အာဏာသိမ်းစစ်တပ်ရဲ့ မူးယစ်ဆေးစွပ်စွဲ
ချက်AA တုံ့ပြန်
"အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာစစ်ရေး၊နိုင်ငံရေး ကျရှုံးမှုတွေများလာတဲ့ အခါ
တိုင်း တဖက်အဖွဲ့အစည်းကို သိက္ခာချဖို့အ
တွက် သူ့မှာရှိတဲ့မူးယစ်ဆေးဝါးတွေကို ထုတ်
ပြပြီးတော့ ဒီလိုမျိုးလုပ်ကြံစွပ်စွဲချက်တွေနဲ့ ယုတ်ညံ့အောက်တန်းကျစွာတိုက်ခိုက်လေ့ရှိပါတယ်” -AAပြောရေးဆိုခွင့်ရှိသူခိုင်သုခ
ဩဂုတ်-၂၁၊၂၀၂၆။ခိုင်မြတ်/People's Spring
ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်သို့သယ်ဆောင်ရောင်းဝယ်မယ့်ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိမရှိတဲ့ စွပ်စွဲချက်သာဖြစ်ပြီးAAနဲ့ဆက်စပ်မှုမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့မူးယစ်ဆေးဝါးတား
ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ်
လ ၁၂၊ ၁၃၊ ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ ငွေကျပ် ၃၆ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ
ဆေးပြား ၂၄ ဒသမ ၁၅ သန်းကို မကွေးတိုင်း မင်းလှမြို့နယ်နဲ့ မန္တလေးတိုင်း ပြည်ကြီးတံ
ခွန်မြို့နယ်တို့မှာ ဖမ်းဆီးရတယ်ဆိုပြီး AAကို စွပ်စွဲဝါဒဖြန့်ချီထားတာဖြစ်ပါတယ်။
“ဒါကတော့ ယုတ္တိမရှိတဲ့စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ဘာမှဆက်စပ်ပတ်သက်မှုမရှိပါဘူး။အကြမ်းဖက် ဖက်ဆစ်စစ်ကောင်
စီဟာ စစ်ရေး၊ နိုင်ငံရေး ကျရှုံးမှုတွေများလာတဲ့ အခါတိုင်း တဖက်အဖွဲ့အစည်းကို သိက္ခာ
ချဖို့အတွက် သူ့မှာရှိတဲ့မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီးတော့ ဒီလိုမျိုးလုပ်ကြံစွပ်စွဲချက်တွေနဲ့ ယုတ်ညံ့အောက်တန်းကျစွာတိုက်ခိုက်လေ့ရှိပါတယ်”လို့ ဦးခိုင်သုခကပြောပါတယ်။
အဲဒီလို စွပ်စွဲတာဟာ စစ်အုပ်စုအဆက်ဆက်ကျင့်သုံးလာတဲ့မရိုးနိုင်တဲ့ လုပ်ကြံဝါဒဖြန့်ဗျူဟာတခုဖြစ်ပြီး မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ ကျားဖြန့်အပါအဝင် မကောင်းမှု ဒုစရိုက်လုပ်ငန်းအားလုံးရဲ့ ဂိုဏ်းချုပ်ဟာ အကြမ်းဖက် မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ်တွေပဲဖြစ်တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
အခု AA အပေါ် စွပ်စွဲထားတဲ့မူးယစ်ဆေးဝါးတွေဟာလည်း စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြကာ လိမ်လည် ထားတာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ “အခုလည်း ဖော်ပြထားတဲ့ မူးယစ်ဆေးဝါးတွေကို ကြည့်လိုက်ပါ၊အရင်တုန်းကသူတို့အကြိမ်
ကြိမ်ပြခဲ့တဲ့ အထုတ်တွေပဲ ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာ မကွေးတိုင်း မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်းမှာ ဇေယျာမိုး မောင်းနှင်တဲ့ DONGFENG ယာဉ်နဲ့ အောင်မင်းသန့် မောင်းနှင်တဲ့ FORLAND
ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဲဒီ ယာဉ်နှစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းကို ကနဦးဖမ်းဆီးရမိခဲ့တာလို့ အာဏာ
သိမ်းစစ်တပ်လက်အောက်ခံမူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။အဲဒီမူးယစ်ဆေးတွေကို သယ်ယူရာမှာ ပူးပေါင်းပါဝင်ခဲ့သူတွေဖြစ်တဲ့ ရဲရင့်လှိုင်(ခ)ရဲရင့်၊ သက်ဝေအောင်(ခ) စိုင်း လေး၊ သူရဇော်(ခ)ကိုဟိန်းနဲ့ နေဇာအောင်တို့ကို နောက်တရက်အကြာ ဩဂုတ်လ ၁၃ ရက်မှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်းစစ်အုပ်စုကဆိုပါတယ်။
ဒါ့အပြင်ဩဂုတ်လ ၁၃ ရက်နေ့မှာပဲ မန္တလေး
တိုင်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိယာဉ် ၄ စီးပေါ်မှ စိတ်ကြွ ဆေးပြား ၁၄၄ သိန်းကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ မကွေးတိုင်း မင်းတုန်းကို သယ်ယူလာတဲ့ နွေးရှိုင်းမင်း(ခ) ကိုရှိုင်း၊ အောင်စိုးဦးနဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ စိန်ဝင်းမောင်တို့ကို ထပ်မံဖမ်းဆီးရမိကာ စုစုပေါင်းငွေကျပ် ၃၆ဘီလီယံကျော်တန်ဖိုးရှိ ဆေးပြား ၂၄ ဒသ
မ ၁၅ သန်းကိုထပ်တွေ့ခဲ့ကြောင်းစစ်တပ်က
ဝါဒဖြန့်ထားပါတယ်။
အဲဒီစိတ်ကြွဆေးပြားတွေ ရောင်းချပေးခဲ့သူဟာ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ စိုင်းဆမ် (ခ)လောပန်းဖြစ်ပြီး မင်းတုန်းမြို့သို့ အဓိကရောင်းဝယ်သူတွေဟာ စိန်ဝင်းမောင်နဲ့ နွေးရှိုင်းမင်း(ခ)ကိုရှိုင်းတို့ဖြစ် ကာ ရခိုင်သို့ ဆက်လက်သယ်ယူသူတွေကတော့ AA စီးပွားရေးတာဝန်ခံတွေဖြစ်တဲ့ ထွန်းကျော်နဲ့ ဘညွန့်ဆိုသူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါး စတင်ရောင်းချသူဆိုတဲ့ ဝမ်ဟိုင်းနေ စိုင်းဆမ် (ခ)လောပန်းနဲ့ AA စီးပွားရေးတာဝန်ခံတွေ ဆိုတဲ့ ထွန်းကျော်နဲ့ ဘညွန့်တို့ကို ဖမ်းဆီးမရသေးဘဲ ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မယ်ဆိုတဲ့ ဘီလီယံရှိတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတိုင်း မူးယစ်ဆေးဝါးတွေရဲ့နောက်ကွယ်မှာ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အရာရှိတွေ ပါဝင်ပက်သက်နေကြောင်းဝါဒဖြန့်ထုတ်ပြန်လေ့ရှိပါတယ်။
ဒီအပေါ် အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်က စစ်အုပ်စုဟာ စစ်တပ်ကိုတော်လှန်နေတဲ့တော်လှန်ရေးအဖွဲ့တွေကို အမျိုးမျိုးအမည်ဖျက်လေ့ရှိပြီး ၊AAကိုလည်းမူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး နိုင်ငံတကာ သို့ လျှောက်ပြောကာ အပုပ်ချလေ့ရှိကြောင်း ၊ထိုကြောင့် AA က နိုင်ငံတ

👍41❤11🤣3🖕2😁1
ကာနဲ့ထိတွေ့ဆက်ဆံရာမှာစစ်တပ်ကသတင်းအမှားတွေဖြန့်ချီတာဖြစ်ကြောင်းရှင်းပြရလေ့ရှိကြောင်း ဧရာဝတီသတင်းဌာနနဲ့ အင်တာ
ဗျူးမှာ ပြောကြားခဲ့ပါတယ် ။
ဗျူးမှာ ပြောကြားခဲ့ပါတယ် ။
👍46😁4🖕2❤1👏1🤣1
“စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်” ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။
ယခုရက်ပိုင်းအတွင်းမော်စကိုသို့ သွားရောက်ခဲ့တဲ့ အဆိုပါခရီးဟာ အတုအယောင် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ်မိမိ သမ္မတအဖြစ် ကြေညာပြီးနောက် ပြည်ပသို့ သွားရောက်ခဲ့တဲ့ ပဉ္စမမြောက် ခရီးစဉ် ဖြစ်ပါတယ်။ ယင်းမတိုင်မီ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။
တစ်ဖက်မှာ ရုရှားက အာဆီယံထဲမှာ ကိုယ့်အသံကို ကြားစေမယ့် မိတ်ဖက်တစ်ဦး လိုအပ်နေပြီး အခြားတစ်ဖက်မှာ မြန်မာစစ်အစိုးရကလည်း နိုင်ငံတကာဇာတ်ခုံမှာ “ကျွန်တော်တို့ကို မမြင်ချင်ယောင်ဆောင်လို့ မရဘူး” ဒီမှာကြည့်ဆိုတဲ့ ပူတင်က လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်တစ်ခု လိုအပ်နေပါတယ်။ဒါကြောင့်ဒီခရီးစဉ်ဟာစီးပွားရေးထက်၊ နိုင်ငံရေးအရ တစ်ယောက်ကိုတစ်ယောက် “မင်းမှာ ငါရှိတယ်၊ ငါမှာ မင်းရှိတယ်” လို့ ပြသတဲ့ ဓာတ်ပုံရိုက်ပွဲတစ်ခုနဲ့ ပိုတူနေပါတယ်။
ဒီလို သုံးသပ်ချက်တွေထဲက ထင်ရှားတဲ့တစ်ခုကတော့ ရုရှားနဲ့ အရှေ့/အလယ်ပိုင်း ဥရောပရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးတွေကို အဓိကဖော်ပြတဲ့ BNE IntelliNews က ဘာလင်အခြေစိုက် သတင်းထောက် Ben Aris ရဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။
Ben Aris ရဲ့ အဓိကသုံးသပ်ချက်က စာချုပ်တွေအများကြီးလက်မှတ်ထိုးခဲ့ပေမယ့် လက်တွေ့အကောင်အထည်ပေါ်နေတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုက အလွန်နည်းပါးနေဆဲဖြစ်တယ်။ ရုရှားအတွက် အဓိကအကျိုးကျေးဇူးက အာဆီယံ (ASEAN) ထဲမှာ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ရရှိထားခြင်းဖြစ်ပြီး၊ မြန်မာစစ်အစိုးရအတွက်တော့ နိုင်ငံတကာမှာ သမ္မတအဖြစ် လက်ခံတဲ့ ပူတင်နဲ့ အတူရိုက်တဲ့ဓာတ်ပုံနဲ့ သူ့ရဲ့နိုင်ငံရေးအသိအမှတ်ပြုမှု ရယူဖို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ဆောင်းပါးအစမှာပဲ ရုရှားနဲ့ မြန်မာတို့ဟာ ကရင်မလင်မှာ စာချုပ်နဲ့ နားလည်မှုစာချွန်လွှာ စုစုပေါင်း ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ နျူကလီးယားစွမ်းအင် (Nuclear Energy)၊ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနက်ဆိပ်ကမ်း၊ ဂြိုဟ်တုနဲ့ ရှာဖွေရေးကယ်ဆယ်ရေးစနစ်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် အဲဒီစာချုပ်တွေဟာ “အနာဂတ်မှာ လုပ်မယ့် အစီအစဉ်တွေသာ” လို့ပဲ သတ်မှတ် ထားပါတယ်။ အကြောင်းကတော့ စာချုပ်တွေမှာ အကြီးစားစီမံကိန်းတွေကို ပြောထားပေမယ့် လက်တွေ့ စီးပွားရေးအခြေအနေကို ကြည့်လိုက်ရင်တော့ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅ သန်းတောင် မပြည့်သေးဘဲ အဲဒီပမာဏဟာ ရုရှားရဲ့ ရေနံစိမ်းတင်ပို့မှု ၃နာရီစာသာ ရှိတယ်လို့နှိုင်းယှဉ်ဖော်ပြထားပါတယ်။စာချုပ်တွေက ကြီးမားပေမယ့် အခြေခံစီးပွားရေး ဆက်ဆံရေးကတော့ အလွန်သေးငယ်ပါတယ်လို့ ဆိုလိုတာပါ။
ဒီလက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေထဲမှာ အရေးကြီးဆုံးအဖြစ် ဖော်ပြထားတာကတော့ “မတရားသော တစ်ဖက်သတ် အကျပ်ကိုင် အရေးယူဆောင်ရွက်မှုများ၏ ဆိုးကျိုးများကို တုံ့ပြန်ရန်၊ လျှော့ချရန်နှင့် ကုစားရန် နည်းလမ်းများဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပူးတွဲကြေညာချက်” ဖြစ်ပါတယ်။ Ben Aris ကဒီစာချုပ်က နှစ်ဖက်စလုံး ဘာလိုချင်လဲဆိုတာကို အထင်အရှား ဖော်ပြနေတယ်လို့ သုံးသပ်ပါတယ်။
တကယ်တော့ နှစ်နိုင်ငံစလုံးဟာအနောက်
နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြင်းထန်စွာ ရင်ဆိုင်နေရပြီး နှစ်ဦးစလုံး ယခုကဲ့သို့ အတူတကွ ပူးတွဲထုတ်ပြန်ခြင်းမှအပ အခြားဘာမျှ မတတ်နိုင် ကြကြောင်း ၎င်းကဆိုပါတယ်။
https://www.ludunwayoo.com/feature-mm/2026/08/22/166274/

LuduNwayOo
နိုင်ငံတကာမီဒီယာတွေက မင်းအောင်လှိုင်ရဲ့ မော်စကိုခရီးစဉ်ကို ဘာကြောင့် အထင်မကြီးခဲ့ကြသလဲ | LuduNwayOo
"စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။
🤮29👍9❤7💩5🤣4👎1🖕1
လက်ပံတန်းမှာ စစ်တပ်သတင်းပေး စစ်မှုထမ်း ၁ဦးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး
ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။
ခေါင်းလောင်းတိုင်ကျေးရွာက အငယ်လေးဆိုသူဟာ စစ်တပ်ကပေါ်တာဆွဲခံရပြီး ၃လကျော်အကြာမှာ ကျေးရွာပြန်ရောက်နေတဲ့ သတင်းအရ အခုဩဂုတ် ၁၈ ရက်မှာ ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
"တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုကိုစုံစမ်းဖို့ ခိုင်းစေထားတယ်။သတင်းရလို့သွားရောက် ဖမ်းဆီးခဲ့ပါတယ်။သူရဲ့နေအိမ်မှာတင် တွေ့ရှိလို့ ဖမ်းဆီးခဲ့ပါတယ်" လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် သတင်းပေးအဖြစ် အာဏာသိမ်းစစ်တပ်အရာရှိနဲ့ မြိုနယ်အုပ်ချုပ်ရေးမှူးတွေက ၁လကို ကျပ်၁သိန်းစီပေးပြီး ခိုင်းစေထားတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။
"PDF တပ်တွေရဲ့ သွားသွားလာလာတွေ ၊မသင်္ကာသူတွေရှိရင် သူတို့ကို ပြောဖို့ သားကို ပြန်လွှတ်လိုက်တယ်။ဗိုလ်မျိုးကြွယ်က။ရာထူးကတော့ မသိဘူး။သုံးပွင့်လား၊နှစ်ပွင့်လားတော့ မသိဘူး"လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စစ်ဆေးမှုကို အငယ်လေးက ထွက်ဆိုပါတယ်။
PDF တပ်တွေရဲ့ ဖမ်းဆီးခံရပါက ဆေးကျတာ၊ဆေးမအောင်တာကြောင့် ပြန်လွှတ်ခံရတာလို့ ထွက်ဆိုဖို့ လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူးက သင်ကြားပေးထားကြောင်းလည်း အသိပေးပါတယ်။
လက်ရှိမှာ ဖမ်းမိထားတဲ့စစ်တပ်သတင်းပေးဆိုတဲ့ စစ်မှုထမ်းတပ်သားကို စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

👏28👍7❤2🖕2👎1🤣1
“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ထင်းရောင်းရင်းအသက်မွေးဝမ်း
ကျောင်း ပြုနေရတဲ့မဝင်းသန်းရဲ့ ဒီစကားက ရခိုင်ပြည်သူတွေရဲ့ လက်ရှိဘဝကို အကျဉ်း
ချုပ်ဖော်ပြနေတာပဲဖြစ်ပါတယ်။သူမအတွက် “ရွာ” ဆိုတာအိမ်များ၊အမှတ်တရများ၊ မိသားစုဝင်များနဲ့ တစ်သက်တာတည်ဆောက်
ခဲ့တဲ့ ဘဝတစ်ခုလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အေးချမ်းစွာ နေထိုင်ခဲ့တဲ့ ဗျိုင်းဖြူရွာလေးအတွက်၂၀၂၄ ခုနှစ် မေလ ၂၉ ရက်ဟာဒီရွာကရွာသားအနည်းဆုံး ၇၀ ဦးအ
သက်ဆုံးရှုံးခဲ့ရတဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ရဲ့အစ ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို The Diplomat က လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်တွေကနေ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီနေ့ မနက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး အာဏာသိမ်းစစ်တပ်က စစ်သားတွေအပြည့်လိုက်ပါလာတဲ့စစ်ကား ၆ စီးဟာ စစ်တွေမြို့ပြင်က ရခိုင်ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ဗျိုင်းဖြူကျေးရွာထဲကို ဖြည်း
ညှင်းစွာ ဝင်ရောက်လာခဲ့ပါတယ်။သူတို့ ရွာထဲဝင်လာတဲ့အချိန်က မနက် ၈ နာရီဝန်းကျင်ပါ။ ဒါဟာ ရွာသားတွေအတွက် ထူးဆန်းတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ စစ်
သားဟာ ပုံမှန်ဆိုရင် မွန်းလွဲပိုင်း၊ ညနေပိုင်း ဒါမှမဟုတ် ညဉ့်နက်ပိုင်းတွေမှာပဲ ရွာကို ဝင်ရောက်ကင်းလှည့် ဒါမှမဟုတ် စီးနင်းလေ့ရှိလို့ပါ။
အဲဒီနေ့မနက်က ရွာသားတွေအတွက် ပုံမှန်စစ်ဆေးမှုတစ်ခုလိုထင်မှတ်ခဲ့ပေမယ့် နောက်
ပိုင်းမှာတော့ သူတို့ဘဝတွေ မိသားစုတွေရဲ့ ကံကြမ္မာကို ထာဝရပြောင်းလဲသွားစေမယ့် ကြောက်မက်ဖွယ် ဖြစ်ရပ်တစ်ခုရဲ့အစ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒီအဖြစ်အပျက်ကြီးက လွတ်မြောက်လာသူ အမျိုးသမီး ၃ ဦးအပါအဝင် ရွာသား ၅ ဦး ကိုယ်တိုင် ပြန်လည်ပြောပြခဲ့တဲ့ သက်သေခံချက်တွေ ဖြစ်ပါတယ်။
စစ်ကားတွေကို ရွာအလယ်မှာရပ်ထားပြီး စစ်ကောင်စီတပ်သား ၂၀၀ ခန့် က အုပ်စုခွဲပြီး ရွာအနှံ့ စတင်ဝိုင်းပတ်ပိတ်ဆို့လိုက်ကြပါတယ်။ ရည်ရွယ်ချက်က လူဦးရေ ၂,၀၀၀ ခန့်ရှိတဲ့ ဒီရွာကဘယ်သူမှထွက်မပြေးနိုင်အောင် ပိတ်ဆို့နေကြခြင်းပဲဖြစ်ပါတယ်။
အဲဒီအချိန်မှာဘဲ အရာရှိငယ်တစ်ဦး ဦးဆောင်တဲ့ စစ်သား ၁၂ ဦးခန့်ပါဝင်တဲ့ တတိယအုပ်စုက လော်စပီကာတွေနဲ့ ရွာသားအားလုံးကို ရွာအလယ်မှာ မဆိုင်းမတွ လာရောက်စုဝေးကြဘို့ အမိန့်ပေးပါတယ်။
ရွာသားတွေအတွက်တော့ ဒီအမိန့်ဟာ စစ်
တပ်က ယခင်လည်း ပြုလုပ်နေကျ စစ်ဆေးမှုတစ်ခုလို့သာ ထင်ခဲ့ကြတာပါ။ ရခိုင်ဒေသက ကျေးရွာတွေမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာ၊ ရိုက်နှက်တာ၊ တော်လှန်ရေးအဖွဲ့များနဲ့ ဆက်စပ်သည်ဟု သံသယရှိသူတွေကို ဖမ်း
ဆီးခေါ်ဆောင်သွားတာတွေဟာ အသစ်အ
ဆန်း မဟုတ်တော့ပါဘူး။
စစ်သားများဟာသက်ကြီးရွယ်အိုများ၊မသနစွမ်းများနဲ့ ဝေဒနာရှင် ၁၂ ဦးခန့်ကို သေနတ်နဲ့ ချိန်ပြီး အိမ်များထဲမှ ဆွဲထုတ်ခဲ့ကြပါတယ်။ စစ်တွေမြို့ကို သွားဘို့ ပြင်ဆင်နေသူ ဆိုင်ကယ်စီးနင်းသူများနဲ့ နေ့စားလုပ်သားအချို့ကိုလည်း တားဆီးကာ ရွာထဲပြန်ဝင်ခိုင်းခဲ့ပါတယ်။
ဒီအထဲတွင်ပန်းချီဆရာကိုကျော်ကျော်အောင်လည်းပါဝင်ပါတယ်။သူကသူရေးဆွဲထားတဲ့ ပန်းချီကားတွေကို စစ်တွေမှာသွား ရောင်းချဘို့ ပြင်ဆင်နေချိန်မှာပဲ စစ်သားတွေက တားဆီးတာခံရပြီးသူရဲ့ပန်းချီကားတွေပါတဲ့ အိတ်နဲ့ ဆိုင်ကယ်ကို သိမ်းယူသွားကြပါတယ်။
မနက် ၉ နာရီလောက်မှာတော့ ရွာသားတွေကိုစုစည်းပြီး အမျိုးသားတွေကို သီးခြားခွဲထုတ် မျက်လုံးတွေကို အဝတ်နဲ့စည်း၊ လက်တွေကိုလည်း နောက်ပြန်ကြိုးတုပ်ထားခဲ့ပါတယ်။
အသက်အရွယ်မရွေး လူငယ်များအပါအဝင် အမျိုးသားပေါင်း ၈၀၀ ခန့်ကိုရွာပြင်ကလက်ဖက်ရည်ဆိုင်အနီးသို့ မောင်းထုတ်ခဲ့ပြီး၊ ညနေ ၆ နာရီမှာတော့ ရွာရဲ့အနောက်ဘက်စွန်းက နေရာတစ်ခုကို ထပ်မံ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ပါတယ်။ အမျိုးသမီးများနဲ့ ကလေးများကိုတော့ ကျောက်ခင်းလမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ထိုင်ခိုင်းထားပါတယ်။ အဲဒီအချိန်အထိတော့ သူတို့ဟာ ဘာတွေဖြစ်လာမယ်ဆိုတာ မသိသေးကြပါဘူး။
“စစ်သားတွေက ကျွန်မတို့ရွာက လူတချို့ကို ဖမ်းဆီးစစ်ဆေးပြီးထောင်ချဖို့ပဲလုပ်နေတယ်လို့ ထင်ခဲ့တာပါ။ ဒီလိုကြောက်စရာကောင်းတဲ့အရာ ဖြစ်လာမယ်လို့ လုံးဝ မတွေးမိခဲ့ပါဘူး” လို့ သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ ရွာပြင်ကို ဖမ်းချုပ်မောင်းထုတ် ခံခဲ့ရတဲ့ လှလှခင် က ပြောပြပါတယ်။
ည ၇ နာရီလောက်မှာတော့ အခြေအနေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/08/20/166132/

ရခိုင်ပြည်၏ နာကျင် မှတ်တမ်း သို့မဟုတ် သွေးစွန်းခဲ့ရတဲ့ ဗျိုင်းဖြူရဲ့ "မေ၂၉" | LuduNwayOo
“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
👍29❤14😢5🤮2🖕2🤣1
မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ စစ်တပ်က အင်အား ၁,၀၀၀ကျော် ထပ်မံဖြည့်တင်း
ဩဂုတ်-၂၂၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်မှာ စစ်ကြောင်းထိုးဖို့ အာဏာသိမ်းစစ်တပ်က အင်အား ၁,၀၀၀ကျော် ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်က အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ-၁၂ ) ပို့ဆောင်ပြီးနောက် ဒီကနေ့(ဩဂုတ် ၂၂ ရက်)မှာ မင်းတုန်းမြို့ကို စတင်၀င်ရောက်နေပြီလို့ ဆိုပါတယ်။
"ဘာဆက်ဖြစ်နိုင်လဲဆိုရင် ရခိုင်ဘက်ကိုပဲ ဖိအားပေးဖို့ ဖြစ်တယ်။မင်းတုန်းအနောက်ခြမ်းနဲ့ ရိုးပေါ် စစ်ကြောင်း ထိုးဝာာတွေ ထပ်ဖြစ်နိုင်ပါတယ်"လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်အစီး (၁၀၀) ကျော်မှာ ခန့်မှန်းအင်အား (၂,၅၀၀) ၀န်းကျင်ခန့်ဟာ သရက်မြို့နယ် ကပစ (၁၂) ကို ၀င်ရောက်လာပြီး ခန့်မှန်းအင်အား ၁,၂၀၀ ၀န်းကျင်က မင်းတုန်းမြို့ဘက်သို့ ဦးတည်ထွက်ခွာနေတယ်လို့ သရက်ခရိုင် ပကဖ တာ၀န်ခံ ကိုဗဟိန်းက သူရဲ့လူမှုကွန်ရက်က တဆင့် အသိပေးပါတယ်။
"သရက်- မင်းတုန်း လမ်းပိုင်းမှာ စစ်အုပ်စု အင်အား ထောင်နဲ့ချီပြီး ယာဉ်တန်းများ ဖြတ်သန်းနေသည့်အတွက် ပြည်သူတွေအထူးဂရုစိုက်ကြပါ"လို့ သူက ပြောပါတယ်။
စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာပဲ ပြန်ပြီး တပ်စွဲနေခဲ့ရပါတယ်။
လက်ရှိ မင်းတုန်းအနောက်ခြမ်းက ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေးရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။ ဒါ့အပြင် အဲဒီစစ်ကြောင်းက စစ်သားတချို့ ဟာ လက်နက်တွေနဲ့အတူ တော်လှန်ရေးတပ်တွေထံ ထွက်ပြေး အလင်းဝင်လာခဲ့တာလည်း ရှိပါတယ်။
ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ရဲ့ တပ်တွေမှာ သရက်မြို့အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေ ပါ၀င်ပါတယ်။အခုတခေါက် စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာတော့ မသိရသေးပါဘူး။
မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်တောင် ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

🤬31👍6👎3❤2👏1
စစ်တပ်နဲ့ ရုရှား ဆက်ဆံရေးတည်ဆောက်ပေးသူတွေနဲ့ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ဖို့ JFM တိုက်တွန်း
ဩဂုတ်-၂၂၊၂၀၂၆။တေဇ/People's Spring
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။
"နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရားမဝင်မြန်မာစစ်အုပ်စုနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုနက်ရှိုင်းလာသော ဆက်ဆံရေးကို စိုးရိမ်ဖွယ်ရာအဖြစ် သတိပြုရမည် ဖြစ်သည်။" လို့ JFM က သတိပေးထားပါတယ်။
ရုရှားနိုင်ငံရဲ့ လက်နက်ထုတ်လုပ်ရေးကဏ္ဍက မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးရာကနေ အကျိုးအမြတ်တွေရရှိနေပြီး အဲဒီ့လက်နက်တွေနဲ့ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ JFM ကထောက်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်က ရေနံနဲ့သဘာဝဓာတ်ငွေ့ သတ္ထုတူးဖော်ရေး နဲ့ စွမ်းအင်ကဏ္ဍတွေကနေ ရေနက်ဆိပ်ကမ်းတွေအထိ စီးပွားရေးကဏ္ဍတွေမှာ ရုရှားရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့ ကြိုးစားနေပြီး ဒီရင်းနှီးမြှုပ်နှံမှုတွေကို စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုမှာလို့ JFM ကဆိုပါတယ်။
လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က သူတို့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက သူတို့ရှေ့ဆက်မယ့် လမ်းကြောင်းမှာ ဟန့်တားမှု မရှိဖို့ ကြိုးစားနေကြတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
"ယခုသီတင်းပတ်အတွင်း မော်စကိုမြို့တွင် ၎င်းတို့သည် “တစ်ဖက်သတ်အကျပ်ကိုင်ဆောင်ရွက်မှုများ” သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုများကို “တန်ပြန်ရေး၊ လျှော့ချရေးနှင့် ပြန်လည်ကုစားရေး” လုပ်ဆောင်မည်ဟူသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြသည်။" JFM ကထုတ်ပြန်ထားပါတယ်။
ဒီလိုထုတ်ပြန်တာက ယူကရိန်းကိုကျူးကျော်စစ်လုပ်ခဲ့တဲ့ ရုရှား နဲ့ တရားမဝင်အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန် နိုင်ငံတွေရဲ့ အစိုးရတွေကချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားလိုတာဖြစ်တယ်လို့ JFM က သုံးသပ်ထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီကိစ္စ အပေါ် ချက်ချင်းတုန့်ပြန်ဖို့လိုအပ်ပြီး စစ်အုပ်စုအပါအဝင် စစ်အုပ်စုနဲ့ ရုရှားအစိုးရရဲ့ ဆက်ဆံရေးတည်ဆောက်ပေးသူတွေနဲ့ ဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ JFM က တိုက်တွန်းထားပါတယ်။

👍43🖕5🤣3❤1🥰1😁1
ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ “ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ”တဲ့။ သူ့သားလေး ပျောက်ဆုံးသွားတဲ့နေရာမှာ Tiktok လာရိုက်ပြီး အကူအညီတောင်းနေရှာတာပါ။
ပျောက်ဆုံးကြောင်းကိုသာတွင်တွင်ပြောနေပြီး သားရဲ့အချက်အလက်တွေ၊ ပျောက်ဆုံးနေရာအတိအကျတွေ၊ ဘယ်လိုပျောက်ဆုံးသွားခဲ့တယ်ဆိုတာတွေကို ထည့်မပြောနိုင်လောက်အောင် မိခင်ဟာ သားဇောနဲ့ ပျာယာခပ်နေရှာပါတယ်။ သူနဲ့ နီးစပ်သူတွေက Comment ကနေ ရှင်းပြကြတယ်။
သူ့သားဟာ သြဂုတ်လ ၁၀ ရက်ဝန်းကျင်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘို-မြစ်ငယ်လမ်းက ဆောက်တောဝရွာ အောင်စီကားဂိတ်အနီးမှာ ပျောက်ဆုံးသွားတာလို့ သိရတယ်။ သားဟာ မုံရွာအလုံကနေ မန္တလေးမြို့မှာ ယာဥ်နောက်လိုက် လာလုပ်နေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။ ကားမောင်းတဲ့သူဖုန်းဆက်တော့မှ ပျောက်တဲ့အကြောင်း သိရတော့ မိခင်လည်းမန္တလေးကိုအပြေးအ
လွှား ရောက်လာခဲ့ရတယ်။ မိခင်ရောက်တော့လည်း ဘာလုပ်တတ်မှာတုန်း။ Tiktok ရိုက်ပြီး တင်ရတော့တာပေါ့။
Tiktok သုံးစွဲသူတွေကလည်း Share ပေးကြပါတယ်။ သို့ပေမဲ့ ကလေးသတင်း အစအန
မရခဲ့ဘူး။ သားကို ခုထိမတွေ့သေးဘူး။ မိခင်ရင်ကွဲရပြီ။
အဲဒါနဲ့တင်မပြီးဘဲ ကလေးကို တွေ့ထားတယ်။ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး မက်ဆေ့တွေပို့၊ ဖုန်းတွေဆက်ပြီး သားပျောက်မိခင်ကို လိမ်ကြတော့တာပါ။ “ခဏခဏ အလိမ်ခံနေရပါတယ်။ သားလေးကို ပြန်တွေ့ပြီဆိုပြီးတော့မှ ပြန်ပြီးသတင်းလွှင့်ခိုင်းပြီးတော့မှ မဟုတ်ဘဲ တွေ့လည်းမတွေ့ဘဲနဲ့ ကျမတို့ကို ခဏခဏငွေညှစ်ညှစ်နေပါတယ်။ စိတ်ညစ်လှပါပြီ ကျမလည်း။ စစ်မှုထမ်းဆွဲသွားရင်လည်း အမြန်ဆုံးအကြောင်းကြားပါ။”လို့ သားပျောက်မိခင်က Tiktok ကနေ ရင်ဖွင့်ခဲ့ပါတယ်။
တကယ်တော့ စစ်တပ်အာဏာသိမ်းပြီး စစ်မှုထမ်းပေါ်လာပြီးနောက်ပိုင်း ပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွားဖြစ်လာခဲ့တယ်။ ပေါ်တာဆွဲရောင်းစားသူတွေအပြင် ပျောက်ဆုံးသူရဲ့မိသားစုဝင်တွေဆီကိုလည်း လိမ်လည်ငွေညှစ်တာတွေ မကြာခဏ ဖြစ်ပေါ်လာခဲ့တယ်။ပျောက်ဆုံးမိခင်ရဲ့ Post မှာတစ်ယောက်ပြောပြထားတာဆိုရင် ရင်နာစရာပါ။
https://www.ludunwayoo.com/feature-mm/2026/08/19/166003/

၆၂ လမ်းက စောင့်နေတဲ့မေမေ | LuduNwayOo
ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ "ကျမသားလေး မန္တလေးမှာ…
👍39❤12🤮5😢2🤣2🔥1
“ဝ”ဒေသ ပန်ဆန်းမှာ ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ ဦး သေဆုံး
ဩဂုတ်-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဆန်းမြို့အဝင် အဝိုင်းပတ်နေရာမှာ သံထည်နဲ့ ပြင်ဆင်တည်ဆောက်နေတဲ့ အဆောက်အအုံတစ်ခု ယမန်နေ့ သြဂုတ်၂၁ရက်က ပြိုကျတာလို့ သိရပါတယ်။
"အဆောက်အအုံက မမြင့်ဘူး။ ဆိုင်ခန်းတွဲပေါ့။ ကြီးတော့ကြီးတယ်။ ပြိုကျပြီးမကြာခင်မှာပဲ ဝတပ်က ရဲတွေ ရောက်လာပြီး လမ်းပိတ်တယ်။ သုံးယောက်ကတော့ အဲဒီမှာပဲသေဆုံးသွားတယ်။ဒဏ်ရာရတွေလည်းရှိတယ်ဗျ။ အဆောက်အအုံရဲ့ဘေးနားကလူတချို့ပါထိတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပန်ဆန်းမြို့ဟာ စည်ကားတဲ့မြို့တစ်မြို့ဖြစ်ပါတဗယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အများအပြားရှိနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မြန်မာနိုင်ငံအရပ်ရပ်ကလာပြီး အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်းရှိနေပါတယ်။
မနေ့က ဖြစ်တဲ့ အဆောက်အအုံပြိုကျမှုကို သေချာစုံစမ်းစစ်ဆေးပေးဖို့နဲ့ သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို သင့်တော်တဲ့လျော်ကြေးပေးဖို့လိုအပ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA ကတော့ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။UWSA လားရှိုးမြို့ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။

👍24❤4🔥4😁4👎1😭1
ဧရာဝတီတိုင်း ရေဘေးသင့်ဒေသတွေမှာ ခိုးမှုနဲ့လုယက်မှု အဖြစ်များနေ
▪️အငြိမ်းစားကျောင်းဆရာမတစ်ဦး လုယက်သတ်ဖြတ်ခံရ
ဩဂုတ်-၂၂၊၂၀၂၆။မိထက်/People's Spring
ဧရာဝတီတိုင်းအတွင်း ရေဘေးကြုံနေတဲ့ဒေသတွေမှာ ခိုးမှုနဲ့လုယက်မှုတွေအဖြစ်များနေပြီး အသက်(၇၀) ကျော်အရွယ် ကျောင်းဆရာမအငြိမ်းစားတစ်ဦး လုယက်သတ်ဖြတ်ခံလိုက်ရပါတယ်။
လက်ရှိ ရေဘေးကြုံတွေ့နေတဲ့ လေးမျက်နှာမြို့နယ်၊ အိုင်သည့်ကျေးရွာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူထားတဲ့ ဆရာမဒေါ်လှလှဝင်းဟာ သြဂုတ် ၂၀ရက်က နေအိမ်မှာလုယက်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
"ရွှေနဲ့ ပိုက်ဆံတွေပါသွားတယ်။ မသတ်ခင်မှာ ထိုးကြိတ်ထားလို့ ဒဏ်ရာအပြင်းအထန်ရတယ်။ မသတ်ဘဲယူသွားလည်းရနေတာကို အခုတော့ ဆရာမကြီးကို သတ်ဖြတ်သွားကြတယ်"လို့ ဆရာမဒေါ်လှလှဝင်းရဲ့ တပည့်တစ်ဦးက ပြောပါတယ်။
ဒေါ်လှလှဝင်းဟာ အိုင်သပြုကျေးရွာအနီးက ရှားခဲကျေးရွာနေအိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယမန်နေ့က ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်ပြီးပြန်လာချိန် နေအိမ်မှာ ဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်သွားတာလို့ ၎င်းရဲ့တပည့်တစ်ဦးက ပြောပါတယ်။
သေဆုံးချိန်မှာ အသက် ၇၂နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
ဒေသခံတွေဟာ ရေဘေးကြုံနေပြီး စားဝတ်နေရေးအခက်အခဲကြုံတွေ့နေကြစဉ်မှာ နေအိမ်ဖောက်ထွင်းခိုးယူခံရတာတွေနဲ့ အခုလို လုယက်သတ်ဖြတ်မှုဖြစ်ခဲ့တဲ့အတွက် ဒေသတွင်းတရားဥပဒေစိုးမိုးရေးဟာ စိုးရိမ်စရာကောင်းနေပြီလို့ လေးမျက်နှာမြို့ခံတစ်ဦးက ပြောပါတယ်။
" လူမနေနိုင်တဲ့ အိမ်တွေဆို စက်လှေတွေနဲ့လိုက်ပြီး ဖောက်တာ။ ဖောက်ထွင်းခံရမှာစိုးလို့အိမ်မှာစောင့်နေတဲ့သူတွေလည်း ကြောက်နေရတယ်။ ကျေးရွာအလိုက် ကိုယ်အချင်းချင်းပဲလုံခြုံရေးယူပြီးတော့ နေရတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာ ဘာမှမရှိတော့ဘူး"လို့ အိုင်သပြုကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးနေပါတယ်။
ဒေသတွင်းမှာ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ မိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရပါတယ်။တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ် ၈ရက်နဲ့ ၉ရက်မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။
ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာသလို သေဆုံးသူဦးရေလည်းများပြားလာပါတယ်။
လယ်ဧက သိန်းချီရေနစ်မြုပ်နေပြီး ဒေသခံတွေဟာ သွားရေးလာရင်းနဲ့ စားနပ်ရိက္ခာအတွက် အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အိမ်တွေကိုစွန့်ခွာပြီး ရေမမြုပ်သေးတဲ့လမ်းမတွေပေါ်မှာ တဲထိုးနေရပါတယ်။ အိမ်တွေလည်းဖောက်ထွင်းခံရပြီး ရေဘေးနဲ့ဆက်စပ်ပြီး ထိခိုက်ပျက်စီးမှုမှုအလွန်များပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

🤬30❤10😢5👎2🤮1🙏1😡1
ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၁ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
သြဂုတ် ၂၂၊ ၂၀၂၆။ ထားမြတ်/People's Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။
KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ သထုံခရိုင် (ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်၊ ပလိုခီး (ဇီးပြောင်း) ကျေးရွာအုပ်စု၊ ဇီးပြောင်းကျေးရွာကို စစ်တပ်က ဩဂုတ် ၁၉ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။
စစ်တပ်ရဲ့ အမှတ် (၃၁၀) အမြောက်တပ်က အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီး ၁၂၂ မမ လက်နက်ကြီးကျည် (၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာ ဇီးပြောင်းရွာ ဘောလုံးကွင်းအနီးနဲ့ ကျေးရွာတောင်ဘက်တိုမှာ ကျရောက်ပေါက်ကွဲခဲ့ တာလို့ ထုတ်ပြန်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဘောလုံးကစားနေသူများနဲ့ လာရောက်ကြည့်ရှုနေသူများအနက် ၅နှစ် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး အခြား (၁၁)ဦးမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ဟု အသိပေးပါတယ်။
ဒဏ်ရာရရှိသူ (၁၁)ဦးအနက် (၆)ဦးမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ပါတယ်။

🤬26❤5😢4👎1🔥1👏1🖕1
ရွှေဈေး ထပ်တက်၊ ကျပ် ၁၀၃သိန်းကျော်လာ
ဩဂုတ်-၂၂၊၂၀၂၆။ဖိုးသား/People's Spring
ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။
ဒီကနေ့(ဩဂုတ် ၂၂ ရက်) မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၄,၆၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့တစ်ပတ်ကထက် တစ်အောင်စကို ဒေါ်လာ ၂၀၀ ၀န်းကျင်မြင့်တက်ခဲ့ပါတယ်။
အလားတူ ပြည်တွင်း ရွှေဈေးကလည်း အရင်တစ်ပတ်ကထက် တစ်ကျပ်သား ကျပ်သုံးသိန်းနီးပါး ဈေးတက်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ပြည်တွင်းပြင်ပရွှေပေါက်ဈေးအရ ၁၆ ပဲရည်ရောင်းဈေး တစ်ကျပ်သားကို ကျပ် သိန်း ၁၀၀နဲ့ ၃သိန်း
ကျော်ရှိပြီး ပြန်၀ယ်မယ့်ဈေးနဲ့ ကျပ် ၇ သောင်း ကွာဟထားပါတယ်။ ၁၅ ပဲရည်တစ်ကျပ်သားက ၉၇ သိန်း၀န်းကျင်ရှိတယ်လို့ သိရပါတယ်။
"ကမ္ဘာ့ရွှေ ကတော့ မနေ့ကထက် ဒေါ်လာ ၂၀ လောက် တက်တယ်။ပြည်တွင်းဈေးလည်း ထပ်တက်နိုင်ပါတယ်ဈေးတန်းတွေ မငြိမ်နိုင်တဲ့အတွက် အရောင်းတွေက သတိထားရပါဦးမယ်"လို့ ပြည်တွင်းရွှေဈေး အရောင်းအ၀ယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
ရွှေဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဖြစ်တာကြောင့် ကမ္ဘာ့ဈေးနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လေ့ရှိပြီး အထူးသဖြင့် နိုင်ငံရဲ့ငွေ ကြေးစနစ်ပေါ်မှာ များစွာမူတည်ပြီး ဈေးအတက်အကျ များတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှု နဲ့ ကမ္ဘာ့အခြေအနေ တွေကလည်း ရွှေဈေးကို သိသိသာသာသက်ရောက်နိုင်ပြီး ငွေလဲနှုန်းအဆမတန်ကွာဟမှုများတဲ့ ကျပ်ငွေ တန်ဖိုးကြောင့် ရွှေဈေး အဆမတန်တက်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲ ပါ၀င်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆ မတန်ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာ ၅နှစ်ကျော် အတွင်း ပြည်တွင်းရွှေစျေးက စံချိန်တင်ခဲ့ပြီး အခြေခံလူထု ဟာ ရွှေဆိုင်တွေနဲ့ ပိုပြီး ဝေးကွာလာနေပါတယ်။
ဒါ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောက်ပံ့မှုတွေရှားလာတာ အပါအ၀င် စစ်တပ်က ပုဂ္ဂလိက ကုန် သွယ်ရေးစနစ်တွေကို ထိန်းချုပ်နေတာက လူထုကို ပိုကြပ်တည်းလာစေတယ်လို့ စီးပွားရေးအကြံပေးတချို့က ထောက်ပြထားပါတယ်။

❤20🔥5🌚4👎3👍2