People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-supplied
🤬38😢5👏4👍2👎1🔥1
စစ်ကောင်စီရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း KNUနဲ့ တိုက်ပွဲ ၅၀၀ ကျော်ဖြစ်

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

ဩဂုတ် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်လာတဲ့ ဟန်ပြအစိုးရဟာ ရက် ၁၀၀ စီမံကိန်းအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကတိဝတ်တွေ ပါဝင်ခဲ့ပေမဲ့ လက်တွေ့မြေပြင်မှာ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးချဲ့လုပ်ဆောင်လာခဲ့လို့ ပဋိပက္ခတွေ ပြင်းထန်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

အဲဒီ ကာလမှာ KNU နယ်မြေ ကော်သူးလေဒေသမှာ တိုက်ပွဲပေါင်း ၅၃၆ ကြိမ်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ပြည်သူအပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်း အမည်ရှိ အစီရင်ခံစာကို KNU လူ့အခွင့်အရေးကော်မတီနဲ့ သုတေသန လုပ်ငန်း ကော်မတီတို့ ပူးပေါင်းပြုစုထားတာဖြစ်ပြီး စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံကိန်းကာလဖြစ်တဲ့ ဧပြီ ၂၀ရက်ကနေ ဇူလိုင်လကုန်ပိုင်းအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ စစ်ရေး အခြေအနေတွေကို ဖော်ပြထားတာဖြစ်ပါတယ်။

စစ်တပ်ဟာ အဲဒီကာလမှာ ကော်သူးလေ ဒေသတဝန်းလုံးမှာ ထိုးစစ်ဆင်မှုတွေနဲ့ တိုက်ခိုက်မှုတွေ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ရှေ့တန်းစစ်မျက်နှာတွေ တိုးချဲ့တာ၊ လေောကာင်း တိုက်ခိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာ၊ အရပ်သား နေအိမ်တွေ ဖျက်ဆီးတာ၊ အပါအဝင် အကြမ်းဖက်မှုများစွာ လုပ်ဆောင်ခဲ့ဟု အသိပေးပါတယ်။

ဒါကြောင့် ရက် ၁၀၀ ကာလအတွင်း KNU နယ်မြေမှာ တိုက်ပွဲ ၅၃၆ ကြိမ်ဖြစ်ခဲ့ပြီး တရက်လျင် ပဋိပက္ခဖြစ်ပွားမှု နှုန်း ၅ကြိမ် ကျော် ရှိခဲ့တယ်လို့ဆိုပါတယ်။

မှတ်တမ်းတွေအရ ဧပြီ ၂၀ ရက်ကနေ ၂၈ရက် အတွင်း တိုက်ပွဲ ၁၀၁ကြိမ်၊ မေလမှာ ၂၄၃ ကြိမ်၊ ဇွန်လမှာ ၁၁၁ ကြိမ်၊ ဇူလိုင် ၁ရက်ကနေ ၂၀ ရက်အတွင်း ၈၁ကြိမ် စုစုပေါင်း တိုက်ပွဲ ၅၀၀ ကျော်ဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားများ ရှိရာနေရာတွေကို ထပ်ခါတလဲလဲ ရွေးချယ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားပြီး တိုက်လေယာဉ်တွေ Y12နဲ့ Y8 လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာ တွေအပါအဝင် လေကြောင်းသုံးယာဉ်အမျိုးမျိုး အသုံးပြု တိုက်ခိုက်ခဲ့ပြီး ၁၂၀ မမ ကျည်တွေ၊ ရော့ကတ်တွေ ကလပ်စတာဗုံးတွေနဲ့ ပေါင်ချိန် များစွာ လေးလံတဲ့ ဖျက်အားပြင်းဗုံးတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အစီရင်ခံစာ ကာလအတွင်း အရပ်သား ၄၄ဦး သေဆုံးပြီး ဖမ်းဆီးခံရတာ၊ ဒဏ်ရာရတာတွေရှိခဲ့သလို နေအိမ် ၃၆၀ ကျော်၊ ဘုန်းကြီးကျောင်း ၁၄ကျောင်း၊ စာသင်ကျောင်း ၈ကျောင်း၊ ကျန်းမာရေးအဆောက်အအုံ ၆ခု၊ ခရစ်ယာန်ဘုရားကျောင်း ၂ကျောင်း ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။
တိုက်ပွဲ ပြင်းထန်တဲ့နေရာတွေ ရှေ့တန်း စစ်မျက်နှာတွေဟာ များသောအားဖြင့် အရပ်သားများနေထိုင်ရာ ရဲ့ ပြင်ပမှာ တည်ရှိပေမယ့် စစ်တပ်ဟာ ကျေးရွာတွေကို မကြာခဏ ဝင်ရောက်ပြီး တပ်စွဲတာ၊ ပြည်သူတွေကို သူတို့ တပ်စွဲရာနေရာအနီးနေထိုင်စေတာ၊ အတင်းအဓမ္မ ခိုင်းစေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ခြင်းမရှိ၊ ခိုင်လုံတဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များ ပေါ်လွင်ထင်ရှားခြင်းမရှိတဲ့ အရပ်သားနေထိုင်ရာတွေကို လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်တာတွေ စနစ်တကျ ကျူးလွန်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အရပ်သားနေထိုင်ရာတွေကို စနစ်တကျ တိုက်ခိုက်တဲ့ အလေ့အထဟာ အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာ၊ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်လို့ ယူဆရတဲ့ လူထု အသိုက်အဝန်းတွေကို ဖျက်ဆီးခြင်းဖြင့် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ရည်ရွယ်လုပ်ဆောင်တာလို့လည်း သုံးသပ်ထားပါတယ်။

ဒီလိုကျူးလွန်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရက် ၁၀၀ စီမံကိန်းဟာ အဓိပ္ပါယ်ရှိတဲ့ အကောင်အထည်ဖော်မှု အလွန်နည်းပါးတာကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ စစ်တပ်အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကို တရားဝင်မှု ဖြစ်စေနိုင်တဲ့ ပံ့ပိုးကူညီရာရောက်စေနိုင်တဲ့ နိုင်ငံရေး သို့မဟုတ် ရုပ်၀တ္ထုပစ္စည်းဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့လည်း လက်နက်များ၊ စစ်ဘက်ဆိုင်ရာ လေယာဉ်များနဲ့ လေယာဉ်လောင်စာဆီ ကန့်သတ်ချက်များ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လက်နက်နဲ့ လေကြောင်း ကုန်သွယ်ခြင်းဆိုင်ရာပိတ်ပင် ကန့်သတ်မှုများကို ထောက်ခံပြီး ကျောင်း၊ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ နဲ့ စစ်ဘေးရှောင်စခန်းများ အပါအဝင် အရပ်သားများနဲ့ အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုရမည်ဖြစ်ကြောင်း အကြံပြုထားပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ဖို့၊ ငြိမ်းချမ်းပြီးရေရှည်တည်တံ့တဲ့ နိုင်ငံရေးဖြေရျင်းချက် တရပ်ရရှိရေး မြှင့်တင်ဖို့လည်း တိုက်တွန်းထားပါတယ်။
👍266🤬2🖕2🔥1🤣1
(ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဒေသခံတွေရဲ့ ကားကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကို ဇူလိုင် ပထမအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
15🤬12👏5👍3🔥1🤣1
ဦးမင်းဇင်ကို တရုတ်ဖမ်းဆီးမှုဟာ မတရား ထိန်းသိမ်းမှုလို့ အမေရိကန် ကြေညာ

သြဂုတ်-၂၁၊၂၀၂၆။People's Spring

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-
မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်း
ဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။

ဩဂုတ်၂၀ မှာ အ​မေရီကန် ၊နိုင်ငံခြားရေး ဝန်
ကြီးဌာနကဦးမင်းဇင်ဟာမတရားဖမ်းဆီးထိန်းသိမ်းခံရသူလို့ တရားဝင် သတ်မှတ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီကြေညာချက်ကိုမြန်မာနိုင်ငံဆိုင်ရာအမေ
ရိကန် သံရုံးရဲ့ Facebookစာမျက်နှာကဩ
ဂုတ်၂၁ရက်မနက်ပိုင်းမှာမျှဝေထားခဲ့ပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အမေရိကန်နိုင်ငံသား မင်းဇင်အား မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူအဖြစ် တရား
ဝင် သတ်မှတ်လိုက်ပြီဖြစ်ပါသည်။ ဘေဂျင်းအစိုးရအနေဖြင့် တရုတ်နိုင်ငံတွင် မတရားဖမ်းဆီးထိန်းသိမ်း ခံထားရသော သို့မဟုတ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရသော အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တိုက်တွန်းအပ်ပါသည်”လို့ သံရုံး ထုတ်ပြန်ချက်မှာ မြန်မာဘာသာနဲ့ ဖော်ပြထားပါတယ်။ ပြီးတော့ အမေရိကန် နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ နိုင်ငံခြားရေး ဝန်
ကြီးဌာနရဲ့ အဓိကဦးစားပေးကိစ္စရပ် ဖြစ်
ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူပညာရှင် တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့တုန်းက တရုတ်ပညာရေး အဖွဲ့အစည်း တစ်ခုရဲ့ ဖိတ်ကြားမှုအရ ယူနန်ပြည်နယ်၊ကူမင်းမြို့လေဆိပ်ကို သွားရောက်ချိန်မှာ အာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်း
မှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်တယ်လို့ သံသယရှိတဲ့အတွက် ဦးမင်းဇင်ကိုထိန်းသိမ်းထားကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာ
ခဲ့ပါတယ်။

အခုတော့ အဲဒီဖမ်းဆီးမှုကိုမတရားထိန်းသိမ်း
မှုလို့ အမေရိကန်ဖက်က တုံ့ပြန် ကြေညာ
လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာတရုတ်သမ္မတရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဧည့်
ခံကြိုဆိုမယ့် အစီအစဉ် မတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဆီကအခုထုတ်
ပြန်ချက် ထွက်ပေါ်လာတာပါ။ ဒါကြောင့်စက်
တင်ဘာ ၂၄ ရက်နေ့မှာ နှစ်နိုင်ငံ သမ္မတနှစ်ဦး တွေ့ဆုံကြတဲ့အခါ ဦးမင်းဇင် လွတ်မြောက်
ရေးကိုလည်း အမေရိကန်ဖက်က ထည့်သွင်း အဆိုပြုလာနိုင်ခြေ ရှိနေပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ဦးမင်းဇင် လွတ်မြောက်ရေးအတွက် တရုတ်အပေါ် ပိုမိုဖိအားပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုထားကြပါတယ်။

ဦးမင်းဇင်ဟာ မြန်မာ့အရေးကို အထူးအာရုံ
စိုက် လေ့လာတဲ့ သုတေသန အဖွဲ့အစည်း ISP-Myanmarကို ထူထောင်ပြီး အမှုဆောင် ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ တရုတ်ရဲ့ဖမ်းဆီးမှုကိုမခံရခင်တုန်းက ဦးမင်း
ဇင်ဟာ ထိုင်းနိုင်ငံမှာ အဓိက အခြေချခဲ့သလို အမေရိကန်နဲ့ မြန်မာတို့မှာလည်း နေထိုင်ခဲ့ပါတယ်။ သူဟာ အရင်ကလည်း တရုတ်ကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ သွားရောက်လေ့ ရှိခဲ့ပြီး တရားဝင် ဗီဇာ ရ
ထားကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးကတော့ ဦးမင်းဇင်ဟာ လေဆိပ်မှာ အဖမ်းခံခဲ့ရပြီးတဲ့နောက်၁၁ ပါတ်လောက်ကြာအောင်အကြိမ်ကြိမ်အဖန်ဖန်စစ်ဆေး မေး
မြန်းမှုတွေ၊သီးသန့်ခွဲပြီးချုပ်နှောင်ခံရတာတွေကြုံနေရကြောင်းပြောပါတယ်။

သူဟာ လေဆိပ်ကို ရောက်ပြီဆိုတာ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေဆီ ဖုန်းဆက် အသိပေး အကြောင်းကြားခဲ့တဲ့နောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း၊ နောက်ထပ် ၄၈ နာရီလုံးလုံး သူဘယ်ရောက်နေသလဲ ဆိုတာကို မိသားစုရော၊ လုပ်ဖော်ကိုင်ဖက်တွေပါ မသိခဲ့ရကြောင်း၊ အသက်ရှင်နေသေးရဲ့လား၊ ဘယ်သူက ဖမ်းသွားတာလဲ ဆိုတာကိုတောင် သိခွင့်မရခဲ့ကြကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။

နောက်ပိုင်းကျမှယူနန်ပြည်နယ်ထဲက အာဏာ
ပိုင်တွေက ဦးမင်းဇင်ကို အမျိုးသား လုံခြုံ
ရေး ခြိမ်းခြောက်မှု သံသယရှိတဲ့အတွက် ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း အမေရိကန် သံရုံးဆီ အကြောင်းကြားခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ တရုတ်ဟာ ဓားစာခံ ဒစ်ပလိုမေစီကိုကာလကြာရှည် ကျင့်
သုံးနေခဲ့ကြောင်း စွပ်စွဲကြပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထားပြီး သက်ဆိုင်ရာ နိုင်ငံနဲ့ ဆွေးနွေး စကားပြောရာမှာ အသာစီးယူတဲ့ နည်းမျိုးကို အသုံးပြုနေတယ်လို့ ဆိုလိုတာပါ။

ဦးမင်းဇင်လွတ်မြောက်ရေးတောင်းဆိုသူတွေနဲ့ ထရမ့်ရဲ့ အကြံပေး အရာရှိဟောင်းတချို့ကဦးမင်းဇင်လွတ်မြောက်ရေးအတွက် အာ
ရုံစိုက်ပေးဖို့လည်း ထရမ့်အစိုးရဆီ တိုက်
တွန်း တောင်းဆိုထားကြပါတယ်။

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအရေး​တော်ပုံကြီးမှာ ကျောင်းသားခေါင်း
ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဦးမင်းဇင်ဟာ ဘာကလေမြို့၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကိုလေ့လာဆည်းပူး သင်ယူပြီး ပါရဂူဘွဲ့ ရခဲ့တယ်လို့ ရိုက်တာက​ဖော်ပြပါတယ်။ အဲဒီနောက် သူဟာ မြန်မာ
👍28😁3👏21🔥1
နိုင်ငံမှာ ISP-Myanmarကို ထူထောင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းမှု အပြီးမှာတော့ နိုင်ငံရပ်ခြားဆီ ရွှေ့ပြောင်း အခြေစိုက်ခဲ့ပါတယ်။

ကိုးကား-Reuters
👍13😁5🔥1
17👍9💩2🥰1
ကျောင်းသားတဦးက ခြိမ်းခြောက်လို့ ထိုင်းစာသင်ကျောင်းမှာ အွန်လိုင်းကပဲ အတန်းတက်ခိုင်းထား

သြဂုတ်-၂၁၊၂၀၂၆။People's Spring

ကျောင်းသားတဦးက ခြိမ်းခြောက်မှုကြောင့် ထိုင်းစာသင်ကျောင်းတစ်ခုဟာ အတန်းတက် သင်ယူမှုတွေအစား အွန်လိုင်းသင်ကြားပို့ချမှုကို တစ်ရက်တာ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ခွန်ကန်မှာရှိတဲ့ ကာလာယန်နာဝတ် စာသင်
ကျောင်းဟာ ဩဂုတ် ၂၁ ရက်နေ့အတွက် အတန်းတက်စရာ မလိုဘဲ အွန်လိုင်းကနေပဲ ချိတ်ဆက်ပြီး သင်ခန်းစာတွေ ပို့ချစေမှာ ဖြစ်တယ်လို့ Facebook ပေါ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေကကျောင်းတက်ဖို့ မလိုပေမယ့်ဆရာ၊ဆရာမတွေနဲ့ တ
ခြားဝန်ထမ်းတွေကတော့ ပုံမှန် ကျောင်းလာ
ရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျောင်းသားတစ်ဦးကရန်လိုအကြမ်းဖက်ဖို့ ရည်ရွယ်ထားကြောင်းသတင်းတစ်ခုကို လက်
ခံရရှိခဲ့တဲ့နောက် အလေးအနက်ဆန်းစစ်လေ့
လာပြီး လုံခြုံရေးအရအခုလိုဆုံးဖြတ်ခဲ့တာလို့လည်းစာသင်ကျောင်းဖက်ကပြောပါတယ်။

တစ်ရက်တာအွန်လိုင်းသင်ကြားစေမှုအဖြစ် ပြောင်းလဲခဲ့တာဟာ ကျောင်းရဲ့လုံခြုံရေး စံနှုန်းတွေကိုမြှင့်တင်ပြီးကလေးတွေ၊ မိဘတွေ၊ ဝန်ထမ်းတွေ၊ ဆရာဆရာမတွေ ဘေးကင်းစေရေးအတွက်လို့လည်း ဆိုပါတယ်။

ကျောင်းသူကျောင်းသားတွေဟာ ပုံမှန် အ
တန်းချိန်တွေကို ကျောင်းက ကြိုတင် သတ်
မှတ် စီစဉ်ပေးထားတဲ့ အွန်လိုင်း channelတွေကနေ ချိတ်ဆက် သင်ယူရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ စာသင်ကျောင်း တာဝန်ရှိသူတွေက သက်ဆိုင်ရာ အစိုးရ အေဂျင်စီ အသီးသီးနဲ့ ချိတ်ဆက်ပြီး ရရှိထားတဲ့ သ
တင်းနဲ့ပတ်သက်လို့အတည်ပြုတာ၊ အန္တ
ရာယ် ဖြစ်နိုင်ခြေကို ဆန်းစစ်တာ၊ လုံခြုံရေး အစီအမံတွေကို နှီးနှောတိုင်ပင်တာတွေ လုပ်
ဆောင်နေပါတယ်။

ထိုင်းသတင်းတွေရဲ့ အဆိုအရ အဲဒီကျောင်းရဲ့ ကျောင်းသားတွေ စုဖွဲ့ထားရာ Line group တစ်ခုမှာဩဂုတ်၂၀ရက်နေ့တုန်းကကိစ္စတစ်
ခုခုကြောင့် အငြင်းပွားခဲ့ကြကြောင်း၊ နောက်တော့ ကျောင်းသားတစ်ဦးကရန်လိုအကြမ်း
ဖက်မယ် ဆိုတာမျိုးတွေ ခြိမ်းခြောက်ပြီး groupထဲကထွက်သွားခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့်လည်း ကျောင်းဖက်ကအခုလို အစီအမံတွေနဲ့ တုံ့ပြန်လာတာပါ။

ထိုင်းမှာ သြဂုတ်လဆန်းပိုင်းတုန်းက နေအိမ်နဲ့ စာသင်ကျောင်း ပစ်ခတ်မှု ဖြစ်စဉ်တစ်ခုကြောင့် ကျူးလွန်သူ ကျောင်းသား အပါ
အဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကိစ္စနောက်ပိုင်း ကျောင်းတွေရဲ့ လုံခြုံရေး အစီ
အမံတွေကို မြှင့်တင်ဖို့ ထိုင်းအစိုးရက အပူ
တပြင်း ဆောင်ရွက်လာခဲ့ပါတယ်။

ကိုးကား: Khaosod
😢18👍65🔥2
ဓါတ်ပုံ- KKnews
😢18👍4🔥4
စစ်မှူထမ်းပြန် အမျိုးသား ဘဝပျက်နေလို့ အကူအညီပေးကြဖို့ စစ်တပ်ထဲက အရာရှိတွေကိုတောင်းဆို

သြဂုတ်-၂၁၊ ၂၀၂၆။ဟာနာဆန်/People's Spring

စစ်တပ်ကပေးလိုက်တဲ့ ဆုတံဆိပ်တွေ ထုတ်
ပြလေ့ရှိတဲ့ စစ်မှူထမ်းပြန် အမျိုးသားတစ်ဦး ဘဝပျက်နေလို့ အကူအညီပေးကြဖို့ စစ်တပ်ထဲက အရာရှိတွေကိုအမည်​တပ်ပြီး တောင်းဆိုလိုက်ပါတယ်။

မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရ၊ ပြည်သူ့
စစ်မှုထမ်း အပတ်စဉ် (၂) တွင် ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ စစ်တွေရှိ ခမရ (၅၄၂)မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ဆိုသူ အမျိုးသားတစ်ဦးဟာ စစ်မှုထမ်းပြီး ပြန်လာချိန်မှာသူရဲ့နေအိမ်နဲ့ မိသားစုအခြေအနေတွေ
ကြောင့် အလွန်အမင်း စိတ်ထိခိုက်ကြေကွဲနေရကြောင်း ပြောဆိုခဲ့တာပါ။

"ခမရ (၅၄၂) ရခိုင် ကျောက်ဖြူ စစ်တွေက ပြန်လာတာ ခုဆို ၃ လလောက်ရှိပြီ။ ၃ လလောက်ရှိတဲ့အချိန်မှာ ရွာရောက်တော့ နေရတဲ့ အိမ်လေးကို ကြည့်ပါ၊ ဒီမှာလာကြည့်ပါ။ ရှိတဲ့အဖေအမေတွေကလည်း မရှိတော့ဘူး သေကုန်ပြီ။ဒီမှာတွေ့လား စစ်သားကြီး ကလေးတွေနဲ့ တိုင်ပတ်နေတာ။ စစ်သားတိုင်ပတ်နေပြီ။ ကူညီကြဦး..ကူညီကြဦး၊ ကျနော့်ကို နည်းနည်း ကူညီကြဦး၊ ကျွန်တော် ရင်ထဲအတော်ခံစားနေရလို့၊ ကြေကွဲဝမ်းနည်တဲ့ အ
ချိန်က အများကြီးပေါ့၊"လို့ အထက်ပါအမျိုး
သားက ပြောဆိုထားပါတယ်။

၎င်းဟာ ၎င်းနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီး ကောင်းမြတ်ဟိန်း၊ ဗိုလ်ကြီး ဝေလင်းစိုး၊ ဗိုလ်ကြီး ရန်နိုင်ဟိန်း စတဲ့အာဏာသိမ်းစစ်တပ်ကအရာရှိတွေ၊ အဘတွေနဲ့ အဘကတော်တွေကိုလည်း သတိရကြောင်းဆိုပါတယ်။

"ဗိုလ်ကြီး ကောင်းမြတ်ဟိန်း၊ ဗိုလ်ကြီး ဝေလင်းစိုး၊ ဗိုလ်ကြီး ရန်နိုင်ဟိန်း၊ ကျွန်တော့်အဘလေး။ ကျွန်တော့်အဘ အမတို့ကိုလည်း အမြဲတမ်း သတိရနေပါတယ်၊ စိတ်တွေညစ်၊ အိမ်ရောက်လာတော့ ဒီလိုတွေ ဖြစ်နေတာကို ဘဝတော့ ပျက်နေပြီ"လို့ ပြောဆိုခဲ့ပါတယ်။

သို့ပေမဲ့ ၎င်းအမျိုးသားဟာ နောင်တရပုံမရဘဲ တပ်ထဲကို မရောက်၊ရောက်​အောင်ပြန်လာခဲ့မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

၎င်း စစ်မှုထမ်းပြန်အမျိုးသားဟာ စစ်တပ်ကပေးလိုက်တဲ့ စစ်မှုထမ်းပြီးစီးကြောင်း လက်မှတ်နဲ့ ဆုတံဆိပ်တွေကိုထုတ်ကာ မကြာခဏ Tiktok ရိုက်လေ့ရှိပြီး စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆဲဆိုလေ့ရှိပါတယ်။ ၎င်းဟာ တပ်ထဲက ထွက်ခဲ့ပြီဖြစ်ပေမယ့် နေအိမ်မှာ စစ်ဝတ်စုံနဲ့ Tiktok တွေ ဆက်လက်ရိုက်ကူးနေတာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းတွေကို
သတ်မှတ်ထားတဲ့ စစ်မှုထမ်းကာလ ပြီးဆုံးပါက အစိုးရဌာနဆိုင်ရာတွေမှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ဦးစားပေး ခန့်အပ်ပေးမယ် ၊စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတွေ၊ စက်ရုံတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်အကိုင်နေရာ ချထားပေးမယ်လို့ မက်လုံးပေး ဝါဒဖြန့်တာလုပ်ကြပေမဲ့ လက်တွေ့မှာတော့ စစ်မှုထမ်းပြန်တွေဟာ အလုပ်အကိုင်ရရှိဖို့တောင် ခက်ခဲနေပါတယ်။ ဒါ့အပြင် စစ်တပ်က ပြန်လာရင် ပန်းကုန်း​တွေစွပ် ကြိုဆိုကြတယ်လို့ ဝါဒဖြန့်ကြ​ပေမယ့် ​လက်​တွေ့မှာ​တော့ ယိုင်တိယိုင်နဲ့အိမ်မှာ က​လေး​တွေနဲ့ အလုပ်မရှိလို့ ဒုက္ခ​ရောက်​နေရပါတယ်လို့ စစ်မှုထမ်းစစ်သားသစ်ကဖွင့်ဟလာတာဖြစ်ပါတယ် ။

စစ်တပ်က ၂၀၂၄ ​ဖေ​ဖော်ဝါရီလကစပြီးစစ်မှုမထမ်းမ​နေရ ဥပ​ဒေကျင့်သုံးပြီးစစ်သားသစ်စု​ဆောင်းတာ ၊​ပေါ်တာဆွဲတာ​တွေလုပ်ခဲ့ပါတယ် ။လူငယ်အများစုက စစ်မှုမထမ်းချင်လို့နည်းမျိုးစုံနဲ့​ရှောင်ကြ​ပေမယ့် အချို့က​တော့ လိုလိုချင်ချင်စစ်ထဲဝင်ခဲ့တာ​တွေလည်းရှိပါတယ်။စစ်တပ်က စစ်မှုထမ်းစစ်သားသစ်​တွေကိုအဓိကသုံးပြီး ၂၀၂၅ ၊၂၀၂၆ တိုက်ပွဲ​တွေမှာတိုက်​နေပြီး ​သေဆုံး ဒဏ်ရာရတာ၊ထွက်​ပြေးတာ ၊ ​တော်လှန်​ရေးဘက်အလင်းဝင်တာ​တွေလည်း ရှိပါတယ် ။

မကြာ​သေးခင်ကမန္တ​လေးမြို့မှာစစ်မှုထမ်းပြန်စစ်သားသစ်က သူ့ကိုစစ်ထဲထည့်ထဲ စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကိုဓါးနဲ့ထိုးခဲ့ပါတယ် ။
😁407👍2🔥2🤣2
Media is too big
VIEW IN TELEGRAM
😁38🤮7🔥4💩32👍2🖕1
ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦးသေဆုံး

ဩဂုတ် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၇ရက်မှာ နတ်သံကွင်း အခြေစိုက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ ကျောက်ကြီးမြို့နယ် သောင်ပုရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သား သေဆုံးမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ကျောက်ကြီးမြို့နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်တာ၊ အရပ်သား တွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲပအမျှ ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်လာတဲ့ ဟန်ပြအစိုးရ အနေနဲ့ ရက် ၁၀၀ စီမံကိန်းကာလ အတွင်းမှာ ဆိုရင်လည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုတိုးပြီး လုပ်ဆောင်ခဲ့ကြောင်း KNUက အသိပေးထားပါတယ်။ ရက် ၁၀၀ စီမံကိန်းကာလဖြစ်တဲ့ ဧပြီ ၂၀ရက်ကနေ ဇူလိုင်လကုန်ပိုင်းအထိ KNU ထိန်းချုပ်နယ်မြေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ ကျော်၊ လက်နက်ကြီး တိုက်ခိုက်မှု ၁၂၀ ကျော်၊ အရုန်းနဲ့ တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်ရှိခဲ့ကြောင်း KNUက အစီရင်ခံထုတ်ပြန်ထားပါတယ်။ KNU ပြုစုထားတဲ့ စာရင်းတွေအရ ရက် ၁၀၀ စီမံကိန်းကာလအတွင်း KNU နယ်မြေက အရပ်သား ၄၄ဦး သေဆုံးကာ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။
🤬324👍2👎1🔥1
👍19🔥32🤬2
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်း၊ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းမယ်

ဩဂုတ် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းအား လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်အဖြစ်ဖွဲစည်းကာ လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ စီစဉ် ဆောင်ရွက်နေတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အား ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။

လူ့အခွင့်အရေးဝန်ကြီးဌာနကို ၂၀၂၁ မေလ ၃ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ပြုစုထုတ်ပြန်နေသလို ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှု လုပ်ငန်းတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ဆိုင်ရာ ဆင့်ပွားအသိပညာပေးသင်တန်းတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

၏လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန (MOHR) ရဲ့ ၅ နှစ်တာ ခရီးနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဩဂုတ် ၁၁ရက်မှာ အသိပေးထုတ်ပြန်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ခဲ့ကြသူများ၊ မျက်မြင်သက်သေများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများဖြစ်ကြတဲ့ မြန်မာပြည်သူပြည်သားများရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဦးညွှတ်ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

မြန်မာပြည်သူများရဲ့ အန္တရာယ်မျိုးစုံအကြားမှ သတင်းပို့ပေးခြင်းများကြောင့်သာလျှင် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ မှတ်တမ်းတင်နိုင်ခြင်းကြောင့်သာ အနာဂတ်တွင် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

“မြေပြင်တွင် လက်ဆောင်ရွက်နေသော လူ့အခွင့်အရေး တာဝန်ခံများ၊ ဝန်ကြီးဌာန၏ အကြံပေးများ နှင့် ဝန်ထမ်းများ၊ NUG၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ နှင့် မရှိမဖြစ် အရေးပါသော အရပ်ဘက်လူထုအဖွဲ့အစည်းများကိုလည်း ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေ (UHRC Bill) ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကနဦး မူကြမ်းပြုစုတဲ့ (Drafting) အဆင့်မှာ ပြည်တွင်း၊ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ကျယ်ပြန့်စွာ ပူးပေါင်းညှိနှိုင်းခဲ့သလို အစိုးရအဖွဲ့အတွင်းမှာလည်း စနစ်တကျ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ အသံနဲ့ အကြံဉာဏ်တွေကို အဓိကအခြေခံပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ဖက်ဒရယ်ယူနစ်တွေနဲ့ ဒေသအလိုက်လွှတ်တော်တွေ အားလုံးပါဝင်တဲ့ ဘက်စုံဆွေးနွေးမှု(Broad-based Consultation)တွေကို ဆက်လက် ပြုလုပ်ခဲ့ရာ ရရှိလာတဲ့ အကြံပြုချက်အားလုံးကို စနစ်တကျ ထည့်သွင်းပေါင်းစပ်ပြီး ဥပဒေမူကြမ်းကို ပြုစုနိုင်ခဲ့ကြောင်း အသိပေးပါတယ်။ ၂၀၂၆၊ဇွန်လအတွင်းမှာ အရေးကြီးဆုံး မှတ်တိုင်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ဘက်စုံအကြံပြုချက်တွေ ပေါင်းစပ်ပြီးသား ဥပဒေမူကြမ်းကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ_ NUCC ထံသို့ တရားဝင် လွှဲပြောင်းပေးပို့ အပ်နှံပြီးစီးခဲ့ပြီဖြစ်ကာ NUCC ရဲ့ အတည်ပြုချက် ရရှိပါက CRPH ထံ ဆက်လက် တင်သွင်းသွားမယ်လို့ ဇူလိုင်လအတွင်းမှာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

NUG ကလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာ NUCCက အတည်ပြုထားတဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် စိစစ်၊ သုံးသပ်၊ ဆွေးနွေးလျက် ရှိပြီး ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေနဲ့ အညီ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် ပေါ်ပေါက်လာမယ်လို့ အသိပေးပါတယ်။

" လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေး အခြေပြုတိုက်တွန်း အရေးဆိုခြင်း၊ လူ့အခွင့်အရေး နှင့် ကိုက်ညီသော မူဝါဒများ ပေါ်ထွက်စေခြင်းနှင့် လူ့အခွင့်အရေး အသိပညာများ မြှင့်တင်ခြင်းတို့ဖြင့် ဝန်ကြီးဌာန၏ နွေဦးတော်လှန်ရေးတွင် ထမ်းဆောင်အပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်ပြီးစီးသည်ဖြစ်လျက် နောက်တစ်ဆင့် ခြေလှမ်းအတွက်ပါ အခြေခံကောင်းများကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်ဟု မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။” လို့ NUGက ထုတ်ပြန်ပါတယ်။
25👍12🤮3🤣2😁1
ဝန်ကြီးဌာနစတင် တည်ထောင်ချိန်မှ စတင်၍ ယခုအချိန်အထိ နွေဦးတော်လှန်ရေးရဲ့ လူ့အခွင့်အရေး စာမျက်နှာတွင် ဦးဆောင်အခန်းကဏ္ဍတရပ်မှ ပါဝင်ခဲ့ပြီး အခြေအနေနဲ့ အချိန်အခါ အရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် လိုက်ပါဆောင်ရွက်ခဲ့ကြတဲ့ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အကြံပေးအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများနဲ့ မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ပြည်သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း NUG က ကြေညာခဲ့ပါတယ်။
👍3252😁2🤮2
👍30🤮21🥰1😁1🤣1
စစ်ကိုင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုတွေက စားနပ်ရိက္ခာလှူတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

သြဂုတ် ၂၁၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစု Mobile Medical Team တို့ ပူးပေါင်းပြီး လိုအပ်တဲ့ ဆေးဝါးထောက်ပံ့ခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

မြင်းမူမြို့နယ်မှ ရေဘေးသင့်ပြည်သူတွေကို မြင်းမူမြို့နယ်သပိတ်အင်အားစုနဲ့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ မှ ရဲဘော်တွေက သွားရောက်ကာ ရိက္ခာ ခြောက်၊ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ကူညီလှူဒါန်းခဲ့ကြပါတယ်။

ဝက်လက်မြို့နယ်မှ ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဆန်၊ဆီ၊ ငါးသေတ္တာ စားနပ်ရိက္ခာတွေ သွားရောက် ကူညီခဲ့ပါတယ်။

ရေဦးမြို့နယ်မှ ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုမှတဆင့် USA ရောက် မြန်မာတွေမှ စားနပ်ရိက္ခာ ဆန်တွေ ကူညီထောက်ပံ့ခဲ့ကြပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှ ရေဘေးသင့် ပြည်သူတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု ၊ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး ရိက္ခာခြောက်၊ ဆန်၊ အသင့်စားမုန့်၊ ခေါက်ဆွဲခြောက်နဲ့ ဓာတ်ဆားတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ကိုင်းဒေသသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။
👍2610🤮2🥰1😁1🤣1
စစ်ဘေးရေဘေးကြားက အညာတောင်သူတွေရဲ့သောက

ထွန်းညိုဦး/People's Spring

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။

သူ့ရဲ့ ကြမ်းတမ်းတဲ့ နေရောင်ဒဏ်သင့် လက်ချောင်းသွယ်သွယ်တွေဟာ ခြောက်သွေ့နေတဲ့ မြေပဲပင်တွေကြားထဲ နစ်ဝင်နေတယ်။ ရက်ပေါင်းများစွာ ချွေးဒီးဒီးကျအောင် စိုက်ပျိုးပြုစုခဲ့ရသမျှ ရေလှိုင်းနဲ့အတူ ပါသွားပြီးနောက် ကျန်ရစ်တဲ့ ရွှံ့ခြောက်၊ နုန်းခြောက်တွေကြားထဲကနေ မြေပဲတွေများ ရလေဦးမလားဆိုပြီး ရသလောက်လေး ပြန်ရွေးနှုတ်ဖို့ ကြိုးစားနေတာပါ။သို့ပေမဲ့ မရတော့ပါဘူး။ အမေအိုရဲ့ မြေပဲခင်း ပျက်စီးသွားခဲ့ပါပြီ။

"တစ်ရွာလုံး။ ကိုယ်မှမဟုတ်ပါဘူးတော်။ ဆီလည်းမစားရဘူး။ပျက်လို့စီးလို့ပါတော်။ ပုပ်လို့နံလို့ပါတော်။ စိတ်တွေလည်း ညစ်လှပါပြီတော်"လို့ အမေအိုက ပျက်စီးနေတဲ့ မြေပဲပင်တွေကို ကိုင်ရင်းငြီးရှာတယ်။

အမေအိုဟာ ဒီပဲယင်းနယ်ကပါ။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ သဖန်းဆိပ်ဆည်ကနေရေ​တွေလွှတ်လိုက်တာကြောင့် ဩဂုတ် ၆ ရက်ကနေ စပြီး မူးမြစ်ကမ်းတစ်လျှောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဒီပဲယင်း စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှု ဘေးဒုက္ခကို အလူးအလဲ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ အမေအိုတို့ ဒီပဲယင်းနယ်လည်း အပါအဝင်ပေါ့။ အဲဒီရေကြီးရေလျှံမှုကြောင့် အမေအိုတို့စိုက်တဲ့ မြေပဲခင်းတွေရော စပါးခင်းတွေပါ ရေမြုပ် ပျက်စီးခဲ့ရပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ မိုးမြေပဲကို နှစ်စဉ် ဧက ၁၅,၀၀၀ကနေ ၃၀,၀၀၀ ဝန်းကျင် အထိ ရာသီဥတုနဲ့ မိုးရွာသွန်းမှုအပေါ် မူတည်၍ စိုက်ပျိုးလေ့ရှိတာကြောင့် ပျက်စီးဧကဟာ သောင်းဂဏန်းဝန်းကျင်ရှိနိုင်တယ်လို့ တောင်သူတွေဆီက သိရပါတယ်။

မြေပဲထက်တောင် ပိုပြီးဆုံးရှုံးမှုများတာက စပါးပါ။ နှစ်စဉ် မိုးစပါးဧကပေါင်း သုံးသိန်းခွဲကျော် စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းရဲ့ အဓိက စပါးကျီဖြစ်တဲ့ ရွှေဘိုခရိုင်မှာ ယခုရေဘေးကြောင့် စပါးစိုက်ဧက သိန်းချီ ထိခိုက်ပျက်စီးနိုင်ခြေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ရေဦးမြို့နယ်က အသက်ခြောက်ဆယ်နီးပါး တောင်သူကြီးတစ်ဦးကလည်း စိုက်ပြီးရက်ပိုင်းသာရှိသေးတဲ့ သူ့ရဲ့စပါးခင်း ၃ ဧကလုံး ရေစီးနဲ့အတူ မျောပါသွားရပုံကို ရင်ဖွင့်ခဲ့ပါတယ်။ တစ်ဧကကို ငွေကျပ်ငါးသိန်းဝန်းကျင် ရင်းနှီးထားရတဲ့ အဖိုးတန် ရွှေဘိုပေါ်ဆန်းစပါးခင်းတွေဟာ ရေစီးသန်သန်အောက်မှာ လုံးဝပျက်စီးသွားခဲ့ရတာပါ။

""ကျနော့်အသက် ငါးဆယ်ကျော် ခြောက်ဆယ်နားနီးပြီ၊ တသက်နဲ့တကိုယ် ဒီလိုပျက်တာမျိုး မကြုံဖူးဘူး။ စိတ်ထဲတော့ ဘာမှဆက်မလုပ်ချင်တော့ဘူး"လို့ တောင်သူ ဦးထွန်း(အမည်လွှဲ)က လူထုနွေဦးကို ပြောပါတယ်။

​မြေပြင်မှာ စိုက်ပျိုးပြီး စပါးခင်းတွေသာမက ပျိုးခင်းသမားတွေပါ အမြစ်ပြုတ် ပျက်စီးခဲ့ရပါတယ်။ မြေပဲစိုက်ခင်းတွေမှာလည်း ရွှံ့နွံတွေ ဖုံးလွှမ်းသွားလို့ မျိုးစေ့တစ်စေ့မျှ မဆုံးရှုံးစေဖို့ ရေစက်တွေနဲ့သွင်းပြီး ဆေးကြောကာ ခက်ခက်ခဲခဲ ပြန်လည်နုတ်ယူနေရကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

"ရွာကမီးရှို့ထားလို့ တောထဲလာနေချိန် ရေဘေးသင့်တာ။ရေကျသွားတော့ မျိုးလေးမှ ရရဆိုပြီး ရေစက်မောင်းပြီးတော့မှ နူတ်ရတယ်။ ရွှံ့နှစ်နဲ့မို့ နူတ်မရလို့ ဥကမြေကြီးထဲကျန်နေလို့ ရေစက်မောင်းပြီးမှ နူတ်ရတယ်။ မြေပဲကိုနူတ် ရေပြန်ဆေးရတယ်"လို့ တန့်ဆည်နယ်က မြေပဲစိုက်တောင်သူတစ်ဦးက ပြောပြတယ်။

အချို့ဒေသခံတွေဆိုရင် ဝမ်းရေးအတွက် ရေနစ်မြုပ်ပြီး အညှောင့်ပေါက်နေတဲ့ စပါးတွေကို နေလှမ်းအခြောက်ခံကာ ဆန်ကြိတ်စားနိုင်ဖို့ ကြံဖန်သယ်ယူနေကြရတဲ့အခြေအနေကို ဆိုက်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးနယ်က တောင်သူကြီးကတော့ သက်နုစပါးတွေ ပြန်စိုက်ဖို့ ပြင်နေတယ်လို့ ပြောပြတယ်။ "စိတ်ထဲတော့ ဘာမှဆက်မလုပ်တော့ဘူးစိတ်ကူးတာ။ ရေမြုပ်သွားတာက ရွှေဘိုပေါ်ဆန်းတွေ။ အဲကောင်တွေက စျေးကောင်းတယ်။ အခုဟာက စျေးသိပ်မရှိဘူးလေ။ တစ်ဝက်လောက်ရှိမှာပေါ့။ နောက်ထပ် ရေကတော့ လာတော့မှလာရော့ပဲ။ ကိုယ်လုပ်မယ့်ဟာကတော့ လုပ်ရမှာပေါ့။ နွေတုန်းကလည်း မလုပ်လိုက်ရဘူးလေ"လို့ တောင်သူကြီးက ပြောတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ရေဘေးအတွက် ဖွဲ့စည်းထားတဲ့ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီကတော့ ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးတာဟာ စားနပ်ရိက္ခာထုတ်လုပ်မှုကို ခြိမ်းခြောက်လာမှာ ဖြစ်ကြောင်း၊ ဆန်းစစ်ချက် ကောက်ယူမှုတွေ၊ပြန်လည်ထူထောင်ရေးနဲ့ မျိုးစေ့တွေ ထောက်ပံ့ပေးမှု နှောင့်နှေးပါက တောင်သူတွေ သီးနှံရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်မယ့် အခြေအနေကို ထိခိုက်စေနိုင်ကြောင်း၊စိုက်ပျိုးရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်းနဲ့ လုပ်ငန်းစီမံချက် ရေးဆွဲခြင်းတို့ကို အမြန်ဆုံး ဆောင်ရွက်ဖို့ အရေးကြီးနေကြောင်း ထောက်ပြထားပါတယ်။
😢17🤮3🔥21🤣1