မမေ့နဲ့ရန်ကုန်ကမ်ပိန်း အဖြစ် Milk Tea Yangon က ပံသကူပစ်ပြီး ပြည်သူတွေကို သတင်းစကားပါး
သြဂုတ် ၂၁၊၂၀၂၆။သုည/People's Spring
ရန်ကုန်မြို့မှာ Milk Tea Yangon က ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားတွေကို ကျပ် ၁ ထောင်တန် ၊ ၅ ထောင်တန်တွေနဲ့အတူ စာအိတ်ငယ်တွေနဲ့ ထည့်ကာ "မမေ့နဲ့ရန်ကုန်" ကမ်ပိန်း အဖြစ် လူထုကို တော်လှန်သတင်း စကားပါးတဲ့လှုပ်ရှားမှုကို ဒီကနေ့ (သြဂုတ် ၂၁) ပြုလုပ်ခဲ့ပါတယ်။
အဲဒီစာအိတ်ငယ်တွေမှာ "CCTV နဲ့ မြို့ပြကိုမသတ်နဲ့"၊ "အာဏာသိမ်းထားတုန်း ၊ ဖြစ်ရပ်တွေကို မမေ့နဲ့" ၊ "ငါတို့နိုင်ရန် ဒီထပ်ပိုပျော်ရမှာ" ၊ "လူထုဘဝ မပျောက်ကွယ်စေနဲ့"၊ "ဒေါက်ဖိနပ်ကြောက်တဲ့ စစ်တပ်" ၊ "ဝါဒဖြန့် စကားတွေကို မယုံနဲ့" ၊ "စစ်ယူနီဖောင်းကနေ တိုက်ပုံချိန်းလဲ ခွေးကခွေးပဲ" နဲ့ "အရေးတော်ပုံ အောင်ရမည်" စတဲ့ တော်လှန်စာသားတွေ ရေးသားထားပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို မမေ့ကြဖို့ ရည်ရွယ်ပြီး "မမေ့နဲ့ရန်ကုန်" ကမ်ပိန်းကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Milk Tea Yangon အဖွဲ့က ဆိုပါတယ်။

👍32❤14🤮2🥰1🤣1
အာဏာသိမ်းစစ်တပ်ရဲ့ မူးယစ်ဆေးစွပ်စွဲ
ချက်AA တုံ့ပြန်
"အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာစစ်ရေး၊နိုင်ငံရေး ကျရှုံးမှုတွေများလာတဲ့ အခါ
တိုင်း တဖက်အဖွဲ့အစည်းကို သိက္ခာချဖို့အ
တွက် သူ့မှာရှိတဲ့မူးယစ်ဆေးဝါးတွေကို ထုတ်
ပြပြီးတော့ ဒီလိုမျိုးလုပ်ကြံစွပ်စွဲချက်တွေနဲ့ ယုတ်ညံ့အောက်တန်းကျစွာတိုက်ခိုက်လေ့ရှိပါတယ်” -AAပြောရေးဆိုခွင့်ရှိသူခိုင်သုခ
ဩဂုတ်-၂၁၊၂၀၂၆။ခိုင်မြတ်/People's Spring
ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်သို့သယ်ဆောင်ရောင်းဝယ်မယ့်ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိမရှိတဲ့ စွပ်စွဲချက်သာဖြစ်ပြီးAAနဲ့ဆက်စပ်မှုမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့မူးယစ်ဆေးဝါးတား
ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ်
လ ၁၂၊ ၁၃၊ ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ ငွေကျပ် ၃၆ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ
ဆေးပြား ၂၄ ဒသမ ၁၅ သန်းကို မကွေးတိုင်း မင်းလှမြို့နယ်နဲ့ မန္တလေးတိုင်း ပြည်ကြီးတံ
ခွန်မြို့နယ်တို့မှာ ဖမ်းဆီးရတယ်ဆိုပြီး AAကို စွပ်စွဲဝါဒဖြန့်ချီထားတာဖြစ်ပါတယ်။
“ဒါကတော့ ယုတ္တိမရှိတဲ့စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ဘာမှဆက်စပ်ပတ်သက်မှုမရှိပါဘူး။အကြမ်းဖက် ဖက်ဆစ်စစ်ကောင်
စီဟာ စစ်ရေး၊ နိုင်ငံရေး ကျရှုံးမှုတွေများလာတဲ့ အခါတိုင်း တဖက်အဖွဲ့အစည်းကို သိက္ခာ
ချဖို့အတွက် သူ့မှာရှိတဲ့မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီးတော့ ဒီလိုမျိုးလုပ်ကြံစွပ်စွဲချက်တွေနဲ့ ယုတ်ညံ့အောက်တန်းကျစွာတိုက်ခိုက်လေ့ရှိပါတယ်”လို့ ဦးခိုင်သုခကပြောပါတယ်။
အဲဒီလို စွပ်စွဲတာဟာ စစ်အုပ်စုအဆက်ဆက်ကျင့်သုံးလာတဲ့မရိုးနိုင်တဲ့ လုပ်ကြံဝါဒဖြန့်ဗျူဟာတခုဖြစ်ပြီး မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ ကျားဖြန့်အပါအဝင် မကောင်းမှု ဒုစရိုက်လုပ်ငန်းအားလုံးရဲ့ ဂိုဏ်းချုပ်ဟာ အကြမ်းဖက် မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ်တွေပဲဖြစ်တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
အခု AA အပေါ် စွပ်စွဲထားတဲ့မူးယစ်ဆေးဝါးတွေဟာလည်း စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြကာ လိမ်လည် ထားတာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ “အခုလည်း ဖော်ပြထားတဲ့ မူးယစ်ဆေးဝါးတွေကို ကြည့်လိုက်ပါ၊အရင်တုန်းကသူတို့အကြိမ်
ကြိမ်ပြခဲ့တဲ့ အထုတ်တွေပဲ ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာ မကွေးတိုင်း မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်းမှာ ဇေယျာမိုး မောင်းနှင်တဲ့ DONGFENG ယာဉ်နဲ့ အောင်မင်းသန့် မောင်းနှင်တဲ့ FORLAND
ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဲဒီ ယာဉ်နှစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းကို ကနဦးဖမ်းဆီးရမိခဲ့တာလို့ အာဏာ
သိမ်းစစ်တပ်လက်အောက်ခံမူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။အဲဒီမူးယစ်ဆေးတွေကို သယ်ယူရာမှာ ပူးပေါင်းပါဝင်ခဲ့သူတွေဖြစ်တဲ့ ရဲရင့်လှိုင်(ခ)ရဲရင့်၊ သက်ဝေအောင်(ခ) စိုင်း လေး၊ သူရဇော်(ခ)ကိုဟိန်းနဲ့ နေဇာအောင်တို့ကို နောက်တရက်အကြာ ဩဂုတ်လ ၁၃ ရက်မှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်းစစ်အုပ်စုကဆိုပါတယ်။
ဒါ့အပြင်ဩဂုတ်လ ၁၃ ရက်နေ့မှာပဲ မန္တလေး
တိုင်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိယာဉ် ၄ စီးပေါ်မှ စိတ်ကြွ ဆေးပြား ၁၄၄ သိန်းကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ မကွေးတိုင်း မင်းတုန်းကို သယ်ယူလာတဲ့ နွေးရှိုင်းမင်း(ခ) ကိုရှိုင်း၊ အောင်စိုးဦးနဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ စိန်ဝင်းမောင်တို့ကို ထပ်မံဖမ်းဆီးရမိကာ စုစုပေါင်းငွေကျပ် ၃၆ဘီလီယံကျော်တန်ဖိုးရှိ ဆေးပြား ၂၄ ဒသ
မ ၁၅ သန်းကိုထပ်တွေ့ခဲ့ကြောင်းစစ်တပ်က
ဝါဒဖြန့်ထားပါတယ်။
အဲဒီစိတ်ကြွဆေးပြားတွေ ရောင်းချပေးခဲ့သူဟာ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ စိုင်းဆမ် (ခ)လောပန်းဖြစ်ပြီး မင်းတုန်းမြို့သို့ အဓိကရောင်းဝယ်သူတွေဟာ စိန်ဝင်းမောင်နဲ့ နွေးရှိုင်းမင်း(ခ)ကိုရှိုင်းတို့ဖြစ် ကာ ရခိုင်သို့ ဆက်လက်သယ်ယူသူတွေကတော့ AA စီးပွားရေးတာဝန်ခံတွေဖြစ်တဲ့ ထွန်းကျော်နဲ့ ဘညွန့်ဆိုသူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါး စတင်ရောင်းချသူဆိုတဲ့ ဝမ်ဟိုင်းနေ စိုင်းဆမ် (ခ)လောပန်းနဲ့ AA စီးပွားရေးတာဝန်ခံတွေ ဆိုတဲ့ ထွန်းကျော်နဲ့ ဘညွန့်တို့ကို ဖမ်းဆီးမရသေးဘဲ ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မယ်ဆိုတဲ့ ဘီလီယံရှိတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတိုင်း မူးယစ်ဆေးဝါးတွေရဲ့နောက်ကွယ်မှာ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အရာရှိတွေ ပါဝင်ပက်သက်နေကြောင်းဝါဒဖြန့်ထုတ်ပြန်လေ့ရှိပါတယ်။
ဒီအပေါ် အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်က စစ်အုပ်စုဟာ စစ်တပ်ကိုတော်လှန်နေတဲ့တော်လှန်ရေးအဖွဲ့တွေကို အမျိုးမျိုးအမည်ဖျက်လေ့ရှိပြီး ၊AAကိုလည်းမူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး နိုင်ငံတကာ သို့ လျှောက်ပြောကာ အပုပ်ချလေ့ရှိကြောင်း ၊ထိုကြောင့် AA က နိုင်ငံတ

👍41❤11🤣3🖕2😁1
ကာနဲ့ထိတွေ့ဆက်ဆံရာမှာစစ်တပ်ကသတင်းအမှားတွေဖြန့်ချီတာဖြစ်ကြောင်းရှင်းပြရလေ့ရှိကြောင်း ဧရာဝတီသတင်းဌာနနဲ့ အင်တာ
ဗျူးမှာ ပြောကြားခဲ့ပါတယ် ။
ဗျူးမှာ ပြောကြားခဲ့ပါတယ် ။
👍46😁4🖕2❤1👏1🤣1
“စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်” ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။
ယခုရက်ပိုင်းအတွင်းမော်စကိုသို့ သွားရောက်ခဲ့တဲ့ အဆိုပါခရီးဟာ အတုအယောင် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ်မိမိ သမ္မတအဖြစ် ကြေညာပြီးနောက် ပြည်ပသို့ သွားရောက်ခဲ့တဲ့ ပဉ္စမမြောက် ခရီးစဉ် ဖြစ်ပါတယ်။ ယင်းမတိုင်မီ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။
တစ်ဖက်မှာ ရုရှားက အာဆီယံထဲမှာ ကိုယ့်အသံကို ကြားစေမယ့် မိတ်ဖက်တစ်ဦး လိုအပ်နေပြီး အခြားတစ်ဖက်မှာ မြန်မာစစ်အစိုးရကလည်း နိုင်ငံတကာဇာတ်ခုံမှာ “ကျွန်တော်တို့ကို မမြင်ချင်ယောင်ဆောင်လို့ မရဘူး” ဒီမှာကြည့်ဆိုတဲ့ ပူတင်က လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်တစ်ခု လိုအပ်နေပါတယ်။ဒါကြောင့်ဒီခရီးစဉ်ဟာစီးပွားရေးထက်၊ နိုင်ငံရေးအရ တစ်ယောက်ကိုတစ်ယောက် “မင်းမှာ ငါရှိတယ်၊ ငါမှာ မင်းရှိတယ်” လို့ ပြသတဲ့ ဓာတ်ပုံရိုက်ပွဲတစ်ခုနဲ့ ပိုတူနေပါတယ်။
ဒီလို သုံးသပ်ချက်တွေထဲက ထင်ရှားတဲ့တစ်ခုကတော့ ရုရှားနဲ့ အရှေ့/အလယ်ပိုင်း ဥရောပရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးတွေကို အဓိကဖော်ပြတဲ့ BNE IntelliNews က ဘာလင်အခြေစိုက် သတင်းထောက် Ben Aris ရဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။
Ben Aris ရဲ့ အဓိကသုံးသပ်ချက်က စာချုပ်တွေအများကြီးလက်မှတ်ထိုးခဲ့ပေမယ့် လက်တွေ့အကောင်အထည်ပေါ်နေတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုက အလွန်နည်းပါးနေဆဲဖြစ်တယ်။ ရုရှားအတွက် အဓိကအကျိုးကျေးဇူးက အာဆီယံ (ASEAN) ထဲမှာ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ရရှိထားခြင်းဖြစ်ပြီး၊ မြန်မာစစ်အစိုးရအတွက်တော့ နိုင်ငံတကာမှာ သမ္မတအဖြစ် လက်ခံတဲ့ ပူတင်နဲ့ အတူရိုက်တဲ့ဓာတ်ပုံနဲ့ သူ့ရဲ့နိုင်ငံရေးအသိအမှတ်ပြုမှု ရယူဖို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ဆောင်းပါးအစမှာပဲ ရုရှားနဲ့ မြန်မာတို့ဟာ ကရင်မလင်မှာ စာချုပ်နဲ့ နားလည်မှုစာချွန်လွှာ စုစုပေါင်း ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ နျူကလီးယားစွမ်းအင် (Nuclear Energy)၊ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနက်ဆိပ်ကမ်း၊ ဂြိုဟ်တုနဲ့ ရှာဖွေရေးကယ်ဆယ်ရေးစနစ်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် အဲဒီစာချုပ်တွေဟာ “အနာဂတ်မှာ လုပ်မယ့် အစီအစဉ်တွေသာ” လို့ပဲ သတ်မှတ် ထားပါတယ်။ အကြောင်းကတော့ စာချုပ်တွေမှာ အကြီးစားစီမံကိန်းတွေကို ပြောထားပေမယ့် လက်တွေ့ စီးပွားရေးအခြေအနေကို ကြည့်လိုက်ရင်တော့ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅ သန်းတောင် မပြည့်သေးဘဲ အဲဒီပမာဏဟာ ရုရှားရဲ့ ရေနံစိမ်းတင်ပို့မှု ၃နာရီစာသာ ရှိတယ်လို့နှိုင်းယှဉ်ဖော်ပြထားပါတယ်။စာချုပ်တွေက ကြီးမားပေမယ့် အခြေခံစီးပွားရေး ဆက်ဆံရေးကတော့ အလွန်သေးငယ်ပါတယ်လို့ ဆိုလိုတာပါ။
ဒီလက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေထဲမှာ အရေးကြီးဆုံးအဖြစ် ဖော်ပြထားတာကတော့ “မတရားသော တစ်ဖက်သတ် အကျပ်ကိုင် အရေးယူဆောင်ရွက်မှုများ၏ ဆိုးကျိုးများကို တုံ့ပြန်ရန်၊ လျှော့ချရန်နှင့် ကုစားရန် နည်းလမ်းများဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပူးတွဲကြေညာချက်” ဖြစ်ပါတယ်။ Ben Aris ကဒီစာချုပ်က နှစ်ဖက်စလုံး ဘာလိုချင်လဲဆိုတာကို အထင်အရှား ဖော်ပြနေတယ်လို့ သုံးသပ်ပါတယ်။
တကယ်တော့ နှစ်နိုင်ငံစလုံးဟာအနောက်
နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြင်းထန်စွာ ရင်ဆိုင်နေရပြီး နှစ်ဦးစလုံး ယခုကဲ့သို့ အတူတကွ ပူးတွဲထုတ်ပြန်ခြင်းမှအပ အခြားဘာမျှ မတတ်နိုင် ကြကြောင်း ၎င်းကဆိုပါတယ်။
https://www.ludunwayoo.com/feature-mm/2026/08/22/166274/

LuduNwayOo
နိုင်ငံတကာမီဒီယာတွေက မင်းအောင်လှိုင်ရဲ့ မော်စကိုခရီးစဉ်ကို ဘာကြောင့် အထင်မကြီးခဲ့ကြသလဲ | LuduNwayOo
"စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။
🤮29👍9❤7💩5🤣4👎1🖕1
လက်ပံတန်းမှာ စစ်တပ်သတင်းပေး စစ်မှုထမ်း ၁ဦးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး
ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။
ခေါင်းလောင်းတိုင်ကျေးရွာက အငယ်လေးဆိုသူဟာ စစ်တပ်ကပေါ်တာဆွဲခံရပြီး ၃လကျော်အကြာမှာ ကျေးရွာပြန်ရောက်နေတဲ့ သတင်းအရ အခုဩဂုတ် ၁၈ ရက်မှာ ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
"တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုကိုစုံစမ်းဖို့ ခိုင်းစေထားတယ်။သတင်းရလို့သွားရောက် ဖမ်းဆီးခဲ့ပါတယ်။သူရဲ့နေအိမ်မှာတင် တွေ့ရှိလို့ ဖမ်းဆီးခဲ့ပါတယ်" လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် သတင်းပေးအဖြစ် အာဏာသိမ်းစစ်တပ်အရာရှိနဲ့ မြိုနယ်အုပ်ချုပ်ရေးမှူးတွေက ၁လကို ကျပ်၁သိန်းစီပေးပြီး ခိုင်းစေထားတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။
"PDF တပ်တွေရဲ့ သွားသွားလာလာတွေ ၊မသင်္ကာသူတွေရှိရင် သူတို့ကို ပြောဖို့ သားကို ပြန်လွှတ်လိုက်တယ်။ဗိုလ်မျိုးကြွယ်က။ရာထူးကတော့ မသိဘူး။သုံးပွင့်လား၊နှစ်ပွင့်လားတော့ မသိဘူး"လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စစ်ဆေးမှုကို အငယ်လေးက ထွက်ဆိုပါတယ်။
PDF တပ်တွေရဲ့ ဖမ်းဆီးခံရပါက ဆေးကျတာ၊ဆေးမအောင်တာကြောင့် ပြန်လွှတ်ခံရတာလို့ ထွက်ဆိုဖို့ လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူးက သင်ကြားပေးထားကြောင်းလည်း အသိပေးပါတယ်။
လက်ရှိမှာ ဖမ်းမိထားတဲ့စစ်တပ်သတင်းပေးဆိုတဲ့ စစ်မှုထမ်းတပ်သားကို စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

👏28👍7❤2🖕2👎1🤣1