ ဆန် ၁အိတ် ကျပ် ၂သိန်းခန့်အထိ စျေးတက်
ဩဂုတ်-၂၂ ၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring
ရေကြီးမှုကြောင့် စပါးခင်းဧကထောင်ချီပျက်စီးမှုရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဆန် ၁အိတ်ကို ကျပ် ၂သိန်းခန့်အထိ စံချိန်တင် စျေးထိုးတက်လာခဲ့ပြီး အခြေခံလက်လုပ်လက်စားနဲ့ စစ်ဘေးရှောင်တွေ ဝမ်းရေးအခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။
အရင်က ကျပ် ၁၂၀၀၀၀ ဝန်းကျင်သာရှိခဲ့တဲ့ ပေါ်ဆန်မွှေးဆန် ၁အိတ်ကို အခုအခါ ၂၀၀၀၀၀ ကျပ်၊ အရင်က ကျပ် ၅၅၀၀၀၊ ၆၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆန်ကြမ်း ၁အိတ်ကို အခုအခါ ၇၀၀၀၀ ၊ ၈၀၀၀၀ ကျပ်ဝန်းကျင်ထိ စျေးမြင့် တက်နေတာပါ။
“ဒါတောင် အခုရက်ပိုင်းက နည်းနည်းလေး ကျသွားတာ၊ ရှေ့တပတ်ကဆို စျေးတွေကမငြိမ်ဘူး တက်နေတာလေ၊ ရေကြီးပြီးတော့ စပါးခင်းတွေပျက်သွားတာနဲ့ စျေးက ထိုးတက်လာတာ။ ဆန်ရောင်းရတာတောင် အားနာဖို့ ကောင်းတယ်၊ စျေးက တရက်တမျိုး တက်နေတာ” လို့ မြေပုံမြို့နယ်မှ ဆန်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ဆန်စျေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်ကနေ တဖြေးဖြေးတက်နေခဲ့တာဖြစ်ပြီး အခုဩဂုတ်လကုန်ခါနီးမှာ တအိတ်ကို ကျပ် ၂သိန်းအထိ ရောက်သွားခဲ့တာပါ။
“ရခိုင်မှာ ဆန်စျေးဒီလောက်တက်တာ တခါမှ မကြုံဖူးဘူး။ ဆန်တအိတ်နှစ်သိန်းဆိုတာ အခုမှ ကြားဖူးတာ။ ဘယ် လိုတွေကြောင့် ဒီလောက်ထိ တက်သွားလဲမသိဘူး။ စပါးကျတော့ စျေးမရဘူး။ ဝယ်တဲ့သူလည်း မရှိဘူး။ ဆန်စက် သမားတွေကပဲ စျေးတင်ရောင်းနေတာထင်တယ်” လို့ ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကနေ မိုးအဆက်မပြတ် ရွာသွန်းနေခဲ့တာကြောင့် ကျောက် တော်၊ မြောက်ဦီး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှ ကျေးရွာ တော်တော်များများမှာ ရေကြီးကာ စိုက်ပျိုးပြီးသားစပါးခင်းဧကထောင်ချီရေနစ်မြုပ်ပျက်စီးခဲ့ရတာပါ။
အဲဒီရဲ့နောက်ဆက်တွဲအနေနဲ့ အခုလို ဆန်စျေးတွေ တက်လာခဲ့တာဖြစ်ကာ အခြေခံလက်လုပ်လက်စားတွေနဲ့ စစ်ဘေးရှောင်တွေအဖို့ ၁ရက်စာ ဆန်ဝယ်နိုင်ဖို့ပင် အခက်အခဲရှိသွားခဲ့ရတယ်လို့ ဆိုကြပါတယ်။
“ကြာရင် ငတ်မှာတောင် စိုးရတယ်။ အရင်က နှစ်သောင်းကျော်ဆိုရင် ဆန်တပိုင်း(အိတ်ဝက်)ဝယ်လို့ရတယ်။ အခု က တပိုင်းကိုတောင် လေးသောင်းလောက်ပေးရတော့ အိတ်လိုက် ဝယ်မစားနိုင်တော့ဘူး။ ပြည်လိုက်ပဲ ဝယ်နိုင် တော့တယ်” လို့ မင်းပြားမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းကာ ဝမ်းရေးဖြေရှင်းနေသူတစ်ဦးက ပြောပါတယ်။
စစ်တပ်က ကုန်သွယ်ရေးလမ်းကြောင်းတွေအဖက်ဖက်က ပိတ်ဆို့ထားတဲ့ ရခိုင်မှာ စိုက်ပျိုးရေးသွင်းအားစုတွေ အ ဆမတန် စျေးကြီးပြီး လယ်သမားတွေဟာ သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို အကုန်လုံးမစိုက်ပျိုးနိုင်ကြတော့ ဘဲ ဝမ်းစာရရုံသာ ထွန်ယက်စိုက်ပျိုးလာကြပါတယ်။
မိုးဦးကျ လယ်ယာစိုက်ပျိုးချိန်မှာ အာရက္ခတပ်တော်(AA) လက်အောက်ခံ စိုက်ပျိုးရေးဌာနက ဓာတ်မြေဩဇာတွေ ကို သင့်တင့်၊ သက်သာတဲ့ နှုန်းထားနဲ့ ရောင်းချပေးခဲ့တာတွေရှိခဲ့ပေမယ့် လုံလောက်အောင် ရောင်းချပေးနိုင်ခြင်း တော့မရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်းမှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိတဲ့အနက် အခုနှစ်မှာ ထွန်ယက်ကြမယ့်လယ်ယာမြေဟာ ဧက ၅ သိန်းဝန်းကျင်သာ ရှိခဲ့ကာ အဲဒီထဲက စိုက်ပျိုးပြီသား စပါးခင်းဧကထောင်ဂဏန်းဟာ ရေကြီးမှုကြောင့် ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

😢40❤2👍2👎1👏1🎉1
ငပလီမြို့ကို စစ်တပ်က ညအချိန် လေယာဉ် ၁၀စီးနဲ့ ဗုံး ၁၀၀ ခန့် ကြဲ ၊စစ်ရှောင် ၁ဦးသေပြီး ၁၄ဦး ဒဏ်ရာရဟု AA ထုတ်ပြန်
▪️ဂွမြို့နယ်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၈ဦးထက်မနည်း ဒဏ်ရာရ
ဩဂုတ် ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးအလုံးရေအများအပြား အသုံးပြု လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့လို့ စစ်ရှောင်တွေ သေဆုံးထိခိုက်မှု ထပ်မံဖြစ်ခဲ့ရတယ်လို့ အာရက္ခ တပ်တော်(AA) က အသိပေးထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၁ရက် ည သန်းခေါင်မှာ သံတွဲမြို့နယ် ငပလီမြို့ကို စစ်တပ်က လေယာဉ် အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ငပလီမြို့ရှိ စစ်ကောင်စီတပ် စခန်းချတပ်စွဲခဲ့သော တပ်ရင်းနေရာဟောင်းများဖြစ်တဲ့ ခလရ (၅၅)၊ ခမရ (၅၆၆) တပ်ရင်းနဲ့ အရပ်သား ပြည်သူ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ နေရာဝန်းကျင်ကို တိုက်လေယာဉ် ၈စီး၊ Y12 လေယာဉ် ၁စီး၊ Y8 လေယာဉ် ၁စီး တို့နဲ့ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
၁ နာရီကျော်ကြာမြင့်ခဲ့တဲ့ လေကြောင်းဗုံးကြဲမှုအတွင်း ငပလီမြို့ကို လာရောက်စစ်ရှောင်နေတဲ့ အရပ်သား ပြည်သူ ၁ဦး သေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ ဂွမြို့နယ် ညောင်ချောင်းရွာကိုလည်း ဩဂုတ် ၂၁ရက် မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့တယ်လို့ဆိုပါတယ်။ ညောင်ချောင်းရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချလို့ စာသင်ကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူ ၇ဦး ဒဏ်ရာရခဲ့သလို စာသင်ကျောင်းဆောင်တခုလုံးလည်း ပျက်စီးခဲ့ရကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် ညောင်ချောင်းရွာ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းကို စစ်တပ်က ထပ်မံ ဗုံးကြဲခဲ့ရာ အရပ်သား ၁ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်များနဲ့ အနီးအနားရှိ ပြည်သူ့ နေအိမ်များ ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။
“အာရက္ခဒေသအတွင်းနေ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်းရန်တိုကို ယခင်ထက်ပိုမိုသတိထားကြပါရန် ထပ်မံအသိပေး တိုက်တွန်းလိုက်ပါသည်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ရာ မြို့နယ်တွေကို လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာဖြစ်ပြီး အရပ်သားတွေစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
ဩဂုတ် ၁၇ရက်က ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲလို့ ပြည်သူ ၁ဦး ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ် ၁၆ရက်ကလည်း သံတွဲမြို့တဝိုက်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သားအဖ ၂ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ၃ဦး ဒဏ်ရာရခဲ့ပါတယ်။ ဩဂုတ် ၁၃ရက်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့ရာ မိသားစုလိုက်အပါအဝင် ပြည်သူ ၈ဦးသေဆုံးခဲ့ရပါတယ်။ ဩဂုတ် ၁၀ရက်ကလည်း သံတွဲမြို့နယ် ကျောက်ကြီးရွာကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၁၆ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ အာရက္ခဒေသအပါအဝင် မြန်မာပြည်အနှံမှာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်းကနေ တရားလက်လွတ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှု အိုးအိမ်အဆောက်အအုံး ပျက်စီးမှုများ မြင့်တက်လျက်ရှိကြောင်းလည်း AAက ထုတ်ပြန်ပါတယ်။

🤬43❤6👎1👏1🎉1
တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန်ကောက်နေ
သြဂုတ်၂၂၊္ ၂၀၂၆။ မေရီ/People's Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အစီအစဥ်နဲ့ စတင်ကျင်းပနေပြီဖြစ်တဲ့ မတ္တရာမြို့နယ်က တောင်ပြုံးပွဲမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ပွဲတော်ဝင်ကြေးအဖြစ် မော်တော်ယာဥ် ၈၀၀၀ ကျပ်၊ မီနီအိုးဝေ သုံးဘီးယာဥ် ၅၀၀၀ ကျပ်နဲ့ ဆိုင်ကယ် ၃၀၀၀ ကျပ်နှုန်းနဲ့ အဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။
"မောင်းတံဂိတ်ကနေ ရွာထဲ ဝင်ကြေးပေးရတာ။ ဟိုတုန်းကဝင်ကြေးမပေးရဘူး ခုမှပေးရတာ"လို့ တောင်ပြုံးပွဲတော်သွားရောက်ခဲ့သူ အမျိုးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆိုင်ကယ်အပ်ခ ၅၀၀၀ ကျပ်၊ မော်တော်ယာဥ် အပ်ခ ၁၀၀၀၀ ကျပ်တွေပါ အဆမတန်ပေးဆောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
တောင်ပြုံးပွဲတော်ကို ကိုဗစ်ကာလမှာ ရပ်နားခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ပွဲတော်ကို မဖြစ်မနေ ကျင်းပခဲ့ပေမဲ့ မတ္တရာနယ်အတွင်းက တိုက်ပွဲတွေကြောင့် အကျဥ်းရုံးသာ ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ ပွဲတော်ကျင်းပမယ့် တောင်ပြုံးနယ်မြေဒေသ အခြေအနေမှာ အေးချမ်းတည်ငြိမ်နေတယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက ဝါဒဖြန့်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက မတ္တရာမြို့နယ်အနောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို မြို့နယ်ပကဖ၊ပြင်ဦးလွင်ခရိုင်တပ်ရင်း(၁)၊ မန္တလေးခရိုင် ပကဖတို့ ပါဝင်တဲ့ ပူးပေါင်းတပ်က တပြိုင်တည်း တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
စစ်တပ်ဟာ တိုင်းပြည်အေးချမ်းသယောင်အခြေအနေကိုပြသဖို့ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်ကာလကစလို့ ပွဲတော်တွေကို အကြိမ်ကြိမ် အလီလီ ကျင်းပစေခဲ့တာပါ။ လက်ရှိ တောင်ပြုံးနဲ့အနီးတစ်ဝိုက်က ကျေးရွာတွေကို စစ်တပ်က စိုးမိုးထားဆဲဖြစ်ပြီး ပွဲတော်လာပြည်သူတွေကိုလည်း စစ်ဆေးငွေညှစ်တာတွေ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

🤬31❤5👏4🤣2👎1🔥1😢1
မိတ္ထီလာလေတပ်က စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်းရဲ့ ရန်ကုန်အိမ်ကို ပါဆယ်ဗုံးဖြင့်
မြို့ပြပျောက်ကျားအဖွဲ့တိုက်ခိုက်
ဩဂုတ်-၂၂၊၂၀၂၆။နေ့သစ်/People’s Spring
စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်က လေတပ်စစ်ဦးစီးအရာရှိဗိုလ်မှူးစိုးသူရဝင်းရဲ့ရန်ကုန်နေအိမ်ကို ပါဆယ်ဗုံးပို့ဖောက်ခွဲတိုက်ခိုက်ခဲ့
တယ်လို့ ရန်ကုန်မြို့ပပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။
ဩဂုတ် ၂၂ရက်မှာ ဗိုလ်မှူးစိုးသူရဝင်းရဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြိုနယ်၊၁၀၇ လမ်း
ရှိ နေအိမ်ကို ပါဆယ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဗိုလ်
မှူးစိုးသူရဝင်း ပိုင်ကား (3Q-8600) နဲ့ အိမ်တို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
“ စစ်တပ်က ဒီနေ့ပဲ ငပလီကရွာတွေကို ဗုံးကြဲတယ် ၊မနေ့ကလည်း မြောင်မြို့နယ်က ဘုန်း
ကြီးကျောင်းကိုဗုံးကြဲတယ်။အစုလိုက်အပြုံ
လိုက်သေသွားတာ တရားစခန်းဝင်နေတဲ့ သက်ကြီးရွယ်အိုတွေ ၊ဒဏ်ရာရသူတွေအား
လုံးနီးပါးကလဲအသက်ကြီးပိုင်းတွေ ၊ ဒီကောင်တွေ လေထဲကနေ လုပ်ချင်သလိုလုပ်ပြီးထင်တိုင်းကြဲ ပြည်သူတွေကိုနေ့စဉ်သတ်
ဖြတ်နေတာကိုရတဲ့နည်းနဲ့ တုံ့ပြန်ဖိုလိုမယ်။ ဒါကြောင့်ပဲ ကျွန်တော်တိုက ဒီအလုပ်ကိုလုပ်နေရတာ” လို့ တိုက်ခိုက်မှုဖော်ဆောင်ခဲ့တဲ့ မြိုပြပြောက်ကျား ရဲဘော်တဦးကပြောပါတယ်။
ဗိုလ်မှူးစိုးသူရဝင်းဟာ စစ်ဦးစီးအရာရှိ (ဒုတိ
ယတန်း) တာဝန်နဲ့ မိတ္ထီလာလေတပ်စခန်းဌာ
နချုပ်မှာစစ်ဗျူဟာ၊ စီမံခန့်ခွဲမှုနဲ့ အမိန့်ပေးညွှန်ကြားမှုများကို လက်တွေ့အကောင်အ
ထည်ဖော်ရသူတွေထဲကတဦးလို့သိရပါတယ်။
လေတပ်က စစ်သားတွေရဲ့အိမ်တွေ မိမိတို့ပတ်ဝန်းကျင်မှာ ရှိရင် ပြည်သူတွေအနေနဲ့ သိုသိပ်စွာ သတင်းပေးဖို့လည်း မြို့ပြရဲဘော်တဦးက တိုက်တွန်းနှိုးဆော်ပါတယ်။
“ရန်ကုန်မှာကပြည်သူတွေ ဟာ ဗုံးကြဲမခံရပေမယ့် ရန်ကုန်ကလေတပ် စစ်ေ..တွေကြောင့် အညာ မှာပြည်သူတွေ နေ့တိုင်းဗုံးကြဲခံနေရတယ် ရခိုင်မှာနေတိုင်းဗုံးကြဲခံနေရတယ်။ဒါတွေကို ရရာနည်းလမ်းနဲ့ ပြန်တိုက်ကြရမှာဖြစ်တယ် ။ ခက်ခဲနေတဲ့ ပြည်သူတွေကို စစ်
မှုထမ်းကြေးတောင်း ပြီး ဗိုက်ဝနေတဲ့ကောင်တွေ ရဲ့ သတင်းတွေ ကိုလည်း ပြည်သူတွေက ဖော်ထုတ်တိုင်ကြားကြပါ ပြည်သူတွေပါဝင်မှ ကျွန်တော်တိုပိုတိုးပြီးလှုပ်ရှားနိုင်မှာ” လို့လည်း မြို့ပြရဲဘော်တဦးကပြောပါတယ်။

👏43❤10👍7🥰2🤣2🖕2
RCSS နဲ့ စစ်တပ်မိုင်းပျဉ်းမှာတိုက်ပွဲစဖြစ်
စစ်ကောင်စီတပ်ဘက်က ၆ဦးသေဆုံး
ဩဂုတ်-၂၂၊၂၀၂၆။ဇော်ရမ်း၊ထားမြတ်/People’s Spring
ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)
နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး သန်းနိုင်စိုး ဦးစီးတဲ့ ခမရ(၃၁၄) နဲ့ ပြည်သူ့စစ် ပူး
ပေါင်းတပ်က တောနင်းလာလို့ RCSSနဲ့ တိုးပြီး တိုက်ပွဲ ဖြစ်တာလို့ RCSS ရဲ့ ရှမ်းဘာသာ သတင်းထုတ်ပြန်ချက်ကို ရှမ်းသတင်းရင်း
မြစ်တဦးက ဘာသာပြန်ရှင်းပြပေးပါတယ်။
တိုက်ပွဲ ဟာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က ၆ယောက် သေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ပြန်ဆုတ်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အဲဒီတိုက်ပွဲမှာ နှစ်ဖက်ကျဆုံးမှုရှိတယ်လို့ ရေးသားချက်တွေရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောပြပါတယ်။
“စကစတပ်တွေကျားဖြန့် နှိမ်နင်းရေး အ
ကြောင်းပြပြီးခြေသွက်နေတယ်။ ရလခ(ခိုလမ်) ဒုတိုင်းမှူးကခပ်ထန်ထန်လို့ ကြားသိရတော့ သူ့တပ်တွေကို ဆက်ပြီး လှုပ်ရှားခိုင်းဖို့ များတယ်” လို့ လေ့လာသူ တဦးက စစ်ကောင်
စီနဲ့ RCSS တိုက်ပွဲ စတင်ဖြစ်ပွားမှု အခြေ
အနေပေါ် ပြောပြပါတယ်။ ဒုတိုင်းမှူးဟာ ရောက်စဖြစ်လို့ ခွင်(ဂွင်)ရှာတဲ့ သဘောလို့လည်း ယူဆနိုင်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ တိုက်ပွဲကြီးကြီးမားမား ဖြစ်လာမယ်လို့ မမြင်ဘဲ နာမည်ရရုံ လှုပ်ရှားထိတွေ့တာလောက်သာ ဆက်ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။
"ကျားဖြန့်ကိစ္စတွေလည်းပါတယ်။ နှစ်ဖွဲ့စလုံးကကျားဖြန့်နဲ့မကင်းဘူး။ အခုက စစ်တပ်ဘက်ကအရင်ဝင်ဖမ်းတာကနေ ဖြစ်တာ"လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။
RCSSဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး အာဏာ
သိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းတဲ့ အထိ စစ်တပ်နဲ့ RCSS အကြား ပြဿနာဖြစ်ပွားမှု နည်းပါးပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖက်မှာ ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာကာ ဆုတ်ခွာသွားပေမယ့် စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့Tai Freedomရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်ဩဂုတ်လမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်မှာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီဝါဒဖြန့်ချီ ရေးလူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ကချင်
ပြည်နယ်အတွင်း မိုးကောင်းနဲ့ မိုးညှင်းမြို့နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

👍28👏14❤6🔥2🖕2👎1
လက်ပံတန်းက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေ
ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဩဂုတ် ၁၅ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
"လက်ပံတန်းမြို့နယ်ထဲ ရန်သူ့လူပ်ရှားစစ်ကြောင်းတွေပြင်နေတာတွေ ရှိပါတယ်။ပြီးခဲ့တဲ့ရက်က ဂိတ်စခန်းသိမ်းခံရတာနဲ့ သက်ဆိုင်တယ်"လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာက စစ်တပ်သတင်းပေး ဆည်မြောင်း၀န်ထမ်းတစ်ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
"သူက တော်လှန်ရေးတပ်တွေရဲ့ သွားလာလှုပ်ရှားတာတွေ စခန်းတည်နေရာတွေကို သတင်းပို့တာ တော်တော် များတယ်။ကြားတာတော့ ဖမ်းခံရပြီး ထွက်ပြေးဖို့လုပ်တဲ့ချိန် ပစ်ခတ်ခံရတယ်"လို့ လက်ပံတန်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်တွေကို နယ်မြေအသာစီးရယူဖို့ အာဏာသိမ်းစစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးပမ်းနေတာပါတယ်။
ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။
လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေ နဲ့ ပြည်သူ့စစ်အင်အား ကို အမှီပြုပြီး တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။

👍28❤5🤬4👎2👏1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️RCSS နဲ့ စစ်တပ် မိုင်းပျဉ်းမှာ တိုက်ပွဲ စ, ဖြစ်
ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား ဒီနေ့ ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်းက တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဘက်က ဗိုလ်ကြီးသန်းနိုင်စိုး ဦးစီးတဲ့ ခမရ(၃၁၄) နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်က တောနင်းလာလို့ RCSSနဲ့ တိုးပြီး တိုက်ပွဲ ဖြစ်တာလို့ RCSSက သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲဟာ မိနစ် ၂၀ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်ဘက်က ၆ယောက် သေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ဆိုပါတယ်။ စစ်တပ်ပြန်ဆုတ်သွားပြီးလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ကျဆုံးမှုရှိတယ်လို့ ရေးသားချက်တွေရှိကြောင်းလည်း ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။
◾️ငပလီမြို့ကို စစ်တပ်က ညအချိန် လေယာဉ် ၁၀စီးနဲ့ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲ
ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးအလုံးရေအများအပြား အသုံးပြု လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့လို့ စစ်ရှောင်တွေ သေဆုံးထိခိုက်မှု ထပ်မံဖြစ်ခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၁ရက် ညသန်းခေါင်မှာ သံတွဲမြို့နယ် ငပလီမြို့ကို စစ်တပ်က လေယာဉ်အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ငပလီမြို့ရှိ စစ်ကောင်စီတပ် စခန်းချတပ်စွဲခဲ့တဲ့ တပ်ရင်းနေရာတွေဖြစ်တဲ့ ခလရ(၅၅)၊ ခမရ(၅၆၆) တပ်ရင်းနဲ့ အရပ်သား စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ နေရာဝန်းကျင်ကို တိုက်လေယာဉ် ၈စီး၊ Y12 လေယာဉ် ၁စီး၊ Y8 လေယာဉ် ၁စီး တို့နဲ့ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ တစ်နာရီကျော်ကြာမြင့်ခဲ့တဲ့ လေကြောင်းဗုံးကြဲမှုအတွင်း ငပလီမြို့ကို လာရောက်စစ်ရှောင်နေတဲ့ အရပ်သား ပြည်သူ ၁ဦး သေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင်စစ်တပ်ဟာ ဂွမြို့နယ် ညောင်ချောင်းရွာကိုလည်း ဩဂုတ် ၂၁ရက် မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ ညောင်ချောင်းရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချလို့ စာသင်ကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူ ၇ဦး ဒဏ်ရာရခဲ့သလို စာသင်ကျောင်းဆောင်တခုလုံးလည်း ပျက်စီးခဲ့ရကြောင်း ဖော်ပြပါတယ်။
◾️ဧရာဝတီတိုင်း ရေဘေးသင့်ဒေသတွေမှာ ခိုးမှုနဲ့ လုယက်မှု အဖြစ်များနေ
ဧရာဝတီတိုင်းအတွင်း ရေဘေးကြုံနေတဲ့ဒေသတွေမှာ ခိုးမှုနဲ့လုယက်မှုတွေအဖြစ်များနေပြီး အသက်(၇၀) ကျော်အရွယ် ကျောင်းဆရာမအငြိမ်းစားတစ်ဦး လုယက်သတ်ဖြတ်ခံလိုက်ရပါတယ်။ လက်ရှိ ရေဘေးကြုံတွေ့နေတဲ့ လေးမျက်နှာမြို့နယ် အိုင်သည့်ကျေးရွာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူထားတဲ့ ဆရာမဒေါ်လှလှဝင်းဟာ သြဂုတ် ၂၀ရက်က နေအိမ်မှာ လုယက်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရွှေနဲ့ ပိုက်ဆံတွေပါသွားပြီး မသတ်ခင်မှာ နှိပ်စက်ခံခဲ့ရတယ်လို့ ဒေါ်လှလှဝင်းရဲ့ တပည့်တစ်ဦးက ပြောပါတယ်။ အသက် ၇၂ နှစ်အရွယ် ဒေါ်လှလှဝင်းဟာ အိုင်သပြုကျေးရွာအနီးက ရှားခဲကျေးရွာနေအိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်ပြီးပြန်လာချိန် နေအိမ်မှာ ဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်သွားတာလို့ သိရပါတယ်။
◾️ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်မှာ စစ်ကြောင်းထိုးမှုတွေ စစ်တပ် အရှိန်မြှင့်
မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန်စီမံကိန်းနေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။ တနင်္သာရီတိုင်းထဲက ထားဝယ်စီးပွားရေးဇုန်သတ်မှတ်နေရာနဲ့ အနီးတဝိုက် ဧရိယာတွေကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်ဟာ အင်အားရာနဲ့ချီ ဖြန့်ကျက်ထားပြီး စစ်ကြောင်းထိုးမှုတွေ အရှိန်မြှင့်နေကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် စီမံကိန်းနယ်မြေတဝိုက်က ကျေးရွာတွေကို မီးတင်ရှို့တာ၊ လမ်းကြောင်းတွေကို ဖြတ်တောက် ပိတ်ဆို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေကို ကိုးကားပြီး Reutersက ဆိုပါတယ်။ ကပ္ပလီပင်လယ်နဲ့ ထိစပ်နေမယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရေနက်ဆိပ်ကမ်းတစ်ခုနဲ့ ဓာတ်အားပေး စက်ရုံတစ်ခုလည်း ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အခုအခါမှာတော့ အဲဒီနယ်မြေတွေက တော်လှန်ရေး အဖွဲ့တွေကို အင်အားသုံး ဖြိုခွင်းရှင်းလင်းပြီး နယ်မြေစိုးမိုးမှု ပြန်ယူဖို့ အမြင်သာဆုံး လှုပ်ရှားမှုမျိုးတွေ ပြသလာနေပါတယ်။
◾️စစ်တပ်နဲ့ ရုရှား ဆက်ဆံရေး ကူညီပေးနေသူတွေကို ဒဏ်ခတ်ဖို့ JFM တိုက်တွန်း

👍11🔥2❤1🖕1
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံရဲ့ လက်နက်ထုတ်လုပ်ရေးကဏ္ဍက မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးရာကနေ အကျိုးအမြတ်တွေရရှိနေပြီး အဲဒီ့လက်နက်တွေနဲ့ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ JFM က ထောက်ပြပါတယ်။ ဒါ့အပြင် စစ်တပ်က ရေနံနဲ့သဘာဝဓာတ်ငွေ့ သတ္ထုတူးဖော်ရေး နဲ့ စွမ်းအင်ကဏ္ဍတွေကနေ ရေနက်ဆိပ်ကမ်းတွေအထိ စီးပွားရေးကဏ္ဍတွေမှာ ရုရှားရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့ ကြိုးစားနေပြီး ဒီရင်းနှီးမြှုပ်နှံမှုတွေကို စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုမှာလို့ JFM ကဆိုပါတယ်။ လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က သူတို့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက သူတို့ရှေ့ဆက်မယ့် လမ်းကြောင်းမှာ ဟန့်တားမှု မရှိဖို့ ကြိုးစားနေကြတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
◾️စစ်သင်္ဘောတွေ လုံခြုံရေးယူပေးစဥ် ဗုံးကြဲလို့ စစ်ရှောင် ၁ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာမှာ စစ်သင်္ဘောတွေ လုံခြုံရေးလိုက်ပေးတဲ့ လေယာဉ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသား ၁ဦး သေဆုံးကာ ၃ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဩဂုတ်၂၂ရက် ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေး လိုက်ပေးတဲ့ Y-12 လေယာဉ်က မြစ်အနောက်ဘက်က ကမ်းဖြူကျေးရွာကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုကြောင့် မတ္တရာမြို့နယ် မြွေရွာက စစ်ဘေးရှောင် အမျိုးသား ၁ဦး ပွဲချင်းပြီး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီးက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ Y-12 လေယာဥ်က ရွာအနောက်ပိုင်း အထွက်နေရာကို ဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တွေ ထိခိုက်ခဲ့တာဖြစ်ကြောင်း အဲဒီဒေသခံက ရှင်းပြပါတယ်။ အဲဒီစစ်သင်္ဘောတွေဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ စဉ့်ကူးမြို့နယ် ထုံးကြီးရွာရဲ့ အနောက်ဘက်ရောက်နေပြီလို့ သိရပါတယ်။
◾️ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၁ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ သထုံခရိုင် (ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်၊ ပလိုခီး (ဇီးပြောင်း) ကျေးရွာအုပ်စု၊ ဇီးပြောင်းကျေးရွာကို စစ်တပ်က ဩဂုတ် ၁၉ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။ စစ်တပ်ရဲ့ အမှတ် (၃၁၀) အမြောက်တပ်က အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီး ၁၂၂ မမ လက်နက်ကြီးကျည် (၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာ ဇီးပြောင်းရွာ ဘောလုံးကွင်းအနီးနဲ့ ကျေးရွာတောင်ဘက်တို့မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ထုတ်ပြန်ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဘောလုံးကစားနေသူများနဲ့ လာရောက်ကြည့်ရှုနေသူများအနက် ၅နှစ် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး အခြား(၁၁)ဦးမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။ ဒဏ်ရာရရှိသူ(၁၁)ဦးထဲက (၆)ဦးမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိကြောင်း ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ပါတယ်။
◾️မိတ္ထီလာလေတပ်က စစ်ဦးစီးအရာရှိရဲ့ ရန်ကုန်အိမ်ကို ပါဆယ်ဗုံးနဲ့ တိုက်ခိုက်
အာဏာသိမ်းစစ်တပ်ရဲ့ မိတ္ထီလာလေတပ်က လေတပ်စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်းရဲ့ရန်ကုန်နေအိမ်ကို ပါဆယ်ဗုံးပို့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ ဩဂုတ် ၂၂ရက်မှာ ဗိုလ်မှူးစိုးသူရဝင်းရဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၇ လမ်းရှိ နေအိမ်ကို ပါဆယ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးစိုးသူရဝင်း ပိုင်ကားနဲ့ အိမ်တို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ဗိုလ်မှူးစိုးသူရဝင်းဟာ စစ်ဦးစီးအရာရှိ (ဒုတိယတန်း) တာဝန်နဲ့ မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှာစစ်ဗျူဟာ၊ စီမံခန့်ခွဲမှုနဲ့ အမိန့်ပေးညွှန်ကြားမှုများကို လက်တွေ့အကောင်အထည်ဖော်ရသူတွေထဲက တစ်ဦးလို့သိရပါတယ်။
◾️ရွှေဈေး ထပ်တက်၊ ကျပ် ၁၀၃သိန်းကျော်လာ

❤15🔥2🤣1